Friday, January 27, 2012

ကျန်ရှိ နိုင်/ကျဉ်းစာရင်း တိုးလာနိုင်ဖွယ်ရှိ၊ ဆက်လက်ပြုစုဆဲ

နေမျိုး
ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေသေးပြီး စာရင်းအတိအကျ ရရှိရန် ဆက်လက် ပြုစုဆဲဖြစ်ကြောင်း နိုင်/ကျဉ်း အရေး ဆောင်ရွက်နေသော အဖွဲ့များက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ မလွှတ်မြောက် သေး သည့် နိုင်ငံရေးအကျဉ်းသား ၉၁၈ ဦး ကျန်ရှိနေသေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စာရင်းအရ ၃၈၈ ဦး ကျန်ရှိ နေသေးသည်ဟု သိရသည်။

“အခုပြန်စစ်ကြည့်လိုက်တဲ့ အခါကျတော့ တချို့ကလည်း လွှတ်လာတာရှိတယ်၊ တချို့ကလည်း ရဲလက် အပ်လိုက်တာ ရှိတယ်။ တချို့ကလည်း စစ်တပ်က ခေါ်ထုတ်သွားတာ ရှိတယ်။ အဲဒီတော့ စာရင်းလုပ်ရတာ တော်တော်ခက်တယ်။ သေချာတဲ့ သတင်း တွေကို ပြန်ကြည့်လိုက်တော့ မလွှတ်မြောက်ဘဲ ကျန်နေတာ ၉၀၀ ကျော် ရှိတယ်” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က မဇ္ဈိမကို ပြောသည်။

Read More...

စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်

ကျော်ခ
ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ်

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယ အကြိမ် တွေ့ဆုံသည့် အခါတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ရွာပုန်း၊ ရွာရှောင် ဒုက္ခသည် IDP များ ပြန်လည် ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်ရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ပြေးနေရ သူများကို နေရပ်ရင်း ပြန်ရောက်ရေးနှင့် အိုးအိမ်နှင့် လယ်ယာမြေများ ပြန်လည်နေရာ ချထားပေးရေးတို့ကို ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောသည်။

Read More...

တနှစ်တာ ဘတ်ဂျက်ကိစ္စ တရက်တည်းနှင့် အပြီးဆွေးနွေးမည်

မျိုးသန့်
ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ်

၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည့် ဝန်ကြီးဌာန အသီးသီး၏ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် တရက်တည်းနှင့် အပြီးအပြတ် ဆွေးနွေးသွားမည်ဟု လွှတ်တော် အမတ်များက ပြောသည်။

တနှစ်တာ ဘဏ္ဍာရေးနှင့် စီမံကိန်းကိစ္စရပ်များကို ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က တရက်ဖြင့် အပြီးသတ် စေ၍ ထိုနေ့ဆွေးနွေးမှုများကို ညပိုင်းအထိ ဆက်ရမည် ဖြစ်သည်ဟု လွှတ်တော်အမတ်များက ပြောသည်။

“တနေ့တာ အစီအစဉ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ပြီးအောင်ရှင်းမယ်ပေါ့။ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေလည်း လွှတ်တော်မှာ လာရှင်းကြမယ်။ နယ်ဝေးက လာတဲ့လူတွေလည်း ပါမယ်ဆိုတော့ အစီအစဉ်တွေကို ပြီး အောင် လုပ်မယ်။ ညပိုင်းအထိ ဆက်သွားမယ်၊ ညစာပါကျွေးမယ်ပေါ့။ အစီအစဉ်တွေ ပြီးတဲ့ထိအောင် ထိုင်ရမယ်တဲ့။” ဟု အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် က မဇ္ဈိမကို ပြောသည်။

Read More...

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ” ဦးတင်ဦး ရှင်းပြ

ကိုပေါက်၊ ဖနိဒါ
ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ်

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ယှဉ်ပြိုင်တင်ပြမှုများ ရှိခဲ့၍ ဘဝင်မကျ ဖြစ်ရသည်များ ရှိခဲ့ကြောင်း နာယက ဦးတင်ဦး က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲတွင် မိန့်ခွန်းပြောစဉ်က အဆိုပါကိစ္စများနှင့်ပတ်သက်၍ တခွန်းတစ ထည့်သွင်း ပြောဆိုခဲ့ဖူးပြီး ထိုကိစ္စများကို ရွံမုန်းကြောင်း ပါတီဝင် စိစစ်ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ။ ကျနော်တို့ ဒုက္ခသုခ ရောက်စဉ်အခါတုန်းကတော့ တခါတည်း ငြိမ်ပြီးတော့ ဘာမှ မပါကြ၊ ကင်းကွာနေကြတယ်။ အခု နေရာလေး ပေါ်လာရော သူကလည်း ငါလုပ်တာ ဘယ်လောက်၊ ဘယ်တုန်းက ဘယ်သူနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့တယ်၊ ကျနော် အရင်တုန်းက လူမှုရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လုပ်ခဲ့ဖူးတယ်၊ ကျနော်သာလျှင် အသင့်တော် ဆုံး ဖြစ်တယ်။ အဲဒီနေရာ အရွေးခံပါရစေ။ ဒီလိုဟာတွေက သိပ်လာတယ်ဗျ။ အဲဒါတွေ ကျနော်က ရွံတယ်” ဟု ပြောသည်။

Read More...

မြန်မာ့​စီး​ပွား​ရေး​အနာဂတ် (ဦး​မော်သန်း​နှင့်​ ​မေး​မြန်း​ချက်)

January 27, 2012
နေသွင်

မ ​နေ့​က ထုတ်ပြန်တဲ့​ နိုင်ငံတကာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ရဲ့​ မြန်မာပြည် စီး​ပွား​ရေး​စာတမ်း​မှာ မြန်မာပြည်ဟာ အာရှမှာ ဖွံ့​ဖြိုး​တိုး​တက်နိုင်ဖို့​ အလား​အလာ​ကောင်း​တွေ ရှိ​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။

ဒါ​ပေမယ့်​ ​ငွေလဲနှုန်း​က​နေစလို့​ ဘဏ္ဍာ​ရေး​စနစ်တခုလုံး​ ​ခေတ်မီဖို့​ လိုအပ်​နေတဲ့​အတွက် စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေ ဆက်လုပ်ဖို့​ အစိုး​ရကို တိုက်တွန်း​ထား​ပါတယ်။

အိုင်အက်အက်ဖ်ရဲ့ ​ အဲဒီအစီရင်ခံစာအ​ပေါ် အ​ခြေခံပြီး​ ရန်ကုန်စီး​ပွား​ရေး​တက္ကသိုလ်က အငြိမ်း​စား​ပါ​မောက္ခ ဦး​မော်သန်း​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

Read More...

၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီကြီးများ မှတ်ပုံပြန်တင်တော့မည်

January 26, 2012
နန်းမြနဒီ

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေဟာ မကြာခင် မှတ်ပုံ ပြန်တင်ဖို့ စီစဉ်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီရဲ့ မဟာမိတ် တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဇိုမီး အမျိုးသားကွန်ဂရက်တို့ ပါတီမှတ်ပုံ ပြန်တင် ကြတော့မှာပါ။

၁၉၉၀ ရွေးကောက်ပွဲတုန်းက တနိုင်ငံလုံးမှာ ဒုတိယအမတ်နေရာ အများဆုံး အနိုင်ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နှစ်ရှည် ထောင်ချခံထားရတဲ့ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ တကွ အဖွဲ့ဝင်တွေ ပြန်လွတ်လာပြီ ဖြစ်တဲ့အတွက် မှတ်ပုံပြန်တင်မယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

Read More...

အက်ဖ်အီးစီ ၂၀ တန် တခါသုံး ဆင်းမ်ကတ် ပြန်လည်ရောင်းချ

January 26, 2012
မင်းလွင်

ရောင်းချတာ ရပ်ဆိုင်းထားတဲ့ အက်ဖ်အီးစီ ၂၀ တန် တခါသုံး ဖုန်းဆင်းမ်ကတ်ကို ဒီကနေ့ ပြန်ရောင်းမယ်လို့ အီလိုက်ကုမ္ပဏီရဲ့ ဦးစိုင်းခင်မောင်အေးက အတည်ပြုပြောပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက လက်ကိုင် ဂျီအက်စ်အမ်ဖုန်းတွေ အသုံးပြုတာ များလာ တဲ့ အတွက် အက်ဖ်အီးစီ ၂၀ တန်ဖုန်း ရောင်းချတာကို ရပ်ဆိုင်းလိုက်ပြီး လိုင်းတွေ တိုးချဲ့ပြီးတာနဲ့ ပြန်လည် ရောင်းချတာလို့ ဆိုပါ
တယ်။

“လိုင်းတွေက အလုံအလောက် ဖြစ်လာလို့​ ​ပြန်ထုတ်ပေးတာ​ ​မြန်မာ့ဆက်သွယ်ရေးက။ ​လောလောဆယ်တော့ အပြောင်းအလဲ မရှိသေးဘူး။ အရင်အတိုင်းပဲ။”

Read More...

ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်တရားရုံးထုတ်

January 26, 2012
မင်းလွင်

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို ဒီကနေ့ အင်းစိန်ထောင် အထူး တရားရုံးကနေ ရုံးထုတ်စစ်ဆေးတယ်လို့ သိရပါတယ်။

ပဒိုမန်းငြိမ်းမောင်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ တရားစွဲ ထောင်ဒဏ် ချမှတ်ခံထားရတာ ရက်ပြည့်သွားပြီ ဖြစ်ပေမယ့် ကေအန်ယူရဲ့ ဗဟိုကော်မတီတဦး ဖြစ်တဲ့အတွက် မတရားအသင်းမှာ ပါဝင်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်ပုန်ကန်မှု ၁၂၂-၁ နဲ့ တရားဆက်လက် စွဲဆိုထားပြီး ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးကြားနာတယ်လို့ သူ့ရဲ့ ဥပဒေအကျိုးဆောင် ဦးကြီးမြင့်က ပြောပါတယ်။

Read More...

စစ်အရာရှိနှင့် ခိုက်ရန်ဖြစ်ပြီး လူငယ်တဦး သေဆုံးမှု လွှတ်တော်ကို တိုင်ကြားမည်

January 26, 2012
ကို​ထွေး

ကချင်ပြည်နယ် ဟိုပင်မြို့မှာ တပ်မတော်အရာရှိတဦးနဲ့ အချင်းများပြီး သေနတ်နဲ့ ပစ်ခတ်လို့ လူငယ်တဦး သေဆုံးခဲ့ရမှုကို လွှတ် တော်နဲ့ သက်ဆိုင်ရာကို တိုင်ကြားဖို့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) က ကြိုးပမ်းနေပါတယ်။

ကချင်ပြည်နယ် ဟိုပင်မြို့ ဘူတာရုံလမ်းခွဲနားမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ခလရ ၃၈၈ က အရာရှိ ၃ ဦးနဲ့ ဟိုပင်ဘူတာရုံ ၀န်ထမ်းနှစ်ဦး အချင်းများပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာမှာ ၀န်ထမ်း ကိုဇော်ဇော်နိုင် သေဆုံးခဲ့ပါတယ်။

ဒီအမှုကို လိုက်ပါကူညီတဲ့ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမြတ်မိုးမြင့်က သေဆုံးသူမိသားစု ပြောကြား ချက်ကို ကိုးကား ပြောဆိုရာမှာ ပစ်ခတ်သူဟာ ဗိုလ်ကြီး စိုးထက်အောင် ဖြစ်တယ်လို့ ယူဆရပြီး တပ်က ဘယ်လို ကိုင်တွယ် တယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။

Read More...

ရွှေဝါ​ရောင်သံဃာများ​ကို နိုင်ငံ​တော်သံဃမဟာနာယက ဆင့်​ခေါ်

January 26, 2012
အေး​နိုင်

သံဃာတပ်​ ပေါင်း​စု ​ခေါင်း​ဆောင်ဆရာ​တော် အရှင်ဂမ္ဘီရ အပါအဝင် မကြာ​သေး​ခင် ရက်ပိုင်း​က ​ထောင်ကပြန်လွတ်လာတဲ့​ သံဃာ ၅ ပါး​ကို နိုင်ငံ​တော် သံဃမဟာနာယက က ဩဝါဒ​ပေး​ဖို့​ ဆင့်​ခေါ်လိုက်ပါတယ်။

သော့​ ပိတ်ခတ်ထား​တဲ့​ ဘုန်း​တော်ကြီး​ကျောင်း​တွေမှာ ဝင်​ရောက်သီတင်း​သုံး​တဲ့​ ကိစ္စနဲ့​ စပ်လျဉ်း​ပြီး​ သက်ဆိုင်ရာရဲ့​ တိုင်ကြား​ချက်အရ ဇန်နဝါရီ ၂၇ ရက် ​နေ့​စွဲနဲ့ နိုင်ငံ​တော် သံဃမဟာနာယကရုံး​ကို လာ​ရောက်ဩဝါဒခံယူဖို့​ ဆင့်​ခေါ်တာပါ။

ဆင့်​ ခေါ်ခံရတဲ့​ သံဃာ​တွေက​တော့​ မဂ္ဂင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ အရှင်ဂမ္ဘီရနဲ့​ ဦး​ဣဿရိယ၊​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် ​ရွှေတောင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ ဆရာ​တော် ဦး​ပဏ္ဍဝံသ၊​ ​ခြောက်ထပ်ကြီး​ သာသနာ့​ဂုဏ်ရည်​ကျောင်း​က ဦး​ဝိသုဒ္ဓ၊​ သံလျင်​ဗောဓိ​ကျောင်း​ဆရာ​တော် ဦး​ပညာသီဟတို့​ ငါး​ပါး​ဖြစ်ပါတယ်။

Read More...

မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ

26 ဇန်နဝါရီ 2012
ဒေါ်ခင်မျိုးသက်

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပြီလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံမှာ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့အတွက် တရားရေးနဲ့ ဥပဒေပြဌာန်းမှုတွေမှာ ပြုပြင်ဖို့ လိုအပ်နေတယ် လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဗုဒ္ဓဟူးနေ့ကစပြီး ၅ ရက်ကြာ ကျင်းပတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင် တွေရဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို သဝဏ်လွှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အခုလို ပြောကြားခဲ့ပါတယ်။

Read More...

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ တင်မည်

26 ဇန်နဝါရီ 2012

ဆီးရီးယားနိုင်ငံက လပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ အုံကြွမှုတွေကို ဖြေရှင်းနိုင်မယ့် အာရပ်နိုင်ငံတွေရဲ့ အစီ အစဉ်တရပ်ကို ကုလ သမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့ကျရင် ကာတာနိုင်ငံ ဝန်ကြီးချုပ်နဲ့အတူ ပူးတွဲ တင်သွင်းသွားမယ်လို့ အာရပ်အဖွဲ့ချုပ်ရဲ့ အကြီးအကဲ Nabil Elaraby က ပြောလိုက်ပါတယ်။

ဆီးရီးယား သမ္မတ Bashar al-Assad က ဒုသမ္မတ ဖြစ်သူထံ အာဏာလွှဲပြောင်းပေးပြီး အထွေ ထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းရေး စီစဉ်ထားတဲ့ အဆို ပြုချက်ကို လုံခြုံရေးကောင်စီက အတည်ပြုချက်ရဖို့ သူနဲ့ကာတာနိုင်ငံ ခေါင်းဆောင်တို့က တောင်းခံသွားကြမှာ ဖြစ်တယ်လို့လည်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကြာသပတေးနေ့က ပြော လိုက်တာပါ။

Read More...

ယီမင်သမ္မတ အိုမင်မှာ သောင်တင်

26 ဇန်နဝါရီ 2012

ယီမင်သမ္မတ အလီ၊ အဗ္ဗဒူလာ ဆာလေး-ဟာ အခုထိ ပါရှားပင်လယ်ကွေ့က အိုမန်နိုင်ငံထဲမှာ ရှိနေပြီး သူ့အစီအစဉ်ဖြစ်တဲ့ ဆေး ကုဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ဘယ်အချိန်မှာ သွားရောက်မယ်ဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မစ္စတာဆာလေး ဘယ်တော့ ရောက်မယ်ဆိုတာ ဘာသတင်းမှ မရသေးဘူးလို့ ဝါရှင်တန်မှာရှိတဲ့ ယီမင် သံရုံးအရာရှိ မိုဟာမက် အယ်လ်ဘားရှားက ကြာသာပတေးနေ့မှာ ဗွီအိုအေကို ပြောပါတယ်။ သမ္မတ ဆာလေး မိသားစုဟာ နယူးယောက်ကိုလာဖို့ လေယာဉ်ပျံ ရှာနေတယ် ဆိုတဲ့ ဝေါလ်စထရိ ဂျာနယ်ရဲ့ ရေးသားချက်ကိုတော့ သူက မှန်မမှန်ဖြေဖို့ ငြင်းဆိုပါတယ်။

Read More...

ဘဏ္ဍာငွေခွဲဝေမှုဆွေးနွေးမည့် လွှတ်တော်စည်းဝေးတွေစတင်

26 ဇန်နဝါရီ 2012
စုမြတ်မွန်

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ရဲ့ ပထမအကြိမ် တတိယ ပုံမှန်စည်းဝေးပွဲတွေကို ဒီကနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ မှာ နေပြည်တော်မှာ စတင်ပါတယ်၊ ဒီတခါလွှတ်တော်စည်းဝေးပွဲတွေမှာ ဘဏ္ဍာငွေ ရသုံးဆိုင်ရာနဲ့ အမျိုးသား စီမံကိန်းဆိုင်ရာ ဥပဒေကြမ်းတွေကို အဓိက ဆွေးနွေးသွားမှာဖြစ်တယ် ဆိုတာကို လွှတ်တော် ၂ ရပ်လုံးက ဥက္ကဌတွေက အသိပေးပြောကြား ခဲ့ကြပါတယ်၊ သမ္မတဦးသိန်းစိန်ကတော့ သူ့အစိုးရ အနေနဲ့ လွှတ်တော်တွေနဲ့ လက်တွဲပြီး ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးနဲ့ ရေရှည် တည်တံ့ရေးကို လုပ်သွားမယ် လို့ သဝဏ်လွှာပေးပို့ခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်ကသတင်းပို့ထာပါတယ်။

အမျိုးသားလွှတ်တော်နဲ့၊ ပြည်သူ့လွှတ်တော် ၂ ရပ်လုံးကို ပြန်လည်စတင်ခဲ့တဲ့ ဒီကနေ့ ကြာသပတေးနေ့မှာပဲ ဒီတခါ လွှတ်တော် စည်းဝေးပွဲတွေမှာ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး Budget ဥပဒေကြမ်းတွေကို အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်ဆိုတာကို လွှတ် တော် ဥက္ကဌတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို မိန့်ခွန်းထဲ က နေ အသိပေးခဲ့ကြပါတယ်၊ ပြီးခဲ့တဲ့ ဒုတိယပုံမှန် အစည်းအ ဝေးတွေမှာ အတည်မပြုနိုင်သေးတဲ့ ဥပဒေ တွေ အတည်ပြုနိုင်ရေးဆွေးနွေးကြရမဲ့အပြင် ဘတ်ဂျက်ကိစ္စတွေကို ဆွေးနွေးရ မှာ ဖြစ် တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ခုလိုပြောခဲ့တာပါ၊

Read More...

အာဏာရအင်အားစုအတွင်း NLD ကို လက်မခံသူများရှိနိုင်

26 ဇန်နဝါရီ 2012
စုမြတ်မွန်

သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေးသမားတွေက ဧပြီလမှာ ကျင်းပမည့် ရွေးကောက်ပွဲ တွေ လွတ်လပ်မျှတ သင့်တယ်ဆိုတာကို လက်ခံထား တယ်လို့ ယုံကြည်တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည် ကပြောလိုက်ပါတယ်။

ဒါပေမဲ့လည်း လက်ရှိအာဏာရ ကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တခြားပါတီတွေထဲမှာ NLD ပါတီပါဝင် အရွေးခံမှာကို ဆန့်ကျင်သူ တွေ၊ ရွေးကောက်ပွဲကို မျှမျှတတမဖြစ်စေချင် သူတွေလည်းရှိနိုင်ပါတယ်လို့ နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ သတင်း ထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

Read More...

ရွှေဝါရောင်မှာအပိတ်ခံရကျောင်းတွေ ပြန်ဖွင့်သူသံဃာများသတိပေးခံရ

26 ဇန်နဝါရီ 2012
အေးအေးမာ

ရွှေဝါရောင် သံဃာလှုပ်ရှားမှုကာလမှာ အာဏာပိုင်တွေက စီးနင်းသိမ်းယူ ချိတ်ပိတ်ခဲ့တဲ့ ရန်ကုန်တိုင်း အတွင်းက ကျောင်းတိုက် တွေကို၊ နိုင်ငံရေးအရ အကျဉ်းကျပြီး မကြာခင်က ပြန်လွတ်လာတဲ့ သံဃာတော် အချို့က သော့တွေ ရိုက်ချိုးပြီး ကျောင်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ပိတ်ခံရတဲ့ အချို့ကျောင်းတွေမှာ သက်ဆိုင်ရာ သံဃာတော် တွေ ပြန်လည်သီတင်းသုံးနေပြီး အချို့ကျောင်း တွေမှာကျောင်းဖွင့်ခဲ့ပေမဲ့ သံဃာတော်တွေ သီတင်းသုံးခွင့်မရသေးပါဘူး။ ဒီလို ပိတ်ထားတဲ့ကျောင်းတွေကို ပြန်ဖွင့်တာဟာ ၀ိနည်း နဲ့ မညီညွတ်ဘူးဆိုပြီး နိုင်ငံတော်သံဃာ့မဟာနယက (မဟန) က အဲဒီ ကျောင်းတွေကို ဖွင့်ပေးခဲ့တဲ့ သံဃာ တော်တွေကို သြ၀ါ ဒပေးဖို့ ဆင့်ခေါ်ထား ပါတယ်။ မအေးအေးမာက သတင်းပို့ထားပါတယ်။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဟာ နိုင်ငံရေးကြောင့်အကျဉ်းကျပြီးပြန်လွတ်လာတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော်ငါးပါးကို အရေးယူဖို့အတွက် စာနဲ့ ဆင့်ခေါ်ခဲ့ကြောင်းမဂ္ဂင်ကျောင်းတိုက်က ဆရာတော် ဦး ကအခုလို မိန့်ပါတယ်။

Read More...

ရွေးကောက်ပွဲ တရားမျှတရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်ကြောင်း နော်ဝေး ၀န်ကြီးပြော

2012-01-26

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ သန့်ရှင်းပြီး တရားမျှတဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) က အစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးဟာ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်း နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အခုလို ပြောဆိုသွားတာပါ။ ၀န်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

Read More...

ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို မိန့်ခွန်းပြော

2012-01-26

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ World Economic Forum ထိပ်သီးညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ဗီဒီယို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်နေပြီ ဖြစ်တဲ့အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Read More...

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ

2012-01-26

အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင် ကျောင်း တိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲရဲ့ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပတဲ့ သတ္ထမအကြိမ် ပထမ အထူး အစည်း ဝေးပွဲကြီးက ဆုံးဖြတ် အပြီး သံဃာတော် ငါးပါးကို ဆင့်ခေါ်ခဲ့တာပါ။ ဒီဆင့်ခေါ်စာကို ဒီကနေ့ ဇန်န၀ါရီ ၂၆ ရက်မှ လက်ဝယ် ရရှိခဲ့တယ်လို့ ဦးဣဿရိယက မိန့်ပါတယ်။

Read More...

Thursday, January 26, 2012

တိုင်းရင်းသားဒေသများတွင် အစိုးရတပ်အချို့ ရုပ်သိမ်း

January 26, 2012
အေး​နိုင်

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ စစ်ဆင်ရေးလုပ်နေတဲ့ မြန်မာ့တပ်မတော် တပ်မ ၉၉ ကို လွန်ခဲ့တဲ့ရက်ပိုင်းကစပြီး ရုပ်နေတယ်လို့ စစ်ဘက်သတင်း​ ရပ်ကွက်တွေက ပြောပါတယ်။

မြန်မာ့တပ်မတော်က တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ပျက်ပြီးတဲ့နောက် တပ်မ ၉၉ ကို လွန်ခဲ့တဲ့ သုံးရက်ခန့် ကစပြီး ရုပ်သိမ်းနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

Read More...

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သွားမည်

January 26, 2012
ပီတာအောင်

မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ချီးကျူးလိုက်ပြီး သူ့အနေနဲ့ မြန်မာနိုင်ငံကို မကြာခင် သွားရောက် လည်ပတ်ဖို့ စီစဉ်နေတယ်လို့  ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက သတင်းထောက်တွေကို ပြောကြားလိုက် တာဖြစ်ပြီး မြန်မာပြည်သွားမယ့် ရက်အတိအကျကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

အတွင်းရေးမှူးချုပ်က မကြာသေးခင်လတွေက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမှုအပါအ၀င် မြန်မာ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို အားတက်မိတဲ့အကြောင်း၊ မကြာခင်မှာ မြန်မာပြည် သွားရောက်ပြီး မြန်မာ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ်သွားမယ်လို့ပြောပါတယ်။

Read More...

ကန်ထရိုက်တိုက်​ဆောက်မည့်​သူများ​ ကား​ပါကင်လုပ်ရမည်ဖြစ်၍ အခက်ကြုံ

January 25, 2012
ရွှေအောင်

ရန်ကုန်မြို့​မှာ ကန်ထရိုက်တိုက်​ဆောက်ရင် ​မြေညီထပ်ကို ကား​ထား​ဖို့​ ကား​ပါကင် လုပ်ရမယ်ဆိုတာ​ကြောင့်​ ကန်ထရိုက်​တွေနဲ့​ အိမ်ပိုင်ရှင်​တွေ အခက်တွေ့​နေကြပါတယ်။

အခုနှစ်ဆန်း​ စတင်တဲ့​ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ ​ကော်မတီ၊​ အင်ဂျင်နီယာဌာန အ​ဆောက်အဦရဲ့​ ညွှန်ကြား​ချက်​ကြောင့်​ အခက်ကြုံ​နေကြတာပါ။

ကန်ထရိုက်တိုက် တလုံး​ဆောက်ရင် ​အောက်ဆုံး​ ​မြေညီထပ်ကို ကား​ထား​ဖို့​ ကား​ပါကင် ​ဆောက်ရမယ်လို့​ တိုက်​ဆောက်ဖို့​ ခွင့်​ပြုချက် သွား​တောင်း​ကြရာမှာ ဌာနက ​ပြောလိုက်တာ ဖြစ်ပါတယ်။

Read More...

မွန်နှစ်ပါတီ ပူး​ပေါင်း​တော့​မည်

January 25, 2012
နန်းမြနဒီ

၂၀၁၀ ​ရွေး​ကောက်ပွဲဝင်တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီနဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရပြီး​ ဖျက်သိမ်း​ခံထား​ရတဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်တို့​ဟာ တပါတီတည်း​ ​ပေါင်း​စည်း​ကြဖို့​ ဒီလ ၂၃ ရက်​နေ့​မှာ သ​ဘောတူညီချက် ရရှိခဲ့​ကြပါတယ်။

မော်လမြိုင်မြို့​မှာ ဒီလ ၂၃ ရက်​နေ့​မှာ ပါတီနှစ်ခုက ဖွဲ့​စည်း​ထား​တဲ့​ ပါတီ​ပေါင်း​စည်း​ရေး​ ​ကော်မရှင်နှစ်ဖွဲ့​လုံး​ကို ​ခေါ်ပြီး​ သံဃာ​တော်​တွေက ဝင်​ရောက် ​ဖြေရှင်း​ပေး​တယ်လို့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ ​ပြောခွင့်​ရ ​ဒေါက်တာမင်း​စိုး​လင်း​က ​ပြောပါတယ်။

Read More...

၅၀၀၀ တန် ဆင်း​မ်ကတ်အတွက် တရား​ဝင် ပူး​ပေါင်​ဆောင်ရွက်မည်

January 25, 2012
မင်းလွင်

တယ်လီဖုန်း​ဆင်း​မ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့​ အများ​ပြည်သူ အသုံး​ပြုနိုင်ဖို့​ ​ရွှေပြည်တံခွန် ကုမ္ပဏီက မြန်မာ့​ဆက်သွယ်​ရေး​ စာတိုက်၊​ ​ကြေး​နန်း​ ဝန်ကြီး​ဌာနနဲ့​ ပူး​ပေါင်း​ဖို့​ တရား​ဝင် ​လျှောက်လွှာတင်လိုက်ပြီလို့​ မန်း​နေဂျင်း​ ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။

“ဒီ​နေ့​ပဲ ကျ​နော် ဆက်သွယ်​ရေး​ကို တင်လိုက်တယ်။ အခုထိ ဘာမှ မသိရ​သေး​ဘူး​။ တင်တယ်ဆိုတာ ကျ​နော်တို့​ ဒီလုပ်ငန်း​အတွက် ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ကိစ္စ​တွေ၊​ စီး​ပွား​ရေး​ အစီအစဉ်​တွေ​ပေါ့​။ နည်း​ပညာပိုင်း​ ဆိုင်ရာ​တွေပါ နှစ်ခုလုံး​ပါတယ်။ ပြည်သူ​တွေ စရိတ် သက်သက်သာသာနဲ့​ တယ်လီဖုန်း​တွေ ကိုင်နိုင်​အောင် ကျ​နော် ကြိုး​စား​နေပါတယ်။ ဆက်သွယ်​ရေး​ ဝန်ကြီး​ဌာန လည်း​ ပူး​ပေါင်း​ ​ဆောင်ရွက်ပြီး​ ဘယ်လိုလုပ်လို့​ ရနိုင်မလဲ ဆိုတဲ့​ နည်း​လမ်း​တွေ​ပေါ့​။ ကျ​နော်တို့​က ဥပ​ဒေအရ၊​ မူ​ဘောင်အရ သွား​နေတာပါ။”

Read More...

မြန်မာ့စီးပွားရေး မူဝါဒ တိုးတက်မှု IMF ကြိုဆို

25 ဇန်နဝါရီ 2012
ကိုအောင်လွင်ဦး

မြန်မာနိုင်ငံမှာ စီးပွားရေး မူဝါဒတွေကို ပြင်ဆင်လာတဲ့အတွက် တိုးတက်မှု လက္ခဏာတွေကို တွေ့မြင်လာနေရပြီလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ စိမ်ခေါ်မှုတွေနဲ့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အများအပြား ရှိနေသေးတာကိုလည်း IMF ရဲ့ သီတင်း ၃ ပတ်နီးပါးကြာ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်ချိန် မှာပဲ ပြောဆိုလိုက်တာပါ။ အပြည့် အစုံကိုတော့ IMF တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲနဲ့အတူ မူဝါဒတွေကို ပြောင်းလဲ ကျင့်သုံး လာရာက စီးပွားရေး တိုးတက်မှု လက္ခဏာတွေ၊ ဆက်လက် တိုးတက်ဦးမယ့် အလားအလာတွေ ထွက်ပေါ်လာတဲ့အကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စား လှယ်တွေရဲ့ ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြောလိုက်တာပါ။

Read More...

မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး

25 ဇန်နဝါရီ 2012
ကိုသားညွန့်ဦး

မနေ့ညတုန်းက အမေရိကန်ကွန်ဂရက်မှာ သမ္မတ အိုဘားမားက နှစ်စဉ် နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောဆိုသွားရာမှာ အမေရိ ကန်နိုင်ငံ စီးပွားရေး မြန်မြန်ဆန်ဆန် ကောင်းမွန်လာရေးအတွက် စီမံရေးဆွဲထားတဲ့ အစီအစဉ် တွေကိုရှင်းလင်းပြောဆို သွားပါ တယ်။ နိုင်ငံတကာအရေးကိစ္စတွေ ပြောရာမှာတော့ အာရှပစိဖိတ်ဒေသ အပေါ်အမေရိကန် ပြည်ထောင်စုရဲ့ အလေးပေးစဉ်း စား ချက်ကို ဖော်ပြသွားသလို မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ အပေါ်မှာလည်း မျှော်လင့်သစ်တွေ ဖြစ်လာစေတယ်လို့ မြန်မာ့ အရေး ကိစ္စကိုပါ ထည့်သွင်း ပြောဆိုသွားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်ပြောပြပေးပါမယ်။

လွှတ်တော်နှစ်ရပ်စလုံးရှေ့ ပြောဆိုတဲ့ သမ္မတအိုဘားမားရဲ့ မနေ့ညက နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲ နိုင်ငံခြားရေးရာ မူဝါဒပိုင်း ဆိုင်ရာ တွေနဲ့ပတ်သက်လို့ ရှင်းလင်းရာမှာ မြန်မာပြည်ကိုပါ နာမည်တပ်ပြီး ပြောဆိုသွားပါတယ်။ အဓိကတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ အာရှပစိဖိတ်ဒေသ အပေါ်မှာအရင်ကထက်ပိုမိုအာရုံထားလာတဲ့အချိန်မှာ မြန်မာ အပါအဝင်ဒီဒေသတွင်း ဖြစ်ပျက် နေတာတွေကိုလည်း စောင့်ကြည့် အကဲဖြတ်နေတယ်ဆိုတာကို သမ္မတ အိုဘားမားက သတိပေးပြောသွားတာပါ။

Read More...

ဒေါ်စုကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့်

25 ဇန်နဝါရီ 2012
မစုမြတ်မွန်

ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြမ်းမဖက် ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ ပါကစ္စတန် ပြည်သူတွေအတွက် အတုယူ အားကျစရာ ဖြစ်တယ်လို့ဆိုပြီး Benazir Bhutto Shaheed ဆုကို ပါကစ္စတန် သမ္မတကိုယ်တိုင်က ချီးမြှင့်ခဲ့ပါတယ်။ လက်ရှိအာဏာရ ပါကစ္စတန်ပြည်သူ့ပါတီက ၂၀၁၀ ခုနှစ်ထဲက ပေးအပ်ထားတဲ့ဆုကို သမ္မတ Asif Ali Zardari မြန်မာနိုင်ငံလာရောက်စဉ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ကိုင်တွေ့ဆုံ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ် မွန်က ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံကို အင်္ဂါနဲ့ ဗုဒ္ဓဟူး ၂ ရက်ခရီးလာတဲ့ Pakistan သမ္မတ Asif Ali Zardari ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လာရောက်တွေ့ဆုံပြီး Benazir Bhutto Shaheed ဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ လုပ်ကြံခံခဲ့ရလို့ ကွယ်လွန်သူ သူ့ရဲ့ဇနီး ဝန်ကြီးချုပ်ဟောင်း Benazir Bhutto အတွက်အမှတ်တရအဖြစ် ပါကစ္စတန်ပြည်သူ့ ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းသူတွေ၊ အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ လူမှုအဆင့်အတန်းတွေကို တိုးတက် အောင် ဆောင်ရွက်တဲ့သူတွေကို ဂုဏ်ပြုတဲ့ ဆုလည်းဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ပေးအပ်ထားတာ ဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ဆုပေးပွဲ အခမ်းအနားကို လုပ်ခဲ့တာမှာ ဘာကြောင့် ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် ကို ပေးရသလဲ ဆိုတာကို ပါကစ္စတန် သမ္မတရုံး တာဝန်ရှိသူက ခုလိုပြောကြားပါတယ်။

Read More...

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆက်ဖိအားပေးဖို့လို

25 ဇန်နဝါရီ 2012
မသင်းသီရ

မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေဟာ မျှော်လင့်ချက် ရောင်ခြည်သန်းလာတယ်လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောပေမယ့် လက်ရှိပြောင်းလဲမှုတွေဟာ လုံလောက်တဲ့ အပြောင်းအလဲမဟုတ်သေးဘူလို့ မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ နောက်ထပ်တိုးတက်လာဖို့ ဖိအားပေးရမယ့် မြန်မာ့နိုင်ငံရေးအခြအနေထဲ အမေရိကန်ရဲ့ အခန်းကဏ္ဍက အလွန် အရေးပါတယ်လို့လည်း ဆိုကြပါတယ်။ ဒီသုံးသပ်ချက်တွေကိုတော့ မသင်းသီရိက စုစည်းတင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအကျဉ်းသား အတော်များများလွတ်လာတာ၊ မြန်မာ့နိုင်ငံရေးထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာ နိုင်တာအပြင် တိုင်းရင်းသားအဖွဲ့တချို့နဲ့လည်း ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ဖြစ်လာတာဟာ ပစိဖိတ် ဒေသအတွင်းမှာ အင်အားကြီးနိုင်ငံတခုအဖြစ်နဲ့ ရပ်တည်နေတဲ့ အမေရိကန်တို့အတွက် မျှော်လင့်ချက်သစ်တွေကို ဖြစ်စေတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

Read More...

မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်နေပြီလို့ အမေရိကန်သမ္မတ ပြော

2012-01-25

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပါပြီလို့ အမေရိကန် အောက်လွှတ်တော်မှာ မနေ့က ပြောကြားတဲ့ ၂ဝ၁၂ ခုနှစ် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ အမေရိကန် သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ဦးဆောင်မှု အခန်းကဏ္ဍသစ် ပြန်ပြီး ဆန်းသစ်လာနေတာကို ကမ္ဘာတစ်လွှားမှာ မြင်တွေ့နိုင်ကြောင်းနဲ့ ဥရောပတိုက်နဲ့ အာရှတိုက်က အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေဟာ ပိုပြီး အင်အားကောင်းလာနေကြောင်း သမ္မတ Obama က ပြောသွားပါတယ်။

Read More...

နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

2012-01-25

နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

Read More...

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်တကျ အသွင်ကူးပြောင်းမည် နိုင်ငံခြားရေးဝန်ကြီး ပြော

2012-01-25

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ စနစ်တကျနဲ့ တဖြည်းဖြည်းချင်း အသွင်ပြောင်းမှုသာ ဖြစ်လိမ့်မယ်လို့ မြန်မာ အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ပြောကြားလိုက်ပါတယ်။

မိမိတို့ စတင်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိကြောင်း၊ အနာဂတ်မှာလည်း အဆင့် လိုက် စနစ်တကျ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်က အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေစဉ် ပြောခဲ့ တာပါ။

Read More...

အပေါ်သို့