Friday, November 30, 2012

၂၀၁၁ - ၂၀၁၂ ခုနှစ် [၂၂] ကြိမ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမီတက် နှစ်ပတ်လည် အစီရင်ခံစာ

30 November 2012

ဦးပိုင်လီမီတက် နှစ်ပတ်လည် အစီရင်ခံစာ

၂၀၁၀ - ၂၀၁၁ ခုနှစ် [၂၁] ကြိမ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမီတက် နှစ်ပတ်လည် အစီရင်ခံစာ

30 November 2012

ဦးပိုင်လီမီတက် နှစ်ပတ်လည် အစီရင်ခံစာ

လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

ကျော်ခ
November 29, 2012

လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်၍ အဆင်ပြေစေရန် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဟု ထိုဒေသကို ရောက်ရှိ နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောဆိုလိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုသူများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြိုနေသည့် ထောင်သောင်းချီသော ဒေသခံ လူထုပရိတ် သတ်အား မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Read More...

လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်

လင်းသန့်
November 29, 2012

ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)
လုံးဝ မကျေနပ်ဘူး။ လုံးဝ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆိုတာ ပြည်သူလူထုကလည်း ၀မ်ပေါင် ကုမ္ပဏီကို အကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကို အကြမ်းမဖက်အောင် စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။ စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာ တွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်း ရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ ဒီလက်ချက်က ဘယ်သူလက်ချက်လဲ ဆိုတာ ဦးဇင်း တို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ် ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။

Read More...

လက်ပန်းတောင်းမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြော

2012-11-29

လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ် လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် အနီးက ကံကုန်းလို့ခေါ်တဲ့ ကွင်းပြင်မှာ ပြည်သူလူထုတွေကို ၁၀ မိနစ်ကျော်ကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Read More...

ယနေ့ သတင်းထုတ်ပြန်ချက်ကို ယနေ့ ပယ်ဖျက်လိုက်

နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂ ခုနှစ်

နိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကြာသပတေးနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ကို ညနေ ၆း၂ဝ မိနစ်တွင် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ပယ်ဖျက်ကြောင်းသာ ရေးသားထားပြီး မည်သည့် အကြောင်းကြောင့်ဟူမူ ဖော်ပြထားခြင်း မရှိပေ။

Read More...

ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ

ဖနိဒါ
နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂ ခုနှစ်

တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂ နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပြန့်နှံ့လာသဖြင့် ကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောသည်။

နိုဝင်ဘာ လဆန်းပိုင်းတွင် တဦးစ နှစ်ဦးစသာ ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်း ၄ဝ ကျော်ထိ ကူးစက် ပြန့်ပွားခဲ့သဖြင့် KIO ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်၍ ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

Read More...

ကမ္ဘာ့အလယ်မှာ မြန်မာ့ဆန် တင်ပို့မှု

ခင်မျိုးသွယ်
နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂ ခုနှစ်

ကမ္ဘာ့ ဆန်အများဆုံး တင်ပို့နိုင်မှု စာရင်းတွင် မြန်မာနိုင်ငံက နံပါတ် ၉ နေရာတွင် ရှိနေကြောင်း အမေရိကန် လယ်ယာ စိုက်ပျိုး ရေးဌာန (USDA) က ထုတ်ပြန်ထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။ သို့သော် ဆန် စပါးအသင်းကမူ တန်ချိန် ထိုထက်မက တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။


Ref: မဇ္ဈိမ

Read More...

လက်ပန်းတောင်းတောင် အရေး အစိုးရထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပယ်ဖျက်

29.11.2012

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှု ကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပါတ်သက်လို့ မြန်မာအစိုးရက ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၁၁/၂၀၁၂ ကို နာရီပိုင်းအတွင်းမှာဘဲ ပယ်ဖျက်လိုက်ပါတယ်။ မကြာသေးခင်ကဘဲ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီထုတ်ပြန်ကြေညာချက်ကို ပယ် ဖျက်လိုက်တာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို အတည်ပြုပြောဆိုလိုက်တာပါ။

Read More...

လက်ပန်းတောင်းတောင် အရေး ဒေါ်စု ကြားဝင်ညှိနှိုင်းမည်

ကိုသားညွန့်ဦး, ကိုသိန်းထိုက်ဦး
29.11.2012

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေသူ သံဃာတော်တွေနဲ့ ပြည်သူတွေကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးတဲ့နောက် အခင်းဖြစ်တဲ့ဆီကို မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်ရှိနေခဲ့ပြီးတော့ ဒီညနေမှာ သောင်းနဲ့ချီတဲ့ ဒေသခံလူထုကို မိန့်ခွန်းပြော ကြားခဲ့ပါတယ်။

Read More...

ပါလက်စတိုင်းကို လေ့လာသူအဆင့် ကုလလက်ခံ

29.11.2012

ပါလက်စတိုင်းကို ကုလသမဂ္ဂ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူအဆင့် အဖြစ် လက်ခံတဲ့ ဆုံးဖြတ်ချက်ကို မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တခဲနက် အတည်ပြုခဲ့ကြပါတယ်။ ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေ ၄၁ မဲနဲ့ ဒီဆုံး ဖြတ်ချက် အတည်ပြုခဲ့ပြီးတဲ့နောက် အထွေထွေညီလာခံမှာ တက်ရောက်လာသူတွေ ၀မ်းသာအားရ ဖြစ်ခဲ့ကြပါတယ်။

Read More...

ဆန္ဒပြမှုအပေါ် အကြမ်းဖက်ဖြေရှင်းမှု ကန့်ကွက်ဝေဖန်

စုမြတ်မွန်
29.11.2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုနေသူတွေနဲ့ တာဝန်ရှိသူတွေကြားမှာ ညှိုနှိုင်းလို့ ရနိုင်တဲ့ အခြေအနေရှိနေတဲ့ကြားက ဆန္ဒပြသဃာတွေကို လုံခြုံရေးက အင်အားသုံး နှိမ်နှင်းခဲ့တာဖြစ်တယ်လို့ ပြဿနာကို ကြားဝင်စေ့စပ် ဖို့ကြိုးစားနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောလိုက်ပါတယ်။ ကြေးနီ တူးဖော်ရေး စီမံကိန်း နယ်မြေတဝိုက် ဆန္ဒပြနေကြတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဖယ်ရှားဖို့ ပြည်ထဲရေးဌာနက အသိပေးပြီးနောက် အာဏာ ပိုင်တွေဘက်က အင်အားသုံး နှိမ်နှင်းခဲ့တဲ့ အပေါ်မှာ ဒေါ်ခင်စန်းလှိုင်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်း အလဲ အပေါ်မှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံနေရချိန်မှာ အခုလို အခြေအနေဖြစ်ရတာနဲ့ ပါတ်သက်လို့ ဘန်ကောက်ရုံး မစုမြတ်မွန် က တင်ပြပါမယ်။

Read More...

ဒေါ်စု မုံရွာ လူထုနှင့် တွေ့မည်

ကိုဇော်ဝင်းလှိုင်
29.11.2012

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ သံဃာတော်တွေနဲ့ သပိတ်စခန်းတွေထဲက တခြားဆန္ဒပြသူ တွေ ကို အာဏာပိုင်တွေက ဖြိုခွင်းပြီးတဲ့နောက် ဒီဒေသကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၈နာရီမှာ မုံရွာမြို့ခံတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဒီကနေ့ မုံရွာမြို့က နောက်ဆုံးအခြေအနေတွေကို သိရအောင် လုံခြုံရေးကိစ္စတွေမှာ ကူညီ ဆောင်ရွက်နေတဲ့ ကိုနေသီဟကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Read More...

လက်ပန်းတောင်းတောင်အရေးထိန်းသိမ်းခံသံဃာ၇ပါးပြန်လွှတ်

ကိုဇော်ဝင်းလှိုင်, ကိုသိန်းထိုက်ဦး
29.11.2012

မန္တလေးမြို့မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သံဃာတော်တွေ ရှိနေတဲ့ သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီးနောက် နောက်ဆုံး အခြေအနေတွေ သိရအောင် ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းခဲ့ တဲ့အခါမှာ ကိုသိန်းထိုက်ဦးက အခုလိုပြောပါတယ်။

Read More...

Thursday, November 29, 2012

လက်ပန်းတောင်း သပိတ်စခန်းတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေ အမိန့်ထုတ်

2012-11-28

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းလုပ်ကိုင်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ အနီးအနား ကျေးရွာလူထုတွေနဲ့ သံဃာတော်တွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေကို ညတွင်းချင်း ဖယ်ရှားပေးရမယ်လို့ အာဏာပိုင်တွေက မနေ့ညက အမိန့်ပေးခဲ့ပါတယ်။ အဲဒီအမိန့်ကို နိုင်ငံပိုင်ရုပ်မြင်သံကြားကလည်း နိုဝင်ဘာ ၂၇ ရက်နေ့ ညသတင်း အစီအစဉ်တွေမှာ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။

Read More...

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ရဲ့ တနင်္သာရီတိုင်း ခရီးစဉ်ပြီးဆုံး

2012-11-28

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲကို ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲက ကော့သောင်း မြို့ ဘောလုံးကွင်း တိုက်တန်းလမ်းထိပ်က မဉ္ဇူသကခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တနင်္သာရီတိုင်းဟာ တိုင်းပြည်ရဲ့ဘဏ္ဍာကို အများဆုံးရှာပေးနေပေမယ့် လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ အခြေအနေကို အခုလို ပြောကြားသွားပါတယ်။

Read More...

ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းတွေ နှီးနှော ဖလှယ်ပွဲပြီးဆုံး

2012-11-28

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နောက်ပြန် မဆုတ်နိုင်အောင် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့မှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (၃) ရက်ကြာ ဆွေးနွေးပွဲ ကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

နောက်ပြန်မဆုတ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တည်ဆောက်နိုင်ဖို့အတွက် နေရာအလိုက် အဆင့်အလိုက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီကနေ့ အခမ်းအနားပိတ်ပွဲမှာ ထုတ်ပြန် တဲ့ ကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားတွေရဲ့ ညီလာခံအပြီးမှာ နောက်တဆင့်အနေနဲ့ တိုင်းရင်းသားတွေအားလုံး ပါဝင်တဲ့ ညီလာခံတစ်ခုကို ကျင်းပသွား နိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီက နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၂၆ရက်နေ့ကစပြီး ၃ ရက်တာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီ ၃ ဖွဲ့က ကိုယ်စားလှယ်တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း ၄ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ အခြေစိုက် ရှမ်းလူမှုအခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့က ကိုယ်စားလှယ်တွေ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ စုစုပေါင်း ၁၇ဝ ဦးလောက် တက်ရောက်ဆွေး နွေးခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေး ပြည်မြို့မှာလည်း ဆန္ဒဖေါ်ထုတ်

2012-11-28

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ ဒေသခံ (၃ဝ) ကျော်ဟာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင်ကြီး ပျောက်ကွယ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှာကို မလိုလားတဲ့တွက် အခုလို ဆန္ဒပြရတာလို့ ဒီပွဲ ကိုဦးဆောင်တဲ့ ဦးမြင့်စိုးက RFAကို ပြောပါတယ်။

Read More...

မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ

2012-11-29

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့ လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

Spitfire လေယာဉ်အသစ်စက်စက်တွေကို မြန်မာနိုင်ငံအတွင်း နေရာ (၃) နေရာမှာ မြှပ်နှံထားပြီး၊ အဲဒီထဲက တစ်နေရာ ကတော့ ရန်ကုန်နိုင်ငံတကာ လေယာဉ်ကွင်းရဲ့အောက် အနက် (၃၃) ပေ မှာ အလုံပိတ် သေတ္တာကြီးတွေနဲ့်မြှပ်နှံထားကြောင်း၊ (၃၆) စင်းလောက်ရှိမယ်လို့ ယုံကြည်ရကြောင်း မစ္စတာ Cundall က ပြောပါတယ်။

အဲဒီ ဗြိတိန်နိုင်ငံလုပ် တစ်ယောက်စီး Spitfire လေယာဉ်တွေကို ၁၉၄၅ ခုနှစ် မြန်မာပြည်ကို ဂျပန်အဝင်မှာ ဂျပန်စစ်တပ်တွေ မတွေ့ရအောင် ဗြိတိသျှစစ်တပ်က မြေအောက်မှာ လျှို့ဝှက်မြှပ်နှံခဲ့တယ်လို့ ယူဆကြပါတယ်။

ဦးဆောင်ရှာဖွေသူ မစ္စတာ Cundall ဟာ လယ်သမားတစ်ဦးဖြစ်ပြီး၊ လေယာဉ်ဝါသနာအိုး တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီ လေယာဉ်တွေနဲ့ ပတ်သက်ပြီး မစ္စတာ Cundall က မိမိအနေနဲ့ ဒီလေယာဉ်တွေရဲ့ သဲလွန်စကို (၁၆) နှစ်တိုင်တိုင် စုံစမ်းခဲ့ပြီး၊ (၁၆) ကြိမ်ခရီးထွက်ခဲ့ရပါတယ်။

မျက်မြင်သက်သေတွေထဲမှာ အမေရိကန်လေတပ်သားဟောင်းတစ်ယောက်နဲ့ လေယာဉ်တွေ်မြှပ်နှံရာမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာလူမျိုး တွေ ပါဝင်ကြပါတယ်၊ သူတို့အားလုံးက နေရာတစ်နေရာတည်းကို ညွှန်ပြခဲ့ကြပါတယ်လို့ ပြောဆိုခဲ့တာပါ။

လက်ရှိအနေနဲ့ တစ်ကမ္ဘာလုံးမှာ Spitfire ဗြိတိသျှ တိုက်လေယာဉ် အစင်း (၅ဝ) လောက်သာ ကျန်ရှိနေပါတယ်။ မစ္စတာ Cundall ရဲ့ ရှာဖွေမှုအောင်မြင်မယ်ဆိုရင် အရေအတွက် နှစ်ဆတက်သွားမယ့်အပြင်၊ ကမ္ဘာ့လေကြောင်းသမိုင်းမှာလည်း အထင်ကရဖြစ်သွားမယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဒီရှာဖွေတူးဖေါ်မှုကနေ ရရှိမယ့်အကျိုးအမြတ်ကို မစ္စတာ Cundall က (၃ဝ) ရာခိုင်နှုန်း၊ သူ့လက်ထောက်တွေက (၂ဝ) ရာခိုင် နှုန်း၊ မြန်မာအစိုးရက (၅ဝ) ရာခိုင်နှုန်း ခွဲဝေဖို့ သဘောတူညီထားပါတယ်။ ဒါပေမဲ့ Spitfire လေယာဉ်တွေရဲ့ တန်ဖိုးကိုမ သိရသေးပါဘူး။ မစ္စတာ Cundall ကတော့ ငွေအတွက် တူးဖေါ်တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အီဂျစ်ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်

28.11.2012

အီဂျစ်သမ္မတ မိုဟာမက်မော်ရ်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲကို ကိုင်ရိုမြို့မှာ ဒီနေ့ ဗုဒ္ဒဟူးနေ့မှာလည်း ဆက်လက် ဆင်နွှဲနေပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်နေကြဆဲပါ။

ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးအနီးက လမ်းမပေါ်မှာ ခဲတွေနဲ့ပေါက်နေကြတဲ့ ဆန္ဒပြ လူအုပ်ကြီးကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲ ခဲ့ရပါတယ်။ တာဟီရာရင်ပြင်မှာလည်း အီဂျစ်ပြည်သူလူထုက ဒီနေ့ ထိုင်သပိတ်နဲ့ ကန့်ကွက်နေကြပါတယ်။

Read More...

တရုတ်ပတ်စ်ပို့ ဖိလစ်ပိုင်တံဆိပ်တုံးမထု

28.11.2012

ဖိလစ်ပိုင်နိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံရဲ့ အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်သစ်ကို တံဆိပ်တုံးမထုတဲ့ ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့အဲဒီနိုင်ငံကူး လက်မှတ် သစ်ထဲမှာ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို သူတို့ရဲ့ ပိုင်နက်အဖြစ်နဲ့ ဖော်ပြထားပါတယ်။

Read More...

ရွှေတူးလုပ်သားတွေ ချီတက်ဆန္ဒပြမှု ရပ်ဆိုင်း

နိုင်ကွန်းအိန်
28.11.2012

ရန်ကုန်မြို့ကနေ နေပြည်တော်အထိ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့တဲ့ မိုးထိမိုးမိ ရွှေတူး အလုပ် သမားတွေဟာ တောင်ငူခရိုင်၊ ရေနီမြို့မှာ ပိတ်မိနေခဲ့ရာကနေ တာဝန်ရှိသူတွေနဲ့ အလုပ် သမား ခေါင်းဆောင်တွေကြား ညှိနှိုင်း ဆွေးနွေးပြီး သဘောတူညီချက်(၅)ချက်နဲ့ ဆန္ဒပြရာ ကနေ နောက်ကြောင်းပြန်လှည့်ခဲ့ပြီလို့ ရွှေတွင်းတူး လုပ်သားခေါင်းဆောင်တွေက ပြောပါ တယ်။ ရွှေတွင်း တူးလုပ်သားတွေကို ရမည်းသင်းကို ပို့ဆောင်ရာမှာ ဒေသခံအာဏာပိုင်တွေအနေနဲ့ လုပ်သားတွေ သွားလိုရာကို ပို့ဆောင်ခြင်း မရှိ တဲ့အပြင် လက်ရှိထားရှိတဲ့နေရာကိုလည်း လုံခြုံရေး တင်းကြပ်ထားတာကြောင့် အခက်ကြုံနေရတယ်လို့လည်း အလုပ်သမားခေါင်း ဆောင်တွေ က ပြောပါတယ်။

Read More...

တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံရမှု AHRC ဝေဖန်

ကိုသားညွန့်ဦး
28.11.2012

စီမံကိန်းအချို့အပေမှာ ဆန္ဒပြကန့်ကွက်မှုတွေကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁ဝ ယောက် ထက်မနည်း အခု ရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောပါတယ်။ ဒီ ဖမ်းဆီးမှုတွေ ကိုကြည့်ရင် တရားရေးပိုင်းကို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက် စွတ်ဖက်ဖို့ ကြိုးစားနေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

Read More...

လက်ပန်းတောင်းတောင် သပိတ် အခြေအနေ တင်းမာဆဲ

ကိုသိန်းထိုက်ဦး, ကိုကျော်ကျော်သိန်း

28.11.2012
သောတရှင်များခင်ဗျာ။ ကျနော်တို့ရဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးဟာ မုံရွာမြို့နဲ့ မလှမ်းမကမ်း သပိတ်စခန်းတခုမှာ ရောက်နေပါတယ်။ အခု နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေကို ကိုသိန်းထိုက်ဦးက သူရောက်နေတဲ့ သပိတ်စခန်းနဲ့ မလှမ်းမကမ်းကနေ တိုက်ရိုက်ပြောပြတာကို ကြားကြရပါမယ်။

မေး။ ။ ကိုသိန်းထိုက်ဦးရေ အခုရောက်နေတဲ့နေရာက သပိတ်စခန်းနဲ့ မလှမ်းမကမ်း ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာဆိုတော့ အခု နောက်ဆုံး တွေ့ရ သိရတဲ့အခြေအနေတွေကို တွေ့ရ မြင်ရသမျှ ကျနော်တို့ ပရိသတ် မျက်စိထဲ မြင်အောင် ပြောပြပါအုံးခင်ဗျ။

Read More...

လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်းဖြိုခွဲ

28.11.2012

မုံရွာမြို့အနီး၊ ဝမ်ပေါင်ကုမ္ပဏီနီရှေ့ရှိ ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြနေတဲ့ ပင်မသပိတ် စခန်း၊ ကျော်ရွာသပိတ်စခန်းတွေကို နံနက်သုံးနာရီမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းပြီး မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။

အဲဒီလို ဖြိုခွဲရာမှာ အသုံးပြုတဲ့ မီးလောင်ဗုံးထိမှန်ခဲ့တာကြောင့် သံဃာတချို့ သင်္ကန်းတွေနဲ့ အရေပြားတွေမှာ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီနဲ့ မနီးမဝေးမှာရှိတဲ့ ရွာရှေ နဲ့ ဖောင်းကားရွာတွေအထိ ထွက်ပြေး ဆုတ်ခွာသွားကြရပါတယ်။

Read More...

ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်မဆုတ်ရန် ရှမ်းညီလာခံ တိုက်တွန်း

ကွန်းချမ်း
နိုဝင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ်

ပဋိပက္ခများ လုံးဝ အဆုံးသတ်၍ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေပြီး နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ညီလာခံက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ’ ခေါင်းစဉ်ဖြင့် ပြုလုပ်သော ထိုညီလာခံကို ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ သုံးရက်တိုင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

Read More...

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည် လာပြီ

နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂ ခုနှစ်

လက်ပံတောင်းတောင်အရေး ဒေသခံများနှင့် ပြောဆိုဆွေးနွေးကာ ဟောပြောမည့် ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ဦးတည်ကာ မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာရာ နံနက် ၁၁ နာရီတွင် ညောင်ပင်ဝင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

နောက် တနာရီအကြာတွင် မုံရွာမြို့သို့ ဆိုက်ရောက်လာဖွယ်ရှိပြီး မွန်းလွဲ ၁ နာရီတွင် လက်ပံတောင်း ဒေသခံများနှင့် တွေ့ဆုံကာ ဟောပြောပွဲတရပ် ကျင်းပရန် စီစဉ်ထားသည်။

Read More...

သုခရိပ်မြုံ HIV ကလေးငယ်များအတွက် တန်ဆောင်တိုင်ပွဲ ကျင်းပ

နေမျိုး
နိုဝင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ်

မန္တလေးမြို့ရှိ ‘သုခရိပ်မြုံ’ ခေါ် HIV ရောဂါပိုး ကူးစက်ခံထားရသည့် မိဘမဲ့ ကလေးသူငယ် များ ဂေဟာတွင် တန်ဆောင်တိုင် ပျော်ပွဲ ကျင်းပခဲ့ကြောင်း တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေသူ မအမာနီ က ပြောသည်။

“ဒီနေ့က တန်ဆောင်းမုန်းလပြည့်နေ့လည်းဖြစ်တော့ ကလေးတွေ ပျော်ပွဲရွှင်ပွဲအတွက်ပါ။ ကလေးတွေက အရမ်းငယ် သေးတယ်။ ပံ့သကူ ငွေလေးတွေ သွားဝှက်ပေးတယ်။ အလှူရှင် မိသားစုတစုက ကလေးတွေကို ကစားကွင်း လိုက်ပို့ပေးတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီကလေးတွေက အခုချိန်ထိ အပါယ်ခံဘဝမှာပဲ ရှိသေးတယ်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

Read More...

နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

ဟင်္သာနီ (မွန်မြေ)
နိုဝင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ်

ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်ဆမ် မြို့နယ် နမ့်မော်ခေါက်ဆင့် ကျေးရွာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဌေးမောင် အား ဒေသ အခြေစိုက် စစ်တပ်က လုံခြုံရေး နှောင့်ယှက်မှုဟု ဆိုကာ နိုဝင်ဘာလ ၂၆ ရက်နေ့ည ၉ နာရီခန့်တွင် တပ်စခန်းသို့ ခေါ်ဆောင်သွားပြီး ထိုးကြိတ်ခဲ့သည်ဟု ကာယကံရှင် က ပြောသည်။

၎င်း၏ အိမ်ရှေ့တွင် ရွာသားများအား စကားပြောဆိုနေစဉ် မျက်နှာချင်းဆိုင်ရှိ ခမရ ၅၁၆ မှ လာရောက်ဆွဲခေါ်ကာ တာဝန်ကျ ဗိုလ်မှူးက ထိုးကြိတ်၍ သွားတချောင်း ကျိုးသွားခဲ့ရကြောင်း ဦးဌေးမောင် က ပြောသည်။

“ကျနော်က ပြည်သူ့စစ် အလုပ်၊ ပြည်သူ့စစ်လုပ်။ ရွာသား အလုပ် ရွာသားလုပ် ဆိုပြီး ကျနော့်အိမ်မှာ ပြောတာဗျ။ အဲဒါ ပြောနေ တုန်းမှာပဲ စခန်းကုန်းက အရာရှိ နှစ်ယောက် ဆင်းလာပြီး ကျနော့်ကို ဂျိုင်းကြား ညှပ်ပြီး စခန်းကုန်း ကို ခေါ်တင်သွားပါတယ်။ အဲဒီ ရောက်တော့ ဗိုလ်မှူး ရဲဝေစိုး က ထိုးလိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ၎င်းအိမ်ရှေ့၌ ရွာသား တဦး နှစ်ဦးသာ ရှိခဲ့သည်။ ၎င်းအား ဂျိုင်းကြား ညှပ်၍ တပ်ကုန်းသို့ ခေါ်ဆောင်သွားသူ နှစ်ဦးမှာ ခမရ (၅၁၆)မှ ဗိုလ်ကြီး သန်းဝေဖြိုးနှင့် တပ်ကြပ် အောင်သန်း တို့ဖြစ်ပြီး ထိုးကြိတ်ခဲ့သူ မှာ ဗိုလ်မှူး ရဲဝေစိုး ဖြစ်သည်ဟု ကာယကံရှင် ဦးသန်းဌေး က ပြောသည်။

“ကျနော့်ကို ဆွဲခေါ်သွားပြီးတော့ လုံခြုံရေး နှောင့်ယှက်တယ်လို့ ပြောတယ်။ ကျနော်လည်း သူ့ကို လေးစားသမှုနဲ့ အလေးပြုပါတယ်။ အဲဒီအချိန်မှာ ထိုးတာ။ ထိုးလည်း ထိုးပြီးရော မင်းကို ကြိုးနဲ့တုပ်ပြီး သေနတ်နဲ့ ပစ်သတ်မယ် လို့ ပြောတယ်” ဟု ပြန်ပြောပြသည်။

ဦးဌေးမောင်မှာ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က နမ့်မော်ခေါက်ဆင့် ကျေးရွာ၏ ပြည်သူ့စစ် တပ်ခွဲမှူး တယောက်ဖြစ်ပြီး NLD ပါတီသို့ ဝင်ရောက်ခဲ့သည်မှာလည်း နှစ်လ ခန့်ပင် ရှိသေးသည်ဟု ဆိုသည်။

နမ့်ဆမ် NLD အနေနှင့်လည်း ယခုကဲ့သို့ ဖြစ်ရပ်များကို သတင်းဌာနများ သိရှိ စေချင်ကြောင်း နမ့်ဆမ် ပါတီ အတွင်းရေးမှူး က ပြောသည်။

“ပြောတုန်းက သူက တပ်စခန်းမှာ ပြောတာ မဟုတ်ဘူး။ သူ့အိမ်ရှေ့မှာ ရွာသားတွေကို ပြောတာ။ ဒီလိုမျိုး မတရားတဲ့ ဖြစ်ရပ်တွေ ကို သိရှိစေချင်ပါတယ်” ဟု နမ့်ဆမ် NLD အတွင်းရေးမှူး ဦးနေဇော်နိုင် က မဇ္ဈိမကို ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နမ့်ဆမ် NLD မှ အတွင်းရေးမှူး ဦးနေဇော်နိုင်နှင့် အလုပ်အမှူဆောင် ၅ ဦးနှင့် ကာယကံရှင် ဦးဌေးမောင်တို့သည် ခမရ (၅၁၆) တပ်ရင်းမှူးဆီသို့ အဆိုပါ အဖြစ်အပျက် ကို သွားရောက် တိုင်ကြား ခဲ့သည်။

ထို့ပြင် မြို့နယ်ရဲစခန်း၊ အုပ်ချုပ်ရေးမှူး၊ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့နှင့် NLD ဗဟိုသို့လည်း တိုင်တန်းစာ များ မိတ္တူ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

Ref: မဇ္ဈိမ

Read More...

သေချာသည့် အဖြေတခု ရမှ သံဃာတော်များ ပြန်ကြွမည်

မင်းမင်း
နိုဝင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ်

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းအား ကန့်ကွက်နေသော သပိတ်စခန်းများ ဖျက်သိမ်းပေး ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေညာ ထားသော်လည်း တိကျသေချာသည့် အဖြေတခု မရမချင်း ဆက်လက် ဆန္ဒပြ သွားမည်ဖြစ်ကြောင်း ပင်မ သပိတ် စခန်းတွင် ဆန္ဒပြ နေသော မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးတေဇ က မိန့်ကြားသည်။

“ဦးဇင်းတို့ ပြန်သွားရင် နောက်က ချိနဲ့သွားမယ့် အင်အားကို မကြည့်ရက်ဘူးလေ။ ပြောင်းပြန် အရွေ့တခုတော့ လိုချင်တယ်” ဟု မိန့်ဆိုသည်။

Read More...

ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို

ကျော်ခ
November 29, 2012

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း လှုပ်ရှားမှုမှာ မပြီးဆုံးသွားဘဲ ဒေသခံများနှင့် အဖွဲ့အင်အားများ စုစည်းကာ ဆန္ဒ ထပ်ပြမည်ဟု သပိတ် အဖွဲ့ ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

စီမံကိန်းရပ်တန့်ရေး တောင်းဆိုနေသော သပိတ်စခန်းများကို အစိုးရအာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း ရဟန်း သံဃာများ၊ ဒေသခံလူထုများနှင့် အနယ်နယ်အရပ်ရပ်မှ လက်ပတောင်းတောင် အရေး စိတ်ဝင်စားသူများနှင့် ပူးပေါင်းကာ ထို စီမံကိန်း ရပ်တန့်သွားသည်အထိ လုပ်ဆောင်သွားမည်ဟု သပိတ်ခေါင်းဆောင်များက ပြောသည်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရှိလို့ ကျနော်တို့တွေ ခဏငြိမ်မှာပါ။ ကွဲသွားတဲ့ လူစုတွေလည်း ပြန်စုရင်းနဲ့ပေါ့၊ နောက် တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အသီးသီးကို အကြောင်းကြားပါမယ်၊ ပြီးရင် အထွေထွေသပိတ်ကို အင်နဲ့အားနဲ့ပြန်စမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ကျနော်တို့ကို ခုလိုဖြိုခွင်းတဲ့အပေါ် သမ္မတကို ကျနော်တို့ နားလည်ရခက်သွားပြီ” ဟု သပိတ်ခေါင်းဆောင် တဦးက ဧရာဝတီသို့ ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သွားရောက်နေပြီး ပြည်သူလူထုကို စကားမပြောမီ မီးလောင်ဒဏ်ရာ ရသူများကို ဦးစွာ သွားရောက်တွေ့ဆုံမည်ဟု သိရသည်။

သပိတ်စခန်းများကို ယနေ့မနက် ၃ နာရီခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံ အာဏာပိုင် အဖွဲ့များက ဝင်ရောက် ဖြိုခွဲခဲ့သဖြင့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NLD မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြ သပိတ်စခန်းများထဲသို့ အာဏာပိုင်အဖွဲ့များက မီးသတ်ပိုက်များဖြင့်ထိုးခွဲခြင်း၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခွဲခြင်း၊ မီးဗုံးများဖြင့် ပစ်ခွဲခြင်းပြုလုပ်ပြီးနောက် အင်အားအလုံးအရင်းဖြင့် “တွေ့တဲ့လူ အကုန်ရိုက် အကုန်ဖမ်း” ဟုဆိုကာ ဝင်ရောက်ရိုက်နက် ဖြိုခွဲ ခဲ့ကြောင်း အခင်းဖြစ်ပွားရာတွင် ကြုံတွေ့ခဲ့ရသော သပိတ်အဖွဲ့ဝင်များထံမှ ဧရာဝတီသို့ ပြောဆိုကြသည်။

ထိုအထဲမှ အတွင်းလူနာအဖြစ် သံဃာတော် ၂၂ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး မီးစွဲလောင်ဒဏ်ရာများ၊ ထိခိုက်ဒဏ်ရာများဖြင့် မုံရွာ ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရပြီး ဒဏ်ရာပြင်းထန်လွန်းသည့် သံဃာတော် ၂ ပါးကို မန္တလေး ဆေးရုံကြီးသို့ NLD ၏ အကူအညီဖြင့် ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

“သပိတ်စခန်းတွေကို သူပုန်စခန်းဝင်စီးသလို မီးသတ်ပိုက်တွေနဲ့ထိုး၊ မျက်ရည်းယိုဗုံးတွေနဲ့ ပစ်ခွဲ၊ မီးလာင်ဗုံးတွေနဲ့ အရင်ပစ်ခွဲပြီး တွေ့တဲ့လူ အကုန်လုံးရိုက်ဖမ်းဆိုပြီး ညာသံပေးပြီးဝင်ရိုက်တော့ မိတဲ့လူတွေလဲအရိုက်ခံ၊ အဖမ်းခံကြရတယ် ကျနော်တို့တွေ အကုန် ထွက်ပြေးကြပြီး လူစုတွေကွဲကုန်တယ်” ဟု သပိတ်အဖွဲ့ထဲတွင် ပါဝင်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အာဏာပိုင်များက သပိတ်စခန်း ၆ ခုရှိသည့်အနက် စီမံကိန်းအတွင်း ဝမ်ပေါင်ကုန်မ္ပဏီရှေ့မှ သပိတ်စခန်းအပါအဝင် အဓိက စီမံကိန်း အဝင်အထွက် လမ်းကြောင်းပေါ်ရှိ သပိတ်စခန်းကြီး များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် တိုက် ခိုက်မှုကြောင့် သပိတ်စခန်းများတွင် ဆန္ဒပြနေသော ဒေသခံများနှင့် ပူးပေါင်း သပိတ်အဖွဲ့ဝင်များ ကိုယ်လွတ်ရုန်းထွက်ပြေး ခဲ့ကြရသည်ဟု ကာယကံရှင်များက ပြောသည်။

အခင်းဖြစ်ပွားစဉ်တွင် ရဲတပ်ရင်းများ အလုံးအရင်းဖြင့် ဝင်ရောက် ရိုက်နက်ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် သံဃာတော် အနည်းဆုံး ၆ ပါးနှင့် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးနေသူများလည်း ရှိကြောင်း သိရသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များက သပိတ်စခန်း လာရောက်သူများ စီးနင်းလာသော ဆိုင်ကယ်များနှင့် သတင်းထောက်တချို့ စီးနင်းလာသော ကားများကို စုပုံကာ မီးရှို့ပစ်ခဲ့ ကြောင်း မျက်မြင်များကပြောသည်။

ယင်းသို့ ပစ်ခတ်ဖြိုခွဲရာတွင် အသုံးပြုသော မီးဗုံးများမှာ ရေစိုနေသော အရာဝတ္ထုများနှင့် အသားအရေကို စွဲလောင်ခြင်းကို သပိတ် အဖွဲ့ဝင်များက နားမလည်နိုင်ဖြစ်ရကြောင်း မူလပက်ဖြန်းခဲ့သည့် ရေ သို့မဟုတ်၊ မီးဗုံးများတွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ဟု သပိတ်အဖွဲ့ဝင်များက သံသယ ရှိနေကြသည်။

“အံ့သြစရာကောင်းတာက သူတို့ပစ်တဲ့ မီးဗုံးတွေက ရေစိုနေတဲ့နေရာတွေကို ပိုပြီးစွဲလောင်တာတွေ့ရတယ်၊ ဦးဇင်းတွေဆိုရင် အသားတွေ မီးစွဲလောင်ပြီးကို ကွာကျတယ်၊ ပြေးနေတုန်း မိတဲ့လူတွေရော၊ ဦးပဉ္ဇင်းတွေရော အကုန်ရိုက်တယ်၊ ဖမ်းသွားတယ်၊ ဘယ်နှစ်ယောက်မိလဲ၊ သေလည်းဆိုတာ ကျနော်တို့လည်း လှည့်မကြည့်နိုင်ဘူး” ဟု သပိတ်အဖွဲ့ဝင် ဒေသခံတဦး က ဧရာဝတီသို့ ပြောသည်။

ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံးဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။

မြန်မာအစိုးရ စစ်တပ်ဗိုလ်ချုပ်များ ဦးစီးထားသော ဦးပိုင် ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ သော အဆိုပါ ကြေးနီစီမံကိန်းကြောင့် သဘာဝတောင်တန်းများ ပျက်စီးခြင်း၊ ဒေသခံတို့၏ လယ်ယာမြေများ အဓမ္မ သိမ်းပိုက် ခံရခြင်း၊ စီမံကိန်းအညစ်အကြေးများမှ ကျန်းမာရေးထိခိုက်စေခြင်းနှင့် အခြားဆိုးကျိုးများကို ထောက်ပြကာ ဒေသခံ ကျေးရွာ ၂၆ ရွာက ယခုနှစ် မေလမှစတင်ကာ နှစ်ဝက်ကျော်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့မနက်ပိုင်းက အကြမ်းဖက်နှိမ်နှင်းခြင်း ခံခဲ့ရသည်။

အဆိုပါစီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေး ပေါ် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များဖက်က ညှိနှိုင်းပြောဆိုခြင်း မရှိဘဲ ယခုကဲ့သို့ ဖြိုခွင်းခဲ့သည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့