Saturday, August 8, 2009

စစ်သားတစ်ယောက်ရဲ့ ရှစ်လေးလုံး ဝေဒနာ

မမေ့နိုင်တဲ့ နှစ် (၂၀) ကျော်က ပုံရိပ်များ

မင်းသစ္စာ (ပြည်ပရောက် တပ်မတော်လေ စစ်သည်တော် တစ်ဦး)

ကျွန်တော်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် အမှတ်(၅၀၁) လေတပ်စခန်း ဌာနချုပ်မှ ရဲဘော်ရဲဘက် သူငယ်ချင်း(၁၄) ဦးနှင့်အတူ နံနက် လင်းအားကြီး နှစ်နာရီခွဲတွင် ထွက်လာပြီး မှော်ဘီမြို့သို့ ချီတက် သွားခဲ့ပါတယ်။ မှော်ဘီ ကျောင်းသားများရဲ့ သပိတ်စခန်းက ကြိုဆိုပြီး ထိုနေ့ စက်တင်ဘာ (၁၁) ရက်နေ့တွင်ပင် ကျွန်တော်တို့ကို ကြည်းတပ်မှ အငြိမ်းစားယူထားတဲ့ ဗိုလ်မှူး ကျော်ဒွန်း အပါအ၀င် မှော်ဘီ ကျောင်းသားများနဲ့ လူငယ်များက ရန်ကုန်ရှိ သရက်တော ကျောင်းတိုက်ကို ကားနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

မှော်ဘီကနေ မင်္ဂလာဒုံကိုကျော်တဲ့အထိ ကားလမ်း တလျှောက်မှာတော့ ကျနော်တို့ တတွေ စစ် ယူနီဖေါ်င်းတွေ ဖွက်လာခဲ့ရပြီး ကျောင်းသား လူငယ်တွေလို အ၀တ်အစားတွေ ၀တ်ကာ လာခဲ့ရပါတယ်။။ ထိုအချိန်မှာတော့ သရက်တော ကျောင်းတိုက်မှာ ပြည်သူ့ရင်ခွင်ကို ကူးပြောင်း လာခဲ့တဲ့ ပြုပြင် ထိမ်းသိမ်းရေးး လေတပ်စခန်း မင်္ဂလာဒုံက တပ်မတော်(လေ) စစ်သည်များနဲ့ တပ်မတော်(ကြည်း) မှ ရန်ကုန်ကို တာဝန်နဲ့ ရောက်လာတဲ့ နယ်တပ်တွေက ရဲဘော်များဟာ အရင်ရောက်ရှိ စခန်းချနေကြပါပြီ။ ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည်များ အလုံးအရင်းနဲ့ တပ်ကနေ ထွက်ခွာလာတဲ့ အတွက် လူထုက တခဲနက် ပန်းကုံးစွပ် ကြိုဆိုကြသလို စားကောင်း သောက်ဖွယ်ရာ များနှင့်လည်း ကျွေးမွေး ပြုစုကြရာ ပြည်သူ့ ရင်ခွင်မှာ ငြိမ်းချမ်းစွာ ခိုလှုံ မိကြပါတော့တယ်။ စက်တင်ဘာ (၁၂) ရက်နေ့တွင်လည်း ကျွန်တော်တို့ လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၂၀) ကျော် သရက်တော ကျောင်းတိုက်ကို ထပ်မံရောက်ရှိ လာကြပါတယ်။



အလားတူ သြဂုတ်လ (၉) ရက် နေ့မှာကတည်းက အမှတ် (၅၀၂) လေတပ်စခန်း မင်္ဂလာဒုံမှာ တပ်တွင်း ပုန်ကုန်မှု လို့တောင် ပြောလို့ရတဲ့ အာဏာ ဖီဆန်မှု တစ်ခု ဖြစ်ပွားခဲ့ပြီးတော့ ရန်ကုန် တက္ကသိုလ် ပင်မ ကျောင်းသား သမဂ္ဂနှင့် သွားရောက် ပူးပေါင်း ခဲ့ကြပြီး ဖြစ်ပါတယ်။

စက်တင်ဘာ (၁၇) ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးရုံးမှာ လုံခြုံရေး တာဝန် ယူထားသော ခမရ (၆) မှ တပ်ခွဲရုံး တစ်စုနှင့် လူထုတို့ ပဋိပက္ခ ဖြစ်ပွားနေကြောင်း သံဃာတော် တစ်ပါးက လာရောက် ပြောကြား ခဲ့ပါတယ်။ စစ်သားတချို့က လက်နက် မချဘဲ ရုံးထဲမှာ ပုံးအောင်း နေကြကြောင်း သိရပါတယ်။ တခုခု လုပ်သင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၁၅) ယောက် ချက်ချင်း ထလိုက် သွားကြပြီး ကုန်သွယ်ရေး ရုံးဝင်း တံခါးဝသို့ ရောက်ရှိ သွားခဲ့ပါတယ်။

Read More...

နေ့စဉ်သတင်းများ (၇ - ၈ - ၀၉)

ရှစ်လေးလုံးနှစ်ပတ်လည်အကြို ချောက်နှင့် မန္တလေးမှာ စာရွက်များကပ် သတင်း
၈ လေးလုံး (၂၁) နှစ်ပြည့် အခမ်းအနားများအတွက် သီချင်း (၂) ပုဒ်နဲ့ စပ်မိစပ်ရာ သတင်း
ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ၀င်ရောက်မှု လုံခြုံရေးတာဝန်ခံ (၂၀) ကျော်ကို အပြစ်ပေး သတင်း
NLD ဗဟိုကော်မတီကို ကူညီဖို့ လွှတ်တော်ကိုယ်စားလှယ် (၁၄) ဦးကို တာဝန်ပေး သတင်း
မြန်မာစစ်အစိုးရ နျူကလီးယားနည်းပညာရရှိရေး ကြိုးပမ်းမှုအပေါ် သုံးသပ်ချက် (မျက်မှောက်ရေးရာ)
ဂျင်မ်ဝက်ဘ်ရဲ့ မြန်မာနိုင်ငံခရီး ၀ါရင့်နိုင်ငံရေးသမားကြီးများ သတိနဲ့ ကြိုဆို သတင်း
ဘန်ကီးမွန်းလာရောက်စဉ် ဖောက်ခွဲရေးသမား (၁၅) ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲချုပ်ပြောဆို သတင်း
ကုလအတွင်းရေးမှူးချုပ် ခရီးစဉ်အတွင်း ဗုံးခွဲရန်ကြံဟု ရဲချုပ်ထုတ်ဖော် သတင်း
ဗုံးခွဲမည့် နိုင်ငံရေးသမား (၁၅) ဦးကို အာဏာပိုင်တို့ ဖမ်းဆီးထား သတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် အကောက်ကြံခြင်းမရှိဟု အစိုးရ ငြင်းဆို သတင်း
ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာနပိုင် မြေကွက်နှင့် အဆောက်အဦများ ချရောင်း၊ စစ်အုပ်စုတို့အချင်းချင်း ခွဲ ဝေရယူလျက်ရှိ သတင်း
ရခိုင်ပြည်နယ်က မြို့ (၅) မြို့ လုံခြုံရေးဆိုင်ရာ စိတ်မချရသော မြို့များ အဖြစ် သတ်မှတ် သတင်း
အရင်းအနှီး ကြီးမားလွန်းတဲ့ ရှစ်လေးလုံးသင်ခန်းစာများ (ဆောင်းပါး)
မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်ရန် နီပေါက ဒီမိုကရေစီခေါင်းဆောင် တိုက်တွန်း သတင်း
လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုဟု မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ပြောကြား သတင်း
ဒုဗိုလ်မှူးကြီး ကတော်တဦး သေကြောင်းကြံစည် သတင်း
ဒီမိုကရေစီအင်အားစုများရဲ့ လမ်းပြမြေပုံကို ကုလသမဂ္ဂအား တင်ပြခြင်း အပါအ၀င် သတင်းမှတ်စု သတင်း
နယ်ခြားစောင့်တပ် လက်မခံတဲ့ ငြိမ်းအဖွဲ့တွေကို ကုလရဲ့ ထောက်ပံ့ဆန်တွေ ဖြတ်ပြီ သတင်း
မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်ကို လက်မခံနိုင် သတင်း
မြန်မာ (၆) ဦး မလေးရှားတွင် သေဒဏ်ပေးခံရ သတင်း
ပျော်ပွဲစားခရီးကြောင့် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ စစ်ဆေးခံရ သတင်း
မိုးသက်လေပြင်းကြောင့် တံငါလှေ အစီး (၂၀) မှောက်၊ (၁၀) ဦးထက်မနည်း သေဆုံး သတင်း
ဗကသအဖွဲ့ဝင် မောင်ရဲမြတ်ဟိန်းကို ထောင် (၂) နှစ် ထပ်မံချမှတ် သတင်း
မိုးကြီးသောကြောင့် ဂျိုင်းမြစ်နံဘေးရှိ ရွာများ ဒုက္ခရောက် သတင်း
ကျေးလက်တောရွာ မီးရှို့ဖျက်ဆီးပြီးနောက် စစ်အစိုးရတပ် မုဒိမ်းကျင့်မှု ထပ်မံကျူးလွန် သတင်း
မြ၀တီမြို့က လူမှောင်ခိုကူးသည့်အိမ်ကို ဗုံးခွဲ သတင်း
မြန်မာပြည်အထက်ပိုင်းက ရဲတွေ နေပြည်တော်မှာ လက်နက်သွားထုတ် သတင်း
ကျောင်းသားအရိုက်ခံရမှု ကျောင်းအုပ်ပါနေ၍ ကျောင်းသားများ မကျေနပ် သတင်း
စားဆီနှင့် ဆီထွက်သီးနှံ ဈေးခုန်တက် သတင်း
နယ်စပ်မှတဆင့် ရွှေအရောင်းအဝယ်လုပ်သူ များပြား သတင်း
ပြည်တွင်းအရက်ချက်စက်ရုံများအား စစ်ဆေးသင့်ဟု ဆရာဝန်များက ရှုမြင် သတင်း
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (၅၇) ခု လေလံတင်မည် သတင်း
မြန်မာနိုင်ငံ မမွဲသေးပါ၊ ပြည်သူများ ဆင်းရဲရခြင်းသည် သယံဇာတ ချို့တဲ့ခြင်းကြောင့်မဟုတ် စစ်အစိုးရ ကြောင့်သာဖြစ် (ဆောင်းပါး)

Friday, August 7, 2009

နေ့စဉ်သတင်းများ (၆ - ၈ - ၀၉)

အမေရိကန်အထက်လွှတ်တော်အမတ် Webb မြန်မာအပါအ၀င် အာရှ (၅) နိုင်ငံ ခရီးထွက်ဖို့ရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ရွှေ့ဆိုင်းလိုက်တာက ပြည်တွင်းနှင့် နိုင်ငံတကာ တုံ့ပြန်မှုတွေကြောင့် ဟုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် အိမ်အမှုကိစ္စ ရှေ့နေအဖွဲ့နဲ့တွေ့ သတင်း
နေအိမ်ခြံဝင်းကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြိုးပမ်းမှု မြန်မာမိတ်ဆွေများအဖွဲ့ ထောက်ခံ သတင်း
မြန်မာ့မိတ်ဆွေနိုင်ငံများနဲ့ ဘန်ကီမွန်း တွေ့ဆုံ သတင်း
ကုလအတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်ကို မိတ်ဆွေနိုင်ငံများ သဘောတူ သတင်း
မြန်မာ့အရေးကို ကုလသမဂ္ဂက ထိရောက်စွာ ဖြေရှင်းနိုင်မှု ရှိနိုင်မရှိနိုင် သတင်း
သျှမ်း-ကချင်နယ်စပ် စစ်အစိုးရတပ် အင်အားတိုးမြင့် KIA ကို တိုက်ဖွယ်ရှိ သတင်း
ရန်ကုန်မြို့၏ အချက်အချာနေရာတော်တော်များများမှာ လမ်းပိတ်သံဆူးကြိုး သစ်သားတိုင်များချထား သတင်း
ကျေးရွာမီးသတ်တပ်ဖွဲ့များ ရခိုင်ပြည်နယ်အနှံ့ ဖွဲ့စည်းနေ သတင်း
ကလေးစစ်သားအသုံးမချရေး ကုလဆုံးဖြတ်ချက် လူ့အခွင့်အရေးအဖွဲ့ ကြိုဆို သတင်း
သတင်းစာပါ ဖက်ဒရယ်မူ အဓိပ္ပါယ်ဖွင့်ဆိုချက် ဦးရွှေအုံး ကန့်ကွက် သတင်း
သံဃာတော်တွေကို တောင်းပန်ပါတယ် သတင်း
မှန်ကန်သော စီးပွားရေးပြုပြင်မှုများ လုပ်သင့်ပြီဟု ပညာရှင်နှိုးဆော် သတင်း
မန္တလေးဆေးရုံကြီး သွေးအရောင်းအ၀ယ်သတင်းကြောင့် သွေးလှူသူ နည်းပါးသွား သတင်း
ထိုင်းနယ်စပ်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်းမောင်နှံ အတွေ့အကြုံရှင်းပြ သတင်း
ရွှေ့ပြောင်းကလေးငယ်ကို ဖမ်းဆီးသည့်အပေါ် လူ့အခွင့်အရေးအဖွဲ့ စိုးရိမ် သတင်း
ကြက်ဆူပင်စိုက်လုပ်အားပေး တအိမ်တယောက်ဆင့်ခေါ် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ ထပ်တွေ့ခွင့်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို (၁၁) ရက်နေ့ နောက်ဆုံးထား လွှတ်ပေးရန် တောင်းဆို သတင်း
ကေအန်ယူကို ထိုးစစ်ဆင်ရန် ဒီကေဘီအေတပ်များ ဘုရားသုံးဆူသို့ ရောက်ရှိ သတင်း
နယ်ခြားစောင့်တပ်အသွင် ပြောင်းမည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော သတင်း
စစ်ရေးဖိအားဖြင့် ပြဿနာကို ဖြေရှင်း၍မရကြောင်း စစ်အစိုးရအား မွန်ပြည်သစ် သတိပေး သတင်း
အင်အားပြအကျပ်ကိုင်မှု မွန်ပြည်သစ်ပါတီ လက်ခံမည်မဟုတ် သတင်း
ငြိမ်းအဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အသွင် မပြောင်း၍ စစ်အင်အားဖြည့်တင်း သတင်း
ဒီကေဘီအေက တပ်သားသစ်ကောက်ခံ၍ ရွာသားများ ထိုင်းဘက်ထွက်ပြေး သတင်း
စစ်တကောင်းတောင်တန်းနယ်မှ ပြန်ပေးဆွဲမှု ရခိုင်လက်နက်ကိုင်များနှင့် ပတ်သက်မှုမရှိ သတင်း
မြန်မာနိုင်ငံအခြေအနေ ကုလအတွင်းရေးမှူးချုပ် ရှင်းလင်း သတင်း
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဘန်ကီမွန်း ထပ်မံတိုက်တွန်း သတင်း
မြန်မာပြည်က ကလေးစစ်သားအရေး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမည် သတင်း
နအဖ နျူကလီယားအစီအစဉ်ကို စုံစမ်းဖော်ထုတ်မည် သတင်း
ရှစ်လေးလုံးအကြို ပဲခူးမှာ ပိုစတာတိုက်ပွဲစတင် သတင်း
အင်းစိန်မြို့နယ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ချထား သတင်း
ဦးတင်ယုကို အင်းစိန်ထောင်ဆေးရုံတင်ထား၊ မျိုးကျော်ဇင်ကို တိုက်ပိတ် သတင်း
ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိ သတင်း
ကြံ့ခိုင်ရေးအဖွဲ့ဝင်တဦး အရိုက်ခံရတဲ့အပြင် ပုဒ်မ (၂) ခုနဲ့ တရားစွဲခံနေရ သတင်း
ဒီမိုး ... ဒီရေ ... ဒီလူတွေနဲ့ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ (၈၈၈၈ အထူးဆောင်းပါး)
မူဝါဒများနှင့် စကားပြောခြင်း (ဆောင်းပါး)
ဒီမိုကရေစီအင်အားစုရဲ့ ၂၀၀၉ ခြေလှမ်း (ဆောင်းပါး)
အိပ်မက်လှလှ မက်ရအောင် (ဆောင်းပါး)

Thursday, August 6, 2009

အမှုကို အစွမ်းကုန်အမြတ်ထုတ်နေတဲ့ နအဖ ဗိုလ်ချုပ်များ

ရဲဘော်ဖိုးသံချောင်း
၃ သြဂုတ် ၂၀၀၉

နအဖစစ်အစိုးရဟာ ကြောင်ကဖမ်းမိထားတဲ့ကြွက်ကို မစားခင် ကစားသလို ဒေါ်အောင်ဆန်းစုကြည် အမှု အပေါ်မှာ အမြတ်ထုတ် နေပါတယ်။ နောက်ပြီး ဒီလိုနှိပ်စက်ရတာကို သူတို့က သာယာ နေကြပါတယ်။ ဒါဟာ Sadism ဆိုတဲ့ သူများကို နှိပ်စက်ခြင်းနဲ့ သာယာကြတဲ့ စိတ်ရောဂါ ဝေဒနာသည် ဖက်ဆစ်တွေ အရသာခံနည်းမျိုး ခံနေကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ မတတ်သာလို့ သေဒဏ် အပြစ်ပေး ရရင်တောင် အတတ်နိုင်ဆုံး အနာအကျင် ကင်းမဲ့တဲ့ နည်းနဲ့ အမြန်ဆုံး ပြီးမြောက်အောင် လုပ်ရပါတယ်။ ဒါပေမယ့် နအဖ စစ်ဗိုလ်ချုပ် တွေကတော့ ဒါနဲ့ပြောင်းပြန် လူကို ပိတ်လှောင်ခြင်းနဲ့ နှိပ်စက်ရုံ မက အချိန်ဆွဲတဲ့ နည်းနဲ့ပါ နှိပ်စက်နေပါတယ်။ တချို့ သူတို့ အင်မတန် အငြိုးထားတဲ့ ဦးဝင်းတင်တို့၊ ဗိုလ်ကြီး ဝင်းထိန်တို့ကို ဆိုရင် ထောင်ဘူးဝ ရောက်မှ ထောင်ထဲ ပြန်ခေါ်သွားတာ၊ အပြင်ကို လွှတ်ပေးပြီး နောက်တနေ့ကျမှ ပြန်ဖမ်းဆီးတာ စတဲ့ ရိုင်းပြ ရက်စက်တဲ့ နှိပ်စက်နည်းတွေနဲ့ အာဏာ ပြခဲ့ကြတာကို တိုင်းပြည်က မမေ့ပါဘူး။

ဒီအချိန်မှာ သတိထားမိတဲ့ နောက်တချက်ကတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို နိုင်ငံရေး သတင်းတကာရဲ့ ထိပ်ဆုံးမှာ ရောက်နေအောင် လုပ်ထား၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အားလုံးကို မှန်းဆနေအောင် လုပ်ထားတာတွေနဲ့ တချိန်တည်းမှာ ပြည်တွင်း ပြည်ပကို သတင်းတုတွေ အမျိုးမျိုး လွှင့်တဲ့နည်းနဲ့ “နိုင်ငံရေးကစား” နေကြပါတယ်။ ဒါဟာ စစ်တပ်မှာ တဖက်ရဲ့ တပ်တည်နေရာနဲ့ ပစ်အား အခြေအနေကို သိရအောင် "searching fire" ပစ်ကြည့်တယ် ဆိုတာမျိုး လုပ်နေတာပါ။ ပြည်တွင်းပြည်ပက အာဘော်တွေ၊ သဘောထားတွေကို ဒီနည်းနဲ့သိအောင် လုပ်နိုင်တယ်ဆိုပြီး သူတို့ကိုယ် သူတို့ လည်လှပြီလို့ ထင်နေကြဟန် တူပါတယ်။ ဒီကိစ္စမှာ မစ္စစ်ကလင်တန် ထွက်ပြောလာတာမျိုးကို သူတို့က အမြတ်လို့ တွက်နေကြဟန် တူပါတယ်။ တကယ်ကျတော့ ဒီဗိုလ်ချုပ်တွေရဲ့ လုပ်နည်းတွေဟာ တည်ကြည်တဲ့ နိုင်ငံရေးလက္ခဏာ လုံးဝ မဆောင်ဘဲ သူခိုးဓားပြ ဂိုဏ်းတွေ၊ မာဖီးယားဂိုဏ်းတွေ လက်နက် အားကိုးနဲ့ နှိပ်စက်ကလူ လုပ်ချင်တိုင်း လုပ်နေကြတာ ဖြစ်ပါတယ်။

သူတို့ ဘယ်လိုပဲအကြောင်းပြပြ၊ သူတို့ရဲ့ဒီလိုလုပ်ရပ်ဟာ ဒီအမှုအပေါ် စိတ်ဝင်စားတဲ့၊ စိုးရိမ်တကြီး စောင့်ကြည့် နေကြတဲ့ ပြည်တွင်း ပြည်ပကလူတွေ၊ အသင်းအပင်း အဖွဲ့အစည်းတွေ၊ အစိုးရတွေကို စော်ကားတာပဲ ဖြစ်ပါတယ်။ တရားရုံးမှာ လာနားထောင် နိုင်ပါတယ်ဆိုလို့၊ ဖိတ်လို့၊ ဘန်ကောက်ကတောင် လာတဲ့ လူတွေအပါ နိုင်ငံတကာ သံတမန် နယ်ပယ်ကိုလည်း မထီလေးစား၊ စော်ကားတာ ဖြစ်ပါတယ်။ တကယ်ကျတော့ သူတို့ ဘာရည်ရွယ်ချက်တွေနဲ့ ဘာလို့ အခုလို လုပ်တယ်ဆိုတာဟာ အင်မတန်မှ စင်းနေ၊ ရှင်းနေတာ ဖြစ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ (၅ - ၈ - ၀၉)

သင်္ကန်းဝတ်ဖြင့် မတင့်တယ်သည့် ဓာတ်ပုံကြောင့် မင်းမော်ကွန်း တောင်းပန်ရ သတင်း
သံဃာများ ၀ါခေါင်လပြည့် ပရိတ်ရွတ်ပွဲကို အာဏာပိုင်များ ပိတ်ပင် သတင်း
ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဆူးကြိုးအကာအရံများ ပြန်လည်ချ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ဗိုလ်ချုပ်မှူးကြီး မဆုံးဖြတ်ရသေးခြင်း ဖြစ်ဖွယ်ရှိ သတင်း
ခြံမြေပိုင်ဆိုင်မှုကိစ္စအတွက် ရှေ့နေတွေ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု တရားစီရင်မှုအပေါ် သုံးသပ်ချက် သတင်း
ပြည်တွင်းငြိမ်းချမ်းရေး စိုးရိမ်စရာရှိကြောင်း မွန်ပြည်သစ်ပါတီ ပြောဆို သတင်း
ပါတီနှင့် တပ် ခွဲထားခြင်း၊ ဖျက်သိမ်းခြင်း လက်မခံဟု မွန်ပြည်သစ် ပြော သတင်း
မွန်ပြည်သစ်က ပါတီနှင့်တပ် မခွဲ သတင်း
‘၀’ တပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ တောင်းဆို သတင်း
မြန်မာစစ်အစိုးရ ၂၀၁၄ ခုမှာ နျူကလီယားလက်နက် ထုတ်လုပ်နိုင်မည် ခန့်မှန်း သတင်း
စစ်တပ်အတွင်း ကလေးစစ်သားစုဆောင်းမှု လုပ်နေ သတင်း
ညွန့်ပေါင်းအစိုးရနဲ့ ... အမျိုးသားကောင်စီနဲ့ ... သတင်း
ပဲခူးကျောင်းသားများ သွေးမြေကျသောနေ့ မမေ့စေရေး လှုံ့ဆော် သတင်း
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ သတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို သတင်း
ဖိလစ်ပိုင်သမ္မတဟောင်း အကွီနို ဈာပန မနီလာမှာ ကျင်းပ သတင်း
ဖမ်းဆီးခံ မြောက်ကိုရီးယား အမေရိကန်သတင်းထောက် (၂) ဦး ဌာနေပြန်ရောက် သတင်း
ဘီကလင်တန်ရဲ့ မြောက်ကိုရီးယားခရီးစဉ် အောင်မြင်မှု သတင်း
အီရန်သမ္မတ အမာဒင်နီဂျက် ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို သတင်း
ပါကစ္စတန်မှာ အရပ်သားသေဆုံးမှုနည်းအောင် နေတိုး ကြိုးစားမည် သတင်း
မြန်မာ၏ နျူကလီယားရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား (ဆောင်းပါး)
မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးကို စိုးရိမ်ကြောင်း အမေရိကန်က ထပ်မံပြောဆို သတင်း
နအဖနှင့် မြောက်ကိုရီးယားပူးပေါင်းမှု အမေရိကန် စိုးရိမ် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ဟု မွန်ပြည်သစ်ပါတီ ပြော သတင်း
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ သတင်း
တာဆန်းရေကာတာစီမံကိန်းကြောင့် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာရ သတင်း
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့ သတင်း
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင် သတင်း
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော သတင်း
ဝါဆိုသံဃာများကို အာဏာပိုင်များ တင်းကျပ် သတင်း
ပြည်ခိုင်ဖြိုးကတ် ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင်မလို သတင်း
ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား သတင်း
သား ရွှေအိုးထမ်းကိန်း (ဆောင်းပါး)

နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှု ဆိုတာ ခဏ တဖြုတ်ပဲ ဖြစ်နိုင်တယ်

NEJ / ၅ သြဂုတ် ၂၀၀၉

(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် အင်တာဗျူး)

၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ကာလတလျှောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ရလဒ်များနှင့် နိုင်ငံရေး အမြင်များကို ကိုယ်တွေ့ ကြုံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက် အထူးအစီအစဉ်

မေး။ ။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ လူထုအုံကြွမှုကြီးကို ကြုံတွေ့ ဖြတ်သန်းလာခဲ့သူ တယောက်အနေ နဲ့ ဒီ အရေးတော်ပုံကြီး ဘယ်လို ပေါ်ပေါက်လာရတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ရှစ်လေးလုံးပေါ်လာတာ ရုတ်တရက် ထပေါ်လာတာ မဟုတ်ဘူးလေ၊ နောက်ကြောင်းလေးကလည်း ရှိတယ်။ နှစ်နဲ့ကို ချီပြီး ဖြစ်ခဲ့တာ။ ၆၂ ခုနှစ် စစ်အစိုးရ တက်လာတော့ ကျောင်းသားတွေက ကန့်ကွက်ကြတယ်။ ဆန္ဒပြကြတယ်။ အဲဒီပေါ်မှာ တည်ပြီးတော့ နောက်ဆုံး တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ မိုင်းဗုံး အခွဲခံရတဲ့ အ ဆင့်အထိ ရောက်ခဲ့တယ်ပေါ့။ ဒါက စစချင်းဖြစ်တာ။ အဲဒီ နောက်ပိုင်းမှာလည်း ဆန်စပါးရှားလို့ ဖြစ်တာတွေ၊ တရုတ်-ဗမာ အဓိကရုဏ်း ဖြစ်တာတွေ၊ နောက် ကျောင်းသားတွေကို တောထဲ မောင်းထုတ်တာတို့၊ ဖမ်းတာ ဆီးတာ၊ ထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်တာတွေ အထိပေါ့ဗျာ။ တလျှောက်လုံးဟာ အဲဒီ ကိစ္စတွေပေါ် တည်ပြီး ကျောင်းသား လူငယ်တွေရဲ့ မျိုးဆက်အသစ်တွေ အသစ်တွေက ဆက်လုပ်သွားတယ် ဆိုတာကို ပြတာပေါ့။

ဥပမာ ၁၉၆၂ ခုနှစ်လောက်က လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေးတို့လို ခေါင်းဆောင်မှုက နေပြီးတော့ ပြောင်းလာ လိုက်တာ ၈၈ နားရောက်တဲ့ အခါကျတော့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ မင်းဇေယျာတို့ စတဲ့ ကျောင်းသား ခေါင်းဆောင်တွေ အထိ တက်လာပြီးတော့ နောက်ဆုံးပိတ် ကြတော့ ရှစ်လေးလုံး ပေါ်လာတာပဲပေါ့။

ရှစ်လေးလုံးကာလကို ပြန်ကြည့်တဲ့အခါကျလည်း စောစောက ပြောခဲ့သလို ဒီကိစ္စဟာ ကျောင်းသား လူငယ်များရဲ့ လှုပ်ရှားမှု သက်သက် မဟုတ်ဘူး။ ရဟန်းသံဃာများ၊ စာနယ်ဇင်း စာပေသမားများ အပါအ၀င် အားလုံးရဲ့ လှုပ်ရှားမှု ဖြစ်တဲ့အတွက် နောက်ဆုံးကြတော့ ဒီ အရေးတော်ပုံကြီး ပေါ်ခဲ့တယ်။ ဒါကြောင့် ဒီကာလ ဆန္ဒပြကြတဲ့ အခါမှာ အလွှာ အသီးသီးက အကုန်လုံးပါတယ်။ အိမ်ရှင်မတောင် ပါတယ်ဗျာ။ ကျောင်းသားတွေက ခေါင်းဆောင်တယ် ဆိုတာမှန်တယ်၊ ကျောင်းသား လူငယ်များက ရှေ့ဆောင်တာပေါ့။ သို့သော် ရှစ်လေးလုံးဟာ ရုတ်တရက် ပေါ်လာခြင်း မဟုတ်ဘူး။ နှစ်ပေါင်း (၂၀) ကျော် တော်လှန်ရေး အစိုးရ စတက်တဲ့ အချိန်ကစပြီး လူထုရဲ့ ဆန္ဒတွေနဲ့ ရုန်းကန်မှုတွေနဲ့ ပေါ်ထွက်လာတာလို့ ပြောချင်ပါတယ်။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အဓိကတောင်းဆိုချက်က ဘာပါလဲဆရာ။

Read More...

Wednesday, August 5, 2009

မစားချင်ဘူးလား

စိတ္တဇဆေးရုံတွင် ဆေးရုံအုပ်ကြီးက လူနာများအား ပြောကြားသည်မှာ...

" မနက်ဖြန်လူကြီး တစ်ယောက်ဆေးရုံမှာ လာဟောပြောမယ်

သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့ အားလုံး လုပ်ခုပ်တီးကြပါ။

ဒါဆို မင်းတို့ကို ကြက်သားဟင်းနဲ့ထမင်း ကျွေးမယ်။ "

ဟောပြောသောနေ့သို့ ရောက်သော အဆင်ပြေစွာ ဟောပြော ပြီးဆုံးသောကြောင့် လူကြီးက လွန်စွာကျေနပ်

လေ၏။ ထိုအခါဆေးရုံအုပ်ကြီးက ချောင်းဟန့်လိုက်၏ ထင်ထားသည့်အတိုင်း အားလုံးက ၀မ်းမြောက်စွာ

လက်ခုပ် တီးကြလေသည်။ သို့သော်မထင်မှတ်သော အဖြစ်တစ်ခုလည်း ဖြစ်သွားသည်။ ထိုသည်ကား

လူနာ တစ်ယောက်သည် ရုတ်တရက် လူကြီးဖြစ်သူအား ပါးချလိုက်ခြင်း ဖြစ်သည်။ အားလုံး မင်တတ်နေစဉ်

သူပြောလိုက်သော စကားသည်ကား

" အရူး..မင်းက လက်ခုပ်တီးရမယ် ဆိုတာ မသိဘူးလား ကြက်သားဟင်း မစားချင်ဘူးလား။ "

နေ့စဉ်သတင်းများ (၄- ၈- ၀၉)

တပ်ဖွဲ့အသွင်ပြောင်းရေး နအဖ၏ ကမ်းလှမ်းချက် မွန်ပြည်သစ်ပါတီက ပယ်ဖျက် သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် ရွေးကောက်ပွဲကို မွန်ပြည်သစ် လက်မခံ သတင်း
‘ဝ’ ငြိမ်းချမ်းရေးအဖွဲ့နယ်မြေအနီးသို့ နအဖစစ်တပ်ရင်း (၃) ခု လာရောက်တပ်စွဲထား သတင်း
၂၀၁၄ တွင် နအဖစစ်အစိုးရ နျူကလီယားလက်နက် ပိုင်ဆိုင်လာဖွယ်ရှိ သတင်း
စုစုနွေး တိုက်ပိတ်ခံရ သတင်း
ဖမ်းထားသူ အဖွဲ့ချုပ်ဝင် (၃၀) ကျော်ထဲက (၄) ဦးကို ဆက်လက်ဖမ်းဆီးထား သတင်း
အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စာရင်းကောက်နေပြီ သတင်း
ယက်တော ဆေးရုံတင်ထားရ သတင်း
ယက်ထော ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေရ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ခြံမြေရောင်းချခံရမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် တွေ့ခွင့်တောင်း သတင်း
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား သတင်း
ဥပဒေစိုးမိုးရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ် သတင်း
မျှတသည့် တရားစီရင်မှုဖြစ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် တောင်းဆို သတင်း
စားဆီကိစ္စ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ထင်ရာစိုင်းနေ၊ ဈေးရောင်းသူများ မကျေမနပ်ဖြစ် သတင်း
ထိုင်းဆီများ ပိတ်ပင်လိုက်သော်လည်း တင်သွင်းနေဆဲ သတင်း
မန္တလေးစက်သုံးဆီဆိုင်များ မြို့ပြင်ထွက်ရမည် သတင်း
ရေကာတာကြောင့် ရှမ်းပြည်သူများ ဒုက္ခတွေ့ဟု အစီရင်ခံစာ ထုတ်ပြန် သတင်း
ခိုးကူးခွေကြောင့် ဂီတလောကသားများ ငွေရှာသည့်ပုံစံ ပြောင်းရ သတင်း
စစ်တွေတွင် လုံခြုံရေး ပိုမိုတိုးချဲ့ သတင်း
စားသောက်ဆိုင်များတွင် တီဗွီ၊ ဗီဒီယို ပြသခွင့် လိုင်စင်လုပ်ရမည် သတင်း
သေဆုံးသူအလောင်းအတွက် စွမ်းအားရှင်ခေါင်းဆောင်က ငွေညှစ် သတင်း
ရွှေကျင်ရေအားလျှပ်စစ်အထက်ပိုင်းက ကျေးရွာတွေ ရေကြီးမှုကြောင့် စိုးရိမ်ရ သတင်း
မန္တလေးစီးတီးအက်ဖ်အမ်က ပထမဆုံး အနုပညာကြေး ချီးမြှင့် သတင်း
လူတုပ်ကွေးရောဂါကို နိုင်ငံခြားပြန်ရောဂါဆိုပြီး ပြည်သူတွေကြား ပေါ့ဆမှုများနေ သတင်း
ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားရုပ်ရှင်များ ကြည့်ပါ သောင်းပြောင်းထွေလာ
ရွေးကောက်ပွဲဝင်မည့် အဖွဲ့ခေါင်းဆောင် လိုင်စင်မဲ့ကားကြောင့် တရားစွဲခံရ သတင်း
အ၀ကျွန်း ဆရာတော်ကြီး ဦးကေလာသ ပျံလွန်တော်မူ သတင်း
ဈေးကွက်ထဲတွင် ကြက်ဥအတု ဝင်ရောက်နေခြင်းကြောင့် ကြက်ဥစားသုံးမှု လျော့နည်းလာ သတင်း
မြန်မာ့စီးပွားရေးဘဏ်မှ ငွေစက္ကုအဟောင်းများ လဲပေးနေ သတင်း
‘၈၈၈၈’ ဂုဏ်ပြုအစီအစဉ် သတင်း
မြန်မာ့မိတ်ဆွေ အိန္ဒိယမာက်စ်ဝါဒီခေါင်းဆောင် ကွယ်လွန် သတင်း
အီရန်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ သတင်း
မင်းမော်ကွန်း၏ အငြင်းပွားဖွယ်ရာဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့ သတင်း

Tuesday, August 4, 2009

အမျိုးသားဒီမိုကရေအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် -၂၃/ ၀၇/ ၀၉





နေ့စဉ်သတင်းများ (၃- ၈- ၀၉)

သံဃာများ ပြည်ပမီဒီယာ နားမထောင်ဖို့ တားမြစ်ချက်ထုတ် သတင်း
ဒေါ်အောင်ဆန်းစုကြည် ဥပဒေအမြင်သဘောထား NLD ကြေညာချက်ထုတ်ပြန် သတင်း
တရားဥပေဒဆိုင်ရာသဘောထား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လျှောက်လှဲ သတင်း
ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စု၏ တရားဥပဒေကို မေးခွန်းထုတ် - အန်အယ်လ်ဒီကြေညာချက် သတင်း
ဒေါ်အောင်ဆန်းစုကြည် အယူအဆတွေ NLD ထုတ်ပြန် သတင်း
အမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင် သတင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ကရင်အမျိုးသား မက်ဂ်ဆေးဆေးဆုရရှိ သတင်း
တာချီလိတ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပြန် သတင်း
ဘောလုံးကလပ်များ ဒေါ်လာ (၇) သောင်းတန် ကားပါမစ် လျှောက်ခွင့်ရ သတင်း
ရေလည်ခေါင်တွင် လောင်စာဆီရောင်းဝယ်ရာမှ ရန်ကုန်မြစ်တွင်း ပေါက်ကွဲမှုဖြစ် သတင်း
ကလေးအလုပ်သမားများ ရခိုင်ပြည်နယ်တွင် အထူးတိုးပွားလာ သတင်း
ထိုင်းအစိုးရက နယ်စပ်ထောက်ပံ့ အုပ်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်လို သတင်း
သမ္မတ အမာဒီနီဂျက်ဒ်ကို အီရန်ဦးစီးခေါင်းဆောင် ထောက်ခံ သတင်း
ဖိလစ်ပိုင်သမ္မတဟောင်း အကွီနိုရုပ်ကလာပ်ကို နိုင်ငံသားတွေ ဂါရ၀ပြု သတင်း
အလွတ်ကျက်တဲ့ ပညာရေးစနစ်ကို ပြောင်းလဲပစ်ဖို့လိုပြီလား (ဆွေးနွေးခန်း)
ကျွန်းတိုက်ပွဲ (ဆောင်းပါး)

Monday, August 3, 2009

ဗိုလ်ထက်မင်း၏ ခေတ်ပြိုင် ဆောင်းပါးများ ပေါင်းချုပ်



နအဖရဲ့ ရုပ်သေးဝန်ကြီးချုပ် (၃) ရုပ်


ဗိုလ်ထက်မင်း

မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေဟာ အကြီးအကျယ် လာဘ်စားမှုတွေနဲ့ အဘက်ဘက်က ယိုယွင်း ပျက်စီးနေပြီးတော့ စီမံကိန်းတွေလည်း မအောင်မြင် ကြတာကိုတွေ့နေရပါတယ်။ ၀န်ကြီးဌာနတွေရဲ့ အချုပ်ြဖစ်တဲ့ ၀န်ကြီးချူပ် ဆိုသူတွေဟာလည်း ဗိုလ်သန်းရွှေကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်နေပြီး တိုင်းပြည်ကောင်းရာကောင်းကြောင်းကို မလုပ်နိုင်ခဲ့ကြတာတွေ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလမှာ ဒီပဲယင်း အရေးအခင်းကြောင့် ဗိုလ်သန်းရွှေဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပခါနီး ဖြစ်တာမို့ ဂျပန်နိုင်ငံ အပါအ၀င် အိမ်နီးချင်း အာဆီယံနိုင်ငံများက ဒီပဲယင်းကိစ္စကို မေးမြန်းတော့မှာဖြစ်လို့ ထိပ်တိုက် တွေ့မယ့် အနေအထား ရှိနေပါတယ်။ ဗိုလ်သန်းရွှေဟာ နိုင်ငံရေး ကစားကွက် ရွှေ့လိုက်ပြီး ဗိုလ်ခင်ညွှန့်ကို ၀န်ကြီးချုပ်ရာထူး တိုးမြှင့်ပေး လိုက်ပါတယ်။ ဗိုလ်ခင်ညွှန့်က ၀န်ကြီးချုပ် ရာထူးယူမယ်ဆိုရင် သူ့ရဲ့ အနေအထား ပျက်ယွင်းမှာ၊ ထိခိုက်သွားမှာ စိုးရိမ်ပြီး တောင်းဆိုချက်များ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးအဖြစ်မှ တပ်မတော်ထောက်လှမ်းရေး မှူးချုပ်ရုံးသို့ ဖွဲ့စည်းပုံအသစ်ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်နဲ့ ၀န်ကြီးချုပ်ကို ၄င်းရုံးအား တွဲဘက်ကိုင်တွယ်ခွင့် တောင်းဆို ခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်ခင်ညွှန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ် ကျော်သိန်းအပါအ၀င် ထောက်လှမ်းရေး အရာရှိများကို ဖွဲ့စည်းပုံ အသစ်ဖြစ်တဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးသို့ ပြန်လည်ခေါ်ယူ သွားမှာဖြစ်ပြီး သူတို့ရဲ့ မဟာဗျူဟာ လေ့လာရေး ဌာနကြီးကိုတော့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်လက်အောက်သို့ ပြောင်းလဲထားရှိမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဗိုလ်မောင်အေးက အပြင်းအထန် ဆန့်ကျင်ခဲ့ပါတယ်။

နိုင်ငံတကာရှိ မည်သည့်စစ်တပ်ဖွဲ့စည်းပုံ (War Establishment) မဆို ၀န်ကြီးချုပ်နဲ့ ထောက်လှမ်းရေး တွဲကိုင်ထားတာမျိုး မရှိကြောင်း ထောက်ပြကာ အထက်ပါပြောင်းလဲမည့် အစီအစဉ်အား ဗိုလ်မောင်အေးက ဆန့်ကျင်ခဲ့ခြင်း ဖြစ်ပါတယ်။ဗိုလ်သန်းရွှေက သူ့ရဲ့ ထွက်ပေါက်အတွက် ဗိုလ်ခင်ညွှန့်ရဲ့ တောင်းဆိုချက် တွေကို လိုက်လျောပေးခဲ့ပြီး နောက်ထပ်တောင်းဆိုမှုတခုဖြစ်တဲ့ လမ်းပြမြေပုံ (၇) ချက် ချပြရေးကိုလည်း ခွင့်ပြုပေးခဲ့ပြန်ပါတယ်။ ရုတ်တရက်ကြည့်ပါက ဟန်ကျသလိုရှိပေမယ့် မကြာခင် ရုပ်သေးဝန်ကြီးချုပ် ဖြစ်လာပြီ ဆိုတာ ဗိုလ်ခင်ညွှန့်ဟာ ရိပ်မိလာပါတယ်။

ဘာလို့လဲဆိုတော့ အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူး (၁) ဗိုလ်စိုးဝင်း၊ အတွင်းရေးမှူး (၂) ဗိုလ်သိန်းစိန်တို့ (၂) ဦးနှင့်အတူ ၀န်ကြီးဌာနတွေကို ကွင်းဆင်းလှည့်လည်ကြည့်ရှု စစ်ဆေးခိုင်းလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ခင်ညွှန့်က အစိုးရအဖွဲ့ အစည်းအဝေးတခုမှာ သူ့ဝန်ကြီးတွေကို “အစည်းအဝေး (၂) ကြိမ်၊ (၃) ကြိမ် လုပ်ပြီးရင် မင်းကိုပဲ ဆက်လွှဲပေးမှာပါလို့” တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးက သူ့ကိုနှစ်သိမ့် စကားပြောခဲ့ကြောင်း ငြီးတွား ပြောဆိုခဲ့ပါတယ်။ သဘောကတော့ တိုင်းပြည် အုပ်ချုပ်ရေး အပိုင်းမှာ ဗိုလ်ခင်ညွှန့်ကို လုပ်ပိုင်ခွင့် အပြည့်ပေးတော့မယ်လို့ ဗိုလ်ချုပ်မှူးကြီး ပြောတာကို ဗိုလ်ခင်ညွှန့်က မယုံကြည်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Read More...

အပေါ်သို့