Thursday, November 24, 2011

ပြင်သစ် လူ့အခွင့်အရေးဝန်ကြီး မြန်မာ NGO များနှင့် တွေ့ဆုံ

လင်းသန့်
November 23, 2011

ပြင်သစ်နိုင်ငံ လူ့အခွင့်အရေး ၀န်ကြီး မစ္စတာ ဖရန်စွာ ဒမွန့်တ်ရေးက မြန်မာပြည်တွင်း အစိုးရ မဟုတ် သောအဖွဲ့(NGO)များ ၏ ကိုယ်စားလှယ် ၁၅ ဦးကို ယမန်နေ့က ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ခေါ်ယူတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ့လူ့အဖွဲ့ အစည်းတွင် ပြည်တွင်း NGO များ အနေဖြင့် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရေး နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ကုမုဒြာ ပညာရေးဖောင်ဒေးရှင်းမှ ကိုယ်စားလှယ် ကိုနိုင်ဝင်းထွန်းက ဧရာဝတီကို ပြောသည်။

Read More...

ပုဂ္ဂလိက ဘဏ် ၁၁ ခု ပြည်ပ ငွေကြေး လွှဲပြောင်း အပ်နှံမှု လုပ်ခွင့်ရ

ရန်ပိုင်
November 23, 2011

ပြည်ပကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်၍ ပြည်ပမှ နိုင်ငံခြားငွေ လွှဲပြောင်းခွင့်၊ အပ်နှံခွင့်လုပ်ငန်းများ လုပ်ကိုင်ရန် ပုဂ္ဂလိက ဘဏ် ၁၁ ခု ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ယမန်နေ့က လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သတင်းရသည်။

အဆိုပါ ဘဏ်များ အနေဖြင့် ကူးသန်းရောင်းဝယ်မှု နှင့်ပတ်သက်၍ ပြည်ပနိုင်ငံ များနှင့် ငွေးပေးငွေယူပြု လုပ်ခြင်း၊ ပြည်ပနှင့် ဆက်သွယ်၍ အရောင်း အ၀ယ်ပြုလုပ်နေ သည့် စီးပွားရေး ကုမ္ပဏီများ Letter of Credit(LC) ငွေစာရင်းဖွင့်ခြင်း၊ နိုင်ငံခြား ငွေဖြင့် ငွေစာရင်း ဖွင့်ကာ ငွေလွှဲပြောင်းမှု လုပ်ငန်း များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမည်မဖော် လိုသည့် ဘဏ် လုပ်ငန်းရှင် တဦး က ဧရာဝတီသို့ ပြောသည်။

Read More...

ရန်ကုန်ရောက် စွယ်တော်အတွက် လုံခြုံရေးတင်းကျပ်

မြတ်မိုး
November 23, 2011

တရုတ်ပြည်မှ ပင့်ဆောင်လာသည့် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်နေသော ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ ဂန္ဓကုဋိ လိုဏ်တော်အတွင်း လုံခြုံရေး အထူး တင်းကျပ်ထားကြောင်း တွေ့ရသည်။

လိုဏ်တော်အတွင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား ၀င်ရောက် ဖူးမြော်သူများကို စိစစ်ရန် စစ်ဆေးရေးဂိတ် ၃ ဂိတ် ချထားသည်။

Read More...

အနုပညာရှင်များပါဝင်သည့် ရုပ်ရှင်ဆင်ဆာအဖွဲ့ ပြန်ဖွဲ့သင့်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း ပြောပြီ

သဲသဲ
November 23, 2011

အနုပညာရှင်များမပါဝင်ဘဲ အနုပညာရှင်များအတွက် ဥပဒေရေးဆွဲခွင့် မပြုသင့်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဧရာဝတီကို ပြောသည်။

မြန်မာ့ရုပ်ရှင် အစည်းအရုံး မှတာဝန်ရှိသူများ နှင့်ရုပ်ရှင်လောကသားများ ကနိုဝင်ဘာလ၁၆ရက်နေ့တွင် ဗဟန်းမြို့နယ် ၀င်္ကပါလမ်း ရှိမြန်မာ့ရုပ်ရှင် အစည်းအရုံး၌မြန်မာ့ ရုပ်ရှင်ဆင်ဆာ ရှိသင့်၊ မရှိသင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read More...

NLD ပါတီသစ်၏ ဦးဆောင်အဖွဲ့ဝင် ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမည်

November 23, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြန်လည်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီ အသစ်အဖြစ် တရားဝင် လျှောက် ထား မည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တိုင်းရင်းသားနှင့် လူငယ် စုစုပေါင်း ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဦးဆောင်အဖွဲ့အဖြစ် တင်ပြမည်ဟု သိရသည်။

NLD ကို ပါတီသစ်အဖြစ် မှတ်ပုံတင်ရန် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တရားဝင် သွားရောက် လျှောက်ထားမည်ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြော သည်။

Read More...

Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို

ထွန်းထွန်း
နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ်

ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင် ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။

“သူက ကြားခံ ဆာဗာ သုံးခုကို ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်း ယူထားတယ်။ အဲဒီမှတ်တမ်းကို အခြေ ခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က မဇ္ဈိမကို ပြော သည်။

Read More...

ကြက်သွန်ဈေး ကျ

ကိုဝိုင်း
နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ်

ကြက်သွန်နီ အဓိကထွက်သော မကွေးတိုင်း ပခုက္ကူ ဒေသတွင် ရေကြီးမှု ဖြစ်ပွားခဲ့သော် လည်း ယခုအခါ ကြက်သွန်နီဈေးများ ကျဆင်းလျက် ရှိသည်ဟု ကြက်သွန်အသင်းနှင့် စိုက်ပျိုး၊ ရောင်းဝယ်သူများ က ပြောသည်။

မတ်နှင့် ဧပြီလအတွင်းထွက်သော နွေကြက်သွန်ဟောင်းမှာ အောက်တိုဘာလ အတွင်းကထက် နှိုင်းစာလျှင် ရန်ကုန်ဈေးကွက်တွင် တပိဿလျှင် ၇၀၀ ကျပ်ကျော်စီ ကျဆင်းသွားသည်။

နံပတ်ဝမ်း (ထူးရှယ်)၊ နံပတ်-၂ (လတ်ကြီး)၊ နံပတ်-၃ (လတ်သန့်)၊ နံပတ်-၄ (လတ်ချော) အမျိုးအစား ၄ ခုလုံး မှာ တပိဿာ ၁,၄၀၀၊ ၁,၃၀၀၊ ၁,၂၀၀၊ ၁,၀၀၀ ကျပ် အသီးသီး ဈေးပေါက်ခဲ့ရာက တပိဿာ ၇ဝဝ ကျပ်မှသည် ၃၃၀ ကျပ်သာ ဈေးပေါက်တော့သည်။

Read More...

အရှင်ဂမ္ဘီရ ကျန်းမာရေးကြောင့် မိသားစုနှင့် ပြန်နေရန်လိုဟုဆို

သဲသဲ
နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ်

ကလေးမြို့ အကျဉ်းထောင်မှ မြောင်းမြ ထောင်သို့ ပြောင်းရွှေ့ခံရသည့် ဆရာတော် ဦးဂမ္ဘီရ၏ စိတ်ကျန်းမာရေး အခြေအနေ စိုးရိမ်ရ သဖြင့် မိသားစုနှင့် အတူတကွ ပြန်လည်နေထိုင်ရန် လိုအပ်ကြောင်း ထောင် ဆရာဝန်က အကြံပြုသည်ဟု ဆရာတော်၏ အမဖြစ်သူက ပြောသည်။

ထောင်တွင်း ဆက်လက်ထားရှိပါက မူလစိတ် အခြေအနေပြန်ရောက်ရန် မလွယ်ကူဟု ထောင်ဆရာဝန် ပြောကြောင်း တနင်္လာနေ့ က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးက ပြောသည်။။

အရှင်ဂမ္ဘီရမှာ အကျဉ်းထောင်အတွင်း စိတ်ရောလူပါ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် စိတ်ဒဏ်ရာရှိသွားခြင်း ဖြစ်သည်ဟုလည်း မိသားစုက ယုံကြည်နေသည်။

Read More...

၂၁ ယောက် ဦးစီးမည့် NLD ပါတီ တည်ထောင်ခွင့် လျှောက်ထားမည်

ဖနိဒါ
နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၁ ဦးတို့ဦးစီးမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခွင့်ပြုရေး လျှောက်ထားရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့ ကြာသပတေး နေ့တွင် နေပြည်တော်ကို သွားကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့ အပါအဝင် ပြည်နယ် နှင့်တိုင်း လူငယ်များ၊ အမျိုးသမီးများနှင့် တိုင်းရင်းသားများ ပါဝင်သော ဦးဆောင်သူ ၂၁ ဦး အမည်စာရင်းများဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီထူထောင်ခွင့် လျှောက်ထားရန် သွားရောက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များ ရွေးချယ်ရာတွင် အဓိက ပညာအရည်အချင်း၊ အတွေ့အကြုံရှိသူများ၊ အမျိုးသမီး၊ လူငယ်များနှင့် တိုင်းရင်းသားများစသည့် အမျိုးအစား လေးမျိုးကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

Read More...

မဲဆန္ဒနယ်တွေ အတွက် NLD နှင့် ညှိနှိုင်းလိုကြောင်း ၁၀ ပါတီပြော

ထွန်းထွန်း
နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ်

ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လစ်လပ်နေရာ အားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ် လိုက်သည့် အတွက် ဆွေးနွေး ညှိနှိုင်းရန် ဆန္ဒရှိကြောင်း ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီက ပြောဆိုသည်။

ယခင်က လစ်လပ်နေရာ များတွင် တပါတီဝင်ပြိုင် မည်ဆိုပါက ကျန်သည့် ပါတီများက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုဘဲ ဝိုင်းဝန်း ပံ့ပိုးပေးရန် ဒီမိုကရေစီ ၁၀ ပါတီတွင်း သဘောတူထားသည်ပြီးဖြစ်ကာ ယခုကဲ့သို့ NLD မှ ပါဝင်ယှဉ်ပြိုင် လာမည့်အတွက် ဆွေးနွေးညှိနှိုင်းလိုခြင်း ဖြစ်သည်။

“NLD ပါတီက အသစ်ဝင်မယ်ဆိုတော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ် သူ့ကို ဦးစားပေးနိုင်ပါတယ်။ တကယ်လို့ NLD ပါတီအနေနဲ့ ဒီမိတ်ဆွေပါတီတွေနဲ့ ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ မိတ်ဆွေပါတီတွေအနေ နဲ့ စဉ်းစားလို့ ရတယ်” ဟု ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆုံးဖြတ်ချက်အပေါ် (FDB) သဘောထားထုတ်ပြန်

November 23rd, 2011


အဖွဲ့ချုပ်၏ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး ဆိုသည့် ရည်ရွယ်ချက် များ သည် ဦးသိန်းစိန် အစိုးရ၏ လွှတ်တော်ထဲတွင် အကောင်အထည် ဖော်နိုင်လိမ့်မည်မဟုတ်ဟု မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု (FDB) က သဘောထားထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့သည့် သောကြာနေ့တွင် ပါတီတရားဝင် မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံ မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) က ဒီကနေ့ ထုတ်ပြန်သည့် သဘောထား ကြေညာချက်တွင် ဖော်ပြလိုက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သဘောထားထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်လို့ မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု (FDB)၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က အခုလိုပြောသည်။

Read More...

Wednesday, November 23, 2011

ဒယ်အိုးဆရာတော်ကို သတိပေးရန်ရှိ

မျိုးသန့်
နိုဝင်ဘာလ ၂၂ ရက် ၂၀၁၁ ခုနှစ်

မြန်မာတနိုင်ငံလုံးရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ် များကို ခေါ်ယူကာ “ပရဟိတ နှီးနှော ဖလှယ်ပွဲ” ကျင်းပခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီမင်္ဂလာတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင် ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အာဏာပိုင် အဖွဲ့အစည်းတခုခုကနေပြီးတော့ မဟန (သံဃာ့ မဟာနာယက) ဆရာတော်တွေကို တိုင်ပုံရပါတယ်။ မဟန ဆရာတော်တွေကိုတိုင်တော့ တိုင်းသံဃာ့နာယက ဆရာတော်တွေက ခေါ်ပြီးတော့ သတိပေးမယ့် သဘောပါ။ ဆရာတော်ကို ခေါ်ယူပြီးတော့ သြဝါဒပေးမယ့် သဘော။” ဟု အမည်မဖော်လိုသူက ပြောသည်။

Read More...

တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ ဆွေးနွေးပွဲများ ပြုလုပ်

ဖနိဒါ
နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ်

နှစ်ဘက်အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးခု တို့ နိုဝင်ဘာ ၁၉ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S ) ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်နီ အမျိုးသား တိုး တက်ရေးပါတီ၊ ကရင်အမျိုးသား အစည်းအရုံးနှင့် ချင်းအမျိုးသား တပ်ဦးတို့သည် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးဦးအောင်မင်းက အပစ်ခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ မိမိနယ်မြေမှ ကျော်လွန်၍ လက်နက် ကိုင်ဆောင် သွားလာခြင်း မပြုလုပ်ရေး၊ ဗဟိုအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက်တို့ကို တိုင်းရင်းသားအဖွဲ့များအား ရှင်းလင်း ပြောကြားခဲ့သည်။

Read More...

Tuesday, November 22, 2011

ပြန်လည်လွှတ်ပေးမည်ဟု ကိုမင်းကိုနိုင် မမျှော်လင့်

သန်းထိုက်ဦး
November 22, 2011

နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က အစိုးရ အနေနှင့် ၎င်းကို လွှတ် ပေးရန် မမျှော်လင့်ကြောင်း ပြောဆိုလိုက်သည်ဟု မကြာသေးမီက မိသားစုဝင် များနှင့် အတူ ထောင်ဝင်စာ သွားရောက်တွေ့ ဆုံခဲ့သည့် ကိုမြတ်သူက ပြောသည်။

“သူ့ကို လွှတ်မယ် မထင်ဘူး၊ သူရဲ့ ရဲဘော်တွေကိုလည်း သူ့အတွက် မရင်းကြပါနဲ့လို့ ပြောလိုက်တယ်”ဟု ၎င်းက ဆိုသည်။

Read More...

SSA တောင်ပိုင်းနှင့် အစိုးရ ကိုယ်စားလှယ်များတွေ့

သန်းထိုက်ဦး
November 21, 2011

အစိုးရ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ငြိမ်းချမ်းရေး အတွက် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သော အဖွဲ့နှင့် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ပြီးခဲ့ သည့် စနေနေ့က တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်သည့် အစိုးရ၏ သဘောထားများကို ဆွေးနွေးကြကြောင်း SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေး ရုံးများ ထားရှိရေး၊ အစိုးရ နှင့် SSA ထိန်းချုပ် ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ ၀င် များ လက်နက်ကိုင် ဆောင်၍ သွားလာခွင့် မပြုရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး စသည့် အချက်များကို အစိုးရ ကိုယ်စား လှယ်များက ချပြကြောင်း ၎င်းက ဆိုသည်။

Read More...

ဦးသန်းရွှေ မြတ်စွယ်တော် ဖူးမြော်

စည်သူ
November 21, 2011

ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေသည် နေပြည်တော်တွင် ကိန်းဝပ်စံပယ်နေသည့် တရုတ်နိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဒမြတ် စွယ်တော်ကို သောကြာနေ့ နေ့လယ်တွင် ဖူးမြော် ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ နှင့် ဒေသခံတချို့က ပြောသည်။

ဦးသန်းရွှေသည် ယခုလ ၆ ရက်နေ့က တရုတ်ပြည်မှ နေပြည်တော် သို့ကြွချီလာသော စွယ်တော်ကို ထိုနေ့ည သန်းခေါင်ယံ အချိန်တွင် တကြိမ် ဖူးမြော်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

Read More...

“တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်တာမျိုး ဖြစ်သင့်တယ်”

November 21, 2011

ပေါ်တူဂီတွင်မွေးဖွားခဲ့သူ ဗိုလ်မှူးချုပ် စောဆာဂေးသည် ကရင် အမျိုးသား အစည်းအရုံး (KNU) တွင် ၁၉၈၉ ခုနှစ်မှစပြီး တာဝန် ထမ်းဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် KNU ဗဟိုကော်မတီဝင်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ အထူးစစ်ဗျူဟာ ဌာနမှူး စသည့် တာဝန်များ ထမ်းဆောင်လျက်ရှိသည်။

စောဆာဂေးသည် ၁၉၉၅ နှစ်တွင် စပိန်နှင့် ပေါ်တူဂီနိုင်ငံဆိုင်ရာ KNU ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၇ မှ စ၍ ဥရောပ နိုင်ငံများဆိုင်ရာ ကိုယ်စားလှယ် ဖြစ်လာသည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူရေး၊ မြန်မာနိုင်ငံ တိုင်းရင်းသားများအရေးတို့ကို KNU၏ မူဝါဒများအတိုင်း နိုင်ငံ တကာတွင် လှုံ့ဆော်ခဲ့သူဖြစ်သည်။

Read More...

တောင်ပိုင်း SSA အပစ်ရပ်ရေး သဘောတူ

ဇော်ကြီး
နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည် ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS အဖွဲ့ နှစ်ဖက် ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။

အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် အဖွဲ့တို့ ယခုလ (၁၉) ရက်နေ့က ထိုင်းမြန်မာ နယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ မူအားဖြင့် သဘောတူခဲ့သည်ဟု တောင်ပိုင်း SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက အခုလို ပြောသည်။

Read More...

Monday, November 21, 2011

ဒေါက်တာဆလိုင်းထွန်းသန်းနဲ့ အင်တာဗျူး

November 20th, 2011

မေး။ ။ ဘကြီးလို့ ခေါ်မယ်နော်၊ မိဘ၊ ဇာတိ သိခွင့်ရှိမလား ဘကြီး၊

ဖြေ။ ။ ရပါတယ်၊ ကျတော် ချက်ကြိုးစလွယ်သိုင်းနဲ့ မွေးလာတော့ ချင်းလို ထွန်းယောက်လို့ မှည့်ခဲ့ ကြတယ်၊အဒေါ်က ဗမာလို ထွန်းသန်းလို့ မှည့်ခဲ့တယ်၊ အဖေက ပိုးရှန်၊ အမေက ရီးလောင်၊ ဗမာလို မြရီ၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၃၀၊ မြန်မာ သက္ကရာဇ် ၁၂၉၈ ခုနှစ် တန်ခူးလဆန်း ၁၁ ရက်မှာ မွေးတယ်၊မွေးချင်းထဲက ဒုတိယ မြောက်သားပေါ့၊ သရက်မြို့ ဇာ တိပါ။

မေး။ ။ ပညာရေးနဲ့ အစိုးရ ၀န်ထမ်းဘ၀ပြောပြနိုင်မလား။

Read More...

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦးအသတ်ခံရ

November 20th, 2011

ယခု လ ၁၆ ရက်နေ့ညနေ ၅ နာရီခန့်က မလေးရှားနိုင်ငံကွာလာလမ်ပူ မြို့၊ Cameroon high land တွင် နေထိုင်သော ချင်းလူငယ်တဦးအား ရန်ကုန်တိုင်း မှော်ဘီမြို့ဇာတိဖြစ်သူ ထိန်လင်းဆိုသူက ဓါးဖြင့် အသေ ထိုးသတ်လိုက်သည်ဟု သိရသည်။

အသတ်ခံသူသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နေ ဦး ထိန်းခေါလိန်း နှင့် ဒေါ် လိန်းခေါနမ်၏သား ကီးလောဟာဖြစ်ပြီး မလေးရှား နိုင်ငံတွင် ဒုက္ခသည်အဖြစ်နေထိုင်အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။

“ အူတွေ ထွက်တဲ့ အထိ ဓါးနဲ့ ထိုးတယ်၊ လူနာကို ဆေးရုံခေါ်သွားကြပေမဲ့ ၁၇ ရက်နေ့ ညနေ ၁နာရီမှာ ဆုံးသွားတယ် ဘာဖြစ် လို့ ထိုးသတ်တယ်ဆိုတာ မသိရသေးဘူး”ဟု မလးရှားရောက် ချင်း စည်းကမ်းထိန်းသိမ်းရေးကော်မီတီ (Chin Disciplinary Affairs Committee ဥက္ကဌ လာလ်းရှန်မွေးက ပြောသည်။

Read More...

ချင်းခရစ်ယန်အသင်းက ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်ငွေ သိန်း ၅၀၀ ခန့်  လှူဖွယ်ရှိ

November 20th, 2011

နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကြောင့် လက်ရှိမြန်မာအစိုးရသစ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား ငြိမ်းချမ်းရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲကြောင့် ကချင် စစ်ပြေးဒုက္ခသည် (၃) သောင်းခန့်အတွက် နိုင်ငံတကာရောက် ချင်းလူမျိုးများက ကောက်ခံသော အလှုငွေ ကျပ်သိန်း ၅၀၀ ခန့် ရှိဖွယ်ရှိသည်ဟု ခန့် မှန်းကြသည်။

နော်ဝေနိုင်ငံရောက် ချင်းများက ကောက်ခံသည့် ငွေများကို ရန်ကုန်တွင်နေထိုင်ကြသော ချင်းခရစ်ယာန်လူ ကြီးများဖြစ်ကြသည့် Rev. Thawng Kam နှင့် Mrs. Dar Nawn Tial က Kachin Baptist Convention (KBC) ထံ ကျပ်ငွေ ၁၁၉၅၆၅၀၀ ကိုလွှဲအပ်ခဲ့ကြောင်း ယခုလ ၁၇ ရက်နေ့ တွင် Laiforum မှတဆင့် Mr. Van Lian Thang ရေးသားသည့် စာတွင်ဖေါ်ပြထားသည်။

Read More...

ပြည်တွင်းငြိမ်းချမ်းရေးအတွက် သမ္မတကို တောင်းဆိုမည်

November 20, 2011
နေသွင်

ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လူ (၆၀၀) နီးပါး လက်မှတ်ထိုး တောင်းဆိုထားတဲ့ စာကို သမ္မတဦးသိန်းစိန်ဆီကို မကြာခင် ရက်ပိုင်းအတွင်း​​ ​ပေးပို့သွားမယ်လို့ စည်းရုံးလှုပ်ရှားနေသူတွေက ပြောပါတယ်။

ရန်ကုန်က ကြည့်မြင့်တိုင်​ ​ရွှေည၀ါကျောင်းတိုက်မှာ ပြုလုပ်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူတဲ့ အခမ်း အနားမှာ တက်ရောက်လာတဲ့ ရဟန်းနှင့် လူပရိသတ်တွေက လက်မှတ်ထိုးခဲ့တာလို့ လက်မှတ် စုဆောင်းနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီး (စမ်းချောင်း)က ပြောပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသားမရှိဟု သမ္မတဦးသိန်းစိန် ​ပြော

November 20, 2011
နေသွင်

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို သူ့အနေနဲ့ လက်မခံဘူးလို့ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ သမ္မတဦးသိန်းစိန်က​ ​မြန်မာသတင်း ထောက်နဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘဲ ပြစ်မှုကျူးလွန်လို့ အကျဉ်းကျသူတွေပဲ ရှိတယ်လို့ သမ္မတဦးသိန်းစိန်က အခုလို ဆိုပါတယ်။

Read More...

အပေါ်သို့