Friday, May 16, 2008

တပ်မတော်သားများသို့ ဗိုလ်မှူးအောင်လင်းထွဋ်၏ပေးစာ

တပ်မူးကြီး/ငယ်များသို့

တပ်မတော်သားအပေါင်းတို့ခင်ဗျား……..

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိုက်မဲမှု၊ ယုတ်မာမှုမုန်တိုင်းကို ကြိုတင်ကာကွယ်ဖို့အတွက် ယနေ့ နိုင်ငံတကာက စီစဉ်ဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ အသက်အိုးအိမ် ကို ကာကွယ်စောင့်ရှောက်ဖို့ပါ။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ ဆက်လက် မိုက်မဲနေမည် ဆိုရင် ရက်ပိုင်းအတွင်း ခင်ဗျားတို့ထံ နိုင်ငံတကာက ကူညီရေး အဖွဲ့အစည်းများ ရောက်ရှိလာပါလိမ့်မည်။

ကျနော်တင်ပြချင်တာက ၎င်းတို့ရောက်တဲ့အခါ ပူးပေါင်းပြီး အကူအညီပေးပါ အန္တရာယ်မပြုပါနှင့်။ ခင်ဗျားတို့ရဲ့ မိတ်ဆွေများသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် လာရောက် ကူညီသူများ ဖြစ်ပါသည်။ ဒါကလည်း ခင်ဗျားတို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖယ်ရှားမပစ်နိုင်လို့ နိုင်ငံတကာက ၀င်ရောက်ကူညီတာပါ။ ခင်ဗျားတို့ကို အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး။ ကယ်တင်ရှင် တွေလို့မှတ်ပါ။

တကယ်လို့ အန္တရာယ်ပြုဖို့ ဗိုလ်ချုပ်မှူးကြီးတွေက အမိန့်ပေးရင် မလိုက်နာကြပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားတို့ရဲ့မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ ဒုက္ခရောက်ကြလိမ့်မည်။ ၁၉၉၉ ခုနှစ်က kosovo အရေးအခင်းကြောင့် ဆာဗီးယား သမတ မီလိုဆိုဗစ်ရဲ့ ဘဲဂရိတ်မြို့ ဘယ်လိုဒုက္ခမျိုးနဲ့ ကြုံခဲရတယ်ဆိုတာကို သတိပေးလိုတယ်။ အခုဘဲ “နေပြည်တော် ”ဖွတ်ဖွတ်ညက်ညက် ကြေသွား လိမ့်မယ်။

ဒါ့ကြောင့် မတရားတဲ့ အမိန့်ကို မနာခံဖို့ တပ်မတော်သားများနဲ့ တပ်မှုးကြီး၊ ငယ် အပေါင်းကို မေတ္တာ ရပ်ခံ လိုတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်
၁၃. ၅. ၂၀၀၈

အောက်တွင် မူရင်းစာအတိုင်းဖတ်နိုင်ပါသည်

Read More...

Tuesday, May 13, 2008

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသေကြေမှုများ



ဓာတ်ပုံများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် ၁၀/၀၅/၀၈

မူရင်းအတိုင်းဖတ်ရှုလိုပါကဤနေရာကို နှိပ်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် ၈/၀၅/၀၈

မူရင်းအတိုင်းဖတ်ရှုလိုပါက ဤနေရာကိုနှိပ်ပါ။

Monday, May 12, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်တွင်းအတိုက်အခံ အင်အားစုများ၏ လှုပ်ရှားမှုများ

မေလ ၂၀၀၈

Read this doc on Scribd: PDC Monthly News Commentary - May 2008

မူရင်းအတိုင်းဖတ်လိုပါက
ဤနေရာတွင် နှိပ်ပါ

အပေါ်သို့