Wednesday, August 1, 2012

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃ဝ၊ ၂ဝ၁၂

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ယနေ့ နေ့လည် ၁ နာရီ အချိန်က ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ် များနှင့် ပတ်သတ်၍ လည်းကောင်း၊ နယ်စပ် စည်ပင်ဝန်ကြီး ဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တော စစ်တွေ ဒေသများတွင် ဖြစ်ပွားခဲ့သည့် အခြေအနေများကို လည်းကောင်း၊ နိုင်ငံတော်မှ ထိန်းသိမ်း တာဝန်ယူမှုများ၊ ကူညီထောက်ပံ့မှုများ၊ ဒုက္ခသည်များ ထားရှိသည့် အခြေအနေများ၊ NGO များ၏ အကူအညီများ၊ နိုင်ငံတကာမှ အကူအညီများ၊ ရိုဟင်ဂျာများ၏ အခြေအနေများ စသည်တို့ကို ရှင်းလင်း ပြောကြားသွား ပါသည်။

ရှင်းလင်းပွဲ အပြီး၌ နိုင်ငံခြား သံတမန်များ၏ မေးမြန်းချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ နယ်စပ်စည်ပင် ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းဌေးတို့က ပြန်လည် ရှင်းလင်း ဖြေကြားပါသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana နှင့် အတူ နိုင်ငံခြား သံတမန်များ၊ ပြည်တွင်း ပြည်ပ သတင်းဌာနများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

Ref: Independent

0 comments:

အပေါ်သို့