Thursday, October 27, 2011

ယုဇန ဆီအုန်းအလုပ်သမားအရေး ဘယ်သူဖြေရှင်းပေးမလဲ

ရန်ပိုင်
October 26, 2011

တနင်္သာရီတိုင်း ကော့သောင်းခရိုင်ရှိ ယုဇန ဆီအုန်း ကုမ္ပဏီမှ စိုက်ပျိုးရေး အလုပ်သမားများမှာ လုပ်ခလစာ ပုံမှန်မရသည့်အပြင် စာချုပ်ပါ အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက် လုပ်ငန်းကို စွန့်ခွာနေကြောင်း သတင်းရရှိသည်။

“စာချုပ်ပါအချက်တွေအရ ကော့သောင်းရုံးခွဲကို တိုင်ပေမယ့် မရတော့ အလုပ်သမား ၃၅၀ လောက် အလုပ်ခွင်က ထွက်တယ်၊
ဒါပေမယ့် သူတို့ရမယ့် လစာငွေကိုတော့ မပေးဘူး”ဟု ယုဇန ဆီအုန်းကုမ္ပဏီ၏ စိုက်ပျိုးရေးလုပ်သား ကိုမောင်မောင်စိုးက ပြော သည်။

ကျန်ရှိသည့် လစာငွေများကို ရှင်းလင်းပေးခြင်းမရှိသည့်အတွက် နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေသည့် အလုပ်သမား အများ အပြား ရှိနေကြောင်း အလုပ်သမားတဦးဖြစ်သည့် ဦးအောင်မြင့် ကလည်း ပြောဆိုသည်။


ရန်ကုန်မြို့ရှိ ယုဇနကုမ္ပဏီရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အ၀ပေးထားပြီး လုပ်အားခကိုလည်း ဖြတ်တောက်ခြင်း မရှိကြောင်း၊ လုပ်ခလစာ အပြည်အ၀မရသည့် အလုပ်သမား များ အနေဖြင့် တိတိကျကျ တိုင်ကြားမှသာလျှင် သေချာစုံစမ်း၍ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့စွပ်စွဲမှုများကြောင့် ကုမ္ပဏီ အနေ ဖြင့် နစ်နာကြောင်း တာဝန်ခံ ဒေါ်အေးမြတ်မွန်က ပြောဆိုသည်။

ယုဇနကုမ္ပဏီက စိုက်ပျိုးရေးခြံ လုပ်သားများခေါ်ယူ စာချုပ်ချုပ်စဉ် တနေ့လျှင် လုပ်အားခ ကျပ်၂၀၀၀ နှုန်းဖြင့် ၁၅ ရက် တကြိမ် လစာရှင်းမည်ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း အပြည့်အ၀ပေးမည်ဖြစ်ပြီး အလုပ်သမားများ၏ သား သမီးများ ပညာရေးနှင့် ပတ်သက်၍ အဆင်ပြေချောမွေ့စေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သို့သော် ဆီအုန်းခြံများမှာ ကော့သောင်းမြို့နှင့် ၁၄ မိုင်ခန့်ဝေးကွာပြီး ကျန်းမာရေးနှင့်ပတ်သက်၍ တစုံတရာဖြစ်ပေါ်လာပါက ဆေး ရုံသို့ သွားရောက်ရန် စီစဉ်ပေးခြင်းများ မရှိကြောင်း၊ ကလေးများမှာလည်း စာသင်ကျောင်းနှင့် ဝေးလံသည့်အတွက် သွား ရောက်နိုင်ခြင်း မရှိကြောင်း အလုပ်သမားများက ပြောပြသည်။

ထိုသို့ လုပ်အားခ ပုံမှန်မပေးခြင်း၊ ကျန်းမာရေးခံစားခွင့် လုံလောက်စွာ မပေးခြင်းတို့ကြောင့် ဆီအုန်းခြံ အလုပ်သမားများ ထွက် ပြေး မှု ဆက်တိုက်ဖြစ်ပေါ် နေသည်ဟုလည်း သိရှိရသည်။

ယုဇနကုမ္ပဏီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးမြင့်ပိုင် ကုမ္ပဏီဖြစ်ပြီး ကော့သောင်းမြို့နယ်အတွင်း ဆီအုန်းခြံ ၄၈ ခြံ ပိုင်ဆိုင်၍ အလုပ်သမားဦးရေ ၃၀၀၀ နီးပါးခန့် အလုပ် လုပ်နေသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့