Saturday, March 27, 2010

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

မြင့်မောင်
သောကြာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉၆၂ နှစ်ကတည်းက စစ်တပ်ကြီးစိုးလာခဲ့သော မြန်မာနိုင်ငံတွင် မနက်ဖြန်ဆိုလျှင် ၆၅ နှစ်မြောက် တပ်မတော်နေ့ ကျရောက်တော့မည် ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပမည် ဖြစ်သည်။

လက်ရှိ စစ်အစိုးရ လက်အောက်တွင် တပ်မတော်နေ့ အခမ်းအနားသည် နိုင်ငံ၏ အကြီးကျယ်ဆုံး၊ ငွေကုန်ကြေးကျ အများဆုံး အခမ်းအနား ဖြစ်လာနေသည်။

မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်။

မေး။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လားဆိုတာ တချက်လောက် ရှင်းပြပေးပါ။ တပ်မှူးဟောင်း တယောက်အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတာ သိချင်လို့ပါ။

Read More...

တရားခံက တပ်မတော်

မြင့်မောင်
သောကြာနေ့၊ မတ်လ ၂၆ ရက်

၆၅ နှစ်မြောက် တပ်မတော်နေ့ အကြိုတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှသည် ၁၉၉ဝ ခုနှစ် အစောပိုင်း ကာလများ ထိအောင် အဓိက နိုင်ငံရေးပြိုင်ဘက် အင်အားစုများ ဖြစ်သော ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့၏ အမြင်များကိုလည်း စုစည်း တင်ပြထားရာ ယခု အင်တာဗျူးတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း၏ တပ်မတော်အပေါ် အမြင်ကို ဆက်သွယ်မေးမြန်း တင်ပြထားသည်။

မေး။ မနက်ဖြန်မှာ မြန်မာအစိုးရက တပ်မတော်နေ့ဆိုတဲ့ အမည်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုံ့ပြန် ပြောဆိုချင်လဲ ခင်ဗျ။

''မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်းရေးနေ့ ဆိုတာ လူတိုင်း သိကြပါတယ်။ အဲဒါကို စစ်အစိုးရတွေကနေ စပြီးတော့၊ ဗိုလ်နေဝင်း လက်ထက်ကနေ စပြီးတော့ သူ့တို့ တပ်မတော်နေ့ အဖြစ် လုယူထားတာ ဖြစ်တယ်။ တကယ်ကျတော့ ဒီတပ်မတော်ဟာ ဖက်ဆစ် ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်နဲ့၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဆိုလို့ရှိရင် အများကြီး ကွာသွားပြီ။ အဲဒီတုန်းက မျိုးဆက်တွေနဲ့လည်း အများကြီး ကွာသွားပြီ။ အစဉ်အလာတွေလည်း လုံးလုံး စွန့်လွှတ်လိုက်ပြီ လို့လည်း ပြောလို့ ရပါတယ်''

Read More...

နေ့စဉ်သတင်းများ ( ၂၆ - ၃ - ၁၀ )

(၆၅) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် လူငယ်များ စာဖတ်ဝိုင်းကျင်းပ သတင်း
အဖွဲ့ချုပ်လူငယ်များ၏ (၇) ကြိမ်မြောက် ပြည်နယ်တိုင်း အစည်းအဝေး ဦးတင်ဦး တက်ရောက် သတင်း
နိုင်ငံရေးကင်းတဲ့ ပြည်သူချစ်တပ်မတော်တရပ်ဖြစ်ဖို့ ခေါင်းဆောင်ဟောင်းတွေ တိုက်တွန်း သတင်း
ဖက်ဆစ်တော်လှန်ရေးနေ့ သတင်း
အန်အယ်လ်ဒီ မှတ်ပုံမတင်ဖို့ တိုက်တွန်းချက်တွေ ထွက်ပေါ်လာ သတင်း
လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကို ဂျပန်အစိုးရ မြင်တွေ့လို သတင်း
စာပေစိစစ်ရေးက ခွင့်ပြုမှ နိုင်ငံရေးပါတီများ ပုံနှိပ်ထုတ်ဝေခွင့်ရမည် သတင်း
မြန်မာနိုင်ငံအရေး စက်မှုထိပ်သီး (၈) နိုင်ငံ ညီလာခံမှာ ဆွေးနွေးသင့် သတင်း
မြန်မာနိုင်ငံအခြေအနေကို ကုလ လူ့အခွင့်အရေးကောင်စီ ရှုတ်ချ သတင်း
မြန်မာရွေးကောက်ပွဲဥပဒေကို ကုလအတွင်းရေးမှူးချုပ် စိတ်ပျက် သတင်း
အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းရေး စစ်အစိုးရ ILO နဲ့ ဆွေးနွေး သတင်း
လုံထိန်းတပ်ဖွဲ့ဝင်များကို ရဟန်းတော်များက တိုင်တွင် ကြိုးဖြင့် ချည်နှောင်ပြီး ဆိုဆုံးမ သတင်း
အဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့်များကို ရှေ့နေများကောင်စီ ရှင်းလင်းပြောကြား သတင်း
ပါတီရေးရာကိစ္စများ အများဆန္ဒအတိုင်း လက်ခံမည် သတင်း
ပါတီစာပေရေးရာများ စစ်အစိုးရကို မဝေဖန်ရ သတင်း
ကျီးလန့်စာစား မဖြစ်ကြရန် ပန်ဆန်း ဒေသခံလူထုအား ၀ အာဏာပိုင် ဟောပြော သတင်း
နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် ထပ်မံဆုံးဖြတ် သတင်း
မွန်တပ်ဦးက ရွေးကောက်ပွဲမ၀င်၊ မွန်ပါတီသစ်တခု ပေါ်ပေါက်ဖွယ်ရှိ သတင်း
ဘန်ကီမွန်း မြန်မာရွေးကောက်ပွဲကို စိတ်ပျက် သတင်း
တပ်မတော်နေ့ကြောင့် ဧည့်စာရင်းတိုင်မရ၍ ပြည်သူများ အခက်ကြုံ သတင်း
ကြိမ်ဒဏ်ပေးသည့် ဦးပိုင်အရာရှိအား အရေးယူ သတင်း
တောင်ပေါ်သား ကျန်းမာရေးအတွက် ဘတ် သန်း (၅ဝဝ) နီးပါး ထိုင်းက ထောက်ပံ့ သတင်း
တရားဝင် ရွှေ့ပြောင်းနေထိုင်သူများအား ထိုင်းနိုင်ငံသားများနည်းတူ ဆေးကုသခွင့်ပေးမည် သတင်း
တရုတ်အင်ဂျင်နီယာ (၆၀) ဖြင့် ဂတ်စ်ပိုက်လိုင်းစီမံကိန်းကို မဒေကျွန်း၌ စတင်လုပ်ကိုင်ပြီ သတင်း
တက္ကသိုလ်ကျောင်းသူ မဖြူဖြူကို သတ်သူ တရားခံကို ဖမ်းဆီးပြီး တရားစွဲပြီ သတင်း
ခွဲခြင်း၊ ကွဲခြင်း မရှိတဲ့ တခုတည်းသော လူထုပါတီ - အန်အယ်လ်ဒီ ( ဦးဝင်းတင်နဲ့ စကားလက်ဆုံ)
တပ်မတော်သားများအတွက် ပြည်သူသာ အမိအဖ ဖြစ်စေလို (ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး နှင့် အင်တာဗျူး)
တရားခံက တပ်မတော် (ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနှင့် အင်တာဗျူး)
အကျပ်အတည်းကာလ NLD ခေါင်းဆောင် (၂) ဦး၏ အမြင်များ (အင်တာဗျူး)

တော်လှန်ရေးနေ့အကြို ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးပန်ကြားချက်

March 27, 2010

Friday, March 26, 2010

လူထုဦးစိန်ဝင်း NLD, ရွေးကောက်ပွဲတို့ကို သုံးသပ်ဝေဖန်

24 March 2010

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ကို ဦးကျော်ဇံသာ ဆက်သွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလို အခြေအနေမှာ ဘာတွေလုပ်သင့်၊ သူ့ရဲ့ NLD နဲ့ ရွေးကောက်ပွဲ အပေါ်ထားရှိတဲ့ အမြင်တွေကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေကို လူတော်တော်များများ လက်မခံကြပါဘူး။ ဒီတကြိမ်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု တခဲနက်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဘယ်လို ဆုံးဖြတ် သင့်တယ်လို့ ဆရာထင်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ဘယ်လို ဆုံးဖြတ်သင့်တယ်ဆိုတာကိုတော့ ကျနော့် အလုပ်မဟုတ်တဲ့ အတွက် ကျနော် မပြောနိုင်ပါဘူး။ ကျနော်က ဘယ်လို ဆုံးဖြတ်သင့်တယ် ထင်သလဲဆိုတဲ့ အမေးကိုတော့ ဖြေလို့ရတယ်။ အနှစ် (၂၀) လုံးလုံး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်လာတဲ့ လူတယောက် အနေနဲ့ အနှစ် (၂၀) လုံး NLD လုပ်ခဲ့တာက အစိုးရ စိတ်ဆိုးမယ့် ကိစ္စ၊ အစိုးရ မကြိုက်တဲ့ ကိစ္စတွေ သူဘာမှ မလုပ်ဘူး။ အစိုးရ လုပ်စေချင်တာဘဲ လုပ်မယ်ဆိုပြီး သူက ရပ်တည်ခဲ့တာ။ အဲဒါကြောင့် အခုလည်း အစိုးရ လုပ်စေချင်တဲ့ အတိုင်း သူ့ပါတီကို မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲ ၀င်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာရဲ့ ယူဆချက်က ရွေးကောက်ပွဲ မ၀င်ချင်ဘူးလို့ ထင်ပါသလား။

Read More...

ဒေါ်စု ဘာတွေ ပြောခဲ့သလဲ

March 26, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထု လိုချင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေး အတွက် ထူထောင်ခဲ့တာပဲ ဖြစ်တယ်။ ပြည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကြီးဟာ ဖျက်ဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အဖွဲ့ဝင်များဟာ ပြည်သူလူထုရဲ့ သဘောထားကို နားလည်ရမယ်။ ပြည်သူလူထုရဲ့ သဘောအတိုင်း လုပ်ရမယ်။(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)

အဖွဲ့ချုပ် ရည်ရွယ်ချက်ကိုကလည်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ သက်သက်မှ မဟုတ်ဘဲ။ ၁၈ ရက် စက်တင်ဘာ စစ်အဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပြန့်ကြဲသွားတဲ့ ဒီမိုကရေစီ အင်အားတွေကို တစုတရုန်းတည်း ဖြစ်အောင် စုစည်းပြီး၊ အဲ့ဒီ စုစည်းထားတဲ့ အင်အားတွေကို စနစ်တကျ ဖြစ်အောင်ပေါင်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးဖို့ပါပဲ။ (အဖွဲ့ချုပ်ရုံး၊ ပုဂံမြို့ ၂-၁၁-၈၈)

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်လက်ဆောင်နဲ့ ဝေဒပညာရှင်တစ်ဦးအမြင်...

March 26, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ဘလော့မှာ ဖော်ပြထားတဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ " ဆိုတဲ့... ဖော်ပြပါ.. သတင်းမှန်ကန်ကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်က ခြံထဲမှာစိုက်တဲ့ ခြံထွက်ဗူးသီး၊ သရက်သီးနဲ့ ကဒက်ချဉ်တို့ကို ဗဟိုအမျိုး သမီးအဖွဲ့ဝင်များ အတွက် လက်ဆောင် ပေးလိုက်ပါတယ်တဲ့... နောက် ဒေါ်အောင်ဆန်းစုကြည်က As Joke ဆိုပြီး ဗူးဆိုရင် ဖရုံ မသီးဘူး” ဆိုတဲ့ စကားကို ပြောလိုက်ပါသေးတယ်တဲ့ ဒါကြောင့် ဒီသတင်းဟာ မှန်ကန်ပါကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြန်လည် ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ လက်ဆောင်နဲ့ ပတ်သတ်ပြီး မိတ်ဆွေ ဝေဒပညာရှင် တစ်ယောက်နဲ့ အမှတ်မထင် စကားစပ်မိရာမှာ ထိုဗေဒင်ပညာရှင် ယခုလို နိမိတ်ကောက် ပေးသွားပါတယ်... သူရဲ့ပြောစကား ကတော့ " ဆရာတို့ နိမိတ်ကောက်တဲ့ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးတန်းတန်း ပေးလိုက်တာပါပဲ.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးရိုးသာမာန် လူတစ်ယောက် မဟုတ်ပဲ ကမ္ဘာသိ လူထုခေါင်းဆောင်တစ်ယောက် ဆိုတော့ နိမိတ်တွေနဲ့ သက်ဆိုင်နေပါတယ်။

အသံထွက် ဗူး(ဘူး)ဆိုထဲက ငြင်းပယ်တဲ့ ဆန်ကျင်တဲ့ လက္ခဏာဆောင်တယ်။ အားလုံး ဒီရွေးကောက်ပွဲကို ငြင်းပယ်ကြလိမ့်မယ်။ နောက် သရက်နဲ့ သန်းရွှေက ထပ်တူကျနေတယ်။ နောက် ကဒက်ချဉ်မှာ အသံထွက် ကဒက်(ကတတ်)ဆိုတာ မြန်မာစကားမှာ ကတက်ဆိုတာ ခွေးကတက် ဆိုတာရှိတယ်.. လှေကားအောက်ခြေ ဖိနပ်ချွတ်တဲ့ နေရာပေါ့ .. ချဉ်ဆိုတာက မုန်းတဲ့ အသွင်ဆောင်တယ်။ ဒါကြောင့် အားလုံးကိုခြုံလိုက်ရင် ဗိုလ်သန်းရွှေလုပ်မယ့် ဒီရွေးကောက်ပွဲဟာ အားလုံးရဲ့ ငြင်းပယ်မှုကို ခံရနိုင်ပြီး သူကိုယ်တိုင်လည်း အားလုံးရဲ့ ချဉ်ဖတ်ဘဝကို ရောက်ပြီး လှေကားအောက် ခွေးကတက်ကို ရောက်မယ်။ တနည်း ခွေးကျကျမယ်လို့ ဆရာတော့ အဲ့လိုပဲ နိမိတ်အဖြစ်မြင်တယ် ... ဆရာကတော့ အသံနဲ့သက်ဆိုင်တဲ့ အသံထွက် နိမိတ်အမြင်ကို ပြောပြတာပါလို့" ပြောဆိုသွားပါတယ်။

Ref: ဒီမိုဝေယံ

ဦးဝင်းတင်၏ ထောင်ဋီကာ

ခက်ထန်
Monday, March 22, 2010

မြန်မာစာပေ လောက၌ နှစ် ၅၀ ကျော် ပျောက်ကွယ် နေခဲ့သော ထောင်စာပေ၊ အကျဉ်းသား ဘဝစာပေ၊ နရသိန် အဖြစ်ဆိုးစာပေ ဟင်းလင်း ကွက်လပ်တွင် အားဖြည့်ရန် ဆိုသည်မှာ “ဘာလဲဟဲ့ လူ့ငရဲ” ကို ရေးရခြင်း၏ အာသီသ ဖြစ်သည်။ ဆိုသည့် အတိုင်းပင် ဦးဝင်းတင်၏ ထောင်တွင်း ရက် ၇၀၀၀ ကျော် ပုံဖော်ချက်က စစ်အာဏာရှင်ခေတ် နရသိန်၏ သရုပ်သကန်ကို ပေါ်လွင်စေသည်။

၂၀၁၀ မတ်လ ၅ ရက်နေ့တွင် အပြီးသတ် ရေးထားသော ထို ထောင်ဋီကာမှာ ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ် အဖြစ် မတ်လ ၁၂ ရက်နေ့တွင် ထုတ်ဝေ ခြင်းလည်း ဖြစ်သည်။

“ဦးဝင်းတင်ဟာ သူနစ်နာ ခံစားနေရ တာတွေကို ပြောတာထက် သူတပါး နစ်နာ ခံစားနေ ရတာတွေကို ပိုပြောပြတယ်” ဟု ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာပီညဲရိုးက သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဖူးသည်။ ထိုအချက်သည်လည်း ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” တွင်လည်း ထင်ဟပ်နေသည်။

Read More...

ယုံကြည်မှု ကင်းမဲ့တဲ့ ရွေးကောက်ပွဲ

Thursday, March 25, 2010

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ သွားခဲ့သည်။ ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသား ခေါင်းဆောင်များအပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်လည်း တွေ့ခဲ့သူ ဖြစ်သည်။

ကာ့တ် ကမ်းဘဲလ်ကို ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က တွေ့ဆုံပြီး စစ်အစိုးရ၏ မကြာသေးမီက ထုတ်ပြန် လိုက်သော ရွေးကောက်ပွဲ ဥပဒေ၊ အမေရိကန်၏ အရေးယူ ပိတ်ဆို့ရေး၊ မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေး၊ အာဆီယံ၏ အနေအထား၊ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု၊ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ၏ အခန်း ကဏ္ဍတို့နှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းခဲ့သည်။

မေး။ ။ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန် ကြေညာခဲ့တယ်။ အဲဒီ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အများ ယုံကြည်လေးစားတဲ့ အတိုက်အခံခေါင်းဆောင် အတော်များများနဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ဟာ လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့် မရှိပါဘူး။ ဒီအပေါ်မှာ အမေရိကန် အစိုးရရဲ့ တုံ့ပြန်မှုက ဘယ်လိုပါလဲ။

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၃ - ၁၀ )

ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်ချက်ကို တိုင်းရင်းသားပါတီများ ထောက်ခံ သတင်း
အဖွဲ့ချုပ် ဘိုကလေးမြို့နယ်ရုံး ပြန်ဖွင့်၊ မှတ်ပုံမတင်ရန် သဘောထားရှိ သတင်း
၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နိုင် သတင်း
ဒဏ်ခတ်ပိတ်ဆို့ရေး တိုးမြှင့်ရန် တောင်းဆိုမည်ဟု လွှတ်တော်ကိုယ်စားလှယ် (၂) ဦး ပြောကြား သတင်း
မြန်မာစစ်အစိုးရကို ပိုမိုဖိအားပေးသွားမည်ဟု ဘယ်လ်ဂျီယံ လွှတ်တော်အမတ် ပြော သတင်း
မြန်မာ့ရွေးကောက်ပွဲ လုံခြုံရေးကောင်စီတွင် သဘောထားကွဲ သတင်း
မြန်မာ့ရွေးကောက်ပွဲဥပဒေကိစ္စ ကုလနှင့် မြန်မာ့မိတ်ဆွေများ ဆွေးနွေးမည် သတင်း
အာဆီယံဒေသ စစ်ရေးခေါင်းဆောင်များ ဗီယက်နမ်တွင် ဆွေးနွေး သတင်း
NLD ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး မဲဆန္ဒရှင်များ သဘောထားကွဲလွဲ သတင်း
ဝ ဒေသ စစ်ရေးစိုးရိမ်မှုဖြစ် သတင်း
ရွေးကောက်ပွဲနဲ့ ပါတီများ လှုပ်ရှားမှု သတင်း
အဖွဲ့ချုပ်တာဝန်ရှိသူများကို နိုင်ငံခြားသံတမန်များ တွေ့ဆုံ သတင်း
မန္တလေးက နိုင်ငံရေးလှုပ်ရှားသူနှစ်ဦး သက်သေမခိုင်လုံဘဲ ထောင်ဒဏ်ချမှတ် သတင်း
အဖွဲ့ချုပ်ကို သံဃာ့ဥသျှောင်ဆရာတော် တိုက်တွန်းစာ ပေးပို့ သတင်း
ရွေးကောက်ပွဲဝင်ရန် အာမခံ ကျပ်ငါးသိန်းဟု သတ်မှတ်ထား၍ ... သတင်း
မောင်တောခရိုင် ဥက္ကဌ အလုပ်မှ အဖြုတ်ခံရ သတင်း
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေး ထပ်မံဆုံးဖြတ် သတင်း
ဒေါက်တာဝင့်သူတို့အမှု ပြင်ဆင်ခွင့် အယူခံတင် သတင်း
မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေ အခက်အခဲဖြစ် သတင်း
ပွဲစားကုမ္ပဏီ လိမ်၍ အလုပ်သမားများ ဒုက္ခဖြစ် သတင်း
နာမည်ပျက် စာရင်းဝင်များ နိုင်ငံကူးလက်မှတ်ရရန် ပိုခက်မည် သတင်း
လူမှုရေးဂုဏ်ပြုဆု ပြည်ပရောက် မြန်မာတို့ စီစဉ် သတင်း
နည်းပြ မျိုးလှိုင်ဝင်းအား ဒဏ်ငွေ (၅) သိန်းတပ် သတင်း
မြန်မာအလုပ်သမား (၁၀၀ ) ကျော် ဘတ် (၆) သိန်းခန့် ငွေလိမ်ခံရ သတင်း
လင်မယားနှစ်ဦးကို ဓားထိုးသတ်ခဲ့သူ တရားခံကို ဖမ်းဆီးရမိ သတင်း
နောက်လမှာ ဟွန်ဆန် ထိုင်းကို သွားလည်မယ် သတင်း
ကမ္ဗောဒီးယားက နယ်စပ်မှာ ထိုင်း (၈၈) ယောက်ကို သတ် သတင်း
ဆော်ဒီအာရေဗျမှာ လက်နက်ကိုင်အများအပြား ထိန်းသိမ်း သတင်း
ယုံကြည်မှုကင်းမဲ့တဲ့ ရွေးကောက်ပွဲ (အင်တာဗျူး)
ဓူဝံကြယ်ပမာ ရှိနေမည် (ဆောင်းပါး)
ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ (ဆောင်းပါး)
ဘာကိုရွေးမယ့် ရွေးကောက်ပွဲလဲ (ဆောင်းပါး)
အော်ဝဲလ်တစ္ဆေ မြန်မာပြည်ကို ခြောက်လှန့်နေ (ဆောင်းပါး)
ဝါးအစည်းပြေသလို မဖြစ်စေချင်ပါ (ဆောင်းပါး)

Thursday, March 25, 2010

Burma Update - March 25, 2010

25 March 2010


NLD REQUESTS ILO TO HELP SOLVE WORKERS' CRISIS IN BURMA - 24 March 2010

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထွက်ဗူးသီးနှင့် ၂၀၁၀”

March 24, 2010

(၂၃-၃-၂၀၁၀)နေ့ နေ့လည်ပိုင်းက NLD ဗဟိုအလုပ်အမှုဆောင် လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့် ရှိသူလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည် ရောက်ရှိ ခဲ့ပါတယ်။

NLD ရုံးမှာ သတင်းထောက်အ ချို့နဲ့တွေ့ဆုံပြီး ဒေါ်အောင်ဆန်း စုကြည်၏ သဘောထားများကို ပြန်လည် ပြောကြား ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများအပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေးကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ ပြုလုပ်မယ့် ဗဟိုဦးစီး အစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထား ပေးခဲ့ပါသည်။

Read More...

နိုင်ငံရေးပါတီတွေကို အစဉ်အလာအရ ဖြိုခွဲဖျက်ဆီးနေတဲ့ စစ်အုပ်စု

ရဲဘော်ဖိုးသံချောင်း
၂၄/ မတ် ၂၀၁၀

အမျိုးသားဒီမိုကရေစီပါတီဟာ မကြုံစဖူးစမ်းသပ်မှုတရပ်ကို ဖြတ်သန်းနေရပါတယ်။ ဒါကို ကျန်တဲ့ မိတ်ဖက် ပါတီတွေက သံယောဇဉ် ကြီးစွာနဲ့ စောင့်ကြည့် နေကြပါတယ်။ တဖက်မှာလည်း တခြား ပါတီအတွင်းရေးကို ဝင်မပြောသင့်တာမို့ နှုတ်ကို တင်းတင်းစေ့ပြီး အကောင်းဆုံး အဖြေ ထွက်လာပါစေလို့ပဲ အောက်မေ့ နေကြပါတယ်။

စိတ်ရင်းဖြောင့်မှန်တဲ့၊ နိုင်ငံရေးအရ ရိုးသားတဲ့၊ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးပါတီတွေ အင်အားစုတွေဟာ ဒီချုပ်ရဲ့ အနေအထားကို စာနာ သဘောပေါက် ကြပါတယ်။ အလားတူပဲ ဒီအဖွဲ့ချုပ်ကို ဇလားထဲ သွန်းလောင်းသလို ဆန္ဒမဲတွေ ပုံလောင်းခဲ့၊ အောခဲ့ကြတဲ့ ပြည်သူ လူထုကလည်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့် နေကြပါတယ်။ ဒီချုပ်အနေနဲ့ ဒီတကွေ့ကို ချောမွေ့စွာ ဖြတ်သန်း နိုင်ပါစေလို့ပဲ အားလုံးက ဆန္ဒပြုနေကြတာပါ။

ဒါပေမယ့် ဆန္ဒဆိုတာဟာ လက်တွေ့ မဖြစ်သေးတဲ့ဟာကို ခေါ်တာပါ။

လောလောဆယ် လက်တွေ့မှာ တွေ့မြင်နေရတာ တခုကတော့ နအဖ ဗိုလ်ချုပ်တွေဟာ တဝက်တပျက် အောင်မြင်ပွဲမျိုးကို လက်မခံနိုင်ဘူး ဆိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် စေ့စပ်တယ်၊ ပြေအေးတယ် ဆိုတဲ့ အဖြေမျိုး၊ ရလဒ်မျိုး၊ ခုခေတ်မှာ အပြောများနေတဲ့ win-win နှစ်ဖက်နိုင် အဖြေမျိုးကို သူတို့က လက်မခံနိုင်ပါဘူး။ သူတို့ကချည်းနိုင်မှ၊ တဖက်ကို အလဲထိုးနိုင်တဲ့ အဖြေမျိုး၊ ရလဒ်မျိုးပဲ ရချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆွေးနွေးပွဲ လုပ်တယ်၊ စကားပြောကြတယ် ဆိုရင် ကြိုတင် စည်းကမ်း သတ်မှတ်တာ (pre-condition) ကို ဘယ်တော့မှ လက်မခံပါဘူး။ ဒါပေမယ့် ဒီနေရာမှာ

Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၃ - ၁၀ )

ဝ နယ်မြေရှိ အမှုထမ်းတွေ အမြန်ဆုံး ထွက်ခွာဖို့ မြန်မာစစ်အစိုးရ ညွှန်ကြား သတင်း
ဝ နယ်မှ အစိုးရ၀န်ထမ်းတွေကို ပြန်ခေါ် သတင်း
နယ်ခြားစောင့်တပ်ပြောင်းရေး ၀ အဖွဲ့က လက်မခံ သတင်း
တရုတ်ပြည်လုပ် တင့်ကားများ မြန်မာပြည်ဘက် တင်ပို့နေ သတင်း
လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး သတင်း
နိုင်ငံခြားသံအရာရှိများ အဖွဲ့ချုပ်ခေါင်းဆောင်တွေကို လာရောက်တွေ့ဆုံ သတင်း
နစ်နာသူဖြစ်လို့ ကုစားခံချင်လို့ဟု ဦးတင်ဦး ပြော သတင်း
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၂) ဦး ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခံရ သတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံရမှု AI အဖွဲ့ မလေးရှားအစိုးရကို ပြစ်တင် သတင်း
ကမ္ဘာတ၀ှမ်း မြန်မာတွေ စုပေါင်းပြီး ပြည်တွင်းမှ လူမှုဝန်ထမ်းကောင်းတွေကို ဆုပေးမည် သတင်း
ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို ဦးပိုင်သို့ လွှဲပြောင်းပေးမည် သတင်း
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများမှ ၀န်ထမ်းများဘ၀ မသေချာ သတင်း
စစ်ဘေးစိုးရိမ်သည့် ၀ အရပ်သားရာချီ နေရပ်မှထွက်ခွာ သတင်း
NGO များ ၀ နယ်မှ ထွက်ခွာပေးရန် နအဖဗျူဟာမှူး သတိပေး သတင်း
ဝ'နယ်မှ ဝန်ထမ်းနှင့် NGO များ နေရပ်ပြန်ရန် နေပြည်တော် အမိန့်ထုတ် သတင်း
ဝ ဒေသရှိ နတလ ဝန်ထမ်းများကို ခွင့်ရက်ရှည်ပေး ခေါ်ယူ သတင်း
ဝ နယ်က နတလ ဖွံ့ဖြိုးရေးဝန်ထမ်းများကို အပြီးခေါ်ထုတ်ကုန်ပြီ သတင်း
စစ်ကြောင်း၏ ပွိုင့်ထိုးမဖြစ်ဖို့ - တြိဂံတိုင်းမှူးထံ လားဟူပြည်သူ့စစ် တောင်းဆို သတင်း
တရုတ်စစ်ကားများ မြန်မာပြည်ဘက် ထပ်မံပို့ဆောင် သတင်း
ပါတီမှတ်ပုံတင်လျှင် (၂၄) မြို့နယ် ကန့်ကွက်မည် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ရမည့်ကိစ္စ အင်္ဂါဆုတောင်းသူများ လက်မခံ သတင်း
မြန်မာ (၉) ဦး သေဆုံးမှု ထိုင်းက ကရုဏာကြေးပေး သတင်း
ရွှေဂုံတိုင်နှင့် ရပ်တည်ရန် တက်ကြွလှုပ်ရှားသူများ တိုက်တွန်း (ရုပ်သံသတင်း)
နိုင်ငံရေးပါတီတွေကို အစဉ်အလာအရ ဖြိုခွဲဖျက်ဆီးနေတဲ့ စစ်အုပ်စု (ဆောင်းပါး)
ဖက်ဆစ်တော်လှန်ရေး၊ Force - ၁၃၆ … ဗိုလ်ချုပ်အောင်ဆန်းနှင့် ကြေးနန်းနှစ်စောင် (ဆောင်းပါး)
စောင့်စားနေသူတို့ရဲ့ နေ့ရက်များ (ဆောင်းပါး)
ရွေးကောက်ပွဲကို သပိတ်မှောက်လျှင် တိုက်ပွဲကို စွန့်ရာကျလိမ့်မည် (ဆောင်းပါး)
အမှန်တရားကို မြတ်နိုးပါ၏။ သို့သော် … (ဆောင်းပါး)

အက်တလတ်စ် သို့မဟုတ် မိုးကောင်ကင်ကို အောင်နိုင်သူ

နတ်မှူး

March 24, 2010


စာအုပ်များကို လှန်လှောရင်းက ဒိုင်ယာယီစာအုပ် တအုပ်ကြားမှ နှင်းဆီပွင့်ခြောက်ကလေး တခုကို တွေ့ရသည်။ အရောင် လွင့်ပြယ်နေပြီ ဖြစ်သော်လည်း ကျွန်တော် နမ်းကြည့်တော့ နှင်းဆီပန်း ရနံ့ ရနေသလို ခံစားရသည်။ ထိုနှင်းဆီပွင့်နှင့် ပတ်သက်သော အဖြစ်အပျက်များက ကျွန်တော့ ခေါင်းထဲမှာ အစီအရီ ပေါ်လို့လာလေသည်။ သည်တုန်းက ကျွန်တော်က ဆယ်တန်း အောင်ခါစ ဆယ်ကျော်သက် အရွယ်ဖြစ်သည်။ ကျွန်တော်၏ ဇာတိ ချောက်မြို့ကလေးမှ ဦးလေးရှိရာ ရန်ကုန် မြို့ကြီးသို့ ပြောင်းရွှေ့ရသည်။ ဦးလေးက ရန်ကုန်မှာ " သရပါ" အမည်ရှိသော လက်ဖက်ရည်ဆိုင်လေး ဖွင့်ထားသည်။ ကျွန်တော်က စားပွဲထိုး ၀င်လုပ်ရသည်။ တနေ့တွင် ထောင်ထောင် မောင်းမောင်း လူကြီးတယောက်နှင့် လူငယ်ငါးယောက် ဆိုင်ထဲသို့ ၀င်လာသည်။ လူကြီးမှာ ရုပ်ရည်တည်ကြည် ခံ့ညားသည်။ တောင့်တင်းသန်မာပြီး ယောက်ျား ပီသသူဖြစ်သည်။ စားပွဲထိုး ကောင်လေးက "စာရေးဆရာကြီး တခွက်" ဟု အော်လိုက်သည်။ ကျွန်တော်က စာအလွန်ဖတ်သူ ဖြစ်သည်။ စာရေးဆရာ ဆိုသည်နှင့် စိတ်ဝင်စားသွားသည်။ ဦးလေးကို မေးကြည့်တော့ "အဲဒါ စာရေးဆရာကြီး ဗန်းမော်တင်အောင် ပေါ့ကွ" ဟု ဖြေသည်။ ထိုစာရေးဆရာကြီး ရေးခဲ့သော ဘုန်းမောင့်တယောက်တည်းရယ်၊ ဒေါက်တာရေချမ်း စသော ၀တ္ထုများကို ကျွန်တော် သိပ်ကြိုက်သည်။ လူငယ်တွေက သူတို့နှစ်သက်ရာ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်များ မှာလိုက်ကြသည်။ ထို့နောက် စာရေးဆရာ ဗန်းမော်တင်အောင်ကို မေးခွန်းများ တရစပ် မေးနေလေသည်။

"အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို ဘာကြောင့်စစ်တိုက်ရတာလဲ ဆရာ" " မြန်မာနိုင်ငံကထွက်တဲ့ ရေနံ၊ ကျွန်းသစ်၊ ကျောက်သံ ပတ္တမြား စတဲ့ သယံဇာတပစ္စည်းတွေ လိုချင်လို့ပေါ့ဗျာ" " ဒါတွေရတော့ သူတို့ချမ်းသာတာပေါ့" ဒါပေါ့ဗျာ….. သယံဇာတ ပစ္စည်းတွေ ခွတုတ်ခွင့်ရတော့ ချမ်းသာတာပေါ့။ ကျွန်တော်တို့ ပြည်သူတွေမှာသာ ဘာအကျိုး ခံစားခွင့်မှ မရဘဲ မွဲပြီးရင်းမွဲ လူမွေးတောင် မပြောင်တဲ့ဘ၀ ရောက်ခဲ့ရတယ်။

စာရေးဆရာကြီးက လူငယ်လေးများကို ခင်ဗျား၊ ကျွန်တော်ဖြင့် တလေးတစား ပြောဆိုနေသည်။
မြန်မာတွေက ဘာကြောင့် စစ်ရှုံးတာလဲ…

Read More...

အပေါ်သို့