Thursday, May 23, 2013

ဒေသန္တရအမိန့်မှာ လူ့အခွင့်အရေး မချိုးဖောက်ဟု ရခိုင်ပြည်နယ်အစိုးရဆို

သိန်းလှိုင်
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

မေလ တတိယ အပတ်က မောင်တောခရိုင်၌ ထုတ်ပြန်လိုက်သော ဒေသန္တရ အမိန့်မှာ ယခင်ကပင် ပြဋ္ဌာန်းထားခဲ့သည့် လူဦးရေ ထိန်းချုပ်ခြင်းဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းအမိန့် ထုတ်ပြန်ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က ဆိုသည်။

မောင်တောခရိုင်တွင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ ပါဝင်ပြီး မူဆလင်အများစု နေထိုင်ရာ ဒေသလည်း ဖြစ်သည်။

Read More...

ABSDF နှင့် အစိုးရ ဆွေးနွေးမှု နှစ်ဘက်စလုံး အားရကျေနပ်မှုရှိ

နေမျိုး
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် အစိုးရဘက်မှ ဗိုလ်မှူးကြီး တဦး ဦးဆောင်သည့် အဖွဲ့နှင့် Myammar Peace Center ခန်းမတွင် မေလ ၂၁ ရက်နေ့မှ စတင် ငြိမ်းချမ်းရေအတွက် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ယခုအချိန်တွင် ဆွေးနွေးရလဒ်များကို ထုတ်ပြန်နိုင်ခြင်းမရှိသေးသော်လည်း အချိန်ကာလတခုတွင် ပြည်သူလူထု သို့ မီဒီယာမှ တဆင့် ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ရဲဘော် ကျော်ကို က ပြောသည်။

Read More...

ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်

မေဦး
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရှိ ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မိုးခိုင် ကပြောသည်။

၎င်းက “ပြည်တွင်းဆေးဝါးရဲ့ ၉၀ ရာခိုင်နှုန်းကျော်က နိုင်ငံခြားက Import လုပ်နေရတာဖြစ်ပါတယ်။ ဒေါ်လာဈေးတက်တဲ့အခါကျတော့ ဆေးဝါးဈေးတွေက ဒေါ်လာဈေးတက်တာလောက်နီးနီး အချိုးကျလိုက် တက်နေတဲ့သဘောရှိတယ်။ ဒေါ်လာဈေးက ဆက်ပြီးတက်နေမယ်ဆိုရင် စားသုံးသူတွေအတွက်ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး” ဟု ဆိုသည်။

Read More...

ပင်လုံ ကတိကဝတ်များ ထည့်သွင်းစဉ်းစားရန် ကချင်အတိုင်ပင်ခံ သဘောထားရှိ

ဖနိဒါ
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တွေ့ဆုံဆွေးနွေးရာတွင် ပင်လုံ ကတိကဝတ် များ ထည့်သွင်း ဆွေးနွေးရန် ကချင်အတိုင်ပင်ခံအဖွဲ့ (WMR) ၏ သဘောထားကို ယနေ့ ထုတ်ပြန်လိုက်သည်။

ကချင် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ ကချင်တိုင်းရင်သား လူမျိုးပေါင်းစုံမှ ခေါင်းဆောင် အပါ အဝင် ၄၄ ဦးတို့ မြစ်ကြီးနားမြို့တွင် ဆွေးနွေး၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Read More...

မြန်မာလုပ်သားများ ထိုင်း ယာယီ နိုင်ငံကူးလက်မှတ် ဒုတိယ အကြိမ် သက်တမ်းတိုးပေး

ဟင်္သာနီ (မွန်မြေ)
မေလ ၂၂ ရက် ၂၀၁၃ ခုနှစ်

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် လုပ်သားများအတွက် နိုင်ငံသား စီစစ် မှတ်တမ်းတင်ခြင်းနှင့် ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည့် လုပ်ငန်းစဉ် (National Verification Process) ကို ထိုင်းအစိုးရမှ ရက်ပေါင်း ၁၂၀ ထပ်မံ သက်တမ်း တိုးပေးလိုက်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ထိုင်းအစိုးရမှ ခွင့်ပြုခဲ့သည့် NV Process သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် တရားမဝင် လုပ်သား အနည်းငယ်သာ မှတ်ပုံတင် နိုင်ခဲ့၍ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလသို့ ရက်ပေါင်း ၁၂၀ ပထမ အကြိမ် သက်တမ်းတိုးပေးခဲ့ပြီး ယခု ဒုတိယ အကြိမ်တွင် မေလမှ သြဂုတ်လ ၁၁ ရက်နေ့သို့ ထပ်တိုးပေး လိုက်ခြင်း ဖြစ်သည်။

Read More...

Wednesday, May 22, 2013

မိတ္ထီလာ လူသတ်မှု နှစ်ရှည် ထောင်ဒဏ်များချ

စနေလင်း| May 21, 2013

မိတ္ထီလာမြို့ အဓိကရုဏ်းတွင် ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံရသူ ၇ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်းအပါအ၀င် ပြစ်ဒဏ် အသီးသီးကို ခရိုင်တရားရုံးက ချမှတ်လိုက်ပြီဖြစ်သည်။

တရားခံ ၇ ဦးကို ပြစ်ဒဏ် ချမှတ်လိုက်သော်လည်း ­­­အဓိက တရားခံ ၄ ဦးလွတ်မြောက်နေသေးခြင်းက အငြင်းပွားစရာဖြစ် နေသေးကြောင်း ၎င်းတို့၏ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ ပြောသည်။

Read More...

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ABSDF ၏ ဆန္ဒဖြစ်

နေမျိုး
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ်

တနင်္လာနေ့က ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံပြီး နောက်ပိုင်း ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး က မြန်မာနိုင်ငံတွင် ၎င်းတို့၏ အဖြစ်ချင်ဆုံးဆန္ဒကို ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

ABSDF တပ်ဖွဲ့ဝင် ရဲဘော် ကျော်ကို က “ABSDF အနေနဲ့ အဖြစ်ချင်ဆုံးကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပါ” ဟု မဇ္စျိမ ကို ဖြေကြားသည်။ ရဲဘော် ကျော်ကို သည် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တဦးဖြစ်သည်။

တနင်္လာနေ့က Myanmar Peace Center တွင် အစိုးရနှင့် ABSDF တို့အကြား အပြန်အလှန် ညှိုနှိုင်းဆွေးနွေး ပွဲများ ကျင်းပခဲ့ကြောင်း ရန်ကုန်သို့ ရောက်ရှိလာသည့် ABSDF ညှိုနှိုင်းရေးအဖွဲ့ ၀င် ရဲဘော်ကျော်ကို က ဆက်ပြောသည်။

Read More...

ကျောင်းဖွင့်ချိန်နီး၍ ကချင်ဒုက္ခသည် ကလေးများအတွက် ကျောင်းနှင့် ဘော်ဒါဆောင်များ လိုအပ်

ဖနိဒါ
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ်

၂၀၁၃-၁၄ ပညာသင်ကာလ စတင်တော့မည်ဖြစ်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ စစ်ပြေး ဒုက္ခသည် ကလေးများ၏ ပညာရေးအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ဒုက္ခသည်များအား ကူညီနေသော အဖွဲ့များက ပြောသည်။

ဇွန်လမှာ ကျောင်းဖွင့်တော့မည် ဖြစ်၍ ကျောင်းအဆောက်အအုံနှင့် ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် လိုအပ်နေသည်ဟု ကချင်စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (Wunpawng Ninghtoi-WPN)မှ တာဝန်ခံ ဒေါ်မေရီတောမ် က မဇ္စျိမကို ပြောသည်။

Read More...

ခရက်ဒစ်ကဒ်ဖြင့် ပန်းချီကားများ ဝယ်နိုင်ရေး စီဘီဘဏ် ဝန်ဆောင်မှုပေးမည်

ပန်းမြတ်ဇော်
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ်

ပန်းချီကားနှင့် လက်ဝတ်ရတနာများ အပါအဝင် အခြားသောပစ္စည်းများကိုနိုင်ငံခြားသားများအနေဖြင့် Credit Card ဖြင့်ဝယ်ယူနိုင်ရေးအတွက် ဝန်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း စီဘီဘဏ်မှ သတင်းရရှိသည်။

အဆိုပါ ဝန်ဆောင်မှု အတွက် JCP ၊ CPU ၊ Visa နှင့်Master စသည့် ကဒ်လေးမျိုး ကိုင်ဆောင်သူ များ အနေဖြင့် ၀ယ်ယူနိုင်မည် ဖြစ်ကာ ယင်းစနစ်ဖြင့် ရောင်းချရန် ဆက်သွယ် လာသော ဆိုင်များတွင် point of Sale (ဈေးကွက် နေရာတွင် ထားရှိသော ငွေသွင်း၊ ငွေထုတ်စက်) စက်များ ထားရှိ ဆောင်ရွက်မည် ဖြစ်ကြောင်း စီဘီဘဏ် မန်းနေးဂျင်း ဒါရိုက်တာဦးဖေမြင့်က မဇ္ဈိမသို့ ပြောကြားသည်။

Read More...

အစိုးရနှင့် KIO ဆွေးနွေးပွဲ ကုလ အထူးကိုယ်စားလှယ် တက်ရောက်မည်

ဖနိဒါ
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ်

မြစ်ကြီးနားမြို့၌ မေလ ၂၈ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ် စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား တက်ရောက်မည် ဖြစ်ကြောင်း ကချင်အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။

“မစ္စတာ နမ်ဘီးယားနဲ့ သူ့အောက်က Marian တို့ ပါမယ်။ အမေရိကန်တွေတော့ အစိုးရက မပါခိုင်းဘူး။ ခုတော့ စမ်းသပ်တဲ့သဘောပဲ။ ကုလ ပါတယ်ဆိုရင် အစိုးရဘက်က ဘယ်အတိုင်းအတာထိ လိုက်လျော
ပေးနိုင်မလဲ။ အဲဒီအပေါ် မူတည်မယ် ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

Read More...

Mobile Team များဖြင့် ဖမ်းဆီးနေသော်လည်း မှောင်ခိုတင်သွင်းမှု တားနိုင်ခြင်းမရှိသေး

မေဦး
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ်

မှောင်ခိုတင်သွင်းနေမှုများအား တားဆီးနိုင်ရန် Mobile Team များဖြင့် စစ်ဆေးနေသော်လည်း ညအချိန် မှောင်ခို သွားလာနေမှုများကိုမူ တားဆီးနိုင်ခြင်း မရှိသေးကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊
ဒေသတွင်း ကုန်သွယ်မှုဌာနခွဲမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။

ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက “Mobile Team မှာ ဖြစ်နေတဲ့ အခက်အခဲကတော့ ညပိုင်းကို မစစ်ဆေးနိုင်တဲ့အတွက် ညအချိန် မတော် သွားတာတွေကိုတော့ မတားဆီးနိုင်ဘူး။ အဲဒီအတွက် မှောင်ခိုတင်သွင်းတာတွေက ရှိနေဆဲဖြစ်နေတယ်” ဟု ဆိုသည်။

Read More...

Tuesday, May 21, 2013

တော်ဝင်အလုပ်သမားများ လွတ်မြောက်ရေး သတင်းစာ ရှင်းလင်း

2013-05-20

ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခံရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် အဖမ်းခံထားရသူတွေရဲ့ မိဘတွေနဲ့ စက်ရုံအလုပ်သမား တချို့က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဖမ်းခံထားရတဲ့ အလုပ်သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၂၀၀ ကျော် အတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့ အကူအညီ တောင်းတာ ဖြစ်တယ်လို့ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မလဲ့လဲ့ဝင်းက RFA ကို ပြောပါတယ်။

Read More...

မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးခေါ်ယူ

2013-05-20

မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေ ကြေညာထားတာ ရက်ပေါင်း ၆၀ ပြည့်တာကြောင့် အခြေခံ ဥပဒေပြဌာန်းချက်အရ ဒီကိစ္စကို ဆွေးနွေးဖို့ ဒီနေ့ မှာ ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်းအဝေးကို စတင်ခဲ့ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အဲဒီအရေးပေါ်ဥပဒေကို ဆက်လက်ထားရှိဖို့ အဆိုတင်သွင်းသွားပါတယ်။

Read More...

တရုတ်သံအမတ်ကြီး မဒေးကျွန်းကို လာရောက်လေ့လာ

2013-05-20

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို မနေ့က နေ့လည်ပိုင်းမှာ လာရောက်လေ့လာပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သံအမတ်ကြီးနဲ့အတူ အဖွဲ့ဝင် ၂၀ ခန့် လိုက်ပါလာပြီး မဒေးကျွန်းမှာရှိတဲ့ တရုတ်နိုင်ငံပိုင် CNPC ရုံးကနေတစ်ဆင့် ပြိန်ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံ ၅၀ လောက်နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ မဒေးကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

Read More...

ဝမ်ဟောင်ဟန်း အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရေး ဆက်လက်ဆန္ဒပြ

2013-05-20

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ မှာ ရှိတဲ့ ဝမ်ဟောင်ဟန်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ လုပ်ခလစာ တိုးပေးဖို့အတွက် ၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့မှာ ဆက်လက်ဆန္ဒပြတောင်းဆိုနေပါတယ်။

အလုပ်ရှင်ဘက်က လုပ်ခလစာကို အနည်းငယ်တိုးပေးခဲ့ပေမယ့် အလုပ်သမားတွေက သူတို့တောင်းဆိုချက်အားလုံး အလုပ်ရှင်ဖက်က လက်ခံလာအောင်အထိ ကြိုးစားသွားမယ်လို့ စက်ရုံအလုပ်သမ မခင်သန္တာဦးက RFA ကို ပြောပြပါတယ်။

Read More...

မြန်မာ့ပညာရေး အထောက်အကူပေးဖို့ သမ္မတ ပန်ကြား

မခင်ဖြူထွေး

21.05.2013
မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်နိုင်ဖို့ သူ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ အထူးသဖြင့် အမေရိကန်လို နိုင်ငံကြီးတွေက ကူညီပံ့ပိုးဖို့လည်း သမ္မတ ဦးသိန်းစိန်က မနေ့က ၀ါရှင်တန်ဒီစီမြို့တော် Johns Hopkins တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာနမှာ မိန့်ခွန်းပြောကြားရင်း တိုက်တွန်း ပြောသွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

“မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးနဲ့ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန် က ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း သူ့အစိုးရအနေ နဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ အများအပြား ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ဒီလို လုပ်ဆောင်ခဲ့တာဟာ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖို့ အတွက် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

Read More...

သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန် အိမ်ဖြူတော်ပူးတွဲ သတင်းစာရှင်းလင်းပွဲ

21.05.2013
အမေရိကန် ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် စနေနေ့က ရောက်လာခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မနေ့က တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား ပဋိပက္ခနဲ့ ဘာသာရေး တင်းမာမှု ပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦးတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခုပဲ နားဆင်ကြည့်ကြရအောင်ပါ။

Read More...

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန် အထောက်အကူပေးမည်

21.05.2013

သမ္မတ ဦးသိန်းစိန်ဟာ မနေ့တုန်းက သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဌာနကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အကူအညီတွေပေး ဆောင်ရွက်နေတဲ့ ကိစ္စကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အသိအမှတ် ပြုတဲ့အကြောင်း ပြော ဆိုပြီးတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေ အရှိန်အဟုန် ကောင်းလာစေဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ အထောက်အပံ့ကိစ္စတွေကို ဖော်ပြတာပါ။

Read More...

အစ္စလာမ်ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို

မေစန္ဒီ
21.05.2013


ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း အစ္စလာမ်ဘော်ဒါဆောင်ကျောင်း တစ်ကျောင်း မီးရှို့ခံခဲ့ရမှုကြောင့် ဆရာ၊ ဆရာမတွေ အပါအ၀င် ကလေးငယ် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Physicians for Human Rights လူ့အခွင့်အရေးအဖွဲ့ကြီးက အစီရင်ခံတစ်စောင် ထုတ်ပြန်လိုက်ပြီး ဒါကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မမေစန္ဒီက တင်ပြထားပါတယ်။

ကျောင်းသား ၁၂၀ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုအတွင်း ဆရာ၊ ဆရာမ ၄ ဦးအပါအ၀င် ကလေး အယောက်၂၀ ထက်မနည်း သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံမှာရှိတဲ့ Physicians for Human Rights PHR လူ့အခွင့်အရေးအဖွဲ့ကြီးက စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအတွက် PHR အဖွဲ့ကြီးက မီးလောင်မှုအတွင်း လွတ်မြောက်ခဲ့သူ ကလေးငယ်တွေနဲ့ အနီးနားမှာရှိတဲ့ မျက်မြင်သက်သေတချို့ကို PHR အဖွဲ့ကြီးက တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။

Read More...

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံတွေစာရင်းထဲ မြန်မာပါဝင်

ကိုသားညွန့်ဦး

21.05.2013
ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေး လွတ်လပ်ခွင့်ဟာ စိန်ခေါ်အကဲစမ်း ခံခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပြောဆိုပါတယ်။ အစိုးရတွေကြောင့် သည်းခံနားလည်မှုမရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အဲ့ဒီကနေ အမုန်းတရားတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာပါ။ မြန်မာနိုင်ငံကဆိုရင်လည်း ဘာသာရေး လွတ်လပ်ခွင့်အရ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာပဲ အမေရိကန်ပြည်ထောင်စုက ထည့်သွင်းထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

နိုင်ငံတွေမှာ ဘာသာရေး လွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့ တချိန်တည်းမှာပဲ အစိုးရ တာဝန်ရှိသူတွေဘက်က ကျူးလွန်မှုတွေဟာ အရေးယူမခံရဘဲ ကင်းလွတ်ခွင့် ရနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နိုင်ငံအရပ်ရပ် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေတွေကို အကောင်အထည်ဖော် ကျင့်သုံးရာမှာ မမျှတမှုတွေနဲ့ ကန့်သတ်ချက်သစ်တွေ ထုတ်ပြန်တာတွေကိုလည်း ထောက်ပြ ဝေဖန်ထားပါတယ်။

Read More...

ဒေါ်လာဈေး မြင့်တက်မှုကြောင့် စက်သုံးဆီနှင့် အခြေခံစားကုန်များ ဈေးတက်

ညိမ်းပြည့်စုံ| May 20, 2013

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုး တရိပ်ရိပ် မြင့်တက်လာမှုကြောင့် ပြည်ပမှ တင်သွင်းသော စက်သုံးဆီ အပါအ၀င် သွင်းကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာပြီး တခြားသော အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်နှင့်ဆီ ဈေးနှုန်းများပါ လိုက်ပါ မြင့်တက်လာကြောင်း သိရှိရသည်။

ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အဓိက အားထားနေရသော ပြည်ပမှ သွင်းကုန်တခု ဖြစ်သော စက်သုံးဆီ ဈေးနှုန်းများမှာ ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ရက်ပိုင်းအတွင် ဈေးတက်လာကြောင်း၊ စက်သုံးဆီ အသုံးပြုရသည့် လုပ်ငန်းများ၊ တင်သွင်းရသည့် လုပ်ငန်းများ၊ ကုန်ပစ္စည်းများမှာ ဈေးနှုန်း မြင့်တက် လာရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ မောင်မောင်လေးက ပြောသည်။

Read More...

လုံချည်များဖြင့် လွတ်မြောက်ခြင်း

ပေါလ် ဗရီးဇ်နှင့် လ၀ီဝမ်| May 20, 2013

မြန်မာနိုင်ငံတွင် တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်သဖြင့် နိုင်ငံရပ်ခြားမှ အတွေးအခေါ် အယူအဆများ၊ ဖက်ရှင်ဒီဇိုင်းများ နိုင်ငံတွင်းသို့ ၀င်ရောက်လာသည်။ ထို့အတူ နိုင်ငံခြားသားများလည်း နိုင်ငံတွင်းသို့ ပိုဝင်လာနေခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားများက မြန်မာ့ယဉ်ကျေးမှုများကို စိတ်ဝင်စားလာကြသဖြင့် မြန်မာ့ရိုးရာ ပုဆိုး လုံချည်များကို ၀တ်ကြည့်ခြင်းသည် ခရီးသွား နိုင်ငံခြားသား များကြား ခေတ်စားလာသည်ဟု ဆိုနိုင်ပါသည်။

Read More...

“နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာ”

May 20, 2013

၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် အောင်ပြည့်စုံ အမည်ရှိ ထမင်းဆိုင်ကို ဦးစီးဖွင့်လှစ် လုပ်ကိုင်နေသည့် အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင် (ယခု ဦးလွန်းမောင်) ၏ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်မှ အနားပေးခံခဲ့ရသော ဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေခက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ လက်ရှိရွေးချယ်ခဲ့တဲ့ ဘ၀က ဦးလွန်းမောင်အတွက် အံဝင်ခွင်ကျတဲ့ ဘ၀တခုလို့ ပြောလို့ရပါသလား။

Read More...

လွှတ်တော်တွင် စစ်တပ်က ကိုယ်စားလှယ်များ ရှိသင့်သေးသည်ဟု သမ္မတ ဦးသိန်းစိန် ပြော

လင်းသန့်
May 20, 2013

မြန်မာ့လွှတ်တော်များတွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် လတ်တလောတွင် ရှိသင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

နှစ်ပေါင်း ၅၀ အတွင်း မြန်မာခေါင်းဆောင်တဦး၏ ပထမဆုံး တရားဝင်ခရီးအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က မေလ ၁၉ ရက်နေ့က ၀ါရှင်တန်ရှိ ဗီအိုအေ သတင်းဌာနတွင် ပြုလုပ်သည့် နယ်ပယ်စုံမှ မြန်မာ အသိုင်းအ၀ိုင်းများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။

Read More...

မြောက်ပိုင်း ABSDF တွင် ကိုထွန်းအောင်ကျော် အသတ်ခံခဲ့ရမှု မိခင်ဖြစ်သူက အမှုဖွင့်

ရန်ပိုင်| May 20, 2013

လွန်ခဲ့သည့် နှစ် ၂၀ ကျော်က စစ်ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၏ အမှုနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်တင်မမက မန္တလေးတိုင်း ချမ်းအေးသာဇံမြိုနယ် အမှတ် (၈) ရဲစခန်းတွင် ပြီးခဲ့သည့် သောကြာနေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။

အမှတ် (၈) ရဲစခန်းမှူးက လက်ခံခဲ့ပြီးနောက် မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တင်ပြပြီး စုံစမ်းစစ်ဆေးမှုများကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီး အဖမ်းခံခဲ့ရာမှ လွတ်မြောက်လာသည် ကိုညီညီကျော် ကိုလည်း သက်သေအဖြစ် ချမ်းအေးသာဇံရဲစခန်မှ ဆင့်ခေါ်ထားသည်ဟု သိရှိရသည်။

Read More...

မြစ်ဆုံစီမံကိန်း ပြန်စလိုကြောင်း တရုတ်က လေသံပစ်

ခင်ဦးသာ
May 20, 2013

မြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တရုတ် အစိုးရက ပြန်လည် စတင်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ကိုယ်စားလှယ်များကို ပြောဆိုသည်ဟု သိရသည်။

တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ NLD ပါတီမှ ကိုယ်စားများသည် တရုတ်နိုင်ငံသို့ ယခု လဆန်းပိုင်းတွင် သွားရောက် လည်ပတ်ခဲ့စဉ် မြစ်ဆုံ စီမံကိန်းကို ပြန်လည်ဆောင်ရွက်လိုသည်ဟု တရုတ် အာဏာပိုင်များက ထုတ်ဖော်ပြောဆိုကြောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့်NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးညီပုက ဧရာဝတီသို့ ပြောသည်။

Read More...

အပေါ်သို့