Saturday, March 20, 2010

နေ့စဉ်သတင်းများ ( ၁၉ - ၃ - ၁၀ )

အမေရိကန်အစိုးရအဖွဲ့အတွင်း မြန်မာကို တိုးမြှင့်ဒဏ်ခတ်ဖို့ ဆွေးနွေးနေကြပြီ သတင်း
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည် သတင်း
လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ သတင်း
ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ သတင်း
ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု ဒီမိုကရက်တစ်အင်အားစုများ စတင် သတင်း
အန်အယ်လ်ဒီ နှစ်ခြမ်းကွဲမှာ စိုးရိမ်မှုများ ထွက်ပေါ် သတင်း
ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်မှု မြင်ကွင်း သတင်း
စစ်အစိုးရနှင့် ကချင်အကြား တင်းမာမှုပိုလာ သတင်း
မြန်မာသင်္ဘောသားများ ကံကြမ္မာ- ဆိုမာလီဓားပြများနှင့် ညှိနှိုင်း သတင်း
ကချင်နယ်စပ်ကုန်သွယ်ရေးဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ် သတင်း
ရေနံချောင်းမြို့နယ်က တောင်သူတွေ နစ်နာနေ သတင်း
ဘင်္ဂလားဒေ့ရှ်မြေပေါ် ခြံစည်းရိုးကာရံမှု ကန့်ကွက်ခံရ သတင်း
မြန်မာနဲ့ တောင်ကိုရီးယား ဆက်ဆံရေးမှာ စီးပွားရေးကို ပိုပြီး ရှေ့တန်းတင် သတင်း
ကမ္ဘာပေါ်က အချမ်းသာဆုံး ကုဋေကြွယ် သူဋ္ဌေးကြီးများ သတင်း
နောက်ချေးကရတဲ့ အစားထိုးလောင်စာ သတင်း
ဝက်ချေးကရတဲ့ လျှပ်စစ်မီး သတင်း
တိုက်ခိုက်ခံခဲ့ရသော AMI ရုံးကို ဘူးသီးတောင်မှ တရားဝင် ရုတ်သိမ်းပြီ သတင်း
ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို နစကမှ သိမ်းဆည်း သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ အိမ် အရေးပေါ် ပြင်ဆင်ရန် လိုအပ်နေ သတင်း
ရန်ကုန်တိုင်းရဲမှူး စစ်ဘက်အရာရှိဖြင့် ပြောင်းရွှေ့ခန့်ထား သတင်း
ရန်ကုန်မြို့လယ်ခေါင်တွင် လုံခြုံရေး အင်အားပြ သတင်း
ဝနယ်မှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်း လုပ်ဆောင် သတင်း
စစ်အစိုးရက မွန် (၁၅) ဦး ကော်မတီကို စည်းရုံး သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရေး မွန်ပြည်သစ်ကို နအဖက ဖိအားပေး သတင်း
ကရင်ဒုက္ခသည် (၃၀၀) ခန့် ထိုင်းယာယီဒုက္ခသည်စခန်းမှ ထွက်ခွာ သတင်း
ဒီကေဘီအေတပ်မှူး၏ နေအိမ်သစ်ဖွင့်ပွဲ ကြော်ငြာကပ် ဖိတ်ကြား သတင်း
မြန်မာလုပ်သားများ သေမှု အရေးယူရန် ထိုင်းကို တောင်းဆို သတင်း
စစ်တပ်မှ ခင်ပွန်းသည်အား သတ်ဖြတ်၊ ရင်သွေးငယ်မှာ ပြေးလွှားရင်း သေဆုံး သတင်း
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းလွယ်ကူသဖြင့် ဖြေနိုင်သူ များပြား သတင်း
ခေတ်ရဲ့သားကောင် (ဆောင်းပါး)
၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးလမ်းသုံးသွယ် (ဆောင်းပါး)
ပေးသလောက် ရသလောက်ကိုပဲ ဒူးကလေးထောက်ကာ ခံယူ (ဆောင်းပါး)

မန္တလေးသား စစ်စစ်ကြီးပါဗျာ

Friday, March 19, 2010

ကချင်အထူးဒေသ (၂) ကေအိုင်အို ၏ အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းနှင့်ပတ်သတ်၍တင်ပြခြင်း

March 19, 2010

ကချင် အထူးဒေသ(၂)ကေအိုင်အို

ဆင်ဖြူတော်နဲ့ ခွေးတိုးပေါက်

March 19, 2010


မင်းမှာသစ္စာ လူမှာကတိတဲ့။ လူတိုင်းကြားဖူးတဲ့ စကားပါ။ ခက်တာက အနှစ် လေးငါးဆယ်ကျော် မင်းစိုးရာဇာဆိုတဲ့ ဗမာလူ့အဖွဲ့အစည်းရဲ့ ဖောက်ပြန်တဲ့ အစိုးရ အဆက် ဆက်က သစ္စာလည်းမတည် ကတိလည်း ဘယ်တုန်းကမှ မမြဲလေတော့ ဒီနေ့ခေတ်လူ အများက ဒီစကားဟာ ဘုရားဟော ဘုတ်အုပ်ကြီးတွေထဲက ဟာတွေလို့ပဲ ပေါ့ပေါ့ သဘောထားကြတော့တယ်။ အဲဒီလို အဆက်ဆက်သော အုပ်စိုးသူ ဖောက်ပြန်ရေး သမားတွေရဲ့ ဖောက်ပြန် သစ္စာဖောက်သမျှတွေထဲမှာ အောက်တန်း အကျတကာ့ အကျဆုံး၊ အယုတ်တကာ့ အယုတ်ဆုံး စံချိန်သစ်ကို ပြိတ္တာသန်းရွှေ့နဲ့ စစ်မိစ္ဆာတွေက မတ်လ (၈) ရက် နေ့က ချိုးလိုက်ပါပြီ။ စိတ်ကြိုက်ကုလားဖန်ထိုး စိတ်ကြိုက်ချိုးပြီး ကိုယ့်ဖဲကိုယ်ဝေခဲ့တဲ့ (၉၀) ခု ရွေးကောက်ပွဲ ဆိုတာကို ပယ်ဖျက်လိုက်ပြီ ဆိုပါလား။ သူတို့ကိုယ်တိုင် လုပ်ခဲ့ပြီး ရလာဒ်ကို လေးစားပါမယ်၊ အနိုင်ရပါတီကို အာဏာ လွဲပေးပါမယ်ဆိုတဲ့ ကတိကို ဖောက်ဖျက်တာပါ။ တကယ်ဆို ဒီလို ကြီးကျယ်တဲ့ ကိစ္စရပ်ကို သီးခြား အမိန့်စာနဲ့ ကြေငြာရမှာ ဖြစ်ပေမဲ့ အခုတော့ ခိုးကြောင်ခိုးဝှက်နဲ့ ရွေးကောက်ပွဲ ဥပဒေတွေထဲမှာ လုံးချထည့်လိုက်တယ်။ ယောက်ျား ရင့်မကြီး စစ်ဗိုလ်စစ်သားလုပ်ပြီး သူရဲဘောနည်းတာ၊ သစ္စာဖောက်တာပါ။

လွယ်လိုက်တာ။ နိုင်ငံ့အရေးကိစ္စကိုလုပ်ချလိုက်ပုံက ဘုရားကြို ဘုရားကြားကနေ ကလေးကုလား ခွေးစကားပြော ဆိုသလိုပါပဲ။ ကြောင်လိုက်တဲ့ သူရဲဘော၊ သတ္တိဆိုတာ ဒီဗိုလ်ချုပ်တွေဆီမှာ မုန်ညင်းစေ့ တစေ့စာတောင် မရှိဘူးဆိုတဲ့သဘောပဲ။ ကျလိုက်တဲ့ ဗမာ့သိက္ခာ ကုန်းကောက်ချင် ငရဲပြည်ထိ လိုက်ရမည့်ကိန်း။

ပြီးခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတုန်း ကလည်း ကိုယ်ကိုးကွယ်တဲ့ ဘုရားကျောင်းကန်တွေဖျက် သံဃာတွေ သတ်ပြီး အမျိုးဘာသာ သာသနာ့ဂုဏ်ကို သူမတူအောင် စော်ကား နှိမ့်ချနိုင်ခဲ့သလို ၂၀၀၈ နာဂစ် မုန်တိုင်းဘေးမှာ လည်း ဒုက္ခသည်တွေကို ဒုက္ခထပ်ပေး၊ နှိပ်စက်၊ အလှူပစ္စည်းတွေကို ခိုးဝှက်ပြီး ကမ္ဘာ့ အလယ်မှာ ဗမာ့ဂုဏ်သိက္ခာကို အစွမ်းကုန် ချပြနိုင်ခဲ့ကြတဲ့ မဟာဗာလနံ လူမိုက်ဗိုလ်ချုပ်တွေပါ။ ထောင်သောင်းချီတဲ့ ကျဆုံးရဲဘော် သူရဲကောင်းတွေ၊ ဒေါ်စုတို့၊ ဦးဝင်းတင်တို့၊ မင်းကိုနိုင်တို့နဲ့ တခြားအကျဉ်းစံ သူရဲကောင်း နှစ်ထောင်ကျော်တို့ ရှိနေလို့သာ တော် တော်တော့သေးတယ်။ သူတို့ရဲ့ ဇွဲ၊ သတ္တိ၊ အာဇာနည် လုပ်ရပ်တွေနဲ့ ကမ္ဘာ့အလယ်မှာ ဗမာ့ဂုဏ် သိက္ခာကို ဖာထေးနေရတယ်။ နိုင်ငံ့ခေါင်းဆောင် ဆိုတဲ့ ဒီဗာလနံ ဗိုလ်ချုပ်တွေလိုသာဆို ဗမာ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်မှာ ခေါင်းဖော်ရဲ စရာတောင် မရှိဘူး။

Read More...

မြန်မာပြည် ရွေးကောက်ပွဲက လိမ်လည်လှည့်ဖျားမှုပဲ

ဧရာဝတီ
Thursday, March 18, 2010

လူ့အခွင့် အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံက ခရစ်ယာန် ဂုဏ်းချုပ် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကို ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေး မြန်းခဲ့ပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ၂၀၁၀ ရွေးကောက် ပွဲကို “လိမ်လည် လှည့်ဖျားမှု” တခု အဖြစ် ပယ်ချခဲ့ကာ“ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံ ခေါင်းဆောင်ကို ဖယ်ထုတ်ထားပြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေကို အာဏာရှင်က စိတ်ကြိုက် ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျ ကျင်းပ ပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ”လို့ မေးခွန်း ထုတ်လိုက်ပါတယ်။

သူ့လိုပဲ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကိုလည်း ဘုန်းတော်ကြီး တူးတူးက သူ့အနေနဲ့ ရန်ကုန်မြို့ကို သွားပြီး “ညီမငယ်ရေ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင် အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ် တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ စောင့်မျှော်နေမယ်” ဆိုတဲ့အကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန် တူးတူးဟာ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို အကြမ်းမဖက် လှုပ်ရှားမှုနဲ့ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ ခုနှစ်က ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ခံရပြီး အဲဒီဆုကို အာဖရိကရဲ့ ဒုတိယမြောက် ရရှိသူ ဖြစ်ပါတယ်။

မေး။ ။ သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမယ့် မူဝါဒကို ချမှတ်ခဲ့ပါတယ်။ ဒီမူဝါဒအောက်မှာ စစ်အစိုးရနဲ့ တွေ့ဆုံမှုတွေ အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမယ့် အခုထိ တိုးတက်တဲ့ အရိပ် လက္ခဏာ မတွေ့ရသေးပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ပိုတိုးလာတာပဲ ရှိပါတယ်။ အဲဒီ အမေရိကန် အစိုးရရဲ့ မူဝါဒ အပေါ်မှာ ဘုန်းတော်ကြီးရဲ့ အမြင် ဘယ်လိုရှိပါသလဲ။

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၃ - ၁၀ )

စစ်အစိုးရကို ဥပဒေအရ တုံ့ပြန်ရန် NLD ဆုံးဖြတ် သတင်း
ရွှေဂုံတိုင်ကြေညာချက် ပြန်သုံးသပ်မည် သတင်း
မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ အရေးပေါ် ဆွေးနွေးဖို့ ဗြိတိန် ကြိုးပမ်း သတင်း
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးမည် သတင်း
မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ ရွေးကောက်ပွဲဥပဒေ ရှင်းလင်းချက် ဖိလစ်ပိုင် အားမရ သတင်း
ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲကန့်သန်မှုကို ဖိလစ်ပိုင် စိုးရိမ် သတင်း
ရွေးကောက်ပွဲဥပဒေ အိန္ဒိယလွှတ်တော်အမတ်တွေ စိတ်ပျက် သတင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ သတင်း
လွှတ်တော်ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး (၅) သိန်း သတင်း
ကချင်ပြည်နယ်တွင် ဗုံးအလုံး (၃၀) ကျော် ဖမ်းမိ သတင်း
မြောက်ပိုင်းသို့ တပ်ရုပ်ပြန်ရန် တောင်ပိုင်း ၀ တပ်မှူးများ လက်မခံ သတင်း
လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင်များ မိသားစုနှင့်တကွ ထွက်ပြေး သတင်း
ကိုညီညီအောင် ပြန်လွတ်ပြီ သတင်း
လွတ်မြောက်လာသူ ကိုညီညီအောင်နှင့် တွေ့ဆုံမေးမြန်းခန်း (ဗွီဒီယိုသတင်း)
ဆေးရုံထွက်အမှိုက် ရှင်းလင်းရေး စနစ်ကျမှု မရှိသေး သတင်း
အမေရိကန်မှာ မြန်မာ (Burmese) အဖြစ် စာရင်းပေါက်စေဖို့ US Census ဖောင်တွေ ဖြည့်ကြစို့ - မြန်မာတို့ ရဲ့အသံ သတင်း
လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှု များပြားလာ သတင်း
၂ဝ၁ဝ ရွေးကောက်ပွဲကို ရှုတ်ချသည့် စာစောင်များ ဖြန့်ဝေ သတင်း
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ သတင်း
ရွေးကောက်ပွဲ နည်းဥပဒေတွင် စစ်သားလွှတ်တော်အမတ်များ အကျုံးမ၀င် သတင်း
ကရင်ခေါင်းဆောင်များ နိုင်ငံရေးပါတီ ဖွဲ့မည် သတင်း
ကရင်ငြိမ်းအဖွဲ့များ ရွေးကောက်ပွဲဝင်ခွင့်မရှိ သတင်း
ဝန်ကြီးတချို့ နုတ်ထွက်ပြီး ဌာနတချို့ ပေါင်းမည်ဟုဆို သတင်း
ပြည်ထဲရေး ဒု-၀န်ကြီး မူဆလင်စီးပွားရေးသမား (၁၀) ဦးနှင့်အတူ ရွေးကောက်ပွဲအတွက် မောင်တောသို့ ရောက်ရှိ သတင်း
ဝန်ကြီးချုပ်သိန်းစိန် ရခိုင်ခရီးစဉ်အတွင်း ရဟတ်ယာဉ်တစင်း စက်ချွတ်ယွင်းခဲ့သော်လည်း ပျက်ကျခဲ့ခြင်းမရှိ ဟု သိရ သတင်း
NCUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် တွေ့ ဆုံမေးမြန်းချက် သတင်း
စစ်အစိုးရတပ်နှင့် SSA-တောင်ပိုင်း တိုက်ပွဲဖြစ်၊ နှစ်ဘက် ထိခိုက်ကျဆုံးမှု များပြား သတင်း
ကေအိုင်အေအရာရှိနှင့် ရဲဘော် (၈) ဦးအား အစိုးရတပ်က ဖမ်းဆီး သတင်း
ရတခတိုင်းမှူးနှင့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံ သတင်း
မွန်တော်လှန်ရေးခေါင်းဆောင် နိုင်သိမ်းမောင် ကွယ်လွန် သတင်း
မိုင်းဗုံးများ ဖမ်းဆီးရမိ၍ ပြည်သူ့စစ်နှင့် အရပ်သားအချို့ ထိန်းသိမ်းခံရ သတင်း
တပ်ရင်းမှူး၏ ဇိမ်ခံကား အတိုက်ခံရ၍ တရုတ်ပစ္စည်းသယ်ခွင့် ပိတ် သတင်း
သစ်ကားနှင့် ခရီးသည်တင်ကား တိုက်မိ၊ (၁၃) ဦးသေ အများအပြား ဒဏ်ရာရ သတင်း
တာချီလိတ်-ကျိုင်းတုံဘတ်စ် လျှိုထဲမှောက်ကျ၊ ခရီးသွား (၂၀) နီးပါး သေဆုံး သတင်း
နှိပ်စက်မှုတွေအကြောင်း ပြန်မပြောချင်တော့သူ (အင်တာဗျူး)
မြန်မာပြည် ရွေးကောက်ပွဲက လိမ်လည်လှည့်ဖျားမှုပဲ (ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူး တူးနှင့် အင်တာဗျူး)
အချက်အလက် ဆင်းရဲခေါင်းပါးရှာသော ငါးမင်းဆွေသို့ (ဆောင်းပါး)
၂၀၁၀ ရွေးကောက်ပွဲဥပဒေကို အကောင်းဘက်က မြင်ကြည့်ခြင်း (ဆောင်းပါး)
စိတ်ကူးမယဉ်ကြဖို့ (ဆောင်းပါး)

မှတ်ပုံတင်ရေး မတင်ရေး NLD တွင် သဘောထား ကွဲလွဲ

ဘကောင်း Thursday, March 18, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီ မဖျက်သိမ်းရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သင့် သည်ဟု တနင်္လာနေ့က ပြုလုပ်သည့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း ခိုင်လုံသော ပါတီ သတင်း ရပ်ကွက်များမှ သိရသည်။

ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရေး သို့မဟုတ် ပါတီကို အဖျက်သိမ်း ခံရေး လမ်းတခုခုကို ရွေးရန် အခက် ကြုံနေရသော NLD အတွင်း ပါတီမှတ်ပုံ တင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စ များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် နေကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေသည် အထိန်းသိမ်း ခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး ပါတီများ၌ မပါဝင်နိုင်ရန် ကန့်သတ် ထားသည်။

“ဦးအောင်ရွှေက ပါတီ မှတ်ပုံ တင်ချင်တယ်၊ ရွေးကောက်ပွဲ ဝင်ချင်တယ်လို့ ပြောတယ်။ ဒေါ်စုကတော့ ဘာမှ ဆုံးဖြတ်ချက် မပေးသေးဘူး၊ ပါတီက ဆုံးဖြတ်တာကိုပဲ နာခံသွား မယ်လို့ ပြောတယ်” ဟု ပါတီနှင့် နီးစပ်သည့် အမည် မဖော်လိုသူ ထိပ်တန်း နိုင်ငံရေးသမားတဦးက ပြောကြားသည်။

Read More...

Thursday, March 18, 2010

နေ့စဉ်သတင်းများ ( ၁၇ - ၃ - ၁၀ )

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ ထုတ်ပြန် သတင်း
ပါတီတခု (၃) သိန်း စပေါ်တင်ရမည် သတင်း
စစ်အစိုးရ လူ့အခွင့်အရေးချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း သတင်း
လူထုအပေါ် ကျူးလွန်သည့် ပြစ်မှုများ နိုင်ငံတကာ စုံစမ်းသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ တောင်းဆို သတင်း
တိုင်းရင်းသားပါတီတွေ ကုလသမဂ္ဂကို တောင်းဆို သတင်း
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး UNA ကုလကို တိုက်တွန်း သတင်း
မြန်မာရွေးကောက်ပွဲဥပဒေအပေါ် လုံခြုံရေးကောင်စီ စည်းဝေးဖို့ ဗြိတိသျှဝန်ကြီးချုပ် တိုက်တွန်း သတင်း
NLD မိတ္ထီလာရုံးခွဲ ပြန်ဖွင့်ခွင့် ကြိုးပမ်းမှု အာဏာပိုင်တွေ ဟန့်တား သတင်း
ရခိုင်ဒီချုပ်လူငယ်များ ရွှေဂုံတိုင် သန္နိဋ္ဌာန်ပြု သတင်း
စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပေဒများအား အတိုက်အခံတွေနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှု သတင်း
ထိုင်းဘုရင့်သမီးတော် သီရီဒုံ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သတင်း
ကရင်ဒုက္ခသည်တွေ နေရပ်ပြန်မပို့ရေး ထိုင်းအစိုးရကို ဗြိတိန်အမတ်တွေ တောင်းဆို သတင်း
လူသတ်တရားခံကို ဖော်ထုတ်ရန် စစ်တွေတက္ကသိုလ်ကျောင်းသားများ တောင်းဆိုပြီ သတင်း
စစ်အစိုးရကို ဖိအားပေးဖို့ ကုလအတွင်းရေးမှူးချုပ်ထံ တိုင်းရင်းသားခေါင်းဆောင်တွေ တောင်းဆို သတင်း
တာချီလိတ်-ကျိုင်းတုံ ရှမ်းမှန်လုံကားကြီးကို တိုက်မိ၌ လူအများ သေဆုံးဒဏ်ရ သတင်း
မြန်မာ့အထည်ချုပ် နာလန်မထူသေး သတင်း
သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် (၂၀) ဦးသေ (၈) ဦး ဒဏ်ရာရ သတင်း
ကျိုင်းတုံတွင် MIG (29) များ ရောက်ရှိကာ နအဖ စစ်ရေးပြ သတင်း
နအဖစစ်တပ်ထံ လွှဲပြောင်းမည့် စစ်ကားများ တရုတ်နယ်စပ်ရောက်ရှိ သတင်း
မီးခိုးကြောင့် တာချီလိတ် လေယာဉ်လိုင်းတချို့ ရပ်ဆိုင်း၊ ဒေသခံများ ကျန်းမာရေးထိခိုက် သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပေးသဖြင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ဆိုင်းငံ့ သတင်း
စစ်အစိုးရကို ဖိအားပေးရန် ယူအန်အေက ဘန်ကီမွန်းထံ စာပေးပို့ သတင်း
ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံ အမျိုးသမီးများနှင့် ဗဟိုအမျိုးသမီးအဖွဲ့ တွေ့ဆုံ သတင်း
ကေအိုင်အိုက ပြည်ထောင်စုတပ်အောက်က တပ်အဖြစ် ပြောင်းလိုသည်ဟု တင်ပြ သတင်း
သာမန်ပြည်သူအများစု ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါး သတင်း
ယုံကြည်ရမည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟု FBC ပြောဆို သတင်း
ရွေးကောက်ပွဲဥပဒေကို အိန္ဒိယလွှတ်တော်အမတ်များ ရှုတ်ချ သတင်း
ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်၏ ရခိုင်ခရီးစဉ် ရွေးကောက်ပွဲအတွက် မဟုတ်ဟု ပြော သတင်း
ဘာသာရေးကို နိုင်ငံရေးမှာ အလွဲမသုံးရအပေါ် သုံးသပ်ချက် သတင်း
ကြယ်ငါးပွင့် သင်္ဘောလိုင်း ဦးပိုင်သို့ လွှဲပြောင်း သတင်း
နာလန်မထူသေးသည့် နာဂစ်အလွန် ပြန်လည်ထူထောင်ရေး (ဆောင်းပါး)
တရုတ်နှစ်ကူးကပေးသော အတွေးများ (ဆောင်းပါး)
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍကို သုံးသပ်ခြင်း (ဆောင်းပါး)
ကျွန်သက်ရှည်မည့် ရွေးကောက်ပွဲများ - အပိုင်း (၂) (ဆောင်းပါး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြင်တွေ့ဖွယ်ရှိတဲ့ ဖြစ်ရပ်များ (ဆောင်းပါး)
ကင်းသမား (ဆောင်းပါး)

Wednesday, March 17, 2010

နိဂုံးရဲ့ပဏာမလေလား

ရဲဘော်ဖိုးသံချောင်း
၁၇/ မတ် ၂၀၁၀

နအဖဘက်က သေနတ်သံ စထွက်ပါပြီ၊ အမြောက်သံလို့ ဆိုရင်လည်း ရပါလိမ့်မယ်။ သေချာတာကတော့ စစ်ကြေညာတာပါ။ သူတို့နဲ့ မတူသူ မှန်သမျှကို၊ တပြည်လုံးကို စိန်ခေါ်လိုက်တာပါပဲ။

ဆက်တိုက်ထွက်လာတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဆိုတာတွေဟာ ပစ်မှတ်ရှိရှိ ဦးတည်ချက်ရှိရှိ ပစ်လိုက်တဲ့ ကျည်ဆန်တွေ၊ ဗုံးဆန်တွေသာ ဖြစ်ပါတယ်။ ဘယ်သူ့ကို ပစ်တာ၊ ဘယ်အဖွဲ့အစည်းကို ရည်ရွယ်တာ စတာတွေကို အထူး ပြောနေစရာ မလိုတော့ပါဘူး။ နအဖ အလိုတော်ရိတွေ ကိုတောင် ဆွံ့အ သွားစေလောက်အောင် ထင်ရှားလှတဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။

ထောင်ထဲကို ရောက်နေတဲ့လူတွေ နိုင်ငံရေး ပါတီထဲမှာ ပါဝင်ခွင့် မရှိဘူးဆိုတာဟာ အတိုက်အခံတွေကို ဦးတည်တယ် ဆိုတာ ရှင်းနေပါတယ်။ မြန်မာပြည်မှာ ဥပဒေ ဘောင်တွင်းမှာ နိုင်ငံရေးလုပ်လို့ အစိုးရက ဖမ်းဆီးတယ်၊ အပြစ်ချတယ် ဆိုတာ ဘာမှ မဆန်းတဲ့ ကိစ္စပါ။ အခု နအဖရဲ့ ဥပဒေအရ လူတယောက်ဟာ ထောင်ကျ ခံလိုက်ရတာနဲ့ တပြိုင်နက် တရားဝင် နိုင်ငံရေး လောကရဲ့ အပြင်ဘက်ကို ရောက်သွားပြီ ဆိုတဲ့ အဖြစ်ကို ရောက်သွားတော့မှာပါ။ ဒါဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သွေးခွဲတာ၊ အားနည်းအောင် လုပ်တာ၊ ဖျက်ဆီးတာ သက်သက်လို့ ဆိုနိုင်ပါတယ်။ တခြားပါတီများရဲ့ အတွင်းရေးကို ၀င်စွက်တာလို့ ပြောရင်လည်း ရပါတယ်။ ဒီလို အပြစ်ဒဏ် ကျခံနေရသူတွေ ပါတီဝင်ခွင့် မရှိဘူးဆိုတဲ့ ဥပဒေမျိုးဟာ အရင်က မြန်မာပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ ကိုလိုနီခေတ်တုန်း ကတောင် မရှိပါဘူး။ ဖဆပလ လက်ထက် တုန်းကတော့ ထောင်ထဲက နေပြီးတော့ လွှတ်တော်အမတ် ၀င်အရွေးခံ ခဲ့တာတွေတောင် ရှိပါတယ်။ အဲဒီလိုနဲ့ပဲ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမတ် ဖြစ်လာခဲ့တဲ့ အတိုက်အခံ အမတ်တွေ အတော်များများ ရှိခဲ့ပါတယ်။ ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ငယ်သူငယ်ချင်း ရေစကြိုက ကျောင်းသားအမတ် ကိုကျော်ဟာ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာ ထောင်ထဲကနေ အရွေးခံပြီး အမတ် ဖြစ်ခဲ့သူတဦး ဖြစ်ပါတယ်။ သူဟာ ၁၉၆၉ ခုနှစ်မှာ ကိုကိုးကျွန်းကို အပို့ခံခဲ့ ရပါတယ်။

Read More...

မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့ NLD မျှော်လင့်

16 March 2010

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်အစိုးရရဲ့ ဥပဒေ ထုတ်ပြန် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းဘက်က ထောက်ပြ ဝေဖန်နေတာနဲ့တင် ရပ်တန့်မနေဘဲ လေးလေးနက်နက် အရေးယူ ဆောင်ရွက်လာဖို့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မျှော်လင့်ထားတဲ့ အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က တနင်္လာနေ့က တောင်းဆိုလိုက်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲ အတွက် ဥပဒေတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက မျှော်လင့်ထားသလို အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်သ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံအကြည်ရှိမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့သလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ကလည်း ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ဖို့အတွက် အထောက်အကူ မပြုဘူးလို့ ဝေဖန်လိုက်ပါတယ်။

Read More...

ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)

မတ် ၁၅၊ ၂၀၁၀

“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်း ခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ စီအီးစီ အစည်းအဝေးက နေပြီးတော့ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ စီအီးစီ အဖွဲ့တင်မက တနိုင်ငံလုံးမှာ ရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် စီစီတွေကိုပါ အစည်းအဝေး ဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေ လုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီ ရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေ အထားကိုပါ ထည့်သွင်း ဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့ သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေး ရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ် မေးမြန်းချက်ကို တင်ဆက် ပေးလိုက်ပါတယ်။

ဗွီအိုအေ။ ။ လာမယ့်မတ်လ ၂၉ ရက်နေ့အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီ ရပ်တည်ရေးကို ဦးစား ပေးပြီးတော့ အများက ရွေးချယ်လိုက်တယ် ဆိုရင် ဆရာ့အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ ဆရာ။

Read More...

နေ့စဉ်သတင်းများ ( ၁၆ - ၃- ၁၀ )

ပါတီရှေ့လုပ်ငန်းစဉ်အတွက် အဖွဲ့ချုပ်က စုံညီအစည်းအဝေး ခေါ်မည် သတင်း
ရွေးကောက်ပွဲဥပဒေကို လက်မခံကြရန် AIPMC တိုက်တွန်း သတင်း
ညီလာခံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေးကိစ္စ ကင်တားနား အစီရင်ခံစာ တင်သွင်း သတင်း
သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင် သတင်း
ရွေးကောက်ပွဲဥပဒေအပေါ် သုံးသပ်ချက်နှင့် ဝေဖန်ချက် ဂျာနယ်တွေမှာ ဖော်ပြခွင့်မရှိ သတင်း
ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ကြံ့ဖွဲ့အဖွဲ့မှ စည်းရုံးရေးဆင်း သတင်း
ကရင်ပြည်နယ်တွင် အရာရှိဟောင်းများ စည်းရုံးရေးဆင်း သတင်း
ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)
ပါတီမှတ်ပုံတင်မတင် NLD လူငယ်များ ဆွေးနွေးမည် သတင်း
တိုင်းနှင့် ပြည်နယ်ရှိ အဖွဲ့ချုပ်ရုံးများ ပြန်ဖွင့်၊ လုပ်ငန်းများ စတင်ထမ်းဆောင် သတင်း
နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန် လိုလား သတင်း
ကေအိုင်အိုအဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံ သတင်း
ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲ ဆွဲသွင်း သတင်း
ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဇံစက်ရုံတွင် ဆန္ဒပြမှုဖြစ်ပွား သတင်း
မြန်မာအလုပ်သမား (၂၆) ဦး၏ နစ်နာကြေးများ ပြန်လည်ရရှိ သတင်း
ထိုင်းမင်းသမီး သီရိဒုံ မြန်မာပြည် လည်ပတ် သတင်း
အင်တာနက်၏ ရန်သူများတွင် မြန်မာနိုင်ငံ ပါဝင် သတင်း
အိန္ဒိယသို့ တရားမ၀င် ခိုးထွက်သူ မြန်မာနိုင်ငံသား (၁၂) ဦးကို ဘင်္ဂလာရဲက ဖမ်းဆီး သတင်း
ရေပြင်ပိုင်နက်အငြင်းပွားမှု ဆွေးနွေးရန် ဘင်္ဂလာအဖွဲ့ ထွက်ခွာ သတင်း
ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် သတင်း
နို့ဘိုးမှ ဒုက္ခသည် (၂၇၅) ဦး နေရပ်ပြန်ပို့ သတင်း
ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ သတင်း
ကျောက်တော် ခေါင်းတုတ်ကျေးရွာ ရွာလုံးကျွတ် မီးလောင် သတင်း
စစ်တွေတက္ကသိုလ်မှ ကျောင်းသူတဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ သတင်း
ကျောင်းထုတ်ခံ အထက်တန်းကျောင်းသား ပညာရေးနစ်နာ သတင်း
UDD ခေါင်းဆောင် Veera ရဲ့ စကား ၀န်ကြီးချုပ် နားထောင်မယ် သတင်း
ထိုင်းအစိုးရရုံးကို သွေးဖြင့် ပက်ဖျန်း သတင်း
တဖက်သတ်ဆန်သော၊ ချုပ်ချယ်သော ဥပဒေ (ဆောင်းပါး)
ကျွန်သက်ရှည်မည့် ရွေးကောက်ပွဲများ - အပိုင်း (၁)
နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)

Tuesday, March 16, 2010

စစ်အာဏာရှင်လက်ခုပ်ထဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ လွှတ်တော်

ဟံသာဝတီဦးဝင်းတင်နဲ့ စကားလက်ဆုံ
မိုးမခ
မတ် ၁၅၊ ၂၀၁၀

မတ်လ ၈ ရက် စစ်အစိုးရက သူ့ရဲ့စိတ်တိုင်းကျ ရေးဆွဲ ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေ အရပ်ရပ်နဲ့ အချိန်ဇယားကို ထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့မှာ ဆရာ ဦးဝင်းတင်ရဲ့ ထောင်စာအုပ် ထွက်ရှိလာပါတယ်။ စစ်အာဏာရှင်တွေက အမှန်တရားနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အကျဉ်းစခန်း၊ ငရဲခန်းတွေနဲ့ ဘယ်လိုမျိုး နင်းချေနှိပ်စက် ဖျက်ဆီး နှိမ်နင်းခဲ့တယ်၊ အဲသည် ငရဲခန်းတွေကို ဆရာဦးဝင်းတင်နဲ့ တကွ ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေး အကျဉ်းသားတွေ ဘယ်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်း ကျော်လွှား ခဲ့ကြရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် အမှန်အတိုင်း ရဲရဲကြီး ဖော်ပြထားတာ ဖြစ်ပါတယ်။
မတ်လ ၈ ရက်နေ့ နောက်ပိုင်း စစ်အစိုးရထုတ် ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ စည်းကမ်း နည်းလမ်းတွေကို အချိန်အကုန်ခံ ဖတ်ရှုလေ့လာပြီး အတွေး သံသရာလည်ပြီး မျက်စိသူငယ် နားသူငယ် ဖြစ်နေကြမယ့် သူတွေအတွက် ဆရာဦးဝင်းတင်ရဲ့ ထောင်တွင်းက လူ့ငရဲခန်း အကြောင်းစာအုပ်ဟာ အမြင်မှန် အတွေးမှန်ကို အလင်း ထိုးပြလိုက်တဲ့ စာအုပ်ပဲ ဖြစ်တယ်လို့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ပြောပြမိတော့ ဆရာက ပြုံးရယ်လို့သာ နေပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ ဆရာနဲ့ ခေတ္တ ခဏ တွေ့ဆုံခိုက် ပြောဆိုမိသမျှကို ကောက်နုတ် ဖော်ပြလိုက်ပါရစေ။

ထောင်စာအုပ် ဘာလို့ ရေးရတာလဲ ဆိုတော့ …
မြန်မာပြည်မှာ ထောင်စာအုပ် မရှိဘူး။ ထောင်အကြောင်း၊ ထောင်ထဲက အတွေ့ အကြုံတွေကို အပြင်ကလူတွေ အမှန်အတိုင်း သိအောင် ရေးရတာ ဖြစ်တယ်။ ပြီးတော့ ထောင်ထဲက လူတွေကို အပြင်က မမေ့မလျော့ သတိရ အားပေးနေကြတယ် ဆိုရင် အတွင်းကလူတွေက အားရှိတယ်၊ ၀မ်းသာတယ်။ သူတို့က အထဲမှာလည်း စိတ်တွေ မနာဘဲ ဖြတ်သန်းကြတဲ့ အခါ အပြင်ရောက်လာတဲ့ အခါမှာလည်း ဆက်လက်ပြီး သတ္တိရှိရှိ ရပ်တည် ဆောင်ရွက်ကြတယ်။

Read More...

ချိန်ထိုးကြည့်စရာ ကျင့်ဝတ်နမူနာ

လူထုစိန်ဝင်း

23/12/2009

ကြာမီရက်ပိုင်းလေးအတွင်းမှာ ဂျာနယ်သတင်းသမားလေးတွေနဲ့ ပတ်သက်ပြီး မကြားချင်တဲ့ သတင်းစကားနှစ်ခု ကြားသိခဲ့ရလို့ စိတ်မကောင်း ဖြစ်လိုက်ရတယ်။ အတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်လေးတွေပဲ ဆိုပြီး လျစ်လျူရှု နေလိုက်ချင်ပေမယ့် ကျင့်ဝတ်နဲ့ သိက္ခာဆိုင်ရာ ကိစ္စဖြစ်လို့ မပြောချင်ပေမယ့် ပြောရပါဦးတော့မယ်။

ထပ်ရေးဖို့လိုနေသေးတာကြောင့်
နှစ်ပေါင်းနှစ်ဆယ်အစိတ်လောက်အတွင်း ရေးခဲ့သမျှ စာတွေရဲ့ သုံးပုံတစ်ပုံ လောက်သာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ပတ်သက်တာတွေ ဖြစ်လို့ အပ်ကြောင်း ထပ်သလိုတောင် ဖြစ်နေပါပြီ။

ဒါပေမယ့် ဘယ်လောက်ပဲရေးရေး ထပ်ရေးဖို့ လိုနေသေးတာပဲ စိတ်မကောင်းစွာ တွေ့နေရတာကြောင့် ရေးလိုက်ရ ပြန်ပါတယ်။ ရိုးရိုး စာဖတ်ပရိသတ်များ သည်းခံဖတ်ပါလို့ တောင်းပန်ပါတယ်။ ဒီနေ့ စာနယ်ဇင်း လောကမှာ ၀င်ရောက် လုပ်ကိုင်လာကြသူ အများစုဟာ လူငယ် လုံမယ်လေးတွေ ဖြစ်ကြတယ်။ ဒါပေမယ့် ကလေးတွေတော့ မဟုတ်ကြဘူး။ လုပ်ငန်းခွင် နယ်ပယ်ထဲ ရောက်နေကြပြီ ဖြစ်တယ်။ လုပ်ငန်းခွင် ဆိုတာတောင် သာမန် အသက်မွေးဝမ်းကျောင်းပြု အလုပ်မျိုး ရိုးရိုးမဟုတ်ဘူး။ တိုင်းပြည် တစ်ပြည်ရဲ့ အရေးပါဆုံး မဏ္ဍိုင်ကြီး လေးခုထဲက စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ် ခံထားရတဲ့ သတင်းမီဒီယာ လုပ်ငန်းကြီး ဖြစ်တယ်။ အသက် ဘယ်လောက်ငယ်ငယ် သတင်း မီဒီယာသမားရယ်လို့ လုပ်ကတည်းက စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုသူ တစ်ယောက်အနေနဲ့ သဘောထားပြီး ပြုမူ နေထိုင် လုပ်ကိုင်ရမှာပဲ ဖြစ်တယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၅ - ၃ - ၁၀ )

ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် သတင်း
ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် သတင်း
ရန်ကုန်မြို့တော်ဝန် ရွေးကောက်ပွဲဝင်မည် သတင်း
ဦးသုဝေပါတီ ရွေးကောက်ပွဲဝင်ရန် အဆင်သင့်ဖြစ် သတင်း
ကချင်ပါတီ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်ပြီ သတင်း
တရုတ်နယ်စပ် အပစ်ရပ်ဒေသများ အခြေအနေတင်းမာ သတင်း
ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လာရောက်လည်ပတ်မည် သတင်း
အရွယ်မတိုင်မီ စစ်တပ်ထဲ အသွင်းခံရသည့် ကလေး သတင်း
ဝင်းရေးမြို့နယ်မှ ဒေသခံရွာသား (၃၀၀)ကျော် ဆုတောင်းပွဲ ပြုလုပ် သတင်း
ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ သတင်း
လူ့အခွင့်အရေးကော်မရှင် အခြေအတင် ဆွေးနွေးပွဲ သတင်း
ဇေတဝန်ကျောင်းအတွင်း တရားမဝင် ကျွန်းသစ်များ ဖမ်းဆီး သတင်း
တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး သတင်း
စီးပွားရေးအကျပ်အတည်းကြောင့် ရခိုင်ရိုးရာ သင်္ကြန်သံချပ်ခွေများ ထွက်ရန် အခြေအနေမရှိ သတင်း
မွန်းလွဲချိန်မှာ လူဦးရေ (၈) သောင်းထိ စုဝေးရောက်ရှိ သတင်း
အနီရောင်ဝတ် ဆန္ဒပြသမားများက ထိုင်းအစိုးရကို ရာဇသံပေး သတင်း
အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် သတင်း
ဘီးနံပါတ် OK 0122L (ဆောင်းပါး)
ရေပြင်ညီ ရေစီးကြောင်းနဲ့ ဦးဆောင်မှု အကျပ်အတည်း (ဆောင်းပါး)
နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
ဘားတိုက်ကို ပြန်ပို့ရမယ့် စစ်အစိုးရ (ဆောင်းပါး)

အပေါ်သို့