■ ၂၀၁၀ အမီ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်နိုင်ဟု အိုင်တီလောက သုံးသပ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အမေရိကန် မျှော်လင့် သတင်း
■ (၃၁) ချက် ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထွေထွေညီလာခံ တတိယကော်မတီ ဆုံးဖြတ်ချက် သတင်း
■ လတ်တလောနိုင်ငံရေးနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီက ကြေညာချက်ထုတ်ပြန် သတင်း
■ ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်သင်တန်းများ ဆက်လက်ပို့ချ သတင်း
■ ကလေးအခွင့်အရေး ကုလစာချုပ်အနှစ်(၂၀) ပြည့် အထိမ်းအမှတ် ဆင်နွှဲ သတင်း
■ ကမ္ဘာ့ကလေးများနေ့ ထိုင်း-မြန်မာနယ်စပ် မွန်ကျေးရွာများတွင် ပြုလုပ် သတင်း
■ မြန်မာ့လူ့အခွင့်အရေးအခြေအနေ ကုလညီလာခံမှာ မဲခွဲဆုံးဖြတ် သတင်း
■ မြန်မာ လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ သတင်း
■ နှစ်စဉ် ကုလညီလာခံက မြန်မာနဲ့ မြောက်ကိုရီးယားကို ၀တ္တရားမပျက် ရှုတ်ချ သတင်း
■ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံခရီးစဉ် ရွှေ့ဆိုင်း သတင်း
■ မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှု ရှိနေဆဲ သတင်း
■ မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေး ILO အောင်မြင်မှု မရသေး သတင်း
■ ILO နှင့် ပတ်သက်၍ ဆက်စပ်ဖမ်းဆီးထားသူများကို လွှတ်ရန် ထပ်မံတောင်းဆို သတင်း
■ ILO မတိုင်ခင် ကလေးစစ်သားများကို စစ်တပ်က ပြန်ပို့နေ သတင်း
■ NLD ဗဟိုဥပဒေအကြံပေး ဒု-ဥက္ကဌအဖြစ် ဦးကြည်ဝင်းကို ခန့်အပ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ စာမှ လမ်းစပွင့်ရန် မျှော်လင့်ဟု အမေရိကန် ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး ဆွေးနွေးရေးလုပ်ရန် ကုလသမဂ္ဂ တိုက်တွန်း သတင်း
■ အကြမ်းမဖက်နည်းသာ အကိုက်ညီဆုံးဟု အဝေးရောက်ဝန်ကြီး ပြောကြား သတင်း
■ မြင်းခြံက တက်ကြွလှုပ်ရှားသူတွေကို ရုံးတင်တရားစွဲတော့မည် သတင်း
■ တွံတေးမြို့နယ် NLD အဖွဲ့ဝင် (၂) ဦး သူတပါးကို ကူညီ၍ တရားစွဲခံရ သတင်း
■ ကိုညီညီအောင်အမှု ယနေ့ ကြားနာစစ်ဆေး သတင်း
■ နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင်ဆုရရှိ သတင်း
■ နိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ ခွဲတမ်းဖြင့် တက်ခွင့်ရနေ သတင်း
■ ရိုဟင်ဂျာလူမျိုး ကျောင်းသား (၁၁) ဦး စာမေးပွဲဖြေဆိုခွင့် မရ သတင်း
■ မျက်နှာခွဲစိတ်ပြုပြင်သူ မြန်မာပြည်တွင် တနေ့တခြား ပိုမိုများပြားလာ သတင်း
■ ပန်ဝါ နယ်ခြားစောင့်တပ်မှ နအဖစစ်သားများ ဆက်ကြေးတောင်း ငွေကောက် သတင်း
■ အပစ်ရပ်အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့များအား သုံးမျိုးသုံးစား ဖွဲ့ပေးမည် သတင်း
■ အပစ်ခတ်ရပ် အဖွဲ့အစည်းပိုင် ငွေကြေးများပေါ် စိုးရိမ်နေရ သတင်း
■ ကချင်နိုင်ငံရေးပါတီရုံး မြစ်ကြီးနားတွင် ဖွင့် သတင်း
■ မြ၀တီ စီးပွားရေးဇုန် ညွှန်ကြားရေးမှူး လာဘ်စားမှုဖြင့် ခုံရုံးဖွဲ့စစ်ဆေးခံနေရ သတင်း
■ ကလေးသူငယ်အခွင့်အရေး မြန်မာတွင် နိမ့်ကျနေဆဲ သတင်း
■ ဖြူးဆရာတော် ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေ သတင်း
■ ဗိုလ်ချုပ်လမ်းကို အမှိုက်ရွေးကွင်းအဖြစ် အသုံးချနေ သတင်း
■ ကာလကတ္တား တရားရုံးအတွင်းမှ ပင်လုံစိတ်ဓာတ် (ဆောင်းပါး)
■ ပြည်ထောင်စုတပ် ရှိမှဖြစ်မယ် အပိုင်း(၁)
■ ပြည်ထောင်စုတပ် ရှိမှဖြစ်မယ် အပိုင်း(၂)
■ အမေရိကန်-အရှေ့တောင်အာရှ ဆက်ဆံရေး (၁) (ဆောင်းပါး)
Saturday, November 21, 2009
နေ့စဉ်သတင်းများ ( ၂၀ - ၁၁ - ၀၉)
သမိုင်းသင်ကြားချက်တွေထဲက သတိပြုစရာတခု
ရဲဘော်ဖိုးသံချောင်း
၂၀ နိုဝင်ဘာ ၂၀၀၉
တလောလေးကပဲ ပထမကမ္ဘာစစ်ပြီးဆုံးတာ အနှစ် (၉ဝ) မြောက်တဲ့ အခမ်းအနားများကို ဥရောပ အနှံ့အပြားမှာ ခမ်းခမ်းနားနား ကျင်းပ ခဲ့ကြတာ တွေ့ရပါတယ်။ ဗြိတိသျှ ဘုရင်မကြီး အပါအဝင် နိုင်ငံ အများအပြားက ထိပ်သီးတွေ တက်ရောက်ကြပါတယ်။ ဒါပေမယ့် လူ့ အသက်ပေါင်း (၈၇) သိန်းကျော် ချုပ်ငြိမ်း စေခဲ့တဲ့ ဒီစစ်ပွဲကြီး ပြီးသွားတာ ကြာပြီ ဖြစ်လို့လားမသိ၊ ဒီ အခမ်းအနား မှာရော၊ ဒီကာလ အတွင်း မီဒီယာ တွေမှာရော ဒီစစ်ကြီး ပေါက်ဖွားလာပုံ၊ အဆုံးသတ်သွား ပုံတွေနဲ့ ပတ်သက်လို့ သိပ်မပြော ကြတော့ပါဘူး။ ပြောရတာများလို့ မောသွားကြတာလား၊ သဗ္ဗေသတ္တာ အဝေရာဟောန္တုပဲ လုပ်လိုက်ကြတာလား မပြောတတ်ပါ။ ဒီနေရာမှာတော့ အဲဒီအထဲက မမေ့သင့်တဲ့ သင်ခန်းစာ တခုကို ပြန်ထောက်ပြ ချင်ပါတယ်။
ဒုတိယကမ္ဘာစစ်နဲ့ ပထမကမ္ဘာစစ်တို့ ဆက်နေပုံကို မှတ်မိကြ လိမ့်အုန်းမယ်လို့ ထင်ပါတယ်။ ကမ္ဘာစစ်ကြီး တခုပြီးလို့ အနှစ် (၂ဝ) မရှိခင်မှာဘဲ နောက်ကမ္ဘာစစ်ကြီး တခု အတွက် ပြင်ဆင်ကြတာ၊ ခြေပုန်းခုတ်ကြတာ၊ တကယ်လည်း ပေါက်ကွဲ ထွက်လာတာ စတဲ့ ကိစ္စတွေဟာ မတော်တဆ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးမှာ စတင် စစ်ခင်းသူဟာ ပထမ ကမ္ဘာစစ်ကြီး တုန်းက စစ်ရှုံးခဲ့သူ ဖြစ်တယ် ဆိုတဲ့ အချက်ဟာ သတိမပြုဘဲ မနေသင့်ပါဘူး။
ပထမကမ္ဘာစစ် ဘယ်လိုအဆုံးသတ်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစား ကြည့်ပါ။ စစ်ရှုံးသူ ဂျာမဏီ အပေါ်မှာ ဗာဆိုင်းစာချုပ်- The Treaty of Versailles (၂၈-၆-၁၉) ၊ လော်ဇန်းစာချုပ် The Treaty of Lausanne (၂၄-၇-၂၃ ခု)၊ စိန့်ဂျာမိန်း စာချုပ် The Treaty of St. Germain (၁ဝ-၉-၁၉) စတဲ့ စာချုပ်တွေ အများကြီး ချုပ်ဆိုပြီး စစ်ရှုံးသူတွေကို ဖိထားခဲ့တာ ဖြစ်ပါတယ်။ ဗာဆိုင်း စာချုပ်ကို ဆိုရင် ဗြိတိန် နိုင်ငံကတောင်မှ ဂျာမဏီ အပေါ်မှာ တောင်းဆိုတာ သိပ်ပြင်းထန် လွန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒီစာချုပ် ကြောင့်မို့ ဂျာမဏီ နိုင်ငံဟာ စစ်မဖြစ်မီက ရှိခဲ့တဲ့ သူ့နယ် မြေဧရိယာရဲ့ (၁၃.၅) ရာခိုင်နှုန်း (လူဦးရေ ၇ သန်း) ကို ဆုံးရှုံး သွားခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာရှိတဲ့ သူတို့ ကိုလိုနီတွေ အားလုံးကိုလည်း လက်လွှတ် လိုက်ရပါတယ်။ တခါ တူရကီဟာ ဆိုရင်လည်း လော်ဇန်း စာချုပ်ကြောင့် သူ့ရဲ့ အော်တိုမန် အင်ပါယာ ဆိုတာကို လုံးဝ လက်လွှတ် လိုက်ရပြီး နယ်မြေတွေ အများကြီးဆုံး ရှုံးသွားပါတယ်။ ဟက်ဘ်စဘဂ် အင်ပါယာ (Habsburg empire) ကို ဆုံးရှုံး လက်လွှတ် လိုက်ရတဲ့ သြစထရီးယား နိုင်ငံဟာလည်း သူ့နဂိုဒေသတွေ ခွဲထုတ်ပေးပစ်ရ၊ သူ့တပ်ကို (၃) သောင်းအထိ လျှော့ချရ စသဖြင့် တသက် အခဲမကျေစရာတွေ ခံစား ခဲ့ရပါတယ်။
ဒီလိုမတရားတဖက်သတ်ကျတဲ့ စစ်ပြေငြိမ်း စာချုပ်တွေကြောင့်မို့ ဒုတိယ ကမ္ဘာစစ်ကြီး ပေါ်ပေါက်တယ် ဆိုတာကို ကမ္ဘာ့သမိုင်း ပညာရှင်တွေနဲ့ စွယ်စုံကျမ်း အတော်များများကပဲ အသိအမှတ် ပြုကြပါတယ်။ မတရား အချုပ်ချယ် ခံခဲ့ရတဲ့ နိုင်ငံတွေမှာ အမျိုးသားရေး စိတ်ဓာတ်နဲ့ လူထုကို စည်းရုံးလို့ အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီး တပွဲပြီးတယ် ဆိုတိုင်း ငြိမ်းချမ်းရေး အတွက် အာမခံချက် ရတာ မဟုတ်ကြောင်း ဒီခေတ် လူသားတွေကို ဒီသမိုင်းက ဖော်ပြနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို တဖက်သတ် ဖြေရှင်းတဲ့ နည်းနဲ့ ဖြေရှင်းလို့ မရကြောင်းလည်း သင်ခန်းစာ ယူသင့်ပါတယ်။
ဒါနဲ့တဆက်တည်း၊ မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စစ်အေးစစ်ပွဲ ကိစ္စကိုလည်း ပြန်စဉ်းစားစရာ သင့်ပါတယ်။ စစ်အေးစစ်ပွဲ ဆိုတာကြီးဟာ သေနတ်သံ တချက် မကြားရဘဲ ပြီးသွားတယ်လို့ ပြောရင်ရပါတယ်။ ဘယ်လို စစ်ပြေငြိမ်း စာချုပ်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးတာတွေ မရှိဘဲ သိန်းနဲ့ချီတဲ့ ဝါဆောစာချုပ် တပ်ဖွဲ့ ဆိုတဲ့ ဧရာမ စစ်တပ်တွေလည်း ပျောက်ကွယ် သွားပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်သွားတဲ့ အတွက် အဲဒီဒေသတွေမှာ တကယ် တမ်းငြိမ်းချမ်းရေး ရခဲ့ပါသလား။ မနည်းလှတဲ့ နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် အကြီးမားဆုံး ပြိုကွဲမှုတွေနဲ့ ပထမဆုံး သေနတ်သံတွေ ပြန်ကြားလာရတယ် မဟုတ်ပါလား။ ပြောရရင် ဝါဆော စစ်အုပ်စု မရှိတော့တဲ့ အတွက် နေတိုး စစ်အုပ်ရဲ့ တည်ရှိမှုဟာလည်း အဓိပ္ပာယ် မရှိတော့ပါဘူး။ တရားအရဆိုရင် သူလည်း တဖြည်းဖြည်း ပျောက်ကွယ် ရတော့မှာပါ။ ဒါပေမယ့် အခုတော့ အဲဒီလို မဟုတ်ဘဲ နေတိုးကို တိုးချဲ့ လာလိုက်တာ ရုရှားနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ နိုင်ငံတွေကိုတောင် ရောက်လာပါပြီ။ ဒီလိုနဲ့ ပူတင်တို့ ဘက်ကလည်း အခုအခါ အမျိုးသားရေး ကြွေးကြော်သံတွေကို တင်ပြီး စစ်အင်အား တိုးချဲ့တာ၊ ဖြည့်ဆည်းတာတွေ လုပ်လာလို့ ဒုတိယ စစ်အေးစစ်ပွဲကို ပြန်ရောက်လာ အုန်းမှာလားလို့ တွေးစရာ၊ မေးစရာ ဖြစ်လာနေပါတယ်။ တပါတည်း ဗမာပြည် နိုင်ငံရေးရဲ့ အခုနောက်ဆုံး ဖြစ်ပေါ်မှုတွေဟာ အဲဒီ မပေါ်ပေါက်သေးတဲ့ ဒုတိယ စစ်အေးစစ်ပွဲနဲ့များ ဆက်နေသလားလို့တောင် တွေးစရာ ဖြစ်လာနေတယ် မဟုတ်ပါလား။
ကမ္ဘာစစ်တခုပြီးတော့ နောက်ကမ္ဘာစစ်တခု။ စစ်အေးစစ်ပွဲတခုပြီးတော့ နောက်စစ်အေး စစ်ပွဲတခု။
ဒီလိုပါပဲ။ သမိုင်းမှာ တဖက်စီးနင်းဆုံးဖြတ်ခဲ့၊ လုပ်ကိုင်ခဲ့တာတွေဟာ တကယ်တမ်း ပြီးပြတ် သွားတာ မဟုတ်ပါဘူး။ တန်ပြန်တဲ့ အကျိုးဆက် တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီကနေ့ ဗမာနိုင်ငံမှာ ဒီနေ့ ဖြစ်ပျက် နေတာတွေကို ကြည့်ပြီး အရာရာကို နအဖ စစ်အုပ်စုက ထင်သလို ခြယ်လှယ် လုပ်ကိုင်နိုင်နေပြီ၊ နအဖ စစ်အစိုးရဟာ သင်္ခါရတရားနဲ့ ကင်းလွတ် နေသူတွေဖြစ်တယ်၊ ကျန်တဲ့ တနိုင်ငံလုံး၊ ပြည်သူ တရပ်လုံးဟာ သူတို့ ပေးသနားတဲ့ စပေ့စ်လေး ထဲမှာပဲ လှုပ်ရှား ကြပေတော့လို့ ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို တခုတည်းသော တလမ်းသွား လမ်းကြောင်းလို ပြောသူတွေက ပြောနေကြပါတယ်။ ဒီလို အနေအထား အောက်မှာ နအဖ ဗိုလ်ချုပ်တွေဟာလည်း နေမြင့်လေ အရူးရင့်လေ ဆိုသလို အဲဒီလို မြှောက်ပြောတာတွေကို နားထောင်ရင်း စိတ်ကြီး ဝင်သထက်ဝင်၊ အတိုက်အခံတွေကို ရှိတယ် လို့တောင်မှ သဘောမထားဘဲ လုပ်ချင်တာ လုပ်နေကြပါတယ်။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက် မဲပေးထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရန်ကုန်မှာသာ တမြို့တည်းမှာသာ ဆိုင်းဘုတ် တင်ခွင့်ပေး၊ သူတို့ကို ဖားနေတဲ့ “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်” ဆိုတဲ့ အဖွဲ့လို ဟာတွေကိုတော့ တိတ်တိတ် ထောက်ပံ့ကြေးတွေ ပေးပြီး တပြည်လုံးမှာ လှုပ်ရှား ခိုင်းထားပါတယ်။ ဒီလိုပဲ ဗမာပြည် နိုင်ငံရေးမှာ ဘုရားကား အောက် မျောက်ကား အထက် ဖြစ်နေတာ ကြာပါပြီ။
စစ်အာဏာရှင်တွေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့နီးလာလေလေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ မဝင်ရင် ဖျက်သိမ်းပစ်မယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ချက် ကျပြီးပြီ စတဲ့ ကောလာဟလတွေ အကျယ် အပြန့် ကြားလာ ရပါတယ်။ ဘယ်သူက လွှင့်တယ် ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ကြက်တူရွေးထက် ကဲနေတဲ့ မယ်ဘော်တွေ ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း ပစ်ခံချင်သလား လို့တောင် မောက်မောက်မာမာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေကြပါတယ်။ သူတို့အနေနဲ့ ဒီလို ရေးလိုက်ခြင်း အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း မခြောက်လှန့်နိုင်ဘူး၊ ပြည်သူလူထုကိုလည်း မျက်စိလည်အောင် မလုပ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ တကယ်က ဆရာလုပ်တာ အကျင့်ပါနေတဲ့ သူတို့ဟာ နအဖ စစ်ဗိုလ်ချုပ်တွေကို “ချလိုက်ပါတော့လား” ဆိုတာမျိုး အကြံပေး တိုက်တွန်းနေတာသာ ဖြစ်ပါတယ်။
အထက်မှရေးခဲ့သလိုပဲ သမိုင်းဆိုတာ အသာစီးရနေတုန်း တဖက်သတ် လုပ်ခဲ့တာတွေ နဲ့ချည်း ပြီးသွားတာ မဟုတ်ပါဘူး။ တန်ပြန် ကိစ္စတွေ ပေါ်ထွက် လာနိုင်ပါတယ်။ တန်ပြန်တယ် ဆိုရင် ပိုတောင်ပြင်းထန်၊ ပိုတောင် သဲသန်တတ်တယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။
Ref: ခေတ်ပြိုင်
Friday, November 20, 2009
နေ့စဉ်သတင်းများ ( ၁၉ - ၁၁ - ၀၉)
■ ကုလ အထွေထွေညီလာခံ မြန်မာ့အရေး ဆုံးဖြတ်ချက်ချ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရေးကမ်းလှမ်းချက် စစ်အစိုးရ တုံ့ပြန်ဖို့ အမေရိကန် မျှော်လင့် သတင်း
■ စစ်အစိုးရထံ ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာကို ပြည်တွင်းမြေအောက်အဖွဲ့များ ထောက်ခံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ပေးစာကို နအဖအကြီးအကဲ လိုက်လျောရန် တောင်းဆို သတင်း
■ ရွှေဂုံတိုင်ကြေညာစာတမ်းကို လမ်းပြမြေပုံအဖြစ် ၈၈ တို့ သတ်မှတ် သတင်း
■ နိုင်ငံရေးအရှုပ်အထွေးကြား မိုင်းလားတပ်ဖွဲ့ သျှမ်းနှစ်သစ်ကူးပွဲကျင်းပ သတင်း
■ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် မြန်မာ့အရေး ဆွေးနွေး သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လှုပ်ရှားမှုများ သတင်း
■ ကျပ် (၅) ထောင်တန်များ ရွေးကောက်ပွဲကာလအတွက် လျာထား သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို ကူကီးတိုင်းရင်းသားများ ကန့်ကွက် သတင်း
■ အစိုးရထုတ်သတင်းစာ (၂) စောင်မှ အယ်ဒီတာအဖွဲ့များ နေပြည်တော်သို့ ပြောင်းရွှေ့ရ သတင်း
■ ကမ္ဘာ့အဆိုးဆုံး လာဘ်စားမှုတွင် မြန်မာနိုင်ငံက တတိယနေရာမှာ ရှိနေ သတင်း
■ အခွန်ဦးစီးဌာန လာဘ်စားငွေ တနှစ် ကျပ်ဘီလီယံ (၂ဝဝ) ကျော်ရှိ သတင်း
■ ကချင်ပြည်နယ် တိုးတက်ရေးပါတီ မြစ်ကြီးနားမှာ ရုံးဖွင့်လှစ် သတင်း
■ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းရငွေမှ ပြည်သူ့ကျန်းမာရေးအတွက် ပိုသုံးသင့် သတင်း
■ Burma VJ ၂၀၀၉ ခုနှစ် အော်စကာဆုအတွက် ပဏာမ ရွေးချယ်ခံရ သတင်း
■ လားရှိုး-ယူနန် ရထားလမ်းဖောက်လုပ်ရေး စတင်ဆွေးနွေး သတင်း
■ ထိုင်း-မြန်မာ နိုင်ငံကူးလက်မှတ် အခက်အခဲမရှိ ထုတ်နိုင် သတင်း
■ ကားတိုက်လို့ ဒဏ်ရာရသူကို ဆေးရုံက နှင်ထုတ် သတင်း
■ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ ဖွင့်လှစ်ခွင့် ပေးတော့မည် သတင်း
■ ပြည်ပထွက်လုပ်သူများ အခွန်ပေးဆောင်မှု၊ မိသားစုငွေလွှဲကိစ္စ ကြီးကြပ်မည် သတင်း
■ ဗီယက်နမ်-မြန်မာ နိုင်ငံတကာကုန်စည်ပြပွဲ ရန်ကုန်တွင် ပြုလုပ် သတင်း
■ မြန်မာလိဂ် (၃) နှစ် အခွန်ကင်းလွတ် သတင်း
■ အာဆီယံနိုင်ငံများ လူဝင်မှုကြီးကြပ်ရေး အချက်အလက်များ ဖလှယ်ရန် သဘောတူ သတင်း
■ အာဆီယံ ဗီဇာကိစ္စ အဖွဲ့ဝင်နိုင်ငံများ ဆွေးနွေးမည် သတင်း
■ ရှိတ်ခ်မူဂျီဘာ လုပ်ကြံမှု သေဒဏ်အယူခံ ပယ်ချ သတင်း
■ ဥရောပသမဂ္ဂ ပထမဆုံး ဥက္ကဌကို ရွေးချယ်လိုက်ပြီ သတင်း
■ တိုက်ခိုက်မှုတွေ နိဂုံးချုပ်အောင်လုပ်ဖို့ အာဖဂန်သမ္မတ ခါဇိုင်း ကတိပြု သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ညီလာခံ ကျင်းပပြီးစီး သတင်း
■ လယ်မြေသိမ်း၊ လူဖမ်း၊ သီးနှံသိမ်းရုံမက လယ်ထွန်စက်ပါသိမ်းရန် ဒေသခံအာဏာပိုင်များ ကြံစည်နေ သတင်း
■ ရေတိုက်စားမှုကြောင့် ဘီလူးကျွန်းကမ်းရိုးတန်း မြေယာဧက (၁၀၀) ဝန်းကျင် နှစ်စဉ်ဆုံးရှုံး သတင်း
■ ရခိုင်ပြည်နယ် စိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင် သတင်း
■ Global Fund အဖွဲ့က မြန်မာကို ပြန်လည်အကူအညီပေးမည် သတင်း
■ ဧရာဝတီတိုင်းရှိ ရေယာဉ်များကို ညမထွက်ရ အမိန့်ထုတ် သတင်း
■ အစိုးရပိုင် သားရေပစ္စည်းစက်ရုံ မီးလောင် သတင်း
■ လက်နက်ကိုင်အကျဉ်းသား (၃၄) ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည့်အပေါ် ကေအဲန်ယူ ကြိုဆို သတင်း
■ ပြင်းထန်သည့် ဂတ်စ်ပေါက်ကွဲမှု ထပ်မံဖြစ်ပွား သတင်း
■ တရုတ်ပြည်မှာ ဆင်ဆာဖြတ်ခံရတဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ သတင်း သတင်း
■ အာဏာသိမ်းခေါင်းဆောင်က ညီညွတ်ရေး တည်ဆောက်နိုင်မှာလား သတင်း
Thursday, November 19, 2009
ကချင်ပါတီ ရုံးသစ် ဖွင့်လှစ်
နိုဝင်ဘာ ၁၈၊ ၂၀၀၉ (The Kachin Post)
မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် မြို့တော်၊ မြစ်ကြီးနားမြို့မှာ ကျင်းပ ပြုလုပ်တဲ့ ကချင်ပြည်နယ် တိုးတက် ရေးပါတီ (Kachin State Progressive Party) ရုံးသစ်ဖွင့်ပွဲကို ဧည့်သည်တော် တွေနဲ့ လူသိများထင်ရှား ကျော်ကြားတဲ့ ကချင်အမျိုးသား ၂၀၀ ကျော် တက်ရောက် ခဲ့တယ် လို့ မြို့ခံ သတင်းရပ်ကွက်က ပြောဆိုပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ ဒု-ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ဒေါက်တာ တူးဂျာက နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ပါတယ်။ အရင် KIO ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး ဇော်မိုင်၊ ထင်ရှားတဲ့ ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဘုန်းတော်ကြီး ဆဗွိုင်းဂျွန်နဲ့ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) ခေါင်းဆောင် ဆခုန်တင်ယင်းတို့ တက်ရောက်ခဲ့တယ်။ လို့ အမည်မသိ ဧည့်သည် တဦးက ပြောပါတယ်။
နှစ်ချင်းဓမ္မဆရာ သိက္ခာတော်ရ မဂျီလဂျာက တရားတော် ဟောကြားပြီး နောင်နန်း ကချင် ဓမ္မကောလိပ်၊ ဌာနမှူးဟောင်း ဖြစ်သူ၊ သိက္ခာတော်ရ Gum Se က ဆုတောင်းပွဲကို ဦးဆောင် ကျင်းပခဲ့ပါတယ်။ ဒေါက်တာ တူးဂျာက ကချင်ပြည်နယ် ကြားဖြတ် လုပ်ငန်း ကော်မတီ၊ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒီကော်မတီကို ၂၀၀၈ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ KIO ၊ NDA-K နဲ့ ကချင် လူထုခေါင်းဆောင် တွေရဲ့ သဘောထား တူညီမှုနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ် စက်တင်ဘာလ အစောပိုင်းမှာ ဒေါက်တာ တူးဂျာဟာ ကချင်နိုင်ငံရေး ပါတီ ဖွဲ့စည်းဖို့ ကြိုတင် ပြင်ဆင်မှု အနေနဲ့ မြို့ပြ နိုင်ငံရေးကို အချိန်ပြည့် လုပ်ဖို့ ကတိ က၀တ်တွေကို ထုတ်ဖော် ကြေညာပြီး KIO ကနေ နှုတ်ထွက် ခဲ့ပါတယ်။
မြန်မာပြည်အနာဂတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေး ပါတီတွေ တရားဝင် ဖွဲ့ခွင့် ရတဲ့ အချိန်မှာ ကချင်ပြည်နယ် တိုးတက်ရေး ပါတီကို ထုတ်ဖော် ကြေညာမှာ ဖြစ်ပါတယ်။ လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။
၁၉၄၈ခုနှစ် ဗြိတိသျှလက်အောက်ကနေ မြန်မာပြည် လွတ်လပ်ရေး ရအပြီးမှာ ကချင် အမျိုးသား ကွန်ဂရက်(ဂျိန်းဖောဝမ်ပေါင်ဖွန်း)၊ ခွန်ဖန်ပါတီ (ခွန်ဖန်ဖွန်း)နဲ့ ပေါင်ယောင် လူငယ်ပါတီ (ပေါင်ယောင်ရမ်မရော်ဖွန်း) ဆိုတဲ့ အဓိက ကချင်နိုင်ငံရေး ပါတီ ၃ ခု ပူးတွဲပြီး ကချင်ပြည်နယ် အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ တော်လှန် ရေးကောင်စီက ၁၉၆၂ခုနှစ် မှာ တိုင်းပြည်ရဲ့ အာဏာကို ထိန်းချုပ်ပြီး နောက်မှာ ကချင်နိုင်ငံရေး ပါတီအများစုကို ဖျက်သိမ်းခဲ့ပါတယ်။ ၁၉၉၀ခုနှစ်မှာ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် ပါတီဟာ ကချင်ပြည်နယ်မှာ အမတ် ၃ နေရာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ ပါတီဟာ တားမြစ် ပိတ်ပင်ခံရပြီး အဓိက ပါတီဝင်တွေ အဖမ်းခံခဲ့ ရပါတယ်။
နေ့စဉ်သတင်းများ ( ၁၈ - ၁၁ - ၀၉)
■ ဒေါ်အောင်ဆန်းစုကြည်လွတ်ရန် နိုင်ငံရေးအကျဉ်းသားများလည်း မျှော်လင့် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုချက်ကို လိုက်လျောရန် အင်္ဂါဆုတောင်းအဖွဲ့က တိုက်တွန်း သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့အင်အားဖြင့် ဆင်နွှဲရန် အာဏာပိုင်များ ညွှန်ကြား သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရန် နိုင်ငံတကာမြန်မာ့သတင်း အဖွဲ့တောင်းဆို သတင်း
■ နိုင်ငံတကာပွင့်လင်းမှုမှတ်ကျောက်အဖွဲ့က မြန်မာပြည်ကို တတိယခြအစားဆုံး နိုင်ငံအဖြစ်သတ်မှတ် သတင်း
■ မြန်မာကို ဒေါ်လာသန်း (၁၀၀) ဥရောပသမဂ္ဂ ကူညီမည် သတင်း
■ လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် ဗြိတိန်သံအမတ် အကောင်းမြင် သတင်း
■ ၀ တပ်ဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ရေးကို မူအရ လက်ခံသော်လည်း လက်တွေ့တွင် ဘာကြောင့် ငြင်းဆန်နေ သနည်း သတင်း
■ SSA အပစ်ရပ်နှင့် နအဖ ဆွေးနွေးမှု ညှိနှိုင်းမရ သတင်း
■ ရတနာပုံအမှား လူထုအကြား ရေပန်းစား သတင်း
■ ဖမ်းထားသော သတင်းသမားများ လွှတ်ပေးရန် BNI သတင်းအဖွဲ့ တောင်းဆို သတင်း
■ အာဏာပိုင်များ၏ မတရားပြုမှုများ ILO ပြန်လည်သုံးသပ် သတင်း
■ အရှင်ဆန္ဒာဓိကကို မိသားစုနှင့် တွေ့ခွင့်မပေး သတင်း
■ အဖွဲ့ချုပ်ဝင် (၃) ဦးကို စွဲချက်တင်ပြီ သတင်း
■ NLD LA ဗဟိုကော်မတီ အပြောင်းအလဲ သတင်း
■ စစ်မှန်သည့် ဆွေးနွေးရေးလုပ်ရန် အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ တောင်းဆို သတင်း
■ ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ရန် အန်အယ်ဒီ-အယ်အေ ဆုံးဖြတ် သတင်း
■ ပုဂ္ဂလိကကျောင်းများကို လာမည့်ပညာသင်နှစ်မှစ၍ စတင်ဖွင့်လှစ်ခွင့်ပေးမည် သတင်း
■ ဝန်ကြီးဌာန လက်အောက်ခံ အလွတ်သင်ကျောင်းစနစ် စမ်းသပ် သတင်း
■ ဒေသခံများ၏ ရေနံလက်ယက်တွင်းများ၊ လယ်မြေများ အသိမ်းခံနေရ သတင်း
■ ဂျပန်အလုပ်သွားလုပ်မည့်သူများ ငွေအလိမ်ခံရသည်ဟု ယူဆနေကြ သတင်း
■ စပါးရိတ်ချိန် မရိတ်ရသည့်အတွက် လယ်သမားများ အခက်တွေ့ သတင်း
■ မောင်စွမ်းရည် ကျန်းမာရေးကြောင့် အယ်လ်အေ အမျိုးသားနေ့စာပေဟောပြောပွဲ မတက်ရောက်နိုင် သတင်း
■ တရုတ်ခရီးစဉ်အပြီး အိုဘားမား တောင်ကိုရီးယား ရောက်ရှိ သတင်း
■ တောင်ကိုရီးယား ခရီးစဉ်အတွင်း သမ္မတ အိုဘားမား လွတ်လပ်စွာ ကုန်သွယ်ခွင့်ကိစ္စ ဆွေးနွေး သတင်း
■ ပုသိမ်သင်္ဘောနစ်မြုပ်မှု၊ ဆူပူမှုနဲ့ ဒီမိုကရေစီရနိုင် အပါအ၀င် မြန်မာပြည်သတင်းများ သတင်း
■ တမူးတွင် ပစ်ခတ်မှုဖြစ်ပွား သတင်း
■ SSA ဆွေးနွေးပွဲရလဒ် စစ်အစိုးရ မကျေနပ် သတင်း
■ သတင်းထောက်များ နယ်စပ်ခြံစည်းရိုးမသွားရ သတင်း
■ သတင်းထောက်များ လွတ်မြောက်ရေး စစ်အစိုးရကို ဖိအားပေးမည် သတင်း
■ ကိုကံမြင့်ကို ထောင် (၈) နှစ် ထပ်ချ သတင်း
■ မြေယာသိမ်းပိုက်မှုသတင်းတွင် တပ်ရင်းနံပါတ် မှားလွှင့်၍ ရွာသားများ စစ်ဆေးမေးမြန်းခံရ သတင်း
■ လယ်မြေသိမ်းပိုက်ခံရမှုအတွက် မင်းလှလယ်သမားများ လမ်းပြကြယ်အဖွဲ့ကို အကူအညီတောင်း သတင်း
■ ကိုကိုးကျွန်းလက်မှတ် သာမန်ပြည်သူများကို မရောင်း သတင်း
■ ပုဂ္ဂလိက အထက်တန်းကျောင်းများ ဖွင့်နိုင်တော့မည် သတင်း
■ မြနန်းနွယ်ရုပ်တု လက်ထိပ်ခတ်ခံရ သတင်း
■ မီးပုံးပျံပြုတ်ကျသဖြင့် ဒဏ်ရာရသူနှစ်ဦး ထိုင်းနိုင်ငံသို့ ပို့ဆောင် ဆေးကုသ သတင်း
■ မန္တလေးမြို့တွင် လမ်းဘေးအိပ်စက်သူ ပိုများလာ သတင်း
■ ဂရမ်မီဆုပေးပွဲသို့ မြန်မာအဆိုတော် (၃) ဦး တက်ရောက်မည် သတင်း
■ ဗိုလ်သန်းရွှေရဲ့ ဂို့စ်လမ်းပြမြေပုံ၊ ကုပ်ချောင်းချောင်း စိတ္တဇနဲ့ ဘုရင်ရူးရောဂါ (ဆောင်းပါး)
■ စစ်အစိုးရအဘိဓာန်မှာ လုံးဝမပါသည့် စကားလုံးနှင့် အမြင်သွေလွဲခြင်း (ဆောင်းပါး)
■ အကျဉ်းသူတဦးရဲ့ ပါရမီဖြည့်ဘက် (ဆောင်းပါး)
■ အိန္ဒိယ soft ပါဝါ (၁) (ဆောင်းပါး)
Wednesday, November 18, 2009
“မ” တလုံးကျန်၍ သတင်းစာ တာဝန်ရှိသူများ ဖမ်းဆီးခံရ
၁၇ နိုင်ဝင်ဘာ ၂၀၀၉
သတင်းစာ နောက်ကျောဖုံးမှာ ပုံမှန်ဖော်ပြလေ့ရှိတဲ့ ဝါဒဖြန့်ချီရေး ကြွေးကြော်သံတွေ ထဲက “ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင်” ဆိုတဲ့ ကြွေးကြော်သံမှာ “မ” တလုံးကျန်ခဲ့ပြီး “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင်” ဆိုပြီး မန္တလေးထုတ် ရတနာပုံ သတင်းစာက ဖော်ပြလိုက်ပါတယ်။
ဒီလ ၁၃ ရက် သောကြာနေ့ထုတ် သတင်းစာမှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပြီး အဲဒီအတွက် ၁၄ ရက်နေ့မှာ တာဝန်ရှိသူတွေကို ဖမ်းဆီး စစ်ဆေးပြီး ၁၅ ရက်နေ့မှာ သတင်းစာ ထုတ်ဝေမှု တရက်တာ ရပ်ဆိုင်းသွားတယ်လို့ မန္တလေးရှိ စာနယ်ဇင်း သမားတွေက ပြောပါတယ်။
မန္တလေး ရတနာပုံသတင်းစာကို ပိုင်ဆိုင်သူက စစ်တပ် အရာရှိဖြစ်တယ်လို့ မန္တလေးသားတွေက ပြောပါတယ်။
Ref: DVB News
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၈ / ၁၁ / ၀၉
Tuesday, November 17, 2009
ယနေ့ နေ့စွဲဖြင့်
အထူးကြေညာချက် ထုတ်ပြန်။
နေ့စဉ်သတင်းများ ( ၁၇ - ၁၁ - ၀၉)
■ ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ကမ်းလှမ်းချက်ကို ဒီချုပ်ခေါင်းဆောင်များ ထောက်ခံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ စေ့စပ်ညှိနှိုင်းရေးကို လေ့လာသူများ ကြိုဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ပေးပို့သော စာ သတင်း
■ သူရဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းများ သတင်း
■ မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေရဲ့ ဘုရားဖူးဟန်ပြ သီရိလင်္ကာခရီးစဉ် သတင်း
■ ၀ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖ ထပ်မံတိုက်တွန်း သတင်း
■ ရွှေတိဂုံ (၈) ဆူ ရှမ်းပြည်နယ်တွင်း တည်ထား သတင်း
■ အကျဉ်းစခန်းဟောင်း ကိုကိုးကျွန်းကို ခရီးသွားသူများ စိတ်ဝင်စား သတင်း
■ ဖျက်ဆီးပိတ်ပင်ခံထားရသည့် ရှမ်းယဉ်ကျေးမှုအကြောင်း စာအုပ်ထုတ်ဝေ သတင်း
■ “တားမြစ်ထားသော မြင်ကွင်းများ” စာအုပ် ထွက်ရှိ သတင်း
■ ဗိုလ်ချုပ် မောင်ဦး ရုရှားသွားမည် သတင်း
■ ငဝန် သင်္ဘောတိုက်မှု (၃၁) ဦးသေ၊ (၂၁) ဦး ပျောက်ဆုံးနေဆဲ သတင်း
■ နယ်ခြားစောင့်တပ်များအား ကြိုဆိုပွဲပြုလုပ် သတင်း
■ ပိုးဖျက်၍ မွန်ပြည်နယ် စပါးထွက်နှုန်း တဝက်ခန့်လျော့နိုင် သတင်း
■ ရခိုင်ပြည်နယ်ရှိ လယ်မြေနှင့် လက်ယက်ရေနံတွင်းများ သိမ်းယူခံနေရ သတင်း
■ တရုတ်ရေနံကုမ္ပဏီအတွက် ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက်တွင်းများကို စစ်အစိုးရ သိမ်းဆည်း သတင်း
■ စိုင်းတင် ရေအားလျှပ်စစ်စီမံကိန်းအတွက် အနာဂတ်စွမ်းအင်နဲ့ မြန်မာစစ်အစိုးရတို့ စာချုပ်ချုပ်ဆို သတင်း
■ မြန်မာနိုင်ငံမှာ ရိက္ခာရှားပါးမှုရှိနေ သတင်း
■ ဈေးဆိုင်ခန်းသစ်မှ နေရာကောင်းများကို အာဏာပိုင်နှင့် နီးစပ်သူတို့က ရယူ သတင်း
■ တရုတ်နဲ့ အမေရိကန်ပေါင်းရင် ကမ္ဘာကြီး အကျိုးရှိနိုင်တယ်လို့ အိုဘားမားပြော သတင်း
■ ကမ္ဘာ့စားနပ်ရိက္ခာညီလာခံ ဆုံးဖြတ်ချက်ကို အက်ဖ်အေအို ဝေဖန် သတင်း
■ ပြည်သူကို ပေးဆပ်ဖို့ ကျနော် ဆုံးဖြတ်ထားပါတယ် (သရုပ်ဆောင် ဦးကျော်သူနှင့် အင်တာဗျူး)
■ ပင်လုံစာချုပ်၊ ဖယ်ဒရယ်မှုနှင့် ၂၀၀၈ အခြေခံဥပဒေ (ဆောင်းပါး)
■ အမေရိကန်အစိုးရပိုင်းက ပြောနေတဲ့ “ဒီမိုကရေစီရေး ရှေးရှုတဲ့ စစ်မှန်သော တိုးတက်မှု” ဆိုတာ ဘာတွေလဲ (ဆောင်းပါး)
■ မင်းကိုနိုင်ရဲ့ ဝတ္ထု (ဆောင်းပါး)
■ သူရာထောင်ချောက် (ဆောင်းပါး)
■ ယွမ်ငွေနှင့် တရုတ်-အမေရိကန် ကုန်သွယ်မှုပြဿနာ (ဆောင်းပါး)
Tuesday, November 17, 2009
ဘဝချင်းမတူတော့သည့် တရုတ်ပြည်
Written by ဘိုဘိုလန်းစင်
ဦးမြင့်သိန်း မော်စီတုန်းထံ သံအမတ် ခန့်အပ်လွှာ ပေးအပ်စဉ် (ဒေါက်တာသိန်းအုပ်ကျော်မြင့်မှ ကျေးဇူးပြုသည်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တနည်း တရုတ်နီဟုလဲသိကြသော နိုင်ငံ ထူထောင်သည်မှာ အနှစ်၆၀ ရှိပီ ဆိုသော်ငြား မြန်မာပြည်တွင်ကား ဤ ၆၀ပြည့်ပွဲကို စိတ်ဝင်တစား ဝမ်းပါးမည့်သူ အလွန် ရှားပါးပါလိမ့်မည်။ အိုဘားမား နန်းတက်ပွဲ ပရိသတ်နှင့် လားလားမှ မဆိုင်ဘဲ ဘဝချင်း မတူတော့သည့် တရုတ်ပြည်ကို စီးပွားရေး နယ်ချဲ့ တမျိုးဟု မြင်သူသာ များပါ၏။ ဆွေမျိုးပေါက်ဖော်ဟု မည်သို့ပင် ဆိုစေကာမူ စင်စစ် ခေတ်သစ် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဝါဒချင်း ပြိုင်ရုံသာမက ကြီးနိုင်ငယ်ညှဉ်း လက္ခဏာ ဆောင်သည့် ကာလများလဲ မကင်းခဲ့။ ပမာဆောင်ရလျှင် မြို့သား လူလည်က တောသားကို အညွန့် ခူးစားသည့် ပမာတည်း။
ထိုတိုင်းပြည်နှင့်ပတ်သက်၍ ခေတ်အဆက်ဆက် မြန်မာ ပညာတတ် လူတန်းစား၏ ထင်မြင်ချက် ပြောင်းလဲ လာပုံကိုလဲ ပြန်ပြောင်း မြင်ယောင်မိပါ၏။ တရုတ်နီဟု မဖြစ်ခင် အနှစ်လေးဆယ် လောက်ကပင် သူရိယ စသည့် ခေတ်သစ် သတင်းစာများ ကျေးဇူးဖြင့် မန်ချူး ပဒေသရာဇ်ကို တော်လှန်ပီး တရုတ် သမ္မတနိုင်ငံ (ကိုမင်တန်) ဟူ၍ ဆွန်ယက်ဆင်က တိုင်းသစ်ပြည်သစ် ထူထောင်ပုံကို သိခဲ့ကြလေပီ။ စစ်မင်းများ ဗိုလ်လု နေကြသဖြင့် ချိနဲ့နေသော ထိုနိုင်ငံသစ်ကို ဖက်ဆစ်ဂျပန် ကျူးကျော်ခြင်းမှ တဆင့် စစ်ကူအဖြစ် အင်္ဂလိပ်က တရုတ်-ဗမာလမ်းမကြီး ဖောက်လေရာမှ မြန်မာပြည်နှင့် ပို၍ ဆက်ယှက် လာတော့သည်။ ထိုချိန်တွင် နဂါးနီ စာအုပ်အသင်းက ဆွန်ယက်ဆင်၏ သဘောတရား များကို မြန်မာလို ပြန်ဆိုထားပီး အမေရိကန် သတင်းစာဆရာ အဂ္ဂါစနိုး၏ တရုတ်ပြည်ပေါ်မှ ကြယ်နီ စာအုပ်ကလဲ လက်ဝဲဝါဒ စိတ်ဝင်စားသော တို့ဗမာသခင် ကျောင်းသားများ အကြား 'ပေါက်' လှသည်။
တရုတ်ဖြူနှင့် တရုတ်နီ နှစ်ပြည်ထောင်လုံးသို့ သံအမတ် ခန့်အပ် ခံရသူ ဦးမြင့်သိန်းကို ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် အတူ ကိုမင်တန် ကျူးကျော်မှု အရေးတွင်လဲ ဂျပ်စတစ် မြင့်သိန်းပင် ကုလတွင် ဦးဆောင် အရေးဆိုခဲ့ရ၏။(ဒေါက်တာသိန်းအုပ်ကျော်မြင့်မှ ကျေးဇူးပြုသည်)
သခင်နု၏ ဂန္ဓာလရာဇ် (၁၉၄၀)ကို ပြန်ဖတ်လျှင် စစ်တွင်းမြို့တော် ချုံကင်းရှိ ဂျင်နရယ်လစ်ဇီမို ချန်ကေရှိတ်၏ အမျိုးသားရေး ဝါဒီ အစိုးရထံသို့ ဦးစွာ ပထမ သွားရောက်သော သခင်နု၊ ဒီးဒုတ် ဦးဘချို (ဖေဘီယန်ဆိုရှယ်လစ်)၊ ဒေါ်မြစိန်တို့ ချစ်ကြည်ရေး မိတ်ဆက် အဖွဲ့၏ လှုပ်ရှားမှုကို တွေ့ရလိမ့်မည်။ တို့ဗမာ အစည်းအရုံး ညွှန်ကြားချက်အရ တရုတ် ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံး၊ ချူတေးတို့နှင့် တွေ့ရန် သခင်နု ကြိုးစားသော်လည်း တွေ့ခွင့် မသာခဲ့ပုံကို ထိုစာအုပ်၌ အတိအလင်းပင် ဖော်ပြထား၏။ ထို့နောက် တရုတ်ပြည်တွင် စာသင်နေသော ဖျာပုံသား တရုတ် သခင်တဦးမှ တဆင့် တရုတ် ကွန်မြူနစ်နှင့် ဆက်ရန် လက်ဝဲသခင်များ ကြိုးစား ခဲ့ပြန်သည်။ နောက်ဆုံး သခင်အောင်ဆန်းတို့ ဂျပန်အောက် ကျနေသည့် အမွိုင်တွင် တရုတ် ကွန်မြူနစ်နှင့် ဆက်သွယ်ရန် ကြိုးစားရင်း ဗမာ့ ထွက်ရပ်ဂိုဏ်းဝင် ဒေါက်တာဘမော်၏ လက်ျာ အုပ်စုမှတဆင့် ဗိုလ်မိုးကြိုးနှင့် တွေ့ကာ ဂျပန်သို့ ပါသွားလေ၏။
စစ်တွင်းက သခင်သိန်းဖေ(မြင့်) ခေါင်းဆောင်သည့် မြန်မာလက်ဝဲ သမားများ အိန္ဒိယ ကွန်မြူနစ် ပါတီနှင့် အလွမ်းသင့် ခဲ့သော်လဲ တရုတ်ဘက်နှင့် ပြောစမှတ် ဖြစ်စရာ ကူးလူးမှု မရှိခဲ့ပေ။ စစ်ပီးခေတ် ဗမာပြည် ကွန်မြူနစ် ပါတီက ဘရောက်ဒါ ဝါဒ လက်ခံသည်မှ အစ ပြည်တွင်း စစ်လမ်းစဉ်ကို လက်ခံသည် အဆုံး အိန္ဒိယ သြဇာ ကြီးခဲ့လှ၏။ လွတ်လပ်ရေး ရစကပင် နန်ကင်းရှိ ကိုမင်တန် အစိုးရနှင့် သံ ဆက်ခဲ့သော်လဲ ကွန်မြူနစ်ကို စစ်ရှုံးပီးရင်း ရှုံးနေသော ကိုမင်တန်မှာ မြန်မာပြည်က အာဏာရ ဖဆပလနှင့် ပုန်ကန်နေသည့် ကွန်မြူနစ်များ အဖို့ နယ်ချဲ့ နောက်မြီးဆွဲသာ ဖြစ်လေသည်။ ဂန်သာစတိန်းစသည့် အနောက်သတင်းစာ ဆရာများ၏ သုံးသပ်ချက်များကို ဖတ်ပီး ကွန်မြူနစ် တက်လာမည်ကို သိနေကြပီး ဖြစ်သည်။
ထို့ကြောင့် ၁၉၄၉ မော်စီတုံး ကွန်မြူနစ်အစိုးရ တက်လာပီး လပိုင်း အတွင်းမှာပင် မြန်မာ့ဆိုရှယ်လစ် (ဖဆပလ) အစိုးရက အသိအမှတ် ပြုလိုက်လေသည်။ ကွန်မြူနစ် ပုန်ကန်မှုနှင့် ရင်ဆိုင်နေရသည့် မြန်မာ အစိုးရအဖို့ အနောက်အုပ်စု အကြိုက် တရုတ်နီကို ဥပေက္ခာပြုရန် မဝံ့ပါချေ။ ထိုထက်ဆိုးသည်ကား စစ်ရှုံးလာသော တရုတ်ဖြူ တပ်ပြေးများ ရှမ်းပြည်နယ်နှင့် ထိုင်း-လာအို နယ်စပ်များတွင် အခြေချကာ တရုတ် ကွန်မြူနစ် ပြည်သစ်ကို ပြန်လည် ထိုးစစ်ဆင်ရန် အစပျိုးလာခြင်း ပင်တည်း။ တရုတ်ဖြူကို ဘယ်သူတွေ ထောက်ပံ့ ညွှန်ကြားနေသည်ကို သိလျက် ကုလသမဂ္ဂ၌ ဤကျူးကျော်မှုကို တိုင်ကြားသော အခါ အမျိုးအမည် မဖော်ပြနိုင်သော နိုင်ငံခြား တပ်များ ကျူးကျော်မှုကို ရှုတ်ချကြောင်း အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်နှင့်သာ ချောင်ထိုး ခံခဲ့ရလေသည်။ အမေရိကန်၏ ကွန်မြူနစ် ပိတ်ဆို့ရေး ပေါ်လစီအောင်မြင်ရန် အလို့ငှာ ဒုတိယ ကိုရီးယား အဖြစ်မခံလိုသည့် မြန်မာအစိုးရ အဖို့ ကုန်းဘောင်ခေတ်က မန်ချူးစစ်ကို နိုင်ခဲ့သော တိမ်ကြား မင်းခေါင်ထုံး နှလုံးမူပီး စစ်အင်အား တိုးချဲ့ကာ တရုတ်ဖြူကို နိုင်အောင် တိုက်ဖို့သာ ရှိတော့သည်။
ဝါးကန့်လန့်ကာနောက်မှ မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ (၁၉၅၂)
တဖက်ကလဲ တရုတ်နီက သခင်နု၏ ဖဆပလကို ဖောက်ပြန်ရေး သမား နယ်ချဲ့လူဟု သမုတ်နေ၏။ ပြည်တွင်းက လက်ဝဲ ပညာတတ်များ ကလဲ ကိုယ်တွေ့ တရုတ်ပြည်သစ်၊ နေရစ်တော့ ခေတ်ဟောင်းစသည့် ခရီးသွား မှတ်တမ်းများဖြင့် တရုတ်နီကို အာရှတိုက်၏ အလင်းရောင်အဖြစ် သိဒ္ဓိတင်နေကြချိန် ဖြစ်သည်။ ၁၉၅၀-၆၀ ပြည့်နှစ်များတခိုက ဗီယက်နမ်၊ လာအိုစသည့် အရှေ့ အိမ်နားနီးချင်းများ ဆီ၌ တရုတ်နီ စစ်ကူနှင့် အမေရိကန် ထီးရိပ်က ဆီးတိုးတပ်များ ထိပ်တိုက် တွေ့နေကြချိန်မို့ မြန်မာဆိုရှယ်လစ် အာဏာပိုင်များ အဖို့ နိုင်ငံတွင်း၌ မည်သည့် အင်အားကြီး နိုင်ငံကိုမှ မကြီးစိုးစေလိုပေ။ ထို့ကြောင့် ခင်နှင်းယု၏ ပန်းတိုင်းပွင့်သော တိုင်းပြည်၊ အိုင်စီအက်စ် ဦးကျော်မင်း၏ သံကန့်လန့်ကာ တွင်းသို့ နောက်ဖေးပေါက်မှ ဝင်ခဲ့စဉ်က (အင်္ဂလိပ်လို) စသည့် စာပေများ ထွက်လာခဲ့သည်။
တရုတ်ဖြူစစ်ဆင်ရေးအတွက် တိုးချဲ့ရသည့် ဗမာစစ်တပ် ခိုင်ဖီး လာချိန်နှင့် နိုင်ငံရေး သက်လုံ ကျလာသည့် ဖဆပလ ပြိုကွဲချိန်တို့ တိုက်ဆိုင်လာ၏။ ထို့ပြင် ၁၉၅၅ ဘန်ဒေါင်း ညီလာခံတွင် ကြားနေရေး ဝါဒကို ဦးဆောင် နိုင်ငံတခုအဖြစ် တရုတ်နီနှင့် ပူးတွဲ ကြေညာခဲ့သော မြန်မာကို အမေရိကန်က နိုင်ငံတကာ ကွန်မြူနစ် ဆက်သွယ်ရေး အကျိုးဆောင်ဟုသာ သဘောပိုက် လေသည်။ သို့အတွက် ဖဆပလ အကွဲကြောင့် ကွန်မြူနစ် လိုလားသော အတိုက်အခံ ပမညတ သြဇာတက်လာသည်မှ အစပြုကာ ကွန်မြူနစ် ဆန့်ကျင်ရေး စစ်တပ်၏ ၁၉၅၈ အာဏာသိမ်း အစိုးရ ပေါ်ထွက်လာသည်။ ဒိနောက် ရွေးကောက်ပွဲ ပြန်နိုင်သည့် ဦးနု၏ ကချော်ကချွတ် ခေါင်းဆောင်မှု၊ စစ်တပ်နှင့် လူမျိုးစုများ အကြား ပဋိပက္ခ စသည်တို့ ကြားတွင် ဝရုန်းသုန်းကား ဒီမိုကရေစီခေတ် ကသောကမျော နိဂုံးချုပ်ကာ စစ်ဆိုရှယ်လစ်ခေတ် ရောက်ခဲ့တော့သည်။
တရုတ်နီကို အဓိက အန္တရာယ်အဖြစ် သတ်မှတ်ထားသည့် စစ်အစိုးရကို နေဝင်းဖက်ဆစ်ဟု ပီကင်းက ခေါ်ဝေါ် လာချိန်သည် တရုတ်-ဆိုဗီယက် အကွဲတွင် ဆိုဗီယက် လမ်းကြောင်းလိုက်သည့် ပမညတနှင့် လက်နက်ချ ကွန်မြူနစ်များ မဆလတွင်း ဝင်ပူးချိန်နှင့် တိုက်ဆိုင် နေတော့သည်။ ဗကပက တရုတ်နှင့် ပိုနီးကပ်လာပီး ပဲခူးရိုးမသို့ ယဉ်ကျေးမှု တော်လှန်ရေး ဂယက် ရိုက်နေချိန်တွင် မြို့ပြ၌ တင်ထွေး၊ ဒေါ်အမာ၊ မြသန်းတင့် စသူတို့၏ တရုတ် ကွန်မြူနစ် လှုပ်ရှားမှု မှတ်တမ်းများ ရေပန်းစားလာမှုကို တန်ပြန်ရန် တရုတ်-ဗမာ အရေးအခင်းကို စစ်အစိုးရက ဖန်တီးလိုက်ခြင်းသည် ပဒူအုံကို တုတ်နှင့် ဆွသည်ထက် ဆိုးလှ၏။ တရုတ်နီနှင့် ဗကပ၏ အရှေ့မြောက်ပိုင်း ထိုးစစ်များက အရှေ့တောင် အာရှ စစ်မီးလျှံများ မြန်မာပြည်ကို မကူး စေလိုသဖြင့် တံခါးပိတ်ထားသည့် မြန်မာစစ်တပ်၏ မူဝါဒကို မွမွ ကြေစေတော့သည်။ အနှစ် ၂၀ အတွင်း တရုတ်အဖြူနှင့် အနီ၏ ကျူးကျော်စစ်ကို ကြံ့ကြံ့ ခံလိုက်ရသော စစ်တပ် အတွက် လူမျိုးခြား မုန်းတီးသည့် ကျဉ်းမြောင်းသော အမျိုးသားရေး စိတ်ဓာတ်ကို ပိုပျံ့ပွား စေသကဲ့သို့ ရှိလှသည်။ တရုတ် အလိုတော်ကျ စေ့စပ် ချုပ်ဆိုခဲ့ရသည့် နယ်နိမိတ် စာချုပ်မှာလဲ ပင်လုံစာချုပ်ကို စစ်တပ် ဖျက်ခဲ့သကဲ့သို့ စက္ကူစုတ် ဖြစ်ခဲ့ရသည်။
တရုတ်-ဗမာ နယ်နိမိတ်စာချုပ် အတွက် ပီကင်းရောက် ခေါင်းဆောင်ကြီးများ (၁၉၆၀) (စာချုပ်ကြောင့် တရုတ်ကျူးကျော်မှုရန် ဝေးပီလို့ ယူဆခဲ့ကြသော်လည်း)
အထွေထွေရှားပါးဖိနှိပ်မှုများကြောင့် ပညာတတ်၊ လယ်သမား၊ တိုင်းရင်းသား ဘယ်လူတန်းစား၏ ထောက်ခံမှုကိုမှ မရနိုင်သည့် မဆလ စစ်အစိုးရအဖို့ ဗီယက်နမ်စစ် အပစ်အခတ် ရပ်ချိန်လောက်မှ စကာ နစ်ဆင် မျက်နှာရိပ် မျက်နှာကဲကြည့်ပီး ပီကင်းကို ပြန်ဒူးထောက်ရန်မှ တပါး အခြားမရှိပီ။ မော်စီတုန်း တရုတ်နှင့် အချုပ်အချာ အာဏာ စသည့်စာများနှင့် ပီကင်း ဆန့်ကျင်ရေး အလံထူခဲ့သော ဦးသိန်းဖေမြင့် စသည့် လက်ဝဲ ပညာတတ်များလဲ မဆလတွင် ပစားပေး မခံရတော့။ မော်အလွန် တိန်ခေတ်မှစ၍ တရုတ်-မြန်မာ ဆက်ဆံရေး ပြန်လည် သွေးနွေး လာသော်လဲ မဆလ-ဗကပ ပြန်လည် ရင်ကြားစေ့ရေး (ဖဆပလ ပြန်လည်ဆန်းသစ်ရေး) ပီကင်း၏ ကြိုးပမ်းချက်မှာ အရာ မရောက်ခဲ့။ အကျဘက်ကို ရှေးရှုနေသော မဆလ စစ်တပ်အဖို့ ၁၉၈၈ အုံကြွမှုကို ဗကပမြို့သိမ်း ထိုးစစ်အဖြစ် ချေမှုန်း လိုက်ပီးနောက် အနောက်အုပ်စုနှင့် ခွာပြဲကာ တရုတ်ဆီ ငွေချေးရသည်က အစ တရုတ်သြဇာခံ တိုင်းရင်းသား တပ်များနှင့် အပစ်ရပ်ကာ တရုတ် ကုန်သွယ်ဖို့ ဈေးဖွင့်လမ်းဖောက်၊ သယံဇာတ ခုတ်ခွာခွင့် ပေးသည်အဆုံး မာန်ချ ဒူးထောက်ခဲ့ရသည်။
ဤတွင်ရွေ့ စစ်အေးခေတ်အပီးတွင် ဗကပ နွယ်သော မနွယ်သော မြန်မာ ပညာတတ် အပိုင်း တခုလုံးတွင် တရုတ်မျှော်ဝါဒ ထိုးကျသွားပီး အနောက်မျှော်ခေတ် ဆန်းသစ်လာသည်။ ဝါဒရေး အရတွင်လဲ တရုတ်က စီးပွားရေးဇောနှင့် ရုပ်ပြ မလှချိန် ရောက်နေပီး အတိုက်အခံ လှုပ်ရှားမှုကို ထောက်မ ပေးသော အနောက်အုပ်စု၏ လစ်ဘရယ် ဒီမိုကရေစီက ဒီရေ မြင့်သစ်ရောက်နေတော့သည်။ မကြာခင်က ကိုးကန့် အရေးအပီး တရုတ်ကို မြန်မာ စစ်တပ်က ကန်ကာ အမေရိကန်နှင့် ပြန်ပေါင်း ထုပ်တော့မည်ဟု ယူဆမှုများ ရှိခဲ့သော်လဲ ဖြစ်တန်ရာသော အခင်းအကျင်း သစ်မှာကား ၁၉၇၀ကျော် ကကဲ့သို့ အမေရိကန်-တရုတ်-ရပ်ရှားနှင့် ဂျပန်၊ အိန္ဒိယ၊ အာစီယန် ရှိရှိသမျှ တာဝတိံသာ အင်အားကြီးများ ထံမှ မြှူချော့ မြှိုက်ချစားမည့် မူလလက်ဟောင်း ဖော်နည်းကားကြီး ကိုပင် ဒီမိုကရေစီ သကာရည် ဆမ်းပီး တဖုံတလွဲ ပြုစီရင်ကာ ပွဲတိုးဖို့ ကြံလိမ့်ဦးမည် ထင်ပါ၏။ တရုတ်-အမေရိကန်၊ တရုတ်-ဆိုဗီယက် စသည့် ကျွဲကြီးများ အကြားမှ ပင်မြက်မြေဇာ ပြည်မြန်မာ၏ ဘဝမှာ ရွှေငုံးမင်း အမြီးမျှော်သလို ခရီးတော်ပုံစခန်းက ဝေးလွန်းလှပါဘိ တော့တကား။
ဥက္ကဌကြီး ၂ဦး ပြန်ပေါင်းထုပ်
ဂန္ဓာလရာဇ်တွင် သခင်နု ကြိုတင်တွက်ဆ သကဲ့သို့ တရုတ်တွေ မြန်မာပြည်ထဲ အကြိမ်ကြိမ် ဝင်ခဲ့ကြ အခြေချ နေကြလေပီ။ စိနဗေဒ ပညာရှင်များ ခေတ်ပေါ် မန္တလေး စာရေး ဆရာများ၏ လက်ရာများကို ဖတ်ရှု သုံးသပ်ကြလျှင် ပိုကောင်းမည်။ အဆုံးတနေ့တွင် မြန်မာသည် တရုတ်လက်အောက် ကျလိမ့်မည် ဆိုသော ဖာနီဗယ်၏ မှန်းကိန်း လွဲပါစေဟုသာ ဆုတောင်းရပါ၏။
ဘိုဘိုလန်းစင်
Ref: (www.kaungkin.com မှကူးယူဖော်ပြပါသည်)
ဗြိတိသျှစာကြည့်တိုက်
Written by တိုက်စိုး
ဗြိတိသျှ စာကြည့်တိုက် အဆောက်အဦး
ဗြိတိသျှပြတိုက်စာကြည့်တိုက်နှင့် ကျွန်တော် ဆုံစည်းမိပုံသည် မတော်တဆ မဟုတ်ပါလေ။ ဆောင်းရာသီ ကျောင်းပိတ်ရက် အတွင်း တောမှ လန်ဒန်သို့ ကျွန်တော် ရောက်လာသည်။ စာကြည့်တိုက်နှင့် စောစောပိုင်း ကတည်းက အကျွမ်းတ၀င် ရှိထားဖို့မှာ စကားထဲ ထည့်ပြောဖို့ရန်ပင် မလို။ ထို့ကြောင့် ထိုနေ့ မနက်စာ စားပြီးချိန်၌ ကျွန်တော်သည် မြူနှင်းများ ဝေနေသဖြင့် ဘတ်စ်ကားများ ရှေ့မီးကို ထွန်း၍ ဟွန်းသံ ဆူဆူညံညံ ပေးကာ သွားလာနေကြသည့် လမ်းကျယ်ဘက်မှ စာကြည့်တိုက်ရှိရာ ဂရိတ်ရပ်ဆယ်လမ်း (Great Russell St) ထဲသို့ ချိုးဝင် လျှောက်လာခဲ့လေသည်။ ဘေးဝန်းကျင်ကို သတိထားကြည့်ကာ အသံများနှင့် တဖြည်းဖြည်း ဝေးဝေးလာခဲ့ရာ မြူနှင်းတွေ အကြား၌ တရေးရေး ပေါ်နေသော စာကြည့်တိုက်ကို မြင်လာရတော့သည်။ နဂိုက စာအုပ်ထဲတွင် ဖတ်ထာရ၍ ကြည်ညိုနေမိသည့် အထဲတွင် သည်လို အထု အထည်နှင့်လည်း မြင်ရပြန်၊ ပတ်ဝန်းကျင်နှင့်လည်း လျော်ကန်ပြန်သည် ဖြစ်ရာ ပို၍ ကြည်ညိုစိတ် ပွားများလာပေသည်။
သည်အကြောင်းကို စာပေအရာ၌ ဖတ်ကျွမ်း မှတ်ကျွမ်းသူများ သိထားတန်အံ့သည်။ ၀င်းတောင်ဖက် မျက်နှာချင်းဆိုင်တွင် အရှေ့တိုင်း စာအုပ်ဆိုင်တွေ အစီအရီနှင့် ရှိကြသည်။ ကျွန်တော် ရောက်ချိန်၌ ဒေါက်တာ ထင်အောင်ရေး ‘မြန်မာ့ရိုးရာပုံပြင်များ’ စာအုပ်၊ တရုတ်စာပေ သုခမိန် အာသာဝယ်လေ၏ ဘာသာပြန် တရုတ် ကဗျာညွန့်ပေါင်းစာအုပ်၊ ပရမတ်ဆရာကြီး ရာဒါခရစ်ရှနန်းရေး ‘အိန္ဒိယ အဘိဓမ္မာကျမ်း’ စာအုပ်များကို မှန်ပြတင်းပေါင်တွင် အပြိုင်အဆိုင်ပြထာသည်ကို မြင်ခဲ့ရသည်။ ၀င်းရှေ့ဖက်တွင် လန်ဒန်တက္ကသိုလ်၏ ခေတ်ဆန်သော အဆောက်အအုံ မားမားမြင့်မြင့်ရှိသည်။ ၀င်းအနောက်ဖက် လမ်းတွင် အင်္ဂလန် ပြည်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ အသင်းဌာနချုပ် ရှိသည်။ သည်မျှသာ မဟုတ်သေး။ ကဗျာသမား၊ ပန်းချီသမား၊ ဘာသာရေး ဂိုဏ်းသမား၊ ပညာကျော်၊ စာမွေ့သူတွေ ကျက်စားရာ၊ ငတ်ပြတ်ရာ၊ အရက်ချိုမြမြနှင့် ညဥ့်နက် သန်းခေါင်မရွေး ဆွေးနွေးရာ ဘလွန်စဘူရီ အမည်ရှိ နာမည်ကျော် ရပ်ကွက်သည် ဤနေရာပင်ဖြစ်သည်။
သည်လို စာပေရေးရာ၊ ဘာသာရေးရာ၊ ၀ါဒသစ်၊ ၀ါဒဟောင်း အလှယ်အကူး ပေါသည့် ရပ်ကွက်အလယ်တွင် ဗြိတိသျှ ပြတိုက်သည် ရင့်ကျက်သော အသရေကို ဆောင်ပြနေပေသည်။ ကျွန်တော်က စာကြည့်တိုက် စာသင်သားမို့ လိုလိုချင်ချင် မှတ်ချက်ချသည်ဟု ယိုးချင်ပါသော် ဗြိတိသျှပြတိုက်ကို စေ့စေ့ ကြည့်မိသူတိုင်း ကျွန်တော့်နည်းတူ မှတ်ချက် ပေးရလိမ့်မည်ဟု ထပ်ပြောလိုပေသည်။ ကြည့်ပါတော့။ စာကြည့်ခန်းမ အ၀င်တွင် ဂရိနွယ် ကျောက်သားတိုင် ရှစ်တိုင် မားမားရားရားနှင့် ရပ်တည်လျက်ရှိသည်။ ရုပ်ကြွများကလည်း နဖူးစည်းက ဆီး၍ မိုးနေပေသည်။ ဟိုရှေးဂရိ မုခ်ဝမျိုးပင်။ သည်လို ရှေးဂရိဟန် မုခ်ဝအောက်သို့ ၂၀ ရာစုနှစ်တွင်းသား စာဖတ်သူ လူကြီးလူငယ်များ ဦးတိုက်၍ ၀င်လာနေကြပြီ။
သူတို့၏ နှိမ့်ချသောမျက်နှာထားနှင့် ရင့်ကျက်သော အဆောက် အဦးသည် အပြိုင်အဆိုင် ပေါ်နေပေသည်။ လူရွယ်နှင့် အဘိုးအို၏ ဆက်ဆံရေးသည် ပေါ်လွင်နေပေသည်။ ကျွန်တော်လည်း သူတို့နှင့်အတူ ၀င်လိုက်သွား လေသည်။
သည်လိုဖြင့် အမျိုးသား စာကြည့်တိုက်ဖြစ်သော ပြတိုက် စာကြည့်ခန်းမ အတွင်းသို့ ပထမ အကြိမ် ရောက်ရခြင်း ဖြစ်ပေသည်။ (နောင်လည်း မကြာခဏ ရောက်ခဲ့သည်ပင်)။ သို့သော် အမျိုးသား စာကြည့်တိုက် ဆိုသည်မှာ ဘာပါလဲ။ စာကြည့်တိုက်ကို ပါလီမန်မှ နှစ်စဉ် အသုံးစရိတ် ပေးသည်။ အင်္ဂလိပ် သာသနာပိုင်၊ တရားရေးရာ ၀န်ကြီး၊ (ဥပဒေပြု) အောက်လွတ်တော် ဥက္ကဋ္ဌ၊ ထိုသုံးဦးတို့က ဦးစီး အုပ်ထိန်းသည်။ မူပိုင် ဥပဒေအရ ပြည်တွင်း၌ ထုတ်ဝေသမျှ စာအုပ်များ၊ သတင်းစာများ တစ်အုပ်စီ၊ တစ်စောင်စီ ပို့ရသည်။ ဤသည် မြူနီစီပယ် စာကြည့်တိုက် တို့နှင့် ကွဲပြားချက်ဖြစ်သည်။ ထင်ရှားအောင် စာကြည့်တိုက် လမ်းညွှန် စာအုပ်မှ ကောက်နှုတ်၍ ပြပါအံ့။
“ဤစာကြည့်ခန်းမသည် စာပေအလုပ်ရုံသာ ဖြစ်သည်။ စိတ်ဖျော်ဖြေရေး အတွက်လည်းကောင်း၊ စာမေးပွဲ ဖြေဆိုနိုင်ရေး အတွက် လည်ကောင်း၊ အခြား စာကြည့်တိုက်များတွင် ရနိုင်မည့် ခေတ်ပေါ် စာအုပ်များကို နှီးနှောရေး အတွက်လည်းကောင်း အသုံးပြုရန် မရည်ရွယ်။ မူရင်းကျမ်းဂန်ကို နှီးနှောလိုသူများ၊ အခြား စာကြည့်တိုက်များ၌ မရနိုင်သော စာအုပ်များကို သုတေသန ပြုလိုသူများသာလျှင် ဤစာကြည့် ခန်းမကို သုံးခွင့်တောင်းရာသည်။“
ဗြိတိသျှပြတိုက်စာကြည့်တိုက်၏ အလုပ်သည် ယခုခေတ်၊ နှောင်းခေတ်လူများ အကိုးအကား ပြုနိုင်စေရန် ရသမျှ စာပေကျမ်းဂန် တို့ကို အပျောက်အဆုံး မရှိ၊ စုဆောင်း ထိန်းသိမ်း ထားပေးရန်သာ ဖြစ်ပေသည်။ ထို့ကြောင့် ၀တ္ထုစာအုပ် တစ်အုပ်၏ ထုပ်သက်သည် (၅) နှစ်အတွင်း ရှိသည် ဆိုအံ့။ ထိုစာအုပ်ကို စာဖတ်သူအား သုံးခွင့်ပေးရိုး မရှိပေ။ စာဖတ်သူက ငှားရမ်း ဖတ်ရှုလိုလျှင် အခြား စာကြည့်တိုက်များမှ ငှားရမ်း ဖတ်ရှုရသည်ချည်း ဖြစ်သည်။ သည်လိုစည်းမျဉ်း ကြပ်ကြပ်တည်းတည်း ထားရသည်မှာ အခြားအကြောင်းလည်း ရှိပေသေးသည်။ စာကြည့်ခန်းမကို မူလက လူ - ၄၆ဝ အသုံးပြုရန် ကြံရွယ် ခဲ့သော်လည်း ယခုအခါ၌ လူ - ၇ဝဝ ကျော် အသုံးပြုနေကြဟု သိရပါသည်။
(ဗြိတိသျှ စာကြည့်တိုက် အတွင်း မြင်ကွင်း တစ်ခု)
အမျိုးသားစာကြည့်တိုက်မို့ စာအုပ်၊ ပေစာ အစုံလင်ဆုံးရှိသည်ဟု ပြောရလိမ့်မည်။ ပြော၍လည်း အဆန်းမဟုတ်ပေ။ စာကြည့်ခန်းမကို ရှားပါးအဖိုးတန်သည့် စာအုပ်များ ထားသော မြောက်ဘက် စာကြည့်တိုက်၊ မြေပုံ၊ လက်ရေးစာ၊ ပေစာထားသော စာကြည့်တိုက်၊ အရှေ့တိုင်း ကျမ်းဂန်များ ထားသော အရှေ့တိုင်း စာကြည့်တိုက်၊ ဘုရင့် စာကြည့်တိုက်ဟူ၍ စာကြည့်တိုက် ငယ်များက ရံထားသည်။ စုစုပေါင်း ပုံနှိပ်စာဦးရေ လေးသန်း၊ လက်ရေးစာဦးရေ တစ်သိန်းငါးသောင်းနှင်နှင်ရှိသည်။ စာအုပ်စင်ချင်း စဉ်ယူသော် ၃၇မိုင် ရှည်လျားသည်ဟူ၏။
ကျွန်တော်လည်း စာကြည့်ခန်းမအတွင်းသို့ခပ်ငေးငေး၊ ခပ်ရွံ့ရွံ့ ကြည့်နေမိ လေသည်။ သည်အခန်း အကြောင်းကို ရေးခဲ့၊ ဖွဲ့နွဲ့ခဲ့သော စာအုပ်စာတမ်းပေါင်းလည်း များလှပါပြီ။ တချို့တစ်ဝက် ကိုလည်း ကြိုတင်၍ ကျွန်တော် ဖတ်ဖူးခဲ့ရပြီ။ သို့ပေမယ့် ယခုလို ကိုယ်တိုင်ကိုယ်ကျ မြင်ရပြန်သောအခါ ဟိုရှေးအတိတ်နှင့် ခုမျက်မှောက် ကွင်းဆက် တို့တစ်ခုစီ၊ တစ်ခုစီပေါ်လာပေသည်။ ကျွန်တော့်ရင်တွင်း၌ လှုပ်ရှား လာလေသည်။ စာပေရေးရာ၊ စီပွားရေးရာ၊ နိုင်ငံရေရာ၊ ယဉ်ကျေးမှုရေးရာ အပြောင်းအလဲတွေကို သည်ခန်းမကပင် အထောက်အပံ့ ပေးခဲ့သည် မဟုတ်ပါလော။ လူတို့ ပါးစပ်ဖျားတွင် သီးနေသော လူကျော်လူမော် တို့သည် ငယ်ရွယ်စဉ်က မိမိတို့ကြမ္မာကို သည်ခန်းမကပင် ပျိုးခဲ့ကြသည် မဟုတ်ပါလော။
စက်ဝိုင်းသဏ္ဌာန် ခန်းမကြီး၏ အလယ်ကောင်တွင် အခန်းမှူးသည် အလုပ်လုပ်ရ၏။ တစ်ချက်တစ်ချက် စာဖတ်သူများ ဘက်သို့ လှမ်းကြည့်သည်။ သည်အလုပ်ဌာနမှ နေ၍ ထိုင်ခုံ တန်းလျားတို့သည် စက်ဘီး ဘီးထောက်များလို ဘေးသို့ ဖြာထွက်နေလေသည်။ စာဖတ်သူတွေလည်း ကိုယ့်နေရာ၊ ကိုယ့်မီးရောင် အောက်တွင် စာကူးယူနေကြသည်။ အခန်းမှူး၏ လက်ထောက်တို့သည် ခုံတန်းတွေကြား၌ ကူးလူး သွားလာ နေကြသည်။ အထက် နံရံပတ်လည်ရှိ ပြတင်းပေါက်များမှ ၀င်လာသော အလင်ရောင်မှိန်မှိန်တွင် စာအုပ်တွေ အတန်းလိုက်၊ အတန်းလိုက် ထင်နေသည်။ အင်း... ကျွန်တော်မြင်သလို ဆရာကြီး ကား(လ)မတ်လည်း မြင်ခဲ့ပေမှာပဲ။ သည် စာအုပ် တောင်ပုံ ရာပုံတွေကြား မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး ဖားဖားဖြင့် တစ်နေကုန် တစ်နေခန်း သူ စာဖတ် နေခဲ့ပေမှာပဲ။ ကျွန်တော်လည်း တောင်တွေး မြောက်တွေးနှင့် ဆွန်ယက်ဆင်၊ ဘားနတ်ရှော ဟူသော အမည်များကိုပါ ဆက်လက် ရေတွက် နေမိပေသည်။ ဆွန်ယက်ဆင်သည် အရှေ့ တော်လှန်ရေး အတွက် အနောက်တွင် အားပြုခဲ့လေသည်။ သက်ဦးဆံပိုင် တရုတ်အစိုးရ၏ ၀ရမ်းစာကို တိမ်းရှောင်ရင်း သည်ခန်းမမှနေ၍ အားစုခဲ့လေသည်။ ရှောတစ်ယောက်ရော၊ ရှောသည် ဒဗ္ဗလင် လင်တောမြို့မှ လန်ဒန်သို့ တက်လာပြီး လူငယ်ပီပီ လေလုံးကြီးနဲ့ “ကျုပ်လန်ဒန်မှာ အထူးခြားဆုံးလူဗျ” ဟု ကြွေးကြော် လေသည်။ အပြောသန်သူသည် စာကြည့်တိုက် ခန်းမတွင် ကာ(လ)မတ်၏ “အရင်းကျမ်း” ကို လက်ဝဲတွင်ထား၊ ပြဇတ်များကို လက်ယာတွင်ထား၍ အလုပ်လုပ်ခဲ့သည် ဆို၏။
ကျွန်တော်လည်း မိဘသဖွယ်ဖြစ်သော စာကြည့်တိုက် ခန်းမကို ကြည့်ရင်း ဆက်၍ တဖြည်းဖြည်း စဉ်းစား နေမိပေသည်။ တစ်ခါကပြတိုက် ညွှန်ကြားရေးဝန် ဖြစ်ခဲ့သော ပန်နစ်ဇီ၏ ကျေးဇူးကား ကြီးလေစွ။ သူသည် ဇာတိ အီတာလျံသား ဖြစ်လေသည်။ သူသည် စာကြည့်တိုက် ခန်းမကို သည်အဖြစ်မျိုး ရောက်အောင်၊ တစ်ကမ္ဘာလုံးက ကိုင်းရှိုင်း ရိုသေအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပေသည်။ ခန်းမကို သည်ပုံပေါ်အောင် တွေးကြံ ခဲ့ပေသည်။ အစိုးရထံမှ နှစ်စဉ် အသုံးစရိတ် တိုးအောင် တပင်တပန်း နှိုးဆော်ခဲ့သည်။ ထုတ်ဝေသူများ ထံမှ စာမှန်မှန်ရအောင် ဥပဒေ ပြင်းပြင်းထန်ထန် သုံးခဲ့သည်။ ထို့ကြောင့် ယခုအခါတွင် ခန်းမနှင့်တကွ စာကြည့်တိုက် ငယ်တို့သည် မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ဖြစ်နေလေပြီ။ ကျွန်တော်ပင် စာကြည့်တိုက်ငယ် တစ်ခုဖြစ်သော အရှေ့တိုင်းခန်းရှိ မြန်မာ ကျမ်းစာတွေကို လွယ်လွယ်ကူကူ သုံးနိုင်ခွင့် ရနေလေပြီ။ ကျွန်တော် အာသာငမ်းငမ်း ဖြစ်နေသော ၁၈၇ဝခု၊ ရန်ကုန်ထုတ် သံတော်ဆင့် သတင်းစာနှင့် ‘၀ရမ်းပြေးဘ၀မို့၊ လမ်းလေးခွ သို့ပင် မထွက်ဝံ့ရှာသော ကုလားဗျတ်ဝိ နှင့် ဗျတ္တဇာတ်စာအုပ်’ တို့ကို ရနိုင်လေပြီ။ ဤသို့လျှင် စာအုပ်တွေ လျှောက်ကြည့်ရင်း၊ တွေးရင်း၊ အံ့သြရင် အချိန် တစ်စတစ်စ ကုန်လာလေသည်။
စာအုပ်တွေ လျှောက်ကြည့်ရင်း၊ အံ့သြရင်း အချိန်ကုန်လာလေတော့သည်။ ၅နာရီလည်း ထိုးပြီး။ စာဖတ်သူ ခါကိုင်းကိုင်းနှင့် အဖိုးကြီးတွေ၊ ကျွန်တော်လို ကျောင်းသား အရွယ်တွေ၊ မျက်မှန်ထူထူနှင့် မိန်းမတွေလည်း မှတ်စုများပိုက်၍ ထကုန်ကြပြီ။ ကျွန်တော်လည်း ဂေါ်ကီရေးခဲ့သည့် “ဗြိတိသျှ ပြတိုက်သည် အင်္ဂလန်၏ အဖိုး မဖြတ်နိုင်သော ကျောက်မျက် ရတနာပေ” ဆိုသော စာတန်းကို တဖွဖွ မြည်းတမ်းလျက် ထွက်ခဲ့တော့၏။
(တိုက်စိုးစာတိုနန့်နန့်၊ ၁၉၇၅)
Ref: (www.kaungkin.com မှ ကူးယူ ဖော်ပြပါသည်)
၂၀၀၉ ထဲမှာ လာဦးမယ့် အမှတ်တရ ရက်စွဲလေးများ
Written by ဘိုဘို လန်းစင်
ဧပြီ ၂၇ စိုင်းခမ်းလိတ် ၆၀ ပြည့်
ဧပြီ ၂၉ စော်ဘွားများ အာဏာစွန့် နှစ် ၅၀ ပြည့်
ရတနာပုံ နေပြည်တော် သတင်းစာ အယ်ဒီတာ ဘိုးဝဇီရ (၁၈၄၉-၁၉၃၆) ဧပြီမှာ ၁၆၀ ပြည့်
မေ ၉ မှာ ဆရာ ထင်လင်း (၁၉၁၉-၁၉၉၆) ၉၀ ပြည့်
မေ ၁၀ မှာ ဆရာ ဒဂုန်တာရာ ၉၀ ပြည့်
ပါမောက္ခချုပ် ဒေါက်တာ စည်သူ ထင်အောင် (၁၉၀၉-၁၉၇၈) က မေ ၁၈ မှာ ၁၀၀ ပြည့်
မေ ၁၉ ကျတော့ သော်တာဆွေ (၁၉၁၉-၁၉၉၅) ၉၀ ပြည့်
မန္တလေး မြို့ တည်တာက မေ ၂၂ မှာ နှစ် ၁၅၀ (ရန်ကုန်ကို အင်္ဂလိပ် ပြန်တည်တာထက် နောက်ကျ)
မေ ၂၃ မှာပဲ ဆရာ မြသန်းတင့် (၁၉၂၉-၁၉၉၈) ၈၀ ပြည့်
သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)က ဇွန် ၅ မှာ ၁၁၀ ပြည့်
ဇူလိုင် ၁ မှာ လက်ရှိ ဝါအရင့်ဆုံး မြန်မာသမိုင်းဆရာ မကြန် ၉၀ ပြည့်
မယ်ခခွေး ( ပြည်ခင်ခင်၊ ကက်သလင်းခင်ခင်) (၁၉၀၉-၁၉၉၅)က ဇူလိုင် ၇ မှာ ၁၀၀
ဇူလိုင် ၇ မှာပဲ ဘေပုရှိန် အင်္ဂလန် နန်းမြေသွားတာက နှစ် ၉၀
အပျိုပေါက်၊ လူပျိုပေါက် စာအုပ်နဲ့  ခလေးလေးတွေကို ပညာပြခဲ့တဲ့ ဆရာညို (ပါမောက္ခ ဒေါက်တာ မောင်မောင်ညို)က ဇူလိုင် ၂၁ မှာ ၇၀
အောက်တိုဘာ ၂၄ (ကုလသမဂ္ဂနေ့ ) မှာ ဆရာကြီး ဝဏ္ဏကျော်ထင် ရွှေဥဒေါင်း (၁၈၈၉-၁၉၇၃) ၁၂၀ ပြည့်
အဖိုးနဲ့ အမျိုးမကင်းတဲ့ ဆရာ သင်္ခါ (၁၉၀၉-၁၉၉၇)က အောက်တိုဘာ ၃ဝမှာ ၁၀၀ ပြည့်
ဘဏ္ဍာရေး ဝန်ကြီးဖြစ်ဖူးတဲ့ ရခိုင်ညီနောင်ထဲက အိုင်စီအက်စ် ဦးကျော်မင်း (၁၈၉၉-၁၉၈၅)က နိုဝင်ဘာ ၁၅ မှာ ၁၁၀
မဆလနဲ့  မြဝတီရဲ့  ဖခင်တဦးဖြစ်တဲ့ ဂျာနယ်ကျော်စောဦး (၁၉၁၉-၁၉၉၁)က နိုဝင်ဘာ ၁၈ မှာ ၉၀ ပြည့်
တံငါဝတ္ထုတွေရေးတဲ့ မောင်သိက္ခာ (၁၉၂၉-၁၉၈၂) လည်း နိုဝင်ဘာ ၂၁ မှာ ၈၀ ပြည့်
ဗိုလ်မှူးချုပ်ဟောင်း သရေစည်သူ ကျော်ဇော (ရဲဘော်သုံးကျိပ်) က ဒီဇင်ဘာ ၃ မှာ ၉၀
ဆောင်းဝင်းလတ် ဒီဇင်ဘာ ၉မှာ ၆၀ပြည့်
ဒီဇင်ဘာ ၁၃ မှာ နျူးယော့က ဒေါ်ကြည်အေး ၈၀ပြည့်
ဒီနှစ်ထဲမှာ-
ပထမဆုံး သတင်းစာဆရာမ သုံးဆယ်မြို့  စကြာဝဠာ ပုံနှိပ်တိုက်ရှင် မဖွားရှင် (၁၈၇၉-၁၉၅၇) ၁၃၀ ပြည့်
မန္တလေး ဈေးချို နာရီစင် ၁၀၀ ပြည့်
၁၉၇၀ကျော်က ဗမာပြည်မှာလုပ်သည်နဲ့  ပေါက်သွားခဲ့တဲ့ ဆရာ မာန်မြင့်၊ ဘတ်စ်ဆဲလား ဆရာကြီး ဆရာဖေ (ဖေမြင့်)၊ ဆရာ မြင့်သန်း၊ မြနှောင်းညို တို့ လည်း ၆၀ပြည့်
ဆူးငှက်နဲ့  စုထားက ၅၀ပြည့်
ကျွန်းဆွယ်ပွဲ အရေးအခင်း က အနှစ် ၄၀ ပြည့်
(ရှိစုရှိမဲ့ အထောက်အထားနဲ့ပဲ ကွန်ပိုင်းလ် လိုက်ရတယ်)
ဘိုဘိုလန်းစင်
Ref: (www.kaungkin.com က တဆင့်ကူးယူဖော်ပြပါတယ်)
သတင်းစာက
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း
ဖော်ပြခဲ့
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ် ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင် ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)
ပုံမှန်အတိုင်း ဆိုလျှင် " ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု စစ်အဆိုးရက ဖော်ပြလေ့ ရှိသော်လည်း ယခုလို " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား " ဒီမိုကရေစီရလိုလျှင် ဆူကြ ပူကြ " ဟု ရတနာပုံ သတင်းစာ (သို့မဟုတ်) စစ်အဆိုးရ ကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘော ဖြစ်နိုင်ကြောင်း မန္တလေး မြို့ခံများက ပြောဆို သုံးသပ် နေလျက် ရှိကြ၏။
နောက်တစ်မျိုးစဉ်းစားကြည့်မည် ဆိုလျှင် --
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု ရေးသား ဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေ ထုတ်ကြည့်မည် ဆိုပါ က ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီ ရရှိဖို့ ဗမာပြည်သူ ပြည်သားများ ဆူကြ ပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်း နေဘိသကဲ့သို့ ရှိနေပါတော့သည်။
ကဲ ... ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!
-----------
(၁၄၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံသတင်းစာ နောက်ဖုံးမှာတော့ " ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု ပြန်လည် ပြင်ဆင် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ (အောက်ပုံ)
Ref: (ညိုကြီး)
နေ့စဉ်သတင်းများ ( ၁၆ - ၁၁ - ၀၉)
■ ဧရာဝတီတိုင်းတွင် သင်္ဘောမှောက်၊ အသေအပျောက် များပြား သတင်း
■ ၀တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ် သတင်း
■ ရွေးကောက်ပွဲဥပဒေထုတ်ရန် ဦးသုဝေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး သတင်း
■ အိုဘားမားက သိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ တောင်းဆို သတင်း
■ ရန်ကုန်မီးအတွက် ဂက်စ်ပိုက်လိုင်းသစ် စတင်အကောင်အထည်ဖော် သတင်း
■ လူကူးမျဉ်းကျားပေါ်တွင် ယာဉ်တိုက်၍ လူသေဆုံးပါက သေဒဏ်ချမှတ်မည်ဟု အမိန့်ထုတ်ပြန် သတင်း
■ မူးယစ်ဆေးရောင်းဝယ်မှုကြောင့် ကျပ်ငွေဈေး တက်တာလား သတင်း
■ တပ်ရိက္ခာစပါး ၀ယ်ယူချိန်တွင် စပါးဈေးထိုးကျမည်ဟု တောင်သူတို့ ခန့်မှန်း သတင်း
■ အိုဘားမားရဲ့ ပထမဆုံး တရုတ်ခရီးစဉ် သတင်း
■ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သမ္မတခါဇိုင်း ဖိဖိစီးစီး လုပ်ဖို့လို သတင်း
■ ဆန်စင်ရာ ကျည်ပွေ့လိုက်နေကြသူများ (ဆောင်းပါး)
■ ကျနော်နှင့် နိုင်ဘလိ (ဆောင်းပါး)
■ ကိုင်တွယ်ရခက်သည့် soft ပါဝါ (၂) (ဆောင်းပါး)
Monday, November 16, 2009
နေ့စဉ်သတင်းများ ( ၁၅ - ၁၁ - ၀၉)
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အိုဘားမား တိုက်ရိုက်တောင်းဆို သတင်း
■ နအဖစစ်အစိုးရ ထားရှိတဲ့ သဘောထား ဒေါ်အောင်ဆန်းစုကြည်နှင့် ကွာဟ သတင်း
■ ဦးဝင်းတင်အကြောင်း စာအုပ် ပြင်သစ်ဘာသာဖြင့် ထုတ်ဝေ သတင်း
■ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိကျတဲ့ သတ်မှတ်ချက်မရဘဲ APEC အစည်းအဝေး အဆုံးသတ် သတင်း
■ ထိုင်း-မြန်မာနယ်စပ်က ရေလယ်ကျွန်းပြဿနာ သတင်း
■ (၁၆) နှစ်အရွယ် စစ်သားအဖြစ် စုဆောင်းခံရ သတင်း
■ ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှ ကလေးတဦး ကလေးစစ်သားအဖြစ် ခေါ်ဆောင်ခံရ သတင်း
■ နယ်ခြားစောင့်တပ် ကြိုဆိုပွဲ မြစ်ကြီးနားမှာ ပြုလုပ် သတင်း
■ အရက်၊ ဘီယာကြော်ငြာများကို ပုံနှိပ်မီဒီယာများ၌ ပိတ်တော့မည် သတင်း
■ ဗန်းမော်ညိုနွဲ့ အမှတ်တရ (ဆောင်းပါး)
■ ထပ်စင်ဂျက်လေယာဉ် ဖြတ်သန်းခွင့်မပြု၊ သူလျှိုမှုနဲ့ တရားစွဲခံထားရတဲ့ ထိုင်း သတင်း
Sunday, November 15, 2009
ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ စာပို့
14 November 2009
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအကျိုးအတွက် စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် လုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံတဲ့ စာတစောင်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုးထားတဲ့ ဒီ မိတ္ထူ စာတစောင်ကို အသံမလွှင့်ခင် အချိန်အနည်းငယ် အတွင်းမှာပဲ ရရှိခဲ့တာပါ။ ဒီစာနဲ့ ပတ်သက်တဲ့ သိရသမျှ အချက်အလက်တွေကိုတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။
ဒီစာကတော့ - သို့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဆိုပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့စွဲ တပ်ထားတဲ့စာ ဖြစ်ပါတယ်။ အကြောင်းအရာ ကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုထားမှုများကို ရုပ်သိမ်းရေး ကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း ဆိုပြီးတော့ ရေးထားတာ တွေ့ရပါတယ်။
ပထမ စာပိုဒ်မှာတော့ - ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို မစ္စတာ ကာ့တ် ကမ်ဘဲလ် ရောက်ရှိလာ တုန်းမှာ တွေ့ခွင့် ပေးတဲ့ အတွက်ကြောင့် စစ်အစိုးရကို ကျေးဇူးတင်တဲ့ အကြောင်း၊ ဒုတိယ စာပိုဒ်မှာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သိရှိလိုတယ် ဆိုတဲ့ နိုင်ငံခြားက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို သိရှိနိုင်အောင် နိုင်ငံတော် ဖွံ့ဖြိုးရေး ကောင်စီက ဆောင်ရွက် စီစဉ်ပေးတဲ့ အတွက် ကျေးဇူးတင်တယ် ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။
တတိယ စာပိုဒ်ကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အကျိုးရှိမယ့် လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက် နိုင်မယ်လို့ ရေးထားပြီးတော့ စတုတ္ထ စာပိုဒ်မှာတော့ - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို ကျမ၏ နေအိမ်သို့ ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေး လိုပါသည်။ ကျန်းမာရေးအရ မိမိတို့ နေအိမ် အသီးသီးတွင်သာ နေထိုင်လျက် ရှိကြသော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင် တို့ကို ၄င်းတို့၏နေအိမ် အသီးသီးသို့ သွားရောက် ဂါရ၀ပြု ကန်တော့ပြီး - နံပါတ် (၁) ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ နံပါတ် (၂) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွှန့်ဝေ တို့ ပါဝင်သော ဗဟို အလုပ်အမှုဆောင် အဖွဲ့ စုံညီ အစည်းအဝေးကို ကျမ၏ နေအိမ်တွင် ကျင်းပရန် စီစဉ်ခြင်းနှင့် စပ်လျဉ်းပြီး သဘောတူညီချက် ရယူရေးကို စီစဉ် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပါသည်လို့ ဖော်ပြထားပါတယ်။
နောက်ဆုံးစာပိုဒ်မှာတော့ - အဲဒီလို ဆွေးနွေးပြီးတဲ့နောက် ဒါဟာ နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စကို ဆွေးနွေး တိုင်ပင်ဖို့ အတွက် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံ တင်ပြခွင့် ပြုပါရန် အထူး မေတ္တာ ရပ်ခံအပ်ပါသည်။ - ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး ထားတာ တွေ့ရပါတယ်။
ဒီစာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် ဖြန့်ဝေလို့ ရရှိခဲ့တာ မဟုတ်တဲ့အတွက် ဒီစာဟာ အစစ်အမှန် ဟုတ် မဟုတ် authenticity နဲ့ ပတ်သက်ပြီးတော့ သော်လည်းကောင်း၊ ဒီစာကို ကျနော်တို့ သတင်းအဖြစ် ထုတ်လွှင့်ခွင့် ရှိမရှိ ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကျနော် အခုပဲ ဆက်သွယ်မေးမြန်းပါတယ်။
ဦးဉာဏ်ဝင်းကတော့ ၁၁ ရက်နေ့ နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ် ထိုးပြီး စာတစောင် ပေးပို့ထားတာ မှန်ကန်တယ် ဆိုတဲ့ အကြောင်း၊ ဒီစာ ဟုတ်မဟုတ် အတိအကျ ဆိုတာတော့ သူမပြောနိုင်တဲ့ အကြောင်း သတင်း မလွှင့်ခင်မှာဘဲ လွှင့်နိုင်ပါတယ်လို့ ပြောတဲ့ အတွက် အခုလို ထုတ်လွှင့်လိုက်တာ ဖြစ်ပါတယ်။
Ref: VOA News
နေ့စဉ်သတင်းများ ( ၁၄ - ၁၁ - ၀၉)
■ ဗိုလ်ချုပ်မှူးကြီး၏ သီရိလင်္ကာခရီးတွင် ကန့်ကွက်သူတချို့နှင့် ရင်ဆိုင်ရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ စာပို့ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု တင်သွင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အယူခံ ဗဟိုတရားရုံး လက်ခံ သတင်း
■ မြန်မာ့ဒီမိုကရေစီရေး အိုဘားမား အလေးထား သတင်း
■ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မြန်မာစစ်အစိုးရကို အိုဘားမား တောင်းဆို သတင်း
■ ပစိဖိတ်ဒေသဆက်ဆံရေး ခေတ်သစ်စတင်ဖို့ အိုဘားမား နှိုးဆော် သတင်း
■ APEC ညီလာခံ ကမ္ဘာ့ဘဏ္ဍာရေးပြဿနာနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် အာရုံစိုက်ဆွေးနွေး သတင်း
■ အီရန်ရဲ့ အင်တာနက်ရာဇ၀တ်မှုတိုက်ဖျက်ရေး အစီအစဉ်သစ်အပေါ် စိုးရိမ်မကင်းဖြစ် သတင်း
■ ကူးစက်ရောဂါ (၃) မျိုး တိုက်ဖျက်ရေးအကူအညီ မြန်မာနိုင်ငံကို ပြန်ပေးမည် သတင်း
■ မြန်မာပြည်ကို ဂလိုဘယ်ဖန်းအဖွဲ့ အကူအညီ ပြန်စပေးတော့မည် သတင်း
■ ဧရာဝတီတိုင်းအတွင်း ဒီရေရောက်သစ်တော် ဧက (၁၀၀) တိုးချဲ့စိုက်ပျိုးသွားမည် သတင်း
■ သမ္မတ အိုဘားမား မြန်မာ့လူ့အခွင့်အရေးအကြောင်း ပြောဖို့ရှိ သတင်း
■ ယခုနှစ်အတွင်း မြန်မာကျပ်ငွေဈေးတက်မှု စံချိန်ချိုးဖွယ်ရှိ သတင်း
■ မူးယစ်ဆေးဝါးကို နိုင်ငံရေးလက်နက်အဖြစ် နအဖ အသုံးချနေ သတင်း
■ အပစ်ရပ်တပ်ဖွဲ့များနှင့် ဗိုလ်ချုပ်ရဲမြင့် မနက်ဖြန် လားရှိုး၌ ထပ်တွေ့ဖို့ရှိ သတင်း
■ ရွာသားများ (၂၄) နာရီ အဓမ္မလုပ်အားပေးနေရ သတင်း
■ ကော့ဘဇားရှိ ဗုဒ္ဓဘာသာ အဆောက်အဦများတွင် ကျူးကျော် ၀င်ရောက်နေထိုင်သူများကို ဘင်္ဂလားရဲက ဖယ်ရှား သတင်း
■ ဖမ်းဆီးရမိပစ္စည်းများ လေလံတင်ရောင်းချ၊ အချို့ဖျက်ဆီးမည် သတင်း
■ ကျပ်ငွေတန်ဘိုးတက်၍ မြန်မာ့စားသောက်ကုန်များ ဈေးတက်၊ ကျောက်စိမ်းများ ရောင်းမထွက် သတင်း
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88