Monday, November 21, 2011

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အနီး ငလျင်လှုပ်

November 21, 2011

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီးမှာ အင်အား​ အသင့်အတင့်ရှိတဲ့ မြေငလျင်တခု ဒီကနေ့​ လှုပ်ခတ်သွား တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဌာနက ပြောပါတယ်။

ငလျင်ဟာ ဒီကနေ့ မနက် ၉ နာရီ ၄၆ မိနစ် ၅၆ စက္ကန့် အချိန်မှာ မန္တလေးမြေ ငလျင်စခန်းကနေ အနောက်မြောက်ဘက် မိုင် ၂၁၀ ခန့် အကွာ၊ ဟုမ္မလင်းမြို့ အရှေ့မြောက်ဘက် မိုင် ၂၀ လောက် အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅.၉ ရှိ ငလျင်တခု လှုပ်ခတ်သွားတယ်လို့  မိုး/ ဇလ တာဝန်ရှိသူတဦးက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး လူတွေထိခိုက်မှု ရှိမရှိနဲ့  အပျက်အစီး ရှိ မရှိ မသိရသေးပါဘူး။ ငလျင်အခြေအနေနဲ့ ပတ်သက် ပြီး ဟုမ္မလင်းမြို့ အခြေအနေ သိရအောင် ဆက်သွယ်နေဆဲဖြစ်ပါတယ်။

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနကတော့ မြန်မာနိုင်ငံတွင်းမှာ ငလျင်လှုပ်ခတ်သွားကြောင်း အတည်ပြုထုတ်ပြန်ထားပြီး အိန္ဒိယကလာတဲ့ သတင်းတွေမှာတော့ ငလျင်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူပြည်နယ် မြို့တော် အင်ဖာကနေ အရှေ့ဘက် ကီလိုမီတာ ၁၃၀ လောက် ဝေးတဲ့နေရာမှာ လှုပ်ခတ်သွားတယ်လို့ ရေးထားပါတယ်။

အိန္ဒိယနိုင်ငံ​ အာသံ၊ နာဂလန်းနဲ့  မဏိပူပြည်နယ်တွေမှာ ငလျင်ဒဏ် ခံစားခဲ့ရတယ်လို ရေးထားပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့