Friday, August 3, 2012

မြန်မာ့ အရှေ့တောင်ဒေသ လူမှုကူညီမှုလုပ်ငန်းများ အခြေပြ မြေပုံ

သြဂုတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ်

မြန်မာနှင့် ထိုင်းနိုင်ငံသို့ လူသားချင်းစာနာ ကူညီသည့် အဖွဲ့အစည်းများ ရောက်ရှိရာ နေရာများ ပြသသည့် အခြေပြမြေပုံတခုကို ထိုင်း-မြန်မာနယ်စပ် အကူအညီပေးရေးအုပ်စု (TBBC) နှင့် မြန်မာ့ သတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) တို့ ပူးပေါင်း ရေးဆွဲခဲ့ကြသည်။ အဆိုပါ မြေပုံတွင် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ဖူလုံမှုအတွက် အထောက်အပံ့ အကူ အညီ ပေးနေကြသော အဖွဲ့အစည်းများ၏ အကူအညီ ရောက်ရှိရာနေရာများကို ပြသထားသည်။

မြန်မာအစိုးရထံ မှတ်ပုံတင်ထားသော အဖွဲ့အစည်းများထံမှ MIMU က ကောက်ယူရရှိသော အချက်အလက်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက အသိအမှတ်ပြုထားသော နယ်စပ်အခြေစိုက် အေဂျင်စီများထံမှ TBBC က ကောက်ယူရရှိသော အချက် အလက် များကို ယခု မြေပုံတွင် စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် နယ်စပ်တလျှောက် အကူအညီ ရရှိနေသော အေဂျင်စီ ၂၇ ခုနှင့် အေဂျင်စီ ၃၂ ခုက ရန်ကုန်မှ တဆင့် ပေးပို့သော သတင်း အချက်အလက်များကို စုစည်းဖော်ပြနိုင်ခဲ့သည်။ သို့သော် အချက် အလက်ပေးပို့သူများကို အကာအကွယ် ပေးရန်နှင့် မြေပုံတွင် ရှင်းရှင်း လင်းလင်း ဖော်ပြနိုင်ရန်အတွက် ယခုကိန်းဂဏန်းများတွင် ဆက်နွယ်သော အေဂျင်စီ အားလုံး မပါဝင်ကြောင်း TBBC က ပြောသည်။

မြေပုံတွင် အဓိက မီးမောင်းထိုး ဖော်ပြထားသည်မှာ လူသားချင်းစာနာသည့် အကူအညီ လိုအပ်မှုများကို နယ်စပ် အခြေစိုက် အေဂျင်စီများနှင့် ရန်ကုန်အခြေ စိုက်အေဂျင်စီတို့ မည်သို့မည်ပုံ အပြန်အလှန် အထောက်အကူပြု အကောင်အထည် ဖော်နိုင် ခဲ့ပုံကို ဖော်ပြထားခြင်း ဖြစ်သည်။

ရန်ပုံငွေ မလုံလောက်ခြင်းနှင့် ပျော့ကွက် အားနည်းချက်များ ရှိနေသည့် အတိုင်းအတာအရ နယ်ပယ်ကဏ္ဍ တခုချင်း တွင် လုပ်ဆောင်နေသော အေဂျင်စီများသည် မြို့နယ်အဆင့်အထိ ဖြန့်ခွဲ လိုက်ရပြီး သတင်းအချက်အလက် ဖလှယ်ရေးနှင့် ဖြစ် ပေါ်လာသော အခြေအနေများအပေါ် ပိုမိုညှိနှိုင်း ပူးပေါင်းတုံ့ပြန် နိုင်ရေးတို့အတွက် ဆောင်ရွက် ခဲ့ရသည်ဟု TBBC က ပြောသည်။

နယ်စပ်အခြေစိုက် အေဂျင်စီများ၏ တုံ့ပြန်ဆောင်ရွက်ချက်များမှာ ပင်ကိုယ်အားဖြင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ က ဆောင် ရွက်ကြခြင်းဖြစ်ပြီး ရန်ကုန်အခြေစိုက် အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ယေဘူယျအားဖြင့် ကုလသမဂ္ဂ လက်အောက် ခံ အေဂျင်စီများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGOs) တို့၏ ဆောင်ရွက်ချက်များ ဖြစ်ကြသည်ကို အဆိုပါမြေပုံက ပြဆိုနေသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရှိန်ရလာနေပြီး လူသားချင်းစာနာသည့် အကူအညီ အထောက်အပံ့များကို ပဋိပက္ခ ဖြစ်ပွါးရာ နေရာ များအထိ သွားရောက် ကူညီနိုင်သည့် အခွင့်အလမ်းများ တိုးတက်များပြားလာသည့်အချိန်တွင် ပေါ်ပေါက်လာသော စိန်ခေါ်မှုမှာ နိုင်ငံတကာ အေဂျင်စီများ အနေဖြင့်လည်း ရပ်ရွာအခြေခံ စီမံခန့်ခွဲမှုရှိသည့် ဒေသခံ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မျိုးရရှိရန် တည်ဆောက်သွားရေးပင် ဖြစ်သည်ဟု TBBC က ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့