Friday, November 30, 2012

လက်ပန်းတောင်းမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြော

2012-11-29

လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ် လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် အနီးက ကံကုန်းလို့ခေါ်တဲ့ ကွင်းပြင်မှာ ပြည်သူလူထုတွေကို ၁၀ မိနစ်ကျော်ကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္မဏီက တာဝန် ရှိသူတွေနဲ့ ဒီကနေ့ညနေမှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဒီကနေ့ ဟောပြောတဲ့ မိန့်ခွန်းမှာတော့ ဝမ်ပေါင်ကုမ္မဏီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။

နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် ၈ နာရီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူတွေကို မုံရွာဘက်ခြမ်းက သဲသောင်ပြင် မှာ တွေ့ဆုံပြီး မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့