Friday, August 3, 2012

ပရဟိတအဖွဲ့များ မှတ်ပုံတင်ရန်မလိုကြောင်း လူထုအခြေပြုအဖွဲ့များ ဆွေးနွေးခဲ့

2 August 2012--
နော်ဆဲကလယ်

ရပ်ရွာလူထုပရဟိတအဖွဲ့များသည် နိုင်ငံတော်အား တစ်ဖက်တစ်လမ်းမှ ကူညီနေသော အဖွဲ့များဖြစ်၍ မှတ်ပုံတင်ထားရှိရန် မလို ကြောင်း ဇူလိုင်လနောက်ဆုံးပတ်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ Burnet Institute Myanmar ရုံးတွင် ပြုလုပ်ခဲ့သည့် Myanmar People Forum (မြန်မာလူထုဖိုရမ်)၌ လူထုအခြေပြုအဖွဲ့များက ပြောဆိုဆွေးနွေးခဲ့ကြသည်။

ဇူလိုင်လ ၂၅ရက်နှင့် ၂၆ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အဆိုပါလူထုဖိုရမ်သို့ ၈၈မျိုးဆက်ကျောင်းသားများ၊ Community Capacity Building Group-CCBG, Generation Wave-GW, စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှ ရွှေခြင်္သေ့ရွှေဘိုအဖွဲ့၊ ပဲခူးတိုင်း တောင်ငူမြို့မှ လူထုအခြေ ပြုအဖွဲ့များ အပါအ၀င် အဖွဲ့ ၁၀ဖွဲ့မှ လူဦးရေ ၂၀ကျော် တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Read More...

အစိုးရစစ်တပ်၏ ဝင်ရောက်ပစ်ခတ်မှု ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်ဟု RCSS/SSA ပြောဆို

2 August 2012
ဖိုးခွါးလေး

သျှမ်းပြည် ပြန်လည်တည်ဆောက်ရေးကောင်စီ ခေါ် သျှမ်းပြည်တပ်မတော်-တောင်ပိုင်း RCSS/SSA စခန်းနှစ်ခုကို မြန်မာအစိုးရ စစ်တပ် က ထပ်မံ ဝင်ရောက်တိုက်ခိုက်မှုမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အဟန့်အတားဖြစ်စေသည်ဟု SSA မှ ဗိုလ်မှူးစိုင်း လောဝ်ဆိုင်းက ပြောသည်။

“အစိုးရ တပ်မတော်က အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ရေးနည်းလမ်းနဲ့ ဖိအားပေးပြီးတော့ လိုအပ် ရင် လိုအပ်သလို ဝင်တိုက်သွားသလိုမျိုး လုပ်နေတဲ့ကိစ္စမှာဆိုတော့ ကျနော်တို့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အဟန့်အတားဖြစ် တဲ့ လုပ်ရပ်တစ်ခုပဲလို့ မြင်တယ်”ဟု ကရင်သတင်းဌာနသို့ သူက ပြောသည်။

SSA နှင့် လက်ရှိ အစိုးရသည် နှစ်ဖက် အပစ်အခတ် ရပ်စဲရေးကို သဘောတူထားခဲ့ပြီး ဇူလိုင်လ ၃၀ရက်နှင့် ၃၁ရက်နေ့များ အထိ အစိုးရ တပ်၏ ဆက်တိုက် တိုက်ခိုက်လာမှုများမှာ စစ်တပ်အကြား မတူကွဲပြားသော သဘောထားများ၊ ၎င်းအချင်းချင်း နည်းဗျူဟာများ သုံးနေ ခြင်းလားဆိုသည်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့က သံသယ ဖြစ်နေကြသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် လွယ်ယေးရှိ SSA တပ်စခန်းကို အစိုးရတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ညပိုင်းမှစ၍ မနက်ပိုင်း အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ သိရှိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ကိုယ်စားလှယ်များနှင့် သမ္မတထံသို့ တာဝန်ယူ ဖြေရှင်း ပေးရန် အကျိုးအကြောင်း စုံလင်စွာ စာရေးတောင်းဆိုထားခဲ့သည်ကို အစိုးရဘက်က ယခုအချိန်ထိ တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးသော်လည်း အမြန်ဆုံး ပြုပြင်သွားရန်မျှော်လင့်ကြောင်းလည်း ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ပြောသည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ကာလမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စကို ကျနော်တို့ဘက်က ရှောင်ကြဉ်သွားမယ်။ သူတို့ကလည်း ကတိ ပေးခဲ့သလို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရဘက်က ချက်ချင်း ပြန်ပြီး ပြုပြင်သွားမယ်လို့ မျှော်လင့်ပါတယ်”ဟု သူက ဆက်ပြောသည်။

သျှမ်းပြည်နယ်အတွင်းရှိ ပြည်သူလူထုအနေဖြင့်မူ အစိုးရစစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းကို မြင်တွေ့နေရသည့်အတွက် ငြိမ်းချမ်းရေးအပေါ် အယုံအကြည်မရှိသလို ထာဝရငြိမ်းချမ်းရေး ရည်မှန်းချက် ပန်းတိုင်ဆီကို ရောက်ရန်မှာ အခက်အခဲရှိနေ ကြောင်း လည်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။

သျှမ်းပြည်တောင်ပိုင်းတွင် အစိုးရနှင့် RCSS/SSA မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး သဘောတူထားခဲ့ သည့် နောက်ပိုင်းမှစ၍ ယနေ့အထိ တိုက်ပွဲပေါင်း ၂၇ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ သျှမ်းပြည် နယ်၊ တောင်ကြီးမြို့၊ အစိုးရရုံးတစ်နေရာ၌ အပစ်အခတ်ရပ်စဲရေး အပါအ၀င် သဘောတူညီချက် ၁၁ချက်ဖြင့် နှစ်ဦး နှစ်ဖက် လက်မှတ်ရေး ထိုးခဲ့ကြသည်။

Ref: ကေအိုင်စီ

Read More...

နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး ဆွေးနွေး

2 August 2012
စဖန်းရှောင်း

မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ ထိရောက်စွာ ပိုမို ပါဝင်လုပ်ဆောင်ရေးအတွက် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့(KWAG) နှင့် လက်ရှိ လွှတ်တော်သို့ တက်ရောက်နေသော တိုင်းရင်းသူ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဇူလိုင် (၃၁)ရက် တွင် နေပြည် တော်၌ အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံမှုနှင့် ပတ်သက်၍ KWAG မှ စီမံခန့်ခွဲမှု ဒါရိုက်တာ နော်စူစဲနာလှလှစိုးက “အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင် လုပ် ဆောင်နိုင် ဖို့ ရည်ရွယ်ပါတယ်။ လွှတ်တော်ထဲမှာလည်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပိုမိုပါဝင်လုပ်ဆောင် နိုင်ဖို့၊ လွှတ်တော်ထဲ မှာ အမျိုးသမီးကာကွယ်ရေး ဥပဒေတွေကို ဘယ်လိုတင်ပြဆွေးနွေးမလဲ ဆိုတာတွေကို ဆွေးနွေးဖြစ် တယ်” ဟု ပြောသည်။

အချိန် သုံးနာရီကြာမြင့်သည့် ယင်းအလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့ (KWAG)မှ နော်စူ စဲနာလှ လှစိုးနှင့်အတူ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာ၊ ရှမ်းတိုင်းရင်း သား များ ဒီမိုကရက် တစ်ပါတီ -SNDP မှ နန်းဝါနု၊ ချင်းနှင့် ရခိုင် ကိုယ်စားပြု အမျိုးသမီး လွှတ်တော်အမတ်နှစ်ဦးတို့ ပါဝင်ကြပြီး အမြင်သဘောထားကို အပြန် အလှန် ဆွေးနွေးဖြစ်ခဲ့သည် သူမက ဆက်လက် ပြောပြသည်။

PSDP ဖလုံစဝေါ်မှ နန်းစေးအွာက “ငြိမ်းချမ်းရေး၊ အမျိုးသမီးအခွင့်အရေးတွေ ဆွေးနွေးဖြစ်တယ်။ နောက်ပြီး ရပ်ကွက်၊ကျေးရွာ အုပ်ချုပ် ရေးမှူးနေရာတွေမှာ အမျိုးသမီးတွေအနေနဲ့ ကျေးရွာ၊ ရပ်ကွက်က မကန့်ကွက်ဘူး။ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတယ်။ ရွေးချယ်တင်မြှောက်တယ်ဆိုရင် လုပ်လို့ရတယ်။ အဲဒါကို အခုတွေ့တဲ့အခါ ဆွေးနွေးဖြစ်တာပါ”ဟု ပြောသည်။

ထို့အပြင် လာမည့် ၂၀၁၃ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ လွှတ်တော်နှင့် အင်ဒိုနီးရှားနိုင်ငံရှိ လွှတ်တော်များအထိ သွားရောက် လေ့လာနိုင် ရေးကိုလည်း ဆွေးနွေးခဲ့သည်ဟု နော်စူစဲနာလှလှစိုးက ပြောသည်။

ရန်ကုန်အခြေစိုက် (KWAG) အဖွဲ့သည် လူကုန်ကူးခံရသူ အမျိုးသမီးများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အမျိုးသမီးများ အရည်အ ချင်း မြှင့်တင်ရေးနှင့် အခွင့်အရေးဆိုင်ရာသင်တန်းများ သင်ကြားပေးနေသည့်အပြင် ဆင်းရဲနွမ်းပါးသည့်မိသားစု များ အတွက် ငွေချေးလုပ် ငန်းများ၊ နွမ်းပါးကလေးငယ်များအတွက် ပညာရေးပံ့ပိုးမှုလုပ်ငန်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ကူညီလုပ်ဆောင်ပေးလျှက် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဆင့်များ အတွက် ပြည်သူလူထုက ရွေးချယ်လိုက်သည့် အမျိုးသမီးများအား တင်မြှောက်ပိုင်ခွင့်ရှိမရှိကို နန်းစေအွာက အဆို တင်သွင်းခဲ့ရာ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံလျှင် အမျိုး သမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ပြန်လည်ဖြေဆို သွားခဲ့သည်။

Ref: ကေအိုင်စီ

Read More...

KNPP နှင့် အစိုးရ စစ်ရေးကိစ္စ သဘောတူညီမှု မရရှိသေး

2 August 2012
နန်းယဉ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် မြန်မာ အစိုးရတို့အကြား ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း စစ်ရေးကိစ္စနှင့် ပတ်သက်သည့် သဘောတူညီချက် ယခုအချိန်ထိ မရရှိသေးကြောင်း သိရသည်။

KNPP သည် အပစ်ခတ်ရပ်စဲရေးအတွက် ပြည်နယ်အစိုးရနှင့် ၂၀၁၂ခုနှစ်၊ မတ်လ ၇ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး ဇွန်လ ၉ရက် နေ့တွင် ပြည်ထောင်စုအဆင့် အချက် ၁၄ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။

Read More...

ဟောင်သရောမြစ်တွင်းမှ လှေများကို KKO-DKBA မှ ဂိတ်ကြေးကောက်ခံမှု များလွန်းဟု ဒေသခံပြောဆို

2 August 2012
နန်းဖော့ဂေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ် အတွင်း သွားလာနေသည့် လှေများကို KKO-DKBA အဖွဲ့က အသွား အပြန် ဂိတ်ကြေးနှင့် နှစ်စဉ် လိုင်စင်ကြေးများကို အဆမတန် တောင်းခံနေကြောင်း မြစ်ကြောင်းအတွင်း သွားလာနေသည့် ဒေသ ခံများ၏ ပြောပြ ချက်အရ သိရသည်။

ဒေသခံတစ်ဦးက “ကျိုက်ဒုံမြို့နယ်ခွဲက ဟောင်သရောချောင်းမှာ KKO, DKBA ဂိတ်တွေက လှေတစ်စီးကို အသွား ငါးထောင် (ကျပ်)၊ အပြန် ငါးထောင် တောင်းတယ်။ ကျိုက်ဒုံမြို့ထဲမှာ ဆိုရင်တော့ BGF ရယ်၊ အစိုးရတပ်ရယ်၊ ဒီကေဘီအေရယ်ပါတဲ့ အဖွဲ့စုံဆိုတာက အသွားအပြန်အတွက် ကျပ် ၆ထောင် တောင်းပြန်ရော”ဟု ကရင်သတင်းဌာနသို့ ပြောဆိုသည်။

ဟောင်သရောမြစ်အတွင်း နေ့စဉ် သွားလာနေသည့် လှေကြီးလှေငယ်အစီး ၂၀ခန့်မှာ ကျိုက်ဒုံမြို့တွင်းနှင့် ကြိတ်ကျေးရွာ၊ ပိုင်ခ လိုင်ဒုံ ကျေးရွာ၊ သရက်တောကျေးရွာ၊ မြောက်ကြာအင်း၊ တောင်ကြာအင်း စသည့်ရွာများ၌ ဂိတ်ကြေးများကို ပေးဆောင်ကြ ရခြင်းဖြစ်သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူထုမှာ ၎င်းတို့ခြံထွက် ဒူးရင်းသီး၊ ကွမ်းသီးများကို ကော့ကရိတ်မြို့ပေါ်သို့ သွား ရောက် ရောင်းချပြီးအပြန်တွင် ရွာသို့ ကုန်ပစ္စည်းများ ပြန်ဝယ်ယူလာခဲ့ကြသည်။ ယခုလို မိုးရာသီ၌ ကားလမ်းသွားလာ၍ မရ တော့ဘဲ ဟောင်သ ရောမြစ်အတိုင်း လှေများဖြင့် နေ့စဉ် သွားလာနေကြရာ ယခုလို ဂိတ်ကြေးများ တောင်းခံမှုကြောင့် လူထုမှာ အခက်အခဲ ဖြစ်ကြရသည်။

အမည်မဖော်လိုသူ တောင်ကြာအင်းရွာသားတစ်ဦးက “ကုန်ကူးတာ အမြတ်က ရတာမှနည်းနည်းပဲ။ ပေးနေရတာတွေက များ လွန်းတော့ မခံနိုင်ဘူး။ ဘယ်မှလည်း မတိုင်ရဲဘူး ဖြစ်နေတယ်။ ဒီဂိတ်တွေ မရှိတော့ရင် ကျနော်တို့အတွက် ကောင်းမယ်”ဟု ပြောသည်။

အဆိုပါဂိတ်ကြေးများအပြင် သရက်တောကျေးရွာရှိ DKBA ကလို့ထူးလားဂိတ်မှ လှေတစ်စင်းသွားလာခွင့် လိုင်စင်အဖြစ် ကျပ် ၇သောင်း ကိုလည်း တနှစ်စာအတွက် တောင်းခံလျှက်ရှိပြီး မပေးဆောင်နိုင်သည့်လှေများကို သွားလာခွင့်မပြုဟု ပြောဆိုနေကြ သော်လည်း ဒေသခံ များအနေဖြင့် ဂိတ်ကြေးကောက်ခံသည့် အဖွဲ့၏ တပ်ရင်းနံပါတ်၊ တပ်မှူးအမည်များကိုမူ တပ်အပ်ပြောဆို နိုင်ခြင်း မရှိပေ။

ထိုကိစ္စနှင့်ပတ်သက်၍ KKO အဖွဲ့သို့ ကရင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ KKO အတွင်းရေးမှူး စောဂုဏ်အောင်က “ကျနော် တို့ အရင်က ကောက်ခံဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ရက် တပ်မှူးများညီလာခံမှာ မကောက်ခံဖို့ ညွှန်ကြား လိုက်တော့ မကောက် တော့ပါဘူး။ တကယ်လို့ ကောက်သေးတယ်ဆိုရင် လူထုအနေနဲ့ တပ်ရင်း၊ တပ်မှူးအမည်တွေ အတိအကျ ပြောလာပေးစေချင်ပါတယ်” ဟု ပြန်လည်ဖြေဆိုသည်။

ထိုဒေသတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လည်း အခြေစိုက် လှုပ်ရှားနေသဖြင့် ဂိတ်ကြေးကောက်ခံမှုရှိမရှိ ကရင်သတင်း ဌာန က မေးမြန်းရာ “KNU ကတော့ ဒီချောင်းရိုးတစ်လျှောက်မှာ တစ်ဂိတ်ပဲရှိတယ်။ သူတို့က အရင်ကတည်းက နဂိုနှုန်းအတိုင်း တစ်ထောင်၊ နှစ် ထောင် ပုံမှန် ကောက်တယ်။ လှေပေါ်မှာ ကုန်မပါဘူးဆိုရင် သူတို့ကို ရှင်းပြပြောဆိုလို့ ရတယ်”ဟု အဆိုပါရွာ သားက ပြောဆိုသည်။

ကော့ကရိတ်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့များအဖြစ် အစိုးရစစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်များ၊ ဒီမိုကရေ စီအ ခြေပြု ကရင်အမျိုးသားတပ်မတော်-DKBA နှင့် ၎င်း၏နိုင်ငံရေးဦးဆောင်အဖွဲ့ ကလို့ထူးဘောကရင်အဖွဲ့အစည်း-KKO အဖွဲ့ များနှင့် KNU အဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

Ref: ကေအိုင်စီ

Read More...

MOSA အဖွဲ့ ၏ တတိယအကြိမ်မြောက် သင်တန်း ပြည်မြို့ တွင်ဖွင့်လှစ်..

August 01, 2012

Read More...

လယ်ယာမြေ သိမ်းဆည်းခံရသူများ အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့်အပေါ် ၈၈မျိုးဆက် ကျောင်းသားများနှင့် တောင်သူလယ်သမား အရေး ဆောင်ရွက်သူများ၊ ဥပဒေပညာရှင်များ၏ ပူးတွဲထုတ်ပြန်ချက်..

August 02, 2012

လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား လေ့လာစုံစမ်း ဖော်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်က စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း မည့် အပေါ် ၈၈မျိုးဆက် ကျောင်းသားများနှင့် တောင်သူလယ်သမား အရေး ဆောင်ရွက်သူများ၊ ဥပဒေပညာရှင်များ၏ ပူးတွဲ ထုတ်ပြန် ချက် အား ယနေ့(၁၊၈၊၂၀၁၂နေ့)တွင် အောက်ပါပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။


Ref: ဒီမိုဝေယံ

Read More...

နယ်အဆွဲများ၍ အထက်ကားဈေးကွက်ပြန်လည်လှုပ်ခတ်

စောဇင်ညီ (မြစ်မခ)
1 Aug, 2012

ရန်ကုန်ကားရောင်းဝယ်ရေးဈေးကွက်တွင် အထက်ကားများအားနယ်မှ အဝယ်လိုက်လျက်ရှိကြောင်းဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းက သိရှိရသည်။

အဆိုပါ အမြင့်ကားဈေးကွက်သည် ကျပ် သိန်း (၃၀၀) မှ သိန်း (၃၅၀) ၀န်းကျင်တွင်ရှိနေပြီး နယ်မှ ဝယ်လက်များဖြင့် ဈေးကွက် ရောင်းအားမာလျက်ရှိကြောင်း ကားအကျိုးဆောင်များက ဆိုသည်။

“ကားဈေးကွက်ကတော့အမြင့်ကားတွေနဲ့ နယ်ဝယ်လက်တွေကြောင့် အရောင်းအ၀ယ်မာနေပါတယ်။ (၁၀)စီးရောင်းရရင် (၇) စီးလောက်က နယ်က ၀ယ်တာ။” ပာု ဟံသာဝတီ ကားဈေးကွက်မှ ကားဝယ်ရောင်း ဦးကျော်က ပြောသည်။

နယ်မှအဓိကထားအ၀ယ်လိုက်နေသောအမြင့်ကားများမှာပါရာဒို ပေါက်ဈေး သိန်း(၂၈၀- ၂၉၀)၊ဆိုက်ခ်ကနက်၊ဆက်ဖ် ပေါက်ဈေး သိန်း(၂၆၀) ၊လန်ကရူဆာ တို့ ဖြစ်ပြီး မော်ဒယ် ၉၇နှင့် ၉၈များ လူကြိုက်များကြောင်း သိရသည်။

“ကျွန်တော်တစ်နေ့ကို ကားအရောင်းအဝယ်ဖြစ်တာ (၁၀)စီး၊ (၁၅)စီးလောက်ဖြစ်တယ်။ ဝယ်သူကတော့နယ်ဝယ်လက်တွေပေါ့။” ဟု ကားအကျိုးဆောင် ဦးသန်းနိုင်မှလည်း ပြောသည်။

နယ်ဝယ်လက်များသည် မြန်မာနိုင်ငံအထက်ပိုင်းမှ ဝယ်လက်များဖြစ်ပြီး ဇူလိုင်လလဆန်းမှ စတင်အဝယ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု ကားဈေးကွက်အတွင်းက သိရသည်။

ဆိပ်ကမ်းများသို့ ကားသစ်ဝင်ရောက်မှုနှင့် အညီ ကားဈေးနှုန်းများ အပြောင်းအလဲရှိလာကြောင်းကိုလည်း ကားအကျိုးဆောင်များက သုံးသပ်သည်။

“အမြင့် ကားဈေးတွေငြိမ်နေပေမဲ့ သိပ်မကြာခင် ကျသွားနိုင်တယ်။ ဘာလို့ လဲဆိုတော့ ကားသစ်တွေ ထပ်ရောက်လာတော့ မယ်လေ။” ပာု ဦးသန်းနိုင်က ဆိုသသည်။

ယခုလ အတွင်း မြန်မာနိုင်ငံသို့ ကားတင်သွင်းမှုမှာ ကားအစီးရေ ၆၀၀၀ ခန့် ရှိပြီး နောက်ထပ် ၂၀၀၀ ခန့် ထပ်ဝင်ရန်ရှိ ကြောင်း သိရသည်။

ထိုပြင့် စလစ်ဈေးနှုန်းများမှာလည်း ယခင် (၅၇) သိန်းမှ ယခု သိန်း (၆၀)ကျော် ၀န်းကျင်အထိ မြင့်တတ် လျက်ရှိသည်။


Ref: မြစ်မခ

Read More...

အင်တာနက်လိုင်းပါသည့် မိုဘိုင်းဖုန်းများအား တစ်ရက်(၄)ဒေါ်လာနှုန်းဖြင့် ငှားရမ်းနိုင်

ဥာဏ်ဥာဏ်(မြစ်မခ)
1 Aug, 2012

အင်တာနက်လိုင်းပါသည့် မိုဘိုင်းဖုန်းများအား တစ်ရက် ငှားရမ်းခ အမေရိကန်ဒေါ်လာ (၄)ဒေါ်လာနှုန်းဖြင့် ပေးဆောင်ကာ ရန်ကုန်၊ မန္တလေးနှင့်ပုဂံမြို့များတွင် ငှားရမ်းနိုင်ကြောင်း ရတနာပုံမိုဘိုင်းငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းက သိရှိရသည်။

''အင်တာနက်လိုင်း ပါဝင်တဲ့ SIM Card နဲ့ အင်တာနက်လိုင်း မပါဝင်တဲ့(SIM Card & Handset) တွေ ကို ဌားရမ်း နိုင်ပါတယ် ''ဟု ( Yatanarpon Mobile Rental Service ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်တာနက်လိုင်းပါ SIM Card များအား ငှားရမ်းမည်ဆိုပါက သတ်မှတ်စပေါ်ငွေ အမေရိကန် (၁ဝဝ) ပေးချေပြီး ငှားရမ်းခ အဖြစ် တစ်နေ့ အမေရိကန် (၄)ဒေါ်လာ ပေးချေရမည်ဖြစ်သည်။

အင်တာနက်လိုင်း မပါသော SIM Card အား ငှားရမ်းမည်ဆိုပါက အမေရိကန် ဒေါ်လာ(၅ဝ)နှင့် ဟန်းဆက် ငှားရမ်းမည် ဆိုပါက အမေရိကန် ဒေါ်လာ (၅ဝ)အား စပေါ်ငွေအဖြစ် ပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။

လိုင်းမပါသော SIM Card များအား တစ်နေ့ငှားရမ်းခ အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ ဟန်းဆက်ငှားရမ်းခ တစ်နေ့ အမေ ရိကန် ဒေါ်လာ ၂ ဒေါ်လာ တို့ဖြင့် Yatanarpon Mobile Rental Services တို့မှ ဝန်ဆောင်မှု ပေးလျက် ရှိ ကြောင်း သိရှိရသည်။

လက်ရှိတွင် အဆိုပါမိုဘိုင်းဖုန်းဌားရမ်းသည့် ဝန်ဆောင်မူနေရာများကို ထပ်မံတိုင်းချဲ့လိုက်ပြီး ရတနာပုံ ဖုန်းခေါ်ဆိုမူ၊ ရန်ကုန် လေဆိပ်၊ မန္တလေး လေဆိပ်၊ ပုဂံလေဆိပ်နှင့် မန္တလေး Swam Hotel တို့တွင် ငှားရမ်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

'နိုင်ငံခြားသားဧည့်သည်တွေ ခတ္တလာရောက်တဲ့ ဧည့်သည်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အညီ ငှားရမ်းပေးတာ ဖြစ်ပါတယ်။ မြို့နေလူတွေအနေနဲ့ မိုဘိုင်းဖုန်း ငှားရမ်းကိုင်ဆောင်တာမျိုး နည်းနေပါသေးတယ်။'' ဟု Yatanarpon Mobile Rental Services မှတာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

အသုံးပြုရမည့် ကြိုတင်ငွေပေးကဒ်များအား ငှားရမ်းသူက မိမိအစီအစဉ်ဖြင့် မိမိဝယ်ယူရမည် ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

Ref: မြစ်မခ

Read More...

လာမည့်နှစ်တွင် မြို့ကြီးများ၌ အဆင့်မြင့်ဆုံးကိုရီးယားစတိုင်ကွန်ဒိုများ ဆောက်လုပ်မည်

ရှုမဝအောင်(မြစ်မခ)
1 Aug, 2012

၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဆင့်အမြင့်ဆုံး အထပ်(၄ဝ)ပါ ကိုရီးယားစတိုင် မြို့ပြအိမ်ယာ စီမံကိန်းများအား မြို့ကြီး(၃)မြို့ တွင် ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောက်လုပ်သွားမည် ဖြစ်ကြောင်း ( Father land) ဆောက်လုပ်ရေး ကုမ္ပဏီက ဆိုသည်။

ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့များတွင် တည်ဆောက်သွားမည်ဖြစ်ကာ တိုက်အမြင့် အထပ်(၃ဝ)မှ အထပ်(၄ဝ)ထိ ကိုးရီးယား နိုင်ငံ ဟန်ရှင်းကုမ္ပဏီမှ ဆောက်လုပ်ရန်ကမ်းလှမ်းပြီး၊ ၄င်းတို့နှင့် ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ( Father Land)ကုမ္ပဏီလီမိတက်မှ ဥက္ကဌဦးကျော်မြင့်က ပြောသည်။

မြို့ပြအိမ်ယာစီမံကိန်း တည်ဆောက်ရာတွင် ရုပ်ရှင်ရုံ၊ ကစားကွင်း၊ ဘဏ်၊ ရုံးခန်းနှင့် လူနေအိမ်ခန်း များပါဝင်ပြီး ကိုးရီးယားနိုင်ငံ ကဲ့သို့ အဆင့်မြင့်တည်ဆောက်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါ ကွန်ဒိုများကို အချိန်ကာလဖြင့် ပိုမိုအာမခံနိုင်ရန်၊ ယန္တယားများအသုံးပြုမှုနှင့် ပြည်ပမှ နည်းပညာ ရလာဒ်များ ထွက်ပေါ် စေရန်အတွက် ကိုးရီးယားကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းရခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။

'ကျွန်တော်တို့က ပညာရှင်ရယ် ယန္တယားရယ်ပဲ အကူအညီယူမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ(၁၂)ထပ်တိုက်ကို(၂)နှစ်ကြာအောင် ဆောက်တယ်။ သူတို့တွေကအထပ် (၃ဝ)၊(၄ဝ) ကို တစ်နှစ်နဲ့ အပြီး ဆောက်တယ်။ အဲတော့ ကွန်ဒိုတွေဆောက်တဲ့ ပိုင်းမှာ သက်တမ်းအားဖြင့်အချိန်ကုန်သက်သာမယ်' ဟု ( Father Land)ဥက္ကဌ ဦးကျော်မြင့်က ပြောသည်။

မြို့ပြအိမ်ယာစီမံကိန်းအား ရန်ကုန်မြို့တွင် ရန်ကင်းမြို့နယ်နှင့်လမ်းမတော်မြို့နယ်၊ မန္တလေးမြို့တွင် မြို့သစ်မြေနေရာများနှင့် ပုသိမ်တွင် ဟိုတယ်များ ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အိမ်ယာစီမံကိန်းနှင့်ပတ်သက်၍ ကိုးရီးယားနိုင်ငံသည် အာရှထိပ်တန်းဟု ယုံကြည်သောကြောင့် ဟန်းရှင်းကုမ္ပဏီနှင့် ဇူလိုင်လ ဒုတိယပတ်တွင် စာချုပ်ချုပ်ဆိုကာ အကျိုးတူပူးပေါင်းခဲ့ခြင်းဖြစ် သည်ဟု(Father Land) က သိရသည်။

မြန်မာနိုင်ငံတွင် အထက်(၃ဝ)မှ (၄ဝ)အထိ ဆောက်လုပ်မည်ဟုဆိုရာ၌ မြန်မာနိုင်ငံရှိ ဟိုတယ်များ (၂၅)ထပ် အထိဆောက် လုပ်နေသည်ကို တွေ့ရသည်အတွက် လူနေအိမ်များအား အထပ်မြင့်ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍ အကြောင်းအရင်းအား ဦးစွာ ရှာဖွေသင့်ကြောင်း စင်္ကာပူနိုင်ငံတွင် အင်ဂျင်နီယာတစ်ဦးအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သူတစ်ဦးက အကြံပြုပြောဆိုခဲ့သည်။

'အဲဒါက ဘာလို့ခွင့်မပြုလဲဆိုတာ ရှာဖွေသင့်တယ် တချို့ကိစ္စတွေမှာ ငလျင်ကြောတွေ့မိတာမျိုး အောက်က မြေသားက ဖောင်ဒေး ရှင်းအတွက်ကို အဆင့်တန်းမမှီတာမျိုး အဲဒါမျိုးတွေဆိုရင်တော့ အထပ်အမြင့်ကြီးတွေ မဆောက်သင့်ဘူး'ဟု စင်္ကာပူ နိုင်ငံတွင် အင်ဂျင်နီယာတစ်ဦးအဖြစ် သွားရောက် လုပ်ကိုင်ခဲ့သူ ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောသည်။

ရွှေ့ပြောင်းနိုင်သောအိမ်ယာစီမံကိန်းများကိုလည်း ဆောက်လုပ်နိုင်ရန်စီစဉ်ထားပြီး မြစ်ဝကျွန်းပေါ် ဒေသတွင် ရွှေ့ပြောင်းအိမ်ယာများ အများဆုံးဆောက်လုပ်ရန် ရည်၇ွယ်ထားကြောင်းကိုလည်း (Father Land) မှ သိရှိရသည်။

Ref: မြစ်မခ

Read More...

ယခင်နှစ်ပတ်ကထက် ရွှေဈေးကျပ်ခုနှစ်ထောင်ဝန်းကျင် မြင့်တက်

ကောင်းမြတ်ဖြိုး (မြစ်မခ)
3 Aug, 2012

ပြည်တွင်းရွှေဈေးနှုန်းများမှာ လွန်ခဲ့သောနှစ်ပတ်ကထက် ရွှေတစ်ကျပ်သားလျှင် ကျပ် ခုနှစ်ထောင်ဝန်းကျင် မြင့်တက်လာ သော် လည်း အရောင်းအဝယ်လျော့ကျသွားခြင်းမရှိကြောင်း ရန်ကုန်မြို့ရှိ ရွှေကုန်သည်ကြီးများက ဆိုသည်။

“ရွှေဈေးတက်တာက ကမ္ဘာ့ရွှေဈေးတက်လို့တက်ရတာပါ။ရွှေဈေးတက်တာနဲ့အရောင်းအဝယ်မဖြစ်တာကတော့ သိပ်မဆိုင်ဘူး ရွှေဈေးတက်လည်း ပိုက်ဆံရှိရင်ဝယ်နေကျတာပဲ"ဟု တိတ်စိန်ရွှေဆိုင်မှ ကိုဇော်အောင်က ပြောသည်။

ပြည်တွင်းရွှေဈေးမှာသြဂုတ်(၃)ရက်နေ့အထိ အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၃၆၇ဝဝ)ကျပ် ဝန်းကျင်ရှိပြီး။ ၁၅ပဲရည်တစ်ကျပ် သားလျှင် (၆၉ဝဝဝဝ)ကျပ်ဝန်းကျင်ရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် (၁၆၁၃)ဒေါ်လာဝန်းကျင်ရှိကြောင်း သိရှိရသည်။

ယခင်နှစ်ပတ်ခန့်က ရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၃ဝဝဝဝ)ကျပ်ဝန်းကျင်ရှိခဲ့ပြီး၁၅ပဲရည်တစ်ကျပ်သားလျှင် (၆၈ဝဝဝဝ)ကျပ်ဝန်းကျင်ရှိခဲ့ကာ ကမ္ဘ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင်(၁၅၇၈)ဒေါ်လာဝန်းကျင်ခန့်ရှိခဲ့ကြောင်းသိရှိရသည်။

သမာဓိရွှေဆိုင်မှလည်း ရွှေဈေးတက်ခြင်းနှင့်ပတ်သက်၍အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာရှိနေကြောင်းကို မြစ်မခမီဒီယာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ယခုနှစ် ရွှေဈေးမှာ (၇၃ဝဝဝဝ)မှ(၇၄ဝဝဝဝ)ကျပ်ဝန်းကျင်သာပတ်ချာလည် ဈေးရှိနေသော်လည်း ယခင်နှစ် က လောက် ရွှေဈေးတက်ခြင်းမရှိကြောင်း အရောင်းအဝယ်ပြုလုပ်သူများက ဆိုသည်။

ယခင်နှစ်များကမူ ရွှေဈေးမှာ (၇၈ဝဝဝဝ)ကျပ်ဝန်းကျင်ထိတက်သွားကြောင်းကိုလည်း ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးရွှေကြည် ၏ပြောပြချက်အရ သိရသည်။

ထိုကဲ့သို့ရွှေဈေးအနည်းငယ်မြင့်တက်နေခြင်းကြောင့် မြန်မာလူမျိုးတို့၏ဓလေ့ထုံးစံအတိုင်း ရွှေဝယ်ယူစုဆောင်း ခြင်းအလုပ်ကို ပုံမှန် ဝင်ငွေရှိသူ ဝန်ထမ်းများအနေဖြင့် ဝယ်ယူစုဆောင်းခြင်း မပြုသေးဘဲ ရွှေဈေးအကျကို စောင့်မျှော်လျက်ရှိကြောင်းလည်း ရွှေဆိုင် များကဆိုသည်။

Ref: မြစ်မခ

Read More...

ကိုင်းတန်းဈေးမှ ဈေးသူ/ဈေးသားများအား မဖြစ်မနေ ပြောင်းရွှေ့ကြရန် မြို့တော်ဝန်ကိုယ်တိုင်ဖျောင်းဖျ

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
3 Aug, 2012

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ(၂၉)လမ်း ကိုင်းတန်းဈေးမပြောင်းရွှေ့ရေးအတွက် ဆန္ဒထုတ်ဖေါ် နေသောဈေးသူဈေး သားများကို မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့လာရောက်တွေ့ဆုံမှုတွင် ဈေးသူဈေးသားများက ၎င်းတို့၏အခက်အခဲများကိုအသနားခံတင်ပြခဲ့သော် လည်း မြို့တော်ဝန်မှ ပြောင်းရွှေ့ရန်ကိုသာဖျောင်းဖျပြော ဆိုခဲ့သည်ကို တွေ့ရှိရသည်။

``နှစ်ပေါင်းကို သုံးဆယ်နားကပ်နေပြီ ၊ ကားပတ်လမ်းတွေရော ရထားလမ်းတွေနဲ့ရော အားလုံးနဲ့ အဆက် အသွယ်ရတဲ့နေရာ ကြီးမှာ ဒီလိုဈေးဝယ်တွေနဲ့ရှိတယ် ၊ ဟိုမှာကျတော့မရှိဘူး။ နောက်ကျန်းမာရေးရောကိုယ့်ရဲ့ လုံခြုံရေးရော မပြည့်စုံဘူး သမီးမြင် ခဲ့တာကို ပြောပြတာပါ ၊ ဟိုဖက်မှာက တဲလေးတွေနဲ့ အရက်ဆိုင်ပေါက်စလေးတွေနဲ့ရန်ဖြစ်ကြတယ် ကျမတို့က ကြောက်ကြတယ် လုံခြုံရေးလဲမရှိဘူး ´´ ဟုမြို့တော်ဝန်ကို တွေ့ဆုံတင်ပြခွင့်ရခဲ့သည့် ဈေးသည်အမျိုးသမီးတစ်ဦး ကပြောကြားခဲ့သည်။

ဆန္ဒထုတ်ဖေါ်မှုများမှာ ညစဉ်ဖြစ်ပွားနေပြီး လုံခြုံရေးတိုးမြှင့်ချထားခြင်း၊ သံဆူးကြိုးများကာရံထားခြင်းများကို တာဝန်ရှိသူများက ပြုလုပ် လာသည်ကို တွေ့ရသည်။

''တိုင်းဒုရဲမင်းကြီးလား ဘာလားတော့မသိဘူး နောက်ဆုံးရောက်လာတယ် ၊ကျွန်တော်တို့ကဘာပြောလဲဆိုတော့ ဒီသံဆူးကြိုးတွေ ဖယ်ပေးပါ ၊သူတို့ကာတာမဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောတယ် ´´ ဟုဈေးသည်များ အခက်အခဲအတွက် လာရောက် ကူညီပေးနေသူ ILOနှင့်ချိတ်ဆက်ပေးရေး ကွန်ယက်မှ ကိုအေးသိန်းက ပြောသည်။

ယခုကဲ့သို့ပြောင်းရွှေ့ရခြင်းသည်နယ်ခံများ၏တိုင်စာများကြောင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီးအားလုံးဝိုင်းဝန်ကူညီ ကြရန် မြို့တော်ဝန်မှ ပြေကြားခဲ့သည်။

``ရွှေ့ပြောင်းရေးအတွက် မဖြစ်မနေ လုပ်ကြရမှာ ဘာဖြစ်လို့လဲဆိုတော့ ဒီကတိုင်စာတွေနဲ့ လူကိုယ်တိုင် လာပြောတာတွေနဲ့ဆို တော့ ဒါလေးတွေကိုတော့နားလည်သဘောပေါက်ပေးပါ´´ဟု မြို့တော်ဝန်က ပြောကြားသည်။

ယခုအချိန်သည် နဂါးမြောက်လှည့်သည့်အချိန်ဖြစ်၍ တောင်အရပ်သို့မရွှေ့ပြောင်းလိုကြောင်းနှင့် ၀ါတွင်းသုံးလ ပြီးလျှင်အားလုံး ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း မြို့တော်ဝန်ဦးအောင်မောင်းအား တောင်းဆိုတင်ပြခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။

၂၉လမ်းကိုင်းတန်းဈေးသည် မန္တလေးဝန်းကျင် မြို့များမှသာမကပဲတောင်ငူမြို့မှပင် လာရောက်ရောင်းဝယ်သူများလည်း ရှိသည်ကို တွေ့ရသည်။

``အမေကြီးငါးဇွန်အနောက်ဖက် ကုလားရွာကြီးက၊ဒီမှာဈေးရောင်းတာဆယ်ခြောက်နှစ်ယောက်ျားသေပြီး ကတည်းကတစ်ရက် မှ မပြတ်ဘူး၊ အမေကြီးတစ်နေ့ကို နံနံပင်အစည်းတစ်သောင်းပါရင် အရင်းတစ်သိန်း ရှိတယ်ကားခနဲ့ဆို တစ်သိန်းနှစ်သောင်း ရှိတယ် ၊ ဒီနေ့မရောင်းရင်တော့ ပြီးကြပြီ ၊ခုပြောင်းမဲ့ဈေးဖက်ကို လိုက်ကို မလိုက်ခြင်တာ ဒီပြင့်ဈေးဆိုလိုက်မယ်´´ဟုဈေးသည် ဒေါ်ညိုမြင့် က ပြောကြားသည်။

ယခုလိုဈေးလာရောင်းရန်အတွက် ဧရာဝတီမြစ်ကိုဖြတ်ပြီးလိုင်းကားဆက်စီးလာရသေးကြောင်းကို သူမက ဆက်လက်ပြောပြသည်။

မြန်မာလူမျိုးအများစုရောင်းချနေသော(၂၉)လမ်းကိုင်းတန်းဈေးပြောင်းရွှေ့မှုကြောင့် ဈေးသည်များ အခက်ကြုံ နေချိန် မန္တလေးမြို့၏ နာမည်ကြီးဈေးတစ်ဈေးဖြစ်သော တရုတ်တန်းဈေးနားရှိ ပျံကျဈေးမှာ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါဈေးနှင့်ပတ်သတ်၍ မြို့တော်ဝန် ဦးအောင်မောင်း မှပျံကျဈေးမှန်သမျှရွှေ့ဖို့လုပ်ဆောင်ထားကြောင်း ယခုကဲ့သို့ ပြန်လည် ဖြေ ကြားခဲ့သည်။

``ပျံကျမှန်သမျှ အားလုံးကို ကျွန်တော်တို့ ရွှေ့ဖို့ရာ လုပ်ထားပါတယ် ၊ နေ့ဈေးပျံကျ သမားတွေကိုကြတော့ အခြားဈေးတွေမှာ လွတ်နေတဲ့ဆိုင်ခန်းတွေကို ရွှေ့ပေးမှာပါ ၊ အဲဒါတွေကို အစောကြီးကတည်းက စီမံထားပါတယ်´´ ဟု မြို့တော်ဝန်မှ ပြောကြား ခဲ့သည်။

Ref: မြစ်မခ

Read More...

မြောင်မြို့နယ်မှ တောင်သူများ မိုးခေါင်၍ လွန်ဆွဲနေရ

မောင်ယဉ်ကျော်(မြစ်မခ)
1 Aug, 2012


စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် ရေဝင်အရပ်မဟုတ်သည့်အတွက် မိုးခေါင်ရေရှားမှုမှကာကွယ်ရန် ရှေးရိုးအစဉ် အလာ အယူအဆဖြစ်သော လွန်ဆွဲပွဲများကို အားကိုးနေရဆဲဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရှိရသည်။

‘’ကျွန်တော်တို့ဆီမှာမိုးခေါင်တဲ့အတွက်လွန်ဆွဲပွဲတွေ ရပ်ကွက်ကျေးရွာအလိုက် လုပ်နေရတယ်၊ မိုးကတော့အခုအချိန်ထိမရွာ သေး ဘူး၊ လူကြီးတွေလည်း ကြံရာမရဖြစ်နေပြီ” ဟု မြောင်မြို့နယ်မှ ဦးဇင်မင်းထွန်းက ပြောသည်။

မြောင်မြို့ရှိ ရွှေပေါ်ကျွန်းဘုရားကုန်းတွင်လည်း ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက လွန်ဆွဲပွဲများ ပြုလုပ်ကာ မိုးခေါ်ခဲ့ပြီး အနီးပတ်ဝန်း ကျင်ဒေသများဖြစ်သည့် ခြေရာတော်၊ ကြာပင်လှ၊ ဖွားစော ကျေးရွာများတွင်လည်း လွန်ဆွဲပွဲ များဆက်တိုက်ပြုလုပ်ခဲ့သော်လည်း ဇူလိုင်လကုန်ပိုင်းအထိ မိုးရွာသွန်းမှုမရှိကြောင်း ဒေသခံတို့ကဆိုသည်။

မြောင်မြို့နယ်တွင် မိုးခေါင်ရေရှား၍ စိုက်ပျိုးမြေများ မဖြစ်ထွန်း သောကြောင့် တောင်သူလုပ်ငန်းများ လယ်ယာ လုပ်ငန်း ရပ်နား ထားရပြီး တောင်သူအချို့ငွေကြေးအကြပ်အတည်းနှင့်ကြုံတွေ့နေရကြောင်းကိုလည်း သိရှိရသည်။

'အရင်နှစ်ကမိုးကောင်းလို့ ဒီချိန်ဆို ကျုပ်တို့လုပ်ငန်းတွေစိုက်လို့ပျိုးလို့ပြီးနေပြီ၊ အခုထွန်ပဲထားရတယ် မိုးမရွာတော့ ဘာမှကြဲလို့ မဘူး နားနေရတယ် သီးနှံမရရင်တော့ အကြွေးဆပ်နိုင်မှာ မဟုတ်ဘူး'ဟု ခြေရာတော်ကျေးရွာမှ ဦးကံချွန်ကပြောသည်။

မြောင်မြို့နယ်မှ တောင်သူအများစုမှာ သီးနှံပေါ်ပေးဆိုပြီး ပွဲစားများထံမှ ကြိုငွေများ ထုတ်ယူသုံးစွဲထားကြသည်။

'မိုးရောက်တာကို မိုးမရွာတော့ကျုပ်တို့ တောင်သူလုပ်ဖို့ ဝေလာဝေးသောက်စရာ ရေကိုမရှိဘူးမြို့နဲ့လည်း အလှမ်း ဝေးတော့ ကြာရင် တောင်သူတွေငတ်ကုန်မှာ မိုးရွာရင်မြေပဲစိုက်ရအောင်လို့ ယာကွက်တွေကိုတော့ ထွန်ထားတယ်'ဟု ကြာပင်လှကျေးရွာ မှ ဒေါ်သောင်းစိန်က ဆိုသည်။

မြောင်မြို့နယ်တွင် ပဲစိမ်းငုံ၊မြေပဲ၊ပြောင်း၊နှမ်းစသော ကုန်းတွင်းသီးနှံများ အဓိကစိုက်ပျိုးပြီး ရေဝင်အရပ်မဟုတ် သဖြင့် မိုးကိုသာ မျှော်ရပြီး တောင်သူများလုပ်ကိုင်စားသောက်နေရကြောင်းကိုလည်း ၄င်းတို့ထံက သိရသည်။

ထိုကဲ့သို့ မိုးခေါင်ရေရှားမှုများမှ ကာကွယ်ရန်သစ်ပင်သစ်တောများအား စုပေါင်းကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း စိမ်းရောင် စိုအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ချစ်ခင်သူတစ်ဦးကဆိုသည်။

'ဒီနှစ်ပိုင်းမှာ မိုးခေါင်တာက တော်တော်အခြေနေဆိုးတယ်၊ စိုက်ပျိုးရေးတွေထိတယ် ကောက်ပဲသီးနှံတွေ ရှားပါးကုန်တယ်၊ ရာသီ ဥတုပြောင်းလဲတာတွေလည်း ကမ္ဘာနဲ့ချီပြီး ဖြစ်နေတယ်။ အဓိက ဂေဟစနစ်မပျက်စီးအောင် ကျန်ရှိသေးတဲ့သဘာဝ သစ်တော တွေကို ကျွန်တော်တို့ စုပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုရင် ရာသီဥတု ဖောက်ပြန်တာ ကို ကာကွယ်နိုင်ပါတယ်'ဟု သဘာဝပတ်ဝန်းကျင်ကိစ္စများလုပ်ဆောင်နေသော စိမ်းရောင်စိုအဖွဲ့မှ ဦးတင်သစ်က သုံးသပ်ပြောကြားခဲ့သည်။

Ref: မြစ်မခ

Read More...

မြန်မာ့သွင်းကုန်ပိတ်ဆို့မှု ဥပဒေသက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော် ၂ ရပ် အတည်ပြု

ကိုသားညွန့်ဦး
02.08.2012

၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို အမေရိကန် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ် စလုံးကနေ မနေ့က သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေ အပေါ် အသိ အမှတ် ပြုပေမဲ့ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ မျှော်လင့်ပြီး ဒီ ဥပဒေ ကြမ်းထဲမှာ အမေရိကန် သမ္မတရဲ့ လျှော့ပေါ့ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ထည့်သွင်းပေးထားတယ်လို့ ဒီ ဥပဒေ သက်တမ်းတိုးရေး အဆိုတင်သွင်းတဲ့ ဥပဒေပြု အမတ်တွေက ပြောပါတယ်။ ဒါနဲ့ပတ် သက် လို့တော့ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြပေးထားပါတယ်။

Read More...

ရခိုင်ပြည်နယ်တွင်း ဆူပူမှုတွေကို အစိုးရကိုင်တွယ်ဖြေရှင်းမှု HRW ဝေဖန်

ကိုဇော်ဝင်းလှိုင်
01.08.2012

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကို အစိုးရအနေနဲ့ အချိန်မီ တားဆီးခွင့် ရှိပါလျက်နဲ့ တားဆီး ဖြေရှင်း ပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ Human Rights Watch ခေါ် လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် အခုချိန်ဟာ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေ ဖော် ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် အခုလို အဓိကရုဏ်းတွေကို အစိုးရအနေနဲ့ သတိထား ကိုင်တွယ်ဖြေရှင်း တာ ဖြစ်နိုင် တယ် လို့ စစ်တွေမြို့ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင် က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီအခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Read More...

ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့

ကိုရဲကျော်အောင်
01.08.2012

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြု အားပေးတဲ့အနေနဲ့ ကမ္ဘာ့ဘဏ် ကနေပြီးတော့ ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့သွားမယ် ဆိုတဲ့အကြောင်းကိုတော့ ကမ္ဘာ့ဘဏ် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ က ကမ္ဘာ့ဘဏ် ဌာနေ ရုံးဖွင့် လှစ်ပွဲမှာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ ပဲန်မလာ ကောက်စ် ကနေပြီးတော့ အခုလို ပြောသွားတာ ဖြစ် ပါ တယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရန်ကုန်မြို့က ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။

Read More...

ဒုက္ခသည်တွေကို မကူညီကြဖို့ ဘင်္ဂလားဒေ့ရှ် ညွန်ကြား

02.08.2012

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေး အဖွဲ့တွေကို ပိတ်ပင်လိုက်တယ်လို့ MSF နယ်စည်းမခြား ဆေးပညာရှင် များအဖွဲ့ ပြောခွင့်ရ ဒီဒဲရစ် ဗန် ဟယ်လ်စီမာ (Diderik Van Halsema) က VOA ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်စာပေးပို့ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်တွေကို အကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်းကြီး ၃ ခုထဲမှာ MSF တဖွဲ့လည်း ပါဝင်ပါတယ်။

Read More...

ပူတာအို ဆန်ပြတ်

ကိုမိုးဇော်
02.08.2012

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ ဆန်စပါးပြတ်လပ်နေတာကြောင့် ဆန်တပြည်ကို ကျပ် ၄၀၀၀ နဲ့တောင် ၀ယ်ယူဖို့ မရှိ ဖြစ်နေပါတယ်။ ဒီလို ဆန်ပြတ်လပ်တာဟာ တလကျော်ရှိလာနေပြီး ပြီးခဲ့တဲ့ အပတ်တွေက အစိုးရက ဆန်ကို လေယာဉ်နဲ့ တင်ပို့ ပေးနေပေမဲ့လည်း ဒေသခံတွေအတွက် ၀ယ်ယူဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆန်ပြတ်လပ်မှုကြောင့် အချို့ ဒေသ ခံ တွေဟာ ဆန်ပြုတ်သောက်နေကြရ သလို သက်ကြီးရွယ်အို တချို့ အသက်ဆုံးရတာတွေလည်း ရှိနေတယ် လို့ ဒေသခံ တ ယောက် က ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Read More...

ကင်တားနားနဲ့ ဒေါ်စု ရခိုင်အရေး ဆွေးနွေး

02.08.2012

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကို လေ့လာဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ မနက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေနဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေအတွေကို ဆွေးနွေးခဲ့ပါ တယ်။ မစ္စတာ ကင်တားနားဟာ မနက်ဖြန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ နေ့လည်ပိုင်းမှာ နေပြည်တော်ကို ခရီးဆက်သွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ဘန်ကောက်ရောက် ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို ကိုယ်တိုင် လေ့လာ ဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့မနက် ၉ နာရီလောက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တာပါ။

Read More...

အိုလံပစ်ပြိုင်ပွဲ ချန်ပီယံသစ်များ ထွက်ပေါ်

2.08.2012

အိုလံပစ် အားကစားပွဲတော်ရဲ့ အမျိုးသမီး ကျွမ်းဘားပြိုင်ပွဲမှာ ချန်ပီယံအသစ် ထွက်ပေါ်လာပြီး သူ့နာမည်ကတော့ Gabby Douglas ဖြစ်ပါတယ်။

အမျိုးသမီး ဂျွမ်းဘားမျိုးစုံပြိုင်ပွဲမှာ ရုရှား ကျွမ်းဘားမယ်တွေ ဖြစ်ကြတဲ့ Viktoria Komova နဲ့ Alyia Mustafina တို့ကို အမေရိကန် ကျွမ်းဘားမယ်က အနိုင်ယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အမေရိကန်ကျွမ်းဘားမယ် Alexandra Raisman ကတော့ နံပါတ် ၄ နေရာ ချိတ်ခဲ့ပါတယ်။

Read More...

အာလက်ပိုမြို့သိမ်း ထိုးစစ်ကြီး စတင်တော့မည်

02.08.2012

ဆီးရီးယားနိုင်ငံ၊ အာလက်ပိုမြို့ကို ထိန်းချုပ်ဖို့ အဓိကတိုက်ပွဲကြီးတခု စတင်တော့မယ်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အဖွဲ့အကြီးအကဲ Herve Ladsous က ပြောလိုက်ပါတယ်။

အာလက်ပိုမြို့မှာ တိုက်ပွဲတွေ ပိုဆိုးလာနေတယ်လို့ အဲဒီမှာရောက်နေတဲ့ လေ့လာသူတွေ က ပြောကြောင်း ကြာသပတေးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးပြီးတဲ့နောက်မှာ Ladsous က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ကို အစိုးရတပ်တွေက တင့်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေခဲ့တာ သီတင်းသုံးပတ်နီးပါး ကြာနေပြီဖြစ်ပါတယ်။ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်ကို ဖြုတ်ချချင်တဲ့ အစိုးရဆန့်ကျင်ရေး လက်နက် ကိုင်တွေ ထိန်းချုပ်ထားတဲ့ အာလက်ပိုမြို့ကို အရသိမ်းနိုင်ဖို့ အစိုးရတပ်တွေက ကြိုးစားနေတာပါ။

ဆီးရီးယားပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးသံတမန် ကိုဖီအန်နန်က သူ့ရဲ့တာဝန်ကနေ နုတ်ထွက် ကြောင်း ကြာသပတေး နေ့မှာပဲ ကြေညာခဲ့ပါတယ်။ တိုက်ပွဲတွေက ပိုဆိုးလာတဲ့ အချိန်မှာ ငြိမ်းချမ်းရေးအတွက် သူတယောက်ထဲ လုပ်နေလို့မရနိုင်ဘူးလို့ သူက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သူ့အဆိုအားဖြင့် ညီညွတ်မှုမရှိတာကိုလည်း သူက အပြစ်တင် ပြောဆိုခဲ့ ပါတယ်။

မစ္စတာအန်နန် အခုလို နုတ်ထွက်သွားတာဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံဖို့ ရုရှားနဲ့ တရုတ်တို့က ပျက်ကွက်ခဲ့တာကို မီးမောင်းထိုးပြနေတယ်လို့ အမေရိကန်က ပြောပါတယ်။


Ref: ဗွီအိုအေ

Read More...

ရွှေမင်းသားဖောင်ဒေးရှင်း ချိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်လှူဒါန်း

2012-08-02

ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူတွေအတွက် ချိုင်းထောက်နဲ့ ဘီးတပ် ကုလားထိုင်ကို ရွှေမင်းသား ဖောင်ဒေးရှင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကနေတဆင့် ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင်တွေ ကချင်ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာပြီးတဲ့နောက် ဒုက္ခ သည်တွေရဲ့ လိုအပ်ချက်ကို သိခဲ့ရတဲ့အတွက် အလှူရှင် ရှာခဲ့တဲ့အခါမှာ ရွှေမင်းသား ဖောင်ဒေးရှင်းက အခုလို လှူဒါန်း လိုက်တာပါ။

ချိုင်းထောက် အခု ၃၀ နဲ့ ဘီးတပ်ကုလားထိုင် ၃ လုံးကို ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ အမှုဆောင်အဖွဲ့ဝင် အဆိုတော် ဂျေညီညီတို့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ လာရောက် လှူဒါန်းတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က လက်ခံရယူတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုပဏ္ဍိတ်ထွန်းက ပြောပါတယ်။ ဒီပစ္စည်းတွေကို ဒုက္ခသည်တွေဆီ အမြန်ဆုံး ရောက်အောင် ပေးပို့မယ်လို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ

2012-08-02

မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်က နှစ်ရက်ကြာ စစ်ကြောရေး ၀င်ပြီးတဲ့နောက် အဲဒီလို ၀န်ခံတာပါ။ ကိုယ့်ကိုယ်ကို ခုခံကာကွယ် ဖို့ပါလို့ အဲဒီလူ ၉ ယောက်က ထပ်ခါတလဲလဲ ပြောပေမဲ့ သူတို့ကို ဒီနေ့ အမှု စစ်ဆေးပါမယ်။ သူတို့ လက်ဝယ်မှာ M 16 , AK 47 ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေ ရှိတယ်လို့ ဆိုပါတယ်။

Read More...

ဓာတုပစ္စည်း စက်ရုံတွင် ပေါက်ကွဲမှုဖြစ်

2012-08-02

မကွေးတိုင်း ချောက်မြို့နယ်အတွင်း စက်မှု ၀န်ကြီးဌာန လက်အောက်က အစွန်းချွတ် ဓာတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ (၆) ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မနေ့က မွန်းလွဲ (၁ ) နာရီလောက်က ချောက်မြို့နဲ့ (၃) မိုင်လောက်အကွာ ဇီးချိုပင်နဲ့ ရေတွင်းကျေးရွာ ကြားမှာရှိတဲ့  ဟိုက် ဒရိုဂျင် ပါရောက်ဆိုဒ် စက်ရုံမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

Read More...

ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ

2012-08-02

မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံ တကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။

အဲဒီအဖွဲ့တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေး အဖွဲ့နဲ့ ဗြိတိန်အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ မြန်မာနယ်စပ်အနီး Cox's Bazaar ခရိုင်တွင်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေတာကို ဆိုင်းငံ့ဖို့ အစိုးရက ပြောတာလို့ ဒေသ အုပ်ချုပ်ရေးမှူး Joymul Bari က AFP သတင်းဌာနကို ပြောသွားပါတယ်။

အကူအညီပေးရေး အဖွဲ့တွေဟာ စာရွက်စာတမ်း အထောက်အထားမရှိတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို တရားမ၀င် ပံ့ပိုးကူညီ ပေးနေကြတာ ဖြစ်တယ်လို့လည်း Mr. Bari ကပြောပါတယ်။

ဒီအဖွဲ့တွေဟာ ၁၉၉၀ ပြည့်ုနှစ် ကာလထဲက Cox's Bazaar ခရိုင်ထဲက ဒီဒုက္ခသည်တွေကို ကျန်းမာရေး၊ လေ့ကျင့်ရေး၊ အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေကို ကူညီ ပံ့ပိုးပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်ပါတယ်။


Ref: အာရ်အဖ်အေ

Read More...

အိန္ဒိယနှင့် မြန်မာစစ်ရေး၊ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုမြှင့်တင်

2012-08-01

နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်တဲ့အနေနဲ့ မြန်မာ့တပ်မတော်က စစ်သည်တွေကို အိန္ဒိယနိုင်ငံက ပိုမို လေ့ကျင့် သင်တန်းပေးသွားဖို့နဲ့ လက်နက်မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ကူညီသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယ အစိုးရက မနေ့က ပြောဆိုလိုက်ပါတယ်။

အခုလို မဟာဗျူဟာအရ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ကို ချမှတ်လိုက်တာဟာ မြန်မာစစ်တပ် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယနိုင်ငံကို ရက်သတ္တ တစ်ပတ်ကြာ အလည်အပတ် ရောက်ရှိခဲ့ပါတယ်။ မြန်မာစစ်တပ် အကြီးအကဲဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony နဲ့တကွ အိန္ဒိယ စစ်တပ် ကြည်း ရေ လေ ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး အိန္ဒိယ အရှေ့ပိုင်း ကြည်းတပ်နဲ့ ရေတပ် စစ်ဦးစီးဌာနချုပ်တွေကို သွား ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

အိန္ဒိယ အစိုးရဟာ နိုင်ငံအရှေ့မြောက်ဖျား မြန်မာနယ်စပ်မှာ အခြေစိုက်နေတဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို မောင်းထုတ် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။


Ref: အာရ်အဖ်အေ

Read More...

ရွှေစေတီဆရာတော် ကုလ အထူးကိုယ်စားလှယ်ကို အိတ်ဖွင့်စာ ပေးပို့

2012-08-01

ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဆီကို စစ်တွေမြို့က ရခိုင် ဒုက္ခသည်တွေကို စောင့်ရှောက်နေတဲ့ ရွှေစေတီ ဆရာတော် အရှင် အရိယဝံသက မနေ့ မနက်ပိုင်းက အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ကြောင်း ဆရာတော်က RFA ကို မိန့်ကြားပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာမှာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုး အကြောင်း၊ အိမ်နီးချင်းနိုင်ငံ အသီးသီးနဲ့ ချစ်ကြည်ရေး အကြောင်း၊ ၁၈၂၄ ခုနှစ် နောက်ပိုင်း ကိုလိုနီ လက်အောက်ခံ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတို့ရဲ့ အချုပ်အခြာ အာဏာပိုင်မြေထဲကို လူမျိုးခြားတွေ စိမ့်ဝင်လာခဲ့တဲ့ အကြောင်း၊ ဌာနေ ရခိုင် တိုင်းရင်းသားတွေ မနေနိုင်အောင် အစ္စလာမ်မစ် နိုင်ငံ ထူထောင်လိုတဲ့ ဘင်္ဂါလီ အကြမ်းဖက် စစ်ပွဲတွေအကြောင်းနဲ့ အခု ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့အကြောင်းရင်း စတာ တွေကို အကျဉ်းချုံ့ ဖော်ပြထားကြောင်း သိရပါတယ်။

မစ္စတာ ကင်တားနားဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ရတာနဲ့ ပတ်သက်ပြီးတော့ ဆရာတော်က အခုလို မိန့်ကြားပါတယ်။

"ဘုန်းဘုန်း ပေးတာကတော့ ဟိုးအဝေးမှာနေတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရော၊ ယူအင်န် ဝန်ထမ်းတွေရော။ ဘုန်းဘုန်းတို့ ရခိုင်တွေဟာ လူမျိုးကြီး ဝါဒနဲ့ ဘင်္ဂါလီတွေကို ညှဉ်းပန်း နှိပ်စက်နေတယ်ဆိုတာ အဓိက သံသယ မရှိဖို့ လိုပါတယ်။ ဘုန်းဘုန်း တို့ရဲ့ ရခိုင်တွေဟာ ဒီရခိုင်ဒေသမှာ ကိုယ့်မြေ၊ ကိုယ့်နေရာမှာ ကိုယ့်ဘာသာနဲ့ ကိုယ်ဟာနဲ့ကို အေးအေး ဆေးဆေး နေတာကို ဒီဘင်္ဂါလီတွေဟာ အစွန်းရောက် အကြမ်းဖက်လာတာ ဆိုတာကို အဖြစ်မှန်ကို သိစေချင်တဲ့ အနေနဲ့ ဘုန်းဘုန်းက ဒီအိတ်ဖွင့်စာ ကို ပေးတာ ဖြစ်ပါတယ်"

လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနေ့ မနက်ပိုင်းက ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်ပြီး ပဋိပက္ခတွေအတွင်း မြန်မာနိုင်ငံ အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ UNHCR ဝန်ထမ်း (၃)ဦး နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် မနက် (၁၁) နာရီခွဲလောက်မှာ ဘူးသီးတောင်မြို့ထဲကို မစ္စတာ ကင်တားနား ဝင်လာချိန်အတွင်း မြို့ခံ (၂၀၀) လောက်က တရားမျှတမှု ရှိပါစေ၊ နိုင်ငံတော် သမ္မတရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ၊ ခွဲခြားဆက်ဆံမှု အလိုမရှိ၊ ရခိုင်ပြည်နယ်ကို ကိုဆိုဗိုလို မဖြစ်ပါစေနဲ့ စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး လမ်းဘေး တစ်လျှောက် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရပ်ဆိုင်းခံထားရတဲ့ ဂျာနယ်တွေ ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ တောင်းဆို

2012-08-01

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေ စိစစ်ရေးဌာနက အကန့်အသတ်မရှိ ရပ် ဆိုင်း အရေးယူခဲ့တဲ့အပေါ် ပြန်လည် စဉ်းစားပေးဖို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနဲ့ လိုက်လျောညီထွေ ဖြစ်စေပြီး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ပုံရိပ်တွေကို မြှင့်တင်နိုင်စေ ရေးအတွက် သတင်း မီဒီယာနဲ့ စာနယ်ဇင်းတချို့အပေါ် လတ်တလော အရေးယူနေတာတွေကို ပြန်လည် စဉ်းစားပေးဖို့ တောင်း ဆိုရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီရဲ့ နာယက စာရေးဆရာ မောင်ဝံသက RFA ကို အခုလို ပြောပါတယ်။

"တိုင်းပြည်က ကမ္ဘာ့အလယ်မှာ မျက်နှာ ထယ်ထယ်ဝါဝါနဲ့ ရှိရမဲ့အချိန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ဖြစ်နေတဲ့ အချိန်၊ ကြိုးစားနေကြတဲ့ အချိန် ဒီလိုအချိန်မျိုးမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အထင်မှားစရာ ထိပါးစရာ မဖြစ်သင့်ဘူး။ အထူးသဖြင့် ဒီလို ဂျာနယ်တွေကို အရေးယူတာမျိုး၊ တရားစွဲတာမျိုး အဲလိုအရေးယူတဲ့ ပုဂ္ဂိုလ်တွေ ပြန်ပြီး စဉ်း စားသင့်တယ်။ နိုင်ငံတော် သမ္မတကြီးက နေပြီးတော့ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို လည်း ဒီလို ပိတ်ပင်မှုတွေ၊ အရေးယူမှုတွေက အဟန့်အတား ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ဒါမျိုးတွေကို ပြန်ပြီးတော့ ပြေပြေလည်လည်နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ အဲဒီလိုတောင်းဆိုတာပါ"

အလားတူ ရန်ကုန်မြို့၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ မနေ့က ပြည်တွင်း ဂျာနယ်တွေက အယ်ဒီတာတွေ၊ သတင်းထောက် တွေ စုပေါင်းပြီး သတင်း လွတ်လပ်ခွင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ထုတ်ဝေခွင့် ရပ်ဆိုင်းခံ ထားရတဲ့ ဂျာနယ်တွေကို ချက် ချင်း ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဖွဲ့စည်းလိုက်တဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက အခမ်းအနားနဲ့ ပက်သက် ပြီး RFA ကို အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက The Voice နဲ့ Envoy ကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်တယ်။ ဒါပေမဲ့ အကန့်အသတ် မရှိဘူး။ အဲအတွက်ကြောင့် မီဒီယာသမားတွေ အနေနဲ့ ဒီလိုမျိုး တဖြည်းဖြည်း ထိန်းချုပ်ပြီးတော့ ပိုပြီးတော့ တင်းကျပ်လာတဲ့ ဥပဒေ အောက်ကနေပြီးတော့ ဘယ်လိုရှင်သန်နိုင်မလဲ ဆိုတာကို အခြေရှာဖို့ အတွက် ဒီနေ့ မီဒီယာသမားတွေအားလုံး တွေ့ဆုံပြီးတော့ ဆွေးနွေးကြတာ ဖြစ်ပါတယ်"

အဲဒီ အခမ်းအနားမှာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရတဲ့ ဂျာနယ်တွေကို ချက်ချင်း ထုတ်ဝေခွင့်ပြုဖို့ အပါအ၀င် အချက် (၇) ချက်ပါ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေငြာချက်မှာ ပြုပြင်ပြောင်းလဲမှုကို နောက်ပြန်ဆွဲနေတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပေးဖို့နဲ့ ၁၉၆၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ ပုံနှိပ်မီဒီယာ ဥပဒေတွေကို ရုပ်သိမ်းဖို့ စတဲ့ အချက်တွေ ပါဝင်ပြီး ပြည်တွင်း သတင်းသမား (၉၀) ကျော် က သဘောတူ ကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီကြေညာချက်ကို မကြာခင် ရက်ပိုင်းအတွင်း သမ္မတရုံး၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေကို ပေးပို့ မယ်လို့ သိရပါတယ်။ ဒါ့အပြင် သြဂုတ်လ (၄) ရက်နေ့မှာ မြန်မာ ဂျာနယ်လစ် ကွန်ရက် အဖွဲ့ဝင်တွေက “မီဒီယာ ဖိနှိပ်မှု ချက်ချင်းရပ်” စာတမ်းပါ တီရှပ်တွေကို ဝတ်ဆင်ပြီး ဆန္ဒ ထုတ်ဖော် သွားမယ်လို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြန်မာပြည်တွင် ဘာသာရေး ချုပ်ချယ်မှုများရှိဟု အမေရိကန်ပြော

August 1, 2012

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ၂ နိုင်ငံ သံတမာန်ဆက်ဆံရေး နဂိုအတိုင်း ပြန်ကောင်းလာနေတုန်းမှာပဲ မြန်မာ နိုင်ငံမှာ ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေဆဲလို့ ထည့်သွင်းရေးသား ထားတဲ့ ၂၀၁၁ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုအစီရင်ခံစာ (International Religious Freedom Report for 2011 – IRFR) ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာတခုအထိ အကောင်အထည်ဖော်ခဲ့ပေမယ့် ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားတဲ့အပိုင်းမှာရော ကာကွယ်တဲ့အပိုင်းမှာပါ တိုးတက်မှု မတွေ့ရဘူးလို့ မနေ့က ထုတ်ပြန်တဲ့ အဲ့ဒီအစီ ရင်ခံစာထဲမှာ ရေးသားထားပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့နဲ့ နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို မြန်မာအစိုးရက ဆက်လက် ကန့်သတ် ချုပ်ချယ်ထားခဲ့တဲ့အပြင် မွတ်ဆလင်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း အနီးကပ် ဆက်လက် စောင့်ကြည့်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ လူနည်း စုတွေရဲ့ ယုံကြည်ကိုးကွယ်မှုအပေါ်မှာလည်း စည်းမျဉ်းတင်းကျပ်မှုတွေ ဆက်လက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်သစ် ဦးသန်းဆွေက သမ္မတ ဘားရက် အိုဘားမားကို အိမ်ဖြူတော်မှာ သူရဲ့ သံအမတ်ခန့်အပ်လွှာ ပေးအပ်ချိန်နဲ့ တချိန်တည်းလောက်မှာပဲ ထုတ်ပြန်ခဲ့တာပါ။

ဦးသန်းဆွေဟာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် ၈ နှစ်အတွင်း ပထမဆုံးအကြိမ် စတင် တာဝန် ထမ်းဆောင်ရသူဖြစ်ပါတယ်။ သူမတိုင်ခင် ၁၇ ယောက်မြောက် သံအမတ်အဖြစ်တာဝန်ယူသွားသူက ဦးလင်းမြိုင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်ကစလို့ မြန်မာအစိုးရက ဝါရှင်တန်ဒီစီမှာ သံအမတ်အစား စစ်သံမှူးပဲ ခန့်အပ်ခဲ့တာပါ။

အမေရိကန်လွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ နှစ်စဉ် ထုတ်ပြန်တဲ့ IRFR မှာ လတ်တလော ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အကြောင်းကိုလည်း ထည့်သွင်းရှင်းပြခဲ့ပါတယ်။

IRFR ရဲ့ မြန်မာပြည်ကဏ္ဍမှာဆိုရင် နိုင်ငံထဲမှာရှိတဲ့ မွတ်စလင်တွေကို ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိတဲ့အကြောင်း ထောက်ပြထားပါတယ်။ နိုင်ငံတဝှမ်းမှာရှိတဲ့ မွတ်စလင်တွေ၊ ပြီးတော့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေ ဟာ သူတို့မြို့တွေကနေ အပြင်ထွက်မယ်ဆိုရင် မြို့နယ်အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်ယူရလေ့ရှိတယ်လို့လည်း အစီရင်ခံစာထဲမှာ ရေးထားပါတယ်။

“ရခိုင်ပြည်နယ်မှာနေတဲ့ ရိုဟင်ဂျာနဲ့ တခြားမွတ်စလင်တွေ ဘာကိစ္စနဲ့ပဲဖြစ်ဖြစ် ခရီသွားမယ်ဆိုရင် အာဏာပိုင်တွေ က ခွင့်မပြုဘဲ ငြင်းလေ့ရှိတယ်၊ ဒါပေမယ့် တခါတလေမှာ လာဘ်ထိုးပြီး ခွင့်ပြုချက်ယူလို့ရတယ်။ တခြားဒေသတွေမှာ ရှိတဲ့ မွတ်စလင်တွေက ပိုလွတ်လွတ်လပ်လပ်နဲ့ ခရီးသွားလိုပေမယ့် ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ကြုံနေရဆဲပဲ။ ဥပမာ – ရန်ကုန်နေတဲ့က ရိုဟင်ဂျာတွေ ဆိုရင် ရခိုင်ပြည်ထဲကို အဝင်အထွက်လုပ်ဖို့ လဝကအရာရှိတွေဆီက ခွင့်ပြုချက် လိုတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေ အထူးသဖြင့် လူနည်းစုဖြစ်တဲ့ ရို ဟင်ဂျာတွေဟာ ဥပဒေကြောင်းအရ၊ စီးပွားရေးအရ၊ ပညာရေးအရနဲ့ လူမှုရေးအရ အဆိုးဆုံး ခွဲခြားဆက်ဆံမှုတွေနဲ့ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်တယ်။ မွတ်စလင်တွေ ပြည်နယ် အပြင်မှာ ဆေးထွက်ကုဖို့ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ရအောင် ဗုဒ္ဓဘာသာဝင် ဆရာဝန်တွေက ထောက်ခံစာမရေး ပေးဘူးဆိုတဲ့ အစီရင်ခံစာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ငြင်းဆန်ခဲ့တယ်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာ ပြဌာန်း ထား တဲ့အတိုင်း သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေက မြန်မာနိုင်ငံကို ဗြိတိသျှအုပ်ချုပ်တဲ့ ကာလအစမှာ နိုင်ငံထဲ ဝင်ရောက် အခြေချ ခဲ့တာ မဟုတ်တဲ့အတွက် အခုလို ငြင်းဆန်တာဖြစ်တယ်လို့ ဒီအစီရင်ခံစာအရ သိရပါတယ်။

ရိုဟင်ဂျာတွေဟာ နိုင်ငံသားမဖြစ်တဲ့အတွက် အစိုးရကျောင်းတွေမှာ အလယ်တန်းနဲ့ အထက်တန်းအဆင့် ဆက်လက် သင်ယူ ခွင့်မရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်မှာ အထက်တန်းအောင်တဲ့ မွတ်စလင်တွေ အနေနဲ့လည်း ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တက်ဖို့ ပြည်နယ်ပြင်ပကို ခရီးသွားခွင့်မရဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာဘာသာရေးလွတ်လပ်မှု အက်ဥပဒေအရ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စိုးရိမ်စရာနိုင်ငံတခု (Country of Particular Concern) အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာပါ။

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေတယ်၊ ဘာဖြစ် လို့လည်းဆိုတော့ မွတ်စလင်အများစုနေထိုင်တဲ့ သူတို့နိုင်ငံထဲမှာလည်း ဒီကိစ္စအပေါ် စိုးရိမ်မှုတွေ တစ ထက်တစ ပိုမြင့်လာ နေလို့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“ကျနော့်တို့ ရပ်တည်ချက်က ရှင်းပါတယ်။ ခွဲခြားဆက်ဆံမှုဆိုတာကို ဘယ်သူ့ကိုပဲလုပ်လုပ် ဘယ်နေမှာပဲလုပ်လုပ် ကျနော်တို့ ဆန့်ကျင်ပါတယ်။ ဒီလိုဆက်ဆံမှုမျိုးကို ကျနော်တို့သီးမခံနိုင်ပါဘူး၊ ဒါကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးဆီ ဦးတည်နေတာမို့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျ ကိုယ်တွယ်ဆောင်ရွက်သွားဖို့ ကျနော် တို့ တိုက်တွန်းနေတာပါ” လို့ သူက ဆိုပါတယ်။

တချိန်တည်းမှာ ၅၇ နိုင်ငံပူးပေါင်းဖွဲ့စည်းထားသော အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Islamic Cooperation Organization)ကလည်း ရခိုင်အရေးမှာ ဒုက္ခရောက်သူ ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အက်မီလဒ်ဒင် အီစန်နော့ဂ်လူးက မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ ရိုဟင်ဂျာ များအပေါ် ပြုမူဆက်ဆံမှုတွေ ပိုကောင်းမွန်လာဖို့ မြန်မာအစိုးရကို တောင်းဆိုကြဖို့ ဆော်ဩထားပါတယ်။

အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေနဲ့ လာမယ့်သောကြာနေ့ကျရင် မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ရခိုင်ဒေသက ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ကူညီဖို့ လမ်းစရှာဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကိစ္စ ဆွေးနွေး ရကြမှာဖြစ်ပြီး ဩဂုတ် ၁၄၊ ၁၅ ရက်တွေမှာ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပမယ့် အဖွဲ့ထိပ်သီး အစည်းအဝေးမှာလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။

Ref: ဧရာဝတီ

Read More...

အလုပ်သမား ဆန္ဒပြမှု စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အဆို ပယ်ချခံရ

ငြိမ်းငြိမ်း
August 3, 2012

အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်သည့် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးအဆိုကို သြ ဂုတ်လ ၁ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးက ပယ်ချလိုက်သည်။

ယင်းအဆိုကို သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က တင်သွင်းခြင်း ဖြစ်ပြီး နိုင်ငံရေးအရ ရောယှက်မှု မပြုသင့်ဘူးဟု ဆိုကာ မဲခွဲဆုံးဖြတ်ရာမှ ပယ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Read More...

အိမ်ပြန်ချင်တယ်

နန်းဆိုင်နွမ်
August 2, 2012

တနှစ်ကျော် ကြာတဲ့အထိ အိမ်ပြန်ချင်တဲ့စိတ်၊ လယ်ယာတွေ ပြန်လုပ်ချင်တယ် ဆိုတဲ့စိတ်တွေနဲ့ ဒုက္ခသည် စခန်းတွေထဲမှာ သူတို့ ကချင်တိုင်းရင်းသားတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေထိုင်နေရတယ်လို့ လိုင်ဇာမြို့ထဲက ဝင်ကြိုင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မလုထွယ်က ပြောပြပါတယ်။

“စစ်ပွဲတွေ အမြန်ပြီးစေချင်တယ်။ ဒီစစ်ပွဲက ဘယ်သူ့ကြောင့်၊ ဘာကြောင့် လို့တော့ တွေးမနေ ချင်တော့ဘူး။ ကျမတို့ ဒီမှာ နေရတာ ဒုက္ခရောက်တယ်၊ အိမ်ပြန်ချင်တယ်။ ဖြစ်နိုင်ရင် ဒီနေ့တောင် ပြန်ချင်တယ်” လို့ သူက ဆိုပါတယ်။

Read More...

KIO လူဟု စွပ်စွဲဖမ်းဆီးခံရသည့် ကချင်ဒုက္ခသည် ပြန်လွတ်

ကျော်ခ
August 2, 2012

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ဆက်နွယ်သူဟု ဆိုကာ မြစ်ကြီးနားခရိုင် ဒုစရိုက်နှိမ်နှင်းရေး(ဒန) အဖွဲ့က ဖမ်းဆီး တရား စွဲဆို ထားသည့် ကချင် စစ်ပြေးဒုက္ခသည် တဦးကို မြစ်ကြီးနားမြို့နယ်တရားရုံးက အပြစ်မရှိဟုဆိုကာ ပြန်လွှတ် ပေးလိုက်သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာသား ဦးဘောမ်ဇုန်း ကို KIO ၏ ဝန်ထမ်း၊ မြစ်ကြီးနား မြို့ပေါ်တွင် KIO အတွက် သတင်းယူရန် စေလွှတ်ထားသူ၊ လက်နက် သယ်ဆောင်ပေးနေသူဟူသော တရားလိုဘက်မှ စွဲဆိုထားခြင်းအား မှား ယွင်းစွပ်စွဲသည်ဟုဆိုကာ တရားရုံးက ယမန်နေ့တွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“တရားလိုဘက်က စစ်ဆေးပြီးမှ စွဲချက်တင်သင့် မတင်သင့်ဆိုတဲ့ နေရာမှာ စစ်ဆေးချက်အရ မှားယွင်းစွပ်စွဲတယ်ဆိုပြီး တရားရုံး က အမိန့်ချပြီးလွှတ်ပေးလိုက်တာ”ဟု ဦးဘောမ်ဇုန်း၏ ရှေ့နေအဖြစ် ဆောင်ရွက်သူ ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။

ဦးဘောမ်ဇုန်းသည် ၂၀၁၁ ဇွန်လပိုင်းက တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ ဂါလလဲ နှစ်ခြင်း ဒုက္ခသည် ကယ် ဆယ်ရေး စခန်းတွင် ခိုလှူံနေခဲ့ရာ ကျန်းမာရေး ချို့ယွင်းလာသဖြင့် ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်စဉ် ဇွန်လ ၇ ရက် နေ့က ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

၎င်းအား ကချင်ပြည် လွတ်မြောက်ရေးတပ်မတော်(KIA)က ၂၀၁၁ ခုနှစ် နိုဝင်္ဘာလထဲတွင် ပေါ်တာအဆွဲခံခဲ့ရပြီး လက်နက်များ သယ်ဆောင်ပေးခဲ့ရသည်ဟု ဦးဘောမ်ဇုန်း က ပြောဆိုသည်။ အာဏာပိုင် အဖွဲ့က ထိုအချက်ကို ထောက်၍ KIO နှင့် ဆက် နွယ် သည် ဟု ဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် စွပ်စွဲဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခုဟာက ကျနော်က ပေါ်တာဆွဲခံရတာ၊ ကျနော့် ဆန္ဒနဲ့လုပ်တာမဟုတ်ဘူးဆိုတာ တရားရုံးကသိတော့ လွှတ်ပေးလိုက်တာပေါ့၊ ဒါပေမယ့် ကျနော့်ရဲ့ လွတ်လပ်ချိန်တွေ အချုပ်အနှောင်ခံခဲ့ရတယ်”ဟု ဦးဘောမ်ဇုန်း က ဧရာဝတီသို့ ပြောသည်။ ဖမ်းဆီးခံခဲ့ရစဉ် ညှဉ်းပန်းနှိပ်စက်ခြင်းများ မရှိသော်လည်း ရဲ များ၏ ခြိမ်းခြောက်ပြောဆိုမှုများ ခံခဲ့ရသည်ဟု ဆိုသည်။

အသက် ၅၀ အရွယ် ဦးဘောင်ဇုန်းသည် ယခုအခါ အမှုမှ ကင်းလွတ်ပြီး မိသားစုနှင့် အတူပြန်လည်နေထိုင်နေလျက် ရှိသည်။

မြစ်ကြီးနားခရိုင် ဒုစရိုက် နှိမ်နှင်းရေး တပ်ဖွဲ့က ဦးဘောမ်ဇုန်းကို ဖမ်းဆီးပြီး ၁၀ ရက်အကြာတွင် မြစ်ကြီးနားရှိ ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းက ဒုက္ခသည် ဦးဘရန်ရှောင်ကိုလည်း KIO နှင့်ဆက်နွယ်သူဟုဆိုကာ ဖောက်ခွဲမှုများဖြင့် အမည်တပ် ဖမ်းဆီး ခဲ့ပြီး မြို့နယ်တရားရုံးတွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှ ဗိုလ်ကြီး ကျော်စွာလင်းက တရားစွဲဆိုထားသည်။

ဦးဘရန်ရှောင်၏ စတုတ္ထမြောက် ရုံးချိန်းကို ဇူလိုင်လ ၂၇ ရက်နေ့က ကြားနာခဲ့ပြီး ၎င်းနေထိုင်ခဲ့သောဒေသမှ ရပ်ကွက် အုပ်ချုပ် ရေး မှူးကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ရာတွင် ဦးဘရန်ရောင် KIO နှင့် ဆက်သွယ်မှု၊ ဖောက်ခွဲရေးအမှု စသည် များ ကို ကြားမြင် တွေ့ရှိခြင်း မရှိဟုထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ငါးကြိမ်မြောက် ရုံးချိန်းကို သြဂုတ်လ ၃ ရက်နေ့တွင် ကြားနာမည်ဖြစ်ပြီး တရားလိုဘက်မှ သက်သေ ၁၇ ဦးပြည့်သည်အထိ ထွက် ဆိုသွားမည် ဖြစ်ကြောင်းနှင့် နောက်ထပ်ထွက်ဆိုရန် ၁၀ ဦးခန့် ကျန်ရှိနေသေးသည်ဟု သိရသည်။

ဦးဘရန်ရှောင်ကို ဖမ်းဆီးပြီးနောက် စရဖ လက်သို့ လွှဲအပ်ရာတွင် KIO နှင့် ဆက်နွယ်မှုရှိကြောင်း ဝန်ခံစေရန် ပေါင်နှစ်ဘက်၌ ဓားဖြင့် ထိုးမွှေ ဒဏ်ရာများ အပါအဝင် ဦးခေါင်းနှင့် ခန္ဓာကိုယ် အနှံ့တွင် ပြင်းထန်သောဒဏ်ရာများ ရရှိထားကြောင်း ဇနီးဖြစ်သူ ဒေါ်ဇယ်ညွယ်နှင့် အခြားမျက်မြင်များက ပြောဆိုထားသည်။

ထို့နောက်ပိုင်းတွင် ဦးဘရန်ရှောင် စိတ်မူမမှန်သော အခြေအနေဖြစ်နေကြောင်း တရားရုံးချိန်းတွင် တွေ့မြင်ခဲ့ရသူများနှင့် ရှေ့နေ ဦးဂျီမာခါး တို့က ပြောသည်။

ဦးဘရန်ရှောင်၊ ဦးဘောမ်ဇုန်းတို့အပါအဝင် ကချင်ပြည်နယ်အတွင်း၌ KIO နှင့်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ရှိကြောင်း မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ၏ မှတ်တမ်းများအရ သိရှိရသည်။

KIO နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုသို့ စွပ်စွဲဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက်လည်း ထည့်သွင်းပြောဆိုသင့်ကြောင်း ကချင် ခရစ်ယာန် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များက ပြောသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့