Friday, March 26, 2010

ဒေါ်စု ဘာတွေ ပြောခဲ့သလဲ

March 26, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထု လိုချင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေး အတွက် ထူထောင်ခဲ့တာပဲ ဖြစ်တယ်။ ပြည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကြီးဟာ ဖျက်ဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အဖွဲ့ဝင်များဟာ ပြည်သူလူထုရဲ့ သဘောထားကို နားလည်ရမယ်။ ပြည်သူလူထုရဲ့ သဘောအတိုင်း လုပ်ရမယ်။(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)

အဖွဲ့ချုပ် ရည်ရွယ်ချက်ကိုကလည်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ သက်သက်မှ မဟုတ်ဘဲ။ ၁၈ ရက် စက်တင်ဘာ စစ်အဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပြန့်ကြဲသွားတဲ့ ဒီမိုကရေစီ အင်အားတွေကို တစုတရုန်းတည်း ဖြစ်အောင် စုစည်းပြီး၊ အဲ့ဒီ စုစည်းထားတဲ့ အင်အားတွေကို စနစ်တကျ ဖြစ်အောင်ပေါင်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးဖို့ပါပဲ။ (အဖွဲ့ချုပ်ရုံး၊ ပုဂံမြို့ ၂-၁၁-၈၈)

ဒေါ်အောင်ဆန်းစုကြည်

0 comments:

အပေါ်သို့