Friday, October 28, 2011

အရှင်ဂမ္ဘီရ ဆေးကုသခွင့်ပေးဖို့ အာရှလူ့အခွင့်အရေး ကော်မရှင်တောင်းဆို

2011-10-27

ကလေးအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အရှင်ဂမ္ဘီရ ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွား နေတဲ့အတွက် ဆေးရုံမှာ စနစ်တကျ အမြန်ဆုံး ကုသခွင့်ပေးဖို့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က တောင်းဆို လိုက်ပါတယ်။

အကျဉ်းထောင်တွင်း အရှင်ဂမ္ဘီရ ခံစားနေရတဲ့ ဝေဒနာတွေဟာ အတော်လေးကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတဲ့ အကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို လိပ်မူပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ကမ္ဘာ့ကြက်ခြေနီ အသင်းကြီး အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ တွေကိုပါ အိတ်ဖွင့် ပေးစာ ပေးပို့ထားတယ်လို့ AHRC ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမင်းလွင်ဦးက အာအက်ဖ်အေကို ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ အဲဒီ အိတ်ဖွင့်ပေးစာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ သံဃာတော် အရှင် ဂမ္ဘီရကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ကိုလည်း အစိုးရကို တိုက်တွန်း ထားပါတယ်။

အရှင်ဂမ္ဘီရဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့ပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရပါတယ်။ သူ့ကို အင်းစိန် အကျဉ်း ထောင်ကနေ ရာသီဥတု ဆိုးရွားတဲ့ ခန္တီး အကျဉ်းထောင်ကို ပြောင်းရွှေခဲ့ပြီး နောက် အခုနောက်ဆုံး ကလေး အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

ပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ချက် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

Ma Khwa Nyo
ကြာသပတေး, 27 အောက်တိုဘာ 2011

ထောင်ဒဏ်ကျခံနေသူတွေကို ပါတီဝင်အဖြစ် မသတ်မှတ်ရဆိုတဲ့ အချက် အပါအ၀င် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေမူကြမ်း တရပ်ကို ဒီကနေ့ ပြည်သူ့ လွှတ်တော်က အတည်ပြု လိုက်ပါပြီ။ ဒီဥပဒေမူကြမ်းကို လွန်ခဲ့တဲ့အပတ်က အမျိုးသား လွှတ်တော်က အတည်ပြု ထားတာလည်း ဖြစ်ပါ တယ်။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်ကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို အမှန် တကယ် သွားနေတယ်ဆိုရင် တင်းကျပ်တဲ့ ဥပဒေ စည်းမျဉ်းတွေကို ပြုပြင်ဖို့ လိုအပ်တယ်လို့ သုံးသပ် ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

ပြင်ဆင်ချက် ၃ ချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော် အတည်ပြုကြောင်း ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

ဒီလို အတည်ပြုဆုံးဖြတ်လိုက်တဲ့ ဥပဒေမူကြမ်းဟာ အရင် ဥပဒေထက်စာရင် တစုံတရာ တိုးတက်လာတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။

“ဒီပြင်ဆင်ချက် ၃ ချက်လုံးက အရင် ဥပဒေထက်စာရင် တစုံတရာ တိုးတက်လာတာပေါ့။ အရင်တုံးက ပုဒ်မ ၆ (ဂ) မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး ဆို ရေးထားတယ်။ အခုတော့ လေးစား လိုက်နာရေး ဆိုပြီးတော့ ပြင်ဆင်လိုက်တာပေါ့။ အဲလိုပဲ အရင်တုန်းက နိုင်ငံရေး ပါတီထဲမှာ ပါတီဝင်တွေဟာ ထောင်ဒဏ် ကျခံနေသူ မဟုတ်ရဘူးလို့ ပုဒ်မ ၁၀ (င) မှာ သတ်မှတ်ထားတယ်။ အခုတော့ ဒီ ၁၀ (င) ကို ပယ်ဖျက်လိုက်ပြီ။ နိုင်ငံသား အခွင့်အရေးကို ရဖို့အတွက် မူလ ပြဌာန်းချက်ကို ပယ်ဖျက်တာ။ ဒါကလည်း တိုးတက်လာတာပေါ့”

နောက် ပြင်ဆင်တဲ့အချက်တခုကတော့ ပုဒ်မ ၁၂ (က)/၁ ကို ရှင်းလင်းချက် ထပ်ထည့်တာ ဖြစ်ပါတယ်။

ဒီအချက်ကတော့ လွှတ်တော်သက်တမ်းတခုအတွင်းမှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် မှတ်ပုံတင်တဲ့ ပါတီတွေဟာ ဒီလွှတ်တော် သက်တမ်းအတွင်း မဲဆန္ဒနယ် ၃၀ ထက်မနည်း ကျင်းပ ကြားဖြတ် ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ် ၀င်ရောက် ယှဉ်ပြိုင်ရမယ် ဆိုတဲ့အချက် ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

အရင်ဥပဒေမှာ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃ နေရာမယှဉ်ပြိုင်နိုင်တဲ့ပါတီတွေကို ပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိ ဆိုတဲ့အချက်ကို ရှင်းလင်းချက် ထပ်မံ ဖြည့်စွက်တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးအောင်သိန်းကတော့ ထောင်ဒဏ် ကျခံ နေသူတွေကို ပါတီဝင် အဖြစ် မသတ်မှတ်ရဆိုတဲ့အချက်ကို ပြင်ဆင်တဲ့အပေါ်မှာ သူ့အမြင်ကို အခုလို ပြောပါတယ်။

“အဲဒီဟာကတော့ တကယ်ကို ပြင်သင့်တဲ့အချက်ပါ။ ပါတီဝင်ရဲဘော်တွေဟာ အကြောင်းအမျိုးမျိုး ကြောင့် ထောင်ထဲမှာ ထောင်ဒဏ် ကျခံနေရတဲ့ အနေအထားမျိုးတွေ ရှိတယ်ဗျာ။ ဒီလူတွေကို ပါတီဝင် စာရင်းထဲတောင် တို့ထားခွင့် မရှိဘူးဆိုရင် သူတို့ရဲ့ နိုင်ငံရေး လုပ်ကိုင်ခဲ့ပြီးတော့ ထောင်ဒဏ်ကျသွား တာတွေကို အပြင်မှာ ရှိနေတဲ့ ရဲဘော်တွေက အသိအမှတ် မပြုတဲ့ သဘောမျိုး၊ ပါတီကပါ အသိအမှတ် မပြုအောင်လုပ်တဲ့ တင်းကျပ်တဲ့ အဲဒီဟာကြီး ပယ်ဖျက် လိုက်တာတော့ ကျနော်တို့က ဘာပဲပြောပြော သဘောတူပါတယ်။ ဒါ-ဖျက်လည်း ဖျက်သင့်ပါတယ်။ အဲဒီတင်းကျပ်တဲ့ဟာကြီးနဲ့ သူတို့ ပထမ ရွေးကောက်ပွဲကြီးကို လုပ်ခဲ့သွားတာကိုးဗျ”

ဒီ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်စဉ်က NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ချမှတ်ခံရပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတာ ဖြစ်ပါတယ်။ NLD ပါတီကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နည်းဥပဒေတွေကို လက်မခံတာကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံ မတင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်း အတည်ပြုကြောင်း ဆုံးဖြတ်တဲ့ အပေါ်မှာတော့ ဦးအောင်သိန်းက အခုလို သုံးသပ်ပါတယ်။

“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို ဆောင်ရွက်ဖို့ အားလုံး နိုင်ငံသားတွေမှာ တာဝန်ရှိသလို ကျနော်တို့ ပါတီတွေ မှာလည်း တာဝန် ရှိပါတယ်။ ဒါပေမဲ့ တင်းကျပ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ် စည်းကမ်း ဥပဒေတွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေတွေဟာ ပါတီ တရပ် ရပ်တည်ပိုင်ခွင့်ကို ပိတ်ပင်တားဆီး နိုင်တဲ့ ဟာတွေကို မလျှော့ပေးဘူး၊ ဆက်သွားမယ် ဆိုရင်တော့ ကျနော်တို့ ဒီကနေ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ်ဆိုတဲ့ ဖွဲ့စည်းပုံကြီးဟာ အဟောသိကံ ဖြစ်သွား ပါလိမ့်မယ်။ ဒါကြောင့် ပြုသာပြင်သာ မှန်သမျှကို ပြုသာပြင်သာဖြစ်အောင် လုပ်ကိုလုပ်ရမယ့် တာဝန်တွေဟာ ကျနော်တို့ နိုင်ငံသူ နိုင်ငံသား တွေမှာရှိသလို ပါတီတွေမှာလည်း ရှိတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီလို ပြင်ဆင်ပြောင်းလဲတာကြောင့် ပါတီမှတ်ပုံပြန်တင် မတင်ဆိုတာ ကတော့ အဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်တွေ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသား လွှတ်တော်မှာ တင်သွင်း ခဲ့တာဖြစ်ပါတယ်။ ဒီလ ၁၈ ရက်နေ့က အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဒီကနေ့မှာ ပြည်ထောင်စု လွှတ်တော်က ထပ်မံ အတည်ပြု လိုက်တာဖြစ်ပါတယ်။

Ref: VOA News

Read More...

လယ်သိမ်းခံလယ်သမားတွေ ရန်ကုန်တက် ဆန္ဒပြ

ကြာသပတေး, 27 အောက်တိုဘာ 2011

မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ လယ်ယာမြေ ဥပဒေကို မကျေနပ်လို့ လယ်သမားတချို့ ဒီကနေ့ ရှားရှား ပါးပါး ဆန္ဒပြခဲ့ ကြတာကို ရဲက လူစု ခွဲလိုက်ပါတယ်။ စုစုပေါင်း လယ်မြေဧက ၁၀,၀၀၀ လောက် အသိမ်းခံထားရတဲ့ လယ်သမား ၆၀ လောက်စုပြီး ရန်ကုန်မြို့၊ အိုးအိမ်ဦးစီးဌာနရှေ့မှာ ထိုင်သပိတ် မှောက်ခဲ့ကြတာပါ။

သူတို့က လယ်သမားတွေ ဘ၀အာမခံချက် ရှိရေးအတွက်ကို အဓိကထား တောင်းဆိုခဲ့ကြပါတယ်။ ဒီလို လယ်မြေတွေ အတင်းအဓမ္မ အသိမ်း ခံရတဲ့ကိစ္စကို လွှတ်တော်မှာ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဘာမှ ထူးမလာတဲ့အတွက် မခံနိုင်ကြတော့တဲ့ လယ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေကို သိအောင် အခုလို ဆန္ဒ ဖော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို စီစဉ်သူ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။

“တောင်သူလယ်သမားတွေမှာ ဥပဒေကြောင်းအရ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကုန်နေပြီ။ ဒါကြောင့်မို့လို့ ကျနော်တို့က လူလုံးပြပြီး လူကိုယ်တိုင်ထွက်ပြီး အင်အားပြပြီး ဆောင်ရွက်ရတာ ဖြစ်တယ်”

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတဲ့ လယ်သမားတွေဆီက ဆိုင်းဘုတ်တွေကို ရဲက သိမ်းပြီး လူစုခွဲခိုင်းခဲ့တယ်လို့ မျက်မြင် တွေ့သူတွေက ပြောပါတယ်။ ဆန္ဒပြသူ ၇ ယောက်ကို ရဲက ထိန်းသိမ်းခဲ့တယ်လို့ AFP သတင်းက ပြောပေမဲ့ သီးခြား အတည်မပြု နိုင်သေးပါဘူး။ မကြာခင်ကပဲ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ မြန်မာ့ လယ်ယာကဏ္ဍ ဆိုင်ရာ ဥပဒေကြမ်းက လယ်ယာမြေ အားလုံးကို ဖြစ်စေ၊ တစိတ်တပိုင်းကို ဖြစ်စေ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်နဲ့ အငှားချခွင့်တွေကို ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီ ဥပဒေ ကြမ်းထဲမှာ လယ်လုပ်တဲ့ လယ်သမားတွေ လယ်မြေ ပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတဲ့အချက် မပါပါဘူး။

Ref: VOA News

Read More...

ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စုရဲ့လိုအပ်ချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

2011-10-27

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဟာ မုချမသွေ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ RFA ကိုဒီကနေ့ ပြောဆိုလိုက် ပါတယ်။

“ဒုတိယ ပင်လုံဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လိုအပ်ချက် တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် တခြား ဘယ်လို ကိစ္စတွေပဲ ရှိနေရှိနေ ဒီလိုအပ်ချက်ကို လက်လွှတ်စရာ မရှိပါဘူး။ လက်တွေ့ကျကျ လုပ်ပုံ လုပ်နည်းတွေနဲ့ ပတ်သက်လို့ စဉ်းစား စရာတွေက အတော် များတာကြောင့် မို့လို့ နှောင့်နှေးနေတာ ဖြစ်ပါတယ်”

RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် သောတရှင် တစ်ဦးရဲ့ မေးခွန်းကို ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန် ခဲ့တာပါ။

Ref: RFA News

Read More...

Thursday, October 27, 2011

ဝါးလုံးထိုး ရေဆင်းလာပြီးနောက်

မျိုးသိဏ်း
အောက်တိုဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ်

အောက်တိုဘာလ ၂၁ ရက် သောကြာနေ့ မွန်းလွဲပိုင်း ဖြစ်သည်။ ပခုက္ကူမြို့ ရွှေချောင်း သဲချောင်းအနီးတွင် လူများ ဝိုင်းအုံနေ ကြသည်။ သက်တမ်း နှစ်ပေါင်းနှစ်ဆယ်နီးပါးရှိပြီ ဖြစ်သည့် တံတားကြီး ကျိုးပျက်သွားခြင်းကို လာရောက် ကြည့်ရှုနေကြခြင်း ဖြစ်သည်။

ပခုက္ကူမြို့ အရှေ့ပိုင်းမှ ဧရာဝတီမြစ်တွင်း စီးဝင်သော ရွှေချောင်း ချောင်းပေါ်မှ ပခုက္ကူ-မန္တလေး ကူးသန်းသွားလာရေး ဆက် ကြောင်းဖြစ်သည့် ရွှေချောင်းတံတားကို အပိုင်းပိုင်း ကျိုးပျက်လျက် အနေအထားဖြင့် တွေ့မြင်ရသည်။ ရွှေချောင်း သည် သဲချောင်း ဖြစ်၍ ရွှေချောင်း တံတားသည် မြစ်ဝနှင့် ကိုက် ၂၅၀-၃၀၀ ခန့်သာ ကွာဝေးသည်။ ရွှေချောင်းတံတားမှ ချောင်း အထက်ပိုင်း ကိုက် ၁၀၀ ခန့်အထိ တိုးဝင်နေသည့် ဧရာဝတီမြစ်ရေမှအပ ချောင်း တလျှောက်လုံး သဲပြင်ချည်းသာ ဖြစ်သည်။


တံတားအထက်ပိုင်း သဲချောင်းတလျှောက် လူရာနှင့်ချီ သွားလာ လှုပ်ရှားနေသည်ကိုလည်းတွေ့နေရသည်။ အချို့ က ဥဒဟို သွားလာနေကြသပြီး တချို့က ဟိုတစု ဒီတစု စုဝေးဝိုင်းအုံနေကြသည်။ ယူနီဖောင်းဝတ် ရဲများ၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်း များနှင့် မီးသတ်အဖွဲ့ဝင်များလည်း တွေ့ရသည်။

အမှတ် (၃) ရပ်ကွက်အနီး သဲချောင်းပေါ်တွင် အော်ဟစ်ငိုကြွေးနေသည့် အမျိုးသမီးတဦးကို လူအများ ဝိုင်းအုံ ကြည့်ရှုနေကြ သည်။ အမျိုးသမီး၏ လက်ထဲတွင် ထွေးပိုက်ထားသည်က သဲအလိမ်းလိမ်း ဖုံးအုပ်နေသည့် အမေအို တဦး၏ ရုပ်အလောင်းတခု။

“အမေရယ်။ အမေ့ကို သမီးတို့ ရှာနေကြတာ။ ဆေးရုံကော၊ ရင်ခွဲရုံကော။ အလောင်းတွေ့တယ် ဆိုတိုင်း သမီးတို့ပြေးကြည့်နေ ကြတာ။ အမေရယ်ကံဆိုးလိုက်တာ။ သမီးတို့ကို ထားခဲ့ပြီပေါ့ အမေရယ်။”

မိခင် အလောင်းကို ဖက်ရင်း ရေရွတ် ငိုကြွေးနေသည့် သမီးဖြစ်သူ၏ မချိတင်ကဲအသံက မြင်သူတိုင်း ရင်ကို ဆို့နင့် စေသည်။ စာနာတတ်သူတို့က ရုပ်အလောင်းအား ဆေးကြော သန့်စင်ပေးရန် ရေသွားခပ်ပေးကြသည်။ အနီးနား တွင်ရှိသည့် ရဲတဦးက သေဆုံးသူ အဘွားအို၏ အမည်နှင့် အသက်ကို မေးမြန်းနေသည်ကိုလည်း တွေ့ရသည်။



မကြာမီ အခြား မိသားစုဝင်များ ရောက်လာကြပြီး အလောင်းကို နေအိမ်သို့ ပြန်လည် သယ်ဆောင်ရန် ပြင်ဆင်ရာ စောင့်ကြပ် နေ သည့် ရဲတဦးက အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ပြီးမှ နေအိမ်သို့ ပြန်လည် သယ်ဆောင်ခွင့်ပြု မည်ဟု ပြောဆိုလိုက်သည်။

ကြာသပတေးနေ့ မနက်အစောပိုင်းက ပခုက္ကူမြို့နယ် ရွှေချောင်းတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မကြုံဘူး သည့် အဖြစ် အပျက် ဖြစ်ပွားခဲ့သည်။ ချောင်းအထက်ပိုင်းမှ ရေလုံးကြီးများ ဝါးလုံးထိုး စီးဆင်းလာပြီး သဲချောင်းပေါ်တွင် ဆောက်လုပ် ထား သည့် နေအိမ်များ၊ အချို့နေရာများ၌ ချောင်းနှင့် ကိုက် ၂ဝဝ၊ ၃ဝဝ ခန့် ဝေးသည့် နေရာများမှ နေအိမ်၊ လူသူ၊ ကျွဲနွားတိရစ္ဆာန်များ ကို အဟုန်ပြင်းစွာ တိုက်စား ခေါ်ဆောင်သွားခဲ့သည်။


“ရေစဝင်လာတော့ ကျမက ထမင်းအိုးချက်နေတာ။ အိမ်ထဲ ရေတွေဝင်လာလို့ အိမ်အနောက်ပဲရုံမှာ အလုပ်လုပ် နေတဲ့ အမကို သွားခေါ်တာ အနားရောက်တော့လေ ပဲရုံဂိုထောင်ကြီး ပွင့်ထွက်သွားပြီး ရေလုံးကြီးက ဝုန်းဆို ထွက်လာတာ။တော်တော် ကြောက် စရာ ကောင်းပါတယ်ဗျာ။ ပဲရုံကနေ အနောက်ဘက်ကို ကူးမိလို့ ပဲရုံကြီးထဲမှာ ဆို ကျမလည်း သေမှာ။ ဘာပစ္စည်းမှကို ယူချိန်မရတာ။ ဖိနပ်တောင် မပါဘူး။ အဲ့ပစ္စည်းတွေ ယူရင်လည်း ကျမသေမှာ။” ဟု အမှတ် (၃) ရပ်ကွက်၊ သုံးလမ်းနေ အသက် ၂၃ နှစ်ရှိ မသင်းသင်းခိုင်က အမဖြစ်သူနှင့် တူဖြစ်သူတို့ ဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည် ရှင်းပြသည်။

ရွှေချောင်းတံတားမှ ချောင်းအထက်ပိုင်း မြောက်အရပ်တွင် အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များ အစဉ်လိုက်ရှိပြီး၊ တံတားနှင့် ခန့်မှန်း ကိုက် ၃,ဝဝဝ ခန့် အကွာအဝေးရှိ အမှတ် (၃) ရပ်ကွက်သည် ပခုက္ကူမြို့၏ ရပ်ကွက် ၁၅ ခု အနက်လူဦးရေအများဆုံး၊ ဆင်းရဲနွမ်းပါးသူ လက်လုပ်လက်စား အများဆုံးဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရပြီး ပခုက္ကူမြို့၌ အိမ်ခြေပျက်စီးမှု အများ ဆုံး၊ သေဆုံး၊ ပျောက်ဆုံး ဦးရေ အများဆုံး ရပ်ကွက်ဖြစ်သည်။

၁ဝ ပေမှ ၁၅ ပေအထိ မြင့်သည့် ရေလှိုင်းလုံးကြီးများ ရုတ်တရက် ရိုက်ခတ်မှုကြောင့် ဇနီးနှင့် သားသမီးများ အပါအဝင် မိသားစု ဝင် ခြောက်ဦးအထိ ဆုံးရှုံးခဲ့သူ တဦးက “အလောင်းတွေ့တယ် မြစ်ထဲမှာအလောင်း ပေါ်တယ် ကြားရင် ဆိုင်ကယ်ငှားပြီး ပြေးပြေး ကြည့်နေတာ။ တချို့တွေက အလောင်းတွေ တွေ့တာကို သေပြီဆိုပြီး ပြန်ပြန် ထိုးလွှတ်၊ မျှောလွှတ်လိုက်ကြတယ်တဲ့။” ဟု ဆို သည်။

ပခုက္ကူမြို့အနီးမှ အဖြတ် ချောင်းရိုး ကွေ့ကောက်နေမှုကြောင့် အချို့နေရာများတွင် အကျယ် ကိုက် ၂၀၀ မှ ၃၀၀ ခန့်၊ အနက် ၁၅ ပေခန့် မြေပြင် နိမ့်ကျသွားသည်ထိ ရေလုံးကြီးများက တိုက်စားသွားခဲ့သလို အချို့နေရာများတွင် မြေပြင်မှ ၁ဝ ပေ၊ ၁၅ ပေခန့် အထိ သဲများဖြင့် ဖုံးအုပ်ပစ်လိုက်သည်။ ဒေသခံများ အဆိုအရ ကြာသပတေးနေ့ နံနက်ပိုင်းက စတင်စီးဆင်းခဲ့သည့် ချောင်းရေ မှာ ညနေပိုင်းအထိ အဟုန်ပြင်းစွာ စီးဆင်းနေခဲ့ပြီး သောကြာနေ့ နံနက်ပိုင်းတွင် ခန်းခြောက်သွားခဲ့ကြောင်း သိရသည်။

သဲများ ဖုံးအုပ်ခံလိုက်ရသည့် နေအိမ် နေရာဟောင်းနေရာကို တူးဆွနေသူများလည်း တွေ့ရသည်။ ဆင်းရဲသား လူတန်းစား များသည့် ရက်ကွက်ဖြစ်ရာ ရတတ်သမျှ အတိုအထွာ ပစ္စည်းများ လိုက်လံ ကောက်ယူရာမှ အချင်းများ နေသူများကိုလည်း တွေ့ရသည်။

“အိမ်ပြင်ဆောက်နေလို့ ဒီနားမှာ လာပြီး ယာယီအိမ်ဆောက် နေကြတာ။ မိသားစု ရှစ်ယောက် ပါသွားတယ်။ သဲထဲ ကနေ ဆိုင်ကယ် တစီးနဲ့ စက်ဘီးတစီး တွေ့တယ်။ အိမ်က ပြိုနေတာဆိုတော့ အထဲမှာ လူကျန်မလား ဆိုပြီး တူးကြည့်နေတာ။ အလောင်း ပြန်ရရင် ကောင်းကောင်းမွန်မွန် သဂြုင်္ိဟ်လို့ရတာပေါ့။” ဟု ဆွေမျိုးသားချင်းများ၏ ရုပ်အလောင်းကို ရှာဖွေနေသူ တဦးက ဆိုသည်။


ပခုက္ကူမြို့မှ အာဏာပိုင်တဦးက “အခုအချိန်အထိ (အောက်တိုဘာ ၂၁ မွန်းလွဲပိုင်း) ဘယ်သူဘယ်ဝါလို့ Identify လုပ်နိုင်တဲ့ အလောင်းတော့ ၅၈ လောင်း ရှိပြီ။ ဘယ်သူဘယ်ဝါ မခွဲနိုင်သေးတဲ့ တခြား အလောင်းတွေလည်း ရှိတယ်။ အဲ့တာတွေတော့ စာရင်းထဲ မထည့်သေးဘူး။ ချောင်းအထက်ပိုင်းက ပါလာတာလည်း ဖြစ်နိုင်တယ်။ အမှတ် (၃) ရပ်ကွက်က ဒီချောင်းဘေးမှာ နေတာတွေက ကျူးကျော်လို ဖြစ်နေတော့ စာရင်းအတိအကျ ဖြစ်ဖို့တော့ ခက်မယ်။” ဟု ဆိုသည်။

ရွှေချောင်းတံတား ကျိုးပျက်မှုတွင် လူနှင့် စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်များ ပါဝင်သွားကြောင်း၊ အများစုမှာ တဝေါဝေါ ကျဆင်း နေသည့်ရေကို တံတားပေါ်မှ ကြည့်ရှုနေခြင်း ဖြစ်ကြောင်း၊ ခန့်မှန်း လူဦးရေ ၁၅ ဦးခန့် တံတားပေါ်တွင် ရှိနေချိန် နံနက် ၇ နာရီ ဝန်းကျင်အချိန်ခန့်၌ တံတားကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့ သူများက ဆိုသည်။

ရွှေချောင်းတံတားမှာ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးတပ် ကားကြီးများ ဖြတ်သန်းခွင့်မပြုဘဲ ခြောက်ဘီးနှင့် အောက် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ရသည်ဟု သိရပြီး ကုန်ကားကြီးများအနေဖြင့် အမှတ် (၃) ရပ်ကွက် သုံးလမ်းအနီး ပခုက္ကူလေယာဉ်ကွင်းအနီးသို့ ပေါက်သည့် သဲချောင်းအတွင်းမှ ဖြတ်သန်းရကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါနေရာကို မြေတူးစက်၊ မြေကော်စက်များဖြင့် ယာယီ ယာဉ်သွားလာနိုင်ရန် အာဏာပိုင်များက အရေးပေါ် ပြင်ဆင်ခဲ့ရာ ညနေပိုင်းတွင် ယာဉ်များ ပြန်လည် သွားလာနိုင်ခဲ့သည်။

ရေဘေး ဒုက္ခသည်များအတွက် ပခုက္ကူမြို့ပေါ်ရှိ တိလောကရာမ၊ မိုးကုတ်၊ မတထောင်၊ ကျောက်မီး စသည့် ဘုန်းကြီးကျောင်း လေးခုတွင် ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး တိလောကရာမနှင့် မိုးကုတ် ကျောင်းများတွင် အများဆုံးဖြစ်ကာ မိုးကုတ်ကျောင်းတွင် တရားဝင် စာရင်းဇယားများအရ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းအထိ အိမ်ထောင်စုပေါင်း ၁၃ဝ နှင့် ဒုက္ခသည်ပေါင်း ၇ဝဝ ကျော် ရှိနေသည်။

“ကျနော်တို့လမ်းက အိမ်ခြေ ၅ဝ ကျော်ပါသွားတယ်။ လူက ၃၃ ယောက်ပျောက်နေတယ်။ ပြန်ရတဲ့ အလောင်းက ၁၁ လောင်း ရှိတယ်။” ဟု အမှတ် (၃) ရပ်ကွက်၊ နှစ်လမ်းမှ ကိုခင်မောင်ထွေးက ပြောသည်။

ပခုက္ကူမြို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတဦးက သေဆုံးသူ ၅၈ ဦးနှင့် ပျောက်ဆုံးနေသူပေါင်း ၃၂၀ ကျော် ရှိကြောင်း ပြောဆိုခဲ့ သော်လည်း အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ရွှေချောင်း ရေလျှံမှုကြောင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၈ ဦးသာ ပျောက်ဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ပခုက္ကူမြို့ ရေဘေးဖြစ်စဉ်အပေါ် ရန်ကုန်မြို့မှ သတင်းသမား အများအပြား သွားရောက် သတင်းယူရာတွင် အာဏာပိုင်များက တားဆီး ပိတ်ပင်ခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းကို တားမြစ်ခြင်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ဝင် များက လိုက်လံ မေးမြန်း နှောက် ယှက်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

“တိလောက ကျောင်းမှာ ‘ကယ်ဆယ်ရေးစခန်း ဓါတ်ပုံမရိုက်ရ’ လို့ စာရေးထားတယ်။ ကျနော်တို့က သမ္မတကတောင် သတင်း လွတ်လပ်ခွင့် ရှိရမယ် ပြောထားတာ။ နောက်ပြီး ဒီကိစ္စမှာ ဘာများ ပြဿနာတွေ ရှိနေလို့လဲ ဆိုတော့ ဝန်ကြီးက ဓါတ်ပုံပေး မရိုက်နဲ့လို့ ပြောထားတယ်တဲ့။ ဘယ်ဝန်ကြီးလဲမေးတော့ မကွေးတိုင်း ဝန်ကြီးချုပ် ကတဲ့။ ဒါဖြင့် ကျနော်တို့ သတင်းယူဖို့ ဘယ် သူ့ပြောရမလဲ ဆိုတော့ မြို့နယ်မှူးကို ပြောတဲ့။ မြို့နယ်မှူးရုံးက ကျိုးနေ တဲ့ တံတားရဲ့ ဟိုဘက်ကမ်းမှာ၊ ပြီးတော့ မြို့နယ်မှူးက လူကြီးလမ်းကြောင်းနဲ့ ပါသွားတယ်တဲ့။ ဒုက္ခသည် ဦးရေပြောပါဆိုတော့ ဒုက္ခသည် မဟုတ်တာတွေကော အကုန်ရောနေလို့ စီစစ်ပြီးမှ ထုတ်ပြန်ဖို့ အထက်က မှာထားပါ တယ်တဲ့။ ဘယ်လိုပြောပြော မရလို့ လှည့်ပြန်ခဲ့ရတယ်။”ဟု သွားရောက် သတင်း ယူခဲ့သည့် ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။

မကြုံစဖူး ရေအလုံးအရင်း ထိုးဆင်းလာမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်ဟု အစိုးရ သတင်းစာတွင်ဖော်ပြထား သော် လည်း ဒေသခံများမှာမူ ပခုက္ကူမြို့ အထက် ၂၇ မိုင်ခန့်အကွာရှိ မြိုင်မြို့ အနီးတဝိုက်မှ ဆည်များ ဆည်ရေဖောက်ချခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေအလုံးအရင်းနှင့် စီးဆင်းလာသည်ဟု ယူဆနေသည်။

“ကျနော်တို့ ဒီမှာနေတာ တသက်ပဲ။ ဒီလိုတခါမှ မရှိဘူး။ ချောင်းရေကျလည်း ဒီလောက်မများဘူး။ ခုလိုလည်း အရှိန်နဲ့ မကျဘူး။ အခု ကျနော်တို့ ကြားတာ မြိုင်အနောက်ဘက် သက်ကယ်ကန်ကို လုပ်ထားတဲ့ဆည် သက်ကယ်ဆယ်ပေါ့။ အဲ့ဒီဆည်က ရေဖောက်ချတယ် ကြားတယ်။ တခြား ဆည် ၅ ခု၊ ၆ ခုလည်း အဲ့ဒီနားမှာ ရှိသေးတယ်။”ဟု ပခုက္ကူမြို့ခံ တဦးက ဆိုသည်။

အောက်တိုဘာလ ၂၂ ရက် တနင်္လာနေ့တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု ဝန်ကြီး များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများအဖွဲ့ ပခုက္ကူမြို့သို့ ရောက်ရှိလာခဲ့ပြီး ပခုက္ကူခရိုင်မှ ရေဘေးသင့်သူများ အတွက် ဒုတိယသမ္မတ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၁,၆၀၄ သိန်း အပါအဝင် ကျပ်သိန်း ၃,ဝဝဝ ကျော် လှူဒါန်းခဲ့ သည် ဟု အောက်တိုဘာ ၂၃ ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

ပခုက္ကူခရိုင်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ရေဘေးသင့် ပြည်သူများအတွက် လူမှုရေးအသင်း အဖွဲ့များနှင့် ပုဂ္ဂလိက ကဏ္ဍများအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်သွားရန် ပြင်ဆင်လျက်ရှိနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကူညီမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရေး အစာငတ်ခံ ဆန္ဒပြ

ဖနိဒါ
အောက်တိုဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ်

ထောင်ဒဏ် လျှော့ရက် ရရှိရေးအတွက် ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက ဗုဒ္ဓဟူးနေ့ မွန်း တည့်မှစ၍ အစာငတ်ခံ ဆန္ဒပြမှု စတင်နေပြီဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က ထုတ်ပြန် လိုက် သည်။

အဆောင် ၅ ဒုထောင်မှူး ဦးမြင့်မောင်မှ တဆင့် ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်အား နေ့လည်စာ ထမင်း မစားတော့ဘဲ အစာငတ်ခံ ဆန္ဒပြမှု စတင်ကြောင်း အကြောင်းကြားလိုက်ပြီး ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြ ထားသည်။


သာမန်အကျဉ်းသားများကို လျော့ရက် ခံစားခွင့်ပေးချိန်တွင် နိုင်ငံရေး အကျဉ်းသားများကို လျော့ရက် ခံစားခွင့် မပေးဟု ကွန်ယက် အဖွဲ့၏ တာဝန်ခံ ကိုအောင်ဇော်ထွန်းက ပြောသည်။

“သူတို့ရဲ့ တောင်းဆိုချက်ကို မရမချင်း အစာငတ်ခံ ဆန္ဒပြမယ် ဆိုတာကို ထုတ်ပြန်ထားတာ ဖြစ်တယ်။ သူတို့ ရည်ရွယ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ အကောင်အထည် ဖော်ပေး သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရှည်ကြာသွားမှာပါ” ဟု ကိုအောင်ဇော်ထွန်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ် ၃၄၇ တွင် “နိုင်ငံတော်သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်
အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။”ဟု ဖော်ပြ
ထားကြောင်း လည်း သူက ညွှန်းဆိုလိုက်သည်။

အကျဉ်းဦးစီး၏ ထောင်လက်စွဲအရလည်း သေဒဏ်ကျ အကျဉ်းသားများ၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်တသက် တကျွန်း ကျခံနေရသော အကျဉ်းသားများမှလွဲ၍ အကျဉ်းသားတိုင်း လျှော့ရက် ခံစားခွင့်ပေးရန် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လျှော့ရက်ခံစားခွင့် ပိတ်ပင်မှုကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ခဲ့ သည်။

Ref: မဇ္ဈိမ

Read More...

ရှမ်းမြောက်ဒေသ တိုက်ပွဲများ လုံးဝရပ်

ကိုဝိုင်း
အောက်တိုဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ်

SSA/SSPP ရှမ်းပြည်တပ်မတော် (မြောက်) တပ်ဖွဲ့များ ဖြန့်ကျက်ထားသည့် ဒေသများတွင် တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းနေသည်မှာ တလကျော်ပြီ ဖြစ်ကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလှ က ပြောသည်။

မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်းမြို့နယ်များတွင် အစိုးရတပ်နှင့် ရှမ်းပြည် နယ် (မြောက်ပိုင်း) တပ်များ ခြောက်လကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ရပ်ဆိုင်းနေခြင်း ဖြစ်သည်။

နောက်ဆုံးတိုက်ပွဲမှာ စက်တင်ဘာလ၂၂ ရက်နေ့က တောနင်းလာသည့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၆) တပ်ရင်း အင်အား (၅၀) ခန့်နှင့် ကျေးသီးမြို့နယ်နှင့် သီပေါမြို့နယ် အစပ်တွင် ဖြစ်သော (၁၅) မိနစ်ကြာ တိုက်ပွဲ ဖြစ်သည်။

တန့်ယန်းမြို့နယ် နမ့်လောင်းစခန်းနှင့် မိုင်းရယ်မြို့နယ် နောင်ချိုစခန်း အပါအဝင် စခန်း (၁၀) ခု လက်လွှတ်လိုက်ရ ပြီးနောက် ဝမ်ဟိုင်း ဗဟိုဌာနချုပ် တခုသာ အခြေစိုက် စခန်းအဖြစ် ကျန်တော့သည့် ရှမ်းမြောက် တပ်ဖွဲ့ဝင်များကို တောနင်းရှာဖွေ တိုက်ခိုက် မှုများ ရှိခဲ့သည်။

"သူတို့ ကချင်ဘက်သွားဖိနေတော့ ဒီဘက်ခဏလေး ငြိမ်သွားတဲ့ သဘောမျိုး ထင်တယ်။ ကျနော်တို့ ဌာနချုပ်ကို ချဉ်းကပ်ထား တဲ့တပ် တွေလည်း ရှိနေသေးတာပဲ" ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်များသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် နေရာတခုဖြစ်သော ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ (၄) ထိန်းချုပ်ရာ နယ်မြေကို စိုးမိုးနိုင်ပြီးပါက ရှမ်းမြောက် နယ်မြေကို ပြန်လည် ထိုးစစ်ဆင်နိုင်ကြောင်း ဗိုလ်မှူး စိုင်းလှက ခန့်မှန်း ထားသည်။

ရှမ်းမြောက်တပ်ဖွဲ့က နာယက အဖြစ် ဆက်လက် အသိအမှတ်ပြုထားသူ အသက် (၇၅) နှစ် အရွယ် ဗိုလ်ချုပ် ဆေထင်သည် နိုင်ငံတော်ပုန်ကန်မှုဖြင့် စစ်ထွေထောင်တွင် ၁၀၆ နှစ် ကျနေရာမှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အရ အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာသည်။

သတင်းဌာနများကို ဖြေကြားရန် အဆင်သင့် မဖြစ်သေးဟုဆိုသည့် ဗိုလ်ချုပ်ဆေထင်သည် ယခုအခါ မိသားစု နှင့်အတူ လားရှိုး မြို့တွင် နေထိုင်လျက်ရှိပြီး နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို ရောဂါများ ခံစားနေရသည်ဟု သမီးဖြစ်သူ နန်းခမ်း ဖောင်းက မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဒုတိယပင်လုံခေါ်ရေး ထောက်ခံ

ဇွဲခန့်
အောက်တိုဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ်

တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်နိုင်မည့် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ဆိုရေးအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီနှင့် ချင်းအမျိုးသား တပ်ဦး တို့က ထောက်ခံကြိုဆို လိုက်သည်။

“ဒီပင်လုံစာချုပ်အတိုင်း တကယ်သာ အကောင်အထည် ဖော်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဘာလို့လဲဆိုရင် ပင်လုံညီလာခံကတော့ အရင်တုန်းက တကယ့်ကို စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ဦးတည် ခဲ့တာဆိုတော့ ဒီဟာကတော့ တန်းတူညီမျှမှု အပေါ်မှာ၊ ဒီပြည်ထောင်တွေကို ပေါင်းစု ပြီးတော့ ပြည်ထောင်စု လုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့တာလို့ ကျနော်တို့ နားလည်တယ်။” ဟု ရခိုင်ပြည်လွတ်မြောက် ရေးပါတီမှ ပြောရေးဆို ခွင့်ရှိသူ ဦးခိုင်သူခက မဇ္စျိမကို ပြောသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကျရောက်ခဲ့သည့် ဇိုမီး အမျိုးသား ကွန်ဂရက် (ZNC) တည်ထောင်ခြင်း ၂၂ နှစ်ပြည့်တွင် “ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း” တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ပြန်ခေါ်ရန် တိုက်တွန်းခဲ့သည်။

ထိုအချိန်က ဒုတိယပင်လုံဟု ခေါ်ဆိုခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာခဲ့ချိန်တွင် “၂၁ ရာစု ပင်လုံ ညီလာခံ” ဟု ခေါ်တွင် လှုပ်ရှားလာခဲ့ကြပြီး လွှတ်တော်ပြင်ပမှ အဖွဲ့အစည်းများနှင့် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ယခုကဲ့သို့ ထောက်ခံလာခဲ့ကြသည်။

လက်ရှိတိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သတ်ပြီး “စစ်ပွဲနဲ့ပဲ ပြည်တွင်းရေးကို ဖြေရှင်း မယ်ဆိုရင် ဖြေရှင်းလို့ မရတာကတော့ သေချာနေပါပြီ၊ အခုက။ အစိုးရသစ်လည်း တက်လာတယ်။ အဲဒီစစ်ပွဲကို ဆက်ပြီး ဆင်နွဲတယ် ဆို ရင်တော့ ပြဿနာရှင်းလာတာ ဘာတခုမှ ကျနော်တို့ မမြင်ရဘူး။ ဒီထက် တနေ့တခြားပဲ ပြည်တွင်းစစ်မီးက အားကောင်းလာ သလိုမျိုး ဖြစ်နေတယ်။” ဟု ချင်းအမျိုးသား တပ်ဦးမှ အထွေထွေ အတွင်းရေးမှူး ပူးပေါလ်စီတာက ပြောသည်။

ပြည်တွင်းစစ်မီးကို ငြိမ်းအေးသွားနိုင်ရန်အတွက် ပင်လုံညီလာခံကဲ့သို့ တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်နိုင်သော တန်းတူညီမျှ သည့် ညီလာခံတခု လိုအပ်နေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

လွှတ်တော်တွင်းပါတီတခုဖြစ်သည့် ချင်းအမျိုးသားပါတီ (CNP) မှ “အဲဒါ လွယ်လွယ်နဲ့ ပြီးနိုင်တဲ့ ကိစ္စမဟုတ်ဘူး။” ဟု ဆိုသည်။

“ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း” တွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားကြရမည်” ဟု ဖော်ပြ ပါရှိ သည်။

အဆိုပါ ကြေငြာစာတမ်းတွင် NLDမှ ထိပ်တန်းခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ အပြင် လွှတ်တော်ပြင်ပ ပါတီများနှင့် ဝါရင့် နိုင်ငံရေးသမား (၁၁) ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

ကျူရှင်မယူသူ အဝေးသင်များ တက္ကသိုလ်စာမေးပွဲအောင်ရန် ခက်ခဲ

26 October 2011
နော်ဆဲကလယ်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ)တွင် အောက်တိုဘာလ ၂၇ရက်နေ့၌ စာမေးပွဲ ဖြေဆိုမည့် အဝေးသင်ကျောင်းသားများမှာ ဆရာများထံမှ ကျူရှင်မယူနိုင်ပါက စာမေးပွဲအောင်ရန် အခက်အခဲရှိသည်ဟု ကျောင်းသူကျောင်းသားများက ပြောဆိုနေကြ သည်။

ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ ကျောင်းသားတစ်ဦးက “အဝေးသင်တက်ရင် ကျူရှင်ယူရတယ်။ ယူတဲ့သူတွေကို ခုံနံပါတ်ပါ တောင်း တယ်။ ကျူရှင်တက်တဲ့သူတွေကို စာစစ်ရင် သေချာဂရုစိုက်ပေးတယ်။ အားလုံးအောင်အောင်ပေါ့။ တနှစ်လုံး ကျောင်း ကလည်း ၁၀ရက်ပဲ တက်ရတော့ ဘာမှန်းမသိပါဘူး။”ဟု ကေအိုင်စီကိုပြောသည်။


အချိန် ၇ရက်သာ ဖြေဆိုရသည့် ၎င်းအဝေးသင် စာမေးပွဲအတွက် ကျူရှင်များကို ပါမောက္ခများကိုယ်တိုင် သင်ကြားပေးနေပြီး ကျူရှင် မယူသည့် အဝေးသင် တက္ကသိုလ်ကျောင်းသူကျောင်းသား များကို ကောင်းကောင်းမွန်မွန် စာသင်ကြားပေးခြင်း မရှိသ ဖြင့် အဝေးသင်တက္ကသိုလ်လည်း မရှိသင့်တော့ကြောင်း အဆိုပါ အင်္ဂလိပ်စာ မေဂျာ ကျောင်းသားက ပြောသည်။

တက္ကသိုလ်များတွင်သာမက ပြင်ပသင်တန်းကျောင်းများ၌ တက် ရောက်သူများမှာလည်း သင်တန်းပြီးပါက ကျူရှင်တက်နေရ သေး ကြောင်းနှင့် ကျူရှင်တက်ပါက စာစဉ်(Assignment)ပေးပြီး ထို စာစဉ်မှတဆင့် ဂုဏ်ထူးထွက်နိုင်ရေး လုပ်ဆောင်ပေး ကြောင်း ကိုလည်း ကွန်ပြူတာသင်တန်းကျောင်း(KMD)မှ သင်တန်းသားတစ်ဦးက ပြောသည်။

ကျူရှင်ယူခြင်း မယူခြင်းကိစ္စနှင့် ပတ်သက်၍ ကျူရှင်သင်ကြားပို့ချနေသည့် ဆရာမတစ်ဦးထံသို့ ကေအိုင်စီမှ ဆက်သွယ်မေး မြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ မောက္ခပညာရေးမဂ္ဂဇင်းမှ အယ်ဒီတာ ဆရာဦးသိန်းနိုင်က မြန်မာပြည် ပညာရေး၏ အဂတိ လိုက်စားမှုများမှာ မျိုးဆက်များဆီ လက်ဆင့်ကမ်းလာသည့်အတွက် အရည်အသွေးများစွာ ကျဆင်းလာကြောင်း ယခုလို ဝေ ဖန်ပြောဆိုလိုက်သည်။

“လက်ရှိ မြန်မာ့ပညာရေးဟာ ပညာရဖို့ တော်တော်ခက်တဲ့ အခြေအနေပါ။ အာဏာပိုင်နဲ့ ဆရာ ဆရာမတွေကိုယ်တိုင်က ဖြစ် နေတော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီစနစ်ဆိုးကြီးကို တိုက်ထုတ်ဖို့လိုပါတယ်။ တက္ကသိုလ်ကျောင်းတွေတင်မက ပြင်ပမှာ လည်း အခကြေးငွေ ပေးနေရတယ်ဆိုတာ မလိုလားအပ်တဲ့ အဂတိအမွေပါ။ ကုရခက်ပါတယ်။ ကြိုးကြိုးစားစားနဲ့ ပညာရှာလို တဲ့စိတ်ကို ဖျက်ဆီးနေတယ်။”ဟု ပြောသည်။

၎င်းအပြင် ဂျပန်နိုင်ငံ Kyoto Notredame Woman University တွင် Social Welfare ဘာသာရပ် သင်ယူနေသူ မြန်မာ ကျောင်းသူ တစ်ဦးကလည်း “ကျမဆိုရင် မြန်မာပြည်မှာ သင်္ချာနဲ့ ကျောင်းပြီးခဲ့တာပါ။ ကျမတို့တုန်းကလည်း ကျူရှင်ယူခဲ့ရ တယ်။ ငွေသာကုန်ပြီး ဒီပညာနဲ့ ဘာမှအသုံးမချရပါဘူး။ အမြင်ပြောရရင် မြန်မာပြည် ပညာရေးကတော့ တက္ကသိုလ် မဟုတ် ဘူး။ မူကြိုကနေ စပြင်ရမှာပါ။”ဟု ပြောသည်။

ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့နယ်တွင် တည်ရှိသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကို ၁၉၉၀ခုနှစ်က စတင် ဖွင့်လှစ် တည်ထောင်ခဲ့ပြီး ၂၀၀၆ခုနှစ်စာရင်းအရ ကျောင်းသားကျောင်းသူပေါင်း ၁၁,၀၀၀ဦး တက်ရောက်ပညာသင်ကြားနေသည်။

ထို့အပြင် ပြီးခဲ့သည့် ၁၈၇၈ခုနှစ်က စတင် တည်ထောင်ခဲ့သည့် ရန်ကုန် ပင်မတက္ကသိုလ်သည် တချိန်က အရှေ့တောင်အာရှ တွင် နံပါတ်(၁) ထိပ်တန်းစာရင်းဝင် ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဘမော်၊ ဦးကျော်ငြိမ်း၊ ဦးဘရွှေ၊ ဦးသန့်နှင့် ဦးသိန်းဖေမြင့် တို့အား မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ် ဖြစ်သည်။

Ref: ကေအိုင်စီ

Read More...

ရန်ကုန်မြို့တွင် လယ်သမားများ ဆန္ဒပြ

မြတ်မိုး
October 27, 2011

ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာနအရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၃၀ ခန့်က လယ်သမား ၅၀ ခန့် သည် သိမ်းဆည်းခံထားရသည့် ၎င်းတို့လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရန် ဆန္ဒပြ တောင်းဆိုကြသည်။

“လျော်ကြေးမလို လယ်လုပ်ခွင့်သာလို”နှင့် “လယ်စိုက်ဧက မလျော့ပါးရေး လန ၃၉ အမိန့် ဖျက်သိမ်းပေး၊ လယ်ယာမြေပြန်လည် ခွဲဝေပေး” စသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လယ်သမားများက အိုးအိမ်ဦးစီးဌာနရှေ့တွင် ၁၅မိနစ်ခန့် ဆန္ဒပြခဲ့ ကြ သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ လယ်သမားများအရေး ကူညီပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောပြသည်။


ယင်း ဆန္ဒပြပွဲကို မြင်တွေ့ခဲ့သူ တဦးက“လုံထိန်းကားတွေ ရဲတွေရောက်လာပြီး မင်းတို့အခု လူစုခွဲပြီး ထွက်သွားကြ၊ နားမလည် ဘူးလား ဒါ တရားမ၀င်တဲ့ အလုပ်လို့ အော်ဟစ်ပြီး လူစုခွဲခိုင်းတယ်”ဟု ပြောသည်။

အာဏာပိုင်များက ဆန္ဒပြသူများကို မိနစ်ပိုင်းအတွင်း လူစုခွဲခိုင်းပြီး အိုးအိမ်ရုံးရှေ့တွင် လုံခြုံရေးအပြည့်ချထားကြောင်း သိရသည်။

“ဆန္ဒပြတဲ့ လူတွေနောက် မလှမ်းမကမ်းက လုံထိန်းကား ၅ စီး လိုက်နေတာတွေ့တယ်”ဟုလည်း မျက်မြင် ရန်ကုန်မြို့ခံတဦးက ဆို သည်။

ဆန္ဒပြသော လယ်သမားများသည် တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်မှ လယ်သမားများဖြစ်ပြီး ၎င်းတို့ လယ်မြေ များကို သိမ်းယူလိုက်ခံရ၍ လယ်လုပ်ခွင့်များ ဆုံးရုံးနေသောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ် မှ လယ်သမားတဦးက ပြောသည်။

“အကြောက်တရားရှိပေမယ့် ငတ်တာတော့ မခံနိုင်ဘူး၊ လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်”ဟု ၎င်းက ဆိုသည်။

တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံ ဆိပ်ကမ်း စသည့် မြို့နယ်များမှ လယ်သမား ၁၀၀၀ ကျော်၏ လယ်ဧက၂၀၀၀၀ နီးပါးကို ၂၀၀၉ ခုနှစ်မှ စ၍ အာဏာပိုင်များက သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောဆိုကြသည်။

Ref: ဧရာဝတီ

Read More...

ကဗျာဆရာလှသန်း (သို့မဟုတ်) ကဗျာ၏ ၀ိညာဉ်

ထက်ရာဇာ
October 27, 2011

ကျနော်သူ့ကို စသိတာက အင်းစိန် သီးသန့်အကျဉ်းထောင်မှာ။ ကျနော် အင်းစိန်ဗဟို အကျဉ်းထောင်ကနေ ပြစ်ဒဏ်နဲ့ သီးသန့် ထောင်ကို ရောက်တယ်။မှတ်မှတ်ရရ ၁၉၉၂ ခုနှစ်။ ကျနော့်ကို တိုက်ထဲထည့်ပြီး ၁၅ မိနစ်လောက်အကြာမှာ ပိန်ပိန် ရှည်ရှည် နှုတ်ခမ်းမွေးနဲ့ ထောင်ပုံစံ ၀တ်စုံအဖြူ ၀တ်ထားတဲ့ လူတယောက်က ကျနော့်တိုက်ခန်းရှေ့ သံတိုင်တွေရဲ့အပြင်မှာ လာထိုင်တယ်။

ပြီးတော့ မက်လောက်စရာမရှိတဲ့ အပြုံးတခုကိုပြုံးတယ်။ အဲဒီအချိန်က တိုက်ကို ရေချိုးချတဲ့ နာရီဝက် လမ်းလျောက်ချိန်ပါ။ ပြီးတော့ ကျနော့်ကို စနှုတ်ဆက်တယ်။

“မင်းက ၅/ ည လား။ ကိုယ်က လှသန်းပါ” တဲ့။ အဲဒါဟာ ကဗျာဆရာလှသန်းနဲ့ ကျနော် စတွေ့ကြတဲ့ နေ့လယ်ခင်းပဲ။


အဲဒီတုန်းက သီးသန့်ထောင် ၁ တိုက် အနောက်ခြမ်းမှာ ကျနော်ရောက်တဲ့အချိန် ကဗျာဆရာလှသန်း ရှိတယ်၊ သူ့အစ်ကို အရင်း ပန်းချီ မောင်နိုးရှိတယ်၊ ကဗျာဆရာ မောင်နေနွယ်ရှိတယ်၊ အခုလက်ရှိ ဧရာဝတီ မဂ္ဂဇင်းက အယ်ဒီတာ ကိုကျော်စွာမိုးရှိတယ်၊ လက်ရှိ DVB က ကိုမိုးအေးရှိတယ်။ ကျန်တဲ့သူ တော်တော်များများလည်း ရှိကြတယ်။ ပြီးတော့ ကိုလှသန်းက ကျနော့်ကို နွား ဆေးပေါ့လိပ် ၃ လိပ် ထုတ်ပေးတယ်။ “နောက်မှ အေးဆေး တွေ့မယ်ကွာ” တဲ့။ ဒါဟာ ကဗျာဆရာ လှသန်းရဲ့ ပထမဆုံး နွေးထွေးမှုဆိုရင်လည်း မမှားဘူး။

နောက်နေ့တွေမှာတော့ ကိုလှသန်းနဲ့ကျနော် ရေချိုးချတဲ့ နာရီဝက်မှာ ရေကိုအမြန်ချိုးပြီး တိုက်ရှေ့က မြေနီလမ်းမှာ ကဗျာ အကြောင်းတွေ၊ စာအကြောင်းတွေ ကျနော်က လှသန်းကို သိချင်တာတွေ မေးဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်က ကဗျာဆရာ ဖြစ်ချင်စိတ် အားသန်နေခဲ့ပြီ။

သူနဲ့ကျနော် သီးသန့်ထောင်မှာ ၂ နှစ်ခွဲလောက် အတူနေခဲ့ပြီး ကိုလှသန်း ထောင်ကလွတ်တဲ့နေ့ကို ရောက်တော့ ကျနော့်တိုက် ခန်း ၀ရှေ့မှာ လာထိုင်လို့ ကျနော့်ခေါင်းကို သံတိုင်တွေကြားထဲကနေ လက်နဲ့ပွတ်ပြီး “ညီလေး အပြင်မှာ ပြန်တွေ့ကြမယ်နော်” တဲ့။ သူ့မျက်လုံးမှာ မျက်ရည်စတွေနဲ့။ ကျနော့်မျက်လုံးမှာလည်း မျက်ရည်ကြည်တွေဝဲလို့။ ၂ နှစ်ခွဲလောက် အတူပေါင်းသင်း စကားပြောလိုက်ရတဲ့ သံယောဇဉ်က ၂ ဘ၀ခွဲစာ မကဘူး။

နောက် ကျနော်မှတ်မိသေးတယ်။ သူအမြဲတမ်း ၀တ်တတ်တဲ့ မီးခိုးရောင် ဆွယ်တာလေးကို “မင်းအတွက် ငါ့အမှတ်တရ” လို့ပြော ပြီး လက်ဆောင်ပေးခဲ့တယ်။ ဒါဟာ ကဗျာဆရာလှသန်းနဲ့ ကျနော်နဲ့ ပထမဆုံး တွေ့ဆုံခြင်းပေါ့လေ။

အဲဒီလိုနဲ့ ကျနော်ထောင်ကလွတ်ပြီး ဘ၀မျိုးစုံကို ကျင်လည်ခဲ့တယ်။ နောက်ဆုံးတော့ ကျနော် မထင်မှတ်ဘဲ စာနယ်ဇင်း သမား တယောက် ဖြစ်ခဲ့တယ်။ နောက် ဖက်ရှင် မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်အထိ ကိုလှသန်းနဲ့ မဆုံဖြစ် သေးဘူး။ ဒါပေမယ့် သူက ဟန်သစ်မဂ္ဂဇင်းရဲ့ စာမျက်နှာတွေကနေစပြီး လှသန်းဆိုတဲ့ ထင်ရှားတဲ့ ကဗျာဆရာ တယောက် ဖြစ် နေပြီ။

သူက အဲဒီတုန်းက မလေးရှားကို ရောက်နေတယ်။ သူ မလေးရှားကနေ ရေးပြီးပို့လိုက်တဲ့ ကဗျာတပုဒ်ကို ဖတ်ရတယ်။ ကဗျာ ခေါင်းစဉ်က ရေသူမနဲ့ ညစာစားခြင်းတဲ့။ ဟန်သစ်မှာပဲ ထင်တယ် သိပ်မမှတ်မိတော့ဘူး။ ကျနော်သူ့ကို ဘယ်လိုမှ မတွေ့နိုင် တော့ ဘူးလို့လည်း ထင်မိတယ်။

တရက်တော့ ကဗျာဆရာ ငြိမ်းစေမင်းနဲ့ ကျနော် ကန်တော်လေးက အရက်ဆိုင်တခုမှာ ထိုင်သောက်နေတုန်း နောက်ကနေ ကျနော့်ခေါင်းကို ပိတ်ရိုက်လိုက်ပြီး “ခွေးလေး” ဆိုတဲ့အသံကို ကြားလိုက်ရလို့ လှည့်ကြည့်လိုက်တော့ ကဗျာဆရာ လှသန်း …။

သူနဲ့ကျနော် ဘာစကားမှာမပြောဘဲ တယောက်နဲ့တယောက် အကြာကြီး ဖက်ထားမိတယ်။ ဘေးမှာ ကဗျာဆရာ အောင်ဘညို လည်း ရှိတယ်။ ပြီးတော့ ကျနော်တို့ ၂ ယောက် ဘာစကားမှ မပြောဘဲ ငိုဖြစ်ခဲ့ကြတယ်။ အဲဒီနောက်တော့ ၃၃ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ညနေတိုင်း ထိုင်ဖြစ်ခဲ့ကြတယ်။ ညိုညိုတေးသံသွင်း ဆိုင်ရှေ့က လမ်းဘေး လက်ဖက်ရည်ဆိုင်လေး ပါ။ ကျနော် နယ်စပ်မထွက်ခင် အထိပဲ။

အဲဒီတုန်းက ကျနော်ရယ်၊ ကိုလှသန်းရယ်၊ ကဗျာဆရာ သစ်ကောင်းအိမ်၊ လူအိမ်၊ ကြည်ဇော်အေး၊ ဟိန်းမြတ်ဇော်၊ စာရေးဆရာ ကိုအောင်ခက် (ကွယ်လွန်)၊ စာရေးဆရာမင်းနွယ်စိုး၊ ပန်းချီမောင်နိုး၊ ပန်းချီကိုကိုနိုင်၊ ပန်းချီသိန်းသိန်း၊ စိုးကိုအောင် (ကန့်ဘလူ) (ကွယ်လွန်)၊ ကာတွန်းဖေစိုးအောင်တို့ပါတယ်။ ကျနော်တို့ အုပ်စုကို လူတိုင်းက ချီးကျူးရတဲ့အထိ ညနေတိုင်း တွဲခဲ့ကြတယ်။ ညနေတိုင်း တယောက်မရောက်လာရင် လည်တဆန့်ဆန့် မျှော်ခဲ့တဲ့အထိ ကျနော်တို့ သံယောဇဉ်တွေ မြဲခဲ့ ကြတယ်။

ညနေ ၆ နာရီလောက်ဆိုရင်တော့ ကိုယ် ရသမျှ စာမူခနဲ့ စုပေါင်းစပ်ပေါင်း ရီဝေေ၀ ညနေတွေကို ဖြတ်သန်းခဲ့ကြတယ်။ကျနော်က မူးပြီဆိုရင် အိမ်မပြန်ဖြစ်ဘဲ ကိုလှသန်းရဲ့ ဒဂုံမြောက်အိမ်ကို လိုက်အိပ်ဖြစ်တာ များတယ်။ မနက်ဆိုရင် ဒဂုံမြောက် ဈေးနားက ဖြူနီညိုပြာ ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ကိုလှသန်းနဲ့ကျနော် လက်ဖက်ရည်ကျဆိမ့် တယောက်တခွက်နဲ့ အနာဂတ်တွေကို မစားရ၀မခမ်း ပြောခဲ့ဖူးတယ်။ ကိုလှသန်းနဲ့ ကျနော်နဲ့က တခန်းထဲမှာ အတူအိပ်တာ။ ကိုလှသန်းအမေဟာ ကျနော်တို့ရဲ့ အမေပဲ။ သူက သူ့သား ကဗျာဆရာရဲ့ သူငယ်ချင်းတွေကို သူ့သားလိုပဲ ဆက်ဆံခဲ့တယ်။ ကျနော်က အဲဒီအချိန်မှာ ကဗျာဆရာ ဒီလက်မျိုး ဖြစ်နေပြီ။ ကိုလှသန်းက ကျနော့်ကို စကားတခွန်း ပြောဖူးတယ်။

“မင်းကို ငါက စာနယ်ဇင်းသမား၊ အယ်ဒီတာပဲဆိုရင် မဆက်ဆံဘူး။ မင်းက ထောင်ထွက်၊ ပြီးတော့ ကဗျာဆရာ ဖြစ်နေလို့” တဲ့

ကျနော်အကြောင်းအမျိုးမျိုးနဲ့ နယ်စပ်ကိုထွက်လာပြီး DVB မှာ သတင်းထောက် လုပ်နေတဲ့အချိန် ၂၀၀၇ ရွှေဝါရောင် တော်လှန် ရေးမှာ ကဗျာဆရာများ သမဂ္ဂရဲ့ ဖုန်းကိုဆက်ပါဆိုလို့ ဆက်လိုက်တော့ ပြောခွင့်ရ ပုဂ္ဂိုလ်က အသံကြားရတာနဲ့ ကျနော်မှတ်မိတဲ့ ကိုလှသန်း။ ရဲရဲတောက် ကဗျာဆရာက ရဲရဲတောက် စကားတွေ သတင်းပို့တယ်။ ဒါဟာ လှသန်း ဖြစ်ခဲ့တယ်။ ဒါဟာ လှသန်း အစစ်ပဲ။

လှသန်းဟာ အားမနာတတ်ဘူး၊ လှသန်းဟာ မတွေဝေဘူး၊ လှသန်းဟာ ခေတ်ကိုမြင်တယ်၊ လှသန်းဟာ ဘယ်သူ့ကိုမှ မကြောက် ဘူး၊ လှသန်းအကြောင်း ပြောမယ်ဆို သိပ်ရှည်လိမ့်မယ်။ ဒါပေမယ့် ကျနော်သိပ်ချစ်ခဲ့ရတဲ့ ကဗျာဆရာ လှသန်းဟာ အခုတော့ ကျနော်တို့ ဘ၀ထဲကနေ ထွက်သွားခဲ့ပါပြီ။ ဒါပေမယ့် သူဟာ ကျနော်တို့ နှလုံးသားထဲမှာ ထာဝရ ရှိနေမယ့် ကဗျာဆရာ တ ယောက် ပါ။

သူဟာ ကဗျာရဲ့ ၀ိညာဉ်ပါပဲ။ ဒီအတွက် လှသန်းဟာ ကဗျာဆရာတွေကို သူ့ဝိညာဉ်နဲ့ ဆက်ပြီး ရှင်သန်စေပါလိမ့်မယ်။ကိုလှသန်း ကောင်းရာသုဂတိ လားပါစေ။

အစ်ကို

အစ်ကို့ကို ဒီစာမူနဲ့ ကန်တော့ပါတယ် အစ်ကို။ အစ်ကိုနဲ့ ကျနော်နဲ့ နေခဲ့တဲ့ရက်တွေကို ကျနော် ဘယ်တော့မှ မမေ့ပါဘူး။ အစ်ကို ကောင်းရာသုဂတိ လားပါစေ။

အစ်ကို ဖြစ်စေချင်ခဲ့တဲ့
ဒီလက်မျိုး

ကဗျာဆရာ လှသန်း (ကြည်မောင်သန်း) သည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။ အောက်တိုဘာ ၂၂ ရက်နေ့ အသက် ၄၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးသည် မချော ကျန်ရစ်ခဲ့သည်။ အောက်တိုဘာ ၂၄ ရက်နေ့က ရေဝေးသုသာန်တွင် ကျန်ရစ်သည့် ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကဗျာဆရာ များနှင့် ၎င်းကိုရင်းနှီးသော မိတ်ဆွေသင်္ဂဟများ လိုက်ပါပို့ဆောင်ခဲ့သည်။

Ref: ဧရာဝတီ

Read More...

မြန်မာ ရေဘေး ဒုက္ခသည်များကို ထိုင်း လ၀က ငွေညှစ်

သန်းထိုက်ဦး
October 27, 2011

ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် ဘန်ကောက်မြို့မှ ရာနှင့်ချီသည့် နေရပ်ပြန် မြန်မာ အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လ၀က) နှင့် ထိုင်းအာဏာပိုင်များက လမ်းခရီးနှင့်မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး၍ငွေကြေးကောက်ခံနေကြ သည်။

မြန်မာ အလုပ်သမား ၃၀၀၀ ခန့်ရှိ အပြည့်အကြပ်တင်ထားသော ဘတ်စ်ကား ၁၃ စီးနှင့် မီနီဗင်၂ စင်းတို့ကို အောက်တိုဘာ ၂၅ ရက်နေ့က ၁ နာရီ မှ ၄ နာရီအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့တဖက်ကမ်းသို့ ထိုင်းအာဏာပိုင်များက ပို့ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း ကနေဒါ နိုင်ငံသား စိုင်းစိုးဝင်းလတ်က ပြောပြသည်။


ယင်း ကားများပေါ်တွင် ကလေးငယ်များ နှင့် ဖျားနာနေသူများလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဲဒီ အမျိုးသမီးတဦးက လမ်းဆိုတာ လျှောက်နိုင်ရုံလေးပါ၊ သူတို့ကို တိရစ္တာန်တွေ တင်တဲ့ ကားမျိုးထဲမှာ ပြည့်ကြပ်နေ အောင် ထည့် တင်သွားတာက လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါ၊ ဂိတ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအရာရှိတွေကလည်း သူတို့ကို ဖယ်ရီ ပေါ်ကို နွားတွေလို မောင်းတင်နေတယ်”ဟု စိုင်းစိုးဝင်းလတ်က ဆက်ပြောသည်။

အဖမ်းခံရသည့် မြန်မာ အလုပ်သမား အများစုသည် ထိုင်းတွင် တရားဝင်နေထိုင် လုပ်ကိုင်ခွင့်လက်မှတ် ရရှိရန် မှတ်ပုံတင် ထားသူများ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ဆိုသည်။

ထို မှတ်ပုံတင်ထားသူများတွင် သတ်မှတ်ထားသော အလုပ်နှင့် နယ်မြေကန့်သတ်ထားခြင်း ခံရသူများ ပါဝင်ကြောင်း သိရ သည်။

ထိုင်းအာဏာပိုင်များက ယင်းအလုပ်သမားများကိုဖမ်းဆီးရခြင်းမှာ ရေဘေးကြောင့်ထွက်ပြေးလာသော်လည်း နယ်ကျော်သော ကြောင့်ဖြစ်သည်ဟု အကြောင်း ပြခဲ့သည်။

သို့သော်လည်း အဖမ်းခံရသူများသည် ထိုင်း ဘတ်ငွေ ၂၈၀၀ ခန့် ပေးဆောင်ပါက ပြန်လည်လွှတ်ပေးကြောင်း မကြာသေးခင် ရက် ပိုင်းက မဲဆောက်တွင် အဖမ်းခံရပြီး ပြန်လွတ်လာသူ တဦးက ပြောသည်။

“ကျနော်က ထိုင်း လ၀က ကို ပိုက်ဆံ ၂၈၀၀ ပေးပြီး ပြန်လွတ်လာတာ၊ အခု ဘယ်သွားသွား သွားလို့ရတယ်”ဟု ၎င်းက ဆို သည်။

ထိုသို့ ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ က မဲဆောက် လ၀က ဌာနကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေ
ကြားခြင်း မရှိချေ။

မြ၀တီမြို့သို့ ပြန်ပို့ခံရသည့် တခြားသော အလုပ်သမား တဦးကလည်း“DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)ဂိတ်ကို ဘတ် ၂၅၀၀ ပေးလိုက်ရတယ်”ဟု ပြောပြသည်။

ယခုလလယ်ပိုင်းကလည်း ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာအလုပ်သမားများကို မြ၀တီမြို့တွင် DKBA နှင့် လူပွဲစားများ ပူးပေါင်း၍ အဓမ္မ ငွေတောင်းခံမှု ပြုလုပ်ခဲ့သည်။

လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(HRDF)မှ ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က အလုပ်သမားများအပေါ် ယင်းသို့ပြု လုပ်နေမှုများနှင့် ပတ်သက်၍ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ၂ နိုင်ငံ အစိုးရက အလျင်အမြန် အရေးယူဆောင်ရွက်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒုက္ခရောက်လာသူတွေဆီကနေ အကျိုးအမြတ်ယူနေတဲ့ အရာရှိတွေရဲ့လုပ်ရပ်က ဆိုးဝါးလွန်းတယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ပထုံဌာနီ ဒေသ လိုင်ခိုင် ဘုန်းကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ထိုင်း ဒု ၀န်ကြီး ချုပ်နှင့် အလုပ်သမား ၀န်ကြီးတို့ကို တွေ့ဆုံခဲ့ပြီး အလုပ်သမားအရေး ဆွေးနွေးခဲ့ကြောင်း အန်ဒီ ဟောလ်က ဆက်ပြောသည်။

“မြန်မာသံရုံးနဲ့ လက်တွဲပြီး ပြဿနာတွေကို ဖြေရှင်းဖို့ပြောတော့ သူတို့က ဆောင်ရွက်နေပြီလို့ ပြောပါတယ်”ဟု ၎င်းက ရှင်းပြ သည်။

ထိုင်းရှေ့နေ စူလဖောင်ကလည်း“ဘန်ကောက်မှာ ရေကြီးလို့ ဒုက္ခရောက်ပြီး ပြန်လာတဲ့ လူတွေကို ကူညီသင့်တယ်၊ ထပ်ပြီး ဒုက္ခ ထပ်ရောက်အောင် မလုပ်သင့်ဘူး”ဟု ပြောသည်။

စူလဖောင် သည် ထိုင်းလွှတ်တော်၏ နိုင်ငံမဲ့များဆိုင်ရာ ဥပဒေပြဌာန်းရေး ဆပ်ကော်မတီဝင် လွှတ်တော် အမတ် တဦးဖြစ် သည်။

ထိုင်း ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ် လူ ထောင်နှင့်ချီ၍ နေရပ်သို့ ပြန်နေခဲ့ကြသည်။

ထိုင်းတွင်ရောက်ရှိနေကြသည့် မြန်မာ အလုပ်သမားများက နေရပ် ဒေသအသီးသီးသို့ ပြန်လျှင် မြ၀တီနယ်စပ် လမ်းကို အများ ဆုံး အသုံးပြုကြခြင်းမှာ မြ၀တီ-ရန်ကုန် ခရီး အကွာအဝေး၂၆၅ မိုင်ကို ကားဖြင့် ၁၄ နာရီခန့်သာ သွားရခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား၂ သန်းမှ ၄ သန်းကြားရှိကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများက ပြောဆိုကြသည်။

Ref: ဧရာဝတီ

Read More...

ပြောင်းလဲမှု မလုံလောက်ဟု ပြည်ပရောက် အတိုက်အခံ ပြောဆို

October 26, 2011

အာဆီယံဥက္ကဋ္ဌ တာဝန် မြန်မာပြည် လက်ခံမရယူမီ မြန်မာအစိုးရ အနေဖြင့် ပြုလုပ်ရမည့် ပြုပြင် ပြောင်းလဲမှုများ လုံလောက် ခြင်း မရှိသေးကြောင်းပြည်ပရောက် မြန်မာအတိုက်အခံများက ပြောသည်။

အာဆီယံအသင်းတွင် ၂၀၀၆ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန် ယူရမည့် အခွင့်အရေးကို မြန်မာနိုင်ငံက စွန့်လွှတ်ခဲ့ပြီးနောက် လာမည့် ၂၀၁၄ နှစ်တွင် ထပ်မံရရှိမည့် အလှည့်ကျ ဥက္ကဋ္ဌရာထူး အတွက် မြန်မာအစိုးရက ကြိုးပမ်းလျက်ရှိသည်။

နိုဝင်ဘာ ၁၇ အာဆီယံညီလာခံ မတိုင်မီ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှား၏ နိုင်ငံခြားဝန်ကြီးက မြန်မာနိုင်ငံသို့ သွားရောက်ပြီး မြန်မာပြည်နှင့် အလှည့်ကျ ဥက္ကဋ္ဌရာထူး ကိစ္စကို ဆွေးနွေးမည်ဟု သိရသည်။


မြန်မာအစိုးရက ပြုလုပ်ရမည့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စတွင် အောက်တိုဘာ ၁၃ ရက်နေ့ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာချက်အရ ပြန်လည် လွတ်မြောက်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၂၃၇ ဦးသာ ပါဝင်သည်ဟု ထိုင်း အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထောက်ပြထားသည်။

“ဆက်ပြီး ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၇၀၀ ထက်မနည်း ကျန်နေပါသေးတယ်” ဟု ထိုင်းအခြေစိုက် အတိုက် အခံတဦးဖြစ်သူ ကိုစိုးအောင်က ယနေ့ နံနက်က ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းတွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောလိုက်သည်။

ဆက်လက် အကျဉ်းကျနေသူများထဲတွင် ယခင် ၀န်ကြီးချုပ်တာဝန် ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၊ ၈၈မျိုးဆက် ကျောင်း သား ခေါင်းဆောင်များ ပါဝင်သည်။

ထို့ပြင် ၂၀၀၇ သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရလည်း ပါဝင်သည်။ AAPP အသင်း တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည် ၏ အဆိုအရ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် သံဃာ ၉၁ ပါး ဆက်လက် အထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု သိရသည်။

“ဒီသံဃာတွေဟာ ထောင်ထဲမှာလည်း ရှိနိုင်သလို တိုင်းရင်းသားဒေသ ရှေ့တန်း စစ်မြေမြင်မှာ ပေါ်တာ အထမ်းသမားအဖြစ် အခိုင်း ခံနေရတာလည်း ဖြစ်နိုင်တယ်၊ ကျနော်တို့ အတိအကျ မသိနိုင်ဘူး” ဟု ကိုဘိုကြည်က ပြောသည်။

အာဆီယံဥက္ကဋ္ဌ တာဝန် ယူလိုပါက နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမည်ဟု ၎င်းတို့က ဆိုသည်။

စက်တင်ဘာတွင် မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းများ ဆိုင်းငံ့ခြင်း နှင့် လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ အောက်တို ဘာတွင် နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော် လွှတ်ပေးခြင်း စသည့် ဖြစ်ရပ်များလည်း ပေါ်ပေါက်ခဲ့သည်။ နိုဝင်ဘာ ၁၇ အာဆီယံညီလာခံ မတိုင်မီ နိုင်ငံရေး အကျဉ်းသားတချို့ ထပ်မံ လွတ်မြောက်လာဖွယ်ရှိသည် ဟူသော ကောလာဟလများ လည်း ထွက်နေသည်။

ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားသည် ဆိုသော်လည်း ထိုဒေသအခြေစိုက် KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော် နှင့် အစိုးရတပ်များ၏ တိုက်ပွဲများက ရပ်ဆိုင်းသွားခြင်း မရှိသေးပေ။ KIA နှင့် အစိုးရသည် ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲရေး သဘော တူခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လတွင် ထိုသဘောတူညီချက် ပျက်ပြားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌ တာဝန် ပေးသင့်မသင့် စဉ်းစားရာတွင် အနောက်နိုင်ငံတို့က မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဒဏ်ခတ် ပိတ်ဆို့မှု ရုပ်သိမ်းသင့်မသင့် စဉ်းစားဆုံးဖြတ်စဉ်က အသုံးပြုခဲ့သည့် စည်းကမ်း သတ်မှတ်ချက်များ အတိုင်း ကျင့်သုံး သင့်သည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားသူများက ပြောဆိုနေကြသည်။

ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရန် အချိန် မတန်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု Wall Street Journal တွင် အောက်တိုဘာ ၂၅ ရက်နေ့က ရေးသားထားသည်။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့မှု ရုပ်သိမ်းရေး စဉ်းစားရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်မည်ဟု သိရသည်။

မြန်မာပြည် ပြုပြင် ပြောင်းလဲရေးအတွက် ကာလကြာရှည်စွာ တောင်းဆိုလျက်ရှိသည့် ထိုင်းနိုင်ငံရေးသမား Mr. Kraisak Choonhavan က ထိုင်းနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူများ ယခင်ကထက် ပိုပြီး တက်တက် ကြွကြွ လုပ်ဆောင်ရန် လိုအပ် သည်ဟု တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုတချို့ကို သတိဖြင့် ကြိုဆို တုံ့ပြန် ရမည်ဟု သူက ပြောသည်။

ပြည်ပရောက် မြန်မာအတိုက်အခံတို့ကလည်း မြန်မာအစိုးရ၏ အကျဉ်းသား လွှတ်ပေးပြီး နိုင်ငံတကာ ဖိအား လျော့ကျရေး ဆောင် ရွက်နေခြင်းနှင့်ပတ်သက်ပြီး သံသယ၀င်နေကြသည်။ မြန်မာအစိုးရက အာဆီယံဥက္ကဋ္ဌရာထူးကို ၂၀၁၄ ခုနှစ်တွင် ထမ်း ဆောင်လိုကြောင်း အဘယ့်ကြောင့် အသည်းအသန် ကြိုးပမ်းနေရသနည်းဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ မခင်ဥမ္မာက မေးခွန်းထုတ်လိုက်သည်။

“အလှည့်ကျဥက္ကဋ္ဌရာထူးက ၂၀၁၆ ခုနှစ်မှာ ရောက်လာမှာပဲ။ ပြီးတော့ ၂၀၁၅ မှာလည်း ရွေးကောက်ပွဲ လုပ်ရဦးမယ်။ ဘာ ကြောင့် အလျင်စလိုဖြစ်နေရတာလဲ။ ရွေးကောက်ပွဲ လွတ်လပ်သလား တရားမျှတသလား ဆိုတာကို အရင်ဆုံး စောင့်မကြည့် တော့ဘူးလား” ဟု မခင်ဥမ္မာက ပြောသည်။

Ref: ဧရာဝတီ

Read More...

အရှင်ဂမ္ဘီရ ကျန်းမာရေး စောင့်ရှောက်မှုရရန် လိုအပ်နေ

စိုင်းဇွမ်ဆိုင်း
October 26, 2011

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ဦးဆောင်ပါဝင်ခဲ့သည့် အတွက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်၌ ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသောအရှင်ဂမ္ဘီရ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဦးဂမ္ဘီရ၏ မိခင် ဒေါ်ရေး၏ ပြောဆိုမှုအရ လက်ရှိထောင်တွင်းကျန်းမာရေး အခြေအနေမှာ ဆောင်းရာသီအစ အအေးဒဏ်ကြောင့် ဆိုးရွားနေခြင်းကြောင့် ဖြစ်သည်ဟု ကြားသိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု အဖွဲ့ဝင် ဦးနန္ဒမာလာကလည်း ဆိုသည်။

“စစ်ကြောရေးတုန်းက ခေါင်းနဲ့ ကျောမှာ အရိုက်ခံရတယ်လေ။ အဲဒီတုန်းက ဆေးကောင်းကောင်း မကုရဘူး။ အဲဒီဒဏ်တွေက အခုပြန်ပေါ်တာ” ဟု ဦးနန္ဒမာလာက ပြောသည်။


အရှင် ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် နိုဝင် ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်နှင့်အတူ မန္တလေးတိုင်း စဥ့်ကူမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရပြီး နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အသင်းနှင့် ဆက်သွယ်မှုအပါအ၀င် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ – မြန်မာနိုင်ငံ (AAPP) ၏ စာရင်းများအရ မြန်မာ နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများ အသီးသီးတွင် သံဃာနှင့် သီလရင် ၂၀၀ ခန့် ရှိကြောင်း သိရသည်။

ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း ဆရာတော် ဦးဂမ္ဘီရ၏ လက်ရှိဖြစ်ပေါ်နေသည့် ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ လူသားချင်း စာနာသည့် အနေဖြင့် ချက်ချင်းလွှတ်ပေးရန်နှင့် နိုင်ငံတကာ ကြက် ခြေနီ အဖွဲ့များနှင့် တွေဆုံခွင့်ပေးစေလိုကြောင်း အိတ်ဖွင့်စာတစောင်ကို ယမန်နေ့က သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့လိုက် သည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာ အခါတော်နေ့)တွင် သမ္မတဦးသိန်းစိန်က အကျဉ်းသား ၆၃၉၅ ဦးကို လွတ်ငြိမ်း ချမ်း သာခွင့်ပေးခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကနေသည့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာပါဝင်ခဲ့သည်။

ယနေ့တွင်လည်း အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ဦးစန္ဒိမာ၊ ဦးဝိသုဒ္ဓိ အပါ အ၀င် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက လျှော့ရက်ခံစားခွင့် မရှိသော သီးသန့်နှင့် သာမန်သီးသန့် အကျဉ်းသားများအား လျှော့ ရက် ခံစားခွင့် ပေးရေးအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြကြောင်း ပြည်တွင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုး ဆောင် ကွန်ယက်၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လူမှုရေးလုပ်ငန်းဖြစ်သည့် သွေးလှူအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည့်အတွက် အင်းစိန် ထောင်တွင် အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာလည်း ကျန်မာရေးဆိုးရွားနေကြောင်း အမှုကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ဦးလှမျိုးမြင့်က ဧရာဝတီသို့ပြောသည်။

ဗိုလ်ကြီးနေမျိုးဇင်၏ အမှုကို ရန်ကုန်တိုင်း တရားရုံးတွင် အယူခံဝင်ထားကြောင်း၊ ယခုအခါ အဆိုပါ အမှုတွဲကို တောင်းယူပြီး နေပြည်တော်ရှိ တရားရုံးချုပ်က ပြန်လည် စိစစ်နေကြောင်းလည်း သိရသည်။

သတင်းထောက် ရန်ပိုင် ပူးပေါင်းရေးသားသည်။

Ref: ဧရာဝတီ

Read More...

ယုဇန ဆီအုန်းအလုပ်သမားအရေး ဘယ်သူဖြေရှင်းပေးမလဲ

ရန်ပိုင်
October 26, 2011

တနင်္သာရီတိုင်း ကော့သောင်းခရိုင်ရှိ ယုဇန ဆီအုန်း ကုမ္ပဏီမှ စိုက်ပျိုးရေး အလုပ်သမားများမှာ လုပ်ခလစာ ပုံမှန်မရသည့်အပြင် စာချုပ်ပါ အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက် လုပ်ငန်းကို စွန့်ခွာနေကြောင်း သတင်းရရှိသည်။

“စာချုပ်ပါအချက်တွေအရ ကော့သောင်းရုံးခွဲကို တိုင်ပေမယ့် မရတော့ အလုပ်သမား ၃၅၀ လောက် အလုပ်ခွင်က ထွက်တယ်၊
ဒါပေမယ့် သူတို့ရမယ့် လစာငွေကိုတော့ မပေးဘူး”ဟု ယုဇန ဆီအုန်းကုမ္ပဏီ၏ စိုက်ပျိုးရေးလုပ်သား ကိုမောင်မောင်စိုးက ပြော သည်။

ကျန်ရှိသည့် လစာငွေများကို ရှင်းလင်းပေးခြင်းမရှိသည့်အတွက် နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေသည့် အလုပ်သမား အများ အပြား ရှိနေကြောင်း အလုပ်သမားတဦးဖြစ်သည့် ဦးအောင်မြင့် ကလည်း ပြောဆိုသည်။


ရန်ကုန်မြို့ရှိ ယုဇနကုမ္ပဏီရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အ၀ပေးထားပြီး လုပ်အားခကိုလည်း ဖြတ်တောက်ခြင်း မရှိကြောင်း၊ လုပ်ခလစာ အပြည်အ၀မရသည့် အလုပ်သမား များ အနေဖြင့် တိတိကျကျ တိုင်ကြားမှသာလျှင် သေချာစုံစမ်း၍ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့စွပ်စွဲမှုများကြောင့် ကုမ္ပဏီ အနေ ဖြင့် နစ်နာကြောင်း တာဝန်ခံ ဒေါ်အေးမြတ်မွန်က ပြောဆိုသည်။

ယုဇနကုမ္ပဏီက စိုက်ပျိုးရေးခြံ လုပ်သားများခေါ်ယူ စာချုပ်ချုပ်စဉ် တနေ့လျှင် လုပ်အားခ ကျပ်၂၀၀၀ နှုန်းဖြင့် ၁၅ ရက် တကြိမ် လစာရှင်းမည်ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း အပြည့်အ၀ပေးမည်ဖြစ်ပြီး အလုပ်သမားများ၏ သား သမီးများ ပညာရေးနှင့် ပတ်သက်၍ အဆင်ပြေချောမွေ့စေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သို့သော် ဆီအုန်းခြံများမှာ ကော့သောင်းမြို့နှင့် ၁၄ မိုင်ခန့်ဝေးကွာပြီး ကျန်းမာရေးနှင့်ပတ်သက်၍ တစုံတရာဖြစ်ပေါ်လာပါက ဆေး ရုံသို့ သွားရောက်ရန် စီစဉ်ပေးခြင်းများ မရှိကြောင်း၊ ကလေးများမှာလည်း စာသင်ကျောင်းနှင့် ဝေးလံသည့်အတွက် သွား ရောက်နိုင်ခြင်း မရှိကြောင်း အလုပ်သမားများက ပြောပြသည်။

ထိုသို့ လုပ်အားခ ပုံမှန်မပေးခြင်း၊ ကျန်းမာရေးခံစားခွင့် လုံလောက်စွာ မပေးခြင်းတို့ကြောင့် ဆီအုန်းခြံ အလုပ်သမားများ ထွက် ပြေး မှု ဆက်တိုက်ဖြစ်ပေါ် နေသည်ဟုလည်း သိရှိရသည်။

ယုဇနကုမ္ပဏီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးမြင့်ပိုင် ကုမ္ပဏီဖြစ်ပြီး ကော့သောင်းမြို့နယ်အတွင်း ဆီအုန်းခြံ ၄၈ ခြံ ပိုင်ဆိုင်၍ အလုပ်သမားဦးရေ ၃၀၀၀ နီးပါးခန့် အလုပ် လုပ်နေသည်။

Ref: ဧရာဝတီ

Read More...

လယ်သမားအဖွဲ့ ဖွဲ့ပြီ

ခင်ဦးသာ
October 26, 2011

မြန်မာနိုင်ငံအတွင်းရှိ လယ်သမား၊ စိုက်ပျိုးရေး အလုပ်သမားတို့၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ပေးနိုင်ရေးအတွက် အဖွဲ့အစည်းတခုကို မကြာသေးခင်က ဖွဲ့စည်းလိုက်ပြီး တရားဝင်ရပ်တည်ခွင့်ရရေးအတွက် စောင့်ဆိုင်းနေကြောင်း သိရသည်။

ထိုအဖွဲ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM) ဟု အမည်ပေးထားပြီး တရားဝင် မှတ်ပုံတင်ခွင့် ရရှိရန် လျှောက်ထားလွှာကို အလုပ်သမားဝန်ကြီးထံ အင်္ဂါနေ့က တင်ပြထားကြောင်း အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ဧရာဝတီကို ပြောသည်။


“မှတ်ပုံတင်အရာရှိချုပ် ဆိုတာ တရားဝင် ခန့်အပ်ထားတာ မရှိသေးလို့ ၀န်ကြီးဆီကတဆင့် တင်ထားတာပါ၊ သမ္မတက အတည်ပြု ပေးထားတဲ့ ဥပဒေအတိုင်း လုပ်တာ ဆိုတော့ မှတ်ပုံတင်ခွင့် ပေးလိမ့်မယ်လို့ ထင်ပါတယ်၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုအဖွဲ့က လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားတို့၏ အခွင့်အရေး၊ လူနေမှု ဘ၀ တိုးတက် မြင့်မားလာရေး၊ ကြုံတွေ့နေရသော စားဝတ်နေရေး ကြပ်တည်းမှုများ ပြေလည်စေရေးတို့အတွက် ကျယ်ကျယ် ပြန့်ပြန့် ကူညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

AFFM အလုပ်အမှုဆောင်များတွင် ဥပဒေ ကျွမ်းကျင်သူများ၊ စိုက်ပျိုးရေး ပညာရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းကို သုတေသန ပြုနေသူများ ပါဝင်ကာ ပြည်နယ်၊ တိုင်း အားလုံးနီးပါးမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားကြောင်း ဦးသန်းဆွေက ရှင်းပြသည်။

မကြာသေးမီက အလုပ်သမား ၀န်ကြီးဦးအောင်ကြည်က အဆိုပြု တင်သွင်းခဲ့သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေကြမ်းတရပ်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည်။

သြဂုတ်လအတွင်း အတည်ပြုပေးခဲ့သော ထိုဥပဒေတွင် အလုပ်သမားများ အခွင့်အရေး တောင်းဆိုခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်တို့ ပါရှိသည်။ သတ်မှတ်ထားသောနေရာတွင် ကြိုတင်ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်နိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ လယ်သမား ဦးညိုက တောင်သူလယ်သမားတို့၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များကို ကူညီ ဆောင်ရွက်ပေးမည့် အဖွဲ့အစည်း ပေါ်လာ၍ ကြိုဆိုလိုက်ပြီး လယ်သမားတို့ကို အမှန်တကယ် ကူညီပေးစေလိုသည်ဟု ဧရာဝတီ ကို ပြောပြသည်။

“လယ်သမားတွေ ကြုံတွေ့နေကြတဲ့ ဒုက္ခတွေကို ကူညီမယ်လို့ ပြောသူတွေများနေတော့ သိပ်မယုံသေးဘူး။ လက်တွေ့ ကူညီပေး မှာလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ ကျနော့်တို့လယ်တွေ အသိမ်း ခံထားရပြီးတော့ ကိုယ့်လယ်မှာပဲ တရက် လုပ်အားခ ၁၈၃၀ ကျပ် နဲ့ အငှားဘ၀နဲ့ ပြန်လုပ်နေကြရတယ်” ဟု ၎င်းက ဆိုသည်။

ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်း၊ ဆိပ်ကမ်း စသည့် မြို့နယ် ၃ ခုမှ လယ်သမား ၁၀၀၀ ကျော်က ၎င်းတို့၏ လယ်မြေများကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒေသခံ အာဏာပိုင်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များက အဓမ္မ သိမ်းယူထားကြောင်း၊ ထိုလယ်ဧက တသောင်းကျော်အရေး ဖြေရှင်းပေးရန် သမ္မတထံ တိုင်ကြားထားသော်လည်း ထူးခြားမှု မရှိသေးကြောင်း သိရသည်။

ယခု ဖွဲ့စည်းလိုက်သည့် AFFM အဖွဲ့က လယ်သမားအရေးကို အမှန်တကယ် လုပ်ပေးနိုင်ခြင်း ရှိမရှိ သံသယ ဖြစ်မိသည်ဟု လယ်သမား၊ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေကိုဖိုးဖြူက ပြောသည်။

“တကယ်နစ်နာ ဆုံးရှုံးနေတဲ့ လယ်သမားမိသားစုတွေ ကိစ္စကို လုပ်ပေးနိုင်မယ့် အခြေအနေလည်း မဟုတ်သေးပါဘူး၊ နောက်တခု က တောင်သူ အခွင့်အရေး၊ ရပိုင်ခွင့်တွေအတွက် အဖွဲ့ ဖွဲ့စည်းနိုင်မယ့် ဥပဒေ ကိုလည်း စနစ်တကျ ပြဋ္ဌာန်းထားတာ မဟုတ်သေးတဲ့အတွက် တနိုင်ငံလုံးက လယ်သမားတွေကို ကိုယ်စားပြုတဲ့ လွတ်လပ်တဲ့ အဖွဲ့လို့ မယူဆပါဘူး” ဟု ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်က ရန်ကုန်တိုင်းမြို့နယ် တချို့မှ လယ်သမား ၂၀ ကျော်နှင့် ရှေ့နေ ကိုဖိုးဖြူတို့သည် သိမ်းယူခံထားရ သော လယ်ဧကများ ပြန်လည်ရရှိရေး၊ အလုပ်သမား၊ လယ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်ရေးတို့အတွက် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများထံ အဆိုပြုလွှာများ ပေးပို့ထားသော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ခရီးစဉ် ရွှေ့ဆိုင်း

October 26, 2011

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာတီ နာတာလီ ဂါဝါ၏ မြန်မာပြည် ခရီးစဉ်ကို အောက်တိုဘာ ၂၆ မှ ၂၈ အထိ စီစဉ် ထားသော်လည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့ သို့ အင်ဒိုနီရှားနိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ် ရွှေ့ဆိုင်းရခြင်းမှာ အင်ဒိုနီးရှားအစိုးရ အဖွဲ့ဝင်များ အပြောင်းအလဲ ကြောင့် ဟု ရန်ကုန်အခြေစိုက် အင်ဒိုနီးရှား သံရုံးအတွင်းဝန် မစ္စတာ ဂျူမာရာ ဆူပရီယာဒီက အကြောင်းပြပြောဆိုခဲ့သည်။ အဆိုပါ ကိစ္စမှာ မြန်မာအစိုးရနှင့် ပတ်သက်ခြင်း မရှိဟုလည်း ၎င်းက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်ရက်ကို ညှိနှိုင်းနေပြီး လာမည့် အောက်တိုဘာ ၃၁ ရက်နေ့ ဖြစ်နိုင်ခြေ ရှိသည်ဟု သူက ဆိုသည်။


မစ္စတာ မာတီ နာတာလီ ဂါဝါသည် ၎င်း၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ အဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုအခြေပြု အဖွဲ့ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံနိုင်ရန် ကြိုးစားဖွယ်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာပြည် အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်း ရယူရေးနှင့် တိုက်ရိုက်ပတ်သက် နေပြီး ၎င်းခရီးစဉ်ရလဒ်အပေါ် အခြေခံကာ လာမည့် နိုဝင်ဘာအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာပြည်ကို ဥက္ကဋ္ဌရာထူး ပေး၊ မပေးဆုံးဖြတ်မည် ဖြစ်သည်။

အာဆီယံအရေး ကျွမ်းကျင်သူတဦးဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် The Nation သတင်းစာ အယ်ဒီတာဟောင်း ကဝီ ချောင်ခစ် တာဗွန် ကမူ မြန်မာအစိုးရအနေဖြင့် ၎င်း၏ နိုင်ငံရေး ဖြစ်ထွန်းမှုများကို ပြသချင်သောကြောင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးကို အမြန်ဆုံး လာစေချင်လိမ့်မည်ဟု ထင်မြင်ချက် ပေးသည်။

တချိန်တည်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ခြင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်၏ မြန်မာပြည် ခရီးစဉ်တို့ တိုက်ဆိုင်နေခြင်းကြောင့် စိတ်ဝင်စရာ ဖြစ်နေသည်ဟု မြန်မာ့ အရေး လေ့လာစောင့်ကြည့်သူတို့က ဆိုကြသည်။

မစ္စတာ ဒဲရစ် မစ်ချယ်သည် ယခု မြန်မာပြည် ခရီးစဉ်အပြီးတွင် ခရီးစဉ်အကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ ထို့အပြင် မြန်မာပြည်မှအပြန် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ဝင်ရောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

၎င်းသည် စက်တင်ဘာလက မြန်မာပြည်သို့ ပထမအကြိမ် သွားရောက်ခဲ့ပြီး အပြန်တွင်လည်း ဂျာကာတာသို့ ဝင်ကာ အင်ဒိုနီးရှား နိုင်ငံခြားရေးရုံးသို့ သွားရောက်လည်ပတ် ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ် မစမီ မစ္စတာ ဒဲရစ် မစ်ချယ်က နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသား ဒေသ များရှိ အမျိုးသမီးများနှင့် ကလေးငယ်များ အတိဒုက္ခ ရောက်နေရသည်ကို အမြန်ဆုံး ရပ်ဆိုင်းပေးရေး အပါအဝင် မြန်မာပြည် တွင်း နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းလာရေးကို အမေရိကန်နိုင်ငံက မျှော်လင့်ထားကြောင်း၊ အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီဆံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးနှင့် ပတ်သက်၍ လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုခြင်း မရှိကြောင်း သိရသည်။

၎င်းနှင့် အမေရိကန်အခြေစိုက် The Wall Street Journal သတင်းစာတို့ တွေ့ဆုံ မေးမြန်းခန်းတွင် “အာဆီယံဥက္ကဋ္ဌ ရာထူးကို မျှော်လင့်နေတာဟာ ပြည်သူလူထု ဘဝ တိုးတက်လာဖို့ ကိစ္စနဲ့ ဘာမှ မဆိုင်ဘူးလို့ မြင်တယ်” ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံရယူရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတကာ ဖိအားများကြောင့် လက်လွှတ်ခဲ့ရသည်။

Ref: ဧရာဝတီ

Read More...

Wednesday, October 26, 2011

အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ

ကိုပေါက်
အောက်တိုဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ်

အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell သည် ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ တနင်္လာနေ့ က ရောက်ရှိနေသည်။

မကြာမီ နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့် တွေ့ဆုံနိုင်ရန် သွားရောက်မည်ပြီး ခရီးစဉ် အတွင်း နိုင်ငံရေး အကျဉ်းသား များ ထပ်မံလွှတ်ပေးရေး ဖိအားပေးသွားရန်နှင့် လူမျိုးစု ဒေသများ အတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တွေ့ဆုံ နိုင်လိမ့်မည်ဟု ပြောခွင့် ရ ဦးအုန်းကြိုင်က မျှော်လင့်သည်။

“ ဘယ်တော့တွေ့မယ် ဆိုတာတော့ မပြောတတ်သေးဘူး။ ခုချိန်ထိတော့ ဘာမှမသိသေးဘူးဗျ” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယခုခရီးစဉ်သည် Derek Mitchell ၏ ဒုတိယအကြိမ် ဖြစ်ပြီး စက်တင်္ဘာလအတွင်းက လာရောက်စဉ် နေပြည်တော် အစိုးရ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့ပြီး မြန်မာ့ နိုင်ငံရေးတွင် ပြောင်းလဲ တိုးတက်မှု ရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာမစ်ချဲလ်သည် သံအမတ်ကြီး အဆင့်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ကြေငြာထား သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ စစ်တပ်က အာဏာသိမ်းသည့်နောက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရှိ သံအမတ် ကို ပြန်လည်ခေါ်ယူပြီး သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချ ထားခဲ့သည်။

မစ္စတာ မစ်ချဲလ်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ရန် လွှတ်တော်၌ စာရင်းသွင်းစဉ်က မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေး အတွက်စစ်မှန်သည့် ကူညီမှုမျိုးရနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ မစ်ချဲလ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီး တာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။

ထိုသို့ အာရှ အတွေ့အကြုံနှင့် တရုတ်နိုင်ငံ အတွေ့အကြုံများရှိသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စား လှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ခန့်ထားရန် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ အဆိုပြုခဲ့ပြီး၊ အမေရိကန် အထက်လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

လိုင်စင်ပြန်ရရေး လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြရန် ရှေ့နေများစီစဉ်

ကိုဝိုင်း
အောက်တိုဘာလ ၂၅ ရက် ၂၀၁၁ ခုနှစ်

အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အသက်မွေးဝမ်းကျောင်း လိုင်စင် များ ပိတ်ပင်ခံထားရသည့် ဆရာဝန်များနှင့် ရှေ့နေများ ပါဝင်သော အစုအဖွဲ့မှ အစိုးရ၏မကြာခင်က ဖွဲ့စည်း လိုက်သော အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ကို တိုင်ကြားပြီး လိုင်စင်ပြန်ရရန် လျှောက်ခြင်းဖြင့် အစိုးရ၏ အပြောင်းအလဲ လုပ်နေပါသည် ဆိုခြင်းကို စမ်းသပ်ရန် ပြင်ဆင်နေကြသည်။

လိုင်စင် ရုပ်သိမ်းခံရသော ရှေ့နေ ၁၇ ဦး၊ ကျောင်းဆက်တက်ခွင့် မရသည့် ကျောင်းသား တဦး၊ လိုင်စင် ရုပ်သိမ်းခံရသည့် ဆရာဝန် တဦး တို့သည် စစ်အစိုးရလက်ထက်တွင် ထောင်ချခံခဲ့ရသူများလည်း ဖြစ်သည်။

"ကျနော်တို့က အပြောင်းအလဲတခု ဖြစ်နေတယ်ဆိုတဲ့ အပေါ်မှာ စမ်းသပ်ကြည့်တာပါ။ ထူးခြားမယ် မထူးခြား ဘူး ဆိုတာတော့ အတတ်ပြောလို့ မရပါဘူး။" ဟု ကိုယ်တိုင်လည်း လိုင်စင်သိမ်းခံထားရသူ အန်အယ်ဒီ ဗဟို ဥပဒေ အထောက်ကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက မဇ္ဈိမကို ပြော သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခု စက်တင်ဘာလ ၅ ရက်နေ့တွင် အငြိမ်းစား ဝန်ထမ်း ၁၅ ဦးဖြင့် အစိုးရက ဖွဲ့စည်းပေးထားပြီး ဦးဝင်းမြ သံအမတ်ကြီး (ငြိမ်း) နှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ် ပြောဆိုလေ့ရှိသူ ဦးကျော်တင့်ဆွေ ကုလ သံအမတ်ကြီး (ငြိမ်း)တို့ကို ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူစေခဲ့သည်။

လာမည့်လတွင် သတင်းစာ ရှင်းပွဲတခု ပြုလုပ်ပြီး လက်မှတ်ထိုး တင်သွင်းရန် စီစဉ်နေကြသည်။ လိုင်စင် ရာသက်ပန် အပိတ်ခံ ထားရသည့် ရှေ့နေအများစုတွင် တရားလွှတ်တော် ရှေ့နေ အများစု ပါဝင်ပြီး အထက်တန်းရှေ့နေ တဦးသာ ပါသည်။

တနိုင်ငံလုံးတွင် နိုင်ငံရေး လုပ်သဖြင့် လိုင်စင် ရုပ်သိမ်းခံရသည့် အရေအတွက် အတိအကျကို စုဆောင်းရာ တွင် နယ်ဘက် ဒေသ များတွင် လက်လှမ်းမမီဘဲ ဖြစ်နေသေးကြောင်း၊ သို့သော် လက်မှတ်ထိုးမည့် အရေအတွက်မှာမူ ထပ်တိုးလာဖွယ်ရှိသည်ဟု ဦးအောင်သိန်းက ဆိုသည်။

အန်အယ်ဒီ ဒုဥက္ကဋ္ဌနှင့် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက "အန်အယ်ဒီ ဆရာဝန်တွေ၊ အခြားဒီမိုကရေစီ ဆရာဝန်တွေရော မဟုတ်တာနဲ့ တရားစွဲ။ ပြန်လွတ်လာတော့ လိုင်စင်သိမ်း။ ကျောင်းဆရာ - ဆရာမ တွေလည်းပဲ အလုပ်ဖြုတ် ခံရတယ်။ ကျောင်းသားတွေလည်းပဲ လွတ်လာရင် ပညာသင်ချင်တာ ဆက်ပြီး မသင်ရဘူး။ လူ့အခွင့်အရေး ဆုံးရှုံးတာပဲလေ"ဟု မဇ္ဈိမကိုပြောသည်။ သူကိုယ်တိုင်လည်း ရှေ့နေ အဖြစ် အသိအမှတ်ပြုခြင်း ရုပ်သိမ်းခံထားရကြောင်း ပြောသည်။

မူလက ရှေ့နေများ သီးသန့်သာ တောင်းဆိုရန် အစီအစဉ်ကို ဆရာဝန်၊ ကျောင်းဆရာ၊ ကျောင်းထုတ်ခံ ကျောင်းသားများ ပါဝင် စေရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သြဂုတ်လအတွင်း အကြံပြုခဲ့ပြီးနောက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို လျှောက်ထားရန် ပြင်ဆင်ခဲ့ရာ ယခု အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တင်သွင်းရန် ထပ်မံ ပြောင်းလဲ လိုက်သည်။

“ဒီတရားရုံးတွေက ဒီလိုပဲလုပ်ထားတဲ့ ကိစ္စကို တရားရုံးတွေအပေါ် သွားပြန်လျှောက်ရင် ဘာမှမထူးဘူး” ဟု ဦးအောင်သိန်းက ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီအမတ် ဒေါက်တာ မြတ်ဉာဏစိုးက ရှေ့နေနှင့် ဆရာဝန်လိုင်စင် ရုပ်သိမ်း ထားမှုကို ပြန်ခွင့်ပြု၊ မပြု မေးမြန်းခဲ့ရာ ပြည်ထောင်စု ရှေ့နေ ချုပ် ဒေါက်တာထွန်းရှင်က ရှေ့နေများကို အရေးယူရာတွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်က တရားလွှတ်တော် ရှေ့နေ များ ကောင်စီ (ဘားကောင်စီ) နှင့် တိုင်ပင်၍ ဆုံးဖြတ် သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဆေးကောင်စီ၊ တရားလွှတ်တော် ရှေ့နေများ ကောင်စီနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တို့သည် တည်ဆဲ ဥပဒေများနှင့် အညီ “တရားမျှတခြင်း၊ သာတူညီမျှခြင်းနှင့် လိပ်ပြာသန့်ခြင်း” တို့ကို အခြေခံ ဆောင်ရွက်နေသည်ဟုသာ ဖြေသွား သည်။

သို့သော် အတိုက်အခံများကတော့ လက်ရှိ ဘားကောင်စီမှာ ယခင် စစ်အစိုးရ လက်ထက် ဆွဲခန့်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်၍ လွတ်လပ်မှုမရှိဟု ဝေဖန်ထားကြသည်။

စက်တင်ဘာလဆန်းတွင် ရှေ့နေလိုင်စင် ရုပ်သိမ်းခံရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းပွဲတခုပြု လုပ်ရန် စီစဉ်ခဲ့သော်လည်း ထို စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးနေမှုကို ထိခိုက်မည် စိုးသဖြင့် အစီအစဉ် ဖျက်သိမ်း ခဲ့ကြောင်း ဦးတင်ဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ငြိမ်းချမ်းရေး ကမ်းလှမ်းလျှင် ကြိုဆိုမည်ဟု ချင်းတပ်ဦးပြော

ဇွဲခန့်
အောက်တိုဘာလ ၂၅ ရက် ၂၀၁၁ ခုနှစ်

ဦးသိန်းစိန် အစိုးရဘက်မှ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တွေ့ဆုံရန် ကမ်းလှမ်းလာမည် ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) မှ ပြောဆိုလိုက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ကတော့ ကမ်းလှမ်းလာသည့် အပေါ် မူတည်ပြီး ပါတီ တွင်း ဆွေးနွေးသွားမည်ဟု ဆိုသည်။

“ကျနော်တို့က အစဉ်တစိုက် တွေ့ဆုံ ဆွေးနွေးရေးနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ တောင်းဆိုထားတာ ဖြစ်တယ်။ ကျနော်တို့ တောင်းဆိုထားတာနဲ့တင် မပြီးနိုင်သေးပါဘူး။ တဘက်ကလည်း လိုလားဖို့ လိုတယ်လေ။ ကျနော်တို့ဘက် ကတော့ အမြဲတမ်း အဆင်သင့်ပါပဲ” ဟု CNF အထွေထွေအတွင်းရေးမှူး ပူးပေါလ်စီတာက မဇ္စျိမကို ပြောသည်။

၂ဝဝ၇ ခုနှစ်အတွင်း ယခင်စစ်အစိုးရနှင့် CNF တို့ တွေ့ဆုံ ဆွေးနွေးရေးအတွက် ပထမခြေလှမ်း စတင်နိုင်ခဲ့ သော် လည်း နောက်ပိုင်းတွင် အစိုးရမှ တစုံတရာ ပြန်လည် အကြောင်းကြားလာခြင်း မရှိခဲ့သည့် အတွက် ယခုအချိန်ထိ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက် အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။

ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့မှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း နယ်စပ် ဒေသ တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးတို့အတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။

“တိုင်းရင်းသားတွေ အကုန်လုံး ကြွေးကြော်နေတဲ့ ဥစ္စာက စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု၊ ဆိုလိုတဲ့ ဥစ္စာက ပြည်ထောင် တွေကို ပေါင်းထားတဲ့ ပြည်ထောင်စုမျိုးမှ တကယ်ငြိမ်းချမ်းနိုင်မှာပေါ့” ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ဆိုသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတွင် စစ်တပ်တခုတည်းရှိရမည် ဟူသောမူကို လက်ကိုင်ထားရာ တိုင်းရင်းသား အဖွဲ့များ၏ တပ်များကို ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှုထံ သွတ်သွင်းမည့် နယ်ခြားစောင့် တပ် သို့မဟုတ် ပြည်သူ့စစ်အဖြစ် ပြောင်းလဲရေးကို ဆန့်ကျင်ခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

အရှင်ဂမ္ဘီရကျန်းမာရေး AHRC စိုးရိမ်

မေငြိမ်း
အင်္ဂါ, 25 အောက်တိုဘာ 2011

ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လို့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါး နေတာကြောင့်ဆိုပြီး အရှင်ဂမ္ဘီရကို ဖမ်းဆီး ထားမှုနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှုထား စဉ်းစားပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူစာ ပေးပို့လိုက်ပါတယ်။ အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ ကာလက ရိုက်နှက် ခံခဲ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ရာသီဥတုကြမ်းတဲ့ ကလေးထောင်မှာ စိတ်ရော ကိုယ်ပါ ချို့တဲ့ ဆင်းရဲမှု ဖြစ်နေတယ်လို့ AHRC ရဲ့စာမှာ ဖော်ပြတာကိုတော့ ဒေါ်မေငြိမ်းက တင်ပြထားပါတယ်။

အရှင်ဂမ္ဘီရရဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းကျန်းမာရေးပါ စိုးရိမ်စရာအခြေအနေ ရှိနေပြီး ဝေးလံ ခေါင်သီပြီး ရာသီ ဥတု ကြမ်းတမ်းတဲ့ ကလေး အကျဉ်းထောင်မှာ ရှိနေတာကြောင့် ပိုပြီး စိုးရိမ်စရာ ရှိတယ်လို့ AHRC ရဲ့ စာမှာ ဖော်ပြပါတယ်။ ဒါကြောင့် အချိန်ဆိုင်း မနေဘဲ အရှင်ဂမ္ဘီရကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုတယ်လို့ AHRC အမှုဆောင် ညွှန်ကြားရေးမှူး Wong Kai Shing က သမ္မတ ဦးသိန်းစိန်ထံကို စာရေးသား ထားပါတယ်။ ဒီစာကိုတော့ သမ္မတ ဦးသိန်းစိန်အပြင် နေပြည်တော်က တရားသူကြီးချုပ် ပြည်ထဲရေးဝန်ကြီး တို့ကိုလည်း ပေးပို့ ထားပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အိုင်စီအာစီနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ထံတွေကိုလည်း လိပ်မူ ထားပါတယ်။ အခု ကျန်းမာရေး အခြေအနေအောက်မှာ အရှင်ဂမ္ဘီရဟာ ထိထိရောက်ရောက် ဆေးဝါး ကုသခွင့်လည်း မရဘူးလို့ AHRC ရဲ့ မြန်မာရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ခန္တီးအကျဉ်းထောင်အတွင်းမှာ အကျဉ်းကျနေစဉ်ကာလ အတွင်းတုန်းက တလနီးပါးလောက် နေ့စဉ်ရက်ဆက် ဆိုသလို အရှင်ဂမ္ဘီရကို နှိပ်စက် ညှင်းပန်း ခဲ့တာတွေရှိတယ်။ ဦးခေါင်းကို ရိုက်တယ်။ ကျောကုန်းကို ရိုက်နှက် ခဲ့တာတွေရှိတယ်။ အဲဒီ ဒဏ်တွေကြောင့် အရှင်ဂမ္ဘီရက ကလေး အကျဉ်းထောင်ကို ပြောင်းရတဲ့ အခါမှာ အနာဟောင်းတွေ ပြန်ပေါ်တာရယ်၊ ရာသီဥတု ဒဏ်ကြောင့်ရယ်၊ ကျန်းမာရေး တော်တော် ဆိုးဆိုးဝါးဝါး ချို့တဲ့လာတယ်လို့ ကျနော်တို့ သိရပါတယ်၊ ဦးခေါင်းကို ရိုက်နှက်ခြင်း ခံခဲ့ရတဲ့ အတွက် တခါတရံမှာ မခံမရပ်နိုင်အောင် အော်ဟစ် ညည်းတွားတဲ့ အခြေအနေ အထိ ရောက်နေတယ်လို့ ကျနော်တို့ သိရတယ်”

တလောကပဲ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကျန်းမာရေးမကောင်းမွန်သူတွေကို အချက် တချက် အနေနဲ့ စီစစ် လွှတ်ပေးခဲ့တယ် ဆိုပေမယ့် အရှင်ဂမ္ဘီရဟာ ဒီအထဲ မပါလာခဲ့ပါဘူး။ ရွှေဝါရောင် လှုပ်ရှားမှုရဲ့ ဦးဆောင် သံဃာတပါး ဖြစ်တာကြောင့် မလွှတ်ဘဲ ထားခဲ့တယ်လို့ ဦးမင်းလွင်ဦးက ယူဆပါတယ်။

“ကျန်းမာရေး ချို့တဲ့တဲ့သူတွေ လွှတ်တယ်ဆိုပေမဲ့ အရှင်ဂမ္ဘီရကို မလွှတ်တာတော့ တမျိုး ကျနော်တို့ စဉ်းစား ရမှာပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၀၇ ရွှေဝါရောင် သံဃာတွေ စီတန်း လှည့်လည်တဲ့ အခါမှာ ဦးဆောင်သံဃာ ဖြစ်တဲ့အတွက် မလွှတ်တာလား-ဆိုတာကိုလည်း ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်။ ပြီးတော့ တခါ ဒီလိုမျိုး အခြေအနေမှာ လွှတ်ဖို့ မသင့်သေးဘူးလို့ ယူဆပြီးတော့ မလွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ ”

အရှင်ဂမ္ဘီရဟာ ရွှေဝါရောင်သံဃာလှုပ်ရှားမှုဖြစ်အောင် လှုံ့ဆော်ကြိုးပမ်းခဲ့တဲ့ သံဃာ့တပ်ပေါင်း စုရဲ့ ဦးဆောင် ကိုယ်တော် တပါးဖြစ်ပါတယ်။ ရွှေဝါရောင် လှုပ်ရှားမှုကို မြန်မာ အစိုးရက အကြမ်းဖက် နှိပ်ကွပ်ပြီးတဲ့ နောက်တော့ ပုန်းအောင်းနေတဲ့ နေရာမှာ အဖမ်း ခံခဲ့ရတာဖြစ်ပါတယ်။ ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရပြီး မန္တလေးထောင် ခန္တီးထောင်၊ နောက် ကလေးထောင်၊ အဆင့်ဆင့် ထောင်တွေ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကတော့ သမ္မတဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ အတိုင်း နောက်ထပ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးကောင်း ပေးနိုင်ပါတယ်လို့ ပြောနေတုန်းပါ။ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ မကြာခင် ထပ်လွတ် လာဦးမယ်လို့လည်း သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

Ref: VOA News

Read More...

မှတ်ပုံတင်မလား၊ မတင်လား … ကောလဟာလ


ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ အောက်တိုဘာ ၂၆၊ ၂၀၁၁

လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအခြေအနေတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့က စစ်အစိုးရက သူတို့ရဲ့၂၀၁၀ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းစဉ် တုန်းက တင်းတင်းမာမာ ပြဋ္ဌာန်းခဲ့တဲ့ ကန့်သတ်ချက် တွေကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပြီးတော့ အင်န်အယ်ဒီ ပါတီကို မှတ်ပုံ တင်နိုင်အောင် လုပ်ပေးနေပြီလို့ သတင်းတွေ ကြားနေရတယ်။ ဒါကြောင့် ဆရာဦးဝင်းတင်နဲ့ သူ့သဘောထားကို မေးမြန်း ခဲ့ပါတယ်။

မေး။ ။၂၀၁၀ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ အကြောင်းလေး ပြန်ပြောရအောင် ဆရာ။

ဖြေ။ ။ အဲသည်တုန်းက အင်န်အယ်ဒီပါတီက အဲသည်က အချက်အလက်တွေကို လက်မခံနိုင်ဘူး ဆိုပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့ ပါတီကို မှတ်ပုံ မတင်ခဲ့ဘူး။ ၂၀၁၀ တုန်းက ဖြစ်ခဲ့တဲ့ အနေအထားမှာ ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်လို့ သစ္စာ ခံခိုင်းတာပါတယ်။ ဒါကို တို့က ငြင်းခဲ့တယ်။ ထောင်ထဲ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပါတီကနေ ထုတ်ပစ် ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ဆိုထားခဲ့တယ်၊ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ်။ ဒါကို လက်မခံနိုင်ဘူး။ နောက်ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပျက်ပြယ်ပြီလို့ မှတ်ယူရမယ် ဆိုတဲ့ စာပိုဒ်ပါတယ်။ ဒါကိုလည်း ဒို့က လက်မခံခဲ့ဘူး။

မေး။ ။ အင်န်အယ်ဒီပါတီ မှတ်ပုံတင်နိုင်အောင် ရွေးကောက်ပွဲဥပဒေကို ပြင်ပေးမယ်တဲ့လား

ဖြေ။ ။ သတင်းတွေ ဖြစ်နေတာကတော့ အခြေခံဥပဒေကို လေးစားလိုက်နာရမည်လို့ ပြောင်းပြဋ္ဌာန်းမယ်လို့ သတင်း ထွက်တယ်။ ဒါက သဘောကတော့ ရာဇသတ်ကြီး ဥပဒေတို့၊ ပုဒ်မတို့ စတဲ့ ရှိတာတွေကို လေးစား လိုက်နာရမယ် ဆိုတဲ့ သဘောမျိုးပေါ့ကွာ။ ဥပဒေက ဥပဒေဆိုတဲ့ သဘောမျိုး၊ လက်ခံတာ မခံတာက တပိုင်းထားပေါ့။ နောက်တခုက ထောင်ကျနေတဲ့ သူတွေကို ထုတ်ပစ်ရမယ် ဆိုတာတွေကိုလည်း ဖယ်ရှား လိုက်မယ်လို့ ပြောတယ်။ နောက် ၁၉၉၀ ရလဒ်နဲ့ ပတ်သက်ပြီး တစုံတရာ အသိအမှတ် ပြုမယ်လို့ သတင်း ထွက်နေတယ်။ ဒီသတင်းတွေကြောင့် အင်န်အယ်ဒီနဲ့ မဟာမိတ်တွေ၊ စီအာရ်ပီပီ အဖွဲ့ဝင်တွေက မှတ်ပုံ တင်လိမ့်မယ်။ ပြီးတော့ အင်န်အယ်ဒီဟာ ရွေးကောက်ပွဲ ၀င်လိမ့်မယ်လို့ သတင်းတွေ အပြင်မှာ ထွက်နေတယ်ပေါ့ကွာ။

မေး။ ။ ဒါဆိုရင် သတင်းတွေထွက်နေပြီ ဆိုတာနဲ့ အင်န်အယ်ဒီ ပါတီထဲမှာ ဒါကို အတည်ထားပြီး ဆွေးနွေး နေကြပြီလား။

ဖြေ။ ။ ဒါတွေက ဘာဆွေးနွေးနေတာ ဘာမှ မရှိဘူး။ တရားဝင်ဥပဒေမှ မရှိတဲ့ဟာကို ဘာတွေ ဆွေးနွေးရမှာလဲ။ ဒေါ်စု ကိုယ်တိုင်ကလည်း ဦးအောင်ကြည်နဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပြီးသားပဲ ပါတီကိစ္စကို အင်န်အယ်ဒီပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တင်ပြပြီးမှ ဖြစ်မယ်ဆိုတာ ပြောခဲ့ပြီးသား ဖြစ်တယ်။

မေး။ ။ ဒါတွေက ကောလဟာလတွေပေါ့ ဆရာရေ။

ဖြေ။ ။ ဟုတ်တယ်။ ဒါကို အခုအချိန်မှာ ဒီလိုပဲ ပြောပြရမှာပဲ။ အစိုးရကနေပြီးတော့ ၂၀၁၁ ရွေးကောက်ပွဲ ဥပဒေ ဆိုပြီး ထွက်လာမှပဲ အကျိုးအကြောင်း သိရမှာပဲ။ အခု စကားပြောနေတဲ့ အောက်တိုဘာ ၂၄ အထိတော့ ဘာမှ မသိရသေးဘူးပေါ့ကွာ။

မေး။ ။ ဟုတ်ကဲ့။ ၂၀၀၈ မတ်လ ၈ ရက်နေ့တုန်းက ရွေးကောက်ပွဲဥပဒေ ပေါ်ခဲ့စဉ်တုန်းက အခြေအနေကို ပြန်ပြောကြမယ် ဆိုရင် အဲသည်တုန်းက ဆရာနဲ့ ဦးအောင်ရွှေတို့နဲ့ ဆွေးနွေးကြတယ်။ စီအီးစီ အစည်းအဝေးနဲ့ အဆုံးအဖြတ် ဘာမှ မကျဘူး။ စီအီးစီက စီစီခေါ်တယ်။ ဗဟိုကော်မီတီ အစည်းအဝေး ခေါ်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ကြတယ်။ အခုလည်း လက်ရှိ အစိုးရကနေ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မှပဲ ဒါက အရေးယူရမယ့် ကိစ္စပေါ့နော် ဆရာ။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲသည်တုန်းက အကြောင်းတွေကို ကျနော့် မီဒီယာအင်တာဗျူးတွေမှာ ပြောခဲ့တာတွေ ရှိတယ်။ ခင်ဗျားတို့ ဆီမှာ ရှိသေးရင်လည်း ပြန်ညွှန်းပြ စေချင်တယ်။ အသေးစိတ်ကို အဲသည်မှာ ကြည့်လို့ ရတယ်လေ။

(မိုးမခက မှတ်တမ်းတင်ခဲ့တဲ့ ၂၀၁၀ မတ်လ ၈ ရက် စစ်အစိုးရရွေးကောက်ပွဲဥပဒေဆိုင်ရာ အင်တာဗျူးကို သည်နေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါသည်)

Ref: မိုးမခ

Read More...

သတင်းတွေ အပြင်ဆက်ပို့မယ် ဆိုတဲ့ Burma VJ

ထွန်းထွန်း
အင်္ဂါနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းပြည် တိုးတက်ပြောင်းလဲရေးအတွက် မီဒီယာအား ကိရိယာတခု အနေဖြင့် အသုံးပြု ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဆက်လက် ဖော်ထုတ်သွားမည်ဟု Burma VJ အဖွဲ့က ပြောဆိုသည်။

အဖွဲ့အနေဖြင့် လက်ရှိတွင် လွတ်လပ်စွာ ရပ်တည်နေပြီဖြစ်ကြောင်းနှင့် လတ်တလောဖြစ်ပျက်နေသည့် လူအခွင့်အရေး ချိုးဖောက်မှု ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းများကိုလည်း လူမှုကွန်ယက် တခုဖြစ်သည့် Facebook
တွင် “Burma VJ Media Network” အမည်ဖြင့် ဆက်လက် ဖော်ထုတ်သွားမည် သိရသည်။

Burma VJ အဖွဲ့ကို ၂ဝဝ၆ ခုနှစ်မှစ၍ တည်ထောင်ခဲ့ခြင်းဖြစ်ကာ နော်ဝေအခြေစိုက် ရုပ်မြင်သံကြားမီဒီယာ တခု
ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ - DVB နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းများနှင့်
ပြည်တွင်းသတင်းများကို ထုတ်လွှင့်ခဲ့သည်။

သို့သော် DVB သတင်းဌာနတွင် အမေရိကန်ဒေါ်လာ သုံးသိန်းခန့် ငွေကွာဟမှု ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လဆန်း ပိုင်းတွင်း ပေါ်ပေါက်လာခဲ့ပြီးနောက် Burma VJ အဖွဲ့ဝင်များ နုတ်ထွက်ခဲ့ကြသည်။

VJ အဖွဲ့၏ ရပ်တည်ချက်၊ ရှေ့လုပ်ငန်းစဉ်၊ အဖွဲ့ဘဏ္ဍာရေးနှင့် သီးသန့် မီဒီယာ ထောင်လာနိုင်ခြေ ရှိ၊ မရှိနှင့် ပတ်သက်၍ အဖွဲ့ဝင် တဦးဖြစ်သည့် ကိုအောင်ကြီးအား မဇ္ဈိမ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်း ထားသည်။

----------
အရင်ဆုံး Burma VJ အဖွဲ့ ဖြစ်ပေါ်လာပုံလေး အကျဉ်းလေး ရှင်းပြပေးပါဦး။

“ကျနော်ကတော့ Burma VJ စပြီးတော့ Founding လုပ်တဲ့ထဲမှာ ပါတာပေါ့နော်။ ကျနော်တို့ Burma VJ ဆိုတဲ့ ရုပ်ရှင်ကားကို ၂ဝဝ၆ နှစ်ကုန်ပိုင်းလောက်ကတည်းက စပြီးတော့ ရိုက်ဖို့ဆိုပြီးတော့ ကျနော်တို့ အဲဒီ အချိန်မှာ ထိုင်းကို ထွက်လာတယ်။ ထိုင်းကို ထွက်လာပြီးတော့ ဘန်ကောက်မှာပေါ့နော်။ အဲဒီမှာ စတည်တယ်။

“ကျနော်တို့ Burma VJ မီဒီယာအဖွဲ့ စပေါ်လာခဲ့ကြတာက တကယ့်ပတ်ကား ရုပ်သံမီဒီယာ ဂျာနယ်လစ်တွေနဲ့ စတည်ထောင်ခဲ့တာ မဟုတ်ဘူး။ ကျနော်တို့ မြန်မာပြည်ထဲမှာရှိတဲ့ Political Activist တွေကနေစတာ။ အထူး သဖြင့် ကျနော် အပါအဝင် ပေါ့နော်။ ကျနော်က အဲဒီအချိန်တုန်းက ထောင်တခါ ကျထားတယ်။ နောက် တခြား Burma VJ အဖွဲ့ဝင်တွေ အများစုကလည်း အကုန်လုံးကလည်း ထောင်ကျဖူးတဲ့သူတွေ။ ထောင်ထွက်တွေ ချည်း
ပဲ။ ကျနော်တို့ အဓိက က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာ။ ကျနော်တို့က မီဒီယာကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ Tool တခုအနေနဲ့ အသုံးချပြီးတော့ လုပ်တဲ့သဘောပဲ။ ကျနော်တို့ အားလုံးက မီဒီယာသမား သက်သက် မဟုတ်ဘူး။ တဖက်အခြမ်းမှာ ကျနော်တို့က Activist တွေ ဖြစ်တယ်။ အထူးသဖြင့် Burma VJ စပြီးတော့ တည်ခဲ့တဲ့ အပြင် ဘက်က လူတွေကော၊ အထဲက လူတွေကောက၊ Burma VJ အဖွဲ့ရဲ့ ၉၀ ရာခိုင်နှုန်းက ထောင်ထွက်တွေချည်းပဲ။ အရင်တုန်းက နိုင်ငံရေးလုပ်ခဲ့တဲ့ သူတွေချည်းပဲ”

“ကျနော် အဓိက ပြောချင်တာကတော့ Burma VJ ဆိုတဲ့ တချို့မီဒီယာတွေမှာ ပြောနေတာ Burma VJ ဆိုတာ မရှိခဲ့ဘူးပေါ့နော်။ တကယ်မရှိဘူး၊ အဖွဲ့ဆိုတာ မရှိခဲ့ဘူး။ တကယ် ဒါက ပြည်သူတွေသာ ဖြစ်တယ် ဆိုတဲ့ ဟာချည်း ကတော့ ကျနော် ပါခဲ့တဲ့ လူတယောက်အနေနဲ့ ပြောရရင် အဲဒါက မမှန်ဘူးလေ။ ဒါကတော့ ကာယကံရှင်တွေ သေသေချာချာ သိမှာပဲလေ”

လက်ရှိ ရပ်တည်နေသေးတဲ့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကကော။

“အဓိက ကတော့ ကျနော်တို့ မြန်မာပြည်ထဲမှာ လတ်တလော လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေ အားလုံးကို နိုင်ငံတကာကို တပြေးညီသိအောင်လို့ လုပ်ပေးနေတယ်။ အဓိက ကတော့ ကျနော်တို့ ရည်ရွယ် ချက်ကတော့ အဲဒါပဲ။ ကလေးစစ်သားကိစ္စမျိုးတွေ လုပ်ခဲ့တာ ရှိတယ်။ အရင်တုန်းကလည်း နျူကလီးယား ကိစ္စ
တွေ ကျနော်တို့ အဖွဲ့ကပဲ လုပ်ပေးခဲ့တာပဲ။ ၂ဝဝ၇ (ရွှေဝါရောင်တော်လှန်ရေး) Revolution တုန်းက ရိုက်ခဲ့တဲ့ အရုပ်တွေ၊ ဂျပန် (သတင်းထောက်) သေခဲ့တဲ့ အရုပ်ဆိုလည်း ကျနော်တို့ အဖွဲ့က လူတွေပဲ ရိုက်ခဲ့တာပဲ”

“အဲဒီတုန်းလည်း ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေကို ဟိုးအရင်တုန်း ကလည်း လုပ်ခဲ့တယ်။ အခုအချိန်မှာလည်း နိုင်ငံတကာကို လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ကိစ္စကို သိအောင် ဆက်ပြီးတော့ လုပ်နေတုန်းပဲ။ အဓိက ကျနော်တို့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကို Burma VJ ကားထဲကလို အပိတ်ခံထား ရတဲ့ တိုင်းပြည် တပြည် ကနေပြီးတော့ သတင်းတွေ အကုန်လုံးကို နိုင်ငံတကာကို သိအောင် တတ်နိုင်သလောက် ပြောဖို့ပဲ”

အခုကော Burma VJ မှာ အဖွဲ့ဝင်အင်အား ဘယ်လောက်လောက် ရှိနေသေးလဲ။

“ကျနော် အဲဒီအရေအတွက်ကတော့ ပြောဖို့ မလိုဘူး ထင်တယ်။ အဓိက ကျနော်တို့ Burma VJ နာမည် အနေနဲ့ ဆက်သွားနေတယ်။ အဲဒီအဖွဲ့အနေနဲ့ ဆက်ပြီး ရပ်တည်ဖို့ ကြိုးစားနေတယ်။ ကျနော်တို့ အထဲက ရိုက်နေတဲ့ အရုပ်တွေပေါ့နော်။ အထဲက ကျနော်တို့ အဖွဲ့တွေက ဆက်ပြီးတော့ ရိုက်နေတယ်။ လုံခြုံရေးအရ ကျနော် အရေအတွက် ကိုလည်း မပြောချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီးတော့ ရှိနေတယ်။ ကျနော်တို့ Activities တွေ ဆက်ရှိတယ် ဆိုတာ သိချင်တယ်ဆိုရင် Face Book မှာလည်း တက်ကြည့်လို့ရတယ်။ Burma VJ Media Network ဆိုပြီး တော့ နေ့စဉ် မြန်မာပြည်ထဲမှာ ဓာတ်ပုံတွေ၊ ဗီဒီယို သတင်းတွေ တောက်လျောက် တင်နေတာ ပေါ့နော်”

“နောက်ပြီးတော့ မီဒီယာတခု အနေနဲ့လည်း ဆက်ပြီးတော့ ရပ်တည်ဖို့ အတွက်ကို ကြိုးစားနေတယ်။ ကျနော်
ပြောနိုင်တာကတော့ ကျနော် ဆက်ပြီးတော့ အလုပ်လုပ်နေတယ်။ ကျနော်တို့ မြန်မာပြည်ထဲမှာလည်း ထပ်ပြီး
တော့ ကျနော်တို့ လူတွေ အလုပ်လုပ်နေတယ်။ အပြင်မှာလည်း ကျနော်တို့ အဖွဲ့က ဆက်ပြီး အလုပ် လုပ်နေတယ် ဆိုတာတော့ အသေအချာ ပြောနိုင်တယ်”

အဖွဲ့ရဲ့ ရှေ့ရေးအတွက်ကော ဘာတွေဆက်လုပ်သွားဖို့ ရှိလဲ။

“အရင်တုန်းကတော့ ကျနော်တို့က သတင်းဌာနတခုအောက်မှာပဲ ရှိနေတာပေါ့နော်။ အခုကတော့ ကျနော်တို့ ကတော့ အဲဒီလို သတင်းဌာနတခုအောက်ကနေပြီးတော့၊ သတင်းဌာနတခုရဲ့ ပေါ်လစီအောက်ကနေပြီး တော့ လုပ်နေတဲ့ဟာမျိုးတော့ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ ပိုပြီးတော့ လွတ်လပ်လာတယ်လို့ ထင်တယ်။ အခုက အရင်တုန်းထက်ပိုပြီးတော့ နိုင်ငံတကာမီဒီယာတွေကို ချိတ်ဆက်ပြီးတော့ ကြိုးစားနေ တယ်။ ဥပမာ ကျနော်တို့ကို မီဒီယာတင် မဟုတ်ဘူးပေါ့ဗျာ။ တခြား နိုင်ငံတကာမှာ ရှိတဲ့ ကွန်ဖရင့်တွေနဲ့ ပတ်သက်ပြီးတော့ အထဲက လူတွေရဲ့ Message တွေ၊ Video Message တွေဘာတွေရအောင် လုပ်ပေး တယ်။ ဒါက မီဒီယာလို့ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ လုပ်ပေးတဲ့ဟာတွေလည်း ရှိတယ်”

အခုကော ဘာလုပ်ငန်းတွေ ဆက်လုပ်နေတာ ရှိလဲ။

“ကျနော်တို့ ဆက်လုပ်နေတာတော့ အထဲမှာ ရှိနေတဲ့ သတင်းတွေပေါ့နော်။ အထူးသဖြင့် ဗီဒီယိုနဲ့ ဓာတ်ပုံ သတင်းတွေကို တတ်နိုင်သလောက် ရအောင် အရင်တုန်းကလိုဘဲ ဆက်ပြီးတော့ ယူနေတယ်။ ယူနေပြီးတော့ တခြား လိုချင်တဲ့ မီဒီယာတွေကိုလည်း ကျနော်တို့ ပေးတယ်။ နောက်ပြီးတော့ Facebook ပေါ်မှာလည်း တင်တယ်။ ကျနော်တို့လည်း ပြောထားတယ်လေ။ ကျနော်တို့စီက လိုချင်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ အကုန်လုံးကို လွတ်လွတ် လပ်လပ် သုံးလို့ရတယ်။ ကျနော်တို့ နာမည်ကိုပဲ Credit ပေးပြီးတော့ သုံးလို့ရတယ်။ အလကားသုံးလို့ ရတယ် ဆိုတာလည်း ကျနော်တို့ Facebook မှာ ကြည့်ဖြစ်မယ် ထင်ပါတယ်”

အခုထပ်လုပ်နေတဲ့ဟာတွေကို Facebook တင် မဟုတ်ဘဲ တခြား ဘယ်နေရာတွေမှာ သုံးဖို့ ရှိသေးလဲ။

“လောလောဆယ် ကျနော်တို့ကတော့ အခြား လုပ်ထားတဲ့ဟာတွေ ပေါ့နော်။ သုံးချင်တဲ့ ဘယ်မီဒီယာကို မဆို ကျနော်တို့က ခုချိန်မှာ လွတ်လွတ်လပ်လပ် ပေးသုံးဖို့ အားလုံးကို သဘောတူထားတယ်လေ။ အခြားမီဒီယာ တခု
အောက်မှာ လုပ်ဖို့ဆိုတဲ့ အစီအစဉ်ကတော့ လောလောဆယ်တော့ မရှိသေးဘူးပေါ့။

အခု အဖွဲ့ရပ်တည်ရေး အတွက်ကော ကူညီထောက်ပံ့တာတွေ ရှိသေးလား။

“လောလောဆယ်တော့ ကျနော်တို့ ဘယ်က အကူအညီ၊ အထောက်အပံ့မှတော့ မရှိသေးဘူးပေါ့ဗျာ။ အထဲက သတင်းထောက်တွေကလည်း လုပ်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့ လုပ်ပေးနေတဲ့ သဘောပဲ”

ဒါဆိုတော့ အဖွဲ့မှာကော အခက်အခဲမရှိဘူးလား။

“ကျနော်တို့ ငွေရေးကြေးရေး အခက်အခဲကတော့ အရင်ကထက်စာရင်တော့ အများကြီးတော့ ရှိသွားတာ တော့ အမှန်ပဲလေ။ အရင်ကလောက် ကျနော်တို့ ငွေမသုံးနိုင်တော့ဘူး။ ဒါပေမဲ့ ကျနော်တို့ တတ်နိုင် သလောက်ပေါ့ဗျာ။ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ ဆက်ပြီး လုပ်နေတာပဲ”

အခု Facebook မှာလည်း လုပ်နေတယ်ဆိုတော့ သီးခြား မီဒီယာတခု ပုံစံမျိုး လုပ်လာဖို့ ရှိလား။

“စိတ်ကူးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ကျနော်တို့ သွားဖို့ အတွက်တော့ အများကြီးတော့ စိန်ခေါ်မှုတွေ ရှိတာပေါ့။ အဲဒါတွေကိုတော့ တတ်နိုင်သလောက် ကျော်လွှားနိုင်အောင်တော့ လုပ်နေတယ်။ ဘာလို့ဆိုတော့ ကျနော်တို့ မြန်မာပြည်က လွတ်လပ်တဲ့ သတင်း အေဂျင်စီတခု အနေနဲ့ သွားဖို့ ဆိုတဲ့ဟာမျိုး စိတ်ကူးတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံးတော့ ငွေရေးကြေးရေး အပိုင်းကော၊ အခြား နည်းပညာ အပိုင်းကော၊ လူအင်အားအပိုင်းကော အကုန်လုံးကို ဖြည့်ဆည်းပြီး လုပ်ဖို့ ကြိုးစားနေတယ်။ အဲဒါက ဘယ်လောက် အတိုင်းအတာထိ ဖြစ်မလဲဆိုတာတော့ ကျနော်တို့ပေါ် မူတည်တာပေါ့နော်”

လုပ်ဖြစ်ရင်ကော ပြည်ပ အခြေစိုက်လား၊ ပြည်တွင်းအခြေစိုက်လုပ်မှာလား။

“လောလောဆယ်ကတော့ ကျနော်တို့ ပြည်တွင်းအခြေစိုက် အနေနဲ့ကတော့ မရှိပါဘူး။ မရှိပါဘူး ဆိုတာက ကျနော် တို့က အရင်တုန်းက DVB နဲ့လုပ်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ သတင်းတွေ အပြင်ကို ပို့မယ်၊ အပြင်က နေပြီးတော့မှ နိုင်ငံတကာသိအောင် လုပ်မယ်”

သီးခြား ပြောဆိုချင်တာ ရှိပါသေးလား ခင်ဗျ။

“အရင်တုန်းက လုပ်ခဲ့သလိုပဲ ဆက်ပြီးတော့လည်း တတ်နိုင်သလောက် အထဲမှာရှိတဲ့ သူငယ်ချင်းတွေ ပေါ့နော်။ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေကလည်း ကြိုးစား ပေးနေတယ်။ ကျနော်တို့ကလည်း တတ်နိုင် သလောက် ကျနော်တို့ လုပ်နေတဲ့ဟာကို၊ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ အားလုံးကို နိုင်ငံတကာ သိအောင် ထိရောက်တဲ့ နည်းလမ်းကို ရှာပြီးတော့ လုပ်နေတယ် ဆိုတဲ့ဟာကိုတော့ ပြောချင်ပါတယ်”

Ref: မဇ္ဈိမ

Read More...

အမေရိကန် အထူးသံတမန် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ

2011-10-25

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Derek Mitchell နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ နေ့လည်က ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် ဒုတိယ သံမှူးကြီးရဲ့နေအိမ်မှာ အချိန် ၁ နာရီခွဲ ကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။

ဆွေးနွေးမှုတွေကို တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ မရှိသေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က RFA ကိုပြောပါတယ်။



ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး သူဟာ မြန်မာအစိုးရနဲ့ ပြည်တွင်းရှိ မြန်မာ့နိုင်ငံရေးနဲ့ သက်ဆိုင်သူတွေအကြား တွေ့ဆုံ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် မြန်မာနိုင်ငံကို မကြာခဏ လာရောက်ဖို့ ရှိကြောင်း အမေရိကန်သံရုံးက ပြောပါတယ်။

ဒီကနေ့ စောစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် နော်ဝေဂျီယံ မြန်မာ ကော်မတီ Norwegian Burma committee မှ ပုဂ္ဂိုလ်များဖြစ်ကြတဲ့ Christian Houge (ခရစ်စရှန် ဟူးဂ်ျ) နဲ့ Lars Laegreig (လားစ် လေးဂရစ်) တို့ကို အဖွဲ့ချုပ် ရုံးခန်းမှာ တွေ့ဆုံတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးနဲ့ အဖွဲ့ချုပ်ရုံးမှာ တွေ့ခဲ့ပါတယ်။ ဖိလစ်ပိုင် သံအမတ်ကြီးဟာ အမျိုးသား ဒီမိုကရေစီ ရုံးချုပ်မှာ ခင်းကျင်း ပြသနေတဲ့ Portraits of Myanmar people ပန်းချီပြပွဲကို ကြည့်ရှုခဲ့ပြီး ငါးသိန်းတန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပန်းချီကား တစ်ကားကို ဝယ်ယူ သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေထိ ပန်းချီကား ၉ ကား၊ စုစုပေါင်း ကျပ် ၁၉ သိန်းဖိုး ရောင်းချပြီးပါပြီ။

NLD က ပြသနေတဲ့ ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ နဲ့ ပန်းချီ ပုံလေးပုံပါ art paper စက္ကူချောနဲ့ ထုတ်လုပ်တဲ့ ၂၀၁၂ ခုနှစ် ပြက္ခဒိန်ကိုလည်း ရောင်းချ နေတယ်လို့သိရပါတယ်။ ပြပွဲကို ၂၆ ရက်နေ့ မနက်ဖြန်အထိ ပြသပါလိမ့်မယ်။

ဒီအတောအတွင်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေဘေး ကယ်ဆယ်ရေး အဖွဲ့ တစ်ဖွဲ့ဟာ ပခုက္ကူမြို့မှာ အခြေချပြီး လုပ်ငန်းများ ဆောင်ရွက်မယ်လို့ ဦးအုံးကြိုင်က ပြောပါတယ်။

“ကျနော်တို့ အခု ရထားတဲ့ သတင်းတွေအရ ပေါက်မြို့နယ်နဲ့ ဆိတ်ဖြူမြို့နယ်က လူတွေ အသေအပျောက် ရှိတဲ့ အပြင် ရွာပေါင်း ၄၀ ကျော်လောက်မှာ ရေဘေး ဒုက္ခသည်ပေါင်း လေးသောင်းကျော် ရှိနေပါတယ်။ အထူးသဖြင့် အသေအပျောက် အများဆုံးက ပခုက္ကူမြို့ ဖြစ်ပါတယ်။ အထွေထွေ အတွင်းရေးမှူး လမ်းညွှန်ချက်အရ ကျနော်အပါအဝင် တခြား NLD အဖွဲ့ဝင်တွေလည်း ပခုက္ကူမှာ ရှိနေ ကြပါတယ်။ လောလောဆယ် ကယ်ဆယ် ကူညီရေး လုပ်ငန်းတွေ လုပ်နေပါတယ်”

ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စေတနာရှင် ပြည်သူတွေ အနေနဲ့ NLD ဌာနချုပ် လူမှု အထောက်အကူပြု အဖွဲ့ထံ အစားအစာ၊ ဆေးဝါး နဲ့ ငွေကြေးများ လာရောက် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင် ဦးအုံးကြိုင်ဟာ ဒီကနေ့ ညနေမှာပဲ လုပ်ငန်းများ လုပ်ဆောင်ဖို့ ပခုက္ကူမြို့ကို ထွက်ခွာသွားပါပြီ။

Ref: RFA News

Read More...

လိုင်စင်ပြန်ရရေး လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြရန် ရှေ့နေများစီစဉ်

ကိုဝိုင်း
အင်္ဂါနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အသက်မွေးဝမ်းကျောင်း လိုင်စင် များ ပိတ်ပင် ခံထားရသည့် ဆရာဝန်များနှင့် ရှေ့နေများ ပါဝင်သော အစုအဖွဲ့မှ အစိုးရ၏ မကြာခင်က ဖွဲ့စည်း လိုက်သော အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ကို တိုင်ကြားပြီး လိုင်စင်ပြန်ရရန် လျှောက်ခြင်းဖြင့် အစိုးရ၏ အပြောင်းအလဲ လုပ်နေပါသည် ဆိုခြင်းကို စမ်းသပ်ရန် ပြင်ဆင်နေကြသည်။

လိုင်စင် ရုပ်သိမ်းခံရသော ရှေ့နေ ၁၇ ဦး၊ ကျောင်းဆက်တက်ခွင့် မရသည့် ကျောင်းသား တဦး၊ လိုင်စင် ရုပ်သိမ်းခံရသည့် ဆရာဝန် တဦး တို့သည် စစ်အစိုးရ လက်ထက်တွင် ထောင်ချ ခံခဲ့ရသူများလည်း ဖြစ်သည်။

"ကျနော်တို့က အပြောင်းအလဲတခု ဖြစ်နေတယ်ဆိုတဲ့ အပေါ်မှာ စမ်းသပ်ကြည့်တာပါ။ ထူးခြားမယ် မထူးခြား ဘူး ဆိုတာတော့ အတတ် ပြောလို့ မရပါဘူး။" ဟု ကိုယ်တိုင်လည်း လိုင်စင်သိမ်းခံထားရသူ အန်အယ်ဒီ ဗဟို ဥပဒေ အထောက်ကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက မဇ္ဈိမကို ပြော သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခု စက်တင်ဘာလ ၅ ရက်နေ့တွင် အငြိမ်းစား ဝန်ထမ်း ၁၅ ဦးဖြင့် အစိုးရက ဖွဲ့စည်း ပေးထားပြီး ဦးဝင်းမြ သံအမတ်ကြီး (ငြိမ်း) နှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ် ပြောဆိုလေ့ရှိသူ ဦးကျော်တင့်ဆွေ ကုလ သံအမတ်ကြီး (ငြိမ်း)တို့ကို ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူစေခဲ့သည်။

လာမည့်လတွင် သတင်းစာ ရှင်းပွဲတခု ပြုလုပ်ပြီး လက်မှတ်ထိုး တင်သွင်းရန် စီစဉ်နေကြသည်။ လိုင်စင် ရာသက်ပန် အပိတ် ခံထားရသည့် ရှေ့နေအများစုတွင် တရားလွှတ်တော် ရှေ့နေ အများစု ပါဝင်ပြီး အထက်တန်းရှေ့နေ တဦးသာ ပါသည်။

တနိုင်ငံလုံးတွင် နိုင်ငံရေး လုပ်သဖြင့် လိုင်စင် ရုပ်သိမ်းခံရသည့် အရေအတွက် အတိအကျကို စုဆောင်းရာ တွင် နယ်ဘက် ဒေသများတွင် လက်လှမ်းမမီဘဲ ဖြစ်နေသေးကြောင်း၊ သို့သော် လက်မှတ်ထိုးမည့် အရေအတွက်မှာမူ ထပ်တိုးလာဖွယ် ရှိသည်ဟု ဦးအောင်သိန်းက ဆိုသည်။

အန်အယ်ဒီ ဒုဥက္ကဋ္ဌနှင့် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက "အန်အယ်ဒီ ဆရာဝန်တွေ၊ အခြား ဒီမိုကရေစီ ဆရာဝန်တွေရော မဟုတ်တာနဲ့ တရားစွဲ။ ပြန်လွတ်လာတော့ လိုင်စင်သိမ်း။ ကျောင်းဆရာ - ဆရာမ တွေလည်းပဲ အလုပ်ဖြုတ် ခံရတယ်။ ကျောင်းသားတွေလည်းပဲ လွတ်လာရင် ပညာသင်ချင်တာ ဆက်ပြီး မသင်ရဘူး။ လူ့အခွင့်အရေး ဆုံးရှုံးတာပဲလေ"ဟု မဇ္ဈိမကို ပြောသည်။ သူကိုယ်တိုင်လည်း ရှေ့နေ အဖြစ် အသိအမှတ်ပြုခြင်း ရုပ်သိမ်း ခံထားရကြောင်း ပြောသည်။

မူလက ရှေ့နေများ သီးသန့်သာ တောင်းဆိုရန် အစီအစဉ်ကို ဆရာဝန်၊ ကျောင်းဆရာ၊ ကျောင်းထုတ်ခံ ကျောင်းသားများ ပါဝင်စေရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သြဂုတ်လ အတွင်း အကြံပြုခဲ့ပြီးနောက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို လျှောက်ထားရန် ပြင်ဆင်ခဲ့ရာ ယခု အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တင်သွင်းရန် ထပ်မံ ပြောင်းလဲလိုက်သည်။

“ဒီတရားရုံးတွေက ဒီလိုပဲလုပ်ထားတဲ့ ကိစ္စကို တရားရုံးတွေအပေါ် သွားပြန်လျှောက်ရင် ဘာမှမထူးဘူး” ဟု ဦးအောင်သိန်းက ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီအမတ် ဒေါက်တာ မြတ်ဉာဏစိုးက ရှေ့နေနှင့် ဆရာဝန်လိုင်စင် ရုပ်သိမ်း ထားမှုကို ပြန်ခွင့်ပြု၊ မပြု မေးမြန်းခဲ့ရာ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က ရှေ့နေများကို အရေးယူရာတွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်က တရားလွှတ်တော် ရှေ့နေများ ကောင်စီ (ဘားကောင်စီ) နှင့် တိုင်ပင်၍ ဆုံးဖြတ် သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဆေးကောင်စီ၊ တရားလွှတ်တော် ရှေ့နေများ ကောင်စီနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တို့သည် တည်ဆဲ ဥပဒေများနှင့် အညီ “တရားမျှတခြင်း၊ သာတူညီမျှခြင်းနှင့် လိပ်ပြာသန့်ခြင်း” တို့ကို အခြေခံ ဆောင်ရွက် နေသည်ဟုသာ ဖြေသွားသည်။

သို့သော် အတိုက်အခံများကတော့ လက်ရှိ ဘားကောင်စီမှာ ယခင် စစ်အစိုးရ လက်ထက် ဆွဲခန့်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်၍ လွတ်လပ်မှု မရှိဟု ဝေဖန် ထားကြသည်။

စက်တင်ဘာလဆန်းတွင် ရှေ့နေလိုင်စင် ရုပ်သိမ်းခံရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းပွဲတခုပြု လုပ်ရန် စီစဉ် ခဲ့သော်လည်း ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးနေမှုကို ထိခိုက်မည် စိုးသဖြင့် အစီအစဉ် ဖျက်သိမ်းခဲ့ကြောင်း ဦးတင်ဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုချီးမြှင့်ခံရ

2011-10-25

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာ သြဇာကြီးမားတဲ့ ၀ါရှင်တန် ဒီစီမြို့တော် အခြေစိုက် Freedom House အဖွဲ့ကြီးက ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ် ချီးမြှင့်တဲ့ (Freedom Award) ခေါ် လွတ်မြောက်ရေး ဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြှင့် လိုက်တယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းဟာ နိုင်ငံတကာ အသိုင်း အ၀ိုင်း အတွက် တကယ့်ကို လေးစား စံနမူနာ ယူထိုက်တာကြောင့် လွတ်မြောက်ရေး ဆုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ရတာ ဖြစ်တယ်လို့ Freedom House အဖွဲ့ ဥက္ကဌ David Kramer က အာအက်ဖ်အေ ကို ပြောဆိုပါတယ်။

" ဒီဆုအတွက် အမည်စာရင်း ပေးသွင်းခံရသူတွေကို ကျနော်တို့ သုံးသပ်တဲ့ အခါမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် သတ္တိရှိမှု၊ ဦးဆောင်မှု အရည်အချင်း၊ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ လှုပ်ရှား ဆောင်ရွက်နေတာတွေဟာ ထင်ရှား ပေါ်လွင်နေပါတယ်။ ဒါတွေဟာ ကျနော်တို့ အတွက် မီးရှုးတန်ဆောင်လို ခွန်အား ဖြစ်စေတာကြောင့် ၀မ်းမြောက်ဝမ်းသာ တညီတညွတ်တည်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်" လို့ David Kramer က ပြောပါတယ်။

လွတ်မြောက်ရေးဆု ကို ဒီကနေ့ ကျင်းပမယ့် Freedom House အဖွဲ့ကြီး ထူထောင်ခဲ့တဲ့ အနှစ် (၇၀) မြောက် အထိမ်းအမှတ် အခမ်းအနားမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းတွေ ဖြစ်တဲ့ မယ်ဒလင် အော်ဘရိုက် (Madeleine Albright) နဲ့ ကွန်ဒို လီဇာရိုက်စ် (Condoleezza Rice) တို့က ဦးဆောင် ကျင်းပမှာ ဖြစ်ပြီး အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ် ၅၀ လောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

ပလောင်ဒေသ ဘိန်းစိုက်ပျိုးမှု နှစ်ဆနီးပါးတိုးဟု PWO ပြော

October 25, 2011

ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်ထက် နှစ်ဆနီးပါး တိုးလာသည်ဟု ပလောင် အမျိုးသမီး အစည်းအရုံး (PWO) က ပြောဆိုလိုက်သည်။

ယနေ့ထုတ်ပြန်သည့် PWO ၏ “အဆိပ်သင့်နေဆဲ” (Still Poisoned) အမည်ရှိ အစီရင်ခံစာ၌ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာတွင်၂၀၁၀ ပြည့် နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပချိန်မှစ၍ ဟက်တာ ၁၁၀၀ ကျော် ဘိန်းစိုက်ပျိုးမှု တိုးလာကြောင်း၊ လွန်ခဲ့ သည့် ၂ နှစ်တာ ကာလတွင် ၇၈ ရာခိုင်နှုန်းကျော် တိုးလာကြောင်း ဖော်ပြထားသည်။

ယင်း အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ကျင်းပသည်။

PWO ၏ ပြောရေးဆိုခွင့်ရှိသူ လွေးနွေနှောင်း(လိုည်းနွေနှောင်း)က“မနှစ်က အဆိပ်သင့် တောင်တန်း နောက်ဆက်တွဲ အဆိပ် သင့်နေဆဲ အစီရင်ခံစာကို ထုတ်ရတာက မနှစ်က အဆိပ်သင့် တောင်တန်း ဖေဖော်ဝါရီလ၂၆ ရက် နေ့ထုတ်တယ်၊၂၈ ရက်နေ့ဆိုရင်ပဲ ခလရ ၁၄၄ နမ့်ခမ်း ဒေသတ၀ိုက်က စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေကို ဘိန်းရာဇာ ပန်းဆေးကျော်မြင့်က ဘိန်း ခင်းတွေမဖျက်ဖို့ ကျပ် သိန်း ၁၀၀ လာဘ် ထိုးပေး လိုက်တယ်၊ ဒါကြောင့် ပလောင်ဒေသ နမ့်ခမ်းနဲ့ မန်တုံမှာ လုံးဝ လျော့နည်း သွားတာမရှိဘူး ဆိုတာကို PWO အနေနဲ့ မီးမောင်း ထိုးပြချင်တယ်”ဟု ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် ဒေသတွင်း ဘိန်းရောင်းဝယ်ဖောက်ကားမှုကို အာဏာရ အစိုးရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွေးချယ်ခံအမတ် တဦးလည်းဖြစ်ပြီး လက်နက်ကိုင်ပြည့်သူ့စစ်ခေါင်းဆောင် တဦးလည်း ဖြစ်သည့် ပန်းဆေး ကျော်မြင့် က ဦးဆောင် နေသည်ဟုလည်း လွေးနွေနှောင်း က ဆိုသည်။

ပန်းဆေး ကျော်မြင့်သည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းစဉ်က ၎င်းအနိုင် ရရှိခဲ့ပါက ဒေသတွင်း ရွာသားများ အနေနှင့် နောက်ထပ် ၅ နှစ် ဘိန်းစိုက်ခွင့်ပြုမည်ဟုဆိုကာ မဲဆွယ် စည်းရုံးခဲ့သည်ဟု အစီရင်ခံစာ အတွက် ကွင်းဆင်းခဲ့သည့် ကျောင်းသူ တဦးကလည်း ပြောသည်။

ပလောင်လူထု၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်သုံးစွဲမှုသည် ကျေးရွာတရွာတွင်အသက် ၁၅ နှစ်အထက် အမျိုးသား ၉၀ ရာခိုင်
နှုန်းကျော်မှာ ဘိန်းဖြူ (သို့) ဘိန်းမည်း စွဲနေသည်ကို တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့် ၂ နှစ်တာ ကာလထက်၂ ဆနီးပါး များပြားလာ ကြောင်းလည်း အစီရင်ခံစာ၌ ပါရှိသည်။

ပလောင်ဒေသခံတဦးက“ရွေးကောက်ပွဲနောက်ပိုင်း ပလောင်ဒေသမှာ ဘိန်းစိုက်ပျိုးတာနဲ့ ဘိန်းစားတဲ့လူက ပိုများ လာတယ်၊ ပန်းဆေး ကျော်မြင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုတော့ မူးယစ်ဆေးဝါးနဲ့ ရောင်းဝယ် စိုက်ပျိုးတာတွေ အတွက် သူ့မှာ လုပ်ပိုင်ခွင့်တွေ ပိုရလာတယ်”ဟု ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းစိုက်ပျိုးမှုအများစုသည် ပန်းဆေးကျော်မြင့်၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ရှိနေပြီး ၎င်း၏ ပန်းဆေး ကျေးရွာ၌ ဘိန်းစိုက်ပျိုးမြေသည် ၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီတွင် ဧက ၁၀၀၀ ခန့်ရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ ဘိန်းစိုက် ရာသီတွင် ဧက ၁၄၀၀ အထိ တိုးလာသည်ဟု အစီရင်ခံစာတွင် မှတ်တမ်းဓာတ်ပုံ မြေပုံအညွန်းများဖြင့် ဖော်ပြထားသည်။

ပလောင်ဒေသအတွင်း ဘိန်းစိုက်ပျိုး သုံးစွဲမှုများနှင့်ပတ်သက်ပြီး PWO သည် ယမန်နှစ်က “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး၂၀၀၆ ခုနှစ်၊၂၀၁၀ ပြည့်နှစ်၂၀၁၁ ခုနှစ် စသည်ဖြင့် အစီရင်ခံစာ များကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

Ref: ဧရာဝတီ

Read More...

Tuesday, October 25, 2011

ဒေါ်အောင်ဆန်းစုကြည်ကို Wallenberg ဆု ချီးမြှင့်

2011-10-25

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် Ann Arbor မြို့ မှာရှိတဲ့ နာမည်ကျော် Michigan တက္ကသိုလ်က Wallenberg ဆု ချီးမြှင့်လိုက်ပါတယ်။


လွတ်လပ်မှုနှင့် လူ့အခွင့်အရေး အတွက် ကိုယ်ကျိုးစွန့်ပြီး ဖိနှိပ်မှုကို တွန်းလှန်နေသူများကို ချီးမြှင့်သည့် Wallenberg ဂုဏ်ပြုဆု ချီးမြင့်ခံရသူများကို ဖော်ပြထားသော Michigan တက္ကသိုလ်၏ အင်တာနက် စာမျက်နှာတွင် ၂၀၁၁ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ကြောင်း ဖော်ပြထားပုံ။


ကြိုတင် ရိုက်ကူးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်ကို ဒီကနေ့ မနက် ၇ နာရီခွဲမှာ မီချီဂန် တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေ နဲ့ ဆရာ ဆရာမတွေကို ဖွင့်ပြမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ Michigan တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေ တိုက်ရိုက် အပြန်အလှန် မေးကြ ဖြေကြ ဆွေးနွေး ပြောဆိုကြမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် Wallenberg ဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုရတဲ့ အကြောင်းကိုတော့ မီချီဂန် တက္ကသိုလ်က နိုင်ငံတကာ ပညာရေးဌာန ပါမောက္ခ ဒေါက်တာ John Godfrey က "ဒေါ်စုဟာ Wallenberg ဆု ရည်ရွယ်ချက်ကို ကိုယ်စားပြုသူ ဖြစ်တဲ့ အတွက် ရွေးချယ်ခဲ့တာပါ။

Wallenberg ဆုဟာ လွတ်လပ်မှု နဲ့လူ့အခွင့်အရေးတွေ အတွက် ကိုယ်ကျိုးစွန့်ပြီး ဖိနှိပ်မှုတွေကို တွန်းလှန်နေသူကို ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ အရင်ဆု ရရှိသူတွေထဲမှာ တောင်အာဖရိက နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ ဖြစ်ကြတဲ့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး၊ ဘုန်းတော်ကြီး ဒလိုင်းလားမား အပါအ၀င် တခြားကမ္ဘာက ထင်ရှားတဲ့ ပုဂ္ဂိုလ် ၂၀ ကို ချီးမြှင့်ပေးခဲ့ပါတယ်။" လို့  ပြောဆိုခဲ့ပါတယ်။

Wallenberg ဆုဟာ မီချီဂန်တက္ကသိုလ်မှာ ဗိသုကာ ပညာဘွဲ့ ယူခဲ့သူ ဆွီဒင်နိုင်ငံသား Raoul Wallenberg ကို ဂုဏ်ပြုတဲ့ အနေနဲ့ တည်ထောင်ထားတဲ့ ဆု ဖြစ်ပါတယ်။ Raoul Wallenberg ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက ဆွီဒင်နိုင်ငံ သံမှူးအဖြစ် ဆွီဒင် အစိုးရရဲ့ တာဝန်ပေးချက်နဲ့ နာဇီ ဂျာမဏီ လက်ထဲက ဂျူးလူမျိုး သောင်းဂဏန်းကို ကယ်တင်ခဲ့သူ ဖြစ်ပါတယ်။

Ref: RFA News

Read More...

အပေါ်သို့