Thursday, February 28, 2013

မြစ်နားရွာ ဆရာတော်ကြီး ဈာပန ကျင်းပမည့် နေ့ရက်အပြောင်းအလဲဖြစ်

February 27, 2013

မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပရန် စီစဉ်ထားသော မြစ်နားရွာ ဆရာတော်ကြီး၏ ဈာပန အခမ်းအနားကို အကြောင်း မညီညွှတ်သဖြင့် ကျင်းပမည့် နေ့ရက်ကို အပြောင်းအလဲ လုပ်လိုက်သည်ဟု သတင်း ရရှိသည်။

“ ယခင် ဆုံးဖြတ်ထားတာက မတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ဖြစ်ပါတယ်။ အဲဒီ ရက်တွေမှာ ဘင်္ဂလာဒေခ်ျ့မှာ ဆန္ဒပြမူတွေနဲ့ မတည်ငြိမ်မူတွေ ရှိနိုင်တဲ့ အတွက် ရက်အနည်း ငယ် နောက်ကို ဆုတ်ပြီး ဧပြီ ၄-၅-၆ ရက်နေ့ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု မြစ်နားရွာ ဒေသခံ တစ်ဦးက ပြောသည်။


ကျင်းပမည့် ရက်အပြောင်းအလဲကို ယမန်နေ့က ပြုလုပ်သော ဒေသခံ လူကြီးများနှင့် ဈာပနပွဲတော် ဖြစ်မြောက်ရေး ကော်မီတီတို့၏ အစည်းအဝေးတွင် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြစ်နားရွာ ဆရာတော်ကြီးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ အထင်ကရ သက်တော်ကြီး ၀ါတော်ကြီး ဆရာတော်ကြီး တစ်ပါး ဖြစ်သဖြင့် ဆရာတော်ကြီး ဈာပနပွဲတော်ကို ဘင်္ဂလာဒေခ်ျ့ အစိုးရ၏ ခွင့်ပြုချက်ဖြင့် အထူး စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

အနီးအနားရှိ ကျေးရွာများသာမက ရပ်ဝေးကျေးရွာများမှလည်း ဆရာတော်ကြီး၏ ဈာပနပွဲတော်တွင် ပါဝင်ဆင်နွဲရန် ကတလားအဖွဲ့များ၊ ဧယင်ကျူး အဖွဲ့များကို ကြိုတင် ပြင်ဆင် စီစဉ်နေကြပြီ ဖြစ်ကြောင်းသတင်း ရရှိသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့