Thursday, February 28, 2013

ဘူးသီးတောင်ထောင်တွင် လူမျိုးရေး ခွဲခြားဆက်ဆံမူများ ရှိနေ

February 27, 2013

ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်ထဲတွင် ထောင်အာဏာပိုင်များမှ လူမျိုးရေးအရ ခွဲခြား ဆက်ဆံမူများ ရှိနေကြောင်း ရခိုင်ပြည်နယ် လူ့အခွင့်အရေး ကွန်ယက်က ဆိုသည်။

မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန ဘူးသီးတောင် အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်နေသော ဦးမင်းလွင်ဦး (ထောင်မှူး) ကြီးကြပ်ရေးမှူး ဆိုသူသည် ဘူးသီးတောင် အကျဉ်း ထောင်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် တိုင်းရင်းသား ရခိုင်လူမျိုး ဝန်ထမ်းများအာ အမျိုးသားရေး အရ ခွဲခြား ဆက်ဆံမူများ ရှိနေသည်ဟု ပြောသည်။

ဦးမင်းလွှင်ဦးသည် ဗမာလူမျိုး တစ်ယောက်ဖြစ်ပြီး ရခိုင်ဝန်းထမ်းများအား “ မင်းတို့ ရခိုင်တွေ ဗမာလူမျိုးရဲ့ ဖဝါးအောက်မှာဘဲ ရှိတယ်။ အခု ကုလားသတ်လို့ အားလုံးသေကြ တော့မယ်” ဟု ဆိုကာ လူမျိုးရေး အရ စော်ကားသည့် စကားများ ပြောဆိုင်ပြီး ရိုင်းစိုင်းစွာ ဆက်ဆံနေကြောင်း များမကြာမှီက လွှတ်မြောက်လာသူ အကျဉ်းသား တစ်ဦးကို ကိုးကားပြီး အဆိုပါ အဖွဲ့က ပြောသည်။

အကျဉ်းသားများကိုလည်း လူ့အခွင့်အရေး ချိုဖေါက်မှုများပြုလုပ်နေကြောင်း၊ သောက်ရေ မလုံလောက်သဖြင့် ထောင်သားများကို လက်ဆေးရေများကို အတင်းအဓမ္မ တိုက်ကျွေး မူများလည်း ရှိကြောင်း ဆိုသည်။

ထောင်ထဲရှိ အဆောင်(၄)မှ အကျဉ်းသား မောင်ထွန်းနိုင်၊ ထွန်းအေးလှိုင်၊ နေလင်းထိုက်၊ မာမက်အာလောင် တို့ကို လက်ဆေးရည်များကို အတင်း တိုက်ခဲ့သည်ဟု ဆိုသည်။

ကပ္ပလီ ခေါ် ဆွေယက်တာလီ ကိုလည်း လက်ကျိုးအောင် ရိုက်နှက်ခဲ့သဖြင့် ဘူးသီးတောင်ဆေးရုံတွင် အတွင်း လူနာ အဖြစ်ကုသခဲ့ရသလို အာယု ဆိုသူကိုလည်း အမျိုးသမီးဝတ် လက်ပတ်နာရီ တစ် လုံး ဝယ်ခိုင်း သော်လည်း ဝယ်မပေးသဖြင့် ရိုက်နှက်ခဲ့သည်ဟု ပြောသည်။

လူ့အခွင့်အရေး ချိုးဖေါက်နေသော ဝန်ထမ်းအရာရှိ ဦးမင်းလွင်ဦးဆိုသူကို သက်ဆိုင်ရာမှ စုံစမ်းဖေါ်ထုတ်ပြီး ထိရောက်စွာ အရေး ယူပေးပါရန် မီဒီယာမှတဆင့် နိုင်ငံတော် သမ္မတကြီးကို တိုက်တွန်းကြောင်း ရခိုင် လူ့အခွင့် အရေး ကွန်ယက်က ပြောဆိုသည်။

Ref: နိရဉ္စရာဝတီ

0 comments:

အပေါ်သို့