Wednesday, April 11, 2012

ဗမာပြည်ကို သိမ်းပိုက်ကြ

ဗမာပြည်ကို သိမ်းပိုက်ကြ

ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ KNU တွေ့ဆုံဆွေးနွေး

2012-04-10

မြန်မာအစိုးရနဲ့ သဘောတူညီချက် ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ ပဲခူးတိုင်း ဒေသကြီး အစိုးရနဲ့ KNU တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးကို ပဲခူးမြို့မှာ ဒီကနေ့မနက်ပိုင်းက စတင်တာဖြစ်တယ်လို့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ပြောခွင့်ရှိသူ နော်မေဦး က ပြောပါတယ်။

Read More...

ဒေါ်ခင်ကြည်ပြောတဲ့ လူငါးယောက်အကြောင်း

သခင်လှကွန့်

Daw Khin Kyi

ဗြိတိသျှ ၀န်ကြီးချုပ် မြန်မာနိုင်ငံကို လာမည်

2012-04-10

ဗြိတိသျှ ၀န်ကြီးချုပ် David Cameron ဟာလာမယ့် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး အဲဒီနေ့မှာပဲ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ရန်ကုန်မြို့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေး နွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် Mr. Cameron ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဆက်သွားနိုင်အောင် တွန်းအားပေးတဲ့အနေနဲ့ သွားရောက်တာ ဖြစ်တယ်လို့ ဗြိတိသျှအစိုးရ အသိုင်းအ၀ိုင်းက ပြောပါတယ်။

Read More...

မြန်မာ့ဒုက္ခသည်များအား နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုများ ဆက်လက်ထားရှိသင့်ဟု လူထုအခြေပြုအဖွဲ့များဆို

10 April 2012
နန်းသူးလေ

အစိုးရနှင့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများရှိသော်လည်း တိုက်ပွဲဖြစ် ပွားနေသည့် နေရာများနှင့် နယ်စပ်ဒေ သရှိ ဒုက္ခသည်မျာအား နယ်စပ်-ဖြတ်ကျော် ကူညီထောက်ပံ့မှုများကို နိုင်ငံတကာ မှ ဆက်လက် ထောက်ပံ့ပေးသွားရန် လိုအပ် နေသေးကြောင်း မြန်မာနိုင်ငံ လူထုအခြေပြုအဖွဲ့အစည်းများက ဆိုသည်။

မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်းပေါင်း (၃၆) ဖွဲ့သည် ယခုနှစ် ဧပြီလ ၆ရက်မှ ၇ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တစ်နေရာ တွင် တွေ့ဆုံဆွေးနွေးမှုတခု ပြုလုပ်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အကြံပြုတင်ပြထားသည့် အချက် ၁၀ ချက်ပါ ထုတ်ပြန်ကြေညာ ချက် တစ်စောင် ယနေ့ ထုတ်ပြန်လိုက်သည်။

Read More...

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အစိုးရတို့ ပဲခူးတိုင်းတွင် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့

10 April 2012
နန်းဖော့ဂေ

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့မနက် ၉နာရီမှ ၁၁နာရီကျော်အထိ ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးအချို့နှင့် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယခုတွေ့ဆုံဆွေးနွေးမှုတွင် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း အပါအဝင် တောင်ပိုင်းတိုင်း တိုင်းမှူး၊ တရားဥပဒေချုပ်နှင့် အခြားအကျိုးတော်ဆောင်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

Read More...

ဒေါ်အောင်ဆန်းစုကြည် Elie Wiesel ဆုရ

10 ဧပြီ 2012
ခင်ဖြူထွေး

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ Holocaust Memorial ပြတိုက်က မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ် အောင် ဆန်းစုကြည်ကို နောက် သီတင်းပတ် ဗုဒ္ဓဟူး ဧပြီလ ၁၈ ရက်နေ့မှာ အဲလိ ဗီဇယ်လ် (Elie Wiesel) ဆုချီးမြှင့်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ် စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်မှုတွေအတွက် အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်ရှင်။

Elie Wiesel ဆုဟာ အမုန်းတရားတွေကို ဆန့်ကျင်ပြီး လူသား မျိုးနွယ်တွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ မဖြစ်ရလေအောင် ဟန့်တားကာကွယ်ရင်း လူသားတို့ရဲ့ ဂုဏ် သိက္ခာ တိုးတက်အောင် ဆောင်ရွက် ကြိုးပမ်းနေသူတွေကို ပေးအပ်တဲ့ Holocaust ပြတိုက်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းက ဒီလို လူမျိုးတွေကို နှစ်စဉ် ချီးမြှင့်လာတာမှာ ဒီနှစ်တော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာဖြစ်ပါတယ်။

Read More...

၉/၁၁ တိုက်ခိုက်မှု စီစဉ်ညွှန်ကြားသူတွေကို ရုံးတင် စစ်ဆေးတော့မည်

0 ဧပြီ 2012

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက် တိုက်ခိုက်လို့ လူပေါင်း သုံးထောင်ကျော် အသက် ဆုံးရှုံးရတဲ့ လုပ်ကြံမှုကြီးကို စီစဉ်ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံရသူ ၅ ဦးကို အမေရိကန် ပိုင် Guantanamo ပင်လယ်အော် အခြေစိုက် စခန်းမှာ စစ်ခုံရုံးတရားသူကြီး က စတင်စစ်ဆေးဖို့ မေလ ၅ ရက်နေ့ကို သတ်မှတ်လိုက်ပါတယ်။

စစ်တရားသူကြီး James Pohl က စက်တင်ဘာ ၁၁ အကြမ်းဖက်မှု လုပ်ကြံမှုကို အကွက်ချ စီစဉ်ညွန်ကြားတယ်လို့ ယူဆရသူ Al-Qaida စစ်သွေးကြွအဖွဲ့ဝင် ၅ ဦးကို ထူးထူးခြားခြား စနေနေ့မှာ စတင် စစ်ဆေးဖို့ စီစဉ်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဉ္စဂံဌာနက အင်္ဂါနေ့ က ပြောကြားခဲ့ပါတယ်။

Read More...

တရုတ်ထိပ်တန်းခေါင်းဆောင် Bo Xilai ကို ပါတီကထုတ်ပယ်

10 ဧပြီ 2012

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေး အရှုပ်တော်ပုံမှာ သူ့ရဲ့ မိသားစုနဲ့အတူ ပါဝင်ပတ်သက် နေတယ်ဆိုပြီး တရုတ်ပြည် ကွန်မြူနစ် ပါတီရဲ့ အလွန် လူကြိုက်များခဲ့တဲ့ နိုင်ငံရေး ထိပ်တန်း ခေါင်းဆောင် Bo Xilai ကို ကွန်မြူနစ် ပါတီက ထုတ်ပယ်လိုက်ပါတယ်။

“အလွန်အရေးကြီးတဲ့ စည်းကမ်းချိုးဖောက်မှုများကြောင့်” Bo Xilai ကို ၂၅ ဦး ပါဝင်တဲ့ ပေါလစ်ဗျူရိုက လည်းကောင်း၊ အဖွဲ့ဝင် ၃၀၀ ရှိတဲ့ ဗဟို ကော်မတီက လည်းကောင်း ဖယ်ရှားလိုက်တာဖြစ်တယ်လို့ တရုတ် အစိုးရ သတင်းစာမှာ အင်္ဂါနေ့က ဖော်ပြပါရှိပါတယ်။

Read More...

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

10 ဧပြီ 2012
သားညွန့်ဦး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတဦးသိန်းစိန် နဲ့ မနက်ဖြန် နေပြည်တော် မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က နေရာ အများစု အနိုင်ရပြီးတဲ့နောက်ပိုင်း၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါ့မယ်။

သမ္မတဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး တွေ့ဆုံမယ့်ကိစ္စကို လွန်ခဲ့တဲ့ ရက်အနည်းငယ် က တည်း က စီစဉ်ထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦး နေပြည်တော်မှာ သီးသန့် တွေ့ဆုံမှာဖြစ် တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့် က ပြောပါတယ်။

Read More...

ဒေါ်စု ရုန်းကန်ကြိုးပမ်းမှု ၀န်ကြီးကလင်တန် ချီးကျူး

10 ဧပြီ 2012
နန္ဒာချမ်း

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက်ပိုင်း အရင်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဆိုတဲ့ သင်္ကေတတခုကနေ အခုအခါ လွှတ်တော်ထဲဝင်ပြီး နိုင်ငံရေးသမားတယောက်ဖြစ် လာတော့ မယ့် ဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Hillary Clinton က ကြိုဆိုဂုဏ်ပြု အားပေးလိုက်ပါတယ်။ တနင်္လာနေ့ ဧပြီလ ၉ ရက်နေ့ က ၀ါရှင်တန်ဒီစီက အမေရိကန် ရုပ်ရှင် အသင်းမှာ ကျင်းပခဲ့တဲ့ “The Lady” ရုပ်ရှင်ပြပွဲကို တက်ရောက်ရင်း နဲ့ ၀န်ကြီး ကလင်တန် က အားပေးစကား ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်ရှင်။

မနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်ပြပွဲကို အမေရိကန် ရုပ်ရှင်အသင်း MPAA မှာ ပြပွဲ ကျင်းပခဲ့တာပါ။ ဒီပွဲကို ဒါရိုက်တာ Luc Besson နဲ့ မင်းသမီး Michelle Yeoh တို့အပြင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟေလာရီ ကလင်တန်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derrek Mitchell တို့လည်း တက်ရောက်ခဲ့ ကြပါ တယ်။

Read More...

အထက်လွှတ်တော်အမတ် ဂျင်ဝက်နဲ့ NLD မတွေ့ဆုံဖြစ်

10 ဧပြီ 2012
သားညွန့်ဦး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်ဟာ အခြား နိုင်ငံရေး ပါတီ အတော်များများနဲ့ တွေ့ဆုံ ဖို့ရှိပေမဲ့ ၊အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဖို့ အစီအစဉ် ပျက်သွားပြီးတော့ အဖွဲ့ချုပ် ခေါင်း ဆောင် ဒေါ် အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံနိုင်မယ့် အလားအလာ မရှိပါဘူး။ ဒီအကြောင်းကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ အဖွဲ့ချုပ်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရပါဘူး။ ဒါပေမယ့် အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးတင်ဦးက အဖွဲ့ချုပ်ကိုယ်စား တွေ့ဆုံဖို့ ဒီကနေ့မှာ စီစဉ်ထားပေမဲ့ မစ္စတာဂျင်ဝက် ဘက်က တွေ့ဆုံဖို့ အချိန် ပြောင်းလဲ တာကြောင့် မစ္စတာဂျင်ဝက်နဲ့ အဖွဲ့ချုပ်တို့ တွေ့ဖို့ အစီအစဉ် ပျက်သွားတယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်း က ပြောပါတယ်။

Read More...

မြောက်ကိုရီးယား ဒုံးပျံလွှတ်တင်မှု အဆင်သင့်ဖြစ်

10 ဧပြီ 2012
ဒေါ်ခင်စိုးဝင်း

နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းပြစ်တင် ရှုတ်ချ နေတဲ့ ကြားကပဲ မြောက်ကိုရီးယားက ဒုံပျံးတစီး အာကာသထဲ လွှတ်တင်ရေး ပြင် ဆင်မှုတွေ ပြီးပြည့်စုံပြီလို့ ဒီကနေ့ တနင်္လာနေ့မှာ ကြေညာလိုက် ပါတယ်။ အဲဒီ ဒုံးပျံကို ကြာသပတေးနေ့ အစောဆုံး ထားပြီး လွှတ်တင် နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြောက် ကိုရီးယား အာကာသ ရေးရာ တာဝန်ရှိသူတွေက ပြော ဆို လိုက်တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကတော့ ဒီ ဒုံးပျံ လွှတ်တင်မယ့် အစီအစဉ်ဟာ အကြီးအကျယ် ရန်စ မှု ဖြစ်တာကြောင့် တောင်ကို ရီး ယားကို ကာကွယ်ဖို့ အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားအနေနဲ့ အခိုင်အမာ စိတ်ပိုင်းဖြတ် ထားတဲ့အကြောင်း အမေရိကန်နိုင်ငံ ခြားရေး ၀န်ကြီးဌာနပြောခွင့်ရသူ Victoria Nuland က ပြောပါတယ်။

Read More...

တောင်ဥက္ကလာပ ဟေမ၀န်ဈေးမီး ကျပ် သိန်း ၆၀၀ ကျော်ဖိုး ဆုံးရှုံး

10 ဧပြီ 2012
Nyein Khet

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ထဲက ဟေမ၀န်ဈေးမှာ မီးလောင်ကျွမ်းတဲ့အတွက် ကျပ် သိန်း ၆၀၀ ကျော်ဖိုး ဆုံးရှုံးသွားတယ်လို့ ရန်ကုန်တိုင်း မီးသတ်ကွပ်ကဲမှုရုံးက ဗွီအိုအေကို ပြောပါတယ်။ မနက် လင်းအားကြီး လူတွေ အိပ်မောကျနေချိန်မှာ လောင်ကျွမ်းခဲ့တာမို့ ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ဘာမှ သယ်ထုတ်ခွင့်မရဘဲ ဆုံးရှုံးခဲ့ကြရတာလည်း ဖြစ်ပါတယ်။ ဒီ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး မီးသတ် ကွပ်ကဲမှုရုံးနဲ့ ဆုံးရှုံးသွားတဲ့ ဆိုင်ခန်းပိုင်ရှင်တဦးတို့ကို ဘန်ကောက် ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာရပ်ကွက်၊ ဟေမ၀န်ဈေးမှာ အင်္ဂါနေ့မနက် လင်းအားကြီး အချိန် ၁ နာရီ မိနစ် ၂၀မှာ မီး စလောင်ခဲ့တာပါ။ မနက် ၂ နာရီ ၃၈ မိနစ်မှာ မီးကိုထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၅၅ မိနစ်မှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ မီးသတ် ကွပ်ကဲမှု ရုံးက ဗွီအိုအေကို ပြောပါတယ်။

Read More...

အစိုးရနှင့်ဆွေးနွေးမှု အရေးကြီးအဆင့် ရောက်နေကြောင်း KNU ပြော

ကိုပေါက်
ဧပြီလ ၁၁ ရက် ၂၀၁၂ ခုနှစ်

စစ်မှန်သည့် ငြိမ်းချမ်းရေးအား အကောင်အထည် ဖော်နိုင်ရန်အတွက် အစိုးရနှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ရာတွင် အရေးကြီးသော အဆင့်တွင် ရောက်ရှိနေကြောင်း KNU က ဆိုသည်။

“နောက်တဆင့် တက်နိုင်ဖို့ဆိုတာ ကျမတို့ အပစ်အခတ် ရပ်စဲရေး ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မလဲဆိုတာ အပေါ်မှာ မူတည်ပါတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ကဏ္ဍက အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှသာ ကရင်ပြည်သူလူထုကို အစစ် အမှန် ကိုယ်စားပြုတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်နိုင်မှာဖြစ်ပါတယ်” ဟု KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးမူတြော် က မဇ္ဈိမကို ပြောသည်။

Read More...

နိုင်ငံခြားငွေလဲ ဈေးကွက် ကမောက်ကမ ဖြစ်နေဆဲ

အောင်ကြည်
ဧပြီလ ၁၀ ရက် ၂၀၁၂ ခုနှစ်

နိုင်ငံခြားငွေလဲ ဈေးကွက်ကို ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဗဟိုဘဏ်မှ နှုန်းရှင် သတ်မှတ် ပေးပြီး ဝယ်ယူခြင်းဖြင့် ဈေးကွက်ကို ဝင် ရောက် ထိန်းညှိပေးနေသော်လည်း ဈေးကွက်အတွင်း အားနည်းမှုများ ရှိနေဆဲဖြစ်ပြီး ပြန်လည် ရောင်းချရာတွင် အခက်အခဲ ရှိနေဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီပွားရေး လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေဖြင့် ဝင်ငွေ ရရှိသူ ဝန်ထမ်းများက ဆိုသည်။

ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ နိုင်ငံခြား ငွေလဲ ဈေးကွက်တွင်သာမက ဘဏ်တချို့ရှိ ငွေလဲ ကောင်တာများတွင်ပါ အမေရိကန်ဒေါ်လာကို လိုသလောက် လဲ၍ မရသေးဘဲ ကန့်သတ်မှုများကြောင့် အခက်အခဲများ ရှိဆဲဖြစ်သည်ဟု နိုင်ငံခြားသင်္ဘောတစီးတွင် အလုပ်လုပ်ကိုင်ပြီး ပြန်ရောက်လာသော သင်္ဘောသား ဦးမျိုးနိုင်က ဆိုသည်။

Read More...

ရွေးကောက်ပွဲ နောက်ဆက်တွဲ ဒက္ခိဏသီရိ ရေခက်ခဲ

မျိုးသန့် | အင်္ဂါနေ့၊ ဧပြီလ ၁၀ ရက် ၂၀၁၂ ခုနှစ်

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒက္ခိဏသီရိမြို့နယ် ကူနှစ်လုံး ဆည်စု ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများကို သူပိုင်ဆိုင် သည့် ရေတွင်းမှ ရေကို ခပ်ယူသုံးစွဲခွင့် မပြုတော့၍ ရွာသားတို့ သောက်သုံးရေ အခက်ကြုံနေရကြောင်း ဦးနိုင်ငံလင်း က မဇ္ဈိမကို ပြောသည်။

“အုပ်ချုပ်ရေးမှူးအိမ်က အရင်တုန်းက တရွာလုံးကို ပေးတယ်။ အခုတော့ ကျနော်တို့ကို မဲပေးလိုက်လို့ဆိုပြီးတော့ ရေပေးမခပ်တော့ ဘူး။ အခုက ရေ အရမ်း နည်းနေတယ်။ နွေရောက်လာလေလေ ရေက ပိုပြီးတော့ နည်းလာလေလေ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းတွင်းက ရေကလည်း အဝါရောင်တွေ ဖြစ်နေတယ်။ အခုကတော့ အဲဒီရေနဲ့ပဲ လောလောဆယ် သုံးနေရတယ်” ဟု ဦးနိုင်ငံလင်းက ပြောသည်။

Read More...

နိုင်/ကျဉ်း လွတ်မြောက်ရေး အမတ်သစ်များ မဆိုင်းမတွ ဆက်လုပ်မည်

ဖနိဒါ
ဧပြီလ ၁၀ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များက လွှတ်တော်တွင်း ဆက်လက် ကြိုးပမ်းသွားကြမည်ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ယခင်က တောင်းဆိုခဲ့သလို၊ လွှတ်တော်အတွင်းမှာလည်း မဆိုင်းမတွ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။

Read More...

Tuesday, April 10, 2012

လက်ရှိကရင့်ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းစဉ်အပေါ်ပြည်တွင်း ကရင်ခေါင်းဆောင်များ အားရကျေနပ်

9 April 2012
နန်းသူးလေ

ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ လက်ရှိတွေ့ဆုံဆွေးနွေးနေကြသည့် ပြည်တွင်း ငြိမ်း ချမ်းရေးလမ်းစဉ်အပေါ် အားရကျေနပ်မှု ရှိကြောင့် မြန်မာပြည်တွင်းရှိ ကရင်ခေါင်းဆောင်များက ပြောသည်။

ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက်စလုံးမှ သတ်မှတ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တာဝန်နှင့် အချက်အလက် များကို အမှန်တကယ် လိုက်နာ မှုရှိမရှိကို စောင့်ကြည့်ရဦးမည်ဖြစ်ပြီး ယခင်ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှုနှင့် စာလျှင် ယခုတစ်ကြိမ်တွေ့ဆုံဆွေးနွေး မှု ကိုကြိုဆိုကြောင်း ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် နန့်စေအွာက ပြော သည်။

Read More...

ကိုလိုနီခေတ် အဆောင်အအုံတွေ မွမ်းမံမည်

09 ဧပြီ 2012
ကျော်သိင်္ခ

ရန်ကုန်မြို့မှာ ကိုလိုနီခေတ် ကတည်းက တည်ရှိခဲ့တဲ့ အဆောက်အဦး တစ်ချို့ကို ပြုပြင်မွမ်းမံ ပြီးတော့ ဆက်လက် ထိန်းသိမ်းသွားတော့ စီစဉ်နေပါတယ်။ ၁၉ ရာစု နှစ် အတွင်း ဗြိတိသျှ ကိုလိုနီ ဘဝ ကျရောက် ခဲ့တဲ့ မြန်မာ နိုင်ငံမှာ ထိုစဉ်တုန်းက ဆောက်လုပ်ခဲ့တဲ့ ဘာသာ ရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အဦး တွေ သာမက လူနေအိမ်တွေ ပါ အမြောက်အမြား ကျန်ရှိနေပေမဲ့လည်း ဒါတွေကို တခုတ် တရ ပြုပြင်မွမ်းမံတာကတော့ မရှိခဲ့ဖူးပါဘူး။

မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်မြို့မှာ ၁၈၈၀ ခုနှစ် ၀န်းကျင် ကတည်း က တည်ဆောက် ခဲ့တဲ့ ကိုလိုနီ ခေတ် ရှေးဟောင်း အဆောက်အဦးဟောင်း ၂၀၀ နီးပါးလောက်ရှိ ပါတယ်။ အခုအခါမှာ ဒီ အဆောက်အဦး တွေကို ပြန်ပြီးပြုပြင် မွမ်းမံတော့မယ်လို့ သိ ရပါတယ်။ အဲဒီ ရှေးဟောင်း အဆောက်အဦး ၂၀၀ ထဲက တချို့ဟာ လက်တလော အခြေအနေမှာ ပြန်ပြီးပြုပြင်ဖို့ လိုအပ်နေချိန်မှာပဲ၊ အဆောက်အဦး တော်တော် များများ ကိုတော့ အစိုးရရုံးတွေ၊ နိုင်ငံခြား သံရုံးတွေ၊ ကျောင်းတွေ နဲ့ ဘုရားကျောင်းတွေအဖြစ် အသုံးပြု နေကြဆဲဖြစ်ပါတယ်။

Read More...

ဆီယာချမ်း ရေခဲမြစ် စစ်မဲ့ဇုန်သတ်မှတ် ဖို့ အိန္ဒိယ ပါကစ္စတန် စဉ်းစား

09 ဧပြီ 2012

အိန္ဒိယ နဲ့ ပါကစ္စတန် နယ်စပ်၊ ပါကစ္စတန် မြောက်ပိုင်း ကက်စ်ရှမီးရား ဒေသမှာ ကြီးမား တဲ့ ရေခဲ ပြိုကျမှု ဖြစ်ပွားပြီး တော့ ပါကစ္စတန် စစ်သား နဲ့ အရပ်သား ၁၀၀ ကျော် နှင်း နဲ့ ရေခဲ ပြင်အောက် မှာ နစ်မြုပ် သေဆုံး ခဲ့ရပြီးတော့ အဲဒီ ဒေသ ကို စစ်မဲ့ဇုန် အဖြစ် ပြုလုပ်ဖို့ တောင်းဆိုမှု တွေ ပြန်လည် ထွက်ပေါ်လာပါတယ်။

အမြင့် မီတာ ၂၀ ရှိတဲ့ နှင်းထု နံရံကြီးဟာ ဆီယာချမ်း ရေခဲမြစ် ဒေသရဲ့ အမြင့်ပိုင်းမှာ ရှိတဲ့ စစ်တပ် စခန်း အတွင်းကို စနေနေ့ က ပြိုကျခဲ့ တာဖြစ်ပါတယ်။ အဲဒီ ဒေသမှာ အိန္ဒိယရော ပါကစ္စတန် ရှေ့တန်း စခန်းတွေ တည်ရှိပြီးတော့ ကမ္ဘာအမြင့် ဆုံး စစ်မြေပြင်လို့ အသိအမှတ် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။

Read More...

ထိန်းချုပ်မှု မကျေနပ်သူတွေ တရုတ်အစိုးရ အင်တာနက် ကို တိုက်ခိုက်မည်

09 ဧပြီ 2012

ပြီးခဲ့တဲ့ သတင်းပါတ် တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကွန်ပျုတာ ဆိုက်ဘာ (Cyber) တိုက်ခိုက်မှု မှာ သူတို့ကြောင့် ဖြစ်တယ် လို့ ပြော ဆိုခဲ့တဲ့ အမည်မသိ Anonymous ဆိုတဲ့ ကွန်ပျုတာ စနစ် နှောင့်ယှက် ဖျက်ဆီးတဲ့ အဖွဲ့ တခုက လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ အင်တာနက် ထိန်းချုပ် စီစစ်မှုတွေ လုပ်တဲ့ အစိုးရ အင်တာနက် စာမျက်နှာတွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်သွားမယ် လို့ ပြောလိုက်ပါတယ်။

ဒီလထဲမှာ အစိုးရ ရဲ့ စီးပွားရေး လုပ်ငန်းသုံး အင်တာနက် စာမျက်နှာ ရာ နဲ့ ချီပြီး ဖျက်ဆီး ခဲ့တာဟာ သူတို့ လုပ်တာ ဖြစ်တယ် လို့ တရုတ် နိုင်ငံ Anonymous အဖွဲ့က ပြောဆိုပါတယ်။ တနင်္လာနေ့မှာတော့ ချန်ဒူး (Chengdu) စီးပွားရေး ဒေသအတွက် ပင်မ စာမျက်နှာ အပါအယင် တခြား အင်တာနက် စာမျက်နှာတွေ ဟာ ပြန်ပြီး ပုံမှန် အလုပ်လုပ်ခဲ့ ပုံရတယ် လို့ ဆိုပါတယ်။

Read More...

ကေအန်ယူ ပထမဦးဆုံး ဆက်ဆံရေးရုံး ကျောက်ကြီးမှာ ဖွင့်

09 ဧပြီ 2012
သိဂီ င်္ထိုက်

ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ဒီကနေ့ဘဲ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု ရပြီး နောက်ပိုင်း ပထမဆုံး ဖွင့်တဲ့ ဆက်ဆံရေးရုံး ဖြစ်ပါတယ်။ ဒီရုံးကနေ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ရွာပုန်းရွာရှောင် ကရင်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် မယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။

မြန်မာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရန်ကုန်ကို ရောက်ရှိလာတဲ့ ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းက ကျောက်ကြီး မြို့နယ်မှာ ပထမဆုံး ဆက်ဆံရေးရုံးကို တနလာင်္နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် သွားရောက်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆက်ဆံရေးရုံးကို ကေအန်ယူ တပ်မဟာ ၃ က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ နော်မေဦး ကပြောပါတယ်။

Read More...

မြန်မာ ကျန်းမာရေး ဝန်ကြီးအဖွဲ့ အမေရိကန် ခရီးစတင်

09 ဧပြီ 2012
ဝင်းမင်း

အမေရိကန် နဲ့ မြန်မာ တို့ ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ကြိုးစားမှု တစ်ခု အနေနဲ့ အမေရိကန်ဘက် က ပထမဦးဆုံး ဖိတ်ကြားတာ ကို ခံရတဲ့ မြန်မာ ကျန်းမာရေး ဝန်ကြီးဟာ ကျန်းမာရေး နဲ့ ပညာရေး ကိစ္စတွေ အဓိက ဆွေးနွေးဖို့ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။ မြန်မာ နိုင်ငံ ကျန်းမာရေး နဲ့ ပညာရေး ကဏ္ဍတွေမှာ ကြုံနေရတဲ့ အခက်အခဲတွေ နဲ့ ဒီ ခရီးစဉ် အတွင်း မျှော်လင့် ချက် တွေကို တော့ ကိုဝင်းမင်းက အဖွဲ့ဝင် တစ်ဦးနဲ့ မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်ဟာ တနင်္ဂနွေ နေ့က စရောက်လာတဲ့ သူ့ရဲ့ ၁၀ ရက်ကြာ အမေရိကန် ခရီးစဉ် ထဲမှာ ကျန်းမာရေး နဲ့ ပညာရေး အဆင်မြင့် အရာရှိတွေ အပါအဝင် အဖွဲ့ဝင် ၁၁ ပါတဲ့ အဖွဲ့ကို ဦးဆောင် လာခဲ့ ပြီး ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန် အဆင်မြင့် တက္ကသိုလ် တစ်ခုမှာ စကား ပြောဖို့ ရှိနေပါတယ်။

Read More...

ဧပြီလ ၂၃ ရက် လွှတ်တော် ဒေါ်စု တက်မည်

09 ဧပြီ 2012
ကျော်ကျော်သိန်း

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါ တယ်။ အဲဒီထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်လည်း အပါအ၀င်ပါ။ လွှတ်တော်ကိုယ်စား လှယ်တဦးချင်း စီရဲ့ လွှတ်တော်တွင်း စွမ်းဆောင်ချက်တွေပေါ်မူတည်ပြီး တိုင်းပြည်က သူတို့ကို အကဲဖြတ် သွားမှာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ရှိပါတယ်။

လွှတ်တော်အသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး လွှတ်တော် ကိုယ်စား လှယ် နေရာ အားလုံးနီးပါးကို NLD ပါတီက အနိုင်ရခဲ့တာပါ။ အခုတော့ အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေထဲက ပြည်သူ့ လွှတ်တော်အတွက် ကိုယ် စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးတွေ တက်ရောက်ကြရတော့မှာ ဖြစ်ပါတယ်။

Read More...

ဗြိတိန် ဝန်ကြီးချုပ် မြန်မာနိုင်ငံသွားမည်

09 ဧပြီ 2012
မေငြိမ်း

ဗြိတိန် ၀န်ကြီးချုပ်ဟာ ဒီသတင်းပတ် အတွင်းမှာ မြန်မာနိုင်ငံကို တရက်ကြာ ခရီးသွားဖို့ ရှိပါတယ်။ ဧပြီလ ၁၃ ရက်နေ့ သောကြာနေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ညနေပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ သူရဲ့ နေအိမ်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။

“ဟုတ်ပါတယ်။ ၁၃ ရက် နေ့ လို့ ပြောပါတယ်။ ညနေ ၄ နာရီ လောက် လာပါလိမ့်မယ်။ အဲဒါတွေ့ ပြီးရင် ည ၇ နာရီ၊ British residence မှာ ဒင်နာ (dinner) ရှိပါတယ်။ ၄ နာရီ တွေ့ပြီးရင်တော့ Press ရှိမှာပါ။”

Read More...

အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံရောက်

09 ဧပြီ 2012
ဇော်ဝင်းလှိုင်

အမေရိကန်ကဗားဂျီးနီးယား (Virginia) ပြည်နယ်ရဲ့ ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ်၊ ဂျင်ဝက်ဘ် (Jim Webb) ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ မစ္စတာ ဝက်ဘ် ဟာ ဒီကနေ့ညနေက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။ အထက် လွှတ်တော် အမတ် ဝက်ဘ် ဟာ အရှေ့အာရှ နှင့် ပစီဖိတ်ရေးရာ၊ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အပြင် အထက်လွှတ်တော် စစ်မှုထမ်းရေးရာ ကော်မတီ အဖွဲ့ဝင် လည်းဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) ဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးတင်ဦးနဲ့ မနက်ဖြန်မှာတွေ့ဆုံဖို့ ရှိတဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဗွီအိုအေကို ပြောပါတယ်။

Read More...

မြောက်ကိုးရီးယား ဒုံးပျံ နိုင်ငံခြား မီဒီယာ ကြည့်ရှု့ခွင့်ရ

09 ဧပြီ 2012

အမေရိကန်နဲ့ တောင်ကိုရီးယားက ကန့်ကွက်နေတဲ့ ကြားကဘဲ မြောက်ကိုရီးယား အာကာသရေးရာ တာဝန်ခံ တွေက ရော့ကတ် (Rocket) ဒုံးပျံ တင်လွှတ်ဖို့ ပြင်ဆင်နေတဲ့နေရာကို မနေ့က တနင်္ဂနွေနေ့က နိုင်ငံခြား သတင်းထောက် တွေကို ကြုံတောင့်ကြုံခဲ သတင်းယူခွင့်ပြု လိုက်ပါတယ်။ ဗွီအိုအေ (VOA) ကလက်ခံရရှိတဲ့ တောင်ကိုရီးယားထောက်လှမ်းရေး ဓါတ်ပုံတွေအရ၊ မြောက်ကို ရီးယားက တတိယအကြိမ်မြောက် နူးကလီးယား (Nuclear) လက်နက် စမ်းသပ်ဖို့ ပြင်ဆင်နေပုံရပါတယ်။

Read More...

အမေရိကန် သံအမတ်သစ် အနောက်စာနယ်ဇင်းများ တစ်ပေး

ကိုပေါက်
ဧပြီလ ၀၉ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ခန့်အပ်ရန် Derek J. Mitchell ဒဲရစ်မစ်ချယ်အား ရွေးချယ်တော့မည်မှာ သေချာ ကြောင်း အနောက်တိုင်း စာနယ်ဇင်းကြီးများက တထစ်ချ ရေးသား နေကြသည်။

ဧပြီလ ၄ ရက်နေ့က အမေရိကန်အစိုးရ အရာရှိကြီးများက “ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မကြာခင် တရားဝင် ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပြီးနောက် အမေရိကန် သံအမတ်သစ်ရာထူးအတွက် အဖြစ်နိုင်ဆုံးမှာ အသက် ၄၇ နှစ်အရွယ် ဒဲရစ်မစ်ချယ် ကိုသာ ထင်ကြေးပေးလာကြခြင်း ဖြစ်သည်။

“၁၉၉ဝ မှစ၍ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အမေရိကန်သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား ရွေးချယ်ခန့်အပ် လိုက်သည်” ဟု ဧပြီ ၅ ရက်နေ့ထုတ် Foreign Policy မဂ္ဂဇင်းတွင် အတည့်အလင်း ရေးသားဖော်ပြလာသည်။

Read More...

အပေါ်သို့