Friday, March 26, 2010

ဒေါ်အောင်ဆန်းစုကြည်လက်ဆောင်နဲ့ ဝေဒပညာရှင်တစ်ဦးအမြင်...

March 26, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ဘလော့မှာ ဖော်ပြထားတဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ " ဆိုတဲ့... ဖော်ပြပါ.. သတင်းမှန်ကန်ကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်က ခြံထဲမှာစိုက်တဲ့ ခြံထွက်ဗူးသီး၊ သရက်သီးနဲ့ ကဒက်ချဉ်တို့ကို ဗဟိုအမျိုး သမီးအဖွဲ့ဝင်များ အတွက် လက်ဆောင် ပေးလိုက်ပါတယ်တဲ့... နောက် ဒေါ်အောင်ဆန်းစုကြည်က As Joke ဆိုပြီး ဗူးဆိုရင် ဖရုံ မသီးဘူး” ဆိုတဲ့ စကားကို ပြောလိုက်ပါသေးတယ်တဲ့ ဒါကြောင့် ဒီသတင်းဟာ မှန်ကန်ပါကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြန်လည် ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ လက်ဆောင်နဲ့ ပတ်သတ်ပြီး မိတ်ဆွေ ဝေဒပညာရှင် တစ်ယောက်နဲ့ အမှတ်မထင် စကားစပ်မိရာမှာ ထိုဗေဒင်ပညာရှင် ယခုလို နိမိတ်ကောက် ပေးသွားပါတယ်... သူရဲ့ပြောစကား ကတော့ " ဆရာတို့ နိမိတ်ကောက်တဲ့ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးတန်းတန်း ပေးလိုက်တာပါပဲ.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးရိုးသာမာန် လူတစ်ယောက် မဟုတ်ပဲ ကမ္ဘာသိ လူထုခေါင်းဆောင်တစ်ယောက် ဆိုတော့ နိမိတ်တွေနဲ့ သက်ဆိုင်နေပါတယ်။

အသံထွက် ဗူး(ဘူး)ဆိုထဲက ငြင်းပယ်တဲ့ ဆန်ကျင်တဲ့ လက္ခဏာဆောင်တယ်။ အားလုံး ဒီရွေးကောက်ပွဲကို ငြင်းပယ်ကြလိမ့်မယ်။ နောက် သရက်နဲ့ သန်းရွှေက ထပ်တူကျနေတယ်။ နောက် ကဒက်ချဉ်မှာ အသံထွက် ကဒက်(ကတတ်)ဆိုတာ မြန်မာစကားမှာ ကတက်ဆိုတာ ခွေးကတက် ဆိုတာရှိတယ်.. လှေကားအောက်ခြေ ဖိနပ်ချွတ်တဲ့ နေရာပေါ့ .. ချဉ်ဆိုတာက မုန်းတဲ့ အသွင်ဆောင်တယ်။ ဒါကြောင့် အားလုံးကိုခြုံလိုက်ရင် ဗိုလ်သန်းရွှေလုပ်မယ့် ဒီရွေးကောက်ပွဲဟာ အားလုံးရဲ့ ငြင်းပယ်မှုကို ခံရနိုင်ပြီး သူကိုယ်တိုင်လည်း အားလုံးရဲ့ ချဉ်ဖတ်ဘဝကို ရောက်ပြီး လှေကားအောက် ခွေးကတက်ကို ရောက်မယ်။ တနည်း ခွေးကျကျမယ်လို့ ဆရာတော့ အဲ့လိုပဲ နိမိတ်အဖြစ်မြင်တယ် ... ဆရာကတော့ အသံနဲ့သက်ဆိုင်တဲ့ အသံထွက် နိမိတ်အမြင်ကို ပြောပြတာပါလို့" ပြောဆိုသွားပါတယ်။

Ref: ဒီမိုဝေယံ

0 comments:

အပေါ်သို့