Wednesday, August 1, 2012

ဘားအံ ရေကြီး

ဘားအံ၊ ဇူလိုင် ၃ဝ၊ ၂ဝ၁၂



သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၉၄ စင်တီမီတာထက် ကျော်လွန်လာသောကြောင့် ဇူလိုင် ၂၉ ရက်မှ စ၍ သက်ဆိုင် ရာ မှ ကယ်ဆယ်ရေး စခန်း ၆ ခုဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများကို စတင် လက်ခံ နေရာချထားပေးလျှက် ရှိသည်။ထိုစခန်း ၆ ခုအနက် ပရဟိတ္တ လူငယ် ဖွံ့ဖြိုးရေးကျောင်း သည် အကြီးဆုးံ ဖြစ်ပြီး အိမ်ထောင်စု ၅၆ ခု ၊ လူဦးရေ၂၈၆ ဦးအား ကူညီ စောင့်ရှောက်လျှက် ရှိပြီး ဆက်လက်၍ ရေဘေးသင့်သူများ တိုးပွားလျှက်ရှိကြောင်း သိရှိရပါသည်။ ရေဘေးသင့် ပြည်သူများ အတွက် ကျန်းမာရေး၊ လုံခြုံရေး၊ စည်ပင်သာယာေ၇း အဖွဲ့အစည်းများမှ ကူညီ စောင့်ရှောက်လျှက် ရှိပြီး လူတစ်ဦးလျှင် ဆန် ၂ ဗူး နှုန်း ဖြင့် လှူဒါန်းထောက်ပံ့ ပေးထားကြောင်း ပရဟိတ္တ လူငယ် ဖွံ့ဖြိုးရေး ကျောင်းတွင်ရှိသော ကယ်ဆယ်ရေး စခန်းတာဝန်ခံ ဦးနီတိုးမှ ပြောကြားသွားပါသည်။

Ref: အင်ဒီဖဲဒဲတ်

0 comments:

အပေါ်သို့