Thursday, February 28, 2013

CPU နိုင်ငံတကာသုံးငွေကြေးကတ်များ စတင်အသုံးပြုနိုင်

ဥာဏ်ဥာဏ် (မြစ်မခ)
28 Feb, 2013

နိုင်ငံတကာသုံး ငွေကြေးကတ် CPU ကတ်များအား MPU Network ချိတ်ဆက်ထားသော ATM စက်များနှင့် ငွေပေးချေနိုင်သည့် နေရာများတွင် ယခုလနောက်ဆုံးအပတ်မှ စ၍ သုံးစွဲနိုင်ပြီဖြစ်သည်။

Payment Union Card ကိုင်ဆောင်ပြီး ပြည်ပမှ မြန်မာနိုင်ငံသို့လာရောက်သူများအနေဖြင့် ငွေကြေး သယ်ယူစရာ မလိုဘဲ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များတွင် မြန်မာကျပ် ငွေထုတ်ယူ သုံးစွဲနိုင်မည်ဖြစ်သလို ဟိုတယ်နှင့် အခြားဝန်ဆောင်ခများအတွက်လည်း CPU ကတ်ဖြင့် ငွေပေးချေ နိုင်ပြီဖြစ်သည်။


“အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ အလည်အပတ် ဖြစ်ဖြစ် လာရောက်သူတွေက MPU ရဲ့ POS စက်တွေမှာ ငွေပေးချေနိုင်ပြီ ဖြစ်ပါတယ်” ဟု MPU အတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။

Myanmar Payment Unioin ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပိုင် ဘဏ်(၃)ဘဏ်အပါအ၀င် ပုဂ္ဂလိက ဘဏ် (၁၄)ဘဏ် စုစုပေါင်း အဖွဲ့ဝင်ဘဏ် (၁၇)ဘဏ်နှင့် စတင် ဖွဲ့စည်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ က အဖွဲ့ဝင် ဘဏ်များမှ MPU Debit Card များအား ပြည်တွင်း ၌ သုံးစွဲ နိုင်ရန် ထုတ်ဝေခဲ့ကြောင်း သိရသည်။

“၂၀၁၃ ခုနှစ် မှာလည်း မြန်မာနိုင်ငံ အနေနဲ့ Sea Game ကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ရမှာ ဖြစ်တယ် CUP နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့အတွက် နိုင်ငံတကာကတ်တွေ သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်” ဟု MPU အတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။

လက်ရှိ ပည်တွင်း MPU Network အတွင်း အဖွဲ့ဝင် ဘဏ်များ ATM စက် စုစုပေါင်း ၁၉၈ လုံးနှင့် POS စက် ၄၆၅ လုံးရှိနေပြီ ဖြစ်သည်။

အဆိုပါ China Union Pay သည် ၂၀၀၂ ခုနှစ်မှာ တရုတ်ပြည်မှာ စတင် တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှာ CUP ကတ်များ လက်ခံသုံးစွဲလျက် ရှိသည်။

မြန်မာနိုင်ငံသားများ ပြည်ပကိုသွားပါက ပြည်တွင်းဘဏ်ထုတ် Union Pay Card (Debit Card) များကို ကိုင်ဆောင်ပြီး နိုင်ငံတကာ၌ သုံးစွဲနိုင်အောင်ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း သိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့