■ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ကို နအဖတိုင်းမှူး တွေ့ဆုံ သတင်း
■ အသွင်ပြောင်းရေးကော်မတီဥက္ကဋ္ဌ တာဝေးပြေးနေချိန် တောင်ပိုင်း ၀ နှင့် ဆက်ဆံရေး ပိုမိုတင်းမာလာ သတင်း
■ လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံတွင်းကျ ထိုင်းမှ မြန်မာဘက်သို့ ကန့်ကွက်စာပေးပို့ သတင်း
■ ဒီကေဘီအေ-နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူ တပ်မဟာ (၇) တိုက်ပွဲဆက်ဖြစ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်ဝေလှုပ်ရှားမှု အရှိန်မြှင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄) နှစ်မြောက်မွေးနေ့ အစီအစဉ်များ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းများနဲ့ ဖက်စ်ပေးပို့ခြင်း လှုပ်ရှားမှု သတင်း
■ သန်းခေါင်ချိန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် သတင်း
■ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ဒေါ်အောင်ဆန်းစုကြည်အမှုပေါ်တည်၍ စဉ်းစားသွားမည် သတင်း
■ ပယ်ချခံ သက်သေ (၂) ဦးကိစ္စ တရားရုံးချုပ်အထိတက်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
■ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စီဒီအမ်အေဖုန်း တသိန်းခွဲကျော် ချပေးမည် သတင်း
■ လူထုလှုပ်ရှားမှုများကို ထိန်းရန် ကြေးစားများကို အသုံးပြု သတင်း
■ ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် လယ်သမားများ အခက်တွေ့ သတင်း
■ လေယာဉ်ပြေးလမ်းချော်မှု လေယာဉ်မှူးများ သတိပေးခံရ သတင်း
■ သီရိလင်္ကာသမ္မတ မြန်မာပြည်သို့ အလည်အပတ် သွားရောက်မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားသူကို တက္ကသိုလ်မှာ ဆုငွေထုတ် သတင်း
Read More...
Collapse...
■ ၂၀၁၀ မတိုင်မီ ကေအဲန်ယူကို အပြီးတိုက်ရန် နအဖ ညွှန်ကြား သတင်း
■ ဗိုလ်ချုပ်ရဲမြင့် စည်းရုံးရေး မှန်းချက်နှင့် နှမ်းထွက်မကိုက်၊ ပန်ဆန်းနည်းတူ မိုင်းလားအဖွဲ့ ခေါင်းခါ သတင်း
■ နယ်ခြားစောင့်ရန် ကချင်အဖွဲ့ သဘောမတူ သတင်း
■ ကေအိုင်အို နယ်ခြားစောင့်တပ်အရေး ဇူလိုင်လတွင် ဆုံးဖြတ်မည် သတင်း
■ ဒီကေဘီအေနှင့် နအဖတပ်များက ရွာသားများကို ပေါ်တာဆွဲ သတင်း
■ နယ်မြေအေးချမ်းပါက စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းဘက်မှပြော သတင်း
■ အမျိုးသားရင်ကြားစေ့ရေးနှင့် ရွေးကောက်ပွဲကို မထိခိုက်စေလိုဟု စင်္ကာပူဝန်ကြီးချုပ်ဟောင်း ပြော သတင်း
■ စင်္ကာပူဝန်ကြီးချုပ်ဟောင်း မြန်မာပြည်ခရီး စတင် သတင်း
■ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုသတင်း အပြည့်အစုံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် တွေ့ သတင်း
■ အိန္ဒိယအမတ် (၁၀၀) ကျော် ဒေါ်အောင်ဆန်းစုကြည်လွတ်ရေး တောင်းဆို သတင်း
■ နိုင်ငံရေးအကျဉ်းသားအရေး ဦးစားပေးရန် ဘန်ကီမွန်းကို တောင်းဆို သတင်း
■ အကျယ်ချုပ်မိန့် ရုပ်သိမ်းပြီးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဆက်လက်ထိန်းသိမ်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓာတ်ပုံများ ဆက်တိုက်ဖြန့်ဝေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို မဖွယ်မရာ ဓာတ်ပုံများဖြင့် သိက္ခာချသူများရှိ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား အပုပ်ချရန် ကြံစည်မှုကို စက်ဆုပ်ရွံရှာကြ သတင်း
■ မူဆယ်ကုန်သွယ်ရေးဇုန်မှတဆင့် ဂျပန်ကားများ တင်သွင်းနေ သတင်း
■ နအဖစစ်အစိုးရရဲ့ ငပွကြီးနိုင်ငံခြားရေးဝါဒ (ဆောင်းပါး)
■ ဗိုလ်ချုပ်ကြီးရွှေမန်း တရုတ်သို့ သွားရောက်ဟု သတင်းထွက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပြီးနောက် ... (ဆောင်းပါး)
Read More...
Collapse...
ဗိုလ်ထက်မင်း
၉ ဇွန် ၂၀၀၉
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အပစ်ရပ်အဖွဲ့တွေ အားလုံး အနေနဲ့ အလေးအနက်ထား စဉ်းစား ဆုံးဖြတ်ကာ နအဖအား စုပေါင်း ဆန့်ကျင်ကြဖို့ ဆက်လက် တင်ပြလိုပါတယ်။
နအဖက အဆိုပြုထားတဲ့ WE (War Establishment) ဖွဲ့စည်းပုံအရ နယ်ခြားစောင့် တပ်ရဲ့ ဖွဲ့စည်းပုံ အင်အား အရာရှိ (၁၈) ယောက်နဲ့ အခြားအဆင့် (၃၀၈) ယောက်၊ စုစုပေါင်း (၃၂၆) ယောက်ဟာ နအဖ ဖွဲ့စည်းပုံ (ကဖ၇၀စ၉၆) အရ နအဖ တပ်ရင်းတရင်း အင်အားဖြစ်တဲ့ အရာရှိ (၃၀) ယောက်နဲ့ အခြားအဆင့် (၇၈၆) ယောက်၊ စုစုပေါင်း (၈၁၆) ယောက်နဲ့ နှိုင်းယှဉ် ကြည့်လိုက်ရင် အင်အား နှစ်ဆကျော် ကွာနေပါတယ်။ ဒီလိုအင်အား ကွာဟ ထားတာဟာ ဘယ်လို သဘောလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။
နယ်ခြားစောင့်တပ်ရဲ့ တပ်ရင်းမှူးအဆင့်ဟာ ဗိုလ်မှူးသာဖြစ်ပြီး နအဖ တပ်ရင်းမှူး တယောက်ရဲ့ အဆင့်ကတော့ ဒု-ဗိုလ်မှူးကြီး ဖြစ်နေလို့ အစည်းအဝေးမှာ ယှဉ်တက်ရင်တောင် နအဖ တပ်ရင်းမှူးကို အလေးပြု အရိုအသေ ပေးပြီးမှ တက်ရောက် ရမှာ ဖြစ်လို့ အပစ်ရပ်တွေကို နှိမ့်ချထားတဲ့ သဘောလို့ မြင်မိပါတယ်။
စစ်တပ်မှာ ဒု-ဗိုလ်မှူးကြီးအဆင့်ကို very important person (VIP) အရာရှိကြီး အဆင့်လို့ သတ်မှတ် ထားပြီး Commanding Officer (CO) လို့ ခေါ်ကြပါတယ်။ ဒု-ဗိုလ်မှူးကြီး အဆင့်နဲ့ ဗိုလ်မှူးအဆင့်ဟာ ဆောင်းနေတဲ့ ဦးထုပ် ကအစ အနေအထား လုံးဝ ကွာခြားသွားကာ ဒု-ဗိုလ်မှူးကြီး ဦးထုပ်မှာ ပန်းခက်တခွေ သီးခြားထပ်မံ ထည့်ထားပါတယ်။ လေးလပတ် အစည်းအဝေး ခန်းမမှာ ထိုင်ခုံ နေရာချရင် ဒု-ဗိုလ်မှူးကြီး ထိုင်တဲ့ ထိုင်ခုံဟာ ထိပ်နားမှာရှိပြီး ဗိုလ်မှူး ထိုင်ခုံဆိုရင်တော့ နောက်နားမှာ ဖြစ်ပါတယ်။
ပိုဆိုးတာက နယ်ခြားစောင့်တပ် တတပ်ထဲမှာပဲ တပ်မှူးက ဗိုလ်မှူး၊ ဒု-တပ်မှူးကလည်း ဗိုလ်မှူး၊ နအဖရဲ့ အရာရှိကလည်း ဗိုလ်မှူးဖြစ်နေလို့ အဲဒီလို အဆင့်တူ ထားတာဟာလည်း ပြဿနာ ရှိနိုင်ပါတယ်။
အဲဒီဗိုလ်မှူး (၃) ဦးဟာ တဦးနဲ့ တဦး ရာထူးအရ ကွာခြားနေပေမယ့် အဆင့် တူနေတာကြောင့် ပြသာနာရှိပြီး ခြေရာ တိုင်းနိုင်ပါတယ်။ အုပ်ချုပ်ရာမှာလည်း ခက်ခဲနိုင်ပါတယ်။ စစ်ဆင်ရေး စနစ်မှာ အမိန့် စနစ်နဲ့ သွားလို့ ပြဿနာ မရှိသော်လည်း စစ်ရေး/စစ်ထောက်၊ အုပ်ချုပ်ရေး ကိစ္စနဲ့ စီမံခန့်ခွဲရေး ကိစ္စတွေကို စီမံ ဆောင်ရွက်ရာမှာတော့ ထိပ်တိုက် တွေ့ရမယ့် အလားအလာ ရှိပါတယ်။
နအဖဘက်က တာဝန်ယူရမယ့် ရာထူးနေရာများမှာ ဗိုလ်မှူးဆိုရင် ဌာနချုပ် တပ်ခွဲမှူး၊ ဗိုလ်ကြီးဆိုရင် တပ်ရေး ဗိုလ်ကြီးနဲ့ တပ်ထောက် ဗိုလ်ကြီး ဖြစ်နေပြန်တာမို့ နယ်ခြားစောင့် တပ်ရဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပိုင်း ဆိုင်ရာတွေကို နအဖဟာ နောက်ကွယ်က ချုပ်ကိုင်ထားပြီး ဖြစ်နေပြန်ပါတယ်။
အခြားအဆင့်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒု-အရာခံဗိုလ် (ရုံးအုပ်) နဲ့ ဒု-အရာခံဗိုလ် (တပ်ထောက်) တို့ဟာလည်း အဓိက ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ ဖိုင်တွဲများနဲ့ တပ်ရဲ့ ထမင်းအိုးကြီးကို ထိန်းချုပ် ထားပါတယ်။ ရုတ်တရက် ကြည့်ရင်တော့ တပ်ရဲ့ (လုပ်ပိုင်ခွင့်အာဏာ) Commander အားလုံးကို အပစ်ရပ်အဖွဲ့မှ အရာရှိအားလုံးက နေရာယူထား သော်လည်း အဲဒီအရာရှိတွေ ကောင်းနေတာကို ဆိုးသွားအောင်၊ အရေးယူခံရအောင် ကလောင်သွားနဲ့ ကော့နေအောင် နအဖ အရာရှိတွေနဲ့ (ရုံးအုပ်)
ဒု-အရာခံဗိုလ် တို့က မသိမသာ ဒုက္ခပေးလို့ ရပါတယ်။ တနည်းပြော ရရင် ပညာပြလို့ ရအောင် နေရာယူထားပြီး ဖြစ်ပါတယ်။
ဒု-အရာခံဗိုလ် (ရုံးအုပ်) ဆိုရင် စစ်သည်တဦးရဲ့ လစာခံစားခွင့်၊ ရာထူး တိုးမြှင့်ရေး ဆိုင်ရာ (Promotion Board)၊ သာမန်ခွင့်နဲ့ ရှောင်တခင်ခွင့် ဆိုင်ရာ ခံစားခွင့်များ၊ သင်တန်း တက်ရောက်ခွင့်၊ တပ်ပြောင်းခွင့် မှတ်ပုံတင်စာရင်း၊ နုတ်ထွက်ခွင့်၊ လုပ်သက်ကတ်နဲ့ ကိုယ်ရေးရာဇ၀င် မှတ်တမ်း စတာတွေကို ချုပ်ကိုင် ထားရပါတယ်။
ဒု-အရာခံဗိုလ် (တပ်ထောက်) ဆိုရင် သာမန်ရိက္ခာ၊ အပိုဆောင်း ရိက္ခာ၊ တိုက်ခိုက်ရေး ရိက္ခာ၊ စစ်လက်နက်ပစ္စည်း၊ စစ်ဝတ်ပစ္စည်း၊ မော်တော်ယာဉ်၊ စစ်ဆင်ရေး (ပေါ်တာ) ၀န်ထမ်း ရိက္ခာ၊ အိမ်ထောင်သည် ၀န်ထမ်း ရိက္ခာ၊ အဆောက်အဦးနဲ့ ပရိဘောဂ စတာတွေကို ကိုင်ထားရပါတယ်။
နယ်ခြားစောင့်တပ်အနေနဲ့ သတ်မှတ်ထားတဲ့ ကိုယ့်နယ်မြေ အတွင်းသာ စောင့်ရမယ် ဆိုပေမယ့် နောက်တန်း မိသားစုနှင့် မလွဲမသွေ ခွာရမယ့် နယ်မြေရှင်းလင်းရေး လှည့်ကင်းထွက်တဲ့ အခါမျိုးမှာ နောက်တန်း အိမ်ထောင်သည် လိုင်းအားလုံးနဲ့ ဂတ်ကင်း၊ လက်နက်တိုက် စတာတွေကို နအဖတပ်မှ အရာရှိ (၃) ဦးနဲ့ အခြားအဆင့်များက ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။
နအဖက အပစ်ရပ်အဖွဲ့တွေရဲ့ လစာ၊ ရိက္ခာခံစားခွင့်များကို ဖြေရှင်း ပေးသည်မှာ ရေရှည် ရပ်တည်ရေး အတွက် မှန်ကန်ကောင်းမွန်သော်လည်း လုပ်ထုံးလုပ်နည်းနဲ့ ပြဋ္ဌာန်းချက် ဥပဒေများကို တိတိကျကျ ပြဋ္ဌာန်း ပေးသင့်သလို တိုင်းရင်းသား များကလည်း ကျေညက်အောင် လေ့လာမေးမြန်း သင့်ပါတယ်။
အရေးကြီးဆုံး ပြဿနာမှာ အပစ်ရပ်အဖွဲ့များအား တပ်ရင်း အဆင့်သာ အသိအမှတ် ပြုပြီး အင်အားကြီးမားတဲ့ တပ်မဟာ ဖွဲ့စည်းခွင့်နဲ့ အထက်အရာရှိကြီးမှ စစ်ဦးစီးချုပ် အဆင့်များကိုတော့ နအဖက ဘယ်လိုနေရာမှာ ထားပေးမယ် ဆိုတာကို မရှင်းမလင်း ဖြစ်နေပါတယ်။ အင်အားကို အဆမတန် လျှော့ချပြီးမှ ဖွဲ့စည်းခွင့် ပြုတာဟာလည်း နိုင့်ထက်စီးနင်း ဖြိုခွင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။
နယ်ခြားစောင့်တပ်တွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ထဲသို့ သွတ်သွင်းမယ် ဆိုရင် မူလကတည်း က အပစ်ရပ် ခေါင်းဆောင်တွေက ၀င်ရောက် စွက်ဖက်ခွင့် မရှိတာကြောင့် အပစ်ရပ် ရဲဘော် တိုင်းရင်းသားတွေ အနေနဲ့ အဖေနှစ်ယောက် ပေါ်လာပြီး ကြားညှပ် ကြရမယ့် အရေး မြင်ယောင် မိပါသေးတယ်။
ဆိုလိုတာက အပစ်ရပ်အဖွဲ့တွေမှာ အောက်ခြေအပိုင်းကိုသာ အင်အား အဆမတန် လျှော့ယူပြီး အထက်ပိုင်းကိုတော့ တပ်ကို မကွပ်ကဲခိုင်းတော့ဘဲ အရပ်ဝတ် လဲခိုင်းကာ ရွေးကောက်ပွဲကို ဇွတ်အတင်း ၀င်ခိုင်းမယ့် သဘော ဖြစ်နေပြန် ပါတယ်။
ဒီလိုဆိုရင် အပစ်ရပ်တပ်တွေရဲ့ ခေါင်းနဲ့ ကိုယ်ထည်ကို ထက်ခြမ်း ခွဲပစ်လိုက်သလို ဖြစ်နေတာမို့ အထူး သတိပြုသင့် ပါတယ်။ ကိုယ်ထည်ကိုလည်း လှုပ်လို့မရအောင် နောက်ကွယ်မှ ထောက်ထားနိုင်အောင် နအဖစစ်တပ်က ကိုင်ထားတဲ့သဘော တွေ့ရပါတယ်။
အပစ်ရပ်တပ်တွေကို နယ်ခြားစောင့်တပ်လို့ ခေါ်ဝေါ်သုံးစွဲပုံ ကလည်း ကျဉ်းမြောင်းလှပြီး စကားစု ဝေါဟာရ အဓိပ္ပာယ် အရ နယ်စပ်မှာပဲ ထားပြီး ပြည်မသို့ ပေးမ၀င်တဲ့ သဘောဖြစ်ပါတယ်။ ပြည်မသို့ ပေးမ၀င်ရင် ကိုယ့်တိုင်းရင်းသားတွေ အရေးကို ဘယ်လို ဆောင်ရွက် နိုင်တော့မလဲဆိုတာ တိုင်းရင်းသားတွေ အနေနဲ့ လုံးဝ သဘောပေါက်ဖို့ လိုပါတယ်။
ပြည်မနဲ့ ဆက်စပ်နေတဲ့ အပစ်ရပ်တပ်တွေကို ပြန်လည် နေရာချထားမယ် ဆိုလို့ ပြည်မနဲ့ ကပ်လျက် နေရာတွေမှာတော့ အခြေချခွင့် မပြုတော့ဘဲ နယ်စွန်နယ်ဖျားကို မောင်းထုတ်မယ့် သဘောမျိုးဟာ ဝေးလေ ကောင်းလေဆိုတဲ့ အဓိပ္ပာယ် ထွက်နေပြန်ပါတယ်။ နယ်ခြားစောင့်တပ်ကို အခြားဒေသသို့ စေလွှတ်ခြင်း မပြုဘဲ မိမိနယ်တွင်သာ စောင့်ရန်လို့ သတ်မှတ် ပါရှိလေရာ ချုပ်ကိုင်လိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။
တပ်ရင်းထဲမှာရှိတဲ့ ရာထူး၊ အဆင့်သတ်မှတ်မှုအတိုင်း အပစ်ရပ် ငြိမ်းအဖွဲ့တွေက သတ်မှတ်ရန် ဆိုတာဟာလည်း နအဖစစ်တပ်မှ ၀င်လာတဲ့ အခြားအဆင့် ဆရာကြီးများ (၂၇) ဦးနှင့် ပြဿနာ တက်လာနိုင်ပြီး လူမျိုးစွဲ၊ တပ်စွဲ၊ သူ့လူကိုယ့်လူ ထားရှိနေဦးမှာမို့ သဟဇာတ မဖြစ်နိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေကို အပြီးတိုင် ၀ါးမြို ဖြိုခွင်းမယ့် နအဖရဲ့ နည်းပရိယာယ်အား သိမြင်နိုင်ဖို့ အတွက် အပစ်ရပ် အဖွဲ့တွေအားလုံး ယခုတင်ပြခဲ့တဲ့ အချက်အလက်တွေကို သေသေချာချာ စဉ်းစား သုံးသပ်ကြည့်ကြဖို့ အကြံပြုလိုပါတယ်။
တဆက်တည်းမှာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ရောက်အောင် ဖော်ဆောင်ရင်း နအဖအား တောင်းဆိုတိုက်ပွဲ ၀င်သင့်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။
ဗိုလ်ထက်မင်း
Ref: ခေတ်ပြိုင်
Read More...
Collapse...
■ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အင်ဒို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲတောင်းဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေတဦး တင်သွင်းခွင့်ရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအခြေအနေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ILO ဖိအားပေး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု အခြေအမြစ်မရှိဟု ဟီလာရီကလင်တန် ပြော သတင်း
■ ရန်ကုန်မြို့လယ်တွင် လုံခြုံရေးရဲများချထား သတင်း
■ သူခိုးကလူလူဟစ်နေတာ ဘာကြောင့်လဲ (သုံးသပ်ချက်ဆောင်းပါး)
■ စစ်မျက်နှာသစ် ပြန်ဖွင့်ဖို့ လိုပြီလား (ဆောင်းပါး)
■ ဘင်္ဂလားပင်လယ်အော် MTV ခိုးကူးသူများကို လေးဖြူ ဒေါသထွက် သတင်း
■ နိုင်ငံတကာ ဖိအားပေးရန် KNU တောင်းဆို သတင်း
■ တကိုယ်တော်ဆန္ဒပြသူ ဦးဇော်ညွန့် အင်းစိန်ထောင်တွင် ရှိနေ သတင်း
■ ဗိုလ်ချုပ်မှူးကြီး၏ မြေး အလှူပွဲ သတင်းစာများ ဖော်ပြ သတင်း
■ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် အပစ်ခတ်ရပ်အဖွဲ့များအား စည်းရုံးရေးခရီး မအောင်မြင် သတင်း
■ ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်စင် ဂျာမဏီမှာ သတင်း
■ တပ်ရင်း-၃ ရွာသူကြီးထံမှ ရာမညတပ် ထပ်မံငွေတောင်းခံ သတင်း
Read More...
Collapse...
Saturday, June 6, 2009
မဟာဗျူဟာ။
စကားလုံးကား (၄)လုံးသာရှိသည်။ သို့ရာတွင် အစွမ်းထက်မှုကား မည်သည့် အရာနှင့်မျှ တုနှိုင်း မယှဉ်နိုင်။ စစ်မှုရေးရာ၊ စီးပွားရေးရာမှသည် နောက်ဆုံး လူတဦးချင်းဆီ၏ ဘ၀ တိုးတက်ရေး အထိ ပိုင်စိုးပိုင်နင်း ၀င်ရောက် နေရာယူထားသည်။ လက်နက်အားကိုး အနိုင်ကျင့်သော အာဏာရှင် အစိုးရများအား လက်နက်မဲ့ ရင်ဆိုင် အနိုင်ယူရသည့် ကာလများတွင် ယင်းစကားလုံး (၄)လုံးသည် ပို၍ တန်ဖိုးရှိလာသည်။ အသက်နှင့် ရင်းရသည့် ကစားပွဲ။ ဘ၀နှင့်ရင်းသည့် ကစားပွဲ။ စနစ်ဆိုး တခုကို ဖြိုဖျက်နိုင်ဖို့၊ သန်းပေါင်းများစွာ၏ ဘ၀ဆိုးများကို ကယ်တင်နိုင်ဖို့ ကြိုးစားရသည့်ပွဲ။ မည်သို့ဆိုစေ တနေ့မှာတော့ အာဏာရှင် စနစ် ဆိုသည်မှာ ပြိုလဲရစမြဲ။ လူထု လှုပ်ရှားမှု အောင်ပွဲများကား သမိုင်းသက်သေ ထူခဲ့ပြီ။ ယင်းအောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများထဲမှ ဆားဗီးယား လူထုလှုပ်ရှားမှု မဟာ ဗျူဟာများအား လေ့လာကြည့်ကြပါစို့။
အော့ပါ(ခေါ်) ဆားဗီးယားလူထု လှုပ်ရှားမှုသည် ရာများများစွာသော လူငယ်များမှ စတင်ကာ ထောင်ပေါင်း များစွာသော လူပေါင်း များစွာဆီသို့ ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်ကား ရှင်းသည်။ အာဏာရှင် အစိုးရအား ဖြုတ်ချရန်။ ကော်ဖီဆိုင်များ၊ ကျောင်းများတွင် လူငယ်များ စတင်စုဝေး ခဲ့ကြသည်။ လှုံ့ဆော်စာများ၊ ပိုစတာများ၊ ကြွေးကြော်ချက် စာတမ်းများအား နေရာတကာတွင် ကပ်ခဲ့ကြသည်။ လမ်းများပေါ်တွင် စုဝေး ဆန္ဒပြခဲ့ကြသည်။
အာဏာရှင်ကလဲဒီအတိုင်း မနေပါ။ အာဏာရှင်ပီသစွာ ဖိနှိပ် ချုပ်ချယ်မှုများ ပြုလုပ်သည်။ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို ဖမ်းဆီး ရိုက်နှက်သည်။ ထောက်လှမ်းရေးများ၊ သတင်းပေးများအား နေရာအနှံ့ ချထားသည်။ နိုင်ငံပိုင် သတင်းဌာနများမှ တဆင့် ဆန္ဒပြသူများအား အကြမ်းဖက်သမားများ အဖြစ် ကြေငြာသည်။
မည်သို့ဆိုစေ အမှန်တရာဆိုသည်ကား ဒီလိုညစ်ညမ်းသည့် နည်းများဖြင့် ဖုံးဖိ၍ မရစကောင်း။ လူငယ်များ၏ လှုပ်ရှားမှုဆီသို့ အလုပ်သမားနှင့် ပညာရှင်များ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။ အာဏာရှင် စနစ်အား လူထု လှုပ်ရှားမှုနည်းဖြင့် အနိုင်ယူ တိုက်ဖျက်နိုင်ခဲ့သည်။
ယင်းလူထုလှုပ်ရှားမှုအား လူငယ်များမှ စတင်ခဲ့သည်။ အော့ပါတွင် ခေါင်းဆောင်မရှိ။ လူငယ် တော်လှန်ရေးသမားများ အားလုံးသည် ခေါင်းဆောင်များပင်ဖြစ်သည်။ လှုပ်ရှားမှု တာဝန်များကို ခွဲဝေယူကြသည်။ စည်းကမ်းရှိရှိ ဆောင်ရွက်ကြသည်။ လှုပ်ရှားမှုများ လုပ်ရုံတခုတည်းနှင့် တော်လှန်ရေး အောင်ပွဲ မရနိုင်ကြောင်းကို သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ချိတ်ဆက် လှုပ်ရှားနေကြသော အုပ်စုငယ်များအားလုံး ယုံကြည်စွာ အကောင်အထည် ဖော်ရမည့် မဟာဗျူဟာများ ရှိရမည်ဟု သူတို့နားလည်ခဲ့ကြသည်။
အော့ပါ၏ မဟာဗျူဟာများမှာ အာဏာဆန်းစစ်ချက်ပေါ်တွင် အခြေခံသည်။ လူထု အဆောက်အအုံအား ပိရမစ် ပုံစံဖြင့် ဖော်ပြသည်။ ထိပ်ပိုင်းတွင်ကား အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားများ၊ ယင်းမှသည် ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်စွာ ပြုလုပ်နေသူများ (စစ်တပ်၊ရဲ၊ထောက်လှမ်းရေး)။ ယင်းမှသည် ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်သူများ (သတင်းမီဒီယာ) စသည်ဖြင့် ပါဝါသွားရာ လမ်းကြောင်းများကို အဆင့်ဆင့် ရေးဆွဲခဲ့ကြသည်။ ထိုသို့ ရေးဆွဲရင်းဖြင့် အာဏာရှင်စနစ်ကို ထောက်မပေးနေသော ဒေါက်တိုင်များ ပီပြင်စွာ ထွက်ပေါ်လာသည်။ ယင်းဒေါက်တိုင်များ ပြိုလဲမှ အာဏာရှင်စနစ် ပြိုလဲမည်။ အာဏာရှင် စနစ်ကို ဆန္ဒပြနေရုံ တခုတည်းနှင့် ပြီးမည် မဟုတ်ကြောင်း သူတို့ သုံးသပ်ခဲ့ကြသည်။
အခြားထူးခြားချက်တခုမှာ အဖွဲ့ဝင်သစ်များ ၀င်လာတိုင်း လက်ဆင့်ကမ်း သင်တန်းပေးခြင်းဖြစ်သည်။ တော်လှန်ရေးဟူသည် စည်းရုံးလှုပ်ရှားမှု၊ လက်တွဲခေါ်ယူမှု၊ လက်ဆင့်ကမ်း ပညာပေးမှုများရှိမှ အားကောင်းလာမည် ဖြစ်ကြောင်း သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။
အော့ပါ၏ မဟာဗျူဟာများတွင် မေးခွန်း(၂)ခုမှာ အဓိကကျသည်။
(၁) မည်သည့်ဒေါက်တိုင်များသည် အာဏာရှင်စနစ်အား ထောက်မ ထားသနည်း။
(၂) ယင်းဒေါက်တိုင်များ အားနည်းပြိုလဲလာစေရန် မည်သည့် နည်းဗျူဟာများဖြင့် အကောင်အထည် ဖော်မည်နည်း။
ထင်ရှားသော ဥပမာတခုမှာ အာဏာရှင်စနစ်၏ အရေးပါသော ဒေါက်တိုင် တခုဖြစ်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ဖွဲ့အား တိုက်ခိုက် ပြောဆိုခြင်းဖြင့် ရဲတပ်ဖွဲ့မှ အာဏာရှင်စနစ်အား ပိုမိုသစ္စာရှိစွာ ကာကွယ်သွားခြင်းသာ အဖြေထွက်လာနိုင်ကြောင်း လူငယ် တော်လှန်ရေး သမားများက သုံးသပ် စဉ်းစားခဲ့ကြသည်။ သူတို့ ဘာလုပ်ခဲ့ကြသနည်း။ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရသူများ၏ ဓာတ်ပုံများအား ရိုက်ယူကာ ပုံကြီးချဲ့ပြီး ဆိုင်းဘုတ်များ ပြုလုပ်ကြသည်။ ယင်းဆိုင်းဘုတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အိမ်များသို့ ချီတက်ကာ အဖြစ်အပျက်များအား ပြောပြကြသည်။ ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများရှိရာ ကျောင်းများသို့ သွား၍ အဖြစ်အပျက်များကို ပြောပြကြသည်။ တစ်နှစ်ခန့် ကြာသောအခါ တော်လှန်ရေး သမားများအား ရဲများမှ ရိုက်နှက်မှု လျော့ပါးလာသည်။ မိတ်ဆွေများ၊ အိမ်နားနီးချင်းများ၊ မိသားစုဝင်များ၏ အထင်သေးရွံရှာ စက်ဆုပ်မှုများ ဒဏ်ကို သူတို့ မခံနိုင်တော့။
ထို့အပြင် လူငယ်များသည် သူတို့အားဖြိုခွဲရန် တာဝန်ချထားသော အရပ်ဝတ် ရဲများအားလဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံကြသည်။ ဒီမိုကရေစီ အခွင့်အရေးများအား အတင့်ရဲစွာ ပြောပြကြသည်။ ယင်းနည်းဖြင့် အဆင့်မြင့်ပိုင်း အရာရှိများအထိ အောင်မြင်စွာ စည်းရုံး နိုင်ခဲ့ကြသည်။ နောက်ဆုံး တော်လှန်ရေး တစတစ ကြီးထွားလာပြီး ဘယ်လဂိတ်မြို့တော် ပါလီမန်အား လူထုတက်သိမ်းချိန်၌ လူထုအား ဖြိုခွဲရန် စေလွှတ်ခြင်းခံရသော ရဲတပ်ဖွဲ့ဝင်များသည် တာဝန် ထမ်းဆောင်ရမည့် အစား ဒီအတိုင်းပင် ထိုင်ကြည့် နေခဲ့ကြသည်။ ဒေါက်တိုင်ပြိုလဲမှုသည် အလွန်ပင် အရေးပါ အရာရောက်ပါသည်။
အော့ပါလှုပ်ရှားမှု အောင်မြင်ခဲ့ရသည့် အဓိက အကြောင်းရင်းတခုမှ ပါဝါ၏ သဘောတရားများကို ကြေညက်စွာ နားလည်ခြင်းပင်ဖြစ်သည်။ ဘားနတ်လာဖယ်ရက်တိ ဆိုသူက အာဏာရှင်စနစ် အဆောက်အအုံအား အိမ်တလုံးနှင့် ယှဉ်၍ ဥပမာပြထားသည်။ အိမ်၏ခေါင်မိုးမှာ အာဏာရှင်နှင့် သူ၏ဖိနှိပ်မှု ယန္တရားများဖြစ်ပြီး၊ အုတ်မြစ်မှာမူ လူအများ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ခေါင်မိုးပေါ်တွင် လက်နက်များ၊ အမြောက်များ မည်မျှတင်ထားစေကာမူ အုတ်မြစ်အား ဖြိုလိုက်သည်နှင့် အိမ်ပြိုသွားမည်ဟု သူကဆိုသည်။
လူထု၏ပါဝါအား Non-cooperation နည်းဖြင့် ပြန်လည် ရယူသင့်ကြောင်း အော့ပါ လူငယ်တို့ သုံးသပ်ခဲ့ကြသည်။ ယင်းအပြင် အာဏာရှင် စနစ်ကို ဖြိုချရုံတခုတည်းနှင့် ဒီမိုကရေစီစနစ်ကို အပြည့်အ၀ တည်ဆောက်ခြင်း၊ ကွဲပြား ခြားနားမှုများအား လက်ခံ သဘောပေါက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း မပြုလုပ်နိုင်ကြောင်း သူတို့ နားလည်ခဲ့ကြသည်။ သို့ဖြစ်၍ တော်လှန်ရေး မဟာဗျူဟာသည် အာဏာရှင်စနစ်ကို ဖြိုဖျက်ခြင်းနှင့်အတူ ဒီမိုကရေစီစနစ် တည်ဆောက်ခြင်း အပေါ်တွင်ပါ တပြိုင်နက်တည်း အခြေခံရမည် ဟု သူတို့ ဆုံးဖြတ်ခဲ့ကြသည်။
အော့ပါလှုပ်ရှားမှု မဟာဗျူဟာတွင် အဆင့်(၅)ဆင့်ရှိပါသည်။ ယင်းတို့မှာ-
(၁)တော်လှန်ရေးယဉ်ကျေးမှုတရပ်ဖန်တီးပြင်ဆင်ခြင်း
တော်လှန်ရေး ပြုပြင်ပြောင်းလဲမှုတရပ် ပေါ်ပေါက်လာစေရန် ယဉ်ကျေးမှု တရပ် လိုအပ်သည်။ မည်သို့သော ယဉ်ကျေးမှုမျိုးနည်း။ ပုန်ကန်တော်လှန်သော ယဉ်ကျေးမှု။
ယင်းအဆင့်တွင် အရေးကြီးဆုံးမှာ တော်လှန်ရေး အမြင်ရှိရန် ဖြစ်သည်။ တော်လှန်ရေး အမြင် ရှင်သန်နေမှသာ နေရာယူလို စိတ်များ၊ အမြင်ကွဲပြား မှုများနှင့် တော်လှန်ရေး သမားများ အကြားတွင် တခါတရံ ရှိတတ်သော အာဃာတများ ပျောက်ကွယ်ပြီး ညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
အော့ပါတွင် ရှင်းလင်းပြတ်သားသော တော်လှန်ရေး အမြင်ရှိခဲ့သည်။ နိုင်ငံအ၀ှမ်း ချိတ်ဆွဲသော ပိုစတာများတွင် “He’s Finished ” ဟု ရေးသားကြသည်၊ အားလုံး၏ အဓိကရန်သူသည် အာဏာရှင်ဖြစ်ကြောင်း လူတိုင်းနားလည်သည်၊ မည်သည်ကို တော်လှန်ရမည် ဖြစ်ကြောင်းအားလုံး သဘောပေါက်ခဲ့ကြသည်။
(၂) ခိုင်မာသော ဦးဆောင်အဖွဲ့အစည်းတရပ် တည်ဆောက်ခြင်း
တော်လှန်ရေး မာန်ဟုန်ကို မြှင့်တင်စေရန် ခိုင်မာသော နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း တရပ် လိုအပ်သည်။ ပြုပြင်ပြောင်းလဲမှု တရပ်ကို ဟိုတစု၊ ဒီတစု လုပ်ယူ၍မရ။ နိုင်ငံရေးဦးဆောင်အဖွဲ့လိုအပ်သည်။ ဤအဆင့်တွင် အရေးကြီးဆုံးမှာ အဖွဲ့ဝင်များအကြား ယုံကြည်မှု လျော့နည်းခြင်း မဖြစ်လာစေရန် သတိပြုရမည်။ တဦးနှင့်တဦး ယုံကြည်မှု လျော့နည်းလာခြင်းသည် တော်လှန်ရေး အင်အားကို လျော့ကျစေသည်၊ တော်လှန်ရေး လှုပ်ရှားမှုများသည် လှုပ်ရှားနေသူ အသိုင်းအ၀ိုင်း ကြားတွင်သာ ပျံ့နှံ့နေပါက ယင်းအသိုင်းအ၀ိုင်း ပြင်ပမှ လူသစ်များ ထပ်မံ ၀င်ရောက်လာခြင်းကို ကန့်သတ် လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
တော်လှန်ရေးအသိုင်းအ၀ိုင်း ပြင်ပမှ လူများအား တော်လှန်ရေး စည်းဝိုင်းအတွင်းသို့ မြင်သာထင်သာ မပါလျှင်ပင်၊ စိတ်ပိုင်းဆိုင်ရာ ထောက်ခံ အားပေးမှု ရှိနေစေရန် မည်သို့ စည်းရုံးမည်နည်း။ ဤအချက်မှာ အရေးကြီးလှသည်။ တော်လှန်ရေး အသိုင်းအ၀ိုင်း ပြင်ပမှ လူအများသည် အာဏာရှင် စနစ်ကို စက်ဆုပ်နေခြင်းနှင့် အတူ တော်လှန်ရေး အသိုင်းအ၀ိုင်း အပေါ်တွင်လည်း လေးစား ယုံကြည်မှု မရှိပါက လူထုတိုက်ပွဲကို အဆုံးသတ်၍ မရနိုင်ပဲ ဖြစ်တတ်သည်။ လူအများ လေးစားယုံကြည်ခံရသော ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သည့် လူအများပါဝင်သော ဦးဆောင် အဖွဲ့အစည်းတရပ် ရှိရန် လိုအပ်သည်။
(၃) ထိပ်တိုက်ရင်ဆိုင်ခြင်း
ယင်းအဆင့်မှာ လူထုများ ပူးပေါင်းပါဝင်လာမှသာ ပြုလုပ်၍ ရနိုင်သည်။ အော့ပါ ထိပ်တိုက် ရင်ဆိုင်ခြင်း မဟာဗျူဟာသည် သေးငယ်သော ဆန္ဒပြပွဲများမှ စတင်ခဲ့သည်။ ပြုလုပ်သော နေရာများမှာလဲ လူသွားလူလာ အများဆုံး နေရာများတွင်ဖြစ်ပြီး လူထုကြားသို့ အမြန်ဆုံးသတင်း ပျံ့နှံ့စေသည့် နေရာများဖြစ်သည်။
(၄) နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှု မပြုလုပ်ခြင်း (၀ါ) ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း
ယင်းအဆင့်သည် လူထုများအကြား တော်လှန်ရေးအမြင်၊ တော်လှန်ရေး အသံများ နှိုးကြား လာချိန်တွင် ဖြစ်ပေါ်ရမည်။ သပိတ်မှောက်မှုများ၊ ဆန္ဒပြမှုများဖြင့် အာဏာရှင်စနစ် ပျက်သုဉ်းရေးကို ဦးတည် လုပ်ဆောင်ခြင်းဖြစ်သည်။
(၅) စင်ပြိုင်အဖွဲ့အစည်းများ တည်ထောင်ခြင်း
ယင်းအဆင့်ဖြစ်ပေါ်လာစေရန် တော်လှန်ရေးစတင်စဉ် ကပင် ခြေကုပ် ယူရမည်။ ထိပ်တိုက် ရင်ဆိုင်စဉ် ကာလတွင် စင်ပြိုင်အဖွဲ့များ ကြီးထွားနေရန် လိုအပ်ပြီး လူထုလှုပ်ရှားမှု အရှိန်ရလာသည်နှင့် အမျှ လူ့ဘောင်သစ် တည်ဆောက်ရေး၏ အခြေခံ အဆောက်အအုံများ ဖြစ်လာရန် လိုအပ်ပေသည်။
အဆိုပါ မဟာဗျူဟာများဖြင့် ဆင်နွှဲခဲ့သော အော့ပါလှုပ်ရှားမှုသည် အောင်ပွဲကို ဆောင်ကျဉ်းပေး နိုင်ခဲ့သည်ဖြစ်ရာ အောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများ ဟုပင် ဆိုရမည်ဖြစ်ပါကြောင်း။
Ref: ခင်မမမျိုး
Read More...
Collapse...
Sunday, May 17, 2009
ဂလက်စဂိုမြို့သို့ ရောက်လာခဲ့ပြန်ချေပြီ။ ကမ္ဘာ့လှုပ်ရှားမှုနေ့ အဖြစ် နိုင်ငံတကာ ကင်ပိန်းများတွင် ပါဝင်ဖို့ ဖြစ်သည်။ လွန်ခဲ့သော စက်တင်ဘာ တော်လှန်ရေးတုန်းကလဲ တကမ္ဘာလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကို သွားသတိရမိသည်။ ဘာလိုလိုနဲ့ နှစ်တွေတောင် ကြာလာခဲ့ပြီပဲ။ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံတွေဘက်ကို နိုင်ငံရေး ချိန်ခွင်လျှာ အလေးသာစေမည့် ဖြစ်ရပ်ပေါင်းများစွာ ဆက်တိုက် ဖြစ်ပေါ် နေလျက်ရှိသည်။ ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာ တော်လှန်ရေး၊ နာဂစ်မုန်တိုင်း၊ ပြီးတော့ အခု လူထုခေါင်းဆောင် မတရားအမှုဆင် ထောင်သွင်းခံရမှု။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အစိုးရခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အများဆုံးခံရသည့် အဖြစ်အပျက်များ။ ပြည်ပ ရောက်မြန်မာများကို တ၀ုန်းဝုန်း လှုပ်ရှားမှုများ ဖြစ်စေသည့် အဖြစ်အပျက်များ။ ကောက်ရိုး မီးတောက်လို ခဏတောက်ပြီး၊ ပြန်ငြိမ်ကျသွားခြင်း မရှိစေရန်ကိုတော့ အားလုံး ဂရုစိုက်ကြဖို့ လိုအပ်သည်။ ရှေးယခင်က ကောက်ရိုးမီးတောက် ဖြစ်ခဲ့ရသည့် အဖြစ်အပျက်များမှ သင်ခန်းစာများကို ပြန်ယူကြဖို့ လိုအပ်သည်။ သို့မှသာ ကောက်ရိုး မီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ် တိုက်ပွဲဆီသို့ ဦးတည်နိုင် ပေလိမ့်မည်။
ကောက်ရိုးမီးတောက်သင်ခန်းစာများ
ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း စသည်တို့ကို ပြန်လှန် သုံးသပ် ကြည့်ပါစို့။
ဒီပဲယင်းလူသတ်ပွဲသည် ရှစ်ဆယ့်ရှစ် တော်လှန်ရေးနောက်ပိုင်းတွင် ၀ုန်းကနဲ လူအများ အာရုံကို ဆွဲယူနိုင်စွမ်း အရှိဆုံး မီးတောက်တခု ဖြစ်ခဲ့သည်။ တကမ္ဘာလုံးတွင် ဆန္ဒပြပွဲများ တရှိန်ထိုး ဖြစ်ပွားစေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများသို့ အရေးယူ ပေးပါရန် တောင်းဆိုမှုများ အများအပြား ပေါ်ပေါက်ခဲ့သည်။ ယခု ခြောက်နှစ်ကြာ ကာလရောက်တော့ ဤမျှကြီးမားလှသော လူသတ်ပွဲ၊ နိုင်ငံတော် အကြမ်းဖက်မှုပွဲကြီးသည် ဒီပဲယင်းနှစ်ပတ်လည် တနာရီကြာ ဆန္ဒပြပွဲလေးများ ဟိုတစ၊ ဒီတစ ပေါ်လာရုံလေးမျှသာ ကျန်တော့သည်။ ဘာတွေ မှားခဲ့ကြသနည်း။ လူထုခေါင်းဆောင်နှင့် လူထု ရွေးကောက် တင်မြှောက်ထားသည့် တပ်ဦးပါတီအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုကို လူထုသို့ စည်းရုံး လှုံဆော်ရန် ပျက်ကွက် ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများအပေါ် အလုံးစုံ အားကိုး ခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအားကိုးစိတ်က နိုင်ငံတကာ အဖွဲ့အစည်းများ၏ အမှန်တကယ် စွမ်းဆောင်နိုင်မှု အခြေအနေကို မသုံးသပ်တော့ပဲ၊ နိုင်ငံတကာကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသော စိတ်ကူးယဉ်မှုကို ဖြစ်စေသည်။ ထိုမှတဆင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ၀င်ရောက်သွားသည်နှင့်၊ အစိုးရ ခေါင်းဆောင်များမှ စတိတ်မင့်များ ထုတ်လိုက်သည်နှင့် ငါတို့တော့ အောင်မြင်တော့မှာပဲဆိုသော မျှော်လင့်ချက်ကြီး ပေါ်လာသည်။ ထိုစိတ်ကူးယဉ်မှုနှင့် မျှော်လင့်ချက်သည် ပြည်သူလူထု ထံသို့လည်း မီဒီယာများမှ တဆင့် ကူးစက်သွားသည်။ ထိုမှတဆင့် ပြည်တွင်းပြည်ပ ဟန်ချက်ညီ လှုပ်ရှားမှု လျော့သွား တော့သည်။ မျှော်လင့်သလို တကယ်ဖြစ်မလာသော အခါတွင်ကား မီးတောက်က မီးညွန့် ကျိုးသွားခဲ့ပြီ။
စက်တင်ဘာတော်လှန်ရေးသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ခဲ့သည်။ ပြည်ပ မီဒီယာတွေ အားလုံးမှာ သတင်း အချက်အလက်တွေ တမဟုတ်ချင်း ပျံ့နှံ့သွားသည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ ခေါင်းဆောင်များမှ ကန့်ကွက်မှုများ ရက်အနည်းငယ်အတွင်း ထွက်လာသည်။ တကမ္ဘာလုံးရှိ Grass root အဖွဲ့အစည်းများ၊ ကမ္ဘာ့ ပြည်သူလူထု ကလဲ တော်တော် အားပေးကြသည်။ မြို့ငယ်လေးများတွင် လုပ်သည့် လှုပ်ရှားမှုများတွင်ပင် လူထောင်ချီသည်။ လုံခြုံရေး ကောင်စီအထိ ရောက်သည်။ တရုတ်၊ ရုရှားက ကန့်ကွက်တော့ နိုင်ငံတကာ လှုပ်ရှားမှုအရှိန် အနည်းငယ် ကျသွားသည်။ ဂမ်ဘာရီ ၀င်သွားလိုက်တော့ အောင်တော့မယ်ဆိုသည့် မျှော်လင့်ချက်များက ထွက်လာပြန်သည်။ ယူအင်တပ်ကြီးပဲ ၀င်လာတော့မလိုလို၊ အခုပဲ အမေရိကန်နဲ့ ဗြိတိန်က ၀င်လာတော့ မလိုလို သတင်းလွှင့်ကြ ပြန်သည်။ လူထုကလဲ တကယ် ဟုတ်တော့မှာပဲလို့ စောင့်စားသည်။ ရန်သူက နိုင်ငံတကာကို ဘယ်လို လှည့်စားရမလဲဆိုတာ နောကြေနေပြီ။ ဒိုင်ယာလော့ခ် လုပ်တော့မလို ခြေလှမ်းပြလိုက်သည်။ ဘယ်လောက်ပဲခံရ၊ ခံရ ရန်သူ့ ခြေလှမ်းကို သဘော မပေါက်ကြသေး။ ထောက်ခံကြိုဆိုမှုများပင် လုပ်လိုက်ကြသေးသည်။ လှည့်စားခံရမှန်း တကယ်သိရတော့ ပွဲပြီးမီးသေ ဖြစ်နေပြီ။ ဖြစ်နိုင်ချေ မရှိသော မျှော်လင့်ချက်များ ပေးခဲ့မှုက လူထုရဲ့ စိတ်ဓာတ် တက်ကြွမှုနှင့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။
နောက်တခါ ပေါ်ထွက်လာသည်က နာဂစ်မုန်တိုင်း။ နာဂစ်မခံရသည့် ဒေသများမှ ပြည်သူများကို လှုံ့ဆော်ရေးလုပ်ပြီး၊ မုန်တိုင်းဒဏ် ခံရသည့် ပြည်သူများအား ကူညီရေးအတွက် စစ်အုပ်စုအား တောင်းဆိုသည့် လူထုအုံကြွမှု ပြုလုပ်ရန် လုပ်သည့် အဖွဲ့များက အနည်းငယ်သာ ရှိသည်။ အားလုံး ၀ုန်းဒိုင်းကျဲ လုပ်နေသည်ကတော့ အမေရိကန် ၀င်ပေးရန်၊ ယူအင်ဝင်ပေးရန် တောင်းဆိုမှု သာဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေး နားလည်သူများက ဖြစ်မည် မဟုတ်ဟု ပြောကြတော့၊ ထိုလူများကိုပင် နအဖ လူများဟု စွပ်စွဲကြပြန်သည်။ နိုင်ငံ၏ နိုင်ငံရေး ပထ၀ီဝင် အနေအထားကိုလဲ ထည့်မတွက်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ကိုင်မှုစွမ်းရည် အားနည်းချက်များကိုလဲ မစဉ်းစား၊ အဖြစ်အပျက်နှင့် လုံးဝမဆိုင်သည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ စေလွှတ်ဖို့ကိုလဲ ထည့်ပြောကြသည်။ ငြိမ်းချမ်းရေး တပ်ဖွဲ့ဆိုတာ ဘယ်လို အခြေအနေမျိုးမှာ လွှတ်ရသည် ဆိုတာကို မသိလို့တော့ ဖြစ်မည် မဟုတ်။ ရမလားဆိုပြီး၊ ထင်ရာမြင်ရာ စွတ်တင်ကြခြင်းသာ ဖြစ်သည်။ အမေရိကန် တပ်များကို မည်သို့ မည်ပုံ ကြိုဆိုရမည် များကိုပင် မြန်မာ ပြည်သူလူထုကို နည်းပေး လမ်းပြ လုပ်ကြသေးသည်။ လက်တွေ့ကျတော့ သဲထဲ ရေသွန် ဖြစ်ကုန်ခဲ့သည်။
အရေးထဲ၊ အရာထဲမှာ စစ်အုပ်စုက ဖွဲ့စည်းပုံ ထောက်ခံမဲများ လိမ်ယူသွားသည်။ နောက်ပိုင်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ပေးပါဆိုတော့ လူထုက ထောက်ခံထားလို့၊ လူထုက မလေးစားရာ ကျမှာစိုးလို့ ဆိုပြီး သူခိုးက လူပြန်ဟစ်နေသည်။ နောက်ပိုင်းမှ ဖွဲ့စည်းပုံကို ပြင်ပေးပါ တောင်းဆိုမယ့် အစား၊ ပွဲမဖြစ်ခင် ကတည်းက မပြင်ရင် လူထုက မဲလုံးဝ မပေးပဲ ကန့်ကွက်မည်ဟု အဘယ်ကြောင့် မဆိုခဲ့ကြပါသနည်း။ ရန်သူသည် မသမာသူ လူလိမ် လူညာများမှန်း အကြိမ်ကြိမ် သိပြီးသားဖြစ်ပါလျက်၊ မဲခိုးမဲလိမ်မည်ကို ထည့်မတွက်ပဲ ကန့်ကွက်မဲ ဘာကြောင့် ထည့်ခိုင်း ခဲ့ကြသနည်း။ နအဖကတော့ မှန်မှန်ကန်ကန် လုပ်မှာပဲလို့များ စိတ်ကူးယဉ်ခဲ့ ကြသလား၊ အကောင်းမြင် မျှော်လင့်ချက်လေးများကို ဒီလောက် ဆိုးဝါး ယုတ်မာသော ရန်သူအပေါ်မှာမှ ထားရှိပြီး၊ ယုံကြည်နေမှုသည် ရန်သူနှင့် မတန်ကြောင်း သဘောပေါက် သင့်ကြပြီ။ ဒီကြားထဲ ရွေးကောက်ပွဲဆိုတော့ ၀င်ရမယ်၊ ပူးသတ်ရမယ်လို့ ဆိုလာ ကြပြန်သည်။ နိုင်ငံတကာ စောင့်ကြပ်မှုလို့ ဆိုလာကြပြန်သည်။ စောင့်ကြပ် ကြည့်ရှုသည့်ကြားက မဲလိမ်သွားရင် ဘယ်လို လုပ်ကြပါမည်နည်း။ စစ်အုပ်စုက မသမာနည်း သုံးရင်လဲ နိုင်ငံတကာက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသည့် မျှော်လင့်ချက်ကို မည်မျှထိ ဆက်ဆုပ်ကိုင် ထားမည်နည်း။ လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။ မှန်ပါသည်။ အဖြစ်အပျက်နှင့် လျော်ညီသည့် အသုံး အနှုန်းများဖြစ်သော ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း၊ စစ်အုပ်စုကို ဘာလုပ်ဖို့၊ ညာလုပ်ဖို့ တိုက်တွန်းပါကြောင်း စတိတ်မင့်ပေါင်း များစွာ ထွက်လာပါလိမ့်မည်။
ယခု ကျွန်မတို့ လူထုခေါင်းဆောင်အား စစ်အုပ်စုမှ မတရား အမှုဆင် ဖမ်းဆီးထောင်ချရန် ပြုလုပ်မှုတွင်လည်း နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ စတိတ်မင့်များစွာ ထွက်လာ ခဲ့ပြီးပြီဖြစ်သည်။ တကမ္ဘာလုံးက လှုပ်ရှားမှုများကလဲ အားတိုက်အင်တိုက် ပေါ်ထွက်လာခဲ့ပြီ။ တဦးတယောက်၊ တဖွဲ့တည်း၏ ကြိုးပမ်းမှု မဟုတ်။ စုပေါင်း ကြိုးစားမှုများ၏ ရလာဒ်ဖြစ်သည်။ တခုပဲရှိသည်။ ယခင်အဖြစ်အပျက်များ တုန်းက ဖြစ်ခဲ့သလို ကောက်ရိုးမီးတောက်နဲ့ မီးညွန့် မကျိုးရန် ဘာ ဆက်လုပ်ကြမည်နည်း။
ဘာဆက်လုပ်ကြမလဲ
နိုင်ငံတကာရောက် မြန်မာများ၏ နိုင်ငံတကာ ကင်ပိန်းကို အချိန်တိုအတွင်း ၀ိုင်းဝန်း အကောင်အထည်မှု ရလာဒ်သည် အင်အားကြီးမားစွာ ထွက်ပေါ်လာခဲ့ပြီ။ စစ်အုပ်စုကို အများဆုံး အကာအကွယ် ပေးလေ့ရှိသည့် အာဆီယံကပင် ဖိအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီ။ စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သွားမလိုလို၊ ဆက်ရှိတော့မလိုလို အနေအထားမှ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ဆက်လက် ထားရှိမှု ရလာဒ်ကြီး ထွက်ပေါ်လာခဲ့ပြီ။ တနည်းဆိုလျှင် နိုင်ငံတကာ စစ်မျက်နှာ ခံတပ်ကြီးကို အတိုက်အခံများဘက်မှ သိမ်းပိုက်လိုက်နိုင်သည့် အောင်ပွဲကြီး တခုပင်ဖြစ်သည်။ ထိုမျှနှင့် ကျေနပ်နေလို့ မရ။ ခံတပ်တခု သိမ်းပြီးလျှင် အစောင့်တပ်ထားပြီး စစ်ကြောင်း ဆက်ထွက်ရသည်။ နယ်မြေရှင်းလင်းရေး လုပ်ရသည်။ နိုင်ငံတကာ စစ်မျက်နှာသည် မြန်မာ့အရေးတွင် အမြောက်တပ် သဖွယ်သာ ရှိသည်။ စစ်အာဏာရှင် ခံတပ်ကို ဆက်လက် သိမ်းပိုက်ပြီး၊ အဆုံးသတ် အောင်ပွဲခံနိုင်ဖို့ အရေးကို ဆက်လုပ်ကြရမည်။ စစ်အာဏာရှင်စနစ် ပပျောက်ရေးကို ဆက်လုပ် ကြရမည်။ အောင်ပွဲ၏ အဆုံးအဖြတ်သည် ပြည်တွင်းမှာသာ ရှိသည်။ ပြည်တွင်း စစ်မျက်နှာကို ဦးမလှည့်နိုင်မချင်း ကောက်ရိုးမီးတောက် အောင်ပွဲအဆင့်က ဆက်တက်မည် မဟုတ်။ ဒါက ပကတိ အမှန်တရားဖြစ်သည်။
နိုင်ငံတကာ ကင်ပိန်းကို ဦးဆောင်လုပ်နေသည့် အဖွဲ့များ၊ လူများနှင့် တပ်စောင့် ထားခဲ့ပြီး၊ ပြည်တွင်း စစ်မျက်နှာကို ရှေးရှုရတော့မည်။ ပြည်တွင်း စစ်မျက်နှာအတွက် လိုအပ်သော ငွေအား၊ လူအား၊ အတွေးအခေါ်၊ နည်းပညာအားများကို ဆက်လက် ပံ့ပိုးကြဖို့ လုပ်ကြရတော့မည်။ နိုင်ငံတကာ ခံတပ်ကို ပြန်သိမ်းဖို့ ကြိုးပမ်းမည့် အနီးကပ် ရန်သူများ လက်မှလည်း ကာကွယ်ကြရဦးမည်။ ရန်၊ ငါ ပြတ်ဖို့ လိုသည်။ နိုင်ငံရေးသမိုင်းတွင် အတူ လျှောက်လှမ်းခဲ့သူများနှင့် ပတ်သက်သည့် သံယောဇဉ်၊ နှောင်ကြိုးလေးတွေ ရှိကြသည်။ သို့ပေမယ့် နိုင်ငံရေး လမ်းဆုံတွင် သူ့လမ်း၊ ကိုယ့်လမ်း လျှောက်ရပြီ ဆိုရင်တော့ သံယောဇဉ်ကို စာဖွဲ့နေလို့မရ။ နှောင်ကြိုး မပြတ်ရင် သူ့လမ်းကြောင်းမှာ လိုက်သွားရုံသာ ရှိသည်။ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်ပြီးမှ သံယောဇဉ်လေး တွယ်နေလို့ မရ။ ဆုံးဖြတ်ချက်ကို ရန်သူကို သွားဆုံးဖြတ်ခိုင်းသည့် political engagement လမ်းကြောင်းရှိသည်။ မိမိတို့ဘာသာ ဆုံးဖြတ် အကောင်အထည် ဖော်ရမည့် initial democratization လမ်းကြောင်း ရှိသည်။
ပြည်တွင်းမြေပေါ်က အခြေအနေအရ နိုင်ငံရေးကစားပြီး လမ်းကြောင်း မပြတ်တာ အကြောင်း မဟုတ်။ ပြည်ပနှင့် မြေအောက်ကတော့ လမ်းကြောင်းပြတ်ရမည်။ သူ့လမ်းမှန်ရင်လဲ မှန်မည်။ ကိုယ့်လမ်းမှန်ရင်လဲ မှန်မည်။ ဒါကို မှန်သည်၊ မှားသည် ငြင်းခုံနေဖို့ မဟုတ်။ ကိုယ့်လမ်းကြောင်းနှင့် ကိုယ် မှန်မှန်ကန်ကန် မစွေမစောင်း လျှောက်ကြဖို့ ကတော့ လိုအပ်သည်။
အခု နအဖဘက်က ဆက်တက်လာနိုင်မည့် ခြေလှမ်း ဘာဖြစ်လာနိုင် သနည်း။ ၀ိုင်းဝန်းတွေးတောကြဖို့လိုပြီ။ ပကတိ အခြေအနေတွင် လူထုခေါင်းဆောင်ကို ထိန်းသိမ်းထားသည့် အမှု သွားအမှုလာ အခြေအနေများအရ
(၁) အမှုစစ်ဆေးကာလသည် အနည်းဆုံးနှစ်ပတ်မှ အများဆုံး ရှစ်ပတ်ခန့် ကြာနိုင်သည်။ (နိုင်ငံတကာ တောင်းဆိုမှုကြောင့် ဆိုပြီး အမှုပြန်ရုတ်သိမ်းရန် ဖြစ်နိုင်ချေ နည်းသည်။
(၂) ထိုရှစ်ပတ်ကာလတွင် ရွေးကောက်ပွဲ မှတ်ပုံတင် လုပ်ချင် လုပ်လာနိုင်သည်။ အန်အင်ဒီကို ရွေူးကောက်ပွဲ မှတ်ပုံတင်ရန် တွန်းအား ပေးလာနိုင်သည်။ လူထုခေါင်းဆောင်ကို ရုံးတင် အမှုစွဲဆို ထားသဖြင့် ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်မရှိဟု ဆိုလာနိုင်သည်။
(၃) ငြိမ်းအဖွဲ့များကို တွန်းအားပေးရန် ငြိမ်းမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များကို စစ်ဆင်ရေးများ အကြီးအကျယ် ဆင်နွှဲ၍ ချောက်လုံးပေးနိုင်သည်။
(၄) နာဂစ်တုန်းကကဲ့သို့ နိုင်ငံတကာ ဖိအားကြားတွင် ဆန္ဒခံယူပွဲ လုပ်သလိုမျိုး၊ ယခု အချိန်တွင်လည်း လူထုခေါင်းဆောင်ကို ထောင်သွင်း အကျဉ်းချထားပြီး၊ နိုင်ငံတကာ ဖိအားများ ကြားမှပင် ၂၀၁၀ ရွေးကောက်ပွဲကို ဆက်တွန်း သွားနိုင်သည်။
ဒီလို ခြေလှမ်းမျိုးတွေကို မည်သို့ တုန့်ပြန်မည်နည်း။ ဖြစ်လာမှ တုန့်ပြန်သည်ထက် မဖြစ်ခင်မှာ မည်သို့ ရပ်မည်နည်း။ ဒီလို အခြေအနေမျိုး ဖြစ်ချင်လဲ ဖြစ်မည်။ ဖြစ်ချင်မှလဲ ဖြစ်မည်။ တယောက်တည်း စဉ်းစားမှုတွင် ဤသို့ ထွက်လာသည်။ သောင်းနှင့် ချီသော ဦးနှောက်များ၏ စုပေါင်း တွေးတောမှုတွင်တော့ ဖြစ်နိုင်ချေနှင့် အနီးဆုံးသော အဖြေများ ဆက်ထွက်လာနိုင်သည်။ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်း အဘိဓာန် ထုတ်ရတော့ နိုင်လောက်သည့် ကမှ အ အထိ နိုင်ငံရေး အဖွဲ့အစည်းများ အားလုံး တခါလာလဲ ယူအင်၊ တခါလာလဲ အမေရိကန်၊ တခါလာလဲ ဥရောပ သမဂ္ဂ၊ တခါလာလဲ အာဆီယံ လုပ်နေမည့်အစား၊ ဆက်လက်လုပ်နိုင်သည့် အဖွဲ့အစည်း အနည်းငယ်ကိုသာ လွှဲပေးလိုက်ပြီး၊ နအဖ ခြေလှမ်း အကဲဖြတ်ခြင်း၊ တုန့်ပြန်ရန် ဗျူဟာ ရေးဆွဲရေး၊ လူထုတိုက်ပွဲ ဖော်ဆောင်ရး စသည်များကို ဦးစားပေးသင့်ကြပြီ။ နိုင်ငံတကာမှ အဖွဲ့အစည်းများမှ သူလုပ်နိုင်သည့် ဘောင်အတွင်းမှာ လုပ်ပြီးသားမို့ က မှ အ အထိ အဖွဲ့အစည်း မျိုးစုံ၏ မဲပြာပုဆိုး တောင်းဆိုချက်များကို အချိန်ကုန်ခံ ထပ်စဉ်းစားမည် မဟုတ်။ သူတို့မှာလဲ သူတို့သက်ဆိုင်ရာ အလုပ်များ ရှိသေးသည်။ အီရတ်လို နိုင်ငံတကာက ၀င်ပေးပါလို့ တောင်းဆိုဖို့ မည်သည့် နိုင်ငံတကာ ဥပေဒေကို ကိုင်စွဲ တောင်းဆိုမည်နည်း။ မတောင်းဆိုခင် အရင် လုပ်ထုံး လုပ်နည်းများကို လေ့လာသင့်ကြသည်။ ထိရောက်သော အရေးယူမှုလို့ သုံးသည်က လူကြားကောင်းသည်။ ဝေဖန်နေခြင်း မဟုတ်။ မလိုအပ်ပဲ အချိန်ဖြုန်း နေမှာစိုးလို့ဖြစ်သည်။ လုံခြုံရေးကောင်စီဟု ဆိုရအောင် ဗွီတို အာဏာရှိသည့် တရုတ်နှင့်ရုရှားကို မည်မျှအထိ စည်းရုံးပြီးကြပြီနည်း။ မစည်းရုံးရသေးပဲ မဖြစ်နိုင်သည်များကို တောင်စဉ်ရေမရ ပြောကာ ယခင် အဖြစ်အပျက်များကဲ့သို့ ပြည်သူလူထုကို မှားယွင်းသော မျှော်လင့်ချက်များ မပေးကြဖို့ တောင်းပန်လိုပါသည်။ တရုတ်နှင့် ရုရှား၏ နိုင်ငံရေး အတွေးအခေါ်က ဆန္ဒပြပွဲများကို လက်မခံသေးပါ။ ဒါကို သူတို့ သံရုံးရှေ့ သွားအော်နေတာထက် စာရင် သူတို့ထဲမှ တာဝန်ရှိသူများကို ချိန်းဆိုပြီး ၀င်ရောက်ပြောဆိုမှုကို သူတို့ဘက်က ပိုလိုက်လျောဖွယ်ရှိသည်။ သူတို့အခန်းကဏ္ဍကို မြှင့်ပြီး တွန်းအားပေးသင့်သည်။
ယခုအာဆီယံပင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စကားစလာပြီ။ အမျိုးသား ပြန်လည် သင့်မြတ်ရေး မရှိပဲ ၊ လူထုခေါင်းဆောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ မလွှတ်ပဲ ပြုလုပ်သည့် ရွေးကောက်ပွဲသည် တရားဝင်မှု မရှိဆိုသော ထိုအချက်ကို တကမ္ဘာလုံးမှ ထုတ်ပြောလာရန် အရှိန် မြှင့်ကြရမည်။ ယခုအောင်ပွဲလောက်ကို ကျေနပ် မနေကြနှင့်။ အချိန်မရွေး သွေးပြန်အေး သွားနိုင်သည်ကို သတိပြုရမည်။ ယူအင် ၀င်ပါ ဆိုတာထက် ထိုလမ်းကြောင်းကို အရှိန် မြှင့်သည်က နအဖ ခြေလှမ်းကို ပိုမိုရိုက်ချိုးဖို့အသုံးဝင်သည်။ တပြိုင်နက်တည်းမှာပင် ပြည်တွင်း လူထုကို ဒီပွဲကတော့ ကိုယ့်ဘာသာကိုယ် လုပ်မှရမည်။ နိုင်ငံတကာကိုပဲ အားကိုးလို့ မရဟူသော အခြေအနေ မှန်ကို တင်ပြဖို့ လိုလာပြီ။ ပြည်တွင်း စစ်မျက်နှာကို ဆက်တိုက် အရှိန်မြှင့်ရတော့မည်။ မျှော်လင့်ချက်မှားများ မပေးလျှင် လူထုက သူဘာလုပ်ရမည်ကို သူ့ဘာသာ သူသိသည်။
ရှစ်ဆယ့်ရှစ်တုန်းက ယခုလောက် နိုင်ငံတကာ အာရုံစိုက် မခံခဲ့ရပါ။ က မှ အ အထိ အက္ခရာစုံ နိုင်ငံရေး အဖွဲ့အစည်းများလဲ မပေါ်ပေါက်ခဲ့သေးပါ။ သို့ပေမယ့် ပြည်သူလူထုသည် နေ၀င်း၏ အာဏာရှင် စနစ်ကို ဖြိုနိုင်ခဲ့ကြပါသည်။ ထိုအခြေအနေများနှင့် စာလျှင် ယခု စစ်အုပ်စု လက်ထက်တွင် လူထုအား ဖိနှိပ်ခံရမှုက ထိုစဉ်ကထက် ပိုများပါသည်။ စိတ်ဓာတ်သာ ရှိမည်ဆိုလျှင် ယခင်ကထက် ငွေအား တောင့်တင်းမှုကို ကျားကန်ပေးနိုင်သော နိုင်ငံတကာရောက် စီးပွားရေး ပြေလည်သူ မြန်မာများကလဲ ပေါ်ခဲ့ပြီ။ နိုင်ငံတကာ အာရုံစိုက် ခံရမှုကလဲ ကြီးထွားနေခဲ့ပြီ။ နည်းပညာ၊ အတွေးအခေါ် ပံ့ပိုးနိုင်မှုအားကလဲ ကြီးမားလာခဲ့ပြီ။ တခုပဲ ဆုတ်ယုတ်နေတာ ရှိသည်။ အချက်အလက် အပေါ်တွင် အခြေပြုသည့် စဉ်းစားတွေးခေါ်မှုကို ဦးစားမပေးပဲ စိတ်ကူးယဉ် ဖြစ်နိုင်ချေများက လွှမ်းမိုးမှု၊ နိုင်ငံတကာ အပေါ်တွင် ကြီးမားလှစွာသော မျှော်လင့်ချက်ကြီးများ ထားရှိမှု၊ သူဘာလဲ၊ ငါဘာလဲနှင့် ပြိုင်ဆိုင်မှု၊ မိမိတို့ အဖွဲ့အစည်းကိုသာ အာရုံစိုက်မြှင့်တင်မှု စသည်တို့ကြောင့် ဖြစ်သည်။
နိဂုံး
လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်မြင်ယောင် ကြည့်လိုက်ကြပါ။ ဒီတုန်းက ယခု အဖွဲ့အစည်းများမှာ ပါဝင်နေသူများ အားလုံးသည် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း ကျောင်းသားလေးများ ဖြစ်ပြီး၊ အပျံသင်စ ငှက်ငယ်လေးများ ဖြစ်ခဲ့ပေမယ့် ထိုကျောင်းသားလေးများရဲ့ ရှေ့ဆုံးမှ ဦးဆောင်ချီတက်မှု လူထု စစ်ကြောင်းများနောက်မှာ ထောင်နဲ့ချီသော လူထုကြီးက စုပေါင်း ညီညွတ်စွာ လိုက်လံ ပါဝင်ခဲ့ကြပါသည်။ ကျောင်းသားငယ်လေးများ၏ ကြွေးကြော်သံ တိုင်တည်ပေးမှုများ နောက်မှာ တညီတညွတ်တည်း သံပြိုင် ဟစ်ခဲ့ကြပါသည်။ ထိုစဉ်က လူထုကြီး ပေးအပ်ခဲ့သည့် ယုံကြည်မှု၊ မျှော်လင့်ချက်များကို ယခုအချိန်ထိ ကျွန်မတို့ ပြည့်မှီအောင် မလုပ်နိုင်ခဲ့သေးပါ။ ကျဆုံးခဲ့သူများရဲ့ ပေးဆပ်မှု၊ တာဝန် လွှဲပေးခဲ့မှုများကို တာဝန်ကျေအောင် ကျွန်မတို့ မထမ်းဆောင် ကြရသေးပါ။
သို့ပါ၍ အဖွဲ့အစည်းစွဲ စိတ်ဓာတ်တွေကို ဖယ်ရှားကြပါစို့။ အပြိုင်အဆိုင် စိတ်များ၊ ဂဏန်းကောင်များလို တဖွဲ့နဲ့ တဖွဲ့၊ တယောက်နဲ့ တယောက် ဆွဲချနေကြသော အပြုအမူများကို ဖယ်ရှားကြပါစို့။ ဖြစ်နိုင်ချေနည်းသော စိတ်ကူးယဉ်မှုများ၏ လွှမ်းမိုးမှု၊ နိုင်ငံတကာ အပေါ်တွင် ကြီးမားလှစွာသော အားကိုးမှုများ၏ ဘောင်ခတ်မှုများကနေ ရုန်းထွက်ပြီး အချက်အလက် အပေါ်တွင် အခြေတည်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြပါစို့။ တဦးတယောက်က အဆိုပြုလာမှုများကို သူကဘာလဲ၊ ငါကဘာလဲ လိုက်မေးမယ့် အစား၊ ပြောသူထက် အချက်အလက်ပေါ်မှာ စဉ်းစားမှုကို အာရုံစိုက်ကြပါစို့။ မြေပေါ်မြေအောက် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ကြပါစို့။ မြေအောက်နဲ့ မီဒီယာကို မရောထွေးပဲ တည်ဆောက်မှုပိုင်းကို အလေးထားကြပါစို့။ သံယောဇဉ်တွေ၊ မိတ်ဆွေတွေ ဆိုတာထက် နိုင်ငံရေး ရပ်တည်ချက်ကိုသာ အာရုံစိုက်ပြီး ရန်၊ ငါ ပြတ်ကြပါစို့။ လူထုနဲ့ တော်လှန်ရေးကို တသားတည်း ဖြစ်စေရေးအတွက် ကျရာနေရာမှ ပါဝင် ဆောင်ရွက်ကြရင်း......
ကောက်ရိုးမီး တိုက်ပွဲမှသည် မီးကုန်ယမ်းကုန် အဆုံးသတ် တိုက်ပွဲဆီသို့ ဦးတည်ကြပါစို့။
Ref: ခင်မမမျိုး
Read More...
Collapse...
■ တက္ကသိုလ်ဝင်တန်း အောင်စာရင်း အချိန်စောပြီး ထုတ်ပြန်၊ ဂုဏ်ထူးနှင့် အောင်သူ အလွန်များပြား သတင်း
■ ဗီယက်နမ်တက္ကသိုလ် မြန်မာ့ပညာရေးဈေးကွက်ထဲ ဝင်ရောက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် တရားရုံးထုတ်တွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူများ အခြေအနေ သတင်း
■ ကသည်းသူပုန်များနေအိမ်မှ ပေါက်ကွဲမှုကြောင့် တမူးမြို့တွင် မီးလောင်မှုဖြစ် သတင်း
■ ဆယ်တန်းအောင်စာရင်းထွက်၍ ပျော်သူပျော်၊ စိတ်ညစ်သူညစ်ရ သတင်း
■ အဓမ္မခိုင်းစေခံရတဲ့ ကလေးစစ်သား အိမ်ပြန်ခွင့်မရ သတင်း
■ ထွက်ပြေးနေကြရတဲ့ ကရင်လူမျိုးများသတင်း အပါအ၀င် သတင်းမှတ်စု သတင်း
■ ကာလကတ္တားထောင်ထဲရှိ ရဲဘော် (၃၄) ဦးအမှုကို ဇွန်လ (၂၂) ရက်နေ့တွင် ကြားနာစစ်ဆေးမည် သတင်း
■ မောင်တောမြို့နယ်တွင် မီးသတ်တပ်ရင်း (၂) ရင်း ဖွဲ့စည်းမည် သတင်း
■ ဓာတ်အားလိုင်းတိုင်များကြောင့် ဒေသခံများ ပျိုးပင်ပျက်စီးပြီး စိုက်ပျိုးရန်အခက်တွေ့ သတင်း
■ FEC ၅၀ တန် တခါသုံး ဖုန်းကတ်များ ဝယ်သူနည်းပါး သတင်း
■ NLD အဖွဲ့ ခေါ်ယူသတိပေးခံရ သတင်း
■ ယမန်နှစ်ကထက် မြေသြဇာဈေးကျသော်လည်း ဝယ်သူနည်းပါး သတင်း
■ တရုတ် ကွန်မြူနစ် လက်စေခံ အတ္တ၀ါဒီ စစ်အာဏာရှင်ကြီးများ ဆောင်းပါး
■ ကြောက်စိတ်ကို ဖုံးဖို့ကြိုးစားမိတဲ့ ငါ့နောင်တဆောင်းပါး
■ တပ်မတော် ဂုဏ်ရောင် ထွန်းပြောင်စေလို ဆောင်းပါး
Read More...
Collapse...
၇၊ ၀၆၊ ၀၉
တပ်ကြပ်ကြီးဟောင်းတဦး။ ။
ကျနော်က တပ်မတော်ထဲမှာ သူခိုးအလုပ် မလုပ်ချင်လို့ တပ်က ထွက် ပြီး စင်္ကာပူမှာ ကိုယ်တတ်တဲ့ ပညာ ကိုသုံးပြီး သမ္မာအာဇီဝ အလုပ်ကို လုပ်နေတဲ့ သူတယောက်ပါ။ ကျနော် ဒီရောက်နေတာ ၂ နှစ် နီးပါး ရှိ ပြီ။ TV လည်း ကြည့် ဖြစ်ပါရဲ့။ ဒါပေမယ့် စင်္ကာပူ ၀န်ကြီးချုပ်တို့၊ ၀န်ကြီး တို့ကို မမြင်ဖူးသေးဘူး။
ကျနာ် က အစိုးရ project တစ်ခုဖြစ်တဲ့ MRT ဘူတာ ဆောက်လုပ်ရေးမှာ လုပ်တာပါ။ ပြီးခဲ့တဲ့လက ဖွင့်ပွဲ လုပ်သွားတယ်။ ၀န်ကြီးက အဲဒီတစ်ခေါက်ပဲ လာသွားတယ်။ ဘယ်သူ ၀န်ကြီးမှန်း မသိလိုက်ဘူး။ မြန်မာ ပြည်လို ကော်ဇောတွေ၊ ထီးမိုး တွေလည်း မပါဘူးလေ။ ကျွန်တော်ကဖြင့် အဲလိုအဆောင်အယောင်တွေကို လိုက်ရှာနေတာ။ ၀န်ကြီးကို မြင်ဖူးချင်လို့။ ဒါနဲ့ Singaporian တွေကို မေးကြည့်လိုက်တော့ သူတို့က ဘာ ပြောလဲဆိုတော့ ၀န်ကြီးဆိုတာက ရုပ်ရှင်မင်းသားမှ မဟုတ်တာတဲ့။ ကျနော်တို့ နိုင်ငံမှာတော့ ဒီသောက် အကျိုးမပေးတဲ့ အကောင်တွေကို မမြင်ချင်၊ မတွေ့ချင်အဆုံးပဲ။ ကျနော်တို့လူမျိုးတမျိုးလုံး ၀ဋ်ခံ နေရ တယ်ဗျာ။
ဗိုလ်ကြီးဟောင်းတဦး။ ။
ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ ညီ ဦးအောင်မြင့်ဆိုတာ ပဲနွယ်ကုန်းမြို့ပေါ်မှာ ရှိပါတယ်။ ဗိုလ်ရွှေမန်းရဲ့ မိခင် လည်း အဲဒီမြို့မှာပဲ လုံခြုံရေးအစောင့်အရှောက်တွေနဲ့ နေပါတယ်။ ဗိုလ်ရွှေမန်းရဲ့ ညီဖြစ်တာနဲ့တင် ဒေသခံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ကြောက်ရွံ့လေးစား ရပါတယ်။ ဗိုက်ကြီးအောင်မြင့်လို့ အဲဒီဒေသခံ တွေအကြား သိသူများပါတယ်။ အင်မတန် ဗိုက်ပူ ၀ဖြိုးပြီး ရိုင်းစိုင်းရက်စက်စွာနဲ့ တပည့်လူမိုက်တွေ အများ ကြီး မွေးပြီး အင်မတန် စီးပွားရေး သောင်းကျန်းသူဖြစ်ပါတယ်။ ဥပဒေ အထက် မှာ နေပြီး မတရားတာ မှန်သမျှ အကုန်လုပ်သူဖြစ်လို့ လူမုန်းများပါတယ်။ ပဲနွယ်ကုန်း တမြို့လုံးက သတ်ချင်နေတဲ့ ဗိုက်ကြီး အောင်မြင့်ရဲ့ ငွေကြေး ချမ်းသာချက်ကတော့ ပြောမကုန်ပါ။ မဆလ ခေတ်က ဆောက်လုပ်ခဲ့တဲ့ ပြည်သူပိုင် စပါးလှောင် ဂိုဒေါင်ကြီးတွေဟာ အခုချိန်မှာတော့ ဗိုက်ကြီးအောင်မြင့် လက်ဝယ်ကို ရောက်ရှိပြီး နယ်က ထွက်တဲ့ စပါးအများစုကို သူသာလျှင် ပိုင်ဆိုင် သိုလှောင်နိုင်သူ ဖြစ်လာပါတော့တယ်။
ပဲနွယ်ကုန်းမြို့လမ်းမပေါ်မှာ လက်ညှိုးထိုး မလွဲတဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်မှုတွေ သယ်ပို့လုပ်ငန်းတွေ လုပ် ကိုင်နေပါတယ်။ သစ်ခိုးထုတ်တဲ့ လုပ်ငန်းကို သူ့နာမည်နဲ့ ထင်သလို ခုတ်လှဲခဲ့တာကြောင့်လည်း အနောက် ပိုင်း ရိုးမတကြော တောင်ကတုံးဖြစ်ခဲ့ရတာပါ။ ရွှေမန်းရဲ့ အဖေဖြစ်သူဟာလည်း လူမိုက်ကြီးတဦး လက်ရဲ ဇက်ရဲရှိတဲ့ လူသတ်သမား တဦးဖြစ်တယ်လို့ ဒေသခံသက်ကြီးပိုင်း အဆိုအရ သိရပါတယ်။ ဒီတော့ လူမိုက် ဥာဏ်မဲ့ ကိုယ်ကျိုးရှာ မျိုးရိုးကနေ ဆင်းသက်လာပြီး အာဏာရလာတဲ့ မန်းမျိုးဆက်တွေဟာ ဒီနေ့လို စစ် အာဏာရှင် ဖက်ဆစ် ပဒေသရာဇစ် စနစ် ခေတ်ကောင်းနေခိုက်မှာ တော့ ထင်ရာစိုင်း ရိုင်းစိုင်း ယုတ်မာခွင့် ရနေအုန်းမှာ ဖြစ်ပါတယ်။ ဆက်လက် ယုတ်မာနေအုံးမှာ ဖြစ်တယ်။
အခု လောလောဆည်ဆည် စစ်ဘက်က ခင်းကျင်းနေတဲ့ နိုင်ငံရေး ခင်းကျင်းနေပုံကို သုံးသပ်ရရင် တိုးနိုင် မန်းလို လူမျိုးတွေ ဟာ ဖခင်တွေရဲ့ ကြိုးကိုင်မှုနဲ့ နိုင်ငံရေး အာဏာကို တဖက်လှည့် ရယူအုံးမယ့် အခြေ အနေ ဖြစ်ပါတယ်။ ဒီတော့ တပ်တွင်းက ညီနောင် အရာရှိစစ်သည်တွေ အမြင်မှန်ဖို့လိုပါတယ်။ စစ်ရေး သုံးသပ်ချက် တွက်ချက်တတ်ဖို့ လိုပါတယ်။
မကြာမတင် အတွင်း ပြည်သူလူထုနဲ့ မိမိတို့ စစ်သားဘ၀ နိုင်ငံ့လက်တွေ့ဘ၀ကို ခံစားသိမြင်တဲ့ မျိုးချစ်စစ် သားတွေရဲ့ စစ်ရေးအမြင်နဲ့ အာဏာရှင် စနစ်ဖယ်ရှားရေး လုပ်ဆောင်ချက်တွေ စတင်ဖို့လိုပြီ။ ကျနော်တို့လို အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်က နှုတ်ထွက် လာခဲ့တဲ့ စစ်သားဟောင်းတွေ ပြည်တွင်းမှာ အဆင် သင့်ရှိနေပါတယ်။ ပြည်သူလူထုနဲ့ တတန်းတစား ထဲ နေထိုင်နေတဲ့ ကျနော်တို့ စစ်မှုထမ်းဟောင်းတွေ ပြည် သူ့ဆန္ဒကို အနီးစပ်ဆုံး သိရှိကြပါတယ်။ ရေပျက် မီးမမှန် အာဏာပိုင်တွေ နှိပ်စက်မှုကို လူးလှိမ့်ခံနေရတဲ့ အင်မတန် ဆင်းရဲသူ မြန်မာပြည်သူလူထုကြီးဟာ လက်ရှိ စစ်တပ်တွင်းက မျိုးချစ်စစ်သားတွေရဲ့ ဖေါက် ထွက်လာမှုကို မျှော်လင့်ကြိုဆိုနေကြပါတယ်။
ဂျူနီယာဗိုလ်ကြီးတဦး။ ။
ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျွန်တော်တို့လည်း သမိုင်းကြွေးကို ဆပ်ဖို့ အဆင်သင့်ပါပဲ။ တပ်မတော်ကို ချစ်လို့ဝင်ခဲ့တယ်။ ကျွန်တော်တို့ချစ်မြတ်နိုးတဲ့ တပ်မတော်ကို ခုတုံးလုပ်ပြီး အမြတ်ထုတ်နေတဲ့ အသက် ၆၀ ကျော် ပင်စင်မေ့ တွေကို ပြတ်ပြတ်သားသားတော်လှန်ဖို့အချိန်ပါပဲ။အခု တပ်မတော်အတွင်းမှာလည်း ဒီလို ငါ့ဘို့သမားတွေကို စက်ဆုတ်နေတဲ့ အရာရှိ၊ စစ်သည်တွေအများကြီးရှိပါတယ်။
ဗိုလ်ချူပ်မှူးကြီးသန်းရွှေဓါတ်ပုံကို ရုံးခန်းမှာမချိတ်ဘဲ အိမ်သာထဲမှာချိတ်တဲ့ တပ်ရင်းမှူး ၊ နေ့စဉ် ဒီမအေ -ိုး မြန်မြန်သေမှ အေးမယ် ဆိုတဲ့ ဆဲဆိုနေတဲ့ တပ်ရင်းမှူးကြီးတွေ အများကြီးရှိပါတယ်။ တပ်ချူပ်ကြီးက ရောက် လေရာဒေသမှာ မုန့်လင်မယားစားချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကို မဆောင်ရွက်ပေးနိုင်လို့ ဘ၀ပျက်သွား ကြရတဲ့ စီနီယာကြီးတွေလဲ အခုဆို ဓားသွေးလို့ အခွင့်ကောင်းကိုစောင့်နေကြပါတယ်။
ရုရှရောက်စစ်ဗိုလ်တဦး။ ။
အဲဒါထက် ပိုဆိုးတဲ့ အခွင့်ထူးခံ လူတန်းစား တွေမြန်မာပြည် မှာတင်မဟုတ်ဘူး ။ RU အထိ မှာတောင် ခံစားနေကြတဲ့ စစ်အာဏာရှင်တွေရဲ့ သားသမီး လူတန်းစား တစ်စုတွေ ရှိနေတယ်။
စစ်ဆေးတက္ကသိုလ်ဆင်းအရာရှိတဦး။ ။
မှန်ပါတယ်။ တိုးနိုင်မန်းလို ဗိုလ်လောင်းနောက်တစ်ကောင် ကျန်ပါသေးတယ်။ သူကတော့ တပ်မတော် ဆေးတက္ကသိုလ် အပတ်စဉ်(၁၀)ကမနစ်က သင်တန်းဆင်းသွားတဲ့ ကောင်းကျော်ဆွေပဲ ဖြစ်ပါတယ်။ ဒုချုပ် မောင်အေးရဲ့တူ ဗိုလ်ချုပ်မောင်မောင်ဆွေရဲ့သားပါ။သူရတဲ့အခွင့်အရေးက ဗိုလ်လောင်းထက်မကပါဘူး။ သင်တန်းမှာ မာခ့်တူးကားစီးပီးတတ်တယ်။ဘယ်လောက်အထိလဲဆိုရင် သူတို့အပတ်စဉ်က ဗိုလ်လောင်းတွေ က စာမေးပွဲရှိလို့ စာကျက်ရင် ကောင်းကျော်ဆွေ ကျက်တာလိုက်ကျက်ရပါတယ်။ဆေးရုံမှာ ဟောက်စ် ဆာ ဂျင်ဆင်းတော့လဲ အမှတ်(၂)ဆေးရုံလိုတင်းကျပ်တဲ့နေရာမှာတောင် သူ့ရည်းစားရေဗက္ကာဝင်းနဲ့ ၀င်ချင်တိုင်း ၀င် ထွက်ချင်တိုင်းထွက်နေတယ်။ကျောင်းဆင်းတော့လဲ လေ့ကျင့်ရေးတခါမှမလုပ်တဲ့သူက လေ့ကျင့်ရေးထူး ချွန်ဆုနဲ့ ကျောင်းဆင်းတယ်။ ဒါတောင်အောင်စစ်သည်ပေးချင်တာ ဆုရသွားတဲ့ဗိုလ်လောင်းက တော်တော် ထူးချွန်လို့ ဘယ်လိုမှကျော်ပေးလို့မရလို့သာ လေ့ကျင့်ရေးထူးချွန်ဆုနဲ့ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။
တပ်မတော်ကျောင်းတွေမှာ ဒီလို မဟာဝင်တွေ သာကီဝင်တွေလိုကောင်တွေပါနေတာ အင်မတန်အသဲနာ စရာကောင်းပါတယ်။ဒီကောင်တွေက သူတို့ဖခင်တွေအရှိန်အ၀ါတွေနဲ့ထင်တိုင်းကျဲနေတာ လုပ်ချင်တိုင်း လုပ် နေတာတွေဟာ ကျန်တဲ့ဗိုလ်လောင်းတွေ အင်မတန်နစ်နာပါတယ်။မဟာဝင် သာကီဝင်လို့နာမည်တပ်နေတဲ့ ဒီကောင်တွေကို မြင်ရတာလဲ စိတ်ပျက်စရာကောင်းတဲ့စစ်တပ်ထဲက လူနေမှုဘ၀ပါ။မညီမျှခြင်းတခုပါ။
နောက်ဆက်တွဲကျန်ပါသေးတယ်။သင်တန်းဆင်းတဲ့ အရာရှိပေါက်စတွေကို မဆရ (စစ်မြေပြင်ဆေးတပ်ရင်း) တွေပို့ရပါတယ်။ကုတင်အဆင့်ဆေးရုံတွေမှာ မထားရပါဘူး။ကောင်းကျော်ဆွေအပါအ၀င် ဒုချုပ်အိမ်က ထမင်းချက်ရဲ့သားတောင်ပါပါတယ်။ဒုချုပ်အိမ်က ထမင်းချက်ဆိုလို့အထင်တော့မသေးပါနဲ့ ။သူကလဲ ထမင်း သာချက်ရတာ အနေအထားက တပ်မမှုးလောက်ပါဝါရှိပါတယ်။သူတို့၂ယောက် ကောင်းကျော်ဆွေနဲ့ ထမင်း ချက်သား အာကာဟိန်းတို့ကို ရန်ကုန်စစ်ဆေးရုံနဲ့ နေပြည်တော်စစ်ဆေးရုံမှာ ထားပါတယ်။ ကျန်တဲ့ သူတွေ အားလုံးက-မဆရ-တွေမှာနေရပါတယ်။
စစ်သားစစ်သားချင်းအတူတူ ဒီလိုခွဲခြားထားတာ တပ်မတော်လား ဘယ်သူခွဲခွဲတို့မခွဲဆိုပီး သူတို့ဖာသာ ပြန် ခွဲနေတာ တပ်မတော်လား..။ သူတို့ရဲ့မကင်းရာမကင်းကြောင်းတွေလောက်သာနေရာရတဲ့ တပ်မတော်မှာ သာမာန် ပြည်သူတွေကနေ ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေရဲ့ ဘ၀ကဘာလဲ။တပ်မတော်သားတွေ အားလုံးဆင်ခြင်သင့်ပါပြီ။
ရုရှရောက်အရာရှိတဦး။ ။
ကောင်းကျော်ဆွေ ရဲ့ဆရာရှိပါသေးတယ်။ တစ်ပါတ်စဉ်ထဲဆင်းတဲ့ ထူးခြားအောင်ပါ။သူကတော့ ရထားဝန် ကြီး ဗိုလ်ချုပ်အောင်မင်းရဲ့သား ဝန်ကြီးဦးစိုးသာရဲ့တူ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သား အောင်ဇော်ရဲမြင့်ရဲ့ ယောက်ဖ ပါ။ အလွန်ဆိုးသွမ်း မိုက်ရိုင်းသူဖြစ်ပါတယ်။ ကောင်းကျော်ဆွေက သူသင်ပေးလို့ဆိုးတတ်တာပါ။
စစ်မှုထမ်းဟောင်းတဦး။ ။
တပ်မတော်အတွင်းက အမှန်တရားကို လေးစားမြတ်နိုးတဲ့ အရာရှိ အရာခံ စစ်သည်ရဲဘော် အားလုံးကို လေးစားပါသည်။ ပြည်သူတွေ အားလုံး မျှော်လင့်နေကြတာကတော့ သမိုင်းဝင်မည့် တပ်မတော် အာဇာနည် သူရဲကောင်း ဘယ်တော့ မြန်မြန် ထွက်ပေါ်လာမလဲဆိုပြီးတော့ပေါ့။
၁၉၇၀ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံက ၁၈ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး ပတ် ချုံဟီးနဲ့ နောက်လိုက်တချို့ကို သူ့ရဲ့ တပ်မတော် ထောက်လှမ်းရေးက အရာရှိ ဂင်ဂျယ်ဂရူး က အသေပစ် သတ် လုပ်ကြံနိုင်ခဲ့ကြတယ်။ ကမ္ဘာ့ သမိုင်းမှာ အလားတူ အဖြစ်ပျက်တွေ အများကြီးရှိပါတယ်။ မကြာသေး ခင်တုန်းက ဘင်္ဂလားဒေ့ရှ်က မတရား အနိုင်ကျင့်ခံနေရတဲ့ စစ်သားတချို့က သူတို့ရဲ့ အရာရှိ ၄၀ ကျော်ကို တန်းစီခိုင်းပြီး အသေပစ်သတ်ရဲခဲ့ကြတယ်။
ကိုယ့်အသက်ကို ပြည်သူတွေအတွက် စတေးပြီး အစီစဉ်ကျကျနဲ့ အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ ရင်ဘတ် တွေထဲ ခေါင်းတွေထဲကို ကျည်ဆံတွေ ပစ်သွင်းနိုင်မယ့် သူရဲကောင်း ၊ သာယာဝပြောတဲ့ မြန်မာပြည်ဖြစ်ဖို့ သမိုင်းကို ပြောင်းနိုင်မည့်သူ သမိုင်းတွင်မည့် တပ်မတော်သား အာဇာနည်သူရဲကောင်း အမြန်ထွက်ပေါ် လာပါစေ။
(ဖိုးတရုတ် ၀က်ဘ်ဆိုက်ဒ်က စာဖတ်သူတွေရဲ့မှတ်ချက်တွေကို စုစည်းတင်ပြထားတာပါ။)
Read More...
Collapse...
■ မန္တလေးမှာ ပလပ်စတစ်ထုတ်ပိုးပစ္စည်း မသုံးရ အမိန့်ထုတ် သတင်း
■ စင်္ကာပူဝါရင့်ဝန်ကြီး ဂိုချုပ်ထောင် မြန်မာနိုင်ငံသွားမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အရေးနဲ့ တုံ့ပြန်မှုအခြေအနေ (မျက်မှောက်ရေးရာ)
■ နယ်ခြားစောင့်တပ် အဆိုပြုချက်အပေါ် အပစ်အခတ်ရပ်အဖွဲ့များ တုံ့ပြန်ချက် သတင်း
■ NDAK နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး မြောက်ပိုင်းတိုင်း တိုင်းမှူး ခေါ်ယူဆွေးနွေးမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ်မှာ ဆန္ဒပြ သတင်း
■ တမူးမြို့မှာ ဗုံးပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွား သတင်း
■ မြန်မာအရေးနဲ့ ပတ်သက်တဲ့ ILO အစည်းအဝေး ဆုံးဖြတ်ချက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲပြုလုပ် သတင်း
■ တရုတ်နိုင်ငံ၊ မြန်မာ့အရေးနဲ့ လက်ရှိအခြေအနေ သုံးသပ်ချက် (ဆောင်းပါး)
■ ဗိုလ်ချုပ်ရွှေမန်း တရုတ်ပြည်ကို တိုးတိုးတိတ်တိတ် သွားရောက်နေ သတင်း
■ စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိအားပေးနေခြင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား သိက္ခာကျဆင်းစေသည့် ဓာတ်ပုံများ အာဏာပိုင်များဖြန့်ဝေ သတင်း
■ လူထုခေါင်းဆောင်နှင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့် ဥပဒေ (ဆောင်းပါး)
■ KNLA နှင့် နအဖ-ဒီကေဘီအေ ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား သတင်း
■ နအဖနှင့် ဒီကေဘီအေတပ်များ ဒုက္ခသည်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် သတင်း
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88