Friday, March 1, 2013

ကြွက်လည်း ကြောက်ရ … အထက်လည်း ကြောက်ရ ရန်ကုန်ရဲတို့ ဘဝ

မေရီကို
February 28, 2013

အခွံနွှာပြီးသား အုန်းသီးလုံး အရွယ်အစားရှိတဲ့ အမွှေးထူထူ အနက်ရောင် မြို့ကြွက်တွေကို လူတယောက် ဝင်ရုံသာဆံ့တဲ့ တန်းလျား ရေချိုးခန်းမှာ သိုင်းကွက်နင်းသလို ရှောင်နေရ တာက အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ သူ့အတွက် မထူးဆန်းတော့။

ဒါ့အပြင် ကိုလိုနီခေတ် အချိန်ဝန်းကျင်ကတည်းက ဆောက်လုပ်ထားခဲ့တယ်လို့ မသေမချာ ကြားဖူးနားဝ သူသိထားတဲ့ မိသားစု ၄ ယောက် နေသာရုံ ဆယ်ပေပတ်လည် အခန်းထဲမှာ အနှစ် ၃၀ နီးပါး နေခဲ့ရတာဟာလည်း သူ့အတွက် နေသားကျနေပါပြီ။

Read More...

မလက်တို အဓိကရုဏ်း ဥပဒေဘောင်အတွင်းမှ ဆက်ဖြေရှင်းမည်

စနေလင်း
February 28, 2013

ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု အတွင်းရှိ အသိမ်းခံရသော လယ်မြေများကို ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ အဓိကရုဏ်း ဖြစ်ခဲ့ပြီးနောက်ပိုင်း ထိပ်တိုက် ရင်ဆိုင်နေမည့်အစား ဒေသခံများဘက်က ငြိမ်းငြိမ်းချမ်းချမ်းဖြင့် တရားဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ညက ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၊ ဆရာတော် ဥူးပါမောက္ခ၊ မစိုးရိမ် တိုက်သစ် ဆရာတော် အရှင် ၀ီရသူတို့နှင့် ဒေသခံ လယ်သမားများ တွေ့ဆုံပွဲတွင် တက်ရောက်လာသော လယ်သိမ်းခံ ရွာသားများက သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Read More...

မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်

ကိုသားညွန့်ဦး

28.02.2013
မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေဖက်က ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆိုလိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ် ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

Read More...

ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည်

28.02.2013

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသမှာ ဆယ်နှစ်နီးပါး ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ် သွားအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းအစိုးရက အဓိက မူဆလင်သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့ ပထမဆုံးအကြိမ်အဖြစ် သဘောတူလိုက်ပြီဖြစ်ပါတယ်။

လာမယ့် သီတင်းပါတ် ၂ပါတ်မှာ စတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် သဘောတူညီချက်ကို ကြာသပတေးနေ့က ထိုင်းအကြီးတန်း အရာရှိတွေနဲ့ NRF တော်လှန်ရေး တပ်ဦးက ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Read More...

ပုပ်ရဟန်းမင်းကြီးတာဝန်က ဘန်နာဒစ် တရားဝင် အနားယူ

28.02.2013

ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ဟာ ၈ နှစ် နီးပါးလောက် ပုပ်ရဟန်းမင်းကြီး တာဝန်အဖြစ် ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အနားယူလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပုပ်ရဟန်းမင်းကြီးရာထူးကနေ အနားယူလိုက်တာကြောင့် နှစ်ပေါင်း ၆၀၀ အတွင်း ရိုမန်ကက်သလစ် ဘာသာရေး ဂိုဏ်းခေါင်းဆောင်အဖြစ်ကနေ ဆန္ဒအလျှောက် ပထမဆုံး အနားယူလိုက်သူဖြစ်လာပါတယ်။

Read More...

အမေရိကန်အစိုးရ အသုံးစရိတ်ဖြတ်တောက်မှု သောကြာနေ့ စတင်

28.02.2013

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ သောကြာနေ့ကစလို့ အစိုးရ အသုံးစရိတ် ၈၅ဘီလျံ ဒေါ်လာ လျှော့ချ ဖြတ်တောက်ရမဲ့ အခြေအနေကို ရှောင်ရှားနိုင်ရေး အဆိုပြုကြတဲ့
ဥပဒေ ကြမ်းတွေကို ဆီးနိတ်လွှတ်တော်မှာ ပယ်ချလိုက်ကြတဲ့အတွက် အသုံးစရိတ် ဖြတ်တောက်မှုတွေကို ရှောင်ရှားလို့ မရတော့တဲ့ အနေအထားမှာ ဖြစ်နေပါတယ်။

Read More...

တရုတ် အစိုးရက မူးယစ်ရာဇာ နော်ခမ်း ကို သေဒဏ် စီရင်မည်

မခင်ဖြူထွေး
28.02.2013

၂၀၁၁ ခုနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်မှုနဲ့ တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရွှေတြိဂံဒေသ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းနဲ့ အပေါင်းပါ သုံးယောက်ရဲ့ အယူခံကို တရုတ်နိုင်ငံ ကူမင် (Kunming) တရားရုံးက ပလပ် ခဲ့ပြီးတဲ့နောက် ဒီကနေ့ သောကြာနေ့မှာ သူတို့ကို သေဒဏ်စီရင်ဖို့ အမိန့်ချမှတ်ထားပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ပြည်သူ့တရားရုံးက သူတို့လေးဦးကို ဆေးထိုးပြီး အဆုံးစီရင်မှာဖြစ်တယ်လို့ ကူမင်ပြည်သူ့တရားရုံးက ပြောပါတယ်။

နော်ခမ်း ဟာ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နန်နိုင်ငံတွေ ကို ဖြတ်သန်း စီးဆင်းနေတဲ့ မဲခေါင်မြစ်တလျှောက် လှုပ်ရှားနေတဲ့ အကြီးဆုံး မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် ဖြစ်ပါတယ်။ နော်ခမ်းနဲ့အတူ သေဒဏ်ချမှတ်ခံရသူ သုံးယောက်ကတော့ ထိုင်းနိုင်ငံက Hsang Kham၊ နိုင်ငံမဲ့တဦးဖြစ်တဲ့ Yi Lai နဲ့ လာအိုနိုင်ငံက Zha Xika တို့ ဖြစ်ပါတယ်။

Read More...

မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ

ကျော်သိင်္ခ
28.02.2013

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်ပိုင်းနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်မှာ မဟုတ် ဘူးလို့ အမေရိကန် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် နိုင်ငံရေး နဲ့ စီးပွားရေးအပြင်၊ လူ့အခွင့်အရေး အခြေခိုင်ဖို့ အမေရိကန်က လိုလားတဲ့အကြောင်း အမေရိကန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။ မနေ့က အမေရိကန် အောက်လွှတ်တော်မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ ကြားနာစစ်ဆေးပွဲမှာ အမေရိကန် ထိပ်ပိုင်းခေါင်းဆောင်တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်သိင်္ခက တင်ပြပေးထားပါတယ်။

Read More...

Thursday, February 28, 2013

မြေကွက်ပိုင်ဆိုင်မှုပုံစံ(၁၀၅) တစ်ခုမကရှိနေသည့် နောင်ချိုဒေသခံများ

ဗိုဟိန်(မြစ်မခ)
28 Feb, 2013

ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း၌ ဒုဋ္ဌ၀တီမြစ်ဖြတ်ကာ နောင်ချို-တောင်းခမ်း-တောင်ကြီးကား လမ်း ဖောက်လုပ်နေ မှုကြောင့်အိမ်ခြံမြေဈေးများ မြင့်တက်လာသည်နှင့် အမျှမြေယာပိုင်ဆိုင်မှုအငြင်းပွားဖွယ် ကိစ္စများမှာ တရားရင်ဆိုင်ရသည် အထိဖြစ်ပွားမှုများလာကြောင်း နောင်ချိုဒေသခံတို့က ဆိုသည်။

နောင်ချို၊ တောင်းခမ်း၊ အင်တော၊ ကျောက်ဂူ၊ ရပ်စောက်၊ တောင်ကြီးမော်တော်ကားလမ်းစီမံကိန်း ပြီးစီးပါက ဒုဋ္ဌ၀တီမြစ်ကို ဖြတ်၍ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဆက်သွယ် နိုင်မည်ဖြစ်သည့်အတွက်နောင်ချိုမြို့ နယ်အတွင်း၌ ပြီးခဲ့သည့် ၂နှစ်တာကာလအတွင်းကထက်အိမ်ခြံမြေဈေးမှာ ထက်ဝက်ကျော် မြင့်တက်လာ ချိန်တွင် ယခုကဲ့သို့မြေနေရာပိုင်ဆိုင်မှု ပုံစံ(၁၀၅) ထပ်နေသည့် အမှုများပြားလာခြင်းဖြစ်သည်။

Read More...

နွေရာသီမွန်စာပေသင်တန်းများ၌ ရိုးရာအကများပါ သင်ကြားပေးရန် ကော်မတီမှစီစဉ်

မိုးမြင့်ကျော်(မြစ်မခ)
28 Feb, 2013

မွန်တိုင်းရင်သားများအနေနှင့် မွန်စာပေနှင့် မွန်စကား တတ်မြောက်မှု အလွန်နည်းပါးလာသည့်အတွက် သာကေတ၊ မြောက်ဒဂုံ၊ ထန်းတပင်အစရှိသောမြို့နယ်ပေါင်း ၃၀ ၀န်းကျင်၌ နွေရာသီ မွန်စာပေသင်တန်း များအား ပြုလုပ်နေပြီး မွန်စာပေ၊ စကား သာမကပဲ မွန်ရိုးရာအကများပါ သင်ကြားပေးမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်မိကွန်ချစ်ချစ် ကပြောသည်။

Read More...

ဈေးကွက်အတွင်း Nissan ပစ္စည်းရှား၍ ၀ယ်ယူလိုသူများ အခက်တွေ့

မြတ်မိုးကျော်(မြစ်မခ)
28 Feb, 2013

ရန်ကုန်ကားအရောင်းပြခန်းဈေးကွက်၌ Toyota ၊ Suzuki နှင့် Honda ကားအမျိုး အစားများမှာ အမျိုးအစား စုံလင် စွာတွေ့ ရသော်လည်း Nissan ကားအတွက်မှု စုံလင်စွာ မရှိသည့်အတွက် ကားဝယ်သူများအခက်တွေ့နေကြောင်း သိရသည်။

``အရင်တုန်းကတော့ ကားစီးမယ်ဆိုရင် Caldina တို့ Prado တို့လို၊ Toyota တို့ Suzuki တို့လောက်ပဲ သိကြတယ်၊ တခြားကားအမျိုးအစားဝယ်ချင်တဲ့သူတွေ ကလည်း အဲဒီကားအမျိုးအစားအကြောင်းကို နားမလည်တော့ ကိုယ်နားလည်တဲ့ ကားတွေမှာပဲလည်နေကြတယ်´´ ဟု နှစ် ၂၀ ကျော် ကား အကျိုးဆောင် ကိုဇော် က ပြောသည်။

Read More...

ခရီးသွားဝန်ဆောင်မှုကဏ္ဍအတွက် နံပါတ်အပြာသုံးရမည်ဖြစ်သော်လည်း နံပါတ်နက် အသုံးပြုမှုများနေ

ရွှေစင်စုလတ်(မြစ်မခ)
28 Feb, 2013

ပြည်တွင်းနိုင်ငံခြားသားခရီးသွားလာရေးဝန်ဆောင်မှု ကဏ္ဍအတွက် မြန်မာ့ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာနတွင် လိုင်စင်လျှောက်ပြီး နံပါတ်အပြာ များကိုသာ အသုံးပြုခွင့်ပြု ပေးထားသော်လည်း၊ တရားဝင် အသိမှတ်ပြု ထားခြင်းမရှိသည့် နံပါတ်အနက်နှင့် အနီရောင်များကိုပါ အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

မြန်မာ့ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာနက နိုင်ငံခြားသား ခရီးသွားလာရေး ၀န်ဆောင်မှု ကဏ္ဍတွင် အသုံးပြုရမည့် ကားများကို လိုင်စင်လျှောက်ထားပြီး နံပါတ် အပြာများနှင့် တရားဝင်သတ်မှတ်ပေးထားကြောင်း ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အဆိုပါတရားဝင်သတ်မှတ်ထားသော ကားများကိုသာ သုံးစွဲသင့်ကြောင်း၊ သုံးစွဲကြ ရန်လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့်ဟိုတယ်ဇုန်များ အလိုက် ပညာပေးထားပြီး ဖြစ်ကြောင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဋ္ဌာန၊ မြန်မာ့ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ပြောဆိုချက် အရ သိရှိရသည်။

Read More...

မြန်မာနိုင်ငံမှတင်သွင်းသည့် ထုပ်ပိုးစားသောက်ကုန်အချို့ အိန္ဒိယပိတ်ပင်

ကိုဒေ(မြစ်မခ)
28 Feb, 2013

မြန်မာနိုင်ငံမှအိန္ဒိယနိုင်ငံသို့ တင်သွင်းသော ထုပ်ပိုးစားသောက်ကုန်ပစ္စည်းများအနက်မှ အမှတ်တံဆိပ်မပါသော ကုန်ပစ္စည်း များ၊ တင်သွင်းခွင့်လိုင်စင်မရှိသော ကုန်ပစ္စည်းများ၊ ထုတ်လုပ်သူအမှတ်တံဆိပ်၊ ထုတ်လုပ်သည့် အမှတ်စဉ်နှင့် ရက်လွန် ရက်စွဲမပါဝင်သော ကုန်ပစ္စည်းများအား အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်လိုက်သည်။

ဤအမိန့်ကြေငြာစာကို ရမ်မူဘက်၊အိန္ဒိယ ကျန်းမာရေးနှင့် မိသားစုလူမှုဖူလုံရေး အတွင်းရေးမှူး၊ စားသောက်ကုန်များအန္တရာယ်ကင်းရှင်းရေးဥက္ကဌမှ ဖေဖော်ဝါရီ (၂၇)ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Read More...

လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးသာ သဘောကျသည်ဟုဆိုသည့် ရေလောင်းရွာသားများ

မောင်ယဉ်ကျော်(မြစ်မခ)
28 Feb, 2013

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေလောင်းအုပ်စု ရွာသစ်ကလေးကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်တင်ြှေမှာက်မည်ဆိုပါက ကျေးရွာခံများက ကန့်ကွက် သွားမည်ဟု ဒေသခံများထံက သိရသည်။

“အုပ်ချုပ်ရေးမှူး ရွေးပွဲစလုပ်ကတည်းက (၇)ကြိမ်ရှိပြီ အလုပ်အကိုင်ပျက်ရတယ်။ အတိအလင်း မြို့နယ်က ဆင်းတာတော့ နှစ်ခါရှိပြီ။ အခုဟာက(၂၀၁၁)နှစ်ကတိုင်ထားတဲ့ တိုင်စာ ကြောင့်ဆိုပြီး အုပ်ချုပ်ရေးမှူး ပြန်ရွေးမယ်လို့ ဆိုတယ်။ တင်တုန်းကလည်း ခရိုင်က မစစ်ဆေးဘူး၊ အောက်ခြေကနေတင်တယ် ပြီးရင် မြို့နယ်ကနေ ရွေးထားတာ ဖြုတ်ရင် အရင်လုပ် တဲ့ဥက္ကဌကတည်းက ဖြုတ်လေ ဘာလို့ တင်မြောက်ပြီးမှ ဘာလို့ ဖြုတ်ချတာလဲ။ ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ အခုဟာက အထက်ကလည်း မပြတ်သားလို့ အောက်ကရွာတွေပဲ ပဋိပက္ခဖြစ်တော့မယ်။” ဟု ရေလောင်ကျေးရွာမှ ဆယ်အိမ်မှူးဖြစ်သူ ဦးရဲဝင်းကပြောသည်။

Read More...

CPU နိုင်ငံတကာသုံးငွေကြေးကတ်များ စတင်အသုံးပြုနိုင်

ဥာဏ်ဥာဏ် (မြစ်မခ)
28 Feb, 2013

နိုင်ငံတကာသုံး ငွေကြေးကတ် CPU ကတ်များအား MPU Network ချိတ်ဆက်ထားသော ATM စက်များနှင့် ငွေပေးချေနိုင်သည့် နေရာများတွင် ယခုလနောက်ဆုံးအပတ်မှ စ၍ သုံးစွဲနိုင်ပြီဖြစ်သည်။

Payment Union Card ကိုင်ဆောင်ပြီး ပြည်ပမှ မြန်မာနိုင်ငံသို့လာရောက်သူများအနေဖြင့် ငွေကြေး သယ်ယူစရာ မလိုဘဲ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင် မြန်မာကျပ် ငွေထုတ်ယူ သုံးစွဲနိုင်မည်ဖြစ်သလို ဟိုတယ်နှင့် အခြားဝန်ဆောင်ခများအတွက်လည်း CPU ကတ်ဖြင့် ငွေပေးချေ နိုင်ပြီဖြစ်သည်။

Read More...

ရခိုင် ကဏန်းပျော့လုပ်ငန်း ပိုမိုအောင်မြင်ရေး အစိုးရမှနည်းပညာနှင့် အရင်းအနှီးပံ့ပိုးရန်လိုအပ်နေ

ဇင်ကီး
28 February 2013

ရခိုင်ဒေသ ကဏန်းပျော့လုပ်ငန်းမှာ အောင်မြင်မှု အထိုက်အလျောက် ရရှိနေသော်လည်း ယခုထက်ပိုမို အောင်မြင်စွာ လုပ်ကိုင်နိုင်ရေးအတွက် အစိုးရ အနေဖြင့် နည်းပညာနှင့် အရင်းအနှီးများ ပံ့ပိုးရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့ နယ်မှ ကဏန်းပျော့ ကုမ္ပဏီ များက ဆိုသည်။

"ကျနော်တို့ရခိုင်ဒေသ ကဏန်းပျော့လုပ်ငန်းက အောင်မြင်မှုရှိနေပေမယ့် လုပ်ငန်းပိုအောင်မြင်ဖို့ဆိုရင် နည်းပညာနဲ့ အရင်းအနှီးတွေကို အစိုးရကပံ့ပိုးပေးဖို့လိုအပ် မယ်။ ရခိုင်မှာ အရင်က ကဏန်းပျော့လုပ်ငန်း စတင်လုပ်ကိုင်ခဲ့တာ ကျနော်တို့ ရွှေကျောက်ဖြူကုမ္ပဏီပဲ ရှိတယ်။ နောက်ပိုင်းကျမှ တရုတ်ကုမ္ပဏီဖြစ်တဲ့ ရွှေငါးကုမ္ပဏီ ရောက်လာတာပါ။ စလုပ်တဲ့အခါ နည်းပညာအားနည်းမှုကြောင့် ငွေကြေး အကုန်အကျ အရမ်းများခဲ့ပါတယ်" ဟု ရွှေကျောက်ဖြူကုမ္ပဏီ၏ လုပ်ငန်းမန်နေဂျာ တစ်ဦးကပြောသည်။

Read More...

အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်တိုင်း တိုက်ခိုက်

27 February 2013

အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုကာလအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်းတိုင်းတစ်ခု ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ထူထပ်ပြင်းထန်စွာ ကျဆင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုအကြိမ်တိုက်ခိုက်ခဲ့သည့် ဆီးနှင်းမုန်တိုင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးသမိုင်းဝင်မည့် ဆီးနှင်းမုန်တိုင်း (Blizzard) ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နေထိုင်လာခဲ့သည့် မနန္ဒာဝေက အာရ်ကန်တိုင်းမ်စ်သို့ပြောသည်။

Read More...

ကျောက်ပုဇွန်လုပ်ငန်းမှာ ပြည်ပဈေးကွက်အဖြစ် သီးသန့်ရပ်တည်နိုင်၊ ဒေါ်လာပုစွန်ဟု ခေါ်နိုင်ကြောင်းပြော

ဇင်ကီး
27 February 2013

ရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်းများထဲတွင် ကျောက်ပုဇွန်လုပ်ငန်းမှာ အကောင်းဆုံးဖြစ်၍ ပြည်ပဈေးကွက်အဖြစ် သီးသန့်ရပ်တည်နိုင် သဖြင့် ကျောက်ပုစွန်ကို ဒေါ်လာပုစွန်ဟု ခေါ်ဆိုနိုင်ကြောင်း ကျောက်ဖြူမြို့မှ ရေလုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

" ရခိုင်မှာ ရေလုပ်ငန်းတွေ အများကြီးရှိပါတယ်၊ တခြား သားငါး၊ ပုစွန်တွေက ပြည်တွင်းပြည်ပ နှစ်မျိုးအသုံးပြု ကြပါတယ်၊ ဒါပေမယ့် ကျောက်ပုစွန် လုပ်ငန်းက ပြည်ပဈေးကွက်သီးသန့် တစ်ခုတည်းသာ ရပ်တည်နေတယ်။ ပြည်ပ၀င်ငွေရရှိမှု အားကောင်းတဲ့အတွက် ကျောက်ပုဇွန်ကို ဒေါ်လာပုဇွန်လို့တောင် ခေါ်ကြသေးတယ်။ " ဟု ကျောက်ဖြူမြို့မှ ရေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

Read More...

ဘူးသီးတောင်ထောင်တွင် လူမျိုးရေး ခွဲခြားဆက်ဆံမူများ ရှိနေ

February 27, 2013

ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်ထဲတွင် ထောင်အာဏာပိုင်များမှ လူမျိုးရေးအရ ခွဲခြား ဆက်ဆံမူများ ရှိနေကြောင်း ရခိုင်ပြည်နယ် လူ့အခွင့်အရေး ကွန်ယက်က ဆိုသည်။

မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန ဘူးသီးတောင် အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်နေသော ဦးမင်းလွင်ဦး (ထောင်မှူး) ကြီးကြပ်ရေးမှူး ဆိုသူသည် ဘူးသီးတောင် အကျဉ်း ထောင်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် တိုင်းရင်းသား ရခိုင်လူမျိုး ဝန်ထမ်းများအာ အမျိုးသားရေး အရ ခွဲခြား ဆက်ဆံမူများ ရှိနေသည်ဟု ပြောသည်။

ဦးမင်းလွှင်ဦးသည် ဗမာလူမျိုး တစ်ယောက်ဖြစ်ပြီး ရခိုင်ဝန်းထမ်းများအား “ မင်းတို့ ရခိုင်တွေ ဗမာလူမျိုးရဲ့ ဖဝါးအောက်မှာဘဲ ရှိတယ်။ အခု ကုလားသတ်လို့ အားလုံးသေကြ တော့မယ်” ဟု ဆိုကာ လူမျိုးရေး အရ စော်ကားသည့် စကားများ ပြောဆိုင်ပြီး ရိုင်းစိုင်းစွာ ဆက်ဆံနေကြောင်း များမကြာမှီက လွှတ်မြောက်လာသူ အကျဉ်းသား တစ်ဦးကို ကိုးကားပြီး အဆိုပါ အဖွဲ့က ပြောသည်။

Read More...

၁၃ နှစ်ကျော်ကြာမှ စစ်တပ်က သိမ်းထားသော လယ်မြေများကို လယ်သမားများ ပြန်လည်ငှားရမ်း လုပ်ကိုင်ခွင့်ရ

February 28, 2013
မောင်ရမ္မာ

၁၃ နှစ်ကျော်ကြာ စစ်တပ်က သိမ်းပိုက်ထားပြီး လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရခဲ့သော လယ်မြေများကို ပိုင်ရှင် လယ်သမားများ အနေဖြင့် ယခုနှစ်တွင် ပြန်လည် ဌားရမ်း လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နေပူခံ၊ ပေါင်းဇား စသည့် ကျေးရွာများမှ လယ်ဧက ၁၀၀၀ ကျော်ကို ၂၀၀၀ ခုနှစ်က သိမ်းယူသွားခဲ့သည်။

လယ်မြေများကို သိမ်းယူသွားပြီးနောက် ရသေ့တောင်မြို့မှ စီးပွားရေး သမား ဦးစောအောင်သိန်းအား ဌားရမ်း လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး လယ်သမားများအား လယ်ပေါ်သို့ တက်ရောက်ခွင့်ကို တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားခဲ့သည်။

Read More...

ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး

February 28, 2013

သဲသောင်ပြင်တွင် နစ်မြုပ်နေသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသမှ ရှေးခေတ် ရခိုင်လှေကြီးကို အောင်မြင်စွာ ဖေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင်ရှေးခေတ်လှေကြီးကို ဒုတိယ အကြိမ်မြောက် ပြန်လည်တူး ဖေါ်ရာတွင် နောက်ဆုံးအဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနက ပြောသည်။

Read More...

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့ (ယာယီ) ကို တိုင်းနှင့် ပြည်နယ်မှ ကိုယ်စာလှယ်များဖြင့် ဖွဲ့စည်း

February 27, 2013
မောင်ရမ္မာ

မြန်မာနိုင်ငံရှိ တောင်သူ လယ်သမား အရေးကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအဖွဲ့ (ယာယီ) ကို တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်း လိုက်သည်ဟု သတင်း ရရှိသည်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်အထိ ရန် ကုန်မြို့ ရွေဂုံတိုင်ရှိ Exile ဟိုတယ်တွင် ကျင်းပခဲ့သော နှီးနှော ဖလှယ်ပွဲတွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် တောင်သူ လယ်သမား ကိုယ်စားလှယ် ကိုသန်းဌေးက နိရဉ္စရာသို့ ပြောသည်။

Read More...

မြစ်နားရွာ ဆရာတော်ကြီး ဈာပန ကျင်းပမည့် နေ့ရက်အပြောင်းအလဲဖြစ်

February 27, 2013

မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပရန် စီစဉ်ထားသော မြစ်နားရွာ ဆရာတော်ကြီး၏ ဈာပန အခမ်းအနားကို အကြောင်း မညီညွှတ်သဖြင့် ကျင်းပမည့် နေ့ရက်ကို အပြောင်းအလဲ လုပ်လိုက်သည်ဟု သတင်း ရရှိသည်။

“ ယခင် ဆုံးဖြတ်ထားတာက မတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ဖြစ်ပါတယ်။ အဲဒီ ရက်တွေမှာ ဘင်္ဂလာဒေခ်ျ့မှာ ဆန္ဒပြမူတွေနဲ့ မတည်ငြိမ်မူတွေ ရှိနိုင်တဲ့ အတွက် ရက်အနည်း ငယ် နောက်ကို ဆုတ်ပြီး ဧပြီ ၄-၅-၆ ရက်နေ့ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု မြစ်နားရွာ ဒေသခံ တစ်ဦးက ပြောသည်။

Read More...

သိမ်းဆည်းခံ တွံတေးဒေသခံ လယ်မြေများ ပြန်လည်ရရှိရန် KPP ကြိုးပမ်းသွားမည်

27 February 2013
နော်ဆဲကလယ်

တွံတေးမြို့နယ်အတွင်းရှိ သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရန် ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ၍ ဆက်လက် ကြိုးစားပေး သွားမည်ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ-KPP က ယမန်နေ့က ပြောကြားလိုက် သည်။

ကရင်လူမျိုး အများစု နေထိုင်သော ရေတွင်းကုန်းရွာ၊ ထော်ကူးရွာ၊ မရမ်းတပင်ရွာများမှ ဧက ၂,၈၀၀ကျော်ရှိ လယ်မြေများကို မြန်မာအစိုးရ၏ စစ်တပ်များနှင့် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနတို့မှ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း KNPP တောင်ပိုင်းခရိုင် ဥက္ကဌ မန်းအုန်းမြင့်သိန်းက ကေအိုင်စီသို့ ပြောသည်။

Read More...

မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့

28 February 2013

M. ထက်ခေါင်

(၁)
အပေါ်ယံကြော ခိုင်မာမှု မရှိသေးသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု အချို့အကြား တော်လှန်ရေး အဖွဲ့အ စည်းတို့ လက်ထဲမှာကိုင်ထားသည့် သေနတ် အများအပြား တုတ်ချောင်းဖြစ်သွားကြသလိုမျိုး၊ မနေ့တနေ့ကအထိ ယုံကြည်ကိုးစား မျှော်လင့်အားထားခဲ့ကြသော လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင်ကို လူထုအနေဖြင့် မည်သို့မျှ အားကိုးအားထားပြု၍ မရနိုင်ကြောင်း၊ လူထုကို လွတ်မြောက်ရန် ဦးဆောင်ခေါ်ယူရမည့်အစား စစ်အုပ်စုတို့ ပြုသမျှ နုရမည့်ဘ၀၊ ကျားသနားမှ နွား ချမ်းသာမည့် ဘ၀သို့ တွန်းပို့ပေး နေကြောင်းများ ပီပြင်စွာ သိလာရသည့်အဖြစ်မှာ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ပြည်သူတို့၏ စိတ်ဓာတ်အားမာန်များကို သဲထဲရေသွန် ယူကြုံးမရ ဖြစ်သွား စေလေသည်။ တိုင်းပြည်ကောင်းကျိုး လိုလားသူများအနေဖြင့် လူထုဒီမိုကရေစီခေါင်းဆောင်ကို ထိန်းကွပ် ဖေးမပေးကြရမည် ဖြစ်၏။

ကချင်ပြည်နယ်တွင်း ကျူးကျော် ထိုးစစ်ဆင်မှုများ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စများ၊ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြသူများကို နှောက်ယှက်ဟန့်တား ဖမ်းချုပ် မှုများ၊ လယ်သိမ်းခံ မြေသိမ်းခံ လယ်သမားတို့၏ မကျေနပ်မှုများ ဖြင့် နေ့စဉ်နှင့်အမျှ အပူလုံးကြွနေကြချိန်၊ ဟိုနိုလူလူ၌ ဆုတစ်ဆုသွားယူပြီး ကိုရီးယားသို့ ခရီးတခေါက်ထွက်ခဲ့သော ဒေါ်အောင် ဆန်းစုကြည်မှာ ရန်ကုန်ကို ဘယ်နေ့ဘယ်ရက် ဘယ်အချိန်က ဘယ်လိုပြန်ရောက်လာမှန်း ဘာသတင်းမျှ မကြားလိုက်ရပဲ ဗိုလ် ချုပ်မွေးနေ့ကျခါမှ ဗီဒီယိုဖိုင်ကလေးတခုတွင် ပေါ်လာခဲ့လေသည်။

Read More...

အပေါ်သို့