Saturday, May 22, 2010

ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်မည်ဟု သျှမ်း တော်လှန်ရေး နေ့၌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

Friday, 21 May 2010 21:07

မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိ ပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့ပါသည်။

“ပင်လုံစာချုပ်ကို ကျောခိုင်းလို့ တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက် ထောက်ခံ အားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။

မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်း ဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။

Read More...

နေ့စဉ်သတင်းများ (၂၁ - ၅ - ၁၀)

ဒေါ်အောင်ဆန်းစုကြည်ကို အထက်လွှတ်တော်အမတ် McCain ချီးကျူး သတင်း
ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိ ပြန်ဖော်နိုင်မည်ဟု သျှမ်းတော်လှန်ရေးနေ့၌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော သတင်း
မြန်မာ့အရေး စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဥရောပပါလီမန် ထောက်ခံ သတင်း
သမိုင်းဝင် သျှမ်းပြည်တော်လှန်ရေးနေ့ ကျင်းပ သတင်း
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် အက်စ်အက်စ်အေ (တောင်) က ပြော သတင်း
တာချီလိတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ် သတင်း
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအတွင်း နယ်ခြားစောင့်တပ် ဖွဲ့စည်း သတင်း
ကျောင်းသားခေါင်းဆောင် ကျော်ကိုကို ထောင်ဒဏ် (၅) နှစ် ထပ်တိုး သတင်း
ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ (၉၄) နှစ်မြောက်မွေးနေ့ ကျင်းပ သတင်း
ဝါရင့်နိုင်ငံရေးသမားကြီး နောက်တဦး ကွယ်လွန်ပြန် သတင်း
ဗုံးလက်သည်ဟု စွပ်စွဲခံရသူ ရှေ့နေငှားခွင့်မရ သတင်း
မြဝတီမြို့ စီးပွားရေးစက်မှုဇုန်တွင် ဗုံးပေါက်ကွဲမှုဖြစ် သတင်း
ရွေးကောက်ပွဲကျင်းပရန် အကြိုလေ့ကျင့်မှု ပြုလုပ် သတင်း
မဲပေးရမည့် နည်းစနစ်များကို ကော့သောင်းမြို့မှာ ရှင်းလင်းလေ့ကျင့် သတင်း
တောင်ကိုရီးယားရှိ မြန်မာသံရုံးက ရွေးကောက်ပွဲအတွက် မဲစာရင်းပေးရန် စာပို့ သတင်း
မင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဂျပန်က နအဖသံရုံးရှေ့ ဆန္ဒပြ သတင်း
တည်ထောင်ခွင့်/ဆက်လက်တည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့် - နောက်ဆက်တွဲ သတင်း
ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာက ဓားပြတိုက်မှုတွင် ပါဝင်သူတဦး ဖမ်းမိ သတင်း
လုပ်ငန်းတွေ လျှပ်စစ်မီးပြတ်နေ သတင်း
ထက်ထက်မိုးဦးနှင့် သတင်းသမား ပဋိပက္ခဖြစ် သတင်း
လျှပ်စစ်မီး (၂၄) နာရီ ရရှိရေး ဗိုလ်ချုပ်မှူးကြီးထံ မန္တလေးလူထု တောင်းဆို သတင်း
ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းရန် ဘီအယ်လ်စီ တောင်းဆို သတင်း
သခင်သိန်းဖေမွေးနေ့တွင် လူရွေးဖိတ်ကြား သတင်း
မျက်စိဝေဒနာ ခံစားနေရသော နိုင်ငံရေးအကျဉ်းသားများ သတင်း
DKBA အရာရှိပိုင် ပွဲရုံ ဗုံးကွဲ သတင်း
ရွေးကောက်ပွဲဥပဒေအရ ကရင်နီနှင့် ကရင်ကြား လူမျိုးရေးပြဿနာ စိုးရိမ်ရဟု KNPP ဖွင့်ဟပြောဆို သတင်း
သောက်သုံးရေ ရှားပါးမှု စာပေအနုပညာရှင်များ ကူညီ သတင်း
လွတ်လပ်ရေးအတွက် သျှမ်းပြည်တော်လှန်ရေးနေ့ (ဆောင်းပါး)
စေတနာနဲ့ လုပ်တာဆိုတော့ ထိရောက်တယ်၊ အောင်မြင်တယ် (အင်တာဗျူး)

Friday, May 21, 2010

ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး

Thursday, May 20, 2010

ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှု အသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီး တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များကို ပြည်တွင်း၊ ပြည်ပမှ လှူဒါန်း ထောက်ပံ့မှုများယူ၍ ကူညီခဲ့သည်။ ဦးကျော်သူ သည် ယခုနှစ် ဧပြီလ အတွင်းက မြန်မာ ပြည်အတွင်း လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့ကို ပြည်ပရောက် မြန်မာများက ချီးမြှင့်သည့် ပထမအကြိမ် “ပြည်သူ့ ဂုဏ်ရည်” ဆု ရရှိခဲ့သူ ဖြစ်သည်။ ယခုနှစ်တွင် မြန်မာပြည်၌ အပူချိန် မြင့်တက်လာသောကြောင့် ရေတွင်းရေကန်များ ခန်းခြောက်ခဲ့ရာ ရေဒုက္ခ ရင်ဆိုင်နေရသည့် ပြည်သူများကိုလည်း ဦးကျော်သူ ဦးဆောင်သည့် ၎င်း အသင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ရေကုသိုလ် ပြုလျှက်ရှိသည်။ ထို့ကြောင့် ဦးကျော်သူ ဦးဆောင်သည့် နာရေး ကူညီမှု အသင်း လက်ရှိကြုံတွေ့နေရသော အခြေအနေနှင့် အခက်အခဲများကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ရေလှူတဲ့ ရေကား တွေမှာ သူတို့ အလံတွေ ထူခိုင်း တယ်လို့ ကြားတယ်၊ ကိုကျော်သူ တို့ကော အဲဒီလို အဖြစ် မျိုးတွေ ကြုံရလား။

ဖြေ။ ။ ကျနော် တို့တော့ မသိသေးဘူး။ ဒလဘက် သွားကြတယ်။ အဲဒါ ဘာကြား မလဲတော့ မသိသေးဘူး။ ပဲခူးဘက် သွားတုန်း ကတော့ အဲဒီလို မလုပ်သေးဘူး။ ကျနော်တို့က နာရေး ကူညီမှု အသင်း (ရန်ကုန်) ဆိုတဲ့ ဗီနိုင်းချပ် ကြီးတွေ ချိတ်သွားတာ။ ကြံ့ဖွံ့အလံ ထောင်လို့လည်း မရဘူး။ ထောင်ခွင့်လည်း မပေးနိုင်ဘူး။

မေး။ ။ အခု ရန်ကုန်မှာ မိုးလည်း စရွာနေပြီဆိုတော့ ရေလှူတဲ့အလုပ် ဆက်လုပ်နေရတုန်းပဲလား။ ရေလှူတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။

Read More...

နေ့စဉ်သတင်းများ (၂၀ - ၅ - ၁၀)

မြန်မာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ အထူးစိတ်အနှောင့်အယှက်ဖြစ်ရ သတင်း
စစ်အစိုးရလုပ်ပုံတွေ အမေရိကန် စိတ်ပျက် သတင်း
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးမြင့် ကွယ်လွန် သတင်း
NLD ခေါင်းဆောင် သခင်စိုးမြင့် အသက် (၈၈) နှစ်အရွယ်တွင် ကွယ်လွန် သတင်း
လူ့အခွင့်အရေး လှုပ်ရှားသူ ထောင်တွင်း ကွယ်လွန် သတင်း
လိုင်လာ ဆိုင်ကလုံးမုန်တိုင်း စစ်တွေသို့ ဝင်ရောက်ဖွယ်ရှိ သတင်း
သုမောင် နောက်ဆုံးခရီး စည်ကားသိုက်မြိုက် သတင်း
ဒေါပုံတွင် သစ်လုံးပိ၍ လူ (၃) ဦးသေဆုံး သတင်း
အပူဒဏ်လွန်ကဲမှုကြောင့် မန္တလေးတွင် သေဆုံးမှုများပြား သတင်း
တာချီလိတ်မြို့ နယ်ခြားစောင့်တပ်အသွင်ပြောင်းပွဲ မိုင်းလားတပ်ဖွဲ့ မပါ သတင်း
ကချင်ပါတီများ ပါတီတည်ထောင်ခွင့်ပင် မရသေး သတင်း
အခြေခံဥပဒေအရ ကြံ့ဖွံ့ပါတီ တရားမဝင် သတင်း
နအဖစစ်ဆေးရေးဂိတ်မှ ရဲမေကိုယ်တိုင် ငွေညှစ် သတင်း
လက်ဖက်အထွက်နည်း၍ ပလောင်လူငယ်များ တရုတ်ပြည်ကူး၍ အလုပ်လုပ်ကိုင် သတင်း
စည်ပင်ရေ မရသည့်အတွက် ရန်ကုန်မြို့ခံများ စိတ်ပျက် သတင်း
ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက် အစစ်အဆေး အလွန်များ သတင်း
ဦးပိုင်နှင့် ကြံ့ဖွံ့ ဓာတ်ဆီဆိုင်များ ရမည် သတင်း
စစ်တပ်နဲ့ နီးစပ်သူ ပုဂ္ဂလိက လေကြောင်းတခု ထူထောင်ခွင့်ရ သတင်း
ပြန်ကြားရေးဝန်ကြီး စာကြည့်တိုက်စီမံကိန်း သိန်းထောင်ချီ “လှူငွေ” ရ သတင်း
ဖရိုဖရဲနဲ့ ပြိုလဲနေတဲ့ ဘန်ကောက် သတင်း
ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး (အင်တာဗျူး)
သုံးနားညီတြိဂံနှင့် အချစ် (ဆောင်းပါး)
ဆည်မြောင်းနိုင်ငံတော်ကြီး (ဆောင်းပါး)
အမျိုးသားကောင်းစားရေးဝါဒနှင့် ရုပ်သေးဖြစ်မည့်သူများ (ဆောင်းပါး)

Thursday, May 20, 2010

၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာက မြန်မာများ ကျင်းပကြမည်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီအား ထောက်ခံမှု ပြသည့် သဘောဟု ဆို

မိုးမခအထောက်တော် ၀၀၂
မေ ၂၀၊ ၂၀၁၀

လာမည့် ဇွန်လ ၁၉၊ ၂၀၁၀ သည် မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၉၈၉မှ စ၍ ယခု ၂၀၁၀ အထိ၊ အနှစ် ၂၁ နှစ် တိုင်တိုင် စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဖိနှိပ်ခြင်း၊ လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းခြင်းများကို ကြံ့ကြံ့ခံပြီး သူမကဲ့သို့ စစ်အာဏာရှင် စနစ်၏ ချုပ်နှောင်မှုအောက် ကျရောက်နေသော မြန်မာပြည်ကြီးနှင့် မြန်မာပြည်သားများကို ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးသို့ ရဲရဲရင့်ရင့် ဦးဆောင်မှုပေးနေသော အမျိုးသား ခေါင်းဆောင် တဦးလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာတ၀ှမ်းရှိ မြန်မာများနှင့် မြန်မာပြည်ချစ်သူများက အခမ်းအနားများ ကျင်းပကြရန် စီစဉ်လျက်ရှိသည်ဟု ကြားသိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ အနှစ် ၂၀ ကျော် ချီတက်လျက်ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် - အင်န်အယ်ဒီ ပါတီကိုလည်း အများပြည်သူတို့က ဆက်လက် ထောက်ခံ ၀န်းရံလျက် ရှိကြောင်း ထုတ်ဖော်ပြသသည့် သဘောပင်ဖြစ်သည်ဟု အခမ်းအနားကျင်းပရန် စီစဉ်နေသူတို့က မိုးမခသို့ ပြောကြားသည်။

လက်ရှိ အတည်ပြုထုတ်ပြန်သော မွေးနေ့အခမ်းအနားတခုမှာ - အယ်လ်အေမြို့ အခြေစိုက် - အယ်အေ သြဂနိုက်ဇာ ဖော် ဘားမား အဖွဲ့၏ အခမ်းအနား ဖြစ်သည်။ ဇွန်လ ၂၀ ရက် မနက် ၁၀ နာရီ ခွဲက စတင်ပြီး “မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း”၊ လာပွန်းတေး အရပ်တွင် ကျင်းပမည်ဟု ဆိုသည်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် အတွင်းရှိ အမျိုးသမီး နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်အနက် ယခုပွဲတော်က တဆင့် ဦးရေ ၂၀ ကို လူမှုရေး၊ ကျန်းမာရေး ထောက်ပံ့မှုများ ပြုလုပ်ရန် စီစဉ်မည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မြန်မာနိုင်ငံ၏ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားခြင်းကို ထုတ်ဖော်သည့် သဘောဟု ဆိုသည်။

Read More...

နေ့စဉ်သတင်းများ (၁၉ - ၅ - ၁၀)

ဘန်ကောက်ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်း၊ ရှပ်နီခေါင်းဆောင်တို့ အဖမ်းခံ သတင်း
ဘန်ကောက်နေရာအနှံ့ မီးလောင် သတင်း
ဘန်ကောက်တွင် ညမထွက်ရအမိန့် ထုတ်ပြန်၊ ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန်လို သတင်း
ရှပ်နီဆန္ဒပြမှု ချင်းမိုင်ကို ကူးစက် သတင်း
ဆန္ဒပြပွဲကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲဖြစ်ကြရ သတင်း
သမ္မတအိုဘားမား လက်မှတ်ထိုးသည့်အပေါ် မြန်မာသတင်းသမားများ၏ အမြင် သတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်သည့်ကိစ္စ ဦးအောင်ဆန်းဦး အယူခံဆက်တက် သတင်း
နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုး မြင်းခြံထောင်တွင်း၌ ကွယ်လွန် သတင်း
မန္တလေးတွင် အပူကြောင့် အနည်းဆုံး (၂၃၀) သေဆုံး သတင်း
ရေလှူသူများကို ကြံ့ဖွံ့အလံနှင့် တံဆိပ်များ တပ်ဆင်ခိုင်း သတင်း
အပူရှိန်ကြောင့် ကျွဲ၊ နွားများ သေဆုံး သတင်း
ကွမ်းခြံကုန်း ကျေးလက်ဒေသများ သောက်သုံးရေပြတ်လပ်မှု ဆိုးဝါးဆဲ သတင်း
နအဖစစ်သားတချို့ အရာရှိကို ပစ်သတ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့သို့ ဘက်ပြောင်းလာ သတင်း
နိုင်အောင်နိုင်အဖွဲ့မှ အခြေခံစစ်သင်တန်း ပေးနေပြီ သတင်း
နယ်ခြားစောင့် တပ်ရင်းအသစ် ဖွင့် သတင်း
မြစ်ဆုံရေကာတာစီမံကိန်းဒေသ ပြည်သူများကို အင်အားသုံး ရွှေ့ပြောင်းနေ သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်း (၅၃) ဦး လျာထား သတင်း
ကျောက်မဲမြို့နယ်တွင် အမည်မသိ သတ္တု လျှို့ဝှက်တူးဖော် သတင်း
ဦးတေဇတို့ ဘဏ်လုပ်ငန်းရှင် ဖြစ်ဖွယ်ရှိ သတင်း
မိုးခေါင်ရေရှားမှုကြောင့် တောင်သူများ မိုးစပါးအတွက် ပူပန်နေရှာ သတင်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/ ၂၀၁၀) ကို ဝေဖန်သုံးသပ်ခြင်း (သုံးသပ်ချက်ဆောင်းပါး)
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် (ဆောင်းပါး)
ကျနော်နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ အပိုင်း (၃) (ဆောင်းပါး)
တတိယနိုင်ငံသွား တောလား (သို့မဟုတ်) တာကျိုး (ဆောင်းပါး)

Wednesday, May 19, 2010

အီးမေးသုံးသူများသတိထား

၁၉ မေ ၂၀၁၀

Google Company ကြီးက Free Gmail Account တွေကို လုံခြုံရေး မပေးနိုင်တော့ပါ။ ဒါကြောင့် Password မကြာမကြာ ပြောင်းဖို့လိုပါတယ်။ Password ပြောင်းပြီး မကြာခင်မှာပဲ ဟက်ကာ (Hacker) ဖောက်ထွင်းရေး သမားတွေက ကိုယ့်ဂျီမေးကို ထပ်ဖောက်။ ထပ်ဝင်ကြည့်လို့ ရနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့် Password ပြောင်းတာကို နောက်ထပ် မလိုက်နိုင်အောင် ကာဖို့အတွက် ကိုယ်သုံးတဲ့ စက်တွေမှာ Firefox Add-ons တွေက အခမဲ့ ပေးထားတဲ့ KeyScrambler 2.6.0 ရှိပါတယ်။ KeyScrambler 2.6.0 ကို ဒေါင်းလုပ်လုပ်ပြီး မိမိ Password အတော်အသင့် ကာကွယ်နိုင်ပါတယ်။

ဒီပရိုဂရမ်က ကီးဘုတ်မှ ရိုက်နေတာတွေကို အမှန် လိုက်မှတ်လို့ မရအောင် (Fake data အဖြစ် ပြောင်းပေးတယ်) ကာပေးထားပါတယ်။ ဒီတော့ Password တွေကို အလွယ် လိုက်မရတော့ဘူးလို့ ယူဆလို့ ရပါတယ်။

ဒါပေမဲ့ ၀ယ်သုံးတဲ့ ဆော့ဖ်ဝဲ လောက်တော့ မကာနိုင်ဘူးပေါ့။ သင့် Data တွေ အရေးကြီးတယ် ဆိုရင်တော့ အကာအကွယ် ဆော့ဖ်ဝဲတွေ ၀ယ်သုံးနိုင်ရင် ကောင်းပါတယ်။

လျှို့ဝှက်ရေးလုပ်ငန်းတွေ လုပ်နေသူများအတွက်ကတော့ အီးမေးတွေ မသုံးတာ ကောင်းပါတယ်။ သုံးရင်တောင် အရင် စစ်မြေပြင်တွေမှာလိုပဲ။ ကိုယ်ပိုင် အတိုဝှက်တွေ ဆိုက်ဖာတွေ ကိုင်ပြီး သုံးကြဖို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။ ဒီလို လုပ်ဖို့ မလိုပါဘူး။ ရပါတယ်လို့ ဆိုရင်ဖြင့် နအဖ အင်တာနက် ထောက်လှမ်းရေးက သနားတယ်လို့ ပြောနေမှာ ဧကန် မလွဲပါခင်ဗျား။

အလကား ပေးနေတဲ့ Hotmail တို့ Yahoo mail တို့ကတော့ သူတို့မေးလ်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေး တာဝန် မယူတာတော့ ကြာလှပါပြီ။ အခုတော့ လုံခြုံရေးမှာ စိတ်ချရပါတယ်ဆိုတဲ့ အလကားရနေတဲ့ အကောင့်တွေထဲက Google Company ကြီးရဲ့ ဂျီမေး အကောင့်တွေ မလုံခြုံတော့တဲ့ အခြေ ဆိုက်လာပါပြီ။

ဒါကြောင့် ဒီကနေ့ အရေးကြီးဆုံးက ဘာလဲ လို့ သင့်ကိုယ်သင် ပြန်မေးကြည့်လိုက်မယ် ဆိုရင် ???????????????

ဝိမုတ္တိဝိုင်းတော်သားတဦး

နအဖ စစ်သား ၆ ဦး လက်နက်ခဲယမ်းမီးကျောက် အများအပြားနှင့်အတူ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ထံ လက်နက်ချ

5/18/2010

နအဖ စစ်တပ် ခလရ ၂၃၂ တပ်ရင်းမှ တပ်ကြပ် တဦး အပါဝင် ရဲဘော် ၆ ဦးသည် စခန်းမှူး ဖြစ်သူ ဗိုလ်ကြီး တဦးအား သတ်ဖြတ်ပြီး လက်နက် ခဲယမ်း မီးကျောက် အများအပြားနှင့် အတူ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် - ALA နှင့် မေလ ၁၆ ရက်နေ့က လာရောက် ပူးပေါင်းခဲ့သည်ဟု ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ သတင်းနှင် ပြန်ကြားရေးဌာန သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပူးပေါင်းလာသူ နအဖ စစ်သားများမှာ ကိုယ်ပိုင်အမှတ် တ/ ၇၅၁၈၄ တပ်ကြပ် သန်းအေး၊ ကိုယ်ပိုင်အမှတ် တ/ ၁၁၆၅၇၄ ဒုတပ်ကြပ် မိုးအောင်၊ ကိုယ်ပိုင်အမှတ် တ/ ၁၂၁၇၈၅ ဒုတပ်ကြပ် ဇော်ဇော်ဟန်၊ ကိုယ်ပိုင်အမှတ် တ/ ၁၂၁၇၄၃ ဒုတပ်ကြပ် မောင်မောင်နိုင်၊ ကိုယ်ပိုင်အမှတ် တ/ ၄၀၁၃၃၆ တပ်သား ဇော်မင်းဦးနှင့် ကိုယ်ပိုင်အမှတ် တ/ ၄၂၃၁၄၈ တပ်သား စန်းဝင်းတို့ ဖြစ်ကြသည်။

သူတို့ ယူဆောင်လာသော လက်နက်များမှာ အမ်အေ (၁၁) အမျိုးအစား လက်နက် ၅ လက်၊ အမ်အေ (၁၂) ၁ လက်နက်၊ အမ်အေ (၃) လက်နက် ၂ လက်၊ အမ်အေ ၇၉ မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉လုံး၊ ဘီ ၁၀၀ ကွန်မဒို စိန်ပြောင်း ၁လက်နှင့် အသီး ၁၂ လုံး၊ ၉ မမ ပစ္စတို တလက်နှင့် ဘောက် ၂ချပ် ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နှင်းမိုင်း (အမ် ၁၆) ၆လုံး၊ အီကွေမင်း ၁၀ စုံ၊ ကျော့ပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ကျည်အမျိုးအစား ၁၃၀၈ တောင့်တို့ ဖြစ်သည်။

အဆိုပါ စစ်သားများမှာ စစ်တွေမြို့ ပါဒလိတ် အခြေစိုက် ခလရ ၂၃၂ မှ ဖြစ်ပြီး စစ်ကြောင်း (၁) အရံတပ်စု အဖြစ် ပလက်ဝမြို့နယ် မြိတ်ဝ စခန်းတွင် တာဝန် ကျနေစဉ် စခန်းမှူး ဗိုလ်ကြီး ထက်အောင်ထွန်း၏ နိုင်ထက်စီးနှင်း လုပ်မူများကို မခံနိုင်သဖြင့် သူ့အား သတ်ဖြတ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ကုလားတန်မြစ် အခြေစိုက် စခန်းသို့ အဆိုပါ လက်နက်များနှင့် ပူးပေါင်း လာခဲ့ခြင်း ဖြစ်သည်။

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၅ - ၁၀ )

ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ချက်ကို NDF တုံ့ပြန် သတင်း
အမျိုးသားဒီမိုကရေစီအင်အားစု မကြာမီ မှတ်ပုံတင်မည် သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များ ရေကန်တူးဖော်ရေး လုပ်အားပေး သတင်း
ကွမ်းခြံကုန်း ဓားပြမှု လူ (၂) ဦးသေ၊ (၁၃) ဦး ဒဏ်ရာရ သတင်း
ရေအလှူရှင်ကို အန်အယ်လ်ဒီ ဟုတ်မဟုတ် ကြံ့ဖွံ့စစ်ဆေး သတင်း
အပူကြောင့် သေဆုံးသူ သိသိသာသာ များပြား သတင်း
ရေရှားပါးမှု ရေရှည်ဖြေရှင်းနိုင်ရန် ရေတွင်းများ တူးဖော် သတင်း
မေယု သစ်တောကြိုးဝိုင်းမှ ကျွန်းသစ်များကို ဦးတေဇပိုင် ထူးကုမ္ပဏီမှ ထုတ်ယူနေ သတင်း
ခေါ်ဇာမြို့ ဥက္ကဌမှ ပြည်သူ့စစ်အတွက် ငွေတောင်းခံ သတင်း
စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများကို မီးဖြတ်၊ ကုန်ဈေးနှုန်း မြင့်တက်လာဖွယ်ရှိ သတင်း
ရွှေဈေးတက်သော်လည်း နယ်စပ်တွင် အရောင်းသွက် သတင်း
အပူကြောင့် ဆန်ထွက်နှုန်း ထိခိုက် သတင်း
ရေမလောင်းနိုင်၍ တောင်ပိုင်းခရိုင် ကွမ်းခြံများ ပျက်စီး သတင်း
ကွမ်းရွက်အထွက်နည်း၍ မကြုံစဖူး ဈေးတက် သတင်း
ဓာတ်ဆား လိုသလောက် ဝယ်မရ သတင်း
မြန်မာကျောင်းသားများ ဂျာမဏီပညာသင်ဆု ရမည် သတင်း
ထိုင်းအမျိုးသမီးတဦးကို ဘန်ကောက်တွင် အကြမ်းဖက်ဆန္ဒပြသူများက ယာယီထိန်းသိမ်း သတင်း
သုမောင်ရဲ့ ကဗျာ၊ မာမာအေးထံက ပေးစာ သတင်း
သေသူ စုစုပေါင်း (၃၅) ယောက် သတင်း
စခန်းနီသို့ အလည်တခေါက် သတင်း
ပဲခူးမြို့ ရွှေအောင်ရွေးစေတီမှာ ရိုးရာအရ မိုးခေါင်လို့ လွန်ဆွဲကြ (ရုပ်သံသတင်း)
အနုပညာနယ်ထဲက ကောင်းသောလူကလေး … သို့ (ဆောင်းပါး)

Tuesday, May 18, 2010

ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း

ဂါမဏိ
၁၄ မေလ ၂၀၁၀

အာဏာသိမ်း နအဖစစ်အုပ်စုရဲ့ အမိန့်ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မေလ (၆) ရက်နေ့မှာ နိုင်ငံရေးပါတီ အဖြစ်ကနေ နိဂုံး ချုပ်သွားပြီလို့ ဖက်ဆစ် အလံရှူးတွေက သခင်အားရ ကျွန်ပါးဝ မြူးတူး အော်မြည်နေတာကို ရုပ်ပျက်ဆင်းပျက် တွေ့နေရပါတယ်။ တကယ်တော့ ၂၀၁၀ မေ (၆) ရက်ဟာ အဖွဲ့ချုပ်ရဲ့ နိဂုံးမဟုတ်ဘဲ ဒိုင်ယာလော့ရဲ့နိဂုံးသာ ဖြစ်ပါတယ်။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့ နိဂုံးချုပ် အသက် ထွက်သွားတာ ကြာပြီဖြစ်တဲ့ ဒိုင်ယာလော့ အလောင်းကောင်ထည့် ခေါင်းတလား အဖုံးကို ပိတ်တဲ့ နောက်ဆုံး သံချက်ပဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု စက်တင်ဘာ (၂၇) ရက်မှာ စတင်ဖွဲ့စည်းခဲ့စဉ်က ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး၊ ဒီမိုကရေစီ အစိုးရ ပေါ်ထွန်းရေးကို ကြွေးကြော်ခဲ့ပါတယ်။ အဲဒီ ရည်မှန်းချက်မြောက်ဖို့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ နည်းဗျူဟာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပါတယ်။ မတရားတဲ့ အမိန့်အာဏာ ဖျက်သိမ်းရေး လမ်းကြောင်း ပေါ်ကနေ ဒိုင်ယာလော့ လုပ်ဖို့ ရပ်တည်ခဲ့ပါတယ်။

၁၉၈၉ ခု ဇူလိုင် (၂၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီးနောက်မှာ အာဏာ ဖီဆန်ရေး နည်းဗျူဟာ မှေးမှိန်သွားခဲ့ပြီး ၁၉၈၉ စက်တင်ဘာလက စလို့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လူထု စည်းရုံးရေး နည်းဗျူဟာကို အဓိက ထားလာခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့ အခါ ပြည်သူ့လွှတ်တော် ခေါ်ယူရေးနဲ့ ပြည်သူ့ အစိုးရဖွဲ့စည်းရေး လုံးပမ်း ခဲ့ရာမှာ နဝတ စစ်အုပ်စုက ၁၉၉၀ ဇူလိုင် (၂၇) ရက် ၁/၉၀ ကြေညာချက်နဲ့ ပြည်သူ့ လွှတ်တော် ခေါ်ယူခွင့်၊ ပြည်သူ့အစိုးရ ဖွဲ့စည်းခွင့်တို့ကို ပိတ်ပင်ခဲ့တဲ့ အတွက် ဇူလိုင် (၂၉) ရက် ဂန္ဓီ ခန်းမ ကြေညာစာတမ်း ထုတ်ပြီး လွှတ်တော် ခေါ်ပေးဖို့ ခပ်ပျော့ပျော့ တောင်းတာပဲ လုပ်ခဲ့ပါတော့တယ်။

အဲဒီနောက်မှာ လွှတ်တော်ခေါ်ပေးဖို့ တကျီကျီတောင်းရင်းနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ဒီဇင်ဘာ (၁၁) ရက်မှာ၊ အတွင်းရေးမှူး ဦးဝင်းတင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၉) ရက်မှာ၊ ဥက္ကဋ္ဌ သူရ ဦးတင်ဦးနဲ့ ဦးကြည်မောင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၂၄) ရက်မှာ ပါတီက ထုတ်ပစ် ပေးခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော် ခေါ်မယ့် ဒိုင်ယာလော့ ကတော့ ပေါ်မလာဘဲ ၁၉၉၃ ခု ဇန်နဝါရီ (၉) ရက်မှာ အမျိုးသား ညီလာခံ ဆိုတာကို နဝတ က ကျင်းပတဲ့ အခါ လိုက်ပါ တက်ရောက် ခဲ့ရပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၇ - ၅ - ၁၀ )

ဗုံးခွဲမှုခင်း သံသယဖြင့် ဖမ်းဆီးခံရသူကို ရုံးထုတ် သတင်း
ဓားပြများ၏ လက်ပစ်ဗုံးကြောင့် (၂) ဦးသေ၊ (၁၃) ဦး ဒဏ်ရာရ သတင်း
အပူချိန်ကြောင့် ရန်ကုန်တွင် လူသေဆုံးမှုများ သတင်း
မြန်မာပြည် အလယ်ပိုင်းတွင် အပူရှိန် ပြင်းထန် သတင်း
မိုးရရှိရန် ပဲခူးတွင် ပရိတ်ရွတ်၊ လွန်ဆွဲ သတင်း
သောက်သုံးရေကြောင့် နာဂစ်အိမ်ရာများကို စွန့်ခွာ သတင်း
စစ်တွေတွင် ရေဖြန့်မည်ဟု လော်စပီကာဖြင့် ကြေညာပြီး စည်ပင်က ရေရောင်းစား သတင်း
ပြည်ပရောက် မြန်မာနိုင်ငံသားများက ရေအလှူငွေ ထည့်ဝင် သတင်း
ရာသီဥတုပူပြင်းမှုကြောင့် နာရေးကြော်ငြာ များပြား သတင်း
အပူချိန်ပြင်းထန်မှု မြန်မာ့လယ်ယာ စိုက်ပျိုးရေးထိခိုက်နိုင် သတင်း
ပူပြင်းရာသီဥတုနဲ့ မြန်မာ့ငါးဖမ်းလုပ်ငန်း သတင်း
မုံရွာတွင် မိုးသက်လေပြင်း ကျရောက် သတင်း
ရန်ကုန်မိုး ရွာသွန်းပြီလေ သတင်း
ဘန်ကောက်တွင် ရွှေ့ပြောင်းအလုပ်သမားများအား သတိပေး သတင်း
မြစ်ဆုံဒေသအနီးရှိ ကျေးရွာများ ပြောင်းရွှေ့ရန် လုပ်အားပေးခေါ် သတင်း
မူစယ်တွင် ယာဉ်ထိန်းရဲများ ငွေညှစ် အနိုင်ကျင့်စော်ကား သတင်း
ရန်ကုန် စီးပွားရေးလုပ်ငန်းများ မီးမရတော့ သတင်း
ကော့သောင်းမြို့ မီးလောင်မှုကြောင့် လူဦးရေ (၆၀) အိုးမဲ့အိမ်မဲ့ဖြစ် သတင်း
အပစ်ရပ် SSA တပ်မဟာ (၁) စရာဖ အရာရှိချုပ်ထံ အိတ်ဖွင့်ပေးစာပို့ သတင်း
အန်အယ်ဒီကို ထောက်ခံကြောင်း အစ္စရေးလ်ရှိ မြန်မာများ ဆန္ဒပြ သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကရင်ပြည်သူ့ပါတီ ဘဏ္ဍာရေးအခက်အခဲကြုံ သတင်း
အရှေ့တောင်တိုင်းမှ မွန်ပြည်သစ်ပါတီအား တရားမဝင်အသင်းဟု ကြံ့ဖွံ့ကိုပြော သတင်း
ရွေးကောက်ပွဲဝင်မယ့် မှတ်ပုံတင် ရခိုင်နိုင်ငံရေးပါတီတွေအပေါ် ပြည်ပရောက် ရခိုင်နိုင်ငံရေးခေါင်းဆောင် တဦး၏ အမြင်သဘောထား သတင်း
မန္တလေးမြို့တွင် ရခိုင်သားကြီး လှမြင့်ကို ရက္ခိတဆု ချီးမြှင့် သတင်း
မေလ တတိယပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ သတင်း
နစက ဗိုလ်ကြီးတဦး အရက်မူး၍ ရေနစ်သေဆုံး သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပတ္တိရေးသားသူ Benedict Rogers နဲ့ တွေ့ဆုံမေးမြန်းခန်း သတင်း
ဘလော်ဂါနိုင်းနိုင်းစနေ၏ စာအုပ် မြန်မာပြည်တွင် ထုတ်ပြီ သတင်း
အင်္ကျီနီဆန္ဒပြခေါင်းဆောင် ထိုင်းအစိုးရကို ငြိမ်းချမ်းရေးကမ်းလှမ်း သတင်း
နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဥပဒေ သမ္မတအိုဘားမား လက်မှတ်ရေးထိုး သတင်း
ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင် (ဆောင်းပါး)
ရွှေထက်ရှားတဲ့ ရေ (ဆောင်းပါး)
‘ချစ်မိုးကြီး’ သီချင်းရှင် ကွယ်လွန်ပြီ (ဆောင်းပါး)
တည်ထောင်ခွင့်/ဆက်လက်တည်ထောင်ခွင့်/မှတ်ပုံတင်ခွင့် (ဆောင်းပါး)

Sunday, May 16, 2010

နေ့စဉ်သတင်းများ ( ၁၅ - ၅ - ၁၀ )

စစ်အစိုးရလုပ်ရပ်တွေ အမေရိကန် မျက်ခြေမပြတ် စောင့်ကြည့် သတင်း
ပိတ်ဆို့မှုသက်တမ်းတိုးတာ စစ်အစိုးရအပြစ်လို့ သုံးသပ်ပြောဆို သတင်း
သမ္မတ အိုဘားမား မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စ ရှေ့နေနှစ်ဦးနှင့် ဆွေးနွေးခွင့်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် မျှော်လင့်ချက်နည်း သတင်း
ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ဝင်များကို စည်းကမ်းရှိရှိ နေထိုင်ရန် မှာကြား သတင်း
မြန်မာပြည် ရေဒုက္ခ ဒုတိယနာဂစ်လိုမျိုး မမြင်လိုပါဟု အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် ပြောကြား၊ အန် အယ်လ်ဒီခေါင်းစဉ်ဖြင့်သာ ရပ်တည်ကြမည်၊ မိမိတဦးတည်း သီးခြားလှုပ်ရှားမည်မဟုတ်ဟု ဆို သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ပါတီထောင်ခြင်းကို သံဃာတော်များ ကန့်ကွက် သတင်း
ရေအလှူရှင်များကို ရေတိုရေရှည်စီမံကိန်းပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ပြောဆို သတင်း
ရေအလှူရှင်များကို အာဏာပိုင်များက တားဆီးနှောင့်ယှက်နေ သတင်း
အပူဒဏ်ကြောင့် သေဆုံးသူများပြားနေ၊ အစိုးရ၏ သတိပေးချက် မလုံလောက် သတင်း
ဘုရားသုံးဆူ၌ ပေါက်ကွဲခဲ့သည့်ဗုံး ကေအန်ယူလက်ချက်မဟုတ်ပါ သတင်း
နိုင်ငံရေးပါတီ ဥပဒေ သတင်း
ကန့်ကွက်မှုတွေပေါ်ပြီးနောက်ပိုင်း အလံပုံစံပြောင်း သတင်း
မတရား အတိုးယူတဲ့ ငွေရှင်ကြောင့် လယ်သမားတချို့ လယ်တွေဆုံး သတင်း
မြို့ပတ်ရထားစီး ၀န်ထမ်းများ ရထားအချိန်မမှန်၍ အခက်တွေ့နေ သတင်း
ရန်ကုန်မှ စီးပွားရေးလုပ်ငန်းများ ပါဝါမီတာ သုံးစွဲခွင့် ယာယီပိတ် သတင်း
ရေအလှူရှင်ကားများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အနိုင်ကျင့် သတင်း
ဒလဘက်တွင်လည်း သောက်သုံးရေ ပြတ်လပ် သတင်း
“ဂရုဏာလက်” မှ ရေသန့်ဘူးများ ဖြန့်ဖြူး သတင်း
ရေနဲ့ မီး မလာလို့ ရေနဲ့ မီးအကြောင်းပဲပါတဲ့ ဒီနေ့ ရန်ကုန်ဒိုင်ယာရီ သတင်း
ခန္တီးထောင်မှ နိုင်ငံရေးအကျဉ်းသား ဆေးကုသခွင့်မရ သတင်း
၂၀၁၀ ရွေးကောက်ပွဲကို ဖိလစ်ပိုင်ဝန်ကြီးက ဝေဖန်၊ ဦးဝင်းနိုင်က အကြံပြု သတင်း
ကေအင်န်ယူ ပိတ်ဆို့ပစ်ခတ်မှုကြောင့် နအဖစစ်ကြောင်း ထိခိုက်ကျဆုံးမှုရှိ သတင်း
မော်လမြိုင်တွက် ဗုံးလန့်၊ လုံခြုံရေးတင်းကျပ် သတင်း
အိုင်အယ်လ်အိုအရာရှိ လမ်းပြကြယ်ခေါင်းဆောင် ဦးအေးမြင့်နှင့် တွေ့ဆုံ သတင်း
ရန်ကုန်က စီးပွားရေးလုပ်ငန်း၊ ပုဂ္ဂလိကဆေးရုံ အပါအ၀င် လုပ်ငန်းများကို မီး ဖြတ်တောက်တော့မယ် သတင်း
နွေလယ်နေကြောင့် ကြွေလွင့်ရသူ နှစ်ဦး (ဆောင်းပါး)
မြို့မငြိမ်း၏ အလှပြိုင်ပွဲ (ဆောင်းပါး)
ဘန်ကောက် ပဋိပက္ခ သေဆုံးသူ (၂၂) ဦး ရှိပြီ သတင်း

မြန်မာပြည် ရေဒုက္ခ - ဒုတိယနာဂစ်လိုမျိုး မမြင်လိုပါ - အတိုက်အခံ ခေါင်းဆောင် ဦးဝင်းတင် ပြောကြား

အင်န်အယ်ဒီ ခေါင်းစဉ်ဖြင့်သာ ရပ်တည်ကြမည်၊ မိမိတဦးတည်း သီးခြားလှုပ်ရှားမည် မဟုတ်ဟု ဆို

မိုးမခ
မေ ၁၅၊ ၂၀၁၀
ယမန်နေ့ အင်န်အယ်ဒီပါတီ၏ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် တွေ့ဆုံခဲ့ရာတွင် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး ဌာန လက်ထောက်အတွင်းဝန် ကင်းဘဲခရီးစဉ်အပြီး လက်ရှိ အခြေအနေများကို မေးမြန်းခဲ့ပါတယ်။

ဆရာဦးဝင်းတင်က ပြောကြားရာတွင် - မိမိတို့အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်သောအားဖြင့် ပါတီကို ထပ်မံ မှတ်ပုံ မတင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး အင်အားစုတရပ် အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေး၊ လူမှုရေးနှင့် လူထုကို မျက်နှာမူသော အရေးကိစ္စများကို ဆောင်ရွက်သွားမည် အကြောင်းကို အမေရိကန် ကိုယ်စားလှယ်များကို ရှင်းလင်း ပြောပြခဲ့ကြောင်း၊ အမေရိကန် ကိုယ်စားလှယ် ကင်းဘဲကလည်း ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ အင်န်အယ်ဒီ၏ ရပ်တည်ချက်ကို ၎င်းတို့က လေးစားကြောင်း၊ အသိ အမှတ်ပြုကြောင်း၊ နိုင်ငံရေးအင်အားစု (Political Entity) တခုအဖြစ် ဆက်လက် ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်တို့ကို ပြန်လည် ပြောပြခဲ့ပါတယ်။

မိုးမခက အမေရိကန်ကိုယ်စားလှယ်များ၏ ခရီးစဉ်အပြီး ပြည်တွင်းနှင့် အင်န်အယ်ဒီ ပတ်ဝန်းကျင်၊ နိုင်ငံတကာ မိသားစုများ ပတ်ဝန်းကျင်၏ တုန့်ပြန်မှုများ၊ အသံများကို ဘယ်သို့ ထင်မြင်ကြောင်း မေးမြန်းခဲ့ပါတယ်။

“အင်န်အယ်ဒီရုံးချုပ်နားမှာတော့ ပုံမှန်ပဲ လူတွေက သွားလာ လည်ပတ်နေသေးတယ်။ တနေ့ချင်းကတော့ အနှောက်အယှက်မတွေ့ရပါဘူး။ သို့သော် ဒါက ဘာမှ သေချာ ပြောလို့ရတယ် အခြေအနေ မဟုတ်ဘူး။
ကျနော်တို့ကို ပြောကြတဲ့အထဲမှာ ကင်းဘဲက မြန်မာစစ်အစိုးရရဲ့ သဘောထားကို စိတ်ပျက်မိတယ်လို့ ဆိုတယ်။

Read More...

အပေါ်သို့