Wednesday, August 1, 2012

OIC ထိပ်သီး အစည်းအဝေးတွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဆွေးနွေးမည်

2012-07-31

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်များနဲ့ ရိုဟင်ဂျာ မွတ်စလင် ဘာသာဝင်များကြား အကြမ်းဖက်မှု တွေကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ မှာ သြဂုတ်လအတွင်း ကျင်းပမဲ့ OIC ခေါ် အစ္စလာမ် ဘာသာဝင် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေး သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါက ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ တခြားဘာအကြောင်းကိုပဲ ဖြစ်စေ အခြေခံပြီး ခွဲခြား ဆက် ဆံမှုကို ဆန့်ကျင်ကြောင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း မိမိတို့ရဲ့ ရပ်တည်ချက်ဟာ တစ်သဘော တည်းရှိကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၀ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကို အထူး သံကိုယ်စားလှယ် စေလွှတ်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခနဲ့ ပတ်သက်လို့  စုံစမ်းလေ့လာခဲ့ကြောင်း၊ မိမိတို့ ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တစ်နိုင်ငံချင်း အနေနဲ့လည်းကောင်း၊ နိုင်ငံအများနဲ့ သော်လည်းကောင်း ဆွေးနွေးခဲ့ကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ တွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဂရုမစိုက်ဘူး ဆိုတာ မဟုတ်ပါကြောင်း စသဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆို တယ်လို့ ဇူလိုင် ၃၁ ရက်နေ့စွဲနဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် The Jakarta Post သတင်းစာမှာ ဖော်ပြထားပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့