■ ဒို့အရေး လုပ်တန်းကစားခဲ့သည့် ကလေးငယ်များ ခေါ်ယူစစ်ဆေးခံရ သတင်း
■ လျှို့ဝှက်လိုဏ်ခေါင်းတခု ထပ်ပြီးဖောက်လုပ်နေ သတင်း
■ ဖုန်ကျားရှင် ၀ နယ်မြေတွင် မခိုလှုံဟု ၀ ဘက်က ငြင်းဆို သတင်း
■ တရုတ် သတင်းပေးရာက ကိုးကန့်တိုက်ပွဲဖြစ် (ရုပ်သံသတင်း) သတင်း
■ မြန်မာစစ်အစိုးရ ကေအိုင်အိုနဲ့ ဆက်လက်ငြိမ်းချမ်းလို သတင်း
■ ကေအိုင်အိုနှင့် စစ်အစိုးရဆွေးနွေးပွဲ သဘောတူညီမှုမရသေး သတင်း
■ အကျဉ်းကျ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်ဦး၏ (၆၆) နှစ်မြောက် မွေးနေ့ကျင်းပ သတင်း
■ ဦးခွန်ထွန်းဦး မွေးနေ့ပွဲ မူဆယ်တွင် ကျင်းပ သတင်း
■ နိုင်ငံရေးအကျဉ်းသား ဦးတင်ယု ကျန်းမာရေး ပိုမိုဆိုးဝါးနေ သတင်း
■ မျက်လုံးတဘက် ထုတ်ရသည်အထိ ရိုက်နှက်ခံရသည့်အပြင် တရားစွဲခံရ သတင်း
■ အမေရိကန်၏ မြန်မာနိုင်ငံမူဝါဒ ကြားနာပွဲ ကျင်းပမည် သတင်း
■ ကလေးအလုပ်သမားအစီရင်ခံစာ အမေရိကန်ဝန်ကြီးဌာန ထုတ်ပြန် သတင်း
■ စိတ်ကြွဆေးပြား (၂) သိန်း ဖမ်းမိ သတင်း
■ ကေအယ်လ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် မြန်မာအကျဉ်းသား ထပ်မံသေဆုံး သတင်း
■ HIV/AIDS အဖွဲ့ငယ်များ ဝန်ကြီးဌာနလက်အောက် သွတ်သွင်းမည် သတင်း
■ မြန်မာ့ပဲဈေး လကုန်တွင် အဖြေထွက်မည် သတင်း
■ ဟစ်ပ်ဟော့ပ်အဆိုတော်များ ပါဝင်သည့် “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” လာမည် သတင်း
■ စက်တင်ဘာ (၁၁) အကြမ်းဖက်တိုက်ခိုက်မှု (၈) နှစ်ပြည့်ပြီ သတင်း
■ ထိုင်ဝမ်သမ္မတဟောင်း ချန်ရွှီဗျန်း ထောင်ဒဏ်တသက် ချမှတ်ခံရ သတင်း
Saturday, September 12, 2009
နေ့စဉ်သတင်းများ (၁၁ - ၉ - ၀၉)
Friday, September 11, 2009
မြန်မာပြည်သူများအတွက် ရွေးကောက်ပွဲ မလိုအပ် ဟု ဦးဝင်းတင်ပြော
NEJ / ၁၀ စက်တင်ဘာ ၂၀၀၉
စက်တင်ဘာ (၉) ရက်နေ့စွဲဖြင့် အမေရိကန် ပြည်ထောင်စုတွင် ထုတ်ဝေသည့် ၀ါရှင်တန်ပို့စ် သတင်းစာတွင် မြန်မာ လူထု မလိုအပ်သည့် ရွေးကောက်ပွဲ တခု ဟူသည့် ခေါင်းစဉ်ဖြင့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်က ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။
ယင်းဆောင်းပါးတွင် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်က အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ တားမြစ်မှုများ ချမှတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအောက် ရောက်သွား နိုင်သည်ဟု ပြောဆိုခဲ့မှုနှင့် အန်အယ်လ်ဒီ ပါတီအား လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားသင့်သည် ဆိုသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ ပြန်လည် တုံ့ပြန် ရေးသားထားခြင်း ဖြစ်သည်။
ယင်းဆောင်းပါးတွင် ဦးဝင်းတင်က နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် အဓိပ္ပာယ်ရှိရှိ ဆောင်ရွက်ကြမည် ဆိုရာတွင် ပထမဆုံး မစ္စတာ ၀က်ဘ်ကဲ့သို့ အရာရှိများသည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး အကြောက်တရားပြ ပြောဆိုမှုများကို ရပ်တန့်သင့်သည်ဟု ဆိုထားသည်။ မစ္စတာဝက်ဘ် ပြောသည့် တရုတ်ကို ကာကွယ် တားဆီးနိုင်ရေး အတွက် မြန်မာ စစ်အစိုးရနှင့် အတူ ပူးတွဲ လုပ်ဆောင်ကြရမည် ဆိုသည့် ပြောဆိုမှုများသည် ခေတ်နောက်ကျနေပြီး လက်တွေ့ မကျသည့် အတွေးအခေါ်များ ဖြစ်ကာ ယင်းကဲ့သို့ အတွေးအခေါ်မျိုးကို ဒေါ်အောင်ဆန်း စုကြည်ကလည်း လက်မခံကြောင်း ရေးသား ဖော်ပြထားသည်။
“ကျမတို့က ဘယ်သူ့ကိုမှ အကြောက်တရားနဲ့ စိုးရိမ်ကြောင့်ကြ စိတ်ထားပြီး ဆက်ဆံမှာ မဟုတ်ဘူး၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ ဘယ်သူ့ ကိုမဆို ရင်းရင်းနှီးနှီး တန်းတူ ဆက်ဆံမှာ ဖြစ်တယ်။ ကျမတို့ အနေနဲ့ ကိုယ့်အိမ်နီးချင်းကို မရွေးချယ်နိုင်တဲ့ အတွက် တရုတ်နိုင်ငံနဲ့လည်း ကောင်းမွန်စွာ ဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကိုလည်း ဆောင်းပါးတွင် ထည့်သွင်း ဖော်ပြထားသည်။
ထို့အပြင် ဒုတိယအချက်အနေဖြင့် အန်အယ်လ်ဒီသည် အခြား နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆက်ဆံရန် အားပေး တိုက်တွန်းခဲ့ကြောင်း၊ ယင်းသို့ တိုက်တွန်းရသည်မှာ စစ်အစိုးရကို အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသား လူမျိုးစုများနှင့် ဆက်ဆံလာစေရန် တိုက်တွန်း ပေးစေလို၍ ဖြစ်ကြောင်း ဖော်ပြထားသည်။
“အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ တားမြစ်မှုတွေ လုပ်ထားပါတယ်။ ဒါဟာ ကျနော်တို့ အလွန်တရာ မြတ်နိုးတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရအတွက် သူတို့တွေရဲ့ ဆုံးဖြတ်ချက် အပေါ် စည်းလုံး ညီညွတ်စွာနဲ့ အခိုင်အမာ ရပ်တည်ကြောင်း ပြသတာဖြစ်ပါတယ်။ အကယ်၍ စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်မယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမယ်၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အပစ်အခတ်တွေ ရပ်စဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ဖို့ ခြေလှမ်းတွေ ထပ်လှမ်းလာမယ်ဆိုရင် ဒီလို ပိတ်ဆို့ အရေးယူမှုတွေဟာ အချိန်တန်ရင် ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်” ဟုလည်း ဦးဝင်းတင်က ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ ထောက်ပြထားသည်။
ယခုအချိန်တွင် အန်အယ်လ်ဒီ၏ ဆုံးဖြတ်ချက်အပေါ် မည်သို့မျှ သံသယ မထားစေ လိုကြောင်းနှင့် အန်အယ်လ်ဒီသည် မြန်မာ ပြည်သူ လူထုကြီးကို ကိုယ်စားပြုသည့် ပြည်သူ့ ပုံရိပ်ဖြစ်ကြောင်း၊ ဆိုးဝါးလှသည့် အပြစ် အနာအဆာများဖြင့် ပြည့်နှက်နေသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် ပါဝင်ရန် အန်အယ်လ်ဒီအား ခြောက်လှန့် အကျပ်ကိုင်၍ မရနိုင်ကြောင်းလည်း တင်ပြထားသည်။
အန်အယ်လ်ဒီသည် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေပြီး ဒီမိုကရေစီရေး အနှစ်သာရ အတွက် ဆက်လက် ရုန်းကန် တိုက်ပွဲ ၀င်ကြရန်လည်း အဆင်သင့် ဖြစ်နေသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။
မူရင်းအတိုင်းဖတ်လိုပါက ဒီမှာနှိပ်ပါ
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၁၀ - ၉ - ၀၉)
■ ဆရာတော်ဦးဥတ္တမနေ့ကို အာဏာပိုင်များ လုံခြုံရေးတင်းကျပ်ထား သတင်း
■ ပခုက္ကူက သံဃာမေတ္တာပို့သပွဲနှင့် ဆက်စပ်ဖမ်းဆီးထားသူထဲမှ (၃) ဦး ပြန်လွှတ် သတင်း
■ လောက်ကိုင်မြို့တွင် စစ်အစိုးရ သတင်းစာရှင်းလင်းပွဲလုပ် သတင်း
■ ကိုးကန့် (သို့မဟုတ်) အမျိုးသားပြန်လည်တိုက်ခိုက်ရေးပြယုဂ် (ဆောင်းပါး)
■ စုစည်းညီညွှတ်မှုပျက်ပြားအောင် သပ်လျှိုဖြိုခွဲတာပဲ (နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းချက်)
■ ငြိမ်းအဖွဲ့နယ်မြေမှ ထွက်ခွာရန် သတ်မှတ်ရက် ကုန်ဆုံး သတင်း
■ နယ်ခြားစောင့်အရေး ကချင်နှင့် စစ်အစိုးရကိုယ်စားလှယ် ထပ်မံဆွေးနွေး သတင်း
■ စစ်အစိုးရအတွက် ဝင်ငွေရှာဖွေပေးနေသည့် ဘဏ် (၂) ခုအား ဖိအားပေးရန် ERI က တိုက်တွန်း သတင်း
■ ဓာတ်ငွေ့ရောင်းရငွေများကို စစ်အစိုးရက စင်္ကာပူတွင် သိမ်းထားဟုဆို သတင်း
■ မြေမြှုပ်မိုင်းကြောင့် နေရပ်ပြန်ရန် ဒုက္ခသည်များ ကြောက်ရွံ့နေကြ သတင်း
■ ကလေးများ အဓမ္မ စစ်သားစုဆောင်းခံနေရ၍ မိဘများ သောကရောက် သတင်း
■ ကုလသမဂ္ဂညီလာခံသို့ ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည် သတင်း
■ ရေကာတာတည်ဆောက်မှုကြောင့် ငါးလုပ်ငန်းကျဆင်း အင်းလုပ်သားများ စီးပွားရေးကျပ်တည်း သတင်း
■ ၀န်ကြီးဌာနများတွင် အင်တာနက်သုံးစွဲမှု ကန့်သတ် သတင်း
■ မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသော အမေရိကန်နိုင်ငံသားအတွက် သံရုံးက စုံစမ်း သတင်း
■ စော်ဘွားကြီးကုန်းတွင် မီးလောင် သတင်း
■ ငါးလကျော် ပျောက်ဆုံးနေသည့် ကလေးကို စစ်တပ်က ခေါ်သွားကြောင်းသိရ သတင်း
■ ဆဲဗင်းကော်နာ ကော်ဖီဆိုင် ဖျက်ဆီးခံရမှု ရန်ကုန်မြို့ခံများ စိတ်ဝင်စား သတင်း
■ ရေစီးကြောင်းပိတ်ဆို့မှုကြောင့် စပါးခင်းများ ပျက်စီး သတင်း
Thursday, September 10, 2009
နေ့စဉ်သတင်းများ (၉ - ၉ - ၀၉)
■ ပြည်တွင်း၌ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများ ပြုလုပ် သတင်း
■ နှစ် (၇၀) မြောက် ဆရာတော် ဦးဥတ္တမနေ့ ကော့(စ်)ဘာဇားတွင် ကျင်းပ သတင်း
■ တရားဝင်နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားခွင့်ပြုရေး NLD က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သူ၏ ရှေ့နေများ တွေ့ခွင့်တောင်း သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မွန်နိုင်ငံရေးပါတီသစ်ဖွဲ့ သတင်း
■ ပါတီနှစ်ခု ဆိုင်းဘုတ်တင်ခွင့်ရ သတင်း
■ အာဏာရအောင် ကြိုးစားသင့်ဟု ဦးသုဝေ ပြော သတင်း
■ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀တပ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမည် သတင်း
■ စစ်အစိုးရက မွန်ပြည်သစ်၏ လုပ်ငန်းစဉ်အပေါ် ကန့်သတ်မှုရှိလာ သတင်း
■ ဖာပွန်-ကမမောင်း ကားလမ်း ကေအဲန်ယူ ပိတ်ပင်ထား သတင်း
■ စစ်ရေးလှုပ်ရှားမှုကြောင့် စာသင်ကျောင်းနှင့် ဆေးခန်းပိတ်လိုက်ရ သတင်း
■ ကိုးကန့်ဒေသကို ပြန်သူထက် မပြန်သူက ပိုများနေ သတင်း
■ ရန်ကုန်တွင် ရခိုင်ကျောင်းသား (၆) ဦး ဖမ်းဆီးခံရ သတင်း
■ ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲ သတင်း
■ စစ်တွေတွင် ကျောင်းသားတဦး နောက်ထပ်ဖမ်းခံရ သတင်း
■ ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် အဖမ်းအဆီးနှင့် လုံခြုံရေးအခြေအနေ သတင်း
■ ဓနုတ်စေတီ ပြန်လည်တည်ထားရန် အာဏာပိုင်များ ခွင့်မပြု သတင်း
■ ဒိုက်ဦးက အသက်မပြည့်သေးတဲ့ ကျောင်းသူ (၂) ဦးကို အဓမ္မထောင်ချ သတင်း
■ ဘုံကျောင်းဆန်ဝေပွဲကို လာရောက်သည့် မြန်မာပြည်သားများ ယခင်နှစ်ထက် များပြားလာ သတင်း
■ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လပွတ္တာနှင့် ဘိုကလေးမှာ ရေကြီး သတင်း
■ တက္ကစီများ မီတာဖြင့် ပြေးဆွဲရေးစီမံချက် မအောင်မြင် သတင်း
■ ကျနော်နှင့် နက်ကျား၊ ဓားတောင်နှင့် မီးပင်လယ် (ဆောင်းပါး)
■ အယူခံကို မိုးအဆုံး မြေအဆုံး လိုက်ကြစို့ (ဆောင်းပါး)
■ ရက်စက်မှုနဲ့ အကြင်နာကင်းမဲ့မှု (ဆောင်းပါး)
Wednesday, September 9, 2009
နေ့စဉ်သတင်းများ (၈ - ၉ - ၀၉)
■ ရုံးတွေ ဖွင့်ခွင့်ပေးဖို့ NLD ထပ်မံတောင်းဆို သတင်း
■ မန္တလေး NLD လူငယ် တိုးချဲ့ဖွဲ့စည်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့် ရှေ့နေများ လျှောက်ထား သတင်း
■ စစ်အစိုးရသတင်းပေးဟု ယူဆသူများကို ၀ တပ်ဖွဲ့ ဖမ်းဆီးထား သတင်း
■ ထိုင်း-မြန်မာနယ်စပ် ၀ တောင်ပိုင်းတွင်လည်း စစ်အစိုးရတပ်များ တိုးချဲ့ထား သတင်း
■ စစ်အစိုးရတပ် လှုပ်ရှားမှုများကြောင့် သျှမ်းပြည်လူထု ထိတ်လန့်ချောက်ချား သတင်း
■ တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာတက်စေရန် လားဟူပြည်သူ့စစ်ကို လက်ကိုင်တုတ်အဖြစ်သုံး သတင်း
■ ရခိုင်ပြည်နယ်မှာ သံဃာတော်တွေ စောင့်ကြည့်ခံရ သတင်း
■ သံဃာတော်များနှင့် မွန်လူငယ်များက ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်သည့် မီးပုံးပျံလွှတ်ပွဲတော် ပြုလုပ် သတင်း
■ မွန်တိုင်းရင်းသားခေါင်းဆောင်တွေ ကြားနေ၊ နိုင်ငံရေးပါတီသစ် ဖွဲ့ဖို့ပြင်ဆင် သတင်း
■ ၀ ခေါင်းဆောင် ကျောက်ညီလိုင် ကွယ်လွန် သတင်း
■ ကယန်းပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသတွင် ကြံ့ဖွံ့အသင်း မဲဆွယ်မှုစတင် သတင်း
■ ဗိုလ်ချုပ်မှူးကြီးမြေး၏ အမိန့်အရ ဗိုလ်ချုပ်ကြီးသား၏ ကော်ဖီဆိုင်ကို ဖျက်ဆီး သတင်း
■ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုများရှိဆဲ သတင်း
■ အသက်မပြည့်သေးသော ပြစ်ဒဏ်ကျ မိန်းကလေးကို ပဲခူးထောင်က လက်ခံ သတင်း
■ လေဆိပ်တွင် အဖမ်းခံရသူသတင်း စုံးစုံးမြုပ် သတင်း
■ ရက်စက်မှုနဲ့ အကြင်နာကင်းမဲ့မှု (ဆောင်းပါး)
■ ဘန်ကောက်တွင် မူးယစ်ဆေးပြား သန်း (၁၀၀) သိုလှောင်ထားဟု ထိုင်းက ယူဆနေ သတင်း
■ တာဝန်မှအပ ဒေသတွင်း လာရောက်နေထိုင်သူများအား ၀ တပ်ဖွဲ့က လက်မခံ သတင်း
■ စစ်ဖြစ်ချိန် ကိုးကန့်ဒေသ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက် သတင်း
■ ၀ ပြည်နယ် တရားစီရင်ရေးကော်မတီမှ ကြေညာချက်ထုတ်ပြန် သတင်း
■ ကချင်ဒေသစောင့်တပ်အဖြစ်ပြောင်းရန် ကေအိုင်အို တောင်းဆို သတင်း
■ ဆရာတော် ဦးဥတ္တမနေ့ကြောင့် စစ်တွေလုံခြုံရေး အထူးတင်းကျပ် သတင်း
■ မွန်ပြည်သူကြား မွန်ပြည်သစ်ပါတီ စည်းရုံးခွင့် တားမြစ်ခံရ သတင်း
■ ဂက်စ်ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်ကို တရုတ်အစိုးရက မျက်ကွယ်ပြုနေ သတင်း
■ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပြည်သူများစွာ ထိခိုက်နိုင် သတင်း
■ နစကမှ မောင်တောခရိုင် ဒုရဲမှူးကြီးကို အနီးကပ် စောင့်ကြည့် သတင်း
■ ရိုးရိုးသား လုပ်ကိုင်စားသောက်နေသူကို ချဲထီနှင့် စွပ်စွဲပြီး ဖမ်းဆီးထောင်ချ သတင်း
■ နိုင်ငံခြားထွက် အလုပ်လုပ်သူတွေအပေါ် ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ ရိုက်ခတ်မှု သတင်း
အလကားကောင်ရဲ့ ငြိမ်းချမ်းရေး (ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ခြင်း)
September 9, 2009
ဂါမဏိ
၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ နအဖ အခြေခံဥပဒေ အသက် ဝင်လာတဲ့အခါ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဆိုတဲ့ နအဖ စစ်ကောင်စီကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။ အဲဒီအခါ တနိုင်ငံလုံးကို အကြွင်းမဲ့ ချုပ်ကိုင်နေတဲ့ စစ်ကောင် စီနေရာမှာ ရွေးကောက်ပွဲ ကနေ တက်လာမယ့် ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရတို့က တိုင်းပြည်ကို ၇၅ ရာခိုင်နှုန်း ဟန်ပြ ဒီမိုကရေစီနဲ့ တကယ်ပဲ ချုပ်ကိုင် ဦးစီးတော့မှာလား။ လက်တွေ့မှာတော့ နအဖ အခြေခံ ဥပဒေအရ လွှတ်တော်တွေ၊ အစိုးရတွေ အထက်မှာ အာဏာကို အကြွင်းမဲ့ ချုပ်ကိုင် ထားမှာက “အလကားကောင်” လို့ခေါ်တဲ့ “အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ” ပဲ ဖြစ်ပါတယ်။
၂ဝဝ၈ အခြေခံဥပဒေ ပုဒ်မ ၂ဝ၁ မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီလို့ တရားဝင် နာမည်ပေးထားတဲ့ "အလကားကောင်" မှာ အဖွဲ့ဝင် ၁၁ ယောက်ပါပြီး အနည်းဆုံး ၆ ယောက် (တပ်ချုပ် ၁၊ ဒုတပ်ချုပ် ၁၊ ဒုသမတ ၁၊ ကာကွယ်ရေး ဝန်ကြီး ၁၊ ပြည် ထဲရေးဝန်ကြီး ၁၊ နယ်စပ်ရေးရာ ဝန်ကြီး ၁) ကို စစ်တပ်က သပိတ်ဝင် အိပ်ဝင် နေရာ ယူထားမှာ ဖြစ်ပါတယ်။ အရပ်သား အများ ဆုံး ၅ ယောက် (သမတ ၁၊ ဒုသမတ ၁၊ နိုင်ငံခြားရေးဝန်ကြီး ၁ နဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂) အထိသာ ပါနိုင်တဲ့ ကောင်စီထဲမှာ “စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ စနစ်” အရ ရွေးကောက်ခံ မဟုတ်တဲ့ အများစုကို နာခံရမှာ ဖြစ်ပါတယ်။ အဲဒီ အများစု ၆ ယောက်ဟာ စစ်ထုံးစံအရ တပ်ချုပ်ကို အကြွင်းမဲ့ နာခံရတာ ဖြစ် ပါတယ်။ ဒီတော့ အရပ်သား သမတဖြစ်စေ၊ အရပ်သား လွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်စေ၊ ရွေးကောက် ခံရတာဖြစ်စေ အလိုအလျောက် တပ်ချုပ်ကို အကြွင်းမဲ့ နာခံရတော့မှာ ဖြစ်ပါတယ်။
ဒီတော့ကာ အလကားကောင်ဟာ တိုင်းပြည်မှာ ဘာလုပ်မှာလဲ၊ ဘယ်လောက် အာဏာရှိမလဲ။ ပုဒ်မ ၂ဝ၁ မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေ တရပ်ရပ်အရ သော်လည်းကောင်း တာဝန်များ ထမ်းဆောင်မယ်လို့ ရေးထားပါတယ်။ ၇၅ ရာခိုင်နှုန်း ဟန်ပြ ဒီမိုကရေစီ ရှိမယ့် လွှတ်တော်ဆိုတာက အလကားကောင်ကို အာဏာ ပေးမယ့်ဥပဒေ မပြဋ္ဌာန်းရင်လည်း အနိမ့်ဆုံး အနေနဲ့ ၂ဝဝ၈ အခြေခံ ဥပဒေမှာ ပုဒ်မ ၂ဝ၄ လွတ်ငြိမ်း ချမ်းသာခွင့်၊ ပုဒ်မ ၂ဝ၆ နိုင်ငံခြားရေး၊ ပုဒ်မ ၂၁၃ စစ်ရေး၊ ပုဒ်မ ၃၄ဝ အဓမ္မလုပ်အား ပေးခိုင်းခွင့်၊ ကလေးစစ်သား ကောက်ခွင့် အပါအဝင် လုပ်ချင်ရာ လုပ်ခွင့်၊ ပုဒ်မ ၃၄၂ တပ်ချုပ်ခန့်ခွင့် နဲ့ အဓိကအားဖြင့် အခန်း ၁၁ အရ အရေးပေါ် အခြေအနေ ကြေညာ အာဏာသိမ်းခွင့် အာဏာ ထိန်းခွင့် တွေကတော့ ရပြီးသား ဖြစ်ပါတယ်။
လုံခြုံရေးနဲ့ကာကွယ်ရေး နာမည်ခံထားတဲ့ အလကားကောင် လက်ထက်မှာ လုံခြုံရေးနဲ့ ကာကွယ်ရေး မီးသေနိုင်ဖို့ လက်ရှိ ငြိမ်းချမ်းရေး အဖွဲ့တွေကို မနည်းထိန်းရ ချော့ရ ဖိအား ပေးနေရပေမဲ့ ဖင်မနိုင်တဲ့ အခြေအနေ ရောက်နေတာ မြင်မကောင်း ရှုမကောင်း တွေ့နေ ရပါတယ်။
အင်အားတောင့်တဲ့ ငြိမ်းအဖွဲ့တွေ၊ မျိုးချစ်စိတ်ထက် သန်တဲ့ ငြိမ်းအဖွဲ့တွေ ကတော့ ပါတီ၊ တပ်နဲ့ နယ်မြေကို မလိမ့် တပတ်နဲ့ အပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်တပ် အကြံကို ခတ်ရှင်းရှင်းဘဲ ပယ်ချ ကြတယ်။ ဝပြည်သွေးစည်း ညီညွတ်ရေး ပါတီ၊ မြန်မာပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်)၊ မြန်မာပြည် အမျိုးသား ဒီမိုကရေစီ တပ်မတော် (ရှမ်းအရှေ့ အထူး ၄)၊ ရှမ်းပြည်တပ်မတော်၊ မွန်ပြည်သစ် ပါတီ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၊ ကယန်းပြည်သစ် ပါတီ၊ ကချင် ကာကွယ်ရေးတပ် (မထုနော်အဖွဲ့) တို့ဟာ ငြိမ်းချမ်းရေး စလုပ်တုံးက သဘောတူထားတဲ့၊ နောင်တချိန်မှာ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးခွင့် ရရေးကို ကိုင်စွဲ ထားပါတယ်။
နယ်ခြားစောင့်တပ်လုပ်မယ်ပြောတဲ့ ငြိမ်းအဖွဲ့ တွေကလည်း တဖက်မှာ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေ ပြန်လုပ် နေပါတယ်။ လွှတ်တော်ထဲ ရွေးကောက် မခံဘဲ အမတ်လုပ်မယ့် စစ်တပ် ခွဲတမ်း ၂၅ ရာခိုင်နှုန်းထဲမှာ ငြိမ်းအဖွဲ့တွေ ပါခွင့်၊ ပါတီ အဖွဲ့အစည်းနဲ့ နယ်မြေ ဖျက်သိမ်းပြီး အသက် ၅ဝ အောက် တပ်ဖွဲ့ဝင်တွေကိုဘဲ နယ်ခြားစောင့်တပ် လုပ်မယ်လို့ နအဖ က ပြောနေတဲ့ ကြားက ပြည်နယ် တခုလုံးမှာ ရှိတဲ့ နယ်ခြား ဂိတ်တွေ အကုန်လုံးကို လုံးဝ လက်ဝါးကြီးအုပ် အခွန်ကောက်ခွင့်၊ နယ်ခြားစောင့် တပ်ရင်း အဆင့်တင် မဟုတ်ဘဲ နယ်ခြားစောင့် တပ်မဟာ နယ်ခြားစောင့် တပ်မ နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ် ဖွဲ့ခွင့်၊ အသက် ၅ဝ ကျော် ငြိမ်းအဖွဲ့ ဗဟိုကော်မတီတွေ အနေနဲ့ နယ်ခြားစောင့် တပ်မဟာမှူး နယ်ခြားစောင့် တပ်မမှူး နယ်ခြားစောင့် တိုင်းမှူးအဆင့် ရခွင့်တွေ တောင်းနေကြပါတယ်။
တချိန်တုံးကရှိခဲ့တဲ့ ကရင်သေနတ်ကိုင် တပ်ရင်း၊ ကချင် သေနတ်ကိုင် တပ်ရင်း၊ ချင်း သေနတ်ကိုင် တပ်ရင်း စတဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ပေးခဲ့တဲ့ တိုင်းရင်းသား သေနတ်ကိုင် တပ်ရင်းတွေကို နဝတ-နအဖ လက်ထက်မှာ အပြီးအပိုင် ဖျက်သိမ်းခဲ့ပြီးမှ အခုတခါ တိုင်းရင်းသား တပ်မဟာတွေ၊ တိုင်းရင်းသား တပ်မတွေကို ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး တို့က ခွင့်ပြုမယ်လို့ စိတ်ကူးယဉ်နေရင် လုံးလုံး မှားပါလိမ့်မယ်။ လူ ၃ဝဝ ကျော် တပ်ရင်းမှာ အရေးကြီးတဲ့ နေရာ ၃ဝ လောက်ကို ဗမာစစ်တပ်က ကိုင်ထားနိုင်တဲ့ အတွက် နယ်ခြားစောင့် တိုင်းရင်းသား တပ်မဟာတွေ တပ်မတွေအထိ ဖွဲ့ခွင့်ပေးဖို့ အလကားကောင် တို့က မစဉ်းစားပါဘူး။
ဒီနေရာမှာ အလကားကောင်ရဲ့ အရင်းခံ အတွေးအခေါ်ကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အလကားကောင်လို ဖက်ဆစ်တွေရဲ့ အတွေး အခေါ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရာရာကို အကြွင်းမဲ့ လက်ဝါးကြီး အုပ်ရေး ဖြစ်ပါတယ်။ အပြင်းထန်ဆုံး၊ အစွန်းအရောက်ဆုံး အတ္တ ကိုယ်ကျိုး ကြည့်မှုဟာ အလကားကောင်လို ဖက်ဆစ်တွေမှာ ခြေဆုံး ခေါင်းဆုံး ပြည့်နှက် နေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အဲဒီ လက်ဝါးကြီးအုပ် အကျိုးစီးပွားကို ထိခိုက်စေမယ့် အရာ အားလုံးကို အပြင်းအထန် မုန်းတီး ဆန့်ကျင်ကြပါတယ်။ ဖက်ဆစ်တွေ၊ ကျဉ်းမြောင်းတဲ့ အစွန်းရောက် တွေရဲ့ ဒဿနဟာ လောဘကို အခြေခံတဲ့ အဘိဇ္ဈာဝါဒ၊ မစ္ဆရိယ စိတ်ဓာတ် နဲ့ အမုန်းတရား ဒဿန Hate ideology or Hate philosophy ဖြစ်ပါတယ်။ မိမိတို့ရဲ့အတ္တ၊ မိမိတို့ရဲ့ ကိုယ်ကျိုးကို ထိခိုက် ခြိမ်းခြောက်တာ မှန်သမျှကို စိတ္တဇ ရောဂါ ဖြစ်နေသလိုမျိုး ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန် ကြမ်းတမ်းလှတဲ့ မုန်းတီးမှု ဖြစ်ပါတယ်။
ဒါကြောင့် ဒီအမုန်းတရားအခြေခံအောက်မှာ ကိုယ့်လူမျိုး အချင်းချင်း ဖြစ်ပစေ၊ လူမျိုးကွဲ ဖြစ်ပစေ၊ ကျောင်းသား ဖြစ်ပစေ၊ ရွာသားဖြစ် ပစေ၊ ရဟန်းသံဃာ ဖြစ်ပစေ ရက်ရက် စက်စက် သတ်ဖြတ်ဖို့၊ လက်စတုံး ရှင်းပစ်ဖို့ လုံးဝ ဝန်မလေးပါဘူး။ ဂျာမန် ဖက်ဆစ်ခေါင်းဆောင် ဟစ်တလာ က ဂျူးလူမျိုး ၆ သန်းကျော်ကို သွေးအေးအေး သတ်ပစ်ခဲ့တာ လူသိများပါတယ်။ ဒါပေမဲ့ ဟစ်တလာက (ဗမာပြည်က ကြံ့ ဖွတ်-စွမ်းအားရှင်နဲ့ သဏ္ဍာန်တူတဲ့) သူ့နာဇီ ပါတီဝင် ဂျာမန်လူမျိုး ရှပ်ညို တပ်ဖွဲ့ဝင်တွေကို ရာနဲ့ချီပြီးသတ်၊ ထောင်နဲ့ချီပြီး ထောင်ချ ပစ်ခဲ့တာက ဖက်ဆစ်တွေရဲ့ လက်ဝါးကြီး အုပ်ဝါဒ အဘိဇ္ဈာဝါဒကို ပိုပြီး ထင်ထင်ရှားရှား ပြနေပါတယ်။
ဗမာပြည်မှာကြည့်ရင်လည်း ၈၈ မတိုင်မီမှာ မဆလပါတီဟာ စစ်တပ်ကို ပြိုင်ဖက်ဖြစ်လာ ပုခုံးချင်း ယှဉ်လာလို့ ၈၈ အာဏာသိမ်းပွဲ ကျတော့ ဗိုလ်နေဝင်းနဲ့ ဗိုလ်စောမောင်တို့က မဆလပါတီကို အမှိုက်ပုံးထဲ ထည့်လိုက်တာလည်း အားလုံး အသိပါဘဲ။ ဒီကနေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ရှေ့နေ လိုက်ထောက်ခံ ပေးနေတဲ့ တင်မြ၊ ချမ်းအေး အစရှိတဲ့ ကွန်မြူနစ် ပျက်တွေဟာလည်း ၁၉၇၄ ရွေးကောက်ပွဲကို အားတက်သရော ထောက်ခံခဲ့ပေမဲ့ ၁၀ နှစ်တောင် မကြာဘဲ နေဝင်းက ပြတ်ပြတ်သားသား ကန်ထုတ်လိုက်တာ ခံခဲ့ရ ရှာပါတယ်။ သန်းရွှေက နေဝင်း ဂိုဏ်းသားတွေကို အပြတ်ရှင်းတာ၊ ခင်ညွန့်နဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းတာ တွေလည်း အထင်အရှား ရှိပါတယ်။ တပ်မဟာ ၇ စစ်ဆင်ရေးမှာ ခေါင်းဆောင်ခဲ့သူ (ကရင် ဂျိမ်းစဘွန်းလို့ မြှောက်စား ခံခဲ့ရတဲ့) လက်မရွံ့ ပါးကွက်သားကို နောက်တန်း အပြန်လမ်းမှာ ရှင်းပစ် လိုက်တာဟာ ဖက်ဆစ်တွေရဲ့ ထူးသော်လည်း မဆန်းလှတဲ့ ထုံးတမ်းစဉ်လာ လုပ်ကွက်တွေ ဖြစ်ပါတယ်။
အရာကိစ္စတိုင်းကို အမုန်းတရား အခြေခံ စဉ်းစားတဲ့ အတွက် ဖက်ဆစ်တွေရဲ့ အဘိဓာန်မှာ အပေးအယူ အလျှော့အတင်းလုပ် စေ့စပ် ဖြေရှင်းခြင်း ဆိုတဲ့ ဝေါဟာရ မရှိပါဘူး။ “နိုင်နေတုံး ရှုံးဖို့ မချန်တာ”၊ “သေတာသွားတယ် ချီးပန်းမရပ်တာ” ဟာ ဖက်ဆစ် လက္ခဏာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပေါ်ခဲ့ဖူးတဲ့ ဖက်ဆစ် အာဏာရှင် မှန်သမျှ စေ့စပ်ဆွေးနွေး နှလုံးရည် တိုက်ပွဲ ဆင်ခံရလို့ ပလ္လင်ပေါ်က ဆင်းသွားတာ တယောက်မှ မရှိခဲ့ပါဘူး။
ဒါပေမဲ့ အလကားကောင်ရဲ့ ဗမာပြည်နဲ့ ဟစ်တလာရဲ့ ဂျာမဏီပြည် မတူတဲ့ အချက်တွေ ကြီးကြီးမားမား ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၇ဝ ကျော်က ဟစ်တလာ လက်ထက် ဂျာမဏီပြည်မှာ နာရီ တိုက်ချင်ရင် ဘူတာရုံမှာ မီးရထား ဆိုက်တဲ့ အချိန်နဲ့ နာရီ တိုက်နိုင်တယ်လို့ နာမည်ကြီးတဲ့ အထိ ကမ္ဘာ့ထိပ်တန်း အဆင့် စီမံ ခန့်ခွဲမှုစွမ်းရည် ရှိခဲ့ပါတယ်။ ၂ဝ၁ဝ အလကားကောင် ဆီမှာတော့ အရပ်ဘက် ဌာနဆိုင်ရာတွေ မပြောနဲ့၊ လေတပ် ရေတပ်တွေတောင် လေယာဉ်ဆီ ထုတ်ရောင်း သင်္ဘောဒီဇယ် ဖောက်ရောင်း ဘဝမျိုးဆိုတော့ နယ်ခြားတပ် စီမံကန်းတင်မက နျူကလီးယား စီမံကိန်း၊ တိုက်ချင်းပစ် ဒုံးပျံစီမံကိန်းတွေ လုပ်ဦးမယ်ဆိုရင် ‘ရှေ့ ၄ နောက် ၆ ငါပါ ၁၁ ယောက်’ ဘဲဖြစ်မှာ အောက်ကြေးကတောင် လောင်းရဲပါရဲ့။
ဂါမဏိ
Tuesday, September 8, 2009
နေ့စဉ်သတင်းများ (၇ - ၉ - ၀၉)
■ UWSA ကို တိုက်လျှင် လက်နက်ကြီး/စစ်လေယာဉ်သုံးမည်ဟု နေပြည်တော်အရာရှိပြော သတင်း
■ ၀ စစ်ဦးစီးအဖွဲ့ အသက်ပေး ကာကွယ်သွားမည် သတင်း
■ ကိုးကန့်အရေးနဲ့ စစ်အစိုးရလှည့်ကွက် သတင်း
■ တရုတ်သြဇာသက်ရောက်မှု မရှိဘူးလား သတင်း
■ ကိုးကန့်နဲ့ မြန်မာ့နိုင်ငံရေး အလားအလာ သတင်း
■ KIO ဒု-ဥက္ကဌ အပါအ၀င် ခေါင်းဆောင်အချို့ နုတ်ထွက် သတင်း
■ ဒေါက်တာတူးဂျာ ဘာလို့နုတ်ထွက်လဲ (အင်တာဗျူး)
■ ကချင်ပါတီအဖွဲ့ဝင် (၈၀၀) ရပြီဟုဆို သတင်း
■ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုံခြုံရေးအတွက် တရုတ်စစ်တပ်များ ၀င်ရောက်လာနိုင် သတင်း
■ ဓာတ်ငွေ့ပိုက်လိုင်းဖောက်မှု ရပ်ဖို့ တရုတ်ကို မြန်မာပတ်ဝန်းကျင်စောင့်ကြည့်ရေးအုပ်စု တိုက်တွန်း သတင်း
■ ဓာတ်ငွေ့ပိုက်လိုင်း အာဏာစင်္ကြန် သတင်း
■ ဓမ္မာစရိယ စာချဆရာတော် စစ်အစိုးရက ဖမ်းဆီး သတင်း
■ နိုင်ငံရေးအရ အဖမ်းခံရသူ ပိုများလာ သတင်း
■ ရွှေဝါရောင်နှစ်ပတ်လည်အထိမ်းအမှတ် သတင်း
■ စစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့သူ သတင်း
■ လက်လုပ်လက်စားများကို စွမ်းအားရှင်အဖြစ် လိုက်လံစုဆောင်း သတင်း
■ မြေမြှုပ်မိုင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်တစ်ဦး ခြေတဘက် အဖြတ်ခံရ သတင်း
■ ရခိုင်ပြည်နယ်တွင် အမြောက်တပ်ရင်း (၅) ခုထိ အခြေစိုက်ထား သတင်း
■ ပုသိမ်ဦးအေးဝင်း ပြန်လွတ်လာ သတင်း
■ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို စာပို့ သတင်း
■ ဗြိတိန်နိုင်ငံသား မွတ်ဆလင် (၃) ဦးကို တရားရုံးတော် ပြစ်မှုထင်ရှားတွေ့ရှိ သတင်း
■ သမ္မတအိုဘားမား အမေရိကန်အလုပ်သမားတွေကို ဂုဏ်ပြု သတင်း
■ စစ်ရေးနည်းဖြင့် မဖြေရှင်းချင်ဟု ၀ခေါင်းဆောင် ပြောဆို သတင်း
■ ကေအိုင်အိုကို ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ်အဖြစ် ပြောင်းရန် ကချင်လူထု ဆုံးဖြတ် သတင်း
■ ကချင်လူထုက နယ်ခြားစောင့်တပ် လက်မခံ သတင်း
■ စီးပွားရေးသမားများက ကေအိုင်အိုကို မျက်ခြေမပြတ် စောင့်ကြည့်နေ သတင်း
■ သတင်းထောက်များကို လောက်ကိုင်သို့ ဖိတ်ခေါ် သတင်း
■ ဒဗလျူအက်ဖ်ပီ ၀န်ထမ်း (၂၂) ဦး လောက်ကိုင်ဒေသမှ ပြန်ထွက်လာပြီ သတင်း
■ တရုတ်နယ်စပ် တိုက်ပွဲများကြောင့် ဒေါ်လာလဲနှုန်းကျ သတင်း
■ ကိုးကန့်ပြဿနာအပေါ် အဖွဲ့ချုပ်နှင့် မွန်ပြည်သစ်ပါတီတို့၏ အမြင် သတင်း
■ နယ်စပ်ဒေသသွားခွင့် တရုတ်အစိုးရကို တောင်းဆို သတင်း
■ စစ်အစိုးရ၏ နောက်ထပ်ပစ်မှတ်က ၀တပ်ဖွဲ့များ ဖြစ်မည်လော (ဆောင်းပါး)
■ မြန်မာ့တရားစီရင်ရေးစနစ်ကို မေးခွန်းထုတ်ခြင်း (ဆောင်းပါး)
■ မဲ့ကသာကို နအဖတပ်များ ထပ်မံဝင်ရောက် သတင်း
■ နအဖစစ်တပ်မှ ခရီးရှည်ချီတက်မှုပြုလုပ်၍ လူထုကို အင်အားပြ သတင်း
■ ထိုင်းနှင့် တရုတ်ထက် သဘာဝဓာတ်ငွေ့ထွက် မြန်မာလျှပ်စစ်သုံးစွဲခွင့် လျော့နည်း သတင်း
■ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဆိုင်းငံ့ရန် တရုတ်ကို တောင်းဆို သတင်း
■ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ရဲ့ အစီရင်ခံစာသစ် သတင်း
■ သံဃာများအား ရိုက်နှက်မှုကို ၀န်ချတောင်းပန်ရန် သံဃာတပ်ပေါင်းစု တောင်းဆို သတင်း
■ အမေရိကန်နိုင်ငံသား မြန်မာလူမျိုးတဦးကို စစ်အစိုးရ ဖမ်းဆီး သတင်း
■ မိန်းကလေးတွေအိမ်ရှေ့ ဂစ်တာသွားတီးရာမှ ကလေးစစ်သားဖြစ်ခဲ့ရသူ သတင်း
■ စားသုံးသူထံမှ အခွန်ကောက်သည့်စနစ်ကို သာယာဝတီ မယက ခေါ်ပြော သတင်း
■ နာဂစ်စတိတ်ရှိုးတချို့ အရှုံးပေါ် သတင်း
■ အာဖဂန်လေကြောင်းတိုက်ခိုက်မှု စုံစမ်းရေး ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း သတင်း
■ အိမ်အပြန် (ဆောင်းပါး)
Monday, September 7, 2009
“ကိုးကန့်အထူးဒေသ(၁) ဥက္ကဋ္ဌ၊ ဦးဖုန်ကြားရှင်မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သို့ ထုတ်ဖော်ရှင်းလင်းချက်”
ဆိုးဝါးလှသော ပြည်ထဲရေးကိစ္စများ
September 7, 2009
အဝေးရောက် သံတမန်တဦး
အင်းဝခေတ်တွင် ဘုရင်မင်းခေါင်နန်းတက်သည့်အခါ ပညာရှိအမတ်ကြီး စည်းတပစ် ကိုခေါ်တော်ပြီး “အဘိုး၊ အဘယ်သို့ ကျင့်သော် ပြည်ထဲ ငြိမ်းချမ်း သာယာ ဝပြောအံ့နည်း” ဟူ၍မေးတောမူ၏။ ပညာရှိအမတ်ကြီးက ပြည်ကြီး၏ အရှင် ဖြစ်တော်မူသော မင်းတို့သည်။
၁။ ပြည့်တံခွန်ကို မလှဲရာ။
၂။ ပြည့်ဦးကင်းကို မနှိမ်ရာ။
၃။ ပြည့်စွယ် ပြည့်သွားကို မချိုးရာ။
၎။ ပြည့်မျက်လုံးကို မနှိုက်ရာ။
၅။ ပြည်မျက်နှာကို မဖျက်ရာ။
၆။ ပြည့်ခြေပြည့်လက်ကို မဖြတ်ရာ။
၇။ ပြည့်ဝမ်းကို မဖောက်ရာ။
၈။ ပြည့်ကျေးဇူးကို မထိမ်ရာ။
စသည်တို့ကို ကျင့်တော်မူရာသည်ဟု အကြံပြုလျှောက်ထားခဲ့ပါသည်။
အဆုံးသို့
--------
စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာ အပေါင်းလက္ခဏာ၊ အတုအယောင်ငြိမ်းချမ်းရေး ဆိုတာကတော့ အနှုတ် လက္ခဏာ
“အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း
September 7, 2009
ဒေါက်တာ ဇာနည်
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်တဲ့ မူဝါဒကို လက်မခံတော့တဲ့ အတိုက်အခံ တဦးအနေနဲ့ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ကျနော်တို့ နိုင်ငံကို လူသိရှင်ကြား သွားရောက်ခဲ့တာကို ကြိုဆိုပါတယ်။
ကျနော် ကိုယ်နှိုက်ကလည်း လက်ရှိစစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံမှု” မူဝါဒ (သို့) ဗျူဟာကို သက္ကရာဇ် ၂၀၀၃ ကတည်းက ကြိုးစားကြည့်ပါတယ်။ အောင်မြင်တယ်၊ ဆုံးရှုံးတယ် ဆိုတာတော့ မေးခွန်းသတ်သတ် ထုတ်ရမှာပါ။
Track II ခေါ် “လိုင်စင်မဲ့ သံတမန်လုပ်ခြင်း” ဆိုတဲ့ တွေ့ဆုံ ဆွေးနွေးမှုများကို စစ်အစိုးရနဲ့ ကျနော် ပြုလုပ် ခဲ့ဖူးပါတယ်။ အောင်မြင်မှု မရှိပါ။ ကျနော့် ကြိုးစားမှု မအောင်မြင်ပေမယ့် “အနီးကပ် တွေ့ဆုံဆက်ဆံမှု” မူဝါဒ လမ်းစဉ်ဟာ စနစ်တကျ ကြိုးစားမယ်၊ ကြံစည်မယ်ဆိုရင် နိုင်ငံရေး ဗျူဟာ တခုအနေနဲ့ အောင်မြင်မှု၊ ထိရောက်မှု အလားအလာတွေ ရှိပါတယ်။ ဒီလိုကြိုးစားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အတိုက်အခံ လှုပ်ရှားမှု၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေး၊ စစ်ရေး ကြံ့ကြံ့ခံ တော်လှန်မှုများကို အားသစ်လောင်းတဲ့ အသွင်ဆောင်ပြီး ၎င်းတို့ အင်အားကို ချိနဲ့စေတာ မျိုးတော့ မဖြစ်သင့်ပါဘူး။
အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို ရှေ့တလှမ်း တိုးဖို့နဲ့ ပြည်သူ တရပ်လုံးရဲ့ စားဝတ်နေရေးကို ကူညီ ဖြေရှင်းဖို့ ကိစ္စရပ်ကြီး (၂) ခုမှာ အမေရိကန် နိုင်ငံရဲ့ စစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံရေး” ဗျူဟာ ထိရောက်စေရေး အတွက် ထည့်သွင်း စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နောက်ခံသမိုင်း / မဟာဗျူဟာ ကျကျ စဉ်းစား သုံးသပ်မှု၊ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ ပြဿနာ ရပ်များကို လေးလေးနက်နက် ထည့်သွင်း စဉ်းစားမှုတွေရှိဖို့ လိုပါတယ်။ ယခု ကျနော် ထောက်ပြမယ့် အချက်အလက်များကို မြန်မာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲ ဖြစ်ဖြစ် မြန်မာ့အရေး သုံးသပ်သူ အများစုအနေနဲ့ လူထုကြား ချပြပြီး ဆွေးနွေးတာ မရှိသေးပါဘူး။
စစ်အစိုးရနဲ့ “အနီးကပ်ဆက်ဆံမှု” ဝါဒကို ထောက်ခံ တိုက်တွန်း နေကြတဲ့ မြန်မာ့အရေး စာရေးသူများ၊ သုံးသပ်ဝေဖန် သူများ၊ ပညာရှင်များကြားမှာ မိမိကိုယ်မိမိ ဆင်ဆာ လုပ်မှုဟာ ပလိပ်ရောဂါ တခုလို ပြန့်ပွားနေပါတယ်။ တချို့က စစ် အစိုးရရဲ့ နှိပ်ကွပ်မှု ခံရမှာစိုးတာကြောင့် ကလောင်နဲ့လျှာ ဘရိတ်အုပ်သလို တချို့ကျပြန်တော့ ပြည်ဝင်ဗီဇာ မရမှာ ကြောက်လို့ မြန်မာ့ရေးရာမှာ အရေးကြီးတဲ့ အချက်တွေအပေါ် တေမိဇာတ် ခင်းနေကြတာ တွေ့ရပါတယ်။
ဒါတင်ပဲလား … မဟုတ်ပါဘူးခင်ဗျား။ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဝါဒ မိတ်ဆွေကြီး များဟာ တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟော ဆရာ တပိုင်း နိဗ္ဗာန်ဆော် တပိုင်း ဘဝကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ ပြောကြ ဟောကြတာ အလျှံ အပယ်ပါပဲ။
ကျနော်ကတော့ “အနီးကပ်ထိတွေ့ဆက်ဆံမှု”ကို ပါးစပ်ပြောရုံတင် မက ကိုယ်တိုင် ကိုယ်ကျ ယုံယုံ ကြည်ကြည် လုပ် ကြည့်ခဲ့ပါတယ်။ ငါးနှစ်အရွယ် ကျနော့်သမီးကို သူ့မိခင် အမေရိကန်သူ လက်ထဲ အပ်ထားခဲ့၊ လူအများ တပ်မက်တဲ့ အမေရိကားမှာ အမြဲ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို လိုလိုလားလား ပြန်အပ်ခဲ့ပြီးမှ ပြည်တော် ပြန်ခဲ့တာပါ။
ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အဖွဲ့နဲ့ရော သူတို့အဖွဲ့ကို ဖြုတ်ပစ် လိုက်တဲ့ စစ်ခေါင်းဆောင် များနဲ့ပါ နားလည်မှု တည်ဆောက်ရေး ကိစ္စများပါမက အနှစ်သာရပါတဲ့ လုပ်ငန်းတွေကိုပါ လုပ်ဖို့ ကျနော့်ဘက်က စေတနာမှန်စွာ စိတ်သန့်ရှင်းစွာ ကြိုးစား ကြည့်ပါတယ်။ ဆယ်စုနှစ် တခုနီးနီး ပေါ့လေ။
စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ဆက်ထောက်ခံတဲ့ အတိုက် အခံများနဲ့ မြန်မာ့အရေး လုပ်စားတဲ့ နိုင်ငံရေး NGO များအနေနဲ့ အသိခေါက်ခက် ဖြစ်နေတဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းနိုင်ငံများဟာ မြန်မာပြည်မှာရှိတဲ့ သူတို့ အကျိုးစီးပွားတွေကို လျစ်လျူရှုပြီး အတိုက်အခံတွေ ဝိုင်းတောင်းတဲ့ ပိတ်ဆို့မှု၊ ဖိအားပေးမှုတွေကို လုပ်ဖို့ အလားအလာ မရှိဘူး ဆိုတာပါပဲ။
အလားတူပဲ “အနီးကပ်ထိတွေ့ဆက်ဆံရေး” နိုင်ငံရေး အခါတော် ပေးကြီးများ ကျပြန်တော့လည်း မြန်မာ စစ်အစိုးရဟာ ဘယ် အတိုက်အခံ နိုင်ငံရေး အင်အားစု၊ ပါတီနဲ့မှ အဓိပ္ပာယ်ရှိတဲ့ ရင်ကြားစေ့မှု၊ သင်ပုန်းချေမှု လုပ်ဖို့ လုံးဝ ဆန္ဒမရှိဘူး ဆိုတဲ့အချက်ကို လျစ်လျူရှုပြီး မျက်ကန်းတောတိုး ဇာတ်ခင်း နေကြတယ်ခင်ဗျား။
စစ်အစိုးရဟာ ဘာနဲ့တူသလဲဆိုရင် ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ် စားနိုင်တဲ့ ငါးလည် တကောင်နဲ့ တူလာတယ် ဆိုတာ အားလုံးက သတိမူဖို့ လိုပါတယ်။
အနောက်အုပ်စုရဲ့ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဗျူဟာ၊ ဝါဒ သစ်ဟာ မြန်မာ အတိုက်အခံများ ကျားကုပ်ကျားခဲ တွန်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ပြောင်းလဲမှုများကို ထိရောက်စွာကူပြီး တွန်းနိုင်ဖို့လိုပါတယ်။ အင်အားကြီး အရင်းရှင် နိုင်ငံ ဖြစ်လာတဲ့ တရုတ်ရဲ့သြဇာ ကျယ်ပြန့်လာမှုကို ပိတ်ဆို့ဖို့ဆိုတဲ့ အမေရိကန်နဲ့ ဗျူဟာအမြင် တခုတည်းနဲ့တော့ အမေရိကန်ရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာဟာ မြန်မာ့ ဒီမိုကရေစီအရေး အတွက် အထောက်အမ ဖြစ်ဖို့ အလား အလာ မရှိပါဘူး။
တရုတ်သြဇာကြီးလာတာကို စိုးရိမ်မိတာနဲ့ အမေရိကန် ပြန်ဝင်လာမယ့် မူဝါဒမျိုးဟာ မကြာခင် အချိန်မှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်နဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ ဖိနှိပ်ခံဘဝတွေကို အပေါ်ယံမူဝါဒ သဘောလောက် (သို့မဟုတ်) ကန်ရဲ့အကျိုးစီးပွားအတွက် ဆူးငြောင့်ခလုတ်တွေပဲလို့ စဉ်းစားသုံးသပ်မှုမျိုးတွေ ပေါ် လာမှာပါ။ အမေရိကန်တွေ ဒီလိုတွေး ဒီလိုကြံပြီး ဒီလမ်းလျှောက်တော့မယ် ဆိုရင် တခြား အနောက်နိုင်ငံတွေလဲ ကန်နောက်က တကောက်ကောက် ပါလာမှာပါ။
မတူညီတဲ့ အကျိုးစီးပွား၊ သဘောထား အမြင်တွေ အပေါ်မှာ အခြေခံတဲ့ ပဋိပက္ခတွေ ပေါ်လာမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ခုတောင် ပဋိပက္ခရဲ့ အရိပ်အယောင်တွေကို စမြင်ရပါပြီ။ ဗိုလ်ချုပ်ကြီးများက လွှတ်တော်အမတ် ဝက်ဘ်ရဲ့ မြန်မာပြည် အရေးကြီး ခရီးစဉ်ကို “အောင်မြင်မှုကြီး တရပ်”လို့ ခရုသင်းမှုတ်ပြီး တိုင်းသိပြည်သိ ကမ္ဘာသိ အော်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေအထားက အမေရိကန် အစိုးရ ၊ စစ်အစိုးရနဲ့ ကိုးလိုးကန့်လန့် ဖြစ်လာနိုင်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်အပေါ် ထားတဲ့ သဘောထားနဲ့ သုံးသပ်ချက်ဟာ လာလည်တဲ့ အမတ် ဝက်ဘ်နဲ့ သူ့နိုင်ငံ အစိုးရရဲ့ တရုတ်ပြည်ပေါ် အမြင်နဲ့ လုံးဝ မတူတာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို “မိတ်ဆွေ အိမ်နီးချင်း”လို့ မြင်ကြောင်း ပြောတယ်။ အမတ်ဝက်ဘ်က တရုတ်ဟာ ရန်မူလာနိုင်တဲ့ အင်အားကြီး နိုင်ငံလို့ သဘောထားပါတယ်။
ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံအပေါ် သုံးသပ်မှုနဲ့ “အနီးကပ် ထိတွေ့ ဆက်ဆံရေး” ဝါဒသစ်ကို တွန်းနေတဲ့ တခြား အထင်ကရ မြန်မာတချို့ရဲ့ အမြင်တွေဟာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေကြပါတယ်။
ဥပမာပေးရမယ်ဆိုရင် ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေးဖြစ်သူ သန့်မြင့်ဦးဟာ အမေရိကန် နိုင်ငံရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဝါဒ မသုံးဘူးဆိုရင် ၅၅ သန်းရှိ မြန်မာ ပြည်သူတွေဟာ တရုတ်လူမျိုး ၁.၃ ဘီလီယံရဲ့ကိုလိုနီအသွင် ဆန်တဲ့ ဘဝကို ရောက်ဖို့ အလားအလာ များလာပြီလို့ သြဂုတ်လ (၁၆) ရက်ထုတ် Washington Post ပါ သူ့ရဲ့ဆောင်းပါးထဲမှာ သတိပေး ရေးသားထားတာ တွေ့ရပါတယ်။
ဝါရှင်တန်ရဲ့ တရုတ်ကွန်မြူနစ်ကို ဟန့်တား ထိန်းချုပ်မှု မူဝါဒကို ကောင်းကောင်း အမြတ်ထုတ် နိုင်ခဲ့တဲ့ စစ်အာဏာရှင် နေဝင်း အစိုးရလက်အောက်မှာ (၂၆) နှစ်လုံးလုံး နေလာခဲ့တဲ့ ကျနော့်အဖို့ ဒီလေသံ သစ်တွေဟာ စိတ်ပူစရာပါပဲ။
“အချုပ်အခြာ အာဏာပိုင်လို့ မူအရ ပြောရင်ရတဲ့ မြန်မာပြည်သူလူထု” ဟာ ဝါရှင်တန်နဲ့ ဗမာ စစ်အစိုးရရဲ့ ဗျူဟာ တန်း ညှိတဲ့ ကိစ္စမှာ ပေါချောင်ကောင်း ဘဝနဲ့ ရောင်းစား ခံရဖို့ အလားအလာ ရှိပါတယ်။ ကျနော့်အနေနဲ့ အခြေ အမြစ်မရှိတဲ့ စကားပြောတာ မဟုတ်ပါဘူး။ အနောက် နိုင်ငံတွေမှာ မြန်မာ့ရေးရာ မူဝါဒများကို ကျနော်ကိုယ်တိုင် ခရေစေ့တွင်းကျ ဝင်တွန်း ဝင်လုပ်ခဲ့ဖူးတော့ မြန်မာ့ ဒီမိုကရေစီ အရေးတို့ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆိုတာတွေဟာ အနောက်နိုင်ငံ အစိုးရတွေ အတွက် တကယ့် အရေးကြီးတဲ့ မူဝါဒ ပန်းတိုင်များ မဟုတ်ပါဘူး။
ကျနော်ကိုယ်တိုင် ဝင်လုပ်ရင်း သိလာတဲ့ ခါးသီးတဲ့ အသိတရပ် ရှိပါတယ်။ အဲဒါကတော့ ဘယ် အနောက် နိုင်ငံတွေကမှ (အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ အီတလီ၊ ဂျာမနီ၊ ဂျပန်၊ ဥရောပအဖွဲ့ စသဖြင့်ပေါ့) ၎င်းတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စွမ်းအင် စီးပွားရေး အကျိုး စီးပွားတွေကို ကျနော်တို့ ဒီမိုကရေစီ ရဖို့ ဘယ်တော့မှ စတေးပေးမှာ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ ဒီအနောက်နိုင်ငံတွေ ကပဲ တရုတ်၊ အန္ဒိယ၊ ရုရှား၊ အာဆီယံ စီးပွားရေးသမားများ အစိုးရများ စွမ်းအင်စီးပွား ရှာနေတာကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဝေဖန်တာ တွေ့ရပါတယ်။
ပြင်သစ်သမ္မတ ဆာကိုဇီကို ကြည့်ပေါ့။ သူ့အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် တင်းမာတဲ့ မူဝါဒကိုင်ခဲ့ပြီး အပြည်ပြည် ဆိုင်ရာ အစည်း အဝေးတွေမှာ မဏ္ဍပ်တိုင် တက်ပြပါတယ်။ တကယ်ကတော့ မြန်မာပြည်မှာ စွမ်းအင် အကျိုးစီးပွား ရှာနေတဲ့ ပြင်သစ်ရဲ့ Total ကုမ္ပဏီကြောင့် ပြင်သစ်အစိုးရကို ဝေဖန်မှာတွေကို ကြိုတင် ဟန့်တားတာ ထက် မပိုပါဘူး။
အလားတူပဲ အမေရိကန် သမ္မတ သုံးဦးဟာ မြန်မာနိုင်ငံကို “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” ဥပဒေကို တနှစ်တခါ လက် မှတ်ထိုးပြီး အသက် သွင်းပေးတာ ၁၉၉၈ ခုနှစ် ကတည်းကပါပဲ။ ဒါပေမယ့် အမေရိကန် ရေနံကုမ္ပဏီ Chevron ကတော့ မြန်မာပြည်ကရတဲ့ စွမ်းအင်အကျိုးစီးပွား ဒေါ်လာ သန်းပေါင်းများစွာကို ကုမ္ပဏီ ဌာနချုပ်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့ကို အတားအဆီး အခက်အခဲမရှိ သပိတ်ဝင် အိတ်ဝင် ပို့ပေးနေဆဲပါ။
ဒီ စွမ်းအင်အကျိုးအမြတ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးများက စစ်အစိုးရနဲ့ ဝေစား မျှစားလုပ်ပြီး စွမ်းအင် လုပ်ငန်းနဲ့ ဒေသမှာရှိတဲ့ နယ်ခံ ပြည်သူများကိုတော့ အရိုးအရင်းလောက်ပဲ ပစ်ပေးတာပေါ့။ ဒါတောင် “ကုမ္ပဏီကြီးများ ရဲ့ လူမှုအသိစိတ်နဲ့ လူမှုတာဝန် ထမ်းဆောင်ခြင်း” ဆိုတဲ့ နာမည်ကောင်း ယူပါတယ်။ ဘဏ်တိုက်ဖောက်လာပြီး လမ်း မှာတွေ့တဲ့ သူတောင်းစား၊ ဆင်းရဲသားတွေကို နှစ်ပြားတပဲစွန့်ကြဲတဲ့ စေတနာမျိုးပေါ့။
သြဂုတ်လ ၂၀ ရက်ထုတ် ဧရာဝတီ မဂ္ဂဇင်းမှာပါတဲ့ “မြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ ရည်မှန်းချက် ပန်းတိုင်၊ အရှေ့တောင် အာရှ အင်အား အကြီးဆုံး စစ်တပ်ကြီး ထူထောင်ရေး” ဆိုတဲ့ ဆောင်းပါးထဲက ထောက်ပြထားသလို စစ်အစိုးရဟာ ရသမျှစွမ်းအင်နဲ့ တခြားဝင်ငွေ သန်းပေါင်းများစွာကို လက်နက်သစ်များ ထုတ်လုပ်ရေး စီမံကိန်းကြီးတွေမှာ ဖြုန်းတီးပစ် ပါတယ်။ ကူပြီး ဖြုန်းပေးတဲ့ နိုင်ငံတချို့ကတော့ တရုတ်၊ တောင်နဲ့မြောက် ကိုးရီးယား၊ စင်ကာပူနဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။
“စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု” လှုပ်ရှားမှု အစောပိုင်းကာလ များမှာ တရုတ်၊ အိန္ဒိယ နိုင်ငံများဟာ သူတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အင်အားတွေကို ပြည်ပမှာ ထိထိ ရောက်ရောက် သုံးနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက လည်း အနောက် အုပ်စုနိုင်ငံ အစိုးရများဟာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြင်းပြင်း ထန်ထန်သုံးပြီး NLD နဲ့ အတိုက် အခံများရဲ့ နိုင်ငံရေး အင်အားကို မြှင့်တင်ပေးတာ မရှိခဲ့သလို လက်နက်ကိုင် တော်လှန်ရေး အတွက်လဲ ဘာမှရေရေ ရာရာ ပံ့ပိုးပေးခဲ့တာ မရှိပါဘူး။
တချိန်တည်းမှာပဲ အမေရိကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်များဟာ ရေနံကြွယ်ဝပြီး ဗျူဟာ အရ အရေးပါတဲ့ အီရတ်လို နိုင်ငံကို ဝက်ဝက်ကွဲအောင် ဗုံးတွေကြဲပြီး ကျူးကျော်စစ် တိုက်တာတော့ လုပ်လာတယ်။ ဒါကတော့ ရေနံတွင်းတွေနဲ့ ဗျူဟာကျနယ်တွေကို ထိန်းချုပ်ဖို့ဆိုတာ ကမ္ဘာကမြင်ပါတယ်။ လူ့အခွင့်အရေးထက် စွမ်းအင်အရေး က မူဝါဒအရ ပိုပြီး အဓိက အရေးပါ ပါတယ်။
စေ့စပ်ညှိနှိုင်းရေးဆရာများ သတိပြုစရာ အချက်ကြီး ၆ ချက်
ပထမ။ ။ “မြန်မာစစ်အစိုးရဟာ အထီးကျန်ဘဝမှာ ရပ်တည်နေရတယ်” ဆိုခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ရော ၎င်းတို့ရဲ့ စီးပွားရေး လက်ဝေခံ မြန်မာ စူဇကာ အကြီးစားများဟာ စစ်အေးတိုက်ပွဲလွန် ကမ္ဘာကြီးမှာ ပြင်ပနိုင်ငံများနဲ့ အဆက် အသွယ်ပြတ်ပြီး အထီး ကျန်တယ်လို့ ပြောတာကတော့ ယုံတမ်းစကားကို အမှန်လုပ်ပြီး ပြောခြင်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ၎င်းတို့ဟာ “ဂလိုဘယ် လိုက်ဇေးရှင်း” မဟုတ်ဘဲ “ခေတ်နောက်ပြန်ဆွဲ ဂလို ဘယ်လိုက်ဇေးရှင်း” ဆိုတဲ့ ရေစီးကြောင်း ဂယက်ထဲမှာ မျှောလိုက်နေတဲ့ သတ္တဝါတွေလို့ ပြောရင်ရပါတယ်။
သေသေချာချာလဲ စဉ်းစားကြပါဦး။
စစ်အစိုးရဟာ မျက်မှောက်ကမ္ဘာရဲ့ ဘီလူးနိုင်ငံကြီးများ ဖြစ်ကြတဲ့ တရုတ်၊ ကုလား၊ ရုရှားတို့က စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ထောက်ခံမှုများ ပီပီပြင်ပြင်ရထားတဲ့ အစိုးရတဖွဲ့၊ အာရှတတိုက်လုံးရှိ အစိုးရပေါင်းစုံဆီက လိုတာအကုန်ရနေ တဲ့အဖွဲ့၊ ဒါတင်မကဘူး၊ အာရှအပါအဝင် တကမ္ဘာလုံးမှာရှိတဲ့ သယံဇာတ၊ စွမ်းအင်များ ထုတ်လုပ်တဲ့ အပြည် ပြည်ဆိုင်ရာ စွမ်းအင်ကုမ္ပဏီကြီးများနဲ့ ပလဲနံပသင့်ပြီး ငွေဒေါ်လာ သန်းရာထောင် ချီပြီးရနေတဲ့ အစိုးရဖြစ်တယ် ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်းခနဲ မြင်နိုင်ပါတယ်။ ဒါကိုမှ ဒီအစိုးရကမှ အထီးကျန် အစိုးရလို့ ပြောဟော ရေးသားနေကြတာကတော့ သာမန်ပြည်သူနဲ့ စာဖတ်ပရိတ်သတ်များရဲ့ ဆင်ခြင်သုံး သပ်နိုင်စွမ်းကို နလပိန်းတုံး တွေလို့ သဘောထားပြီး စော်ကားခြင်းတမျိုးပဲလို့ မြင်ပါတယ်။
ဒုတိယ။ ။ စစ်အစိုးရရဲ့ မူဝါဒ၊ ဦးစားပေးမှုများ အပြုအမူ အတွေး အခေါ်နဲ့ လက်တွေ့ လုပ်ငန်းများကို ကြည့်မယ် ဆိုရင် မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အဆောက်အဦဟာ စစ်ဝါဒီ လွှမ်းမိုးတဲ့ လက်နက် နိုင်ငံကြီးသာ ဖြစ်တယ်ဆိုတာ သတိမူဖို့ လိုပါတယ်။ ဒီလက်နက် နိုင်ငံကြီးကို တွေ့သမျှ သတ်စားတဲ့ သတ္တဝါဆိုးကြီး တကောင်လို့ မြင်ကြည့်မယ် ဆိုရင်လဲ မမှားပါဘူး။ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူနဲ့ “စစ်ခေါင်းဆောင်” ဗိုလ်သန်းရွှေ တွေ့ဆုံ ဆွေးနွေးတုန်း က မသိကျိုးကျွံ ပြုခဲ့တဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုဝါဒ” လို့ ပြော ပါတယ်။
ဒါပေမဲ့ ပိုပြီးအရေးကြီးတဲ့ အကြောင်းအရာကြီး တခုကိုတော့ အမတ် ဝက်ဘ် သတိတောင် ထားမိပုံမရပါဘူး။ အဲဒါက တော့ လက်ရှိမြန်မာပြည်ရဲ့ “စစ်ဝါဒီ လွှမ်းမိုးနေတဲ့ လက်နက် နိုင်ငံကြီး” ပါ။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေမှာကို လက်တွေ့တိုင်းတာမှုနဲ့ပဲ မြင်မြင် သမိုင်း အရပဲ စစ်စစ်၊ ၁၉၆၂ ကတည်းက ဗိုလ်ချုပ်ကြီးများ လက်အောက် ကျရောက်သွားတဲ့ မြန်မာနိုင်ငံ အုပ်ချုပ်မှု အဖွဲ့အစည်းကြီးဟာ ရောင်းလို့ရတဲ့ တိုင်းပြည်ရဲ့ မြေပေါ် မြေအောက် သယံဇာတ ပစ္စည်းအားလုံးကို အထိန်းအကွပ်၊ အမြော်အမြင်မရှိ ရောင်းစားနေတာ ဖြစ်ပါတယ်။ ဒီသယံဇာတ အရင်း အမြစ် အများစုဟာ တိုင်းရင်းသား တွေရဲ့ဘိုးဘွားပိုင် နယ်မြေဒေသမှာ အလျှံအပယ် ထွက်နေတာပါ။ ဒီလက်နက် နိုင်ငံကြီးဟာ လိုသမျှ ပြည်သူ့မြေကို သိမ်း၊ ပြည်သူ့ လုပ်အားတွေကို အဓမ္မညှစ်ထုတ် နေတာ တွေ့ရပါတယ်။ “စစ်ရေးသည် နိုင်ငံရေး၏ အဆုံးစွန်သောလမ်းကြောင်း” ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ အမြင် ရှုထောင့်ကို ထော်လော် ကန့်လန့်လုပ်ပြီး မြန်မာ စစ်အစိုးရကတော့ “နိုင်ငံရေးသည် စစ်ရေး၏ အစွယ်အပွား တခုသာ” ဆိုသည့် သံဃာစင်ပါ မှောက်မယ့်အမြင်ကို ၎င်းတို့ လက်နက် နိုင်ငံကြီးရဲ့ စစ်ဓမ္မ၊ စစ်တရား အနေနဲ့ ကျင့်သုံးနေပါ တယ်။
တတိယ။ ။ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပဲ ကြည့်ကြည့်၊ လူမျိုးရေးနဲ့ပဲ ကြည့်ကြည့် တိုင်းရင်း သား ပြည်သူလူထု တရပ်လုံးနဲ့ စစ်အုပ်ချုပ်သူ လူတန်းစား၊ စစ်အစိုးရနဲ့ ဆက်ဆံရေးဟာ “ပြည်တွင်း ကိုလိုနီ ဆက်ဆံရေး” သာ ဖြစ်ပါတယ်။
ပြည်သူတွေကိုရော ပြည်သူ့ဝန်ထမ်းများကိုပါ လက်အုပ်ချီ ဒူးတုပ်ပြီး ဂါရဝ ပြုခိုင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ပြည်သူ တွေရဲ့ “သခင်ကြီးလက်သစ်” “မာစတာလက်သစ်” များ ဖြစ်လို့နေပါတယ်။ သံဃာတော်များကို ပါးရိုက်၊ နားရိုက်၊ ခြေနဲ့ကန် စော်ကားပြီး အာဏာရူး၊ ဥစ္စာရူး ဗိုလ်ချုပ်တွေကို ပစ္စေကဗုဒ္ဓါပေါက်စလေးတွေလို လက်အုပ်ချီ ခိုင်း၊ ပိုပြီး အော့နှလုံးနာစရာ ကိစ္စက ဗိုလ်ချုပ်ကြီးများဟာ သူတို့ကိုယ်သူတို့ ရှေးစစ်ဘုရင်ကြီးများ အရိုက်အရာခံ ဘုရားဆုပန်၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများ ယောင်ယောင် အာရုံဝင်နေပုံ ရတာပါပဲ။
ပဒေသရာဇ်ခေတ် နန်းတက်ပွဲတွေဟာ အများအားဖြင့် သွေးချောင်းစီး အာဏာ လုပွဲတွေရဲ့ ရလဒ်၊ စစ်ရေး အနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှဉ်း လုပ်မှုတွေရဲ့ ရလဒ်များသာ ဖြစ်တယ် ဆိုတာကို မြန်မာ အမျိုးသားရေး ဝါဒီတွေရဲ့ သမိုင်း စာအုပ်တွေမှာ ဖော့ပြီး ရေးထားတာကို တွေ့ရပါလိမ့်မယ်။
စတုတ္ထ။ ။ စစ်အရာရှိများကို သုံးသပ်ပြန်ရင်လဲ စစ်သားကလွဲရင် “ဘယ်ခွေးမှ လူမထင်” ဘူးဆိုတဲ့ အမြင်နဲ့ လက်နက် နိုင်ငံတော်ကြီး ထူတောင်နေတဲ့ ပုံစံပါပဲ။ တပ်မတော်သားတွေ တဦးချင်း စိတ်ကောင်း နှလုံးကောင်း ရှိကြမယ်၊ ရှိကြတယ် ဆိုတာ လက်ခံလို့ရပေမယ့် ဒီစနစ်ဆိုးကြီးထဲမှာ သူတို့ဟာ မျှောပြီးလိုက်နေကြတာမို့ တိုင်းပြည် ငါးပါးမှောက်မယ့် “လက်နက်နိုင်ငံတော်ကြီးသည်သာ အဓိက” ဆိုတဲ့ ဝါဒဆိုးကြီးကို လက်ခံကျင့်သုံးတာ တွေ့ရပါတယ်။
စစ်တပ်က နိုင်ငံတော် အဖွဲအစည်းအားလုံးကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားတာ အနှစ် (၅၀)လောက် ရှိသွားပါပြီ။ ဒီအချက်က စစ်အရာရှိ၊ အရာခံများကို “လက်နက်နိုင်ငံတော်” ဆိုတဲ့ အမြင်မှားတွေကို လက်ခံကျင့်သုံးဖို့ ဦးတည်ပေး နေတာ ဖြစ်ပါတယ်။ ၎င်းတို့ အားလုံးရဲ့ အမြင်မှာ တိုင်းပြည်တခုရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုသည်မှာ ပြည်သူလူထု၊ မြို့မိမြို့ဘများ မဟုတ်တော့ဘဲ “စစ်ခေါင်းဆောင်” လုပ်တဲ့ စစ်ဗိုလ်ချုပ်သာ ဖြစ်တယ်ဆိုတဲ့ အတွေးအမြင်တွေ၊ ပြည်သူ့ တပ်ထဲမှာ အမြစ်တွယ်လာတာကို ဝမ်းနည်းစွာ သုံးသပ်မိပါတယ်။
ဒါရဲ့ အကျိုးဆက်ကတော့ ယနေ့ မြန်မာ့တပ်မတော်ဟာ “စစ်ခေါင်းဆောင်” ဆိုတဲ့ ဗိုလ်ချုပ် အမိန့်ပေးသမျှနဲ့ သူ့ရဲ့ အကျိုးစီးပွား၊ သူ့ရဲ့ အမြင်ဝါဒကလွဲရင် ဘယ်ပြည်သူ့မျက်နှာမှမထောက်၊ မငဲ့ညှာဘဲ “ဗိုလ်တေ” မာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေ လုပ်နေတာ တွေ့ရပါတယ်။
တိုင်းပြည်ရဲ့ ပြဿနာများ၊ သဘောထား၊ အမြင်ကွဲလွဲမှုများကို လူလို သူလို မေတ္တာ ရှေ့ထားပြီး ရင်ကြားစေ့ဖို့၊ သင်ပုန်း ချေဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ မလိုဘူးလို့ သဘောထားကြပုံ ရပါတယ်။ ဂေါတမ ဘုရား သားတော်တွေကိုတောင် စော်ကား မော်ကားနဲ့ ရက်ရက် စက်စက် နှိပ်ကွပ်တာ ဒီခေတ်သစ် ဒေဝဒတ် အမြင်ကြောင့်ပေါ့။
ဒီနေရာမှာ ကြီးနိုင်ငယ်ညှဉ်း စစ်ဝါဒနဲ့ စစ်ဝါဒီများကို ရွံရှာစက်ဆုပ်တာပါ။ စစ်သား စစ်ဗိုလ်တွေကို မုန်းဖို့ မလိုပါဘူး၊ မမုန်းသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဦးကြည်မောင်၊ ဦးတင်ဦးတို့ကအစ ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ကြီးအုန်း ကျော်မြင့်တို့လို မျိုးချစ်စစ်သားတွေ အများကြီး ရှိခဲ့ပါတယ်၊ ရှိနေဆဲပါ။ စံနမူနာထားရမယ့် မျိုးချစ်တပ်မတော်သား တွေပါ။
ပဉ္စမ။ ။ စစ်တပ်အရာရှိများကို အနောက်နိုင်ငံများနဲ့ တွေ့ထိ ဆက်ဆံမှု အပေါ်ယံကျော ပေါင်းသင်းမှုမျိုး လုပ်ရုံနဲ့ စစ်အစိုးရရဲ့ ဉာဉ်နဲ့ ဗီဇ ပြောင်းလာမှာ မဟုတ်ပါဘူး။ ဒီလို အယူအဆမျိုးကို ကိုင်တွယ်ပြီး မြန်မာ့ရေးရာ ပေါ်လစီပြောင်းဖို့ တွန်းနေသူ၊ နိုင်ငံရေး နိဗ္ဗာန်ဆော်များ အနေနဲ့ အတိတ်မမေ့သင့်ဘူး လို့ ပြောချင်ပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဒုတိယအကြိမ် အာဏာသိမ်းတုန်း ကတည်းက စပြီး ၈ လေးလုံး အရေးအခင်းကြီး ဖြစ်တဲ့အထိ အနောက်အုပ်စု နိုင်ငံများဟာ မြန်မာ့ တပ်မတော် နဲ့ စစ်ခေါင်းဆောင်များကို စစ်ရေး၊ နည်းပညာရေး၊ ငွေရေး အကူ အညီ အများကြီး ပေးခဲ့ပါတယ်။ မဆလ ဘုန်းမီးနေလ တောက်စဉ် ကာလက ဆိုရင် မြန်မာပညာရှင်များ၊ စစ်အရာရှိများ အများဆုံး လွှတ်ခဲ့တာ အနောက်အုပ်စု နိုင်ငံများကိုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ ဘယ်မြန်မာ ဗိုလ်ချုပ်မှ ဗိုလ်နေဝင်းလောက် အနောက်အုပ်စု နိုင်ငံများနဲ့ ပလူးပလဲ နေခွင့် မရခဲ့ပါဘူး။ ၁၉၆၂ အာဏာသိမ်းပွဲ အပြီးမှာတောင် ဗိုလ်နေဝင်းကို အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကြိုဆိုမှု ရှိခဲ့ပါတယ်။ လန်ဒန် မှာလည်း အဲလဇ္ဇဘက် ဘုရင်မ ဗိုလ်နေဝင်းနဲ့ လက်ဖက်ရည် အတူသောက် စကားပြောဧည့်ခံတာ အားလုံး သိကြပါတယ်။ ဒီအာဏာရှင် စစ်ဗိုလ်ကြီးဟာ ဈေးကြီးတဲ့ ဝင်ဘယ်လ်တန်မှာ အိမ်ဝယ်ထား၊ စကော့တလန်မှာ ဂေါက်ကစား၊ လန်ဒန်က အကောင်းဆုံး ဆေးခန်းတွေမှာ တနှစ်တခါ နှာစေးချောင်းဆိုးစစ်၊ နောက် ဗီယင်နာမှာ စိတ်ရောဂါ အထူး ကု ဆရာဝန်ကြီးနဲ့ သူ့စိတ်ရူးကို ပြပြီးကု၊ ဂျနီဗာမှာထားတဲ့ သူ့ဘဏ်စာရင်းတွေကို ဝင်စစ်၊ လုပ်လေ့ရှိပါတယ်။
ဆဋ္ဌမ။ ။ နောက်ဆုံးနဲ့ ဆဋ္ဌမ ပြောရမယ့် အချက်ကတော့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှု တရပ် လုံးနဲ့ ဆိုင်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာတော့ စိတ်မကောင်းပါဘူး။ ကျနော်တို့ ယဉ်ကျေးမှု စရိုက် ထဲမှာ အထက်နဲ့အောက် ဆက်ဆံရေးမှာ အထက်ဖား အောက်ဖိဆိုတဲ့ ဉာဉ်ဆိုးတွေ သိပ်များပါတယ်။ အတွေးအခေါ် လွတ်လပ်မှုကို သည်းမခံဘူး။ တန်ဖိုးမထားဘူး။ လူမျိုးရေးအစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး ယဉ်ကျေးမှု အမြင်တွေ တော်တော်များများ လူတွေမှာ တွေ့ရတယ်။ အဲဒီနောက် ပဒေသရာဇ်ရဲ့ နို့နံ့မစင်သေးတာတွေ ပဒေသရာဇ်ရဲ့ အပုပ်အသိုး အနံ့ဆိုးတွေ ကျနော်တို့ လူမှုအမြင်မှာ ဟောင်နေတုန်းပါပဲ။ ဒါတွေကို ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးစုနဲ့ ပတ်သက်ပြီး အလွန်အမင်း အကျည်းတန်တဲ့ လူမျိုးရေး ရှုတ်ချမှု စကားတွေကိုပဲ နားထောင်ကြည့်ကြည့်၊ ပင်ကို အရည်အချင်းပေါ်ကျော်ပြီး မိသားစု၊ အဖေ၊ အမေ၊ အဘိုး၊ အဘွား မျိုးရိုးနာမည်ကို ပုံကြီးချဲ့ ဦးစားပေးတဲ့ ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် ဉာဉ်နဲ့ ပြုမူပုံတွေကိုပဲ ကြည့်ကြည့် ကျနော်တို့ လူမှုအဖွဲ့အစည်းကြီးဟာ ယဉ်ကျေးမှုရေပုပ်၊ ရေသိုးတွေ ဆက်လက် သောက်သုံးနေသလိုပါပဲ။
ဒါကိုပြောင်းဖို့ဆိုတာ ပြင်ပကမ္ဘာနဲ့ ဒေသဝန်းကျင်မှာရှိတဲ့ ပွင့်လင်း တိုးတက်တဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများနဲ့ ထိတွေ့ဆက်ဆံမှုများကို နှစ်ရှည်လများ လုပ်မှပဲ ဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဟာ လူအများသိပြီး ဖြစ်ပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေပြီး နိုင်ငံရေး နင်းပြားဘဝရောက်၊ နှိပ်စက်ခံနေရတာလဲ သက်သေသက္ကာယနဲ့ မှတ်တမ်းတွေ ရှိပါတယ်။
ကျနော်အပါအဝင် အတိုက်အခံ အများစုရဲ့ ထိထိရောက်ရောက် ဗျူဟာကျကျ မစဉ်းစားဘဲ တွန်းခဲ့တဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” လုပ်ရပ်ဟာ အနှစ် ၂၀ ရှိသွားပါပြီ။
အနောက်နိုင်ငံတွေရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကျယ်ကျယ် လောင်လောင် အော်တဲ့နောက် နားယောင်ပြီး လုပ်ခဲ့တာ တကြောင်းမို့ ယနေ့ ပြဿနာတွေရဲ့ အခြေအနေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ နင်းပြားဘဝကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ကာလမှာတော့ “လက်တွေ့ကျကျ လုပ်ဆောင်ခြင်း၊ ပြောဆို ရေးသားခြင်း သည်သာ စစ်မှန်သော တော်လှန်ရေး” လို့ အော်နေကြတာကို ကြားရမှာပါ။ ဒီရွှေဥာဏ်တော် အသစ်နဲ့ “မိမိသာမှန်၏၊ ပြည်သူ့ စီးပွားရေး ပြေလည် စေ၏” ဆိုပြီး ဗိုလ်ချုပ်ကြီးများ နိုင်ငံရေး ပလ္လင်ပေါ် ဆက်ထိုင်နိုင်အောင် ဘိသိက်ကူ သွန်းပေးပြီး “Reform” ခေါ် ပြုပြင် ပြောင်းလဲ ရေးလုပ် ဖို့ တွန်းနေသူ ခေတ်သစ် အခါတော်ပေးများ မှိုလိုပေါက်လာတာ တွေ့ရပါတယ်။ အနှစ် ၅၀ လုံးလုံး နိုင်ငံ ထူထောင်ဖို့ဆိုပြီး စစ်ဗိုလ်ချုပ်များ ပလ္လင်ပေါ် တက်ထိုင်ခဲ့တဲ့ ရလဒ်ကတော့ တိုင်းပြည် ချွတ်ခြုံကျပြီး သယံဇာတ တွေ ကုန်တာကလွဲရင် ဘာမှ အကောင်းပြစရာ မရှိဘူးဆိုတာ ဒီနိုင်ငံရေး အခါတော်ပေးကြီးများ မေ့နေပုံရပါတယ်။
ဒီစစ်ခေါင်းဆောင်များကို “ပြုပြင်ပြောင်းလဲရေးသမား” များ အထင်မှတ်ပြီး ပုခုံးငှားတွေနဲ့ ပလ္လင်ပေါ် တွန်းတင်နေကြ တာ တိုင်းပြည်ကို ရေတိမ်ရော ရေနက်မှာပါ မြှုပ်သတ်တာနဲ့ အတူတူပါပဲ။
လက်ရှိ နိုင်ငံရေး ရေပေါ်စီ လူတစုရဲ့ အပေါ်စီးက တွန်းပေးနေတဲ့ အနီးကပ် ဆက်ဆံတွေ့ထိမှု မူဝါဒသစ် ဗျူဟာသစ် ဟာ စဉ်းစားမှုဘောင် ကျဉ်းကျဉ်းလေးထဲက လာတာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီဗျူဟာထဲမှာ အာဏာရှင်တွေနဲ့ အာဏာရှင်စနစ်တွေ ဘယ်လိုပြောင်းလဲတယ်။ ဘယ်လို ဇာတ်သိမ်းကြတယ်ဆိုတာကို မျက်ကွယ်ပြုထားတဲ့ အချက် ပါ။
ဒီပုံစံမျိုး၊ ဒီလိုအတွေးအခေါ်မျိုးနဲ့ ယခုကာလမှာ ပေါ်ပင်ဖြစ်လာတဲ့ “အနီးကပ် ထိတွေ့ ဆက်ဆံမှု” ဗျူဟာနဲ့ ဝါဒဟာ ပြည်သူကို စီးပွားရေး ပြာပုံထဲက ထုတ်နိုင်ဖို့အလားအလာ မရှိသလို နိုင်ငံရေး အရလည်း တိုးတက်မှုအတွက် အထောက်အကူ မပြုစေပါဘူး။
တဖက်သတ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ကျားလို့ သဘောထားရင် ဖုတ်ပူမီးတိုက် ဖော်မြူလာထုတ်ထားတဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာနဲ့ဝါဒသစ်ကို ရှင်ကြီးလို့ သဘောထားသင့်ပါတယ်။ ကျနော်တို့ မြန်မာပြည်သူ တွေကို ရှင်ကြီးကြောက်လို့ ကျားကိုး ရှင်ကြီး ကျားထက်ဆိုးဆိုတဲ့ အနေအထား ရောက်အောင် ဦးပုည လက်သစ်များ မလုပ်သင့်ကြောင်း ဒီနေရာက သတိပေးလိုက်ပါတယ်။ ဒါပါပဲ။
ဒေါက်တာ ဇာနည်
နေ့စဉ်သတင်းများ (၆ - ၉ - ၀၉)
■ KIO ထိပ်တန်းခေါင်းဆောင် (၅) ဦး တာဝန်မှနားပြီး ပါတီသစ်ထောင်မည် သတင်း
■ နိုင်ငံရေးအသွင်ကူးပြောင်းရေးကိုသာ ကေအိုင်အို လိုလား သတင်း
■ ကေအိုင်အိုအဖွဲ့ သဘောထားကွဲလွဲမှုမရှိဟု ဆို သတင်း
■ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက် ကုန်သည်တွေ နေရပ်ပြန် သတင်း
■ ဗိုလ်ချုပ်ဟောင်း အောင်ကြီးနဲ့ ကိုးကန့်ပြဿနာ သတင်း
■ ဗျူဟာကျကြဖို့ တိုက်တွန်းထားတဲ့ ဝေဖန်ရေးအကြောင်း သတင်း
■ ရခိုင်နှင့် ကရင် (၃၄) ဦးအမူတွင် တရားလိုဘက်က သက်သေများ စစ်ဆေးပြီးစီး သတင်း
■ သိန်းပေါင်း (၂၇၀) တန်ဖိုးရှိ ယာဘားဆေးပြားများကို မူးယစ်ခေါင်းဆောင် (၂) ဦးနှင့်အတူ ဖမ်းဆီးရမိ သတင်း
■ ဖိလစ်ပိုင် ကမ်းရိုးတန်းသွားသင်္ဘော နစ်မြုပ်၊ လူပေါင်း (၆၀) ပျောက်ဆုံး သတင်း
■ မြန်မာနိုင်ငံဖွံ့ဖြိုးမှုနှုန်း GDP ကို လျှပ်စစ်မီးအသုံးပြုနိုင်မှုနှင့် တိုင်းတာ သတင်း
■ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ထပ်မံဖမ်းဆီးခံရ သတင်း
■ သံဃာ့အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနား အိန္ဒိယမှာ ပြုလုပ် သတင်း
■ ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ (ဆောင်းပါး)
■ “အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း (ဆောင်းပါး)
■ ကမ္ဘာ့စီးပွားရေးပြန်ကောင်းလာအောင် အင်အားကြီးနိုင်ငံတွေ ကြိုးပမ်း သတင်း
■ စီးပွားရေးပိတ်ဆို့မှု ဆင်ခြေနဲ့ ဒါ … ဒို့ ဗမာစစ်အစိုးရ (ဆောင်းပါး)
■ မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အလားအလာ (တနင်္ဂနွေဆွေးနွေးပွဲ)
■ ကျောင်းသားတပ်မတော် ပေါ်ထွန်းလာခြင်း (အသံလွှင့်ဆောင်းပါး)
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88