Friday, December 2, 2011

Monthly News Commentary - November 2011 (Eng)

PDC Monthly News Commentary - November 2011 (Eng)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ တွေ့ဆုံ

2011-12-01

နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် အဖြစ် ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါ တယ်။

ရန်ကုန်မြို့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး အဲဒီမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန် တို့ သီးသန့် ညစာစားရင်း စကားပြောဆိုခဲ့ကြပါတယ်။

Read More...

ဟီလာရီ ကလင်တန် ရန်ကုန်ကို ရောက်ပြီ

2011-12-01

ဟီလာရီ ကလင်တန်ဟာ နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရောက်ချင်း ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ ရွှေတိဂုံဘုရားကို သွားပြီး လှည့်လည် ဖူးမြော်ခဲ့ကြောင်း သတင်းရရှိပါတယ်။

တနင်္ဂနွေသမီး ဟီလာရီ ကလင်တန်ဟာ တနင်္ဂနွေထောင့်မှာ ရေသပ္ပါယ် ခေါင်းလောင်းထိုး၊ ဂေါပက အဖွဲ့မှာ လှူဒါန်းပြီး တည်းခိုမယ့် ဟိုတယ်ကို ပြန်သွားပါတယ်။ ဘုရားမှာ ၁၅ မိနစ် မိနစ် ၂၀ လောက် နေပြီး ပြန်ဆင်းသွားတာလို့ ပြည်တွင်း သတင်းထောက်တွေ ကပြောပါတယ်။

Read More...

မြန်မာအစိုးရ လက်ရှိဆောင်ရွက်ချက် တချို့ အပေါ် အမေရိကန် အားရ

2011-12-01

မြန်မာအစိုးရရဲ့ လက်ရှိ ဆောင်ရွက်ခဲ့တဲ့ အပြောင်းအလဲ တချို့ အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီ ပိုပေးမယ့် အပြင် သံတမန်ရေးမှာလည်း သံအမတ်ကြီး အဆင့် ပြန်လည် တိုးမြှင့်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ အတွက်လည်း အမေရိကန် ပြည်ထောင်စုက ထောက်ပံ့ ကူညီဖို့ အသင့်ရှိကြောင်း၊ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ရေးနဲ့ တိုင်းရင်းသား ပဋိပက္ခ အဆုံးသတ်ရေး ကိစ္စတွေ ဆောင်ရွက်ဖို့ လိုနေသေး ကြောင်း၊ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ မလုပ်သင့်တာတွေကို မရပ်တန့်ရင်လည်း အမေရိကန် ပြည် ထောင်စုနဲ့ ဆက်ဆံရေး ကောင်းဖို့ ဖြစ်နိုင်မှာ မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်နဲ့ ၀န်ကြီးအဖွဲ့ကို အသိပေးခဲ့တယ်လို့ ဟီလာရီ ကလင်တန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ လူမှုအဖွဲ့စည်းတွေ ကလင်တန် တွေ့မည်

2011-12-01

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ ဆက်လက် တွေ့ဆုံမှာ ဖြစ်ကြောင်း အင်န်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

Read More...

ဟီလာရီကလင်တန်နှင့် ဒေါ်စုတွေ့မည့် ကိစ္စ WLB ကြိုဆို

စောခါးစူးညား
1 December 2011

မြန်မာနိုင်ငံကို ရောက်ရှိနေသည့်အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် သည်မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မနက်ဖြန် တွေ့ဆုံရန်ရှိပြီး ထိုတွေ့ဆုံမှုကို ကြိုဆိုကြောင်း အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)က ယနေ့ပြောကြားလိုက်သည်။

WLB သည် မြန်မာ့အမျိုးသမီးအရေးဆောင်ရွက်လျှက်ရှိသည့် အမျိုးသမီးအဖွဲ့အစည်း ဖြစ်သည့်အလျှောက် ယခုလို ကမ္ဘာ မှ လေးစား အသိအမှတ် ပြုထားခံရပြီး သြဇာရှိသည့် အမျိုးသမီးနှစ်ဦးတို့၏ တွေ့ဆုံမှုကို ဂုဏ်ယူဝမ်းမြောက်သည့် အနေဖြင့် ကြိုဆိုရခြင်း ဖြစ်ကြောင်း WLB အဖွဲ့ဝင် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ နော်ကညောဖောက ကေအိုင်စီသို့ ပြောသည်။

Read More...

လန်ဒန်မှာ ကျောင်းသားငယ်များ ပညာရေး စရိတ်ကြီးမြှင့်မှု မီးကျည်တွေ ပစ်ပေါက် ဆန္ဒပြ

01 December 2011

ဗြိတိန်နိုင်ငံမှ အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ် ကောလိပ်ကျောင်းသားများသည် တိုင်းပြည်တ၀ှမ်းလုံးတွင် ဆန္ဒပြ လျှက်ရှိကာ၊ ရှဖီး၊ လီးးဒ်၊ ဘရိုက်တန်၊ ဘာမင်ဟမ်၊ ဂလပ်စဂိုနှင့် အီဒင်ဘတ်မြို့ များအပါဝင် မြို့ ကြီးများ၌ ဆန္ဒပြပွဲများ ဖြစ်ပွား လျှက်ရှိသည်။

ဆန္ဒပြပွဲ၏ ပင်မနေရာဖြစ်သော လန်ဒန်မြို့၌ ကျောင်းသားငယ် ထောင်ပေါင်းများစွာတို့သည် ၀က်စ်မင်စတာ နန်းတော်သို့  မချီ တက်မီမှာ တရာလ်ဖါဂါ ပန်းခြံ၌ စုဝေးခဲ့ကြသည်။

Read More...

ရွှေတိဂုံ စေတီပေါ်တွင် မစ္စကလင်တန် နာရီဝက်အကြာ လှည့်လည်ကြည့်ရှု

မြတ်မိုး
December 2, 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် ရွှေတိဂုံစေတီပေါ်၌ မိနစ် ၃၀ ကျော်ကြာ လှည့်လည်ကြည့်ရှု ဖူးမျှော် သွားသည်။

မြန်မာနိုင်ငံသို့ ၅၆ နှစ် အတွင်း ပထမဆုံးအကြိမ် လာရောက်သော မစ္စ ကလင်တန်သည် ယမန်နေ့ ညနေ့ ၅ နာရီ ၄၈ မိနစ် တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ တက်ရောက်လာကာ ဘုရားရင်ပြင်ပေါ်သို့ လှည့်လည်ကြည့်ရှုပြီး ဘုရား သမိုင်း ကြောင်း များကို မေးမြန်း လေ့လာသွားသည်။

Read More...

ကျန်ခဲ့သည့် သီးလေးသီးအဖွဲ့ဝင်များလည်း ပြည်တော်ပြန်ပြီ

December 1, 2011

ထိုင်းနိုင်ငံတွင် ကျန်နေခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစံပယ် ငုံတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် လေဆိပ်မှ အဲပုဂံ လေကြောင်းလိုင်းဖြင့် ယနေ့ ညနေ ထိုင်းစံတော်ချိန် ၅ နာရီတွင် ရန်ကုန်သို့ ပြန်သွားပြီဖြစ်သည်။

ပြည်တွင်း၌ အနုပညာ လုပ်ငန်းများ ဆက်လုပ်ရန်အတွက် ပြန်ရခြင်း ဖြစ်ကြောင်း လူရွှင်တော် ပန်းသီးက ယနေ့ ဧရာဝတီသို့ ပြောသည်။

Read More...

မြောက်ကိုရီးယားထံမှ မြန်မာ ဒုံးကျည်နည်းပညာရယူနေမှု အမေရိကန် စိုးရိမ်

လင်းသန့်
December 1, 2011

မြန်မာအစိုးရက မြောက်ကိုရီးယားထံမှ ဒုံးကျည်နည်းပညာ ရယူနေသည့်အပေါ် အမေရိကန်က စိုးရိမ်နေကြောင်း အမေရိကန် နိုင်ငံခြား ရေးဌာန အဆင့်မြင့်အရာရှိကြီး တဦးက ပြောကြားလိုက်သည်။

မြန်မာ-အမေရိကန် ဆက်ဆံရေးတွင် အမေရိကန်အနေဖြင့် အဓိကစိုးရိမ်မှုမှာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြောက် ကိုရီး ယားနှင့်ပတ်သက်ပြီး ဒုံးကျည်နှင့် စစ်လက်နက်ပစ္စည်း မပျံ့ပွားရေးဆိုင်ရာ ချမှတ်ထားသည့် ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို လေး စားလိုက်နာရန်အတွက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Read More...

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကလင်တန်ကို ကတိပေး

ကျော်ခ
ဒီဇင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ နိုင်ငံ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ပေးဖို့ ကိစ္စ ဒီလိုတိုက်တွန်းပါတယ်။ တိုက်တွန်းတဲ့အခါမှာ မိမိဘက်က ဖြေတာ ကတော့ တိုင်းရင်းသားများ ပြန်လည်စည်းလုံးညီညွှတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေးအတွက် သူတိုက်တွန်းသွားတဲ့ ကိစ္စ မိမိတို့ဘက်က အစွမ်းကုန်ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်” ဟု သူရ ဦးရွှေမန်းက ကြာသပတေးနေ့က မစ္စစ်ကလင်တန်နှင့် တွေ့ဆုံမှုအပြီး နေပြည်တော် တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား သွားခြင်းဖြစ်သည်။

Read More...

ဆန္ဒပြခွင့် ဥပဒေမူကြမ်း ပဟေဋ္ဌိ

ကိုဝိုင်း
ဒီဇင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ်

စီတန်းလှည့်လည် ဆန္ဒပြနိုင်မည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူ ထားပြီ ဖြစ်ပြီး သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ရန်သာ ကျန်တော့သော်လည်း သမ္မတထံ ပေးပို့ပြီးခြင်း ရှိ၊ မရှိမှာ ပဟေဋ္ဌိ ဖြစ်နေသည်။

ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ အခန်း ၁၂ နှင့် ဖွဲ့စည်းပုံ ဥပဒေ အခန်း ၄ ပုဒ်မ ၁ဝ၅ (က) တို့အရ ပြည်ထောင်စု လွှတ်တော် နယကက သမ္မတထံပို့သည့် စာကို “လက်ခံရရှိသည့်နေ့၏ နောက်တနေ့မှ ၁၄ ရက် အတွင်း” လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်။

Read More...

မြန်မာအတွက် ARTဆေး အလှူ လျော့ကျနိုင်

မျိုးသန့်
ဒီဇင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံရှိ HIV နှင့် အသက်ရှင်နေထိုင်သူ ခုနှစ်သောင်းကျော် ART (HIV ပိုးထိန်းချုပ်ဆေး) လိုအပ်နေချိန် ART ဆေး အတွက် လာမည့်နှစ်များအတွင်း နိုင်ငံတကာမှ အကူအညီပေးမှုများ လျော့နည်း သွားနိုင်သည်ဟု ဗြိတိန်အခြေစိုက် Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ၂၀၁၁၊ ၂၀၁၅ အတွင်း HIV/AIDS ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၁.၉၆ သန်း ကူညီရန် လျာထားသော်လည်း ထိုပမာဏမှာ ၂၀၁၃ ခုနှစ်အတွင်း လျော့ကျသွားနိုင်သည်ဟု ဆိုသည်။

Read More...

မြန်မာအစိုးရလုပ်ရပ်ပေါ် မူတည်ပြီး အမေရိကန်တုံ့ပြန်မည်

01 ဒီဇင်ဘာ 2011
ကိုကျော်အောင်လွင်

မြန်မာအစိုးရရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေ ခိုင်ခိုင်မာမာရှိလာတာကို မြင်ရရင် အမေရိကန် ပြည်ထောင်စုဘက်ကလည်း မြန်မာပြည်ကို အရေးယူပိတ်ဆို့ထားတာတွေကို လျှော့ပေါ့ဖို့ စဉ်းစားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။ ၂ ရက်ကြာ ခရီးစဉ်နဲ့ မြန်မာပြည်မှာရောက်နေတဲ့ ၀န်ကြီးကလင်တန်က မနေ့ကပဲ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ၀န်ကြီးကလင်တန်ဟာ သမ္မတဦးသိန်းစိန်နဲ့ မနေ့ကတွေ့ ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲအခြေ အနေတွေအကြောင်း ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

မနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့တဲ့ ၀န်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံမှုက ၂ ဘက်လုံး အပြုသဘော ဆောင် တဲ့ ပြောဆိုမှုတွေ ရှိခဲ့တာပါ။ သမ္မတဦးသိန်းစိန်ရဲ့ ဆွေးနွေးတင်ပြမှုက အချိန်၄၅ မိနစ်လောက်ကြာပြီး တော်တော် အပြုသဘော ဆောင်ပြီး မဟာဗျူဟာလည်းကျတဲ့ တင်ပြမှုပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ၀န်ကြီးကလင်တန် ဘက် က လည်း အချိန်တော်တော်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

Read More...

သမ္မတအိုဘားမား ဒေါ်စုထံစာပါး

01 ဒီဇင်ဘာ 2011

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို ၀န်ကြီးကလင်တန်ကနေ တဆင့် စာတစောင် ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကနေတဆင့် စကားပြောခဲ့တာကို ဂုဏ်ယူ ၀မ်းမြောက်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှားမှုတွေကြောင့် အချိန်တော်တော်ကြာကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လေးစား နေခဲ့တာ ဖြစ်တဲ့အကြောင်း၊ ၀န်ကြီးကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာပြည်ကို အမေရိကန် ပြည်ထောင်စုက ဘယ်လို အကူအညီတွေ ပေးသွားနိုင်မလဲ ဆိုတာကို လေ့လာစူးစမ်းသွားမှာ ဖြစ်လို့ ဒီခရီးစဉ်ကို ကြိုဆိုမယ်လို့ မျှော်လင့်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမြဲရပ်တည်သွားမှာဖြစ်တဲ့အကြောင်း သမ္မတအိုဘားမားရဲ့ စာထဲမှာဖော်ပြထားပါတယ်။

Read More...

ဝန်ကြီးကလင်တန် ဒေါ်စုနဲ့တွေ့ဆုံ

01 ဒီဇင်ဘာ 2011

ဒီဇင်ဘာလ ၁ ရက်နေ့ ညဘက်မှာ ဝန်ကြီးကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ညစာအတူစား ခဲ့ကြပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ ညဘက်မှာ ဝန်ကြီးကလင်တန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီနေ့မှာပဲ ဝန်ကြီးကလင်တန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ နေအိမ်ခြံဝန်ထဲမှာရော အမေရိကန်သံရုံးမှာပါ သတင်းမီဒီယာ တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

Read More...

ဆီးရီးယားကိုပိတ်ဆို့မှု EU ထပ်တိုးမည်

01 ဒီဇင်ဘာ 2011

ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို တင်းတင်းကျပ်ကျပ်ပြုလုပ်ဖို့အတွက် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ တွေက သဘောတူညီမှုရကြောင်း အီးယူအဖွဲ့ဝင် သံအမတ်ကြီးတွေက ပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက black list စာရင်းသွင်းထားမှုကို ထပ်တိုးလိုက်သလို ခရီးသွားလာမှု ပိတ်ဆို့ရေး၊ ပိုင်ဆိုင်မှု တွေကို သိမ်းဆည်းရေး စတာတွေကို ပြုလုပ်ထားပါတယ်။ ဆီးရီးယားနိုင်ငံက အစိုးရဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အစိုးရက ဖြိုခွဲမှုတွေ ကို ရပ်ဆိုင်းသွားအောင် ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကိုင်ရိုမြို့မှာရှိတဲ့ အာရပ်လိဂ် အဖွဲ့ကြီးကလည်း ဆီးရီးယား နိုင်ငံသား ၁၇ ဦးကို အာရပ်နိုင်ငံတွေအတွင်း ခရီးသွားလာမှုတားမြစ်လိုက်ပါတယ်။ အဲဒီထဲမှာ သမ္မတ ဘာရှာ၊ အယ်လ် အာဆတ်ရဲ့ ညီအကိုတော်စပ်သူနဲ့ အဖွဲ့ဝင်တွေ၊ ဆီးရီးယားနိုင်ငံမှာ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်တဦး ပါဝင် ပါတယ်။

Read More...

မြန်မာအပေါ် အမေရိကန် သက်ညှာမှုတချို့

01 ဒီဇင်ဘာ 2011
မသင်းသီရိ/မစုမြတ်မွန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာနိုင်ငံကိုရောက်နေတဲ့ ဒီကနေ့ ဒုတိယနေ့မှာတော့ နေပြည်တော်မှာသမ္မတ ဦးသိန်းစိန် နဲ့ရော အစိုးရအဖွဲ့တွေအပြင် ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေ အနေအပြည့်အစုံကို သိရအောင်လို့ နေပြည်တော်မှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သူ မစုမြတ်မွန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးကလင်တန်က ဘာတွေပြောသွားသလဲလို့ စမေးတဲ့အခါမှာ မစုမြတ်မွန်က အခုလို စပြောပါတယ်။-

သူအရင်ဆုံးပြောတာက အနှစ် ၅၀ အတွင်းမှာမှ ပထမဦးဆုံးလာရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပေမယ့်လည်း တကယ်တော့ အမေရိကန်နဲ့ မြန်မာနိုင်ငံဟာဆိုရင် ဟိုးအရင်ကတည်းက ၂ နိုင်ငံဆက်ဆံရေးရှိခဲ့တယ် ဆိုတာကို အစချီပြီးတော့ ပြောပါတယ်။ တာရှည် မျှော်လင့်စောင့်စားခဲ့ရတဲ့ ပွင့်လင်းမှုတချို့ကို မြန်မာသမ္မတ ဦးသိန်းစိန်ကနေပြီးတော့ လုပ်ခဲ့တဲ့အပေါ်မှာ အမေရိကန်ကနေ ကြိုဆိုတယ်ဆိုပြီးတော့ ပြောပါတယ်။

Read More...

မြန်မာအပေါ် ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ တရုတ်နိုင်ငံတိုက်တွန်း

01 ဒီဇင်ဘာ 2011

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးတက်လာတဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့ တရုတ် နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေဟာ စောင့်ကြည့်ဖို့ လိုအပ်နေဆဲဖြစ်တဲ့အတွက် လတ်တလော အရေးယူမှုတွေကို ရုပ်သိမ်းဦးမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရ အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုတွေပေါ် ကြိုဆိုကြောင်းနဲ့ အပြန်အလှန်အားဖြင့် အနောက် နိုင်ငံတွေ အနေနဲ့လည်း ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ လိုတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ပြောဆိုလိုက်တာပါ။

Read More...

လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဝန်ကြီးကလင်တန်တွေ့

01 ဒီဇင်ဘာ 2011
မနန္ဒာချမ်း

မြန်မာနိုင်ငံကိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဟာ နေပြည်တော်မှာပဲ ဒီနေ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်ရော လွှတ်တော် ၂ ရပ်စလုံးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ တာပါ။ အရင်ဆုံး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအ၀င် ကိုယ်စားလှယ် ၃၂ ယောက်နဲ့ နေ့ခင်း ပိုင်းမှာ ၁ နာရီ နီးပါးကြာ တွေ့ဆုံခဲ့ပြီးတော့ - ၀န်ကြီး ဟီလာရီ ကလင်တန် က - ၂၀၁၀ ရွေးကောက်ပွဲအပါအ၀င် မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက် တွေနဲ့ လွှတ်တော်တွေရဲ့ ဆောင်ရွက်ချက်တွေအားလုံးကို သူ့အနေနဲ့ အသိအမှတ် လက်ခံတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း နောက်ထပ် အပြောင်းအလဲတွေ ထပ်ရှိလာဖို့ သူ မျှော်လင့်တဲ့အကြောင်း အဓိက အချက် ၄ ချက်ကို ပြောကြားသွားခဲ့တယ်လို့ - ဒီတွေ့ဆုံမှုမှာပါဝင်တဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အခုလို ပြောပြပါတယ်။

Read More...

အဂတိလိုက်စားမှု မြန်မာထိပ်ဆုံးစာရင်းဝင်

01 ဒီဇင်ဘာ 2011

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၈၃ နိုင်ငံထဲမှာ အကျင့်ပျက်ခြစားမှုအများဆုံး နိုင်ငံတခုအဖြစ် အဆင့် ၁၈၀ မှာ ရှိနေ တယ်ဆိုတာကို မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ အညွှန်းကိန်း အစီရင်ခံစာတခုမှာ ဖော်ပြထားပါ တယ်။

Transparency International လို့ခေါ်တဲ့ အကျင့်ပျက်ခြစားမှု လေ့လာစောင့်ကြည့်တဲ့ နိုင်ငံတကာအဖွဲ့က ပြုစု ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းထဲမှာ အဲဒီလို ဖော်ပြထားတာပါ။

Read More...

မြန်မာသင်္ဘောသားတချို့ ဆိုမာလီဓားပြလက်မှ လွတ်မြောက်

01 ဒီဇင်ဘာ 2011

ဆိုမာလီယာပင်လယ်ဓားပြတွေက ပြန်ပေးဆွဲထားတဲ့ စင်္ကာပူပိုင် ဓာတုပစ္စည်းတင်သင်္ဘောကို ပြန်လွှတ် ပေးလိုက်ပြီဖြစ်ပေမဲ့ တောင် ကိုရီးယားသင်္ဘောသား ၄ ယောက်ကိုတော့ ဓားစာခံအဖြစ် ဆက်ပြီး ဖမ်းထား ပါတယ်။

အဲဒီသင်္ဘောပေါ်မှာ သင်္ဘောသား ၂၅ ယောက်ပါပြီး တောင်ကိုရီးယားသင်္ဘောသားတွေအပြင် မြန်မာနိုင်ငံသား ၃ ယောက်၊ အင်ဒို နီးရှားနိုင်ငံသား ၁၃ ယောက်နဲ့ တရုတ်နိုင်ငံသား ၅ ယောက်လည်းပါပါတယ်။

Read More...

သမ္မတ ဦးသိန်းစိန်နှင့် မစ္စ ဟီလာရီ ကလင်တန် တွေ့

ရန်ပိုင်
December 1, 2011

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့ ယနေ့နံနက် ၁၀ နာရီခန့်က သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးကြောင်း သတင်းရသည်။

သမ္မတ ဦးသိန်းစိန်၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအပါအ၀င် ၀န်ကြီးများတက်ရောက်ခဲ့ ကြပြီး ဟီလာရီကလင်တန်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချယ်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပို့စနာ အပါအ၀င် ကိုယ်စားလှယ်များ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

Read More...

AIDS တိုက်ဖျက်ရေး ရံပုံငွေ လိုအပ်

01 ဒီဇင်ဘာ 2011

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ကမ္ဘာပေါ်မှာ AIDS ရောဂါ အမြစ်ဖြတ်နိုင်မယ့် အနေအထားကို တွေ့နေ ရပြီဖြစ်ပေမယ့် ဒီရောဂါ ပြန့်ပွားမှုကို ဆက်တိုက်ဖျက်ရာမှာတော့ ရံပုံငွေရရှိမှု ပြဿနာဟာ အရေးပါလိမ့်မယ်လို့ သတိပေးလိုက် ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့အတွက် ဂုဏ်ပြု ထုတ်ပြန်ချက်ထဲမှာ ဘန်ကီမွန်း က နှစ်စဉ် AIDS တိုက်ဖျက်ရေးအတွက် ခန့်မှန်းချေ လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂ သောင်း ၄ ထောင်ကို အပြည့်အ၀ ရရှိအောင် ကူညီပေးဖို့ နိုင်ငံတကာအလှူရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။

Read More...

ပိတ်ဆို့မှုများ ရုပ်သိမ်းရန် မစဉ်းစားသေးကြောင်း မစ္စ ကလင်တန် ပြောပြီ

December 1, 2011

အမေရိကန်အနေဖြင့် မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် လတ်တလော စဉ်းစားဦး မည်မဟုတ်ကြောင်း အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က နေပြည်တော် သင်္ဂဟ ဟိုတယ် တွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောလိုက်သည်။

“အမေရိကန်အနေနဲ့ အားလုံး အကျိုးဖြစ်ထွန်းတာ မြင်ချင်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်ဖို့ လိုတယ်။
ဒီ ပြုပြင်ပြောင်းလဲမှုတွေက အမှန်တကယ် ဖြစ်ဖို့လိုပါတယ်။ ကျမတို့အနေနဲ့ အစိုးရအပါအ၀င် တိုင်းရင်းသားတွေ၊ လူမှုရေး အဖွဲ့ အစည်းတွေ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ ဆွေးနွေးနေပါတယ်။ အခုအချိန်မှာတော့ စီးပွားရေး ပိတ်ဆို့ မှုတွေ ရုပ်သိမ်းပေးဖို့ စဉ်းစားတဲ့အထိ မရောက်သေးပါဘူး။ အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ် ဆိုရင် ကျမတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ချက်ချင်း စဉ်းစားပါ့မယ်။ နောက်ပြန် မသွားဖို့လိုတယ်။ ပြုပြင်ပြောင်း လဲမှုက အစစ်အမှန် ဖြစ်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

Read More...

ဒဏ်ခတ်မှုတွေရုပ်ဖို့ဆိုရင် လိုလားချက်တွေလိုက်လျောပေးဖို့ ဒေါ်စုတိုက်တွန်း

30 နိုဝင်ဘာ 2011
မခင်ဖြူထွေး

မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်လွှတ်တော်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်း စေချင်တယ်ဆိုရင် ဒီလိုဒဏ်ခတ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်း အချက်တွေကို မြန်မာအစိုးရဘက်က ပြုပြင်ဆောင်ရွက် ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မကြာသေးခင်က စတင်လုပ်ဆောင် လာတဲ့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ အားတက်စရာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါ တယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ပထမနေ့မှာပဲ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့တော်က နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ မြန်မာ့နိုင်ငံအရေး ဆွေးနွေးခဲ့ကြတာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကနေ တဆင့် အခုလို ဆွေးနွေးပြောဆိုသွားတာပါ။

Read More...

Thursday, December 1, 2011

ဝန်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် တွေ့မည်

30 နိုဝင်ဘာ 2011
ကိုသားညွန့်ဦး/မစုမြတ်မွန်

နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဟာ မနေ့ညနေပိုင်းကတည်းက နေပြည်တော်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ နေပြည် တော်မှာ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ နေပြည်တော်ကိုရောက်နေတဲ့ ဗွီအိုအေသတင်းထောက် မစုမြတ်မွန်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“မစုမြတ်မွန်လည်း နေပြည်တော်မှာ ရောက်နေတယ်ဆိုတော့ နိုင်ငံခြားရေးဝန်ကြီးက ဘယ်လိုအစီအစဉ်တွေ စီစဉ်ထားလဲ မစုမြတ် မွန်ရေ”

Read More...

မြန်မာအသွင်ကူးပြောင်းရေး အမေရိကန်ဆန်းစစ်မည်

30 နိုဝင်ဘာ 2011
ကိုသားညွန့်ဦး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်းမှာ တကယ်စစ်မှန်တဲ့ အပြောင်း အလဲ တွေ၊ အသွင်ကူးပြောင်းမှုတွေ ရှိနေပြီလား ဆိုတာကို လေ့လာ ဆန်းစစ်ဖို့ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို မနက်ဖြန် ရန်ကုန် မှာ တော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ တိုင်းရင်း သားခေါင်း ဆောင် တွေနဲ့ လူမှုအဖွဲ့အစည်းအသီသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ မနေ့က အမေရိကန် နိုင်ငံခြား ရေးဌာန သတင်း စာ ရှင်းလင်းပွဲမှာ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ပြောဆိုသွားတာတွေကိုတော့ ကိုသားညွန့်ဦးက တင်ပြ ထားပါတယ်။

Read More...

Burma အသုံးအနှုန်း အမေရိကန်ဆက်သုံးစွဲ

30 နိုဝင်ဘာ 2011

အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတာကို ပြသတဲ့ အနေနဲ့ Myanmar အစား Burma လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရလက်ထက်က Burma ကနေ Myanmar ဆိုပြီး ၁၉၈၉ခု နှစ်မှာ ပြောင်း လဲသုံးစွဲခဲ့တာပါ။

ဒါပေမဲ့လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေတော်တော်များများကတော့ စစ်အစိုးရက ပြည်သူ့ဆန္ဒ မပါဘဲ တိုင်းပြည် နာမည်ကို ပြောင်းလဲသုံးစွဲခဲ့တာကြောင့် Myanmar ဆိုတာကို အသိအမှတ်မပြုဘဲ Burma လို့ဆက် ပြီးသုံးစွဲနေကြပါတယ်။

Read More...

ဒဏ်ခတ်မှုတွေရုပ်ဖို့ဆိုရင် လိုလားချက်တွေလိုက်လျောပေးဖို့ ဒေါ်စုတိုက်တွန်း

30 နိုဝင်ဘာ 2011
မခင်ဖြူထွေး

မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်လွှတ်တော်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်း စေချင်တယ်ဆိုရင် ဒီလိုဒဏ်ခတ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်း အချက်တွေကို မြန်မာအစိုးရဘက်က ပြုပြင်ဆောင်ရွက် ရ မှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မကြာသေးခင်က စတင်လုပ် ဆောင် လာတဲ့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ အားတက်စရာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစု ကြည်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ပထမနေ့မှာပဲ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့တော်က နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ မြန်မာ့နိုင်ငံအရေး ဆွေးနွေးခဲ့ကြတာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က အင်တာနက်ကနေ တဆင့် အခုလို ဆွေးနွေးပြောဆိုသွားတာပါ။

Read More...

ဆီရီးယား နိုင်ငံရေးအကျဉ်းသား ၉ ရာကျော် ထပ်လွှတ်

30 နိုဝင်ဘာ 2011.


ဆီးရီးယားနိုင်ငံက ဒါရာပြည်နယ်မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေ အကြား ပဋိပက္ခတွေ ဖြစ် ပွားခဲ့တဲ့အချိန်မှာ ဖမ်းဆီးထားတဲ့အကျဉ်းသား ၉၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်း အစိုးရကကြေညာပါ တယ်။

နောက်ဆုံးအဖြစ်အပျက်တွေထဲမှာ ပါဝင်ပတ်သက်သူ ၉၁၂ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ မနေ့ကပဲ ဆီးရီးယား အစိုးရက ပြောပါ တယ်။ ဒီလစောစောပိုင်းတုန်းကလည်း ဖမ်းဆီးထားသူ ၁,၇၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ အစိုးရပိုင် ဆာနားသတင်းဌာန က ပြောပါတယ်။

Read More...

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့

30 နိုဝင်ဘာ 2011
မစုမြတ်မွန်

နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံးအကြိမ် သမိုင်းဝင် မြန်မာနိုင်ငံခရီးကို စတင်တဲ့ အနေနဲ့ ဒီကနေ့ ညနေပိုင်းက နေပြည်တော် ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ ဒီခရီးစဉ် အခြေ အနေနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်မှာ ဒီခရီးကို သတင်းယူဖို့ရောက်နေတဲ့ မစုမြတ်မွန်ကို ၀ါရှင်တန်ကနေ မနန္ဒာချမ်းက တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ဒီနေ့ညနေမှာပဲ ရောက်လာပါတယ်။ အမေရိကန်ပိုင် လေ ယာဉ်နဲ့ပဲ နေပြည်တော် လေဆိပ်ကို တိုက်ရိုက် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆီကို နှစ်ပေါင်း ၅၀ ကျော် အကြာမှာ ပထမဆုံး ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေဝန်ကြီးကို မြန်မာဖက်က ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က လာကြိုပါတယ်။ နိင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကိုယ်တိုင် လာမကြိုတဲ့ အပေါ်မှာတော့ ဘာကြောင့် မကြိုတာလဲဆိုပြီး သတင်းထောက်တွေကြားမှာ သုံးသပ် ပြောနေကြပါတယ်။ ဘယ်သူကမှတော့ ဘာကြောင့်လဲဆိုတာ သိနိုင်မယ် မထင်ပါဘူး။

Read More...

အပေါ်သို့