Friday, September 18, 2009

၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ ပြင်ဆင်နေသူ ဦးသုဝေရဲ့ အမြင်

16 September 2009

စစ်အာဏာရှင်အစိုးရ ဦးစီးချုပ်ကိုင် ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ ၂၀၁၀ ကို ဆန့်ကျင် သပိတ်မှောက်၊ ပါဝင်ရွေးကောက်ခံ မလုပ်ဖို့ အဓိက နိုင်ငံရေး ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံ အင်အားစုများက ပြောဆိုတိုက်တွန်း လုပ်ကိုင်နေချိန်မှာ နိုင်ငံရေး ပါတီတချို့နဲ့ တသီးပုဂ္ဂလ နိုင်ငံရေး တက်ကြွသူများက မတူကွဲပြား အကြောင်းပြချက်၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက်များနဲ့ ဝင်ရောက် ယှဉ်ပြိုင်ကြဖို့ ပြင်ဆင် လုပ်ကိုင်နေကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တရားဝင် ကြေညာ ပြင်ဆင် လုပ်ကိုင်နေတဲ့ ပါတီများနဲ့ နိုင်ငံရေး သမားများထဲမှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ - မြန်မာပြည် (United Democratic Party of Myanmar) နဲ့ UDP ပါတီ ခေါင်းဆောင်တဦး ဖြစ်သူ ဝါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေလည်း ပါဝင်ပါတယ်။ စစ်အစိုးရရဲ့ လွတ်လပ်မှုကင်းမဲ့၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ဘယ်လို အကြောင်းပြချက်၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက်များနဲ့ ဝင်ရောက် ယှဉ်ပြိုင်သလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ နိုင်ငံရေးသမားကြီး ဦးသုဝေကို ဦးကျော်ဇံသာ (ဗွီအိုအေ မြန်မာသတင်း) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ရွေးကောက်ပွဲဝင်ဖို့လုပ်တဲ့ ပါတီရဲ့ မူဝါဒတွေကို မပြောခင် ရွေးကောက်ပွဲကို ဝင်တယ်၊ မဝင်ဘူးဆိုတဲ့ issue ကို ဆွေးနွေးခြင်ပါတယ်။ ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကို ပထမဦးဆုံး ပြောပြပါ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ မဝင်သင့်ဘူးဆိုတဲ့ လူတွေက ရွေးကောက်ပွဲ ဝင်မယ့်လူတွေကို အာဏာမက်လို့၊ အရိုးအရင်းလေး ဝါးချင်လို့ ဒီလို မိုက်မိုက်ရိုင်းရိုင်း ပြောတာတွေတောင် ရှိပါတယ်ခင်ဗျာ။ အာဏာပိုင်တွေနဲ့ ပေါင်းပြီးလုပ်ချင်လို့။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးသုဝေတို့က ဘယ်လို ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ ဝင်သလဲဆိုတာကို ပထမဦးဆုံး ကြားချင်ပါတယ်။

ဦးသုဝေ ။ ။ အဓိက ဘာကို ရည်ရွယ်ပြီးတော့ ဝင်ပါလဲဆိုတဲ့ အခါကြတော့ နံပါတ်တစ် ကတော့ ကျနော်တို့ တိုင်းပြည်မှာ ချို့ယွင်း ချက်တွေကို ပြင်စရာတွေ အများကြီး ရှိတယ်။ ပြင်စရာတွေ အများကြီးရှိတဲ့ အခါကြတော့ အဲဒါတွေကို ပြင်ဖို့ဆိုရင် ကျနော်တို့က လမ်းဘေးက အော်နေလို့လည်း မရဘူးလေ။ တကယ် ထိရောက်တဲ့ နေရာကနေ ပြောမှ ပြင်လို့ရမှာ။ ဒါကြောင့် ရွေးကောက်ပွဲ ဝင်ခြင်းအားဖြင့် ဆိုရင် ပါတီကလည်း တရားဝင် ရပ်တည်ပိုင်ခွင့် ရမယ်၊ ပါတီကိုယ်စားလည်း ပြောနိုင်တယ်။ ပြည်သူလူထုရဲ့ အကြောင်း အရာတွေကို ပါတီအနေနဲ့ပြောမယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲ ဝင်ပြီးလို့ နိုင်ခဲ့လို့ရှိရင်လည်း လွှတ်တော်ထဲမှာ ကျနော်တို့ တရားဝင် ထိထိ ရောက်ရောက် ပြောနိုင်တယ်။ အဲသလိုဆိုရင် ကျနော်တို့ ပြုပြင်ချင်တဲ့ဟာတွေကို ထိထိရောက်ရောက် ပြုပြင်နိုင်မယ်လို့၊ အဲဒါ နံပါတ်တစ် အချက်ပေါ့။

နံပါတ်နှစ် အချက်ကတော့ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက မဲပေးခဲ့တဲ့ လူရယ်၊ မဲမပေးနိုင်ခဲ့တဲ့ လူရယ် ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ မဲပေးတဲ့ လူတွေကလည်း အနှစ် ၂၀ အတွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကို ပြောချင်တဲ့ ဆန္ဒတွေ အများကြီး ရှိလိမ့်မယ်လို့။ သာမန်အားဖြင့် လေးနှစ် တကြိမ်လောက် သူတို့ သဘောထားတွေ ပြောနိုင်တယ်။ အခု မပြောရတာ ကြာတဲ့ အခါကြတော့ သူတို့ရဲ့ သဘောထားတွေလည်း အပြောင်းအလဲတွေလည်း အများကြီးရှိမယ်။ အဲဒါ သူတို့ သဘောထားတွေ ဘယ်လိုလဲဆိုတာကို ပြောချင်တဲ့ ဆန္ဒဟာ တခြားနည်းထက် ရွေးကောက်ပွဲ နည်းအားဖြင့် ပြောရင် သူတို့ပိုပြီးတော့ အသံ ကျယ်ကျယ်ကြီး ကြားရမှာပေါ့လို့၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ လူတွေပေါ့။ အသက် ၁၆ နှစ် ၁၇ နှစ် လူငယ်တွေက မဲမပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ အသက်တွေက အခု ၄၀ နီးနီး ရောက်ခဲ့ပါပြီ။ သူတို့သဘောထားကို ပိုပြီး ထုတ်ပြန်ချင်တဲ့ ဆန္ဒတွေ ရှိမှာပေါ့။ အရွယ်ကောင်း အတက်ကြွဆုံး အရွယ်ဆိုတော့။

ဦးကျော်ဇံသာ ။ ။ ဒီမျှော်မှန်းချက်က တစုံတရာ ပွင့်ပွင့်လင်းလင်း ပြောချင်နိုင်မယ် ဆိုတော့ အချက်အလက် အားဖြင့်တော့ အကုန် မှန်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ အဲဒီလူတွေဟာ ပွင့်ပွင့်လင်းလင်း သူတို့ဆန္ဒကို ဖော်ထုတ်ခွင့်ရနိုင်တဲ့ အခြေအနေလို့ ဦးသုဝေတို့ သုံးသပ်ပါသလား။

Read More...

နေ့စဉ်သတင်းများ (၁၇ - ၉ - ၀၉)

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား သတင်း
သံဃာတော်များကို နိုင်ငံရေးမလုပ်ရန် သတိပေးမှုများပြုလုပ် သတင်း
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေးကျင်းပမည် သတင်း
စီအာပီပီ (၁၁) နှစ်ပြည့် ရည်မှန်းချက်နှင့် လုပ်ငန်းများ သတင်း
မွန်ပြည်သစ်ပါတီဝင်များကို စောင့်ကြည့်နေရန် ကျေးရွာဥက္ကဌကို ညွှန်ကြား သတင်း
လက်နက်ကြီးငယ် ပစ်ခတ်မှုကြောင့် ရွာသားများ ထိတ်လန့် သတင်း
အန်ဒီအေ-ကေ တပ်ဖွဲ့က ဒေသခံတို့ကို ဖိနှိပ်မှုများပြုလုပ် သတင်း
ရှမ်းပြည်နယ်မှာ အိမ်ထောင်စုဝင်များကို ဓာတ်ပုံရိုက် မှတ်တမ်းယူ သတင်း
ကိုးကန့်ဒေသ စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံ သတင်း
လောက်ကိုင်ဒေသမှာ ဖွံ့ဖြိုးရေးအစီအစဉ် ဆက်လုပ်မည်ဟု ဒဗလျူအက်ဖ်ပီ ပြော သတင်း
သူတို့ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက်မထားချင်တော့ဘူး (အင်တာဗျူး)
မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ အစီရင်ခံစာထုတ်ပြန် သတင်း
ဘင်္ဂလားရဲတပ်ဖွဲ့မှ စစ်ဆင်ရေးတခုအတွင်း မြန်မာအဖွဲ့တဖွဲ့မှ လက်နက်များ ဖမ်းဆီးရမိ သတင်း
နစက အယောင်ဆောင် ဓားပြများကြောင့် လူထုအတွင်း စိုးရိမ်မှုတိုးပွား သတင်း
မြန်မာ့ထောင်ထဲမှ ပြန်မလွှတ်လာသူ ဘင်္ဂလီ (၂၁) ဦးအတွက် မိသားစုများ စိုးရိမ် သတင်း
တရုတ်-မြန်မာ ဆက်ဆံရေး သတင်း
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း ၁ - ၄ သင်တန်းဆင်းများ သတင်း
ဒီလထဲ သန်းရွှေကောက်ကြောင်းဖော်တဲ့ စာအုပ်များနဲ့ အသံကောက်နုတ်ချက် သတင်း
မဲဆောက်မြို့မှ အပြန် (ဆောင်းပါး)

Thursday, September 17, 2009

စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်တဲ့ နယ်စပ် ဒေသ

ရဲဘော်ဖိုးသံချောင်း
၁၄ စက်တင်ဘာ ၂၀၀၉

ပြီးခဲ့တဲ့ ကိုးကန့် အရေးအခင်းမှာ နအဖ စစ်အစိုးရက အစွယ်ဖြဲပြခဲ့ပြီ။ သေနတ် ဖောက်ပြခဲ့ပြီ။

ဒါဟာ ငြိမ်းအဖွဲ့တွေကိုသာမက တတိုင်းပြည်လုံးကိုပါ သတိပေး ခြိမ်းခြောက် လိုက်တာ ဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ အိမ်နီးနားချင်း နိုင်ငံများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း များကိုလည်း ကြားလိုက်ကြရဲ့ မဟုတ်လားလို့ မေးနေတဲ့ အလားပါပဲ။

နအဖ အခုလို ကိုးကန့်က MNDAA ကို အပြတ်ချေမှုန်းတဲ့ အထိ လုပ်လိုက်တာဟာ သူတို့ စီစဉ်တဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံတဲ့ အကြောင်းရင်း တခုတည်းကြောင့် ပြောရင် နအဖစကားကို အလွယ်နဲ့ ယုံကြည်ရာ ကျပါလိမ့်မယ်။ တကယ်က ဒီနေ့ အပစ်ရပ် အဖွဲ့တွေထဲမှာ ဦးဖုန်ကြားရှင်တို့ လိုပဲ လက်မခံနိုင်ဘူးလို့ ပြောနေတဲ့ တခြား အဖွဲ့အစည်း ကြီးငယ်တွေ မနည်း ရှိနေ ပါသေးတယ်။

နောက်အကြောင်းပြချက်တခုဖြစ်တဲ့ လက်နက်စက်ရုံ ကိစ္စဟာလည်း တော်တော် ရယ်စရာကောင်းတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ တရုတ် ဗမာ နယ်စပ်က တချို့ ငြိမ်းအဖွဲ့အစည်း တွေမှာ လက်နက် ခဲယမ်း ထုတ်လုပ်တဲ့ စက်ရုံ ငယ်လေးတွေ ရှိတတ်တယ်။ ရှိတယ် ဆိုတာကို နအဖ မသိတာ မဟုတ်ပါဘူး။ အဲဒီ အဖွဲ့အစည်းတွေကလည်း ဗြောင်သာ ထုတ်မပြောတာ သိပ်ဖုံးကွယ် ထားကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဒီစက်ရုံးတွေ တည်ရှိနေတာဟာ နှစ်ပေါင်းကို ကြာလှပါပြီ။ ဒါ့အပြင် ပြောဖြစ်အောင် ပြောရမယ့် အချက်တခုက နဝတနဲ့ ဒီအဖွဲ့တွေ အပစ်အခတ် ရပ်စဲရေး ဆိုတာကို လုပ်ခဲ့ကြတုန်းက လက်နက်ခဲယမ်း မစုဆောင်းရ၊ မထုတ်လုပ်ရလို့ သဘောတူညီချက် မရှိခဲ့ပါဘူး။ အခုမှ သူတို့ရဲ့တပ်တွေကို ပြင်ဆင်ပြီးပြီ ဆိုတော့မှ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး ရမယ်ရှာတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး။ ဒီအကြောင်းပြချက်ကတော့ ပိုလို့တောင် ရီစရာ ကောင်းပါတယ်။ ဒီဒေသတွေမှာ ဗိုလ်ခင်ညွန့်နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်ပြီးမှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ အရေအတွက်အရ၊ အရည်အသွေးအရ၊ အမျိုးအစားအရ အကုန်တိုးပွား လာတယ်ဆိုတာ ကမ္ဘာ အသိပါ။ ဒါကို စစ်အစိုးရက မသိကျိုးနွံ ပြုထားသလို ထောက်လှမ်းရေး အပါ စစ်တပ် တချို့ဟာလည်း ဒီလုပ်ငန်းတွေကို မှီပြီး ဝင်ငွေ ကောင်းနေခဲ့ကြတာပါ။ ဒါပေမယ့် ၂၁ ရာစုဝင်ပြီးနောက်ကစပြီး ဒီဒေသတွေမှာ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကျဆင်းသွားတယ် ဆိုတာလည်း ကမ္ဘာက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ နအဖ စစ်အစိုးရဟာ ဦးဖုန်ကြားရှင်တို့ မူးယစ်ဆေးဝါး လှိုင်လှိုင် ထုတ်နေတုန်းက သူတို့ရဲ့ “အမျိုးသားညီလာခံ” မှာ တိုင်းရင်းသား ခေါင်းဆောင်ကြီးလို့ ဖူးဖူးမှုတ် ဗန်းတင်ထားခဲ့တာကို ဘယ်သူက မေ့ပါ့မလဲ။ နောက်ပြီး အခု ဦးဖုန်ကြားရှင်တို့ကို ဗကပထဲကနေ ခွဲထွက်စေတုန်း ကရော၊ အခု ဖြိုခွဲ တိုက်ခိုက်တဲ့ အခါမှာရော နအဖ စစ်အစိုးရဟာ လားရှိုးမှာ မူးယစ် ဆေးဝါး ရာဇာကြီးတွေကို တမင်ပင့်ဖိတ် အကြံဉာဏ်တွေ ယူခဲ့တယ်ဆိုတာ ကမ္ဘာက မသိဘူးမှတ်လို့လား။

ဒီတခါ နအဖက ဦးဖုန်ကြားရှင်တို့ရဲ့ ခေါင်းပေါ်ကိုဖြတ်ပြီး သေနတ် ဖောက်ပြလိုက်တာဟာ သေသေချာချာ၊ စေ့စေ့စပ်စပ် စီမံ ပြင်ဆင်ခဲ့တဲ့ တပြည်လုံး၊ တကမ္ဘာလုံး ကြားအောင် တမင် ပစ်ဖောက်လိုက်တဲ့ သေနတ်သံလို့ပဲ နားလည်ရပါတယ်။ သူတို့နဲ့ မတူသူတွေကို သေနတ်စာ ကျွေးမယ်လို့ ဖော်ပြလိုက်တာ ဖြစ်သလို သူတို့ရဲ့နောက်လိုက် သဗ္ဗနံ ပေါင်းစုံကိုလည်း “ယ-ရက်” နီးပြီလို့ တပ်လှန့် အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ တပါတည်း “မင်းတို့ရဲ့နောက်မှာ သေနတ်ရှိတယ်၊ လုပ်ချင်တာသာ လုပ်ကြ” လို့ ကျားစွယ် တိုက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ (၁၆ - ၉ - ၀၉)

၇၄ ခုနှစ် အခြေအနေမျိုး ပြန်ဖြစ်မယ့်အရေး လူထုဦးစိန်ဝင်း စိုးရိမ် သတင်း
သဘာဝဓာတ်ငွေ့ ပြတ်တောက်သဖြင့် ထိုင်းနိုင်ငံ ဘတ်ငွေ (၁) ဘီလျံ နစ်နာ သတင်း
ဂျီ (၂၀) အစည်းအဝေးနဲ့ သာသနာ့ဥသျှောင်အဖွဲ့ လှုပ်ရှားမှု သတင်း
လှုပ်ရှားမှုတွင် ပြည်သူများပါဝင်ရန် ကျောင်းသားအဖွဲ့များ တိုက်တွန်း သတင်း
မြင်းခြံမှာ (၅) ယောက်ဖမ်း သတင်း
နိုင်ငံရေးအကျဉ်းသားများ အခြေအနေဆိုး သတင်း
စစ်အစိုးရအပေါ် မူဝါဒအသစ်ချမှတ်ဖို့ ဂျပန်အစိုးရသစ်ကို Jane Birkin တိုက်တွန်း သတင်း
မြန်မာနိုင်ငံအသွင်ကူးပြောင်းရေး ပညာရှင်နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ ချက်နိုင်ငံမှာ ဆွေးနွေးပွဲကျင်းပ သတင်း
မလေးရှား လူဝင်မှုထိန်းသိမ်းရေး အကျဉ်းစခန်းကို အဆက်အသွယ်ဖြတ်တောက် သတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား သတင်း
ရွှေဝါရောင် (၂) နှစ်ပြည့် ကာလ အဖမ်းအဆီးကြမ်း သတင်း
စစ်အစိုးရက သံဃာတော်များကို အနီးကပ် စောင့်ကြည့်နေ (ရုပ်သံသတင်း)
အဖွဲ့ချုပ်မှ အမျိုးသမီးနှင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး ကြိုးပမ်း သတင်း
မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး တိုက်ပွဲဖြစ် သတင်း
ဒီကေဘီအေက ကေအန်ယူတပ်ကို လက်နက်ဖြင့် လှမ်းပစ် သတင်း
ဘင်္ဂလား-မြန်မာနယ်စပ်တလျှောက် မြန်မာဘက်က စစ်ရေးလှုပ်ရှားမှု တိုးမြှင့် သတင်း
မွန်ပြည်သစ်ပါတီနှင့် ဒီမိုကရက်တစ်တပ်ဦး ခေါင်းဆောင်အချို့ ကော်မတီဖွဲ့စည်း သတင်း
ရန်ကုန်တိုင်းရဲမှူး အပြောင်းအလဲ ဆက်ကြေးပုံစံပါ ပြောင်းလဲ သတင်း
ကုလသမဂ္ဂ အခြေအတင်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအရေး ဆွေးနွေးမည် သတင်း
စစ်တပ်က နိုင်ငံရေးပါတီ ဖွဲ့တော့မည် သတင်း
တပ်သားသစ် သိမ်းသွင်းရေးသင်တန်း ဒု-တိုင်းမှူးကိုယ်တိုင် သင်ကြားပို့ချ သတင်း
ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ သတင်း
ဆင်ပေါင်ဝဲမြို့နယ်မှ ကလေးတဦး စစ်သားအဖြစ် စုဆောင်းခံရ သတင်း
ပြည်တွင်းအခွန်ဦးစီးဌာနရုံး နေပြည်တော်သို့ ပြောင်းရွှေ့မည် သတင်း
စိတ်ကြွဆေးပြားများနှင့် မြန်မာနိုင်သားတဦး မဲဆောက်မြို့တွင် ဖမ်းမိ သတင်း
နမ္မတီး သကြားစက်ကို KIO ၀ယ်ယူ သတင်း
အလုပ်ရှင်နှင့် မန်နေဂျာကြောင့် မြန်မာအလုပ်သမား (၂၀၀) ကျော် အဖမ်းခံရ သတင်း
မြန်မာအလုပ်သမားများ ပတ်စ်ပို့လုပ်ရန် ဇဝေဇဝါဖြစ်နေ သတင်း
နိုင်ငံမဲ့ လူငယ်လေးတဦးရဲ့ အိပ်မက် (ဆောင်းပါး)
၂၀၁၀ ရွေးကောက်ပွဲနဲ့ နအဖ အကျပ်အတည်းများ (ဆောင်းပါး)

Wednesday, September 16, 2009

၈၈ ကာလ စစ်ထောက်လှမ်းရေးအဖွဲ့ အခန်းကဏ္ဍ

09 August 2009

၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး ကာလမှာ မြန်မာ့ ဆိုရှယ်လစ် ပါတီ ပြိုကွဲသွားပြီး နိုင်ငံတော် အုပ်ချုပ်မှု ယန္တယား ပျက်ခဲ့သလို စစ်ထောက်လှမ်းရေး အဖွဲ့ကြီးလည်း ဘာကိုမှ စနစ်တကျ လုပ်ဆောင် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ပါဘူးလို့ စစ် ထောက်လှမ်းရေးဟောင်း ဗိုလ်မှုး ဦးအောင်လင်းထွဋ် က ပြောဆိုပါတယ်။ စက်တင်္ဘာလ အတွင်း စစ်တပ်က အာဏာ သိမ်းခဲ့တာဟာလည်း ထောက်လှမ်းရေးရဲ့  အကွက်ချ လုပ်ဆောင်မှု မဟုတ်ဘဲ စစ်တပ် တခုလုံးအနေနဲ့ အာဏာရှင် ဦးနေ၀င်းရဲ့  အမိန့်ကို နာခံပြီး လုပ်ခဲ့ရတာ ဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။ အဲဒီလို လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့ရတဲ့ စစ်ထောက်လှမ်းရေး အဖွဲ့အတွင်းက အခြေအနေ၊ လုပ်ဆောင်ခဲ့တာတွေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် က ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း အား ထုတ်ဖော် ပြောဆိုထားချက်များကို တင်ပြထားပါတယ်။

ဦးအောင်လင်းထွဋ်။ ။ တကယ်တော့ ပရမ်းပတာပါပဲ။ အခြေအနေကို လုံးဝ ထိန်းသိမ်းနိုင်တဲ့ အနေအထားမျိုး ကျနော်တို့ မရှိပါဘူး။ အခုအချိန်မှာလည်း စစ်ထောက်လှမ်းရေး ပိုင်းမှာရော၊ စစ်တပ်ဖက် ပိုင်းမှာရော ဘယ်သူ့ အမိန့် နာခံရမယ့် အနေအထားမျိုး ကျနော်တို့ သိတယ်။ ကျနော်တို့ ထင်တာကတော့ ဦးနေဝင်းကတော့ အပြီးအပိုင် ထွက်သွားပြီးလို့ ထင်တာပဲ။ ဒါပေမယ့် စက်တင်္ဘာလ ၁၆ ရက်နေ့ ညကျတော့ ကျနော်တို့ နယ်မြေက အဖွဲ့တွေက ခေါ်တယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင်းမှုး ဗိုလ်ချုပ်မျိုးညွှန့် ပါတယ်၊ တပ်မ ၁၁ တပ်မမှုး ဗိုလ်ချုပ်ဝင်းမြင့်၊ တပ်မ ၂၂ တပ်မမှုး ဗိုလ်ချုပ်တင်လှ၊ ဗျူးဟာမှုးတွေဖြစ်တဲ့ ဗိုလ်မှုးကြီး စောလွင်တို့ ပါတယ်။ ကျနော်တို့ ထောက်လှမ်းရေးက ဆိုရင် ဗိုလ်မှုးကြီး စိန်ထွားတို့၊ ဗိုလ်မှုးကြီးတင်ဝင်း၊ ဗိုလ်မှုးကြီး ထွန်းကျော်တို့ ထောက်လှမ်းရေး တပ်က တပ်မှုးတွေ အားလုံး နဲ့ ကျနော်တို့လည်း ကပ္ပတိန် အဆင့်မှာ အဲဒီ အစည်းအဝေးမှာ ကျနော်တို့ ပါတယ်။ အဲဒီ အစည်းအဝေးမှာက ဗိုလ်ချုပ်ခင်ညွှန့်၊ အဲဒီအချိန်က ဗိုလ်မှုးကြီး ခင်ညွှန့်ပေါ့။ သူက ကျနော်တို့ကို ဘာ command ပေးလဲဆိုတော့ ဒီ စစ်တပ် နဲ့ ထောက်လှမ်းရေးကို အဲဒီညမှာ အားလုံးပေါင်း အတိုက်အခံ လူကြီးတွေ ၃၃ ယောက်၊ ၃၃ ယောက်ဆိုတာ သခင်ဟောင်းတွေပါတယ်။ ဦးနုတို့၊ သခင်တင်မြတို့ ဗိုလ်ရဲထွဋ် တို့ နာမည်ကြီး နိုင်ငံရေး သမားကြီးတွေ၊ ဟောင်းကြီးတွေ ပါတယ်။ ကျနော်ထင်တယ် ဒေါ်အောင်ဆန်း စုကြည်လည်း ပါတယ်။ ဗိုလ်ချုပ်တင်ဦး အားလုံး ထင်ရှားတဲ့ ပုဂ္ဂိုလ် ၃၃ ယောက်ကို ဖမ်းခိုင်းတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒါ ၁၆ ရက်နေ့ပေါ့။ စက်တင်္ဘာ ၁၆ ရက်နေ့ပေါ့။

ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ အဲဒါ ၁၆ ရက်နေ့ည။ အဲဒီ အစည်းအဝေးမှာ ကြမှ ဖမ်းခိုင်းရော။ ဖမ်းခိုင်းတဲ့ အခါကြတော့ ကျနော်တို့ လူငယ်တွေကတော့ ဘေးက နားထောင်တဲ့ အဆင့်ပဲ ရှိပါတယ်။ အဲဒီမှာ ဘာဖြစ်လည်း ဆိုတော့ ကျန်တဲ့ တပ်မမှုး အဆင့်ရှိတဲ့လူတွေ၊ နောက် ထောက်လှမ်းရေးက ဗိုလ်မှုးကြီး စိန်ထွား တို့က မေးပါတယ်။ ဒီလူတွေကို ဖမ်းတဲ့အခါမှာ မရရအောင် ဖမ်းရမှာလား၊ ဒါမှမဟုတ် ပစ်ခတ်ပြီးတော့မှ ဖမ်းရမှာလား ဆိုပြီး ဗိုလ်မှုးကြီး ခင်ညွှန့် ကို မေးတယ်ခင်များ။ ကျနော်တို့ ရှေ့ မှာပဲ မေးတယ်။ အဲဒီမေးခွန်းကို ဗိုလ်မှုးကြီးခင်ညွှန့် က မဖြေနိုင်ဘူး။ မဖြေနိုင်တဲ့ အခါကြတော့ ခင်များတို့ ခဏနေအုံးဆိုပြီး အပေါ် တက်သွားတယ်။ သူ အပေါ်တက်သွားတော့ အဲဒီ အချိန်မှာ ဗိုလ်ချုပ်ကြီး စောမောင်၊ ဗိုလ်ချုပ်ကြီး သန်းရွှေ တို့ ရှိလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့က အဲဒီအချိန်တုန်းက အပေါ်ထပ် အောက်ထပ်ဆိုတော့ အပေါ်ထပ် တက်သွားတယ်။ အပေါ်ထပ် တက်ပြီးတော့မှ ပြန်လာတယ်၊ ပြန်လာပြီးတဲ့ အခါကြမှ ဗိုလ်ချုပ်ခင်ညွှန့် က ဘာပြောသလဲ ဆိုတော့ မင်းတို့ နားလည်းဖို့က ဒါ အထက်ကနေ ခိုင်းတဲ့အတိုင်း ခိုင်းတဲ့ အမိန့်ကို စစ်တပ်ကနေ လုပ်ပေးရတာလို့ ပြောတယ်ခင်များ။ မရရအောင် ဖမ်းရမယ်ဆိုတယ့် သဘော မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ကို လုံခြုံရေးအရ ပြန်ပြီး တိုက်ခိုက်လာမယ် အန္တရာယ်ပြုလာမယ် ဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ အနေနဲ့ လုပ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောပြီး ကျနော်တို့ အဲဒီနေ့က ကျနော်တို့ လိုက်ပြီးတော့ ဖမ်းခိုင်းတယ် ဆိုပါတော့။ ဖမ်းခိုင်းတယ် အခါကြတော့ ဘယ်သူမှလည်း ဖမ်းချင်စိတ် မရှိပါဘူး။ ဖမ်းလို့ မရမှန်းလည်း အကုန်လုံး သိကြတယ်။ အဲဒီအချိန်မှာ တခုခု သွားလုပ်ရင် ပိုပြီးတော့ အခြေအနေက ပိုပြီး ရှုပ်ထွေးမယ်ဆိုတာ ကျနော်တို့ ဖြစ်လာကြတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလို အမိန့်ထွက်ပေးမယ့် လက်တွေ့ သွား မဖမ်းကြဘူးလား။

ဦးအောင်လင်းထွဋ်။ ။ လက်တွေ့မသွားဘူး မဟုတ်ဘူး သွားတယ် ကျနော်တို့လည်း သွားတယ်။ ကျနော်ဆိုရင် အလုံဖက်ကို သွားတယ်ဗျ။ အလုံဖက်ကို သွားတော့ သစ်တုံးတွေ ကာထားတယ်။ အဲဒီအထဲကိုလည်း ဆက်သွားဖို့ မရတဲ့ အခါကြတော့ စစ်ကြောင်းမှုးက ကျနော် နဲ့ တိုင်ပင်တယ်။ စစ်ကြောင်းမှုးက ခင်များတို့ မဝင်တော့နဲ့ ပြန်လှည့်တော့ပြောလို့ ကျနော်တို့ ပြန်လှည့်ပြီး ပြန်လာကြတယ်။ အဲဒီနေ့ကတော့ သခင်တင်မြ နဲ့ ဗိုလ်ရဲထွဋ်တို့ နှစ်ယောက်ကို ကျနော်တို့ ခေါ်လို့ရတယ်။ သူတို့က ဘာလို့ ခေါ်လို့ ရသလဲဆိုတော့ ဦးဝီဇယလမ်းပေါ်မှာ နေတဲ့အခါကြတော့ ဦးဝီဇယ လမ်းကတော့ အဲဒီအချိန်မှာတော့ ဂျင်းကလိနဲ့ စောင့်တာဘာညာ မရှိဘူးလေ။ ကျန်တဲ့ လူတွေကတော့ ရပ်ကွက်တွေ အတွင်းမှာ ဖြစ်နေတာကြောင့် ဝင်ရ မလွယ်ခဲ့ဘူး။ အဲဒီလို ဖြစ်ခဲ့တယ်။

ဦးသန်းလွင်ထွန်း။ ။ ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကာလ အတွင်းမှာပဲ ထောက်လှမ်းရေး အဖွဲ့က ဗိုလ်မှုးဥာဏ်လင်း နဲ့ ဗိုလ်မှုးစည်သူတို့ အဲဒီ အချိန်တုန်းက ဗိုလ်ကြီးအဆင့်၊ သူတို့ ဦးစီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချတဲ့ စာရွက်စာတမ်းတွေ ဝေဖို့ဆိုပြီးတော့ မြို့ထဲမှာ လည့်သွားနေတုန်း သပိတ်အဖွဲ့တွေက ဖမ်းဆီးမိခဲ့တယ့် အဖြစ်အပျက် တခုလည်း ရှိခဲ့တယ်။ အဲဒီအကြောင်းကို နည်းနည်း ပြောပြပါလား။ ဒီ လူတွေကလည်း ဦးအောင်လင်းထွဋ်တို့နဲ့ လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်လိမ့်မယ်။

Read More...

နေ့စဉ်သတင်းများ (၁၅ - ၉ - ၀၉)

စာသင်တိုက်တိုင်း မြန်မာစစ်အစိုးရအား သပိတ်မှောက် ကမ္မဝါစာ ရွတ်ဆိုရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ တိုက်တွန်းနှိုးဆော် သတင်း
တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ကြားနာခွင့်မရ သတင်း
တရုပ်အစိုးရ ဘယ်သူ့ဘက်ရပ်တည်သလဲ - အပစ်ရပ်များ မေးခွန်းထုတ် သတင်း
KNU နှင့် DKBA တိုက်ပွဲဖြစ်ပွား သတင်း
ပါတီမှ ခွဲထွက်အဖွဲ့ဝင်ကို မွန်ကာကွယ်ရေးတပ်မှ သေနတ်ဖြင့် လုပ်ကြံ သတင်း
အကျဉ်းသားသံဃာတော် ကျန်းမာရေး ဆိုးဝါးနေ သတင်း
၈၈ မျိုးဆက်ကျောင်းသူ နိုဘယ်အေး တိုက်ပိတ်ခံရခြင်းမဟုတ်ဟု ဆို သတင်း
ကလေးစစ်သားနှစ်ဦး အကျဉ်းကျခံရ သတင်း
မြန်မာစစ်တပ်အတွင်း ကလေးများကို အကြိုစစ်သားအဖြစ် စုဆောင်း သတင်း
မြန်မာပြည်အကြောင်း မြန်မာ့မိတ်ဆွေများအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည် သတင်း
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ချက်မှာ ဆွေးနွေး သတင်း
ရွေးကောက်ပွဲဥပဒေ မထွက်ပေမယ့် ကြိုတင်နိုင်ငံရေးလှုပ်ရှားမှုများ ရှိလာ သတင်း
၂၀၁၀ ရွေးကောက်ပွဲသဘောထားများ သတင်း
၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရအာဏာပိုင်များ ကွင်းဆင်းပြင်ဆင်နေ သတင်း
ရွေးကောက်ပွဲအတွက် အတင်းအကျပ် စည်းရုံးရေးဆင်း သတင်း
ဘုရားသုံးဆူမြို့တွင် ဗုံးတလုံး ထပ်မံပေါက်ကွဲ သတင်း
လေဆင်နှာမောင်း ဖြတ်သွား၍ ဘိုကလေးလူထု ထိတ်လန့် သတင်း
အောင်လံမြို့နယ် တရားရုံးမှာ လယ်သမား (၁၃) ဦး အမှုတွဲ ဆက်လက်စစ်ဆေး သတင်း
မိုးခေါင်၍ အဆင်မပြေသည့် တောင်သူများကို စပါး အတင်းစိုက်ခိုင်း သတင်း
နအဖနှင့် ကေအိုင်အိုကြား နယ်ခြားစောင့်တပ်ကိစ္စ (၇) ကြိမ်မြောက် ဆွေးနွေး သတင်း
အန်အယ်လ်ဒီ လူငယ်လုပ်ငန်းအဖွဲ့ (၆၉) မြို့နယ်တွင် ပြီးစီးဟုဆို သတင်း
အထက်မြန်မာပြည် မြို့အချို့တွင် အဖြူရောင်လှုပ်ရှားမှု ပြုလုပ် သတင်း
ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများ ရွေးကောက်ပွဲဝင်ရန် ပါတီထောင် သတင်း
ဦးသုဝေရဲ့ ဒီမိုကရက်တစ်ပါတီသစ် ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင် သတင်း
ဝန်ကြီးချုပ်ဟောင်းများ၏ သမီး (၃) ဦး ပါတီတခုဖွဲ့ရန် အသင့်ဖြစ်နေပြီ သတင်း
ဗုဒ္ဓတက္ကသိုလ်စာမေးပွဲများ စစ်တပ်လုံခြုံရေးတင်းကျပ်မှုဖြင့် ဖြေဆိုရ သတင်း
မြန်မာ့အရေး ကုလအထွေထွေညီလာခံမှာ ဆွေးနွေးမယ် သတင်း
ဝန်ကြီးချုပ် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်မည် သတင်း
ဖမ်းဆီးခံထားရသူများ ပြန်လွတ် သတင်း
တောင်ပိုင်း ၀ တပ်ဖွဲ့မိသားစု (၃၀၀) ကျော် ထိုင်း-မြန်မာနယ်စပ် အနီး ရွှေ့ပြောင်းလာ သတင်း
“တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာက ရှင်းနေတာပဲ” (ဦးဖုန်ကြားရှင်နှင့် အင်တာဗျူး)
‘သက်’ အမျိုးသားတဦးကို ပထမဆုံး မြန်မာဆိုင်ရာ ဘင်္ဂလားသံအမတ်အဖြစ် ခန့်အပ် သတင်း
လက်သည်မပေါ်ဘဲ ရဲတပ်ကြပ်တဦး သေဆုံးမှု ဇနီးဖြစ်သူက နေပြည်တော် စာပို့ သတင်း
ရေတပ်နှင့် စစ်တပ် ငါးဒိုင်များမှ ငါးများကို ဈေးနှိမ်ဝယ်၍ ၀ယ်ယူ သတင်း
“မနှေးပင် ဝတ်မည် ပင်နီ …” (ဆောင်းပါး)
အနာဂတ်ကြယ်ပွင့်လေးများ (ဆောင်းပါး)

Tuesday, September 15, 2009

အတ္တပရဟိတလုပ်ငန်း

လူထုစိန်ဝင်း


အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ခေါ်ကြတဲ့ “အင်ဂျီအို” တွေ “အိုင်အင် ဂျီအို” တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းလို့ ဆိုတဲ့ အဖွဲ့တွေ အကြောင်း မကြာခဏ ဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ်ကလေးကို ရေးဖြစ်ပါတယ်။ အင်တာဗျူးတွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အကြောင်း မသိသူ တချို့က ဘာကြောင့် ဒါလောက်မျက် မုန်းကျိုးနေတာ လဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးလို့” လို့ပဲ လို တိုရှင်း ဖြေလေ့ရှိပါတယ်။

အတုမြင် အတတ်သင်မှာစိုး

ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်းသူတွေကြောင့် ကျနော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ်နေကြတာတော့ အတော်လေး ကြာနေပါပြီ။ ဒါပေမယ့် ဘာမှ မပြောခဲ့ပါဘူး။ အခုတော့ ကျနော်တို့ မြန်မာ လူမျိုးတွေ ကိုယ်တိုင်က ကိုယ့်လူမျိုးကို မျောက်အဖြစ် လက်ညှိုးထိုးပြပြီး မျောက်ပြ ဆန်တောင်းသူ ဖြစ်လာ ကြတာမျိုးတွေ တနေ့တခြား များသထက် များလာနေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေ ရေးနေ ရတာဖြစ်တယ်။ စေတနာ ရှင်းသန့်တဲ့ လူငယ်လေးတွေ “အတုမြင် အတတ်သင်” ဖြစ်ကုန်ကြမှာ စိုးလို့ပါ။ တနှစ်ကို တကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေး ရေးသား နေရင်းကတောင် တန့်သွားမယ့် အစား ပိုပိုပြီး ကျယ်ပြန့် လာတာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရ ရေးရတာ ဖြစ်တယ်။

ဘယ်သူ့မှ အားမကိုးနဲ့

ဘယ်ထိ အခြေအနေဆိုးတယ်ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရ ပြောရရင် ဒီလို အဖွဲ့အစည်းတွေ အကြောင်း စပြီး ဝေဖန် ရေးသားခဲ့တာ ပထမအကြိမ်က ကုလ သမဂ္ဂနဲ့ ပတ်သက်တာဖြစ်ပြီး နောက်တကြိမ်ကတော့ အင်ဂျီအို တခုနဲ့ ပတ်သက်တာဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က “ဂမ်ဘာရီ” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မြန်မာ့ နိုင်ငံရေး ကိစ္စ ကြားဝင် ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ် ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူတွေနဲ့ နိုင်ငံရေး ဂုရုတွေ၊ နိုင်ငံရေး ပါတီကြီးတွေက ဂမ်ဘာရီ လာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြ တာတွေကို မြင်တွေ့နေရတဲ့ အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှရမယ်။ ကုလသမဂ္ဂလည်း မကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့၊ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်ဟာကိုယ် ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။

အဲဒီတုန်းကလည်း စာဖတ်ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။

ဆရာကောင်း တပည့်တွေ

လူထုစိန်ဝင်း

Ref: ဒေါက်တာလွမ်းဆွေ

Read More...

နေ့စဉ်သတင်းများ (၁၄ - ၉ - ၀၉)

မြန်မာ့အရေး တရုတ်နှင့် အနောက်နိုင်ငံတို့ ညှိနှိုင်းချဉ်းကပ်သင့်ဟု ICG ပြော သတင်း
တရုတ်က မြန်မာအပေါ် ထင်သလောက် သြဇာမရှိလို့ဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ ကြားနာပွဲ ကိုယ်တိုင်တက်ရောက်ခွင့် ငြင်းပယ်ခံရ သတင်း
နိုင်ငံရေးအကျဉ်းသူနှစ်ဦးကို တိုက်ပိတ်ပြစ်ဒဏ်ပေး သတင်း
မော်လမြိုင်ထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ သတင်း
ကလေးလူကြီးမကျန် စစ်တပ်က အဓမ္မအလုပ်စေခိုင်းမှု (ဗွီဒီယိုသတင်း)
ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် ကြေညာချက် သတင်း
၈၈ မျိုးဆက်နှင့် ဗကသကျောင်းသားများအဖွဲ့က သံဃာများအား ထောက်ခံ သတင်း
နအဖတပ်နှင့် ကေအန်ယူတပ် တိုက်ပွဲဖြစ်ပွား သတင်း
တိုင်းရင်းသားအဖွဲ့များ လက်နက်စွန့်ရေး စစ်အစိုးရသတင်းစာ ဖော်ပြ သတင်း
ဦးသုဝေနှင့် ဦးဝင်းနိုင် ၂၀၁၀ ရွေးကောက်ပွဲကြို သတင်း
ထိုင်းနိုင်ငံက မြန်မာအိမ်ဖော်မလေးများ သတင်း
ဦးဝင်းတင် ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် သဘောထား ထင်ဟပ်ဟုဆို သတင်း
တခြားတိုင်းရင်းသားအဖွဲ့များလည်း အတိုက်ခံရမည်ဟု ဖုန်ကြားရှင် သတိပေး သတင်း
ဗိုလ်ချုပ်ရဲမြင့်နှင့် ဆွေးနွေးနေစဉ် ကေအိုင်အို အမြောက်ကြီး ပစ်ခတ် သတင်း
စစ်အစိုးရတပ် ချုံခိုတိုက်ခိုက်ခံရ သတင်း
ဘက်ပြောင်း ကရင်တပ်မတော် ဗိုလ်ကြီးဟောင်း ခြုံခိုတိုက်ခိုက်ခံရ၍ သေဆုံး သတင်း
ကရင်လူထု (၇၀၀၀) ကျော် စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံနေရ သတင်း
မနိုဘယ်အေး တိုက်ပိတ်ခံရ သတင်း
စစ်အရာရှိဟောင်းများ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် သတင်း
အာဏာ (၄၀) ရာခိုင်နှုန်း ခွဲပေးရန် စစ်အစိုးရကို တကျော့ပြန် ဦးဝင်းနိုင် အဆိုပြု သတင်း
ချင်းမိုင်ရှိ မြန်မာ့အရေးလှုပ်ရှားသူတချို့ ဖမ်းဆီးခံရ သတင်း
ထူးကုမ္ပဏီ ပုပ္ပားဘေးမဲ့တောကို ခုတ်ပြီး လက်ဖက်စိုက်နေ သတင်း

Monday, September 14, 2009

မြန်မာပြည်သူတွေအတွက် မလိုအပ်တဲ့ 'ရွေးကောက်ပွဲ'

(ဦးဝင်းတင်)

မကြာသေးခင်က အထက်လွှတ်တော်အမတ် ဂျိမ်းဝက်ဘ် ကျနော့် တိုင်းပြည်ကို အလည်အပတ် သွားခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အကျဉ်းကျ ခံနေရတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ တွေ့ဆုံ စကားပြောခဲ့တာ တွေအပေါ် လူတွေက အများကြီး အာရုံ စိုက်ခဲ့ကြပါတယ်။ ဝက်ဘ်က မြန်မာပြည်ရဲ့ အုပ်စိုးသူ အာဏာပိုင်တွေနဲ့ အဓိပ္ပာယ်ရှိရှိ တွေ့ဆုံ ဆွေးနွေးချင်တာကို ကျနော် နားလည်ပါတယ်။ ကံမကောင်း အကြောင်း မလှတာကတော့ သူ့ကြိုး ပမ်းချက်တွေဟာ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ထိခိုက် နစ်နာစေပြီး မှားယွင်းတဲ့ အကြောင်းအရာပေါ်မှာ အလေးထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအကြောင်းအရာကတော့ ရေရှည် နိုင်ငံရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတခု အဖြစ် ပါဝင်ဆင်နွှဲဖို့ ဝက်ဘ်က ကျနော်တို့ကို စဉ်းစားစေချင်တဲ့ ရှေ့နှစ် "ရွေးကောက်ပွဲ" အလားအလာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက စီစဉ်ထားတဲ့ ဟန်ပြ ရွေးကောက်ပွဲဟာ ကျနော်တို့ ပြည်သူလူထုတွေ လိုလားနေတဲ့ လွတ်လပ်ရေးကို သရော်မော်ကားလုပ်ပြီး စစ်အာဏာရှင် စနစ်ကို ထာဝရ တည်တန့်အောင် လုပ်သွားမှာ ဖြစ်ပါတယ်။

ကျနော်တို့ဆီက နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ် တဲ့ရွေးကောက်ပွဲမှာ မြန်မာ ပြည်သူတွေဟာ မဲဆန္ဒ အပြတ် အသတ်နဲ့ စစ်တပ် အုပ်စိုးမှုကို ပယ်ချခဲ့ပြီး ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လွှတ်တော်နေရာ ၈၀ ရာခိုင်နှုန်း နှင်းအပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ချုပ်ကို အစိုးရဖွဲ့ခွင့် ပေးဖို့ စစ်အုပ်စုက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲ ပြီးနောက် ၁၉ နှစ် အတွင်းမှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူတွေဟာ တရားမျှတမှု၊ တဦးချင်းအခွင့် အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြန်မာပြည်သူ အားလုံးကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ အစိုးရ ပုံသဏ္ဍာန် တို့ကို ငြိမ်း ချမ်းစွာတောင်းဆို ဖော်ပြနေရင်း အကျဉ်းချမှု၊ ခြိမ်းခြောက်မှု၊ ညှဉ်းပန်း နှိပ်စက်မှုနဲ့ အသက်ဆုံးပါးမှု တို့ကို ကြုံခဲ့ရပါတယ်။

အဖွဲ့ချုပ်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေး တိုက်ပွဲကို တခါမှ မရပ်နားခဲ့ သလို စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံပြီး ငြိမ်းချမ်း ရေးနဲ့ အပြန်အလှန် လေးစားရေး အခြေခံပေါ်မှာ မြန်မာပြည်ရဲ့အချက်အချာ နိုင်ငံရေး ပြဿနာ လူမှုရေး ပြဿနာတွေ ကိုင်တွယ် ဖြေရှင်းနိုင်မယ့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ဖို့လည်း တောက်လျှောက် ကြိုးပမ်းခဲ့ပါတယ်။ ဒီကိစ္စနှစ်ရပ်ဟာ ဆက်စပ်နေတာကို လုံးဝ သံသယမရှိပါနဲ့။ မြန်မာနိုင်ငံဟာ တချိန်တခါက အာရှတိုက်ရဲ့စပါးကျီကြီး ဖြစ်ခဲ့ပါတယ်။ ဒီ ကနေ့မှာတော့ စစ်အစိုးရရဲ့ စီးပွားရေး အဖျက် ပေါ်လစီတွေနဲ့ စစ်အာဏာ ထိန်းထားနိုင်ဖို့ ဖိနှိပ် အုပ်ချုပ် နေတာကြောင့် ဆင်းရဲတွင်း နက်နေတဲ့ ဗယုတ်သုက္ခ တိုင်းပြည် ဖြစ်နေပါပြီ။

စစ်အစိုးရဟာ ဟန်ပြ "ရွေးကောက်ပွဲ" ကတဆင့် သူ့ကိုယ်သူ တရားဝင်မှု မျက်နှာဖုံး တပ်ဖို့ ကြိုးပမ်းနေပြီး "စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ" ကို လာမယ့်နှစ်မှာ ထူထောင်မယ်လို့ ကြွေးကြော် နေပါတယ်။ ၂၀၀၈ ခု မေလမှာ ဧရာမလေမုန် တိုင်းကြီးတခုက ဗမာပြည်ကို ထောင်းထောင်းချေ၊ လူတသိန်းကျော် အသက် ဆုံးစေခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ စစ်အစိုးရက ရယ်စရာကောင်းတဲ့ လုပ်ဇာတ်တခု သုံးပြီး၊ စစ်အာဏာကို ရာသက်ပန် ဦးထိပ်ထားမယ့် အခြေခံ ဥပဒေကို မဲဆန္ဒရှင် ၉၃ ရာခိုင်နှုန်းက ထောက်ခံကြောင်း ကြေညာ ခဲ့ပါတယ်။ အဲဒီအခြေခံ ဥပဒေဟာ အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း မရှိလှတဲ့ "နိုင်ငံခြား အဆက်အသွယ်" ရှိသူတွေကို အစိုးရ ရာထူးမယူစေဖို့ တားမြစ်ထားပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီမိုကရေစီ လှုပ်ရှုား တက်ကြွသူတွေ အာဏာ မရနိုင်အောင် ကျယ်ကျယ် ပြန့်ပြန့် တားမြစ် ပိတ်ပင်ထားတဲ့ ပြဋ္ဌာန်းချက် တွေထည့်သွင်း ထားပါတယ်။

Read More...

နေ့စဉ်သတင်းများ (၁၃ - ၉ - ၀၉)

ဦးဝင်းတင်ကို ရဲသတင်းတပ်ဖွဲ့က ယာယီခေါ်ယူမေးမြန်း သတင်း
ရွေးကောက်ပွဲမ၀င်ရေး NLD မဆုံးဖြတ်သေး၊ စစ်အစိုးရဘက်က အစိုးရသစ်၊ ပါတီသစ် ကြေညာနိုင် သတင်း
အပစ်ရပ် သူပုန်အဖွဲ့များကို စစ်အစိုးရ ချီးကျူးရေးသား သတင်း
ကိုးကန့်တိုက်ပွဲနဲ့ တိုင်းရင်းသားတွေရဲ့ အနာဂတ် (တနင်္ဂနွေဆွေးနွေးပွဲ)
လူထုစိန်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက် သတင်း
အိပ်ခ်ျအိုင်ဗွီအဖွဲ့အစည်းများ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းရမည် သတင်း
စိတ်ကြွဆေးပြား နှစ်သိန်းကျော် ဖမ်းဆီးရမိ သတင်း
ကေအဲန်ယူ ဗိုလ်လောင်းသင်တန်းဆင်းပွဲ ပြီးစီး သတင်း
ကိုးကန့်နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအခြေအနေ သတင်း
မြန်မာမှ ပိုင်ဆိုင်ကြောင်းပြောဆိုသော ရေပြင်ပိုင်နက်ကို ဘင်္ဂလားက ကုလသမဂ္ဂတွင် ကန့်ကွက် သတင်း
တရုတ်နယ်စပ် မငြိမ်သက်မှု ဘင်္ဂလား-မြန်မာနယ်စပ် ဆံပင်ဈေးကွက်ကို ထိခိုက် သတင်း
ဖခင်ဖြစ်သူ၏ အကြွေးငွေ (၄၀၀၀) အတွက် အသက် (၁၃) အရွယ် အမျိုးသမီးငယ်တဦး (၇၅) နှစ်အရွယ်ရှိ အဖိုးကြီးတဦးကို လက်ထပ်ရ သတင်း
ဇင်ဘာဘွေအပေါ် အီးယူဒဏ်ခတ်မှု ရုတ်သိမ်းဦးမည်မဟုတ် သတင်း
အီရန်နဲ့ နျူကလီးယားကိစ္စ အမေရိကန် အာရုံစိုက် ဆွေးနွေးမည် သတင်း
တိုက်ပွဲအတွင်း တာလီဘန် (၅၀) သေဆုံး၊ အာဖဂန် ကြေညာ သတင်း

Sunday, September 13, 2009

နေ့စဉ်သတင်းများ (၁၂ - ၉ - ၀၉)



- စစ်အစိုးရက ဦးဝင်းတင်ကို ယာယီထိန်းသိမ်း၊ စစ်ဆေးပြီး ပြန်လွှတ် သတင်း
- ဗကသကျောင်းသားခေါင်းဆောင် ကျော်ကိုကို ကို ထောင်တွင်းစစ်ဆေး သတင်း
- (၆၆) နှစ်ပြည့် ရှမ်းအမျိုးသားခေါင်းဆောင် ခွန်ထွန်းဦးမွေးနေ့ ကျင်းပပြုလုပ် သတင်း
- နိုင်ငံရေးအကျဉ်းသားတွေ ရပိုင်ခွင့်ပျောက်ဆုံးနေဆဲ သတင်း
- ကိုညီညီအောင်အတွက် လွှတ်တော်အမတ် စိုးရိမ် သတင်း
- HIV စေတနာ့ဝန်ထမ်းအဖွဲ့များကို စစ်အစိုးရ ညွှန်ကြားချက်ထုတ် သတင်း
- အသက် (၁၄) နှစ် စစ်သား သတင်း
- မြန်မာကမ်းရိုးတန်း မုန်တိုင်းဝင်နိုင် သတင်း
- ပင်စင်စားတွေတောင် လမ်းဘေးမှာ တောင်းစားနေရ (ဗွီဒီယိုအထူးသတင်း)
- အီရန်နဲ့ နျူကလီးယားကိစ္စ အမေရိကန် အာရုံစိုက် ဆွေးနွေးမည် သတင်း
- အာဖဂန်ရွေးကောက်ပွဲ အကြိုရလဒ်တွေမှာ သမ္မတ ခါဇိုင်း အသာရနေဆဲ သတင်း
- ရတနာစီမံကိန်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် ရေနံကုမ္ပဏီတွေ လက်မခံ သတင်း
- ERI အစီရင်ခံစာကို ရေနံကုမ္ပဏီတွေနဲ့ ဘဏ်တွေက တုန့်ပြန် သတင်း
- ရှစ်လေးလုံးအလွန် ကျောင်းသားတိုက်ပွဲများ (အသံလွှင့်ဆောင်းပါး)
- ၇၄ အခြေခံဥပဒေ မရှိကြောင်း လျှောက်လဲမည် သတင်း
- ဗကသများအဖွဲ့ချုပ်အနေနဲ့ လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေ သတင်း
- တိုင်းရင်းသားအရေး လုံခြုံရေးကောင်စီ ၀င်ရောက်ထိန်းသိမ်းရန် အမျိုးသားကောင်စီက တောင်းဆို သတင်း
- လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် လွှတ်တော်ကြားနာပွဲ ပြုလုပ်ရန် ပြင်ဆင်နေ သတင်း
- ကိုးကန့်အရေး ဖြေရှင်းနေရတဲ့ မြန်မာစစ်အစိုးရ သတင်း
- မြန်မာပြည်ပေါ်က တိမ်တိုက်အမှောင် (ဆောင်းပါး)
- ဗုဒ္ဓတရားတော်နဲ့ နိုင်ငံရေး (ဆောင်းပါး)
- မင်းကိုနိုင် ထောင်တွင်းမှာ ရေးဆွဲခဲ့တဲ့ ပန်းချီများ (ဆောင်းပါး)
- ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ - အမှတ် (၁၇) (ဆောင်းပါး)
- မေ ၂၀၀၈ ခုနှစ်နှင့် နာဂစ်အမှတ်တရ နေ့ညများ (၁) (ဆောင်းပါး)
- အမေရိကန် စီးပွားရေးအကျပ်အတည်းနဲ့ ဖို့ဝိန်းမြို့ရောက် မြန်မာများ (ဗွီဒီယိုသတင်း)
- FaceBook အမြန်နဲ့ အလွယ်ဗားရှင်းလာပြီ သတင်း
- အမ်အေအိုင်လေကြောင်း ဗုဒ္ဓဂယာသို့ ပြေးဆွဲမည် (ရုပ်သံသတင်း)
- “မြန်မာ့ရုပ်သေးဟာ ကမ္ဘာကိုပေါက်သွားတယ်” (အင်တာဗျူး)
- စက်တင်ဘာ (၁၁) အကြမ်းဖက်တိုက်ခိုက်မှု (၈) နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ သတင်း
- ဆွန်ဒီးကို အာမခံနဲ့ လွှတ် သတင်း

အပေါ်သို့