Saturday, May 15, 2010

နေ့စဉ်သတင်းများ ( ၁၄ - ၅ - ၁၀ )

သမ္မတအိုဘားမား စစ်အစိုးရအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုး သတင်း
သီးခြားပါတီထောင်တာ ဒီမိုကရေစီ နည်းလမ်းမကျ သတင်း
ပါတီသစ်ဖွဲ့သူများကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ သတင်း
ဒေါ်အောင်ဆန်းစုကြည်က ပါတီရုံးချုပ်တွင် နိုင်ငံရေးလှုပ်ရှားမှုများ ဆင်ခြင်ရန် မှာကြားဟုဆို သတင်း
ပြည်သူများ ရေခက်ခဲမှု ဒေါ်အောင်ဆန်းစုကြည် စိုးရိမ် သတင်း
ရေလိုအပ်သူများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေလှူ သတင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)က ပဲခူးသို့ ဆင်းပြီး ရေလှူ သတင်း
အပူလှိုင်းဒဏ်ကြောင့် လူအသေအပျောက်များ သတင်း
ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် လူသေဆုံးမှုများ ဖြစ်ပွား သတင်း
အင်းလေးဒေသ ရေခန်းခြောက်မှု နေ့စဉ်နှင့်အမျှ ပိုမိုဆိုးဝါး သတင်း
(၆) နာရီကြာ တိုက်ပွဲတွင် ကေအဲန်အယ်လ်အေနှင့် နအဖ ထိခိုက်ကျဆုံးမှုရှိ သတင်း
ထိပ်တိုက်မဖြစ်စေရန် SSA တပ်မဟာ (၁) စခန်းအချို့ ရုပ်ပေးရေး သတိပေး သတင်း
မိုင်းနုန်း နှီးဘုရားပွဲတော် ပရိသတ်ပွဲလန့် ပျက်ပြား သတင်း
မြစ်ဆုံဗုံးကွဲမှုနောက်ပိုင်း အစစ်အဆေး ထူပြောဆဲ သတင်း
ဗုံးတပ်လှန့်မှုများကြောင့် မော်လမြိုင်မြို့တွင် လုံခြုံရေးတင်းကျပ် သတင်း
ပြည်ခိုင်ဖြိုးခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန် စစ်တွေသို့ ရောက်ရှိ သတင်း
ပဲခူးဒေသ အာဏာပိုင်တွေကို ILO ကိုယ်စားလှယ် သဘောထားရှင်းပြ သတင်း
မလေးရှားရောက် မြန်မာလုပ်သား (၁၀၀၀) ကျော် ဖမ်းဆီးခံရ သတင်း
ဆေးခြောက်ရောင်းသူတဦး စခန်းလုံခြုံရေး ဖမ်းမိ သတင်း
မြန်မာ့အရေးထောက်ခံသည့် ဗြိတိန်နိုင်ငံဖွား သရုပ်ဆောင်မင်းသမီး မဲဆောက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် သတင်း
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း၊ ကမ္ဘောဇလုပ်ငန်းရှင် အောင်ကို ၀င်းဆိုင်များက ဧပြီင်္လကတည်းက ဖွင့်ခဲ့ပြီးဖြစ် သတင်း
မြ၀တီ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်မဖြစ်သေး သတင်း
ရှမ်းမြောက်တပ်နှင့် စစ်အစိုးရအကြား တင်းမာမှုကြီးထွား သတင်း
ဖာပွန် မိုင်းကွဲမှု (၂) ဦးသေ၊ KNU ကို စွပ်စွဲ သတင်း
ကြံ့ဖွံ့ပါတီမှ စစ်တွေတွင် ရေတွင်းများ တူးဖော်ပြီး မဲဆွယ်စည်းရုံး သတင်း
(၉) နှစ်သမီး မြန်မာကလေးငယ်အလောင်း တွေ့ရှိ သတင်း
မြန်မာနိုင်ငံတ၀န်း သောက်သုံးရေ ရှားပါးမှုကြုံ သတင်း
ဝမ်းပျက်ပြီး ဆေးရုံတက်ခဲ့သူ ဝေါမြို့သား အရေအတွက် (၈၂) ဦး သတင်း
မောင်တောမြို့တွင် တုပ်ကွေးရောဂါဆန်းတမျိုး ကျယ်ပြန့်စွာ ဖြစ်ပွားနေ၊ အပူချိန်မြင့်မားမူကြောင့် ခွေးများလည်း သေဆုံးမှုရှိ သတင်း
ချင်းတွင်း ရွှေတူးလုပ်ငန်းလည်း ထူး လက်ဝါးကြီးအုပ် သတင်း
ထိုင်းစစ်တပ်နဲ့ အနီဝတ် ပဋိပက္ခကြား (၁၀) ဦးသေဆုံး သတင်း
ဆန္ဒပြ ထိုင်းဗိုလ်ချုပ် ပစ်ခတ်ခံရ သတင်း
အနာဂတ်ကောင်းများနဲ့ ... (ဆောင်းပါး)
ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း (ဆောင်းပါး)
မွှေးသည့်ပန်းများ (၂) (ဆောင်းပါး)

Friday, May 14, 2010

စည်းကမ်းရှိတဲ့ ဒီမိုကရေစီ စတင်ထွန်းကားခြင်း

ရဲဘော်ဖိုးသံချောင်း
၁၃ မေလ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ဘယ်လိုလုပ်မယ် ဆိုတာကို ပြည်တွင်းပြည်ပရှိ မြန်မာပြည် အရေး စိတ်ဝင်စား နေသူတိုင်းက စူးစူးစိုက်စိုက် စောင့်ကြည့် နေကြပါတယ်။ ဒီအထဲမှာ ဒီချုပ် ဇာတ်သိမ်းခန်းကို ကြည့်ရတော့ မဟဲ့လို့ အားခဲ ထားသူတွေ ပါသလို နာကျည်း စိတ်မကောင်းစွာနဲ့ စောင့်ကြည့် နေကြသူတွေလည်း ပါပါတယ်။ ရေဒီယို အင်တာဗျူးတွေမှာ ပါတီသစ် ထောင်လိုက်ကြောင်း အားပါးတရ ပြောနေတာ ကြားရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ “ကမ္ဘာမကြေဘူး”သီချင်းကို မျက်ရည်တွေနဲ့ ဆိုနေကြတယ် ဆိုတာလည်း ကြားရပါတယ်။

ဘာပဲပြောပြော ဒီဆောင်းပါးရေးနေတဲ့အချိန် အထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်ကိုလည်း ဖြုတ်မချသေး၊ မတရာသင်းလည်း မကြေညာသေးပါဘူး။ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ဒီနေရာမှာ အားလုံး စဉ်းစားလို့ရအောင် သမိုင်းဖြစ်ရပ် တခုကို တင်ပြချင်ပါတယ်။ မှီငြမ်း စဉ်းစားဖို့ပါ၊ ထပ်တူဆွဲ နှိုင်းယှဉ်ဖို့ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ်တုန်းက အဖြစ်အပျက်-။

မတ်လ (၂၈) ရက်ညမှာ ဖဆ-ဆိုရှယ်လစ်တွေက ကွန်မြူနစ်တွေကို တပြည်လုံးအနှံ့ ဖမ်းဆီးပွဲကြီး လုပ်ပေမယ့် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လုပ်သလိုပဲ ဆိုင်းဘုတ်ဖြုတ်တာ၊ ပါတီ မတရားသင်း ကြေညာတာတွေ မလုပ်ပါဘူး။ သူတို့ရဲ့စာရင်းထဲမှာ ရှိနေသူတွေကိုပဲ အတင်း တွန်းဖမ်းနေခဲ့တာပါ။ နောက်ပြီး ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး အဲဒီအခါတုန်းက ပါတီ အပြင်ဘက် ရောက်နေတဲ့ ဦးသိန်းဖေမြင့် ကိုတော့ လက်ဖျားနဲ့ မတို့ပါဘူး။ ဘေးမဲ့ ပေးထားပါတယ်။ ဒါပေမယ့် ဖမ်းလို့မမိဘဲ လွတ်သွားတဲ့ ကွန်မြူနစ်တွေကို ဝရမ်းပြေးတွေ အဖြစ် သတ်မှတ်ပြီး စစ်တပ်၊ ပုလိပ်တပ်နဲ့ တောနင်းရှာပါတယ်။

အချုပ်ကားကြီးတွေ တဝီဝီနဲ့လည်း နယ်အနှံ့ဆင်းပြီး ဖမ်းပါတယ်။ ဖမ်းမိတဲ့သူကို ထွက်ပြေးလို့ဆိုပြီး ပစ်သတ် တာတွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့မှ ဝရမ်းပြေး ထွက်ပြေးလို့ ပစ်သတ်ရတယ်လို့ သတင်းစာမှာ ထုတ်ပြန်ပါတယ်။

Read More...

ဒေါင်းယောင်ဆောင်သော ကျီးများဟု NDF ကို ဦးဝင်းတင် ပြောဆို

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ မေလ ၁၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီမှခွဲထွက်သွားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဟောင်းများ အဖြစ် ပြောဆို သုံးနှုန်း နေခြင်းကြောင့် ပြည်သူများအတွင်း ရှုတ်ထွေးမှု ဖြစ်သွားနိုင်ကြောင်း ”ဒေါင်းယောင် ဆောင်သော ကျီးများအဖြစ်” NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြစ်တင် ရှုတ်ချလိုက်သည်။

ရွေးကောက်ပွဲဝင်လိုသည့် NLD အကြီးတန်း ခေါင်းဆောင်ဟောင်း ၁၁ ဦးက အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ တည်ထောင်ပြီး မီဒီယာများမှတဆင့် ပြောဆိုစည်းရုံးရာတွင် NLD အမည်ကို အသုံးချနေသည်ဟု စွပ်စွဲလိုက်ခြင်းလည်း ဖြစ်သည်။

NDF ပြောရေးဆိုခွင့် ရှိသူများအဖြစ် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့က တာဝန်ယူထားပြီး ၎င်းတို့က မီဒီယာများတွင် NLD ၏ မပြီးဆုံးသေးသည့် တာဝန်များကို ဆက်လက် ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ညွှန်းဆိုပြောကြားမှုများ ပြုလုပ်ခဲ့သည်။

“သူတို့ပြောတဲ့အထဲမှာ NLD ရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေ၊ ပြည်သူကို ပေးထားတဲ့ ကတိတွေကို ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာမျိုး ပြောနေတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ ကိုယ်ပွားပါတီ မဟုတ်ပါဘူး။ အဲဒီတော့ NLD နာမည်ကို သူတို့ ယူသုံးစရာ မလိုပါဘူး” ဟု NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

Read More...

ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မည်ဟု ဦးခင်မောင်ဆွေ ပြောကြား

NEJ / ၁၃ မေလ ၂၀၁၀

အန်အယ်လ်ဒီပါတီသည် တရားဝင်ရပ်တည်မှု မရှိတော့သည့်အတွက် အန်အယ်လ်ဒီ၏ မပြီးဆုံးသေးသည့်တာဝန်ကို တာဝန်သိသိ ဆက်လက် ထမ်းဆောင် ပေးခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်ခဲ့သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

၎င်းက “ကျနော်တို့ပါတီက ခွဲထွက်တယ်ဆိုတာ မဟုတ်ဘူး။ ဒေါက်တာစိန်ဝင်းတို့ ဖွဲ့တဲ့ lifeboat ပါတီလိုပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာတော့ ယူဆတယ်။ လက်ခံတာ လက်မခံတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ lifeboat ဆိုတာကတော့ ဒီမိုကရေစီကို သယ်ဆောင်ဖို့ အတွက် အဆင်သင့် မရှိတော့တဲ့ အချိန်မှာ ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မယ့် သဘောပါ။ အန်အယ်လ်ဒီက မရှိတော့တဲ့အတွက် အန်အယ်လ်ဒီကိုယ်စား လုပ်တာမဟုတ်ဘူး။ မရှိတော့တဲ့အတွက် ကျနော်တို့က ကျနော်တို့ တာဝန်တွေကို ဆက်ထမ်းဖို့အတွက် ထမ်းဆောင်တာဖြစ်တယ်။ ခွဲထွက်တာလည်း မဟုတ်ဘူး၊ မရှိတော့တဲ့အတွက် လုပ်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

ဦးခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် နိုင်ငံရေးပါတီတခု တည်ထောင် ဖွဲ့စည်းရန် ဦးဆောင်စီစဉ်နေသည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အချို့တွင် တဦးအပါအ၀င်ဖြစ်သည်။


Read More...

နေ့စဉ်သတင်းများ ( ၁၃ - ၅ - ၁၀ )

ဒေါင်းယောင်ဆောင်သော ကျီးများဟု NDF ကို ဦးဝင်းတင် ပြောဆို သတင်း
ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မည်ဟု ဦးခင်မောင်ဆွေ ပြောကြား သတင်း
ဒီကေဘီအေစစ်ကြောင်းကို ကေအဲန်ယူ တိုက်ခိုက် သတင်း
ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေကြား ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့ သတင်း
ကရင်ပါတီများကို စစ်အာဏာရှင်ဒေါက်တိုင်များဟု ကေအန်ယူ ပြောကြား သတင်း
ဝ နယ်ခြားတလျှောက် တပ်စခန်းများ လားရှိုးစစ်တိုင်းမှူး ကွင်းဆင်းစစ်ဆေး သတင်း
ငြိမ်းအဖွဲ့များ၏ စစ်ရေးကိစ္စများအပေါ် နအဖ ကန့်သတ်တော့မည်လော သတင်း
ကာ့တ်ကမ်းဘဲလ် ပြောကြားချက် ဆင်ဆာဖြတ်ခံရ သတင်း
ဂျာမနီနိုင်ငံ အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ် အန်အယ်လ်ဒီ စီအီးစီအဖွဲ့နှင့် တွေ့ဆုံ သတင်း
ဆန်ဖရန်စစ္စကို မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို ရှုတ်ချမှု အတည်ပြု သတင်း
မြန်မာအလုပ်သမား (၅,၀၀၀) ခန့် ထွက်ပြေးပုန်းအောင်း သတင်း
အလုပ်လုပ်ခွင့်သက်တမ်း မတိုးပေးသည့်အတွက် UNHCR သို့ လျှောက်ထားသူများ သတင်း
ရွှေကိန္နရီကား ယာဉ်တိုက်မှုဖြစ်၊ (၁၂) ဦး ဒဏ်ရာရ သတင်း
ရာသီဥတုဖောက်ပြန်၊ အင်းလေးကန်ကြီး မကြုံစဖူး သိသိသာသာ ခန်းခြောက် သတင်း
ရေရှားပါးမှုကို အာဏာပိုင်များ လျစ်လျှူရှုဟု လူမှုအဖွဲ့များ အပြစ်တင် သတင်း
အပူချိန်ပြင်းထန်ပြီး မိုးမရွာသဖြင့် ရေရှားပါးမှု ပိုမိုများပြားလာ သတင်း
အပူချိန်မြင့်တက်နေမှုအပေါ် မိုးလေ၀သပညာရှင် သတိပေး သတင်း
နကသရုံးချုပ် သွင်းကုန်ဌာန စည်းကမ်းတင်းကျပ် သတင်း
လင်မယားနှစ်ဦးကို သိန်းရာကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းဆီး သတင်း
ပုဂ္ဂလိက စက်သုံးဆီ ဈေးမြင့်တက် သတင်း
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကိုယ်ပွားပါတီ မဟုတ် (ဆောင်းပါး)
စည်းကမ်းရှိတဲ့ ဒီမိုကရေစီ စတင်ထွန်းကားခြင်း (ဆောင်းပါး)
ပွဲမပြီးသေးပါ (ဆောင်းပါး)
ဝင်းယော်မှာ မိုးတွေသည်းနေပြီ …. ကိုငြိမ်း (ဆောင်းပါး)
ရွှေ့ပြောင်းကလေးငယ်များ အနုပညာပြပွဲ (ဆောင်းပါး)

Thursday, May 13, 2010

ဗိုလ်ချုပ်မှူးကြီးကို စွဲတဲ့ ဒေါ်စုအမှုကိစ္စ နေပြည်တော်ကို ချောစာပို့

ဗုဒ္ဓဟူး, 12 မေ 2010

စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေအရ သတ်မှတ်ထားတဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ဖို့ သတ်မှတ်ရက် ကျော်လွန်ချိန်မှာ NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့် သဘော ဖြစ်နေတာမို့ ဒါကို တရားရုံးချုပ် အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်တင်ထားခဲ့တဲ့ အမှုကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ ဒီကနေ့ နေပြည်တော်ကို အကြောင်းကြားလိုက်တယ်လို့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကနေ NLD ပါတီ မပျက်ပြယ်ဘူးဆိုတာ တားမြစ်ပေးပါဆိုပြီး တရားရုံးချုပ်မှာ လျှောက်လွှာ တင်ခဲ့တာနဲ့ တပါတည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း သူတို့အနေနဲ့ ဥပဒေအရ ရပ်တည်ပိုင်ခွင့်ကို ထိခိုက်တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၁(ခ) ဟာ အကျုံးမ၀င်ကြောင်း ကြေညာပေးဖို့ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ပူးတွဲ လျှောက်လွှာ တင်ခဲ့ကြတာပါ။

ဒီလျှောက်ထားချက်တွေဟာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့အတွက် ဆိုပြီး ရန်ကုန်တိုင်း တရားရုံးက ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ပယ်ချ လိုက်တာဟာ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိတဲ့အတွက် ဖြေရှင်းချက်ပေးဖို့ ဒီကနေ့ နေပြည်တော် တရားရုံးချုပ်ထံ စာရေး အကြောင်းကြားလိုက်တဲ့ အကြောင်း အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ကျနော်တို့က အခု ဒီနေ့ နေပြည်တော် တရားရုံးချုပ် တရားသူကြီးချုပ်ဆီကို စာတစောင် ပို့တယ်။ အဲဒီစာက ဘာလဲဆိုတော့ အဲဒီလို ကျနော်တို့ကို ပြန်ပေးတဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးလို့ ပြောပေမဲ့ ဘယ်လုပ်ထုံးလုပ်နည်းလို့ မရည်ညွှန်းဘူး။ ဒီလို မရည်ညွှန်းတဲ့ အတွက် ကျနော်တို့ကလည်း ဒီလျှောက်လွှာကို ဘယ်လို ပြင်ပေးရမလဲ ဆိုတာ မသိဘူး ဖြစ်နေတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၂ - ၅ - ၁၀ )

ဆန္ဒမဲ မပေးရန် NLD စည်းရုံး သတင်း
ဝေဖန်မှုကြောင့် ကြန့်ကြာမှုဖြစ်ရကြောင်း ဦးဉာဏ်ဝင်းက ပြော သတင်း
နိုင်ငံတကာ စောင့်ကြည့်မှုမလိုဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြော သတင်း
ရွေးကောက်ပွဲ စောင့်ကြည့်သူများ လာခွင့်မပြုခြင်းကို နိုင်ငံရေးသမားများ စိတ်ပျက် သတင်း
ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်း သတင်း
ရှမ်းတပ်ဖွဲ့တခုလုံး ပြည်သူ့စစ်ဖြစ်ရေး နအဖ လိုလား သတင်း
ပလောင်ဒေသတွင် အတင်းအကျပ် ပြည်သူ့စစ်ဖွဲ့စည်း၊ မှတ်ပုံတင် ပြုလုပ်ပေးမယ်လို့ ပြော သတင်း
စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နေကြပြီ သတင်း
ဘုရားသုံးဆူဗုံးပေါက်ကွဲမှု စစ်အစိုးရသတင်းစာများ အချက်လက် လွဲမှားဖော်ပြ သတင်း
ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲက အချက်အလက်များ မှားယွင်းနေ သတင်း
မော်လမြိုင်မြို့ လုံခြုံရေးတင်းကျပ်လွန်း၍ ကျီးလန့်စာစား အခြေအနေဖြစ်နေ သတင်း
မြန်မာပြည်တွင်းက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းများ သတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသားစိစစ်ရေးပြုမှု ၂၀၁၂ တွင် ပြီးဆုံးမည် သတင်း
ထိုင်းဗီဇာကြေး တနှစ် ကင်းလွတ်ခွင့်ပြုမည် သတင်း
ထိုင်းတွင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ ထပ်မံခေါ်ယူမည် သတင်း
အစိုးရက အကြမ်းဖက်ခွင့်ရနေသော မြန်မာနိုင်ငံ (ဆောင်းပါး)
ကျနော်နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ အပိုင်း (၂) (ဆောင်းပါး)
နွားဈေး (ဆောင်းပါး)

Wednesday, May 12, 2010

အထင်ကရ တက္ကသိုလ်ကြီးများ Gmail အသုံးပြုမှု စွန့်လွှတ်

11 may 2010

အမေရိကန်ပြည်ထောင်စု၏ အထင်ကရ တက္ကသိုလ်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော University of California, Davis (ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်/ ဒေးဗိစ့်နယ်မြေ) သည် ဝန်ထမ်းများနှင့် မဟာဌာနများရှိ ဆရာ/ဆရာမများ အတွက်အသုံးပြုသော Gmail အကောင့်ပေါင်း ၃၀,၀၀၀ ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ထိုပြင် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများ သာမက တက္ကသိုလ် ပရိဝုဏ် တစ်ခုလုံးအတွက်ပါ Gmail သုံးစွဲမှု ရပ်ဆိုင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။ ကျောင်း အာဏာပိုင်များက ထို အီးမေးလ် စနစ်သည် ၎င်းတို့၏ ကိုယ်ရေးအချက်အလက် နှင့် လုံခြုံရေး ဆိုင်ရာ စံချိန်စံညွန်းများကို ပြည့်မှီမှုမရှိဟု ဆိုသည်။

CIO (သတင်းအချက်အလက်ဆိုင်ရာ အရာရှိချုပ်) Peter Siegel နှင့် တက္ကသိုလ် ပညာရေးအဖွဲ့ သဘာပတိ Niels Jensen တို့က ပြောကြားရာတွင် Gmail အသုံးပြုမှု ရပ်ဆိုင်းရခြင်းမှာ သင်ကြားရေး ဌာနများရှိ ဆရာ/ဆရာမများက သူတို့အတွက် လိုအပ်သော ကိုယ်ရေးအချက်အလက် လုံခြုံရေး ကို Gmail က ပြည့်မှီအောင် မထိမ်းသိမ်းနိုင်ဟု စိုးရိမ်နေကြသောကြောင့် ဟုသိရသည်။ ကျွမ်းကျင်သူများက ပြောကြားရတွင် Gmail ၏ အသစ်ပါရှိသော လူမှုကွန်ရက် လုပ်ဆောင်ချက် Google Buzz သည် ကိုယ်ရေးအချက်အလက် နှင့် လုံခြုံရေး ဆိုင်ရာ ပျော့ကွက်များ၏ အထောက်အထား ဖြစ်သည်ဟု ဆိုသည်။

Read More...

နေ့စဉ်သတင်းများ ( ၁၁ - ၅ - ၁၀ )

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကမ်းဘဲလ် ထီးမိုး ဆွေးနွေးကြသလဲ သတင်း
အမေရိကန်ကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ဆွေးနွေးဖွယ်ရှိ သတင်း
ရွေးကောက်ပွဲပြင်ဆင်မှု အထူးစိတ်ပျက်ရကြောင်း အမေရိကန် ပြောကြား သတင်း
ဦးခင်မောင်ဆွေနဲ့ ပတ်သက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထား သတင်း
စစ်အစိုးရကို ပိုမိုးဖိအားပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆို သတင်း
ရွေးကောက်ပွဲသည် တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်မယ့် အဖြေမဟုတ်ကြောင်း မစ္စတာ ကော့ကမ်းဘဲလ် ကို ဦးအေးသာအောင် ပြော သတင်း
နေအိမ်အကျယ်ချုပ်အမှု အထူးအယူခံ ဗဟိုတရားရုံး လက်ခံ သတင်း
ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ဖွယ်ရှိ သတင်း
ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲ အလွဲများ သတင်း
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျဇနီး ဒေါ်ခင်တင့် (၈၅) နှစ် ကွယ်လွန်၊ စစ်အစိုးရသတင်းစာတို့က ‘ရဲဘော်သုံး ကျိပ်ဝင်’ စာသားကို ဆင်ဆာဖြတ် သတင်း
ဝ နယ်ထဲ တိုက်ပွဲဖြစ်လျှင် ယူနန်နယ်မှ စစ်သည် (၃) သိန်း ကူညီမည်ဟု သတင်းပျံ့ သတင်း
ပလောင်ဒေသတွင် ရပ်ရွာစရိတ်ဖြင့် စစ်သင်တန်း တက်ရောက်နေရ သတင်း
နိုင်ငံရေးအသားပေး ဂျာနယ် ပြည်တွင်း၌ ထုတ်ဝေ သတင်း
ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဂျာနယ်အသစ် ထွက်ရှိလာ သတင်း
အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့ ပဲခူးတွင် ရေလှူ သတင်း
ပါတီစည်းရုံးရေး နှောင့်နှေးနေဟု KSPP ပြော သတင်း
ကေအိုင်အိုမှ နုတ်ထွက်သူများ၏ နိုင်ငံရေးပါတီ (၂) ခု တည်ထောင်ခွင့် မရသေး သတင်း
ကြံ့ဖွံ့ဝန်ကြီး ရေနံချောင်းမှာ မဲဆွယ် သတင်း
လက်နက်ပြ ဆက်ကြေးတောင်းသည့် အဖြစ်အပျက်ကြောင့် ညကားစီး ခရီးသည် သိသာစွာ ကျဆင်း သတင်း
လယ်မြေအသိမ်းခံရသူများက စစ်ခေါင်းဆောင်ထံ တိုင်ကြား သတင်း
ရယက ဥက္ကဋ္ဌအိမ် ဓားပြတိုက်ခံရ သတင်း
လူမှုရေးနှင့် နိုင်ငံရေးလှုပ်ရှားသူ အနှိမ်ခံရ သတင်း
ရွှေဝါရောင်မျိုးဆက်အဖွဲ့မှ လူထုအခြေပြုလူပ်ရှားမူ ပထမခြေလှမ်း စတင် သတင်း
ဒလမြို့ သောက်သုံးရေပြတ်လပ်မှု အလှူရှင်များကို အားကိုးနေရ သတင်း
ပဲခူး၊ ဝေါ၊ သနပ်ပင်မြို့များ - တွင်းခြံကျေးရွာ၊ ကျိုက်ပဒိုင်ကျေးရွာ၊ နောင်ပတ္တရာရွာ၊ ပေချောင်းရွာများ ရေအ လှူ ဓာတ်ပုံမှတ်တမ်းများ သတင်း
တပတ်အတွင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများ သတင်း
ကျွန်းစိုက်ခင်းအတွက် တရက်ခြားလုပ်အားပေး လိုက်ရ သတင်း
ထိုင်းဗီဇာကြေး ဒုတိယအကြိမ် ကင်းလွတ်ခွင့်ပေး၊ မြန်မာ့ကြယ်ငါးပွင့် ပြဿနာများ သတင်း
ရန်ကုန်လေဆိပ် ၀န်ဆောင်မှုများ အေးရှားဝေါလ် လုပ်ကိုင်ခွင့်ရ သတင်း
မဲဆောက်ရှိ မြန်မာအလုပ်သမား (၆၀၀) ကျော် ဖမ်းဆီးခံရ သတင်း
သတင်းသမားနဲ့ ပါးကွက်အာဏာသား (သုံးသပ်ချက်ဆောင်းပါး)
ခေါင်းဆောင်ကောင်း၏ ဦးဆောင်မှုနှင့် ပြည်သူလူထု၏ အခန်းကဏ္ဍ (ဆောင်းပါး)
ငြိမ်းချမ်းမှုကို ဖိနှိပ်ချေမှုန်းရေးဖြင့် မရယူနိုင် (ဆောင်းပါး)
ရာဇ၀င်ထဲမှာ တို့ကို မထားခဲ့ကြပါနဲ့ (ဆောင်းပါး)

Tuesday, May 11, 2010

ဂျီမေး တွေ မလုံခြုံတော့။ အဖောက်ခံနေရပြီ

မေလ ၁၀ ရက် ၂၀၁၀

မကြာသေးခင်က ကျနော့် ဂျီမေးကို ပြန်စစ်ကြည့်တော့ ကျနော့်အီးမေးကို တခြားတနေရာကနေ အကြိမ်ပေါင်းများစွာ ၀င်ကြည့်နေတာကို စစ်ဆေး တွေ့ရှိ ရနေပါတယ်။ လို့ ဂျီးမေးသုံးသူ တဦးက ပြောလာလို့ ကျနော်တို့လည်း ကိုယ့်ဂျီမေးကို ပြန်စစ်ကြည့်တော့ အလားတူ အဖောက်ခံ ၀င်ကြည့်ခံနေရတာကို တွေ့လိုက်ရပါတယ်။ ဒီတော့ ဗမာပြည်ထဲက ဂျီမေးသုံးနေတဲ့ မိတ်ဆွေတွေ အတွက် စိုးရိမ်သွားပြီး ဒီလို ဖြစ်နေတာ လှမ်းပြောတော့ သူတို့လည်း သူတို့ ဂျီမေးကို ပြန်စစ် ကြည့်ကြပါတော့တယ်။
အားပါးပါး, အဲဒီတော့မှ ဗမာပြည်တွင်းက ဂျီမေး သုံးသူတွေ အတော်တော်များများမှာ အဖောက်ခံနေကြရတယ် ဆိုတာကို သိလိုက် ရပါတော့တယ် ခင်ဗျား။

ကဲ
ဂျီမေးသုံးသူ မိတ်ဆွေများ။
ခင်ဗျားတို့ ဂျီမေးတွေလည်း အဖောက်ခံ နေကြရပြီလားဆိုတာ စစ်ကြည့်ကြပါအုံး လို့ပဲ ဒီနေရာကနေ တိုက်တွန်း လိုက်ပါရစေ။

သင့် ဂျီမေးကို တခြားသူတဦးဦးက ဟက်၊(Hack) နေ မနေ သိလိုပါသလား။

You are currently using 3373 MB (45%) of your 7453 MB.
Last account activity: 22 minutes ago at this IP (58.147.41.16). Details

အထက်က စာကြောင်းတွေကို ဂျီမေး စာမျက်နှာရဲ့ အောက်ဆုံးနားမှာ တွေ့နိုင်ပါတယ်။

Read More...

PDC Monthly News Commentary - May 2010

May 10, 2010

PDC Monthly News Commentary - May 2010

Daw Aung San Suu Kyi and NLD CEC Met With US Asst Secretary of State

may 10, 2010


Daw Aung San Suu Kyi and NLD CEC Met With US Asst Secretary of State. 10 May 2010

တကယ်ဗုံးခွဲတာ ဘယ်သူတွေလဲ

May 10, 2010

ဒီနှစ်သင်္ကြန်အတွင်းရန်ကုန်မှာ ဗုံးပေါက်တာနဲ့ပတ်သက်ပြီး ရဲချုပ်ခင်ရီ က တရားခံတွေ မိထားပြီ ဖြစ်ကြောင်း မေလ (၆) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားတာ သိလိုက်ရတော့ မေလ (၇) ရက်၊ ၂၀၀၅ ခုနှစ်တုန်းက ရန်ကုန်မြို့ကုန်တိုက်(ရှော့ပင်းစင်တာ)တွေက ဗုံးပေါက်ကွဲမှုတွေကို သတိရမိပါတယ်။

အဆိုပါ ပေါက်ကွဲမူ တိုင်းတွင်ပြည်သူများ ထိခိုက် ဆုံးရှုံးရအခြင်းတွက် များစွာ ၀မ်းနည်းမိပါတယ်။ ကိန်းဂဏာန်း ရက် လ ကို ကြည့်လိုက်တော့လည်း ဗေဒင်ဆရာကိုတောင် သတိရလိုက်ပါတယ်။ ၂၀၀၅၊ မေလ ဗုံးပေါက်ကွဲမူနှင့် ပတ်သက်ပြီး မြန်မာ သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းက KNU မှ ဗိုလ်ချုပ်ရွှေဆိုင်း၏ လက်ချက်ဖြစ်ကြောင်း သတင်းစာ ဆရာများရှေ့မှာ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်ရွှေဆိုင်း ( KNLA တပ်မဟာ (၆) တပ်မမှူး) သည် ၂၀၀၅မေလ ဗုံးကွဲမူ မတိုင်ခင် (၁) နှစ်ကျော်တွင် ကွယ်လွန် ခဲ့ပါသည်။ သတင်းနှင့် ပြန်ကြားရေးဝန်ကြီး တစ်ယောက် အနေဖြင့် တာဝန် ထမ်းဆောင်ရန် အိမ်မှ ဇနီးသည်ကိုများ တိုင်ပင်ရသလား၊ ဒါမှမဟုတ် ဗေဒင် ဆရာများကို အားကိုးနေရသလား ဆိုတဲ့ မေးခွန်းများ ထွက်လာပါတယ်။

နောက်ပိုင်းတွင် ၄င်းဗုံးကွဲမူ့ နှင့် ပတ်သက်ပြီး KNU, KNPP, SSA နှင့် ဒေါက်တာစိန်ဝင်း ဦးဆောင်သော NCGUB ၏ လက်ချက်ဖြစ်ကြောင်း နအဖ မှ တရားဝင် ကြေငြာပြန်တယ်။ အဲဒီအချိန်က လုံခြုံရေး အထူထပ်ဆုံး ဖြစ်တဲ့ မြို့တော် ရန်ကုန်ကို Operation အသေးစားတစ်ခု အနေဖြင့် ဗုံးခွဲ တိုက်ခိုက်ရန် နယ်မြေဒေသ ဝေးလံတဲ့ အဖွဲ့ (၄) ဖွဲ့က စုစည်းနိုင်တယ် ဆိုတော့ နအဖ ရဲ့ စစ်တက္ကသိုလ်မှာ သင်ကြားနေတဲ့ စစ်သေင်္နက ဗျုဟာတွေကို စိတ်ဝင် စားမိပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၀ - ၅ - ၁၀ )

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ၊ စစ်အစိုးရ၀န်ကြီးများကို အမေရိကန် လက်ထောက်နိုင် ငံခြားရေးဝန်ကြီး တွေ့ဆုံ သတင်း
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးအဖြေရှာရန် ကမ့်ဘဲလ် ပြောကြား သတင်း
စစ်အစိုးရနဲ့ ဆက်ဆံရေး အမေရိကန် စိတ်ပျက် သတင်း
အမေရိကန်သံတမန် မြန်မာ့နိုင်ငံရေးအပေါ် စိတ်ပျက် သတင်း
NLD ကို အမေရိကန် ဆက်ထောက်ခံသွားမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ဗဟိုတရားရုံး လက်ခံ သတင်း
ပြည်ထဲရေးဝန်ကြီး ပြောကြားချက် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန် သတင်း
နအဖ ဒက်လိုင်းသစ် ထပ်ပေး ခြိမ်းခြောက်၊ အပစ်ရပ် SSA တပ်မဟာ (၁) ငြင်းဆန်ပယ်ချ သတင်း
ဘုရားသုံးဆူမြို့၌ ဗုံးတလုံး ပေါက်ကွဲ သတင်း
ဘုရားသုံးဆူနယ်စပ်မြို့ ဗုံးများ ပထမအကြိမ် လက်သည် ဖမ်းဆီးရမိ သတင်း
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် အကြမ်းဖက် လူသတ်အုပ်စုတစု ပေါ်ပေါက်နေ သတင်း
သရက်အုပ်ကျေးရွာ ဓားပြတိုက်မူတွင် နစကတပ်ဖွဲ့များ ပါဝင် သတင်း
ပြည်သူ့စစ်ခေါင်းဆောင်က လက်အောက်ငယ်သားများအား အနိုင်ကျင့် နှိပ်ကွပ် သတင်း
သျှမ်းပြည် (မြောက်ပိုင်း) လေပြင်းကျ၊ အိမ်နှင့် အဆောက်အဦများ ပြိုကျ သတင်း
သောက်ရေပြတ်လပ်မှုနှင့် ကြုံ သတင်း
ပြင်းထန်တဲ့ အပူချိန်ကြောင့် သောက်ရေပြတ်၊ ငါးတွေ သေ သတင်း
နေပူပြင်းခြင်းကြောင့် သေဆုံးသူ အများအပြား ရှိနေ သတင်း
ရာသီဥတု ပူပြင်း၍ တနိုင်တပိုင် ရေလှူဒါန်းမှုတွင် သံဃာတော်များ ပါဝင်လာ သတင်း
ကျွန်းစိုက်ခင်းအတွက် တရက်ခြား လုပ်အားပေးလိုက်ရ သတင်း
တခါသုံး ဖုန်းကတ်ကိစ္စသတင်းနဲ့ အင်းလေးကန် ရေခန်းခြောက်တဲ့ သတင်းများ သတင်း
ရွှေဈေးတက်၍ ဒေါ်လာဈေးကျ သတင်း
ထိုင်းနိုင်ငံ၌ အလုပ်သမား လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနေ့ အခမ်းအနား ကျင်းပ သတင်း
သင်္ကြန်ဗုံးကွဲသည့်နေရာ ဓာတ်ပုံရိုက်သူ တရားစွဲခံရ သတင်း
စစ်အစိုးရနှင့် နီးစပ်သူများ ဂျာနယ်ထုတ်ခွင့် ထပ်ရ သတင်း
ကြံ့ဖွံ့ပါတီ ဥပဒေနှင့် မညီဟု တခြားပါတီတခု ဝေဖန် သတင်း
ပဲခူးရွာ (၆ဝ) ကျော် သောက်သုံးရေ ရှားပါး သတင်း
ဆင်းကတ်ဝယ်သူများ မှတ်ပုံတင်မိတ္တူ ပေးရ သတင်း
တံတားကျိုးချိန် ငွေညှစ်ရန် ပျက်စီးတံတား မပြင်ဘဲထား သတင်း
မဲဆောက်တွင် တရားမ၀င် အလုပ်သမားများအား ဖမ်းဆီးသည့် စစ်ဆင်ရေးစ သတင်း
ဖူးခက်တွင် မြန်မာရေလုပ်သားများ သေဆုံးမှု များလာ သတင်း
မန္တလေးမြင်ကွင်း မန္တလေးအခင်း (ဆောင်းပါး)
နအဖ ဆွဲဖြုတ်လို့မရတဲ့ ဆိုင်းဘုတ် (ဆောင်းပါး)
စစ်အာဏာရှင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသားရေးနှင့် နိုင်ငံရေးပဋိပက္ခများကို မဖြေရှင်းနိုင် (ဆောင်းပါး)
ခရစ်နှစ်-၂၀၁၀၊ ကောဇာနှစ်-၁၃၇၂ ခုအတွက် ဗေဒင်ဟောကိန်းနှင့် ဖြစ်လာနိုင်သော နိုင်ငံရေးအခြေအနေ (ဆောင်းပါး)
နာလံမထူနိုင်သေးတဲ့ ရေထွက်ကုန် (ဆောင်းပါး)
အန္တရာယ်ကြီးလာသည့် မြန်မာဗီဒီယို ရုပ်ရှင် (ဆောင်းပါး)
ဘယ်ဝယ်မြောက်တောင် (ဆောင်းပါး)
မုန်တိုင်းထဲက မျက်ဝန်းတစုံ (ဆောင်းပါး)

Monday, May 10, 2010

အမေရိကန် သံတမန် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံ

မေလ ၁၀ရက် ၂၀၁၀

အမေရိကန်ထိပ်တန်းအရာရှိတဦးသည် ထိမ်းသိမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား တွေ့ဆုံပြီး စစ်အစိုးရက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတရားဝင်မှုနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြပြောဆိုလိုက်သည်။

အရှေ့အာရှ နိုင်ငံခြားရေးရာ လက်ထောက်အတွင်းရေးမှုး ကာ့တ်ကမ်းဘဲလ်သည် ၎င်း၏ နှစ်ရက်ကြာခရီးစဉ်ကို စတင်ခဲ့အပြီး အနှစ်နှစ်ဆယ်အတွင်း မြန်မာစစ်အစိုးရက လုပ်ဆောင်မည့် ရွေးကောက်ပွဲနှင့်ပွဲနှင့် ပတ်သတ်သည့် နိုင်ငံရေး အခင်းအကျင်းပေါ် ဝါရှင်တန်အနေနှင့် အထူးပင်စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါသည်။

၂၀၀၉ နိုဝင်ဘာလ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော ကာ့တ်ကမ်းဘဲလ်

အစိုးရဧည့်ဂေဟာ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် မတွေ့ဆုံခင်တွင် ကမ်းဘဲလ်သည် ကန့်သတ်ခံထားရသည့် အဖွဲ့ချုပ်ီ ခေါင်းဆောင်များနှင့် တွေ့ဆုံ စကားပြောခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာအသိုင်းဝိုင်းတို့က စစ်အစိုးရအပေါ်တင်းကြပ်စွာ အရေးယူပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုခဲ့သည်ဟု အဖွဲ့ချုပ်ပါတီဝင် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်က ပြောဆိုပါသည်။

ကမ်းဘဲလ်သည် တနင်္ဂနွေ နေပြည်တော်သို့ရောက်ရှိခဲ့ပြီး စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည် ၎င်းတွေ့ စစ်အစိုးရ အရာရှိများမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့ ဖြစ်ကြသည်။

“ကျနော်မြင်တွေ့နေရတာတွေကတော့ ပြဿနာအများကြီးရှိပါတယ်။ ရွေးကောက်ပွဲနဲ့ပဲဖြစ်ဖြစ် အခုဖြစ်နေတဲ့ နိုင်ငံရေး အခင်းကျင်းတွေနဲ့ ပတ်သတ်ပြီး တကယ့်ကို စိုးရိမ်စရာကောင်းတယ်” လို့ တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခတ္တရပ်နားစဉ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ်းဘဲလ်က ပြောဆိုခဲ့ပါတယ်။

Weekly Political Events Regarding the SPDC's Election (015-2010)

Weekly Political Events Regarding the SPDCs Election (015-2010)

နေ့စဉ်သတင်းများ ( ၉ - ၅ - ၁၀ )

(၉၁) နှစ်ပြည့် စာရေးဆရာကြီး ဒဂုန်တာရာမွေးနေ့ ကျင်းပ သတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ သတင်း
Kurt Campbell ရဲ့ မြန်မာခရီးစဉ် သတင်း
ဝေါမြို့မှာ အဖွဲ့ချုပ်လူငယ်တွေက ရေလှူ သတင်း
နယ်အဖွဲ့ချုပ်ဝင်များ လစဉ်ပုံမှန်တွေ့ဆုံရန် စီစဉ်နေ သတင်း
အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် မေးခွန်းများ သတင်း
SNLD လူမှုရေးလုပ်ငန်းများ ဆက်လုပ်မည် သတင်း
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး ပြည်ထောင်စုဒီမိုကရေစီပါတီ တောင်းဆို သတင်း
ပဲခူးတိုင်း မြို့နယ် (၄) ခု၌ သောက်ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရ သတင်း
အထက်မြန်မာပြည်တွင် သောက်သုံးရေ ခန်းခြောက် သတင်း
မီးနဲ့ မှုခင်း - နေပြည်တော်သတင်းများ သတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံ ရောက်ရှိ သတင်း
ပဲခူး သောက်သုံးရေ ပြတ်၊ ကိုယ်ထူကိုယ်ထ ရေအလှူရှင်တို့ အစွမ်းကုန် ဆောင်ရွက်နေကြ သတင်း
သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ်သူ အေးလွင်နှင့် အပေါင်းအပါများ တားမြစ်ခြင်းခံရ သတင်း
ရွေးကောက်ပွဲအပေါ် လူထုသဘောထား (ရုပ်သံ)
အန်ဒီအက်ဖ် ပေါ်ပေါက်လာခြင်းအပေါ် ထင်မြင်ချက်များ သတင်း
ပလောင်ဒေသမှ သတင်းများ သတင်း
ကျနော်နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ အပိုင်း (၁) (ဆောင်းပါး)
မစ်ရှီဂန်မှ ပေးသောစာ (၅) (ဆောင်းပါး)
ဂီတအနုပညာရှင်များနဲ့ နာရေးအနုပညာ (၂) (ဆောင်းပါး)
အာဇာနည်တို့ရဲ့ ခြေရာ (ဆောင်းပါး)

ပြည်ထောင်စုဒီမိုကရေစီပါတီ၏ ထုတ်ပြန်ကြေညာချက် (၃/၂၀၁၀)

ပြည်ထောင်စုဒီမိုကရေစီပါတီ၏ ထုတ်ပြန်ကြေညာချက် (၃/၂၀၁၀)

Sunday, May 9, 2010

နေ့စဉ်သတင်းများ ( ၈ - ၅ - ၁၀ )

ဗုံးခွဲမှု စွပ်စွဲဖမ်းဆီးခံရတာဖြစ်ကြောင်း ဇနီးသည်က ငြင်းဆို သတင်း
Kurt Campbell မြန်မာနိုင်ငံခရီးစဉ် ဒီနေ့စတင် သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် အမေရိကန် တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှသာ Kurt Campbell မြန်မာနိုင်ငံခရီး ဆက်မည် သတင်း
အဖွဲ့ချုပ် ကာ့တ်ကမ်ဘဲလ်နှင့် တနင်္လာနေ့တွင် တွေ့ဆုံရန်ရှိ သတင်း
မြန်မာပြည်သူတွေအပေါ် စစ်အစိုးရရဲ့ဖိနှိပ်မှု အမေရိကန်လွှတ်တော် ရှုတ်ချ သတင်း
ကိုဇော်မင်းထွန်းနှင့် မစန္ဒာထွန်းတို့ ထောင်ထဲတွင် အခက်အခဲနှင့် ရင်ဆိုင်နေရ သတင်း
ပြည်ထောင်စုဒီမိုကရေစီပါတီမှ ကြံ့ဖွံ့ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့အား ခေါင်းဆောင်နေခြင်းကို သဘာ ၀မကျဟု ကော်မရှင်အား စာရေးသားတင်ပြ သတင်း
ပါတီတံဆိပ်အဖြစ် ဒေါင်းအလံသုံးလို့ ကန့်ကွက်နေကြ သတင်း
နိုင်ငံရေးပါတီနှစ်ခုရဲ့ အလံများနဲ့ ပတ်သက်ပြီး ကန့်ကွက်နေကြ သတင်း
ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံနေရာများတွင် အပူလှိုင်းကြီး၊ လူသေပျောက်မှုရှိ သတင်း
ပဲခူးတိုင်း နွေရာသီ ရေပြတ်လပ်မှုပြဿနာ ရင်ဆိုင်နေရဆဲ သတင်း
ဝေါမြို့နယ် ကျေးရွာတွေ ရေရှားလို့ ၀မ်းလျှောရောဂါ ဖြစ်ပွား သတင်း
သောက်ရေပြတ်လပ်မှုကြောင့် ဝေါမြို့နယ်၌ ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ် သတင်း
ရေပြတ်လပ်မှု နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွား သတင်း
မီးရထားတံတား ဖောက်လုပ်မှုကြောင့် တောင်သူတွေ မြေမဲ့ယာမဲ့ဖြစ်နေ သတင်း
မော်လမြိုင်-ရန်ကုန်အဝေးပြေးကားများကို လက်နက်ကိုင်တို့က ဆက်ကြေးတောင်း သတင်း
မယ်လစခန်း ကေ၀ိုင်အိုရုံး မီးလောင် ကွန်ပျူတာ (၇)လုံး ပျက်စီး သတင်း
NLD ဗန်းမော်အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ် မဖြုတ်ချ သတင်း
နိုင်ငံရေးသမားကြီး ဦးရဲထွန်း ကွယ်လွန် သတင်း
လူပျက်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲ (ဆောင်းပါး)
ဟစ်ဟော့လူမှုရေးသူရဲကောင်းများ (ဆောင်းပါး)
ဂီတအနုပညာသည်များနဲ့ နာရေးအနုပညာ (ဆောင်းပါး)

နိုင်ငံရေးပါတီနှစ်ခု၏ အလံများနှင့်ပတ်သတ်ပြီး စာပေ၊ ဂီတ၊ အနုပညာရှင်များနှင့် ကျောင်းသားပြည်သူများကန့်ကွက်ခြင်း

မေလ ၉ ရက် ၂၀၁၀



Read More...

အပေါ်သို့