Saturday, September 25, 2010

ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို

2010-09-25

မြန်မာ စစ်အစိုးရဟာ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာ တာမျိုး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့ နိုင်ငံရေးစနစ်တရပ်ကို ခွင့်ပြုရလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့ကို ရောက်ရှိနေစဉ်အတွင်း ကြာသပတေးနေ့က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုခဲ့တာပါ။

သူက ဆက်လက် ပြောဆိုရာမှာ - လက်တွေ့ကျကျ ပြောရရင် မြန်မာပြည်ရွေးကောက်ပွဲဟာ အပြောင်း အလဲတွေကို ဖော်ဆောင်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး၊ ဒီ ရွေးကောက်ပွဲကို ပထမအဆင့် လို့ပဲ ရှုမြင် သင့်တယ်လို့ ထင်ပါတယ်၊ ဒီအဆင့်ဟာ လုံလောက်အောင် ကြီးမားပါ့မလား ဆိုတာကတော့ ရှုမြင်သူရဲ့ မြင်ပုံမြင်နည်းနဲ့ မျှော်မှန်းချက်တွေအပေါ် မူတည်ပါလိမ့်မယ်၊ ကျနော်တို့အတွက် အရေးကြီးတာကတော့ ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ခြေလှမ်းစတာနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်တဲ့ လမ်းကြောင်းဆီကို ဦးတည်သွားဖို့ပဲ ဖြစ်ပါတယ်၊ ဒါမှသာ ရှေ့သွားရမယ့် အဆင့်တွေအတွက် အုတ်မြစ်ချ လမ်းခင်းနိုင်မယ်၊ တိုင်းရင်းသားတွေနဲ့ ပြန်လည် သင့်မြတ်ရေးအတွက် စတင်နိုင်ပါမယ်- လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာ့နိုင်ငံရေး ဘဝမှာ နေရာတခု ပြန်ရနိုင်မလား ဆိုတဲ့ မေးခွန်းကိုတော့ မြန်မာစစ်အစိုးရအနေနဲ့ လမ်းကြောင်းကို ဖွင့်နိုင်သမျှ ဖွင့်ထားသင့်ပါတယ်လို့ အဖိဆစ်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဟာ ဝန်ကြီးချုပ် တာဝန်ယူပြီး (၂) နှစ်နီးပါး ကြာတဲ့အထိ မြန်မာနိုင်ငံကို မသွားရောက်ခဲ့သေးပါဘူး။ တခြားကိစ္စတွေ ပေါ်မလာဘူးဆိုရင် နောက်လထဲမှာ မြန်မာပြည် သွားနိုင်မယ် ထင်ပါတယ်လို့ အဖိဆစ်က ပြောဆိုခဲ့ပါတယ်။

Ref: RFA News

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၉ - ၁၀ )

ဟင်္သာတတွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်၊ တဦးသေဆုံး သတင်း
ဟင်္သာတတက္ကသိုလ်မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်၊ တဦးသေဆုံး၊ လုံခြုံရေးအပြည့်နဲ့ အရေးပေါ် သဂြိုဟ် သတင်း
နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး အိုဘားမား တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုခြင်းသည် နိုင်ငံရေး လှည့်စားမှုဟု ပြောဆို သတင်း
နယ်ကျော်ရင် ပစ်မည့် မွန်ပြည်သစ် သတင်း
‘ဝ’ ကို လက်နက်ခိုးရောင်းတဲ့ ထိုင်းလေးဦး ရဲဖမ်း သတင်း
မြေအောက်လူငယ်များ မဟာမိတ်ဖွဲ့ သတင်း
ရွှေဝါရောင်တော်လှန်ရေးနှင့် သပိတ်မှောက်ကံဆောင်ပွဲ (၃) နှစ်ပြည့် သတင်း
(၅) ကောင်မြောက် ဆင်ဖြူကြောင့် မြန်မာပြည် ကောင်းစားမည်ဟုဆို သတင်း
ပဉ္စမမြောက် ဆင်ဖြူတကောင်ကို တွေ့ရှိရကြောင်း ၀ါဒဖြန့်သတင်းစာတွင် တခမ်းတနား ဖော်ပြ သတင်း
ပါတီများ ကော်မရှင် ဆင်ဆာထိ သတင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်မှုအတွက် အသံသွင်းခဲ့ သတင်း
သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစညပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း သတင်း
မြောင်းမြနှင့် ၀ါးခယ်မတွင် ကြံ့ဖွံ့ပါတီ အဓမ္မ စည်းရုံးရေးဆင်းနေ သတင်း
ရတနာပုံဘောလုံးအသင်း အေအက်ဖ်စီ ဥက္ကဌဖလား နောက်ဆုံး ဗိုလ်လုပွဲ ရောက်ရှိ သတင်း

Read More...

သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း

Saturday, September 25, 2010

ပဲခူးတိုင်း သာယာဝတီ မြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဝင်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၎င်းတို့ ပါတီဘက်သို့ အဓမ္မ ပြောင်းခိုင်းသည့် အတွက် တစည ပါတီက အမှုဖွင့် တိုင်ကြား ထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က သာယာဝတီမြို့နယ် မြောက် ၀ါးလေးရုံရွာရှိ “တစည” ပါတီဝင် ၁၆ ဦး၏ ပါတီဝင် ကတ်ပြားများကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးစန်းဝင်းက သိမ်းယူပြီး ပါတီပြောင်းခိုင်းသည့် အတွက် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း သာယာဝတီ မြို့နယ် တစည ပါတီ စည်းရုံးရေးမှူး ဦးလှကြိုင်က ဧရာဝတီသို့ ပြောသည်။

“မင်းတို့ ကြံ့ခိုင်ရေးကလွဲရင် တခြားဘယ်ပါတီမှ မ၀င်ရဘူး၊ “တစညပါတီ” နိုင်လည်း ရှုံးမှာပဲ၊ ငါတို့ ကြံ့ဖွံ့ နိုင်ရင် “တစည” ဘာဖြစ် သွားမလဲ သိလား”ဟု ဦးစန်းဝင်းက ပြောကြောင်း ၎င်းက ဆိုသည်။


အဆိုပါ တစည ပါတီဝင်များသည် ၎င်းတို့ ပါတီဝင်ကတ်များကို ပြန်လည်တောင်းခံသော်လည်း ဦးစန်းဝင်းက သာယာဝတီမြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးထံ ပေးအပ်လိုက်ပြီဖြစ်ကြောင်း၊ ပြန်မပေးနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်ဟု သိရသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဆိုသော်လည်း ယခုအခါ ကြံ့ဖွံ့ပါတီ ၏ အနိုင်အထက် ပြုကျင့်မှုများပိုမို များပြားလာ သည့်အတွက် ခရိုင် ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အပြင် သုံးဆယ်မြို့ ရဲစခန်းတွင်ပါ အမှုဖွင့်တိုင် ကြားရခြင်း ဖြစ်ကြောင်းလည်း ဦးလှကြိုင်က ဆက်လက်ပြောသည်။

သာယာဝတီခရိုင် ကော်မရှင်ရုံးမှ တာဝန်ရှိသူ တဦးကလည်း ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး အရေးယူပေးရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အကြောင်းကြားထားသည်မှာ မှန်ကန်ကြောင်း၊ သို့သော် ယခုကိစ္စမှာ မိမိတို့ ကော်မရှင်မှ အရေးယူ၍ မရသည့်အတွက် ရဲစခန်းတွင်သာ အမှုဖွင့်တိုင်ကြားပါဟု တစည ပါတီကို ပြောကြားထားကြောင်း ဧရာဝတီသို့ ပြောသည်။

“တစည”ပါတီသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းလဲပြီး ၁၉၈၈ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယင်း ပါတီတွင် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဦးထွန်းရီ၊ ဦးသန်းတင်၊ ဦးချစ်လှိုင်စသည့် ဗိုလ် ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။

သာယာဝတီမြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် မှ တိုင်းစည်းရုံးရေးမှူး ဦးဝင်းသန်းကလည်း“ တခြား ပါတီတွေ စည်းရုံးရေး ဆင်းရင်၊ ဟောပြောပွဲလုပ်ရင် နယ်မြေမှာရှိတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ အသံချဲ့စက် ငှားမရအောင် လုပ်တယ်၊ လူထုမလာ ရဲအောင် ရဲသတင်းဖွဲ့က ဗီဒီယိုရိုက်ပြီး အနှောင့်အယှက် ပေးတယ်”ဟု ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီများတွင် ကြံ့ဖွံ့ပါတီသည် ကျန်သည့် ပါတီများစည်းရုံးရေး မဆင်းနိုင်အောင် ပြုလုပ်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည်ဆိုသော လက်ရှိအာဏာရရှိနေသူများ ပါဝင်နေသည့် ပါတီ အနေဖြင့် ထိုသို့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

သာယာဝတီခရိုင်တွင် ကြံ့ဖွံ့ပါတီ ၊ တစည ပါတီ၊ ဒီမိုကရက်တစ် ပါတီ( မြန်မာ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

Friday, September 24, 2010

နေ့စဉ်သတင်းများ ( ၂၄ - ၉ - ၁၀ )

အာဆီယံ-အမေရိကန် ကုန်သွယ်ရေး မြန်မာကြောင့် ထိခိုက် သတင်း
မြန်မာ့အရေး ဒေသလုံခြုံရေးအနေနဲ့ ဆွေးနွေးဖို့ တိုက်တွန်း သတင်း
နျူကလီယားလက်နက်အစီအစဉ် မရှိကြောင်း မြန်မာစစ်အစိုးရ ငြင်းဆို သတင်း
အဏုမြူဗုံး ဘယ်တော့မှထုတ်မည်မဟုတ်ဟု မြန်မာစစ်အစိုးရ ပြော သတင်း
အမေရိကန်-အာဆီယံ အစည်းအဝေးမှာ မြန်မာကို ဖိအားပေးဖို့ တိုက်တွန်း သတင်း
အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမည် သတင်း
မြန်မာစစ်ရဟတ်ယာဉ်အား KIO သတိပေး ပစ်ခတ် သတင်း
နအဖစစ်ရဟတ်ယာဉ် ကေအိုင်အို ပစ်ခတ် သတိပေး သတင်း
ကေအိုင်အိုမိသားစုများ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးနေ သတင်း
လက်နက်ကိုင် တိုင်းရင်းသားတွေ ဆွေးနွေး သတင်း
ကရင်နယ်ခြားစောင့်တပ်များ စစ်သင်တန်း တက်ရောက်တော့မည် သတင်း
လျှပ်စစ်တာဝါတိုင်ကို ခြံခတ်ရန် တပ်က ရွာသားများကို အဓမ္မခိုင်း သတင်း
သခင်အုန်းမြင့်ရက်လည် ကျင်းပ သတင်း
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ တောင်းဆို သတင်း
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး တောင်းဆို သတင်း
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသား လွှတ်ရမည်ဟု တောင်းဆို သတင်း
ရွေးကောက်ပွဲ မျှတဖို့ အမေရိကန်-အာဆီယံ တောင်းဆို သတင်း
NLD နယ်လှည့်ခရီးစဉ် (၂) ခု ပြီးဆုံး သတင်း
ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက မဲပေးခွင့်ပြုကြောင်း ပြောဆို သတင်း
မဲမပေးရေးကိစ္စ ရခိုင်ဒီမိုကရေစီအဖွဲ့ ရှင်းလင်း သတင်း
နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်း အပယ်ခံရ သတင်း
ပါတီမဲဆွယ်မိန့်ခွန်းများ ကော်မရှင် ပယ် သတင်း
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရန် ပါသည့် စာမူ အပယ်ခံရ သတင်း
ရွေးကော်ပွဲဝင်မရ ပါတီဆုံး သတင်း
တစညပါတီ နှစ်ပတ်လည် ကျင်းပ သတင်း
မဲရုံစောင့် သင်တန်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲပေးနည်း သင်ပြ သတင်း
နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ၀ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ သတင်း
‘အရုဏ်ဦးမှာ ဖူးသည့် ကြာ’ ကားကြောင့် အမေရိကန်မြန်မာများ စိတ်အနှောက်အယှက် များစွာဖြစ်ရ သတင်း
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ သတင်း
နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင်၏ ဖခင် ဈာပန သတင်း
ဘူးသီးတောင်မီး ကလေး (၂) ဦး သေဆုံး သတင်း
မှုတ်ဆေးဘူး ဝယ်မလား မှတ်ပုံတင်ပြ သတင်း
စည်းကမ်းသစ်ကြောင့် ကုန်သယ်ခ တိုးဖွယ်ရှိ သတင်း
စားကုန်တွေ ဈေးကြီးတာ ဘယ်လိုဖြေရှင်းကြမလဲ သတင်း
စီးပွားရေးသတင်း သတင်း
ရတနာပုံ AFC ဗိုလ်လုပွဲ တက်ပြီ သတင်း
နျူကလီးယားလက်နက် မထုတ်ဟု စစ်အစိုးရ အခိုင်အမာ ငြင်း သတင်း
နအဖ စစ်ရဟတ်ယာဉ်ကို ကေအိုင်အို သတိပေး ပစ်ခတ် သတင်း
မြ၀တီရဲစခန်း စီးနင်းခဲ့သည့် ဒီကေဘီအေအဖွဲ့အား အရေးယူရန် အမိန့်ထုတ် သတင်း
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဥရောပကော်မရှင်ထံ ဦးတင်ဦး စာပို့ သတင်း
ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရပြီ သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကရုဏာကြီးမားကြောင်း ပြောဆို ရေးသားသူရှိ သတင်း
အိုဘာမား အာဆီယံခေါင်းဆောင်များနှင့် မြန်မာ့အရေး ဆွေးနွေးရန်ရှိ သတင်း
ဟောပြောချက်မူကြမ်း ပယ်ချခံရသော်လည်း UDP ပြန်တင်မည် မဟုတ် သတင်း
ကြံ့ဖွံ့ပါတီကို တစည စိန်ခေါ် သတင်း
အန်အယ်လ်ဒီနှင့် ယှဉ်ပြိုင်လိုသေးကြောင်း တစညပါတီ ပြောကြား သတင်း
ကိုယ်စားလှယ်လောင်းအမည်တွင် ပါတီအမည် မဖော်ပြ သတင်း
နေပြည်တော်-ရန်ကုန် လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရန် ပြင်ဆင် သတင်း
လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်မပေးတော့ သတင်း
နာရေးကူညီမှုအသင်း၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ သတင်းစာတွင် ထည့်ခွင့်မရ သတင်း

Read More...

နိုင်ငံရေးပါတီများ

August 26 , 2010

၁။ မြို (ခေါ်) ခမိ အမျိုးသားများ ညီညွတ်ရေးအဖွဲ့ (မခမညဖ) Mro or Khami National Solidarity Organization (M.K.N.S.O)(၂၈ ဧပြီလ ၂၀၁၀)
၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(၂၉ ဧပြီလ ၂၀၁၀)
၃။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(၂၉ ဧပြီလ ၂၀၁၀)
၎။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (၇ မေလ ၂၀၁၀)
၅။ ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PNO) (၁၃ မေလ ၂၀၁၀)
၆။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) (၂၀ မေလ ၂၀၁၀)
၇။ ကယန်းအမျိုးသားပါတီ (၂၀ မေလ ၂၀၁၀)
၈။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု (၂၀ မေလ ၂၀၁၀)
၉။ ကရင်ပြည်သူ့ပါတီ (၂၁ မေလ ၂၀၁၀)
၁၀။ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (၂၁ မေလ ၂၀၁၀)
၁၁။ တအောင်း(ပလောင်) အမျိုးသားပါတီ (၂၄ မေလ ၂၀၁၀)
၁၂။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (၂၄ မေလ ၂၀၁၀)
၁၃။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (၂၄ မေလ ၂၀၁၀)
၁၄။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(၂၆ မေလ ၂၀၁၀)
၁၅။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) (၂၆ မေလ ၂၀၁၀)
၁၆။ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)The 88 Generation Student Youths(Union of Myanmar)၊ (၂၆ မေလ ၂၀၁၀)
၁၇။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ The Union of Myanmar Federation of National Politics(၂၆ မေလ ၂၀၁၀)
၁၈။ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် (၂၇ မေလ ၂၀၁၀)
၁၉။ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (၂၇ မေလ ၂၀၁၀)
၂၀။ ချင်းအမျိုးသားပါတီ (Chin National Party) (၂၇ မေလ ၂၀၁၀)
၂၁။ ဝံသာနုNLD (ပြည်ထောင်စု မြန်မာနိုင်ငံ) (၂၇ မေလ ၂၀၁၀)
၂၂။ ခေတ်သစ်ပြည်သူ့ပါတီ(၂၈ မေလ ၂၀၁၀)
၂၃။ ပြည်ထောင်စု ဒီမိုကရေစီပါတီ (Union Democracy Party)(၂၈ မေလ ၂၀၁၀)
၂၄။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (၁ ဇွန်လ ၂၀၁၀)
၂၅။ ချင်းတိုးတက်ရေးပါတီ (Chin Progressive Party) (၁ ဇွန်လ ၂၀၁၀)
၂၆။ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(၁ ဇွန်လ ၂၀၁၀)
၂၇။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ Rakhine Nationalities Development Party (RNDP) (၁ ဇွန်လ ၂၀၁၀)
၂၈။ “ဝ” ဒီမိုကရက်တစ်ပါတီ (မြန်မာ) (၂ ဇွန်လ ၂၀၁၀)
၃၉။ ဖလုံ- စဝေါ် ဒီမိုကရေစီပါတီ (၄ ဇွန်လ ၂၀၁၀)
၃၀။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (၄ မေလ ၂၀၁၀) (National Democratic Party for Development) (၄ ဇွန်လ ၂၀၁၀)
၃၁။ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၈ ဇွန်လ ၂၀၁၀)
၃၂။ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ Ethnic National Development Party (ENDP) (၁၆ ဇွန်လ ၂၀၁၀)
၃၃။ ကမန်အမျိုးသား တိုးတက်ရေးပါတီ Kaman National Progressive Party
၃၄။ ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ The Khami National Development Party
၃၅။ အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force
၃၆။ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)
၃၇။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ National Development And Peace Party (၂၄ သြဂုတ် ၂၀၁၀)

Read More...

ကိုယ်စားလှယ်လောင်းများ

ရန်ကုန်တိုင်းလွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်း +/-



တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ +/-



တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ


ဒီမိုကရက်တစ်ပါတီ(မြန်မာ) ကိုယ်စားလှယ်လောင်းစာရင်း

ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းစာရင်း

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ကိုယ်စားလှယ်လောင်းစာရင်း

ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) ကိုယ်စားလှယ်လောင်းစာရင်း

ပြည်ထောင်စု ဒီမိုကရေစီပါတီ ခေတ်သစ်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းစာရင်း

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ကိုယ်စားလှယ်လောင်းစာရင်း

ကမန်အမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း

အမျိုးသားဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်လောင်းစာရင်း

စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက) ကိုယ်စားလှယ်လောင်းစာရင်း

အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း

Read More...

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေး အချက်အလက်များ

ဦးကျော်ကျော်မင်း(အမျိုးသားလွတ်တော်)+/-


* ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ်(၁)
* မွေးသက္ကရာဇ် - ၄-၇-၁၉၆၆
* အဖအမည် - ဦးစောဝင်း
* အမိအမည် - ဒေါ်ခင်စိုးမြင့်
* နိုင်ငံရေးအတွေ့အကြုံ

၁. မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သည့်လှုပ်ရှားမှုအားလုံးတွင် ပါဝင်ပတ်သက်ခဲ့သည်။
၂. ၁၉၈၉ခုနှစ်၊ ဇွန်(၂၁) တစ်နှစ်ပြည့်အခမ်းအနားတွင် ဖမ်းဆီးခံခဲ့ရပြီး စစ်ခံရုံးမှ ထောင်(၇)နှစ် ချခဲ့သည်။ အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် နေထိုင်ခဲ့သည်။
၃. ၁၉၉၉၊ စက်တင်ဘာလတွင် တစ်လ ခေတ္တထိန်းသိမ်းခံခဲ့ရသည်။

ဦးကောင်းမြတ်ထွဋ် (ပြည်သူ့လွတ်တော်) +/-

* မွေးသက္ကရာဇ် - ၁၄-၄-၁၉၇၅
* မွေးရပ်ဇာတိ - ရန်ကုန်
* အဘအမည် - ဦးဇော်ဝင်းထွဋ်
* လူမျိုး၊ဘာသားရေး - ဗမာ၊ဗုဒ္ဓဘာသာ။

* ယှဉ်ပြိုင်မည့်လွတ်တော် - ပြည်သူ့လွတ်တော်
* ယှဉ်ပြိုင်မည့်နေရာ - တောင်ဥက္ကလာပ မြို့နယ်

* လုပ်သက်နှင့်နိုင်ငံရေးအတွေ့အကြုံ

- အင်္ဂလိပ်၊ ကွန်ပြူတာသင် ဆရာလုပ်၊
- ၁၉၈၈ခုနှစ်တွင် အသက်၁၃နှစ်အရွယ် အငယ်ဆုံးကျောင်းသားတစ်ဦးအဖြစ်ပါဝင်ခဲ့၊
- မြန်မာတစ်နိုင်ငံလုံးဆိုင်ရာအခြေခံကျောင်းသားသမဂ္ဂ တာဝန်ခံလုပ်ခဲ့၊

* နိုင်ငံရေးဆောင်ရွက်မူ့

- ၁၉၈၈ အရေးတော်ပုံတွင် အသက်(၁၃)နှစ်အရွယ်၌ပါဝင်ခဲ့
- ၁၉၈၉ တွင်လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမြို့နယ် စည်းရုံးရေးမှူး၊ မျိုးဆက်သစ်ပါတီ အားမာန်လူငယ်တပ်ဦး ရန်ကုန်တိုင်း အတွင်းရေးမှူး တာဝန်များယူခဲ့
- ၁၉၈၉တွင် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများဖြင့်(၂)ကြိမ် အဖမ်းခံရ
- ၁၉၉၀ တွင် အခြေခံပညာကျောင်းသားများသမဂ္ဂ(အ.က.သ) ၏ နောက်ဆုံးတာဝန်ခံ
- ၁၉၉၀ဒီဇင်ဘာ အသက်(၁၅)နှစ်တွင် ကျောင်းသားလှုပ်ရှားမှုများဖြင့် တတိယအကြိမ် အဖမ်းခံရ၊ ထောင်(၆)နှစ်ကျခဲ့
- ၁၉၉၅-၂၀၀၀ ခုနှစ်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဗိုလ်မှူးအောင်၊ ဝိဓုရသခင်ချစ်မောင် ဦးဆောင်သောဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် အတူဆောင်ရွက်
- ၂၀၀၉ တွင် ဒီမိုကရေစီပါတီတည်ထောင်သူ ၁၀ဦးတွင် ပါဝင်ခဲ့
- ၂၀၁၀ တွင် မြန်မာဒီမိုကရေစီကွန်ကရက်ကို တည်ထောင်ခဲ့

ဦးစန်းမြင့် +/-

* ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ်(၆)
* မွေးသက္ကရာဇ် - ၁၅-၃-၁၉၆၀
* အဖအမည် - သခင်အောင်သိန်း (မုတ္တမ၊ လွတ်လပ်ရေးမော်ကွန်းဝင်-ပထမအဆင့်/ နိုင်ငံဂုဏ်ရည်-တတိယအဆင့်)
* အမိအမည် - ဒေါ်သန်းရှင်
* ပညာအရည်အချင်း - E.T.E.C (Electrical)B.A(History)
* မဟာဝိဇ္ဇာဘွဲ့ ရေးဖြေအောင်မြင်ခဲ့။ ကျမ်းပြုခေါင်းစဉ် (မြန်မာ့နိုင်ငံရေးတွင် ဆရာတော်ဦးဝိစာရ၏ အခန်းကဏ္ဍ)
* နိုင်ငံရေးအတွေ့အကြုံ

၁. ၁၉၈၈ အရေးတော်ပုံတွင် “ ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂ” တွင်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါ သည်။ သမိုင်းဌာနမှ ပထမဆုံး ဆန္ဒပြသူဖြစ်ပါသည်။
၂. ၁၉၉၀ ရွေးကောက်ပွဲမတိုင်မှီ ဆန့်ကျင်ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံရေးပုဒ်မ-၁၇(၁)၊ ၁၉(က)ဖြင့် ၂၅-၅-၁၉၉၀ နေ့တွင် ထောင်ဒဏ်(၁၅)နှစ် အပြစ်ပေးခံခဲ့ရသည်။

ဦးဘတင့်ဆွေ +/-

မွေးသက္ကရာဇ် - ၁၇-၁-၁၉၅၆
• နိုင်ငံရေးလှုပ်ရှားမှု
- ၁၉၇၄တွင် ဦးသန့်အရေးအခင်း၌ ပါဝင်ခဲ့၊
- ၁၉၈၂ တွင် နိုင်ငံသားဥပဒေနှင့် ပတ်သက်၍ လိုအပ်သော အချက်အလက်များအား အကြုံပြုစာတမ်းတစ်ခုအဖြစ် ထို စဉ်က တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံမှ ကျောင်းသားခေါင်းဆောင်များ နှင့် အတူ ရေးသားပြုစုပြီး နိုင်ငံတော်ကောင် စီသို့ တင်ပြခဲ့သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့၊
- ၁၉၈၈ ဒီမိုကရေစီရေး နိုင်ငံရေးလှုပ်ရှားမှု ကာလတွင် ဥပဒေဘွဲ့ရကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည် ချစ်လူငယ်များ အစည်းအရုံး နိုင်ငံရေးပါတီကို တရားဝင်မှတ်ပုံတင်ပြီး ထူထောင်၍လည်းကောင်း နိုင်ငံရေးလှုပ်ရှားမှု များ ပြုလုပ်ခဲ့၊
- ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်ချစ်လူငယ်များ အစည်းအရုံးပါတီ ဥက္ကဋ္ဌအနေဖြင့် ပါတီကိုယ်စားပြု၍ မြောက်ဥက္ကလာ ပမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့၊
- ၁၉၉၀မှ ၂၀၁၀အတွင်း ၁၉၈၈နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ပက်သက်ခဲ့ဖူးကြသော သူများနှင့် အခါအားလျှော်စွာ တွေ့ ဆုံ၍ လတ်တလောနိုင်ငံရေးအခြေအနေများ၊ နိုင်ငံတကာမှ ထားရှိသော နိုင်ငံရေးလမ်းစဉ်များအား တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့၊
• ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
• မဲဆန္ဒနယ် - မြောက်ဥက္ကလာပမြို့နယ်

• လွှတ်တော်တွင်ပြည်သူ့အတွက်လုပ်ဆောင်ပေးမည့်ကဏ္ဍ
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် သွေးဖည်နေသည်ဟု အများကလက် ခံယုံကြည်ထားသည့် ဥပဒေများကို ဖျက်သိမ်းပေးမည့် အဆိုအားတင်ပြပေးခြင်းနှင့် အတူ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီလမ်းကြောင်းအား လိုက်လျောညီထွေဖြစ်မည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် အဆိုကိုလည်း ကြိုးစား ဆောင်ရွက်တင်ပြပေးမည်ဖြစ်သည်။


ဦးရန်ကျော် +/-

မွေးသက္ကရာဇ် - ၃-၆-၁၉၅၄
• နိုင်ငံရေးလှုပ်ရှားမှု
- ၁၉၇၄ ဦးသန့်အရေးအခင်းတွင် သာမန်ထမင်းထုတ်များ ကောက်ယူပို့ဆောင်သည့်လုပ်ငန်းသာ လုပ်ကိုင်ခဲ့၊
- မှိုင်းရာပြည့်အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်နယ်မြေ၌ နိုင်ငံရေးစာရွက်စာတမ်းများ ရေးသား ပြုစုဖြန့်ဝေရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့၊
- ၁၉၈၈ဒီမိုကရေစီလှုပ်ရှားမှုကာလတွင် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများအဖွဲ့ ထူထောင်ပြီး ဥက္ကဋ္ဌ တာဝန်ယူခဲ့၊
- နိုင်ငံရေးပါတီများ တရားဝင်မှတ်ပုံတင်ထူထောင်ခွင့် ရချိန်၌ ဒီမိုကရက်တစ်တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသား ဟောင်းများအဖွဲ့ပါတီကို ထူထောင်ပြီး ဥက္ကဋ္ဌအနေဖြင့် တာဝန်ယူခဲ့၊
- ၁၉၉၀ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၀နေရာဝင် ရောက်ယှဉ်ပြိုင်နိုင်ရန် စည်းရုံးနိုင်ခဲ့ ပြီး တစ်နေရာအနိုင်ရရှိခဲ့ရန် ဆောင်ရွက်နိုင်ခဲ့၊
- ပါတီကိုယ်စားပြု၍ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့၊
- ၁၉၉၀မှ ၂၀၁၀ အထိ သူငယ်ချင်း ဦးဘတင့်ဆွေနှင့် အတူ ၁၉၈၈ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ပတ်သက်ခဲ့ဖူး ကြသောသူများနှင့် နိုင်ငံရေးအခြေအနေများ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး၊
• ပါတီယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
• မဲဆန္ဒနယ် - ပုဇွန်တောင်မြို့နယ်
• လွှတ်တော်တွင် ပြည်သူ့အတွက် လုပ်ဆောင်ပေးမည့် ကဏ္ဍ
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် သွေဖည်နေသည်ဟု အများက လက်ခံယုံ ကြည်ထားသည့် ဥပဒေများကို ဖျက်သိမ်းပေးမည့် အဆိုအား တင်ပြပေးခြင်းနှင့်အတူ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီး ပွားနှင့် ဒီမိုကရေစီလမ်းကြောင်းအား လိုက်လျောညီထွေဖြစ်မည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် အဆိုကိုလည်း ကြိုးစားဆောင် ရွက် တင်ပြပေးမည်။


ဦးခင်မောင်ကြွယ် +/-

မွေးသက္ကရာဇ် - ၂၁-၁-၁၉၅၀
• မွေးရပ်ဇာတိ - တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နယ်။
• ပညာအရည်အချင်း - ပညာရေးတက္ကသိုလ်မှ ဘွဲ့ရရှိ။
• အလုပ်အကိုင် - ကျောင်းဆရာ၊ စာရေးဆရာ။
• လုပ်သက်အတွေ့အကြုံ
- ရန်ကုန်တက္ကသိုလ်၊ ဗိုလ်တထောင်နယ်မြေတွင် နိုင်ငံရေးသိပ္ပံနည်းပြဆရာ၊
- ရန်ကုန်ဆရာအတက်သင်သိပ္ပံ အင်္ဂလိပ်စာဋ္ဌာနတွင် လ/ထ ကထိကရာထူးများဖြင့် တိုင်းပြည်တာဝန်(၁၉)နှစ်ထမ်း ဆောင်ခဲ့၊
- ၂၀၀၀ ပြည့်နှစ်တွင် ၁၉၉၉ခုနှစ်အတွက် ' အိမ်မက်အလွမ်း' ဝတ္ထုရှည်ဖြင့် အမျိုးသားစာပေဆုရခဲ့၊
- ၁၉၈၅ ခုနှစ်တွင် ဗဟိုနိုင်ငံရေးတက္ကသိုလ်၌ နိုင်ငံရေးနည်းပြသင်တန်း အမှတ်စဉ်(၁၈)တက်ရောက်ခဲ့၊
• ဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
• မဲဆန္ဒနယ် - တိုက်ကြီးမြို့နယ်။

ဦးလှရှိန် +/-

ပညာအရည်အချင်း - B.A(Myanmar)
• အလုပ်အကိုင် - စားသောက်ကုန်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း။
• ကိုယ်ရေးအကျဉ်း - မန္တလေးမြို့ တိုင်းရင်းဆေးပညာဒီပလိုမာအောင်မြင်ပြီး တိုင်းရင်းဆေးခန်းနှစ်နှစ်ဖွင့်လှစ်ပြီး ကုန်သည်လောကသို့ ကူးပြောင်းကာ ယခုအထိပြည်နယ်အကျိုးအတွက်လူမှုရေး၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့ပေါင်း ၁၈ခုတွင် ပါဝင်ဆောင်ရွက်လျက်ရှိ။
• ဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
• မဲဆန္ဒနယ် - မော်လမြိုင်မြို့နယ်။
• လွှတ်တော်တွင်ပြည်သူ့အတွက်လုပ်ဆောင်ပေးမည့်ကဏ္ဍ
- ကိုယ့်ပြည်နယ်တိုးတက်ဖို့အတွက် အဓိကလုပ်ချင်ပါသည်။
- ဦးဆုံးလုပ်ချင်သည်မှာ မော်လမြိုင်မှာ လျှပ်စစ်ဓတ်အား အခုထက် ပိုမိုရရှိဖို့ဖြစ်ပါသည်။ ယခု သထုံမှ ပေးသည့် ဓာတ် အားကို ဘားအံကတစ်ဆင့် မော်လမြိုင်ကယူနေရသည်ဖြစ်ရာ နှစ်မိုင်အရှည်ရှိသော မော်လမြိုင်တံတားကနေ တိုက် ရိုက်ဖြတ်သွယ်တန်းဖို့ဖြစ်ပါသည်။
- နောက်တစ်ခုကရေပါ။ မော်လမြိုင်ကို နှစ်ပိုင်းပိုင်းထားသောကြောင့် တောင်ရိုးတန်းမှာ ရေလှောင်ကန်တည်ဆောက် ပြီး ရေပေးဝေဖို့လုပ်မှာ ဖြစ်သည်။
- မော်လမြိုင်ရထားကိုလည်း အဆင့်မီရထားတွဲတွေနှင့် ပြေးဆွဲလာနိုင်ဖို့ရန်နှင့် ပြေးဆွဲနေသည့် မြန်မာ့လေကြောင်းအ ပြင် လေကြောင်းလိုင်းအသစ်တွေ တိုးတက်ပြေးဆွဲလာဖို့လုပ်မှာ ဖြစ်သည်။ အခုရှိနေသည်များ၊ ဖြစ်နေသည်များကို အပြုသဘောနှင့် ပြုပြင်သွားမှာဖြစ်သည်။

ဒေါက်တာဖုန်းဝင်း +/-

ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
• မွေးသက္ကရာဇ် - ၁၉၆၈
• အဖအမည် - ဦးခင်မောင်ထွန်း (အထွေထွေမန်နေဂျာ၊ မြန်မာ့ပုလဲ/မြန်မာ့ရေလုပ်ငန်း)
• အမိအမည် - ဒေါ်ခင်သန်းနွယ် (သရုပ်ပြဆရာမ-ငြိမ်း၊ ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)
• ပညာအရည်အချင်း - M.B.,B.S (ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)
• အလုပ်အကိုင် - Shambhala Co.,Ltd and Shambhala Tour Co.,Ltd
• နိုင်ငံရေးအတွေ့အကြုံ
၁. ၁၉၈၈ ခုနှစ်အရေးအခင်းတွင် ဆေး(၁)ကျောင်းသားခေါင်းဆောင်အဖြစ် ၁၉၈၈ ဇွန်လအရေး အခင်းကို စတင်အကောင်အထည်ဖော်နိုင်ခဲ့သည်။
၂. ယခုအခါ တစ်သီးပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူ ဒီမိုကရက်တစ်အင်အားစုအားလုံး ညီညီညွတ် ညွတ် ပူးပေါင်းဆောင်ရွက်နိုင်စေရန် တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
• အမျိုးသားနိုင်ငံရေး သို့မဟုတ် လူမှုရေးလုပ်ငန်းများ
၁. အ.ထ.က(၂)ကမာရွတ်၏ ကျောင်းကြက်ခြေနီအသင်းခေါင်းဆောင်အဖြစ် တက်ကြွစွာပါဝင်ခဲ့။
၂. မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက်အရေးပါပြီး အမေရိကန်ဒေါ်လာ သန်း (၁၀၀)ခန့်တန်ဖိုးရှိသော 3 Disease Fund “3DF” ထူထောင်ရာတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံ ရေးအရ ထောက်ခံမှုကို ဇနီးဖြစ်သူ ဒေါ်ယူဇာမော်ထွန်းနှင့် ဖခင်ဦးရဲထွန်း(ကွယ်လွန်)တို့၏ အကူ အညီဖြင့် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကိုကြီးတို့ ထောက်ခံချက်လက်မှတ်များဖြင့် ရရှိအောင်ဆောင်ရွက်ပေးခဲ့သည်။
၃. ၂၀၀၈ ခုနှစ်မေလတွင်တိုက်ခတ်ခဲ့သော နာဂစ်လေဘေးသင့်ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်း အတွင်းရှိ ကျေးရွာပေါင်း(၇၀၀)ကျော်တွင် ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိထောက်ပံ့ခဲ့သော ငွေပမာဏ ကျပ်သိန်းပေါင်း(၅၀,၀၀၀)ခန့်ဖြစ်ပါသည်။
၎. ၂၀၁၀ ခုနှစ် ဇွန်လကဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရေဘေးနှင့် မြေပြိုဘေးသင့်ပြည်သူတို့ အတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရွာပေါင်း(၅၀)ခန့် တွင် ဆောင်ရွက်လျက်ရှိပြီး အလှူငွေ ကျပ်သိန်း(၂၃၀၀)ခန့် စုဆောင်းပေးနိုင်ခဲ့ပါသည်။
၅. ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများအတွက် မန္တလေး၊ ရှမ်း၊ နေပြည်တော်၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်နှင့် တနင်္သာရီစသော ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိပါ သည်။
၆. ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းပေါင်း(၂၀၀)ကျော်ခန့်တွင်လည်းဆောင်ရွက်လျက်ရှိပါသည်။

ဦးသိန်းတန် +/-

ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
• မွေးသက္ကရာဇ် - ၂၇-၇-၁၉၆၈
• အဖအမည် - ဦးတင်အေး
• အမိအမည် - ဒေါ်ကျင်ထွေး
• နိုင်ငံရေးအတွေ့အကြုံ
၁. ၁၉၈၈ အရေးအခင်းကာလများတွင် ရပ်ကွက်/ကျေးရွာလုံခြုံရေး၊ ကာကွယ်ရေးများကို စုပေါင်း လုပ်ဆောင်ခဲ့ပါသည်။
၂. ၈၈ နောက်ပိုင်းတွင် မင်းကိုနိုင်၏ စာများကို ဧရာဝတီတိုင်းမှ တက္ကသိုလ်ကျောင်းသား/သူ များကို ဖြန့်ဝေခြင်းတာဝန်ကို ယူခဲ့ပါသည်။
• အမျိုးသားနိုင်ငံရေး သို့မဟုတ် လူမှုရေးလုပ်ငန်းများ
၁. ၁၉၅၅ ခုနှစ်တွင် မြို့ဟောင်း အရှေ့သန်လျင်မြို့တွင်နေထိုင်ခဲ့ပြီး ရပ်ကွက်ဖွံ့ဖြိုးရေး၊ ဘာသာရေး များကိုလုပ်ဆောင်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။
၂. ရပ်ကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို NGO အဖွဲ့နှင့်စုပေါင်း၍ ရပ်ကွက်ကျန်းမာရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ဦးတင်ဆန်း +/-

တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
• မွေးသက္ကရာဇ် - ၈-၉-၁၉၆၂
• အဖအမည် - ဦးသိန်းထွန်း
• အမိအမည် - ဒေါ်ခင်မြိုင်
• ပညာအရည်အချင်း - မြန်မာဘာသာအထူးပြုဖြင့် ဒေသကောလိပ်အမှတ်(၃)ကြည့်မြင်တိုင်မြို့နယ်နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့
အလုပ်အကိုင်
• နိုင်ငံရေးအတွေ့အကြုံ
၁. တစ်ပါတီ ဦးနေ၀င်းလက်ထက် ကျောင်းသားလှုပ်ရှားမှု တံတားဖြူအရေးအခင်းဖြင့် ပထမအကြိမ် (၁၈-၃-၁၉၈၈ မှ ၁-၅-၁၉၈၈)ထိ ဖမ်းဆီးခံခဲ့ရ။
၂. လွှတ်မြောက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုဖွဲ့စည်းရန်အတွက် ကိုပြုံးချိုနဲ့ တိုင်ပင်ပြီး အမှုဆောင်(၂၄)ယောက်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ဥက္ကဌတာဝန်ယူခဲ့။
၃. ၁၇-၁၂-၁၉၈၈ နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုဖြင့် မေမြို့တွင် ဒုတိယအကြိမ် ကိုမြအေးအပါအ၀င် ကျောင်းသား(၈)ဦးနှင့်အတူ ထိန်းသိမ်းခံခဲ့ရပါသည်။
၎. ၁၁-၄-၁၉၈၉ နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂလှုပ်ရှားမှုဖြင့် တတိယအကြိမ် ဖမ်းဆီးခဲ့ပြီး ၆-၁၁-၁၉၉၇နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွှတ်မြောက်ခဲ့ပါသည်။
၅. ၂၆-၈-၁၉၉၉ နေ့တွင် (ကိုးလေးလုံး)လှုပ်ရှားမှုဖြင့် စတုတ္ထအကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
၆. ၂၇-၁၁-၂၀၀၇ နေ့တွင် ရွှေဝါရောင်သံဃာလှုပ်ရှားမှုဖြင့် ပဉ္စမအကြိမ်မြောက် ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီး ပုဒ်မ၅၀၅/ခဖြင့် ထောင်ဒဏ်(၂)နှစ်အပြစ်ပေးခဲ့ပြီး ၁၈-၉-၂၀၀၉နေ့တွင် နိုင်ငံတော်လွှတ်ငြိမ်း သက်သာအမိန့်ဖြင့် မုံရွာအကျဉ်းထောင်မှ လွှတ်မြောက်ခဲ့ပါသည်။
• အမျိုးသားနိုင်ငံရေး သို့မဟုတ် လူမှုရေးလုပ်ငန်းများ
၁. လူမှုအကျိုးပြုလုပ်ငန်းအဖြစ် ခရမ်းမြို့နယ်ဝန်လေးဝကျေးရွာမှ ကွမ်းမိုးဒိန်း ကျေးရွာသို့ ကွန်ကရစ်လမ်းသစ် (၁၃၂၁ပေ)ကို ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ဦးဆောင်ဆောင်ရွက်ခဲ့ပါသည်။

ဦးဝင်းထိန်ဦး (ခ) ဘိုဘိုကျော် +/-

ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
• မွေးသက္ကရာဇ် - ၉-၁၂-၁၉၆၇
• အဖအမည် - ဦးညွန့်ခိုင်
• အမိအမည် - ဒေါ်မြင့်ကြည်
• ပညာအရည်အချင်း ဒုတိယနှစ် (သမိုင်း)
• နိုင်ငံရေးအတွေ့အကြုံ
၁. တံတားဖြူအရေးအခင်းလှုပ်ရှားမှု၊ မြေနီကုန်းအရေးအခင်းမှအစပြု၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၊ တစ်ပါတီ-အာဏာရှင်စနစ်ပြုတ်ကျရေးကိုဦးတည်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး ၈-၈-၈၈ အရေးအခင်းတွင် ပါဝင်ခဲ့သည်။
၂. ၈-၈-၈၈ အရေးအခင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ဖွဲ့စည်းသည့် ကျောင်းသားလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီ (S.C.S) နှင့်ပူးပေါင်း၍ (S.C.S) တွင်ပြန်ကြားရေးတာဝန်ယူခဲ့ပြီး ၈-၈-၈၈ အထွေထွေ သပိတ် လူထုအုံကြွတော်လှန်ရေးကြီးတွင် ပါဝင်ခဲ့သည်။
၃. ကျောင်းသားခေါင်းဆောင် ဖုန်းမော်ကျဆုံးသည့် တစ်နှစ်ပြည့်အခမ်းအနားတွင် မင်းကိုနိုင်၊ မိုးသီးဇွန် တို့နှင့် ပါဝင်ဆောင်ရွက်ခဲ့သည်။
၎. ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(၈၈)တစ်နှစ်ပြည့်အခမ်းအနားအပြီး (၁၅-၈-၈၉) တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀-၁၀-၈၉ခုနှစ်တွင် စစ်ခုံရုံးမှထောင် ၅နှစ်ကျခံရသည်။ အင်းစိန်ထောင် - တောင်ငူထောင်တို့တွင် အကျဉ်းကျခံခဲ့ရပြီး ၁၉၉၃ ခုနှစ်တွင် တောင်ငူထောင်မှ ပြန်လည်လွတ် မြောက်ခဲ့သည်။
၅. စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် အထိန်းသိမ်းခံခဲ့ရသည်။

ဦးဝင်းနိုင် +/-

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
• မွေးသက္ကရာဇ် - ၂၀-၁၁-၁၉၈၁
• အဖအမည် - ဦးဖာရွတ် (ခ) ဦးဝင်းမောင်
• အမိအမည် - ဒေါ်ခင်သိန်းမြင့်
• ပညာအရည်အချင်း အထက်တန်း
• နိုင်ငံရေးအတွေ့အကြုံ
၁. ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို အားပေးကူညီထောက်ခံခဲ့ပြီး ကိုယ်တိုင်လဲ ပါဝင်ခဲ့ပါသည်။
• အမျိုးသားနိုင်ငံရေး သို့မဟုတ် လူမှုရေးလုပ်ငန်းများ
၁. အစ္စလာမ်ဘာသာ၊ ခရစ်ယာန်(မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်)တွင် ၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။
၂. ရပ်ကွက် သာရေး၊ နာရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့ပါသည်။

ဒေါ်ယူဇာမော်ထွန်း +/-

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
• မွေးသက္ကရာဇ် - ၁၉၆၄
• အဖအမည် - ရှေ့နေ ဦးရဲထွန်း (နိုင်ငံရေးသမား - ၂၀၁၀ ခုနှစ်တွင်ကွယ်လွန်)
• အမိအမည် - ဒေါ်ဥမ္မာမော် (စာကြည့်တိုက်မှူး-ငြိမ်း၊ အမျိုးသားစာကြည့်တိုက်)
• ပညာအရည်အချင်း - B.A (English),M.A(International Public Policy – Johns Hopkins University, USA)
• သင်တန်းများ
- ရပ်ရွာအခြေပြုဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း (မလေးရှား၊ ကွာလာလမ်ပူ - ၂၀၀၈) - ရာသီဥတုပြောင်းလဲမှုညီလာခံ (သြစတျေးလျနိုင်ငံ - ၂၀၀၉)
• အလုပ်အကိုင် - Shambhala Co.,Ltd and Shambhala Tour Co.,Ltd
• အမျိုးသားနိုင်ငံရေး သို့မဟုတ် လူမှုရေးလုပ်ငန်းများ
၁. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာဖွံ့ဖြိုးရေးအသင်း (Myanmar Development Foundation) ကိုထူထောင်၍ဆောင်ရွက်နေပါသည်။
၂. ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် မင်္ဂလာမြန်မာ၏ ဒါရိုက်တာအဖြစ် ဧရာဝတီတိုင်းအတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။
၃. ပညာပေးလုပ်ငန်းများအနေဖြင့် - ဘေးအန္တရာယ်လျှော့ချခြင်း ၊ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲခြင်း၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်း (Climate Change) တို့အတွက် ပညာပေးစာစောင်များ၊ စာအုပ်ငယ်များပြုစုခြင်း၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
၎. ရပ်ရွာအခြေပြု ဒီရေတောထူထောင်ခြင်း၊ လယ်ယာစိုက်ပျိုးရေါ်လုပ်ငန်းများနှင့် ဆန်စပါးစိုက်ပျိုး ရေး ထောက်ပံ့ခြင်းအစီအစဉ်များကိုလဲ လုပ်ကိုင်လျက်ရှိပါသည်။

ဦးတင်အေး +/-

လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်
• မွေးသက္ကရာဇ် - ၁၈.၉.၁၉၄၃
• အဘအမည် - ဦးထွန်းဖေ
• အမိအမည်* ဒေါ်အေးယဉ်
• ပညာအရည်အချင်း - ၁၉၆၀-၆၃ ရန်ကုန်ဝိဇ္ဇာသိပ္ပံ ISCA အောင် B.A(JAT)
• အလုပ်အကိုင် - လယ်/အုပ်(အငြိမ်းစား)၊ယခုအချိန်တွင် တောင်သူလယ်သမားဘဝဖြင့် အေးချမ်းစွာ လုပ်ကိုင်နေထိုင်လျက်ရှိ။

ဒေါက်တာစိုးလွင် +/-

လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်
• မွေးသက္ကရာဇ် - ၂၁.၅.၁၉၅၅
• အဘအမည် - ဦးသိန်းရွှေ
• အမိအမည် - ဒေါ်ခင်လှ
• ပညာအရည်အချင်း - MBBS
• အလုပ်အကိုင် - ကိုယ်ပိုင်ဆေးခန်း
• နိုင်ငံရေးလှုပ်ရှားမှု
- ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး လမ်း၊ တံတား၊ သိမ်၊ ကျောင်းများ ဆောက်လုပ်လှူးဒါန်းခြင်း၊ တိပိဋကတ်ဆရာတော်များပူဇော်ပွဲကျင်းပရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ရှင်အပါး(၁၀၀) ပြုပွဲ ပြုလုပ်လှူဒါန်းခဲ့။
- ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်း၊ မြို့နယ်အသင်းခွဲ။
- ဘဏ္ဍာရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ အ.ထ.က(အိုင်သပြု)။
- ဘဏ္ဍာရေးမှူး၊ ဆေးရုံကြီးကြပ်ရေးကော်မတီ(အိုင်သပြု)။
- နာယက၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့် ကြီးကြပ်မှုကော်မတီ(အိုင်သပြု)။
- ဥက္ကဋ္ဌ၊ ဥပတ္ထမ္ဘကအဖွဲ့၊ ကွင်းလယ်ကျောင်းကြီး၊ ပရိယတ္ထိစာသင်တိုက်။
- ဥက္ကဋ္ဌ၊ မလွန်ဈေး ဆန်လှူအသင်း၊ အိုင်သပြု အသင်းထောက်
- ဥက္ကဋ္ဌ၊ တိ၊ နိ၊ ဥပတ္ထမ္တအဖွဲ့၊ အိုင်သပြုတာဝန်များ ထမ်းဆောင်နေပြီး ငွေကျပ် သိန်း(၆၀) မတည်၍ အ.ထ.က အိုင်သပြု ဘက်စုံသုံး ခန်းမကြီး ဆောက်လုပ်လှူဒါန်းလျက်ရှိပါသည်။

ဦးသန်းဇော်ဦး +/-

ဒလမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
• မှတ်ပုံတင်အမှတ် - ၁၂/ဒလန(နိုင်)၀၃၄၂၃၆
• မွေးသက္ကရာဇ် - ၁၀-၁-၁၉၇၄ (၃၇နှစ်)
• အဘအမည် - ဦးကျော်မြင့်
• အမိအမည် - ဒေါ်တင်ဆင့်
• ဇနီးအမည် - ဒေါ်ခင်မြင့်ဆွေ
• ဖခင်ဘက်မှအဖိုး/အဖွားအမည် - (ဦးမောင်ဆောင်+ဒေါ်သင်းကြိုင်)၊ ရှမ်းကန်ကျေးရွာ၊ ဒလမြို့နယ်။
• မိခင်ဘက်မှအဖိုး/အဖွားအမည် - ဦးသောင်းစိန်+(ဒေါ်သိန်းမြင့်)ခနောင်ရှမ်းစုကျေးရွာ၊ စံပြတံတားချောင်းကျေးရွာ၊ ဒလမြို့နယ်။
• ပညာအရည်အချင်း - သိပ္ပံဘွဲ့(သတ္တဗေဒ)
• လူမျိုး/ဘာသာ - ဗမာ၊ဗုဒ္ဓ
• ယခုအလုပ်အကိုင် - အရောင်းအဝယ်
• ယခင်အလုပ်အကိုင် - သစ်တောရေးရာဝန်ကြီးဌာန(၁၉၉၂-၉၄)၊ ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန(၁၉၉၆-၂၀၀၆)
• မွေးဖွားရာဒေသ - ခနောင်ရှမ်းစုကျေးရွာ၊ ဒလမြို့နယ်။
• နေထိုင်ခဲ့ဖူးသောအရပ်ဒေသများ - ရှမ်းကန်ကျေးရွာ (၁၉၇၄ မှ ၁၉၈၀)၊ အံ့ကြီးအရှေ့ (၁၉၈၀ မှ ၁၉၈၃)၊ သမ္မတကမ်းခြေ (၁၉၈၄ - ၁၉၈၆)၊ စံပြတံတားချောင်း (၁၉၈၇-၁၉၉၅)၊ သမ္မတကမ်းခြေ (၁၉၉၂ မှ ယနေ့အထိ)
• လုပ်ကိုင်ခဲ့ဖူးသောလူမှုရေးလုပ်ငန်းများ
- သမ္မကမ်းခြေရပ်ကွက် စာကြည့်တိုက်မှူး၊ အလကခွဲ (သမ္မတကမ်းခြေ) ဘဏ္ဍာရေးမှူး၊ သမ္မတကမ်းခြေရယကအဖွဲ့ဝင်
• ပညာသင်ကြားခဲ့သောကျောင်းများ
- ရှမ်းကန်ကျေးရွာ မူလတန်းကျောင်း (၁၉၇၉-၁၉၈၀)
- အမက(၁၅)အံ့ကြီးအရှေ့ (၁၉၈၁-၁၉၈၃)
- အလက(၃)အံ့ကြီးအနောက်(၁၉၈၄-၁၉၈၇)
- အထက(၁)မြို့မ (၄)(၁၉၉၁-၁၉၉၃)
- ဗိုလ်တထောင်တက္ကသိုလ်(၁၉၉၅-၁၉၉၇)
- ရန်ကုန်ပင်မတက္ကသိုလ် (၁၉၉၈)။

ဦးဖြိုးဝေသက် (တိုင်းဒေသကြီးလွှတ်တော်)+/-

မွေးသက္ကရာဇ် - ၇-၆-၁၉၇၆
• နိုင်ငံရေးလှုပ်ရှားမှု - မရှိ။
• ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - တိုင်းဒေသကြီးလွှတ်တော်
• မဲဆန္ဒနယ် - အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
• လွှတ်တော်တွင်ပြည်သူ့အတွက်လုပ်ဆောင်ပေးမည့်ကဏ္ဍ
- အခြေခံဥပဒေ ပြဋ္ဌာန်းထားပြီး ပြည်သူ့အတွက်လည်း အကျိုးရှိမည့်ဥပဒေတစ်ခုပြဋ္ဌာန်းချင်သည်။လာဘ်ပေး၊လာဘ်ယူကိစ္စတွေကင်းအောင်ဆောင်ရွက်မည်။ ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကဏ္ဍ တွေ အဆင်ပြေချောမွေ့အောင် ဦးစားပေးဆောင်ရွက်မည်။

ဦးဝင်းချို +/-

မွေးသက္ကရာဇ် - ၁၆-၁၁-၁၉၅၆
• ပညာအရည်အချင်း
- ၁၉၆၂ခုနှစ်၌ အလုံ အ.ထ.က(၂) မှာ သူငယ်တန်းစတင်သင်ကြား၊
- ၁၉၆၅ခုနှစ်၌ ပုဂ္ဂလိကကျောင်းများ ပြည်သူပိုင်အဖြစ် သတ်မှတ်ချိန်မှစ၍ အလက(၂)ဒလတွင် တတိယတန်းမှ စတင်ပညာသင်ကြား၊
• လုပ်သက်အတွေ့အကြုံ
- မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်လုပ်အားပေးလုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက်ခဲ့ပြီး ၁၉၇၄ခုနှစ်တွင် ဒလမြို့နယ် ကိုယ်စားပြု လက်ဝှေ့လက်ရွှေးစင်အဖြစ် ယှဉ်ပြိုင်ခဲ့၊
- ၁၉၇၅ခုနှစ်မှ ၁၉၈၀ခုနှစ်အထိ ပြည်သူ့ပုလဲနှင့် ငါးလုပ်ငန်းကော်ပိုရေးရှင်းတွင် သဘောင်္သားအဖြစ်တာဝန်ထမ်း ဆောင်၊
- ၁၉၈၀ ခုနှစ်တွင်ဒေါ်အေးအေးသန်း(ဂျင်းမ)နှင့် အိမ်ထောင်ပြု၊
• နိုင်ငံရေးလှုပ်ရှားမှု
- ၁၉၈၈ခုနှစ် အရေးအခင်းကာလ စင်ကာပူနိုင်ငံ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲများတွင် ခေါင်းဆောင်အဖြစ်တာဝန်ယူ၊
- ၁၉၈၈-၁၉၈၉ခုနှစ် မြန်မာနိုင်ငံပြန်ရောက်လာပြီး အလုပ်သမား သွေးစည်းညီညွှတ်ရေးအဖွဲ့ (LS)ကို စတင် တည်ထောင်သူအဖြစ် ပါဝင်ခဲ့ပြီး အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့၊ှ
- ၂၀၁၀ပြည့်နှစ်တွင် မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီတွင် ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး ဇူလိုင်လတွင် နုတ်ထွက်ခဲ့၊
• ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
• မဲဆန္ဒနယ် - ဒလမြို့နယ် မဲဆန္ဒနယ် (၁)
• လွှတ်တော်တွင် ပြည်သူ့အတွက် လုပ်ဆောင်ပေးမည့်ကဏ္ဍ
- မြန်မာရိုးရာသင်္ကြန်တွင် ဝေဖန်သောသံချပ်များ တရားဝင်ပြန်လည်သီဆိုခွင့်ရရှိအောင် ဆောင်ရွက်မည်။


ဦးဝင်းကိုကိုဝင်း +/-

မွေးသက္ကရာဇ် - ၉-၆-၁၉၇၆
• မွေးရပ်ဇာတိ - သန်လျင်မြို့၊ရန်ကုန်တိုင်း။
• ပညာအရည်အချင်းv
- မှုလတန်းမှ အထက်တန်းထိ သန်လျင်မှာ ပညာသင်ခဲ့။
- ၂၀၀၀မှာ စီးပွားရေးတက္ကသိုလ်မှ B.Com ဘွဲ့ကိုရရှိခဲ့။
- MPA တတိယအသုတ်မှာ နားခဲ့။
• လုပ်သက်အတွေ့အကြုံ
- သမဝါယမဦးစီးဌာနမှာ ဦးစီးအရာရှိအဖြစ် ၂၀၀၀မှ ၂၀၀၂အထိ တာဝန်ထမ်းဆောင်ခဲ့။
- အရှေ့ပိုင်းတက္ကသိုလ်မှာ မာစတာတက်နေစဉ် တစ်ပြိုင်တည်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့။
- လယ်ယာသုံးစက်သုံးဆီ အရောင်းအဝယ် စီးပွားရေးလုပ်ခဲ့။
- အိမ်ထောင်ရှိ၊ သားသမီး ၂ ယောက်ထွန်းကားခဲ့။
• နိုင်ငံရေးအတွေ့အကြုံ
- ၂၀၀၆ခုနှစ်မှာ မြန်မာလူ့ဘောင်သစ်ပါတီသို့ ဝင်ရောက်ခဲ့။
- မြေပေါ်မှာ ပါတီ ပြန်လည်ရပ်တည်နိုင်အောင် ပြည်သူနှင့်လက်တွဲပြီး ပြည်သူအကျိုး၊အမျိုးသားပြည်လည်သင့်မြတ်ရေး၊ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိအောင် ကြိုးစားဖို့ ပါတီ၌ ပါဝင်ရခြင်းဖြစ်။
• ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်သဘောထား
မရှိတာထက်စာရင် အခြေခံဥပဒေရှိလာခြင်း အလွန်ကောင်းပါသည်။ရွေးကောက်ပွဲပြီးလျှင် အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာမည် ဖြစ်ခြင်းကြောင့် ယခုထက်စာရင် ပိုမိုကောင်းမွန်လာပါလိမ့်မည်။

ဦးကြည်ဦးသိန်း +/-

မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)
• မွေးသက္ကရာဇ် - ၂၀-၁-၁၉၆၄
• အဖအမည် - ဦးသိန်းရွှေ
• အမိအမည် - ဒေါ်ဝင်းတင်
• ပညာအရည်အချင်း - B.Sc(Chemistry)
• အလုပ်အကိုင် - ရာဘာပစ္စည်းလုပ်ငန်း
• လုပ်ငန်းအတွေ့အကြုံ
-၁၉၉၁ မှ ၂၀၀၆ ခုနှစ်အထိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းအောက်ရှိ ရာဘာပစ္စည်းထုတ်လုပ်မှုနည်းပညာ ဖွံ့ဖြိုးရေးဌာနတွင် ဓာတ်ခွဲခန်းမှူးအဖြစ် ၁၅ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့

ဦးသိန်းဌေး +/-

ပါတီ - ပြည်ထောင်စု ဒီမိုကရေစီပါတီ
• မွေးသက္ကရာဇ် - ၂၇-၁-၁၉၆၁
• မွေးရပ်ဇာတိ - ပဲခူးမြို့၊ ပိုင်ကျုံကျေးရွာ
• လူမျိုး၊ဘာသာရေး - ဗမာ၊ဗုဒ္ဓဘာသာ
• ပညာရည်အချင်းနှင့်လုပ်သက်အတွေ့အကြုံ
- မူလတန်းကနေ လေးတန်းအထိ ကင်းပိုင်ကျုံမူလတန်းကျောင်းမှာ တက်ခဲ့၊
- ၅တန်းမှ ၈တန်းအထိ ကင်းပိုင်ကျုံကျေးရွာကနေ ၂ မိုင်လောက်ဝေးသည့် ကျောက်တန်းရွာက ကျောင်းကို လမ်း လျှောက်တက်ခဲ့ရ၊
- ၉တန်းနှင့် ၁၀တန်းမှာ ပဲခူးအမှတ်-၃ ကျောင်းမှာတက်ခဲ့၊
- ရန်ကုန်တက္ကသိုလ်(ပင်မ) တွင် Physics မေဂျာတက်ခဲ့၊
- ၁၉၉၀မှ စ၍ ဘားလမ်းမှာ TV ဆိုင်ဖွင့်ခဲ့၊ ယခုမဖွင့်သည်မှာ ၂နှစ်လောက်ရှိ၊
- သမီး ၂ ယောက်ရှိ၊
• နိုင်ငံရေးအတွေ့အကြုံ
- ၁၉၈၈ခုနှစ် အရေးအခင်း ကျောင်းသားလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့၊
- ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် သေဘောဘိုးနယ်မြေသို့သွားရောက်ပြီး ABSDF ဖွဲ့စည်းရာတွင်ရန်ကုန် တက္ကသိုလ် ဗ.က.သ ကိုယ်စားလှယ်ငါးဦးတွင် တစ်ဦးအပါအ၀င်အဖြစ်တာဝန်ယူခဲ့၊
- ၁၉၈၉ခုနှစ်တွင် ကျောင်းသားညီညွတ်ရေးအတွက် တိုက်ပွဲကော်မတီကိုစတင်ဖွဲ့စည်းရာ၌ ဦးဆောင်ပါဝင်ခဲ့၊
- ၂၀၁၀ ပြည့်နှစ်၊ဇန်နဝါရီ ၁၆ ၌မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပရာတွင်ဦးဆောင်ပါဝင်ခဲ့၊
• ပါတီတည်ထောင်ရခြင်း၏ရည်ရွယ်ချက်
လူထုအတွက်၊ တိုင်းပြည်အတွက် ကိုယ်နိုင်သလောက်လေး၊ အစွမ်းရှိသလောက်လေးနှင့် အလုပ်အကျွေးပြုချင်၍ဖြစ်။
+ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ မှတ်ပုံတင်ခြင်းအပေါ်သဘောထား
ဤကိစ္စများနှင့် ပက်သက်၍ ကြိုက်ခြင်း၊ မကြိုက်ခြင်းကို မျက်ကွယ်ပြုထားသည်။
• လာမည့်ရွေးကောက်ပွဲအပေါ်သဘောထား
မြန်မာနိုင်ငံရေးပြဿနာကို ဖ.ဆ.ပ.လခေတ်မှစ၍ အဖြေထွက်အောင်ကြိုးစားပြီး ရှာဖွေခဲ့ကြသော်လည်း ယနေ့အထိမရသေးပေ။ယခုကျင်းပမည့်
၂၀၁၀ ရွေးကောက်ပွဲသည် ယင်းပြဿနာကို အဖြေရရှိဖို့ ကြိုးစားနေသည်များထဲမှ တစ်ခုလို့ ထင်ပါသည်။

ဦးဇော်မင်းသိန်း (ခ) ဦးဇော်ဝင်း +/-

လေးမျက်နှာမြို့နယ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)
• မွေးသက္ကရာဇ် - ၂၂.၅.၁၉၇၆
• အဘအမည် - ဦးငွေရှိန်း
• အမိအမည် - ဒေါ်လှမြင့်
• ပညာအရည်အချင်း - ဝိဇ္ဇာဘွဲ့(မြန်မာစာ)
• မွေးဖွားရာဒေသ - အိုက်သပြု
• လူမှုရေးလှုပ်ရှားမှု - အိုင်သပြုမြို့တွင် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လမ်းတံတားများဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခဲ့။
အိုင်သပြုတွင် ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့် ဒေသဆိုင်ရာ ထေရဝါဒအထူးတရားပွဲများ နှစ်စဉ်ကျင်းပရာတွင် ဦးဆောင်ပါဝင်ခဲ့။ နာဂစ်မုန်တိုင်းသင့် ပြည်သူများအား သွားရောက်ကူညီထောက်ပံ့လှူဒါန်းရာတွင် ဦးဆောင်ပါဝင်ခဲ့။

ဒေါက်တာစောနိုင် +/-

တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)
• မွေးသက္ကရာဇ် - ၄၂နှစ်
• ပညာအရည်အချင်း - BDS, Dip.D.Sc
• အလုပ်အကိုင် - ဖြူစင်ရတနာ သွားခံတွင်းဆေးခန်းနှင့် သွားတုလုပ်ငန်း
• မွေးဖွားရာဒေသ - လားရှိုး
• နိုင်ငံရေးအတွေ့အကြုံ
• ၁၉၈၈ အရေးအခင်းတွင် ပါဝင်ခဲ့။
• ကရင်-ထိုင်းနယ်စပ် စခန်းသို့ ရောက်ရှိခဲ့။
• ရန်ကုန်ပြန်ရောက်ရှိပြီး လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
• ဆောင်ရွက်နေသောလူမှုရေးလုပ်ငန်း
• တောင်ဥက္ကလာပမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ MANA ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း(ကိုယ်စားလှယ်လောင်းမှတ်ပုံမတင်ခင်အထိ)
• မြန်မာနိုင်ငံသွားဖက်ဆိုင်ရာဆရာဝန်အသင်း၊ ရန်ကုန်တိုင်း၏ အမှုဆောင်အဖြစ်လည်းကောင်း
• တောင်ဥက္ကလာပမြို့နယ် အင်္ဂါဗုဒ္ဓဝေယျာဝစ္စအသင်း၏ နာယကအဖြစ်လည်းကောင်း ဆောင်ရွက်နေ
• တောင်ဥက္ကလာပမြို့နယ် HIV လူနာများ၏ ကိုယ့်အားကိုယ်ကိုးအဖွဲ့မှာလည်း ယင်းတို့၏အခြေအနေပိုမိုကောင်းမွန်အောင် ဆောင်ရွက်သောလုပ်ငန်းများတွင် နာယကတာဝန်ယူ ကူညီဆောင်ရွက်ပေးနေပါသည်။

ဒေါက်တာသန်းမြင့် +/-

အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)
• မွေးသက္ကရာဇ် - ၂၅.၅.၁၉၅၅(၅၅နှစ်)
• အဘအမည် - ဦးထွန်းလှိုင်
• အမိအမည် - ဒေါ်သိန်းညွန့်
• ပညာအရည်အချင်း - MBBS(Mdy)
• အလုပ်အကိုင် - စီးပွားရေးလှုပ်ငန်းရှင်
• မွေးဖွားရာဒေသ - လားရှိုး
• နိုင်ငံရေးအတွေ့အကြုံ
• ၁၉၈၈ အရေးအခင်းတွင် လားရှိုးမြို့ (ရှမ်းပြည်နယ်မြောက်ပိုင်း) ဗဟိုသပိတ် ကော်မတီဝင်အလုပ်အမှုဆောင်၊
• ဘဏ္ဍာရေးငွေရှာဖွေရေးဥက္ကဋ္ဌ၊
• သတင်းနှင့် စာစောင်ထုတ်ဝေဖြန့်ချီရေး ဥက္ကဋ္ဌ
• နိုင်ငံတကာအတွေ့အကြုံ
- စီးပွားရေး၊ လေ့လာရေး၊ နိုင်ငံတကာကုန်စည်ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများအတွက် ပြည်ပနိုင်ငံများစွာသို့ မိမိအစီအစဉ်ဖြင့် သွားရောက်ခဲ့။
• အမျိုးသားနိုင်ငံရေးသို့မဟုတ်လူမှုရေးလှုပ်ရှားမှု
• ကျေးလက်လူထုအား ကျန်းမာရေးအသိပညာဆိုင်ရာ ပညာပေးဟောပြောပွဲများပြုလုပ်ခဲ့။
• အခမဲ့ဆေးကုသမှုအဖွဲ့ဖွဲ့ကာ ကျေးရွာများစွာသို့ လှည့်လည်ဆေးကုသပေးခဲ့။
• မန္တလေးမြို့တွင် အထက်တန်းကျောင်းသူကျောင်းသားများအတွက် လပြည့်ဝန်းပညာဒါနသင်တန်းအား ဦးဆောင်မတည် ဖွင့်လှစ်ပေးခဲ့။
• ဆေးတက္ကသိုလ် သွားဘက်ဆိုင်ရာတက္ကသိုလ်၊ စက်မှုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရ ကျောင်းသားကျောင်းသူများ(အခက်အခဲရှိသူများ)ကို ဘွဲ့ရရှိသည်အထိ လစဉ်ပညာသင်ထောက်ပံ့ကြေး ကူညီပေးလျက်ရှိ။
• နွမ်းပါး မျက်စိဝေဒနာရှင်များ ခွဲစိတ်ကုသမှုအတွက် ဒါနပြုလုပ်လျက်ရှိ
• နှစ်စဉ်အကူအညီလိုအပ်လျက်ရှိသော အခြေခံကျောင်းသားကျောင်းသူများအား စရိတ်ငြိမ်း ကျောင်းအပ်ပေးခြင်း၊ စာအုပ်နှင့်စာသင်ခုံများပေးလှူခြင်း စသည်ဖြင့် ထောက်ပံ့ကူညီပေးလျက်ရှိ။
• ဧရာဝတီတိုင်းသို့ နာဂစ်မုန်တိုင်းဒဏ်ခံပြည်သူများအား ကူညီထောက်ပံ့ရန် မန္တလေးစေတနာရှင်လူငယ်များ အဖွဲ့ကို မန္တလေးမြို့နေ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များဖြင့် ကိုယ်တိုင်ဦးဆောင် စည်းရုံးဖွဲ့စည်းကာ သွားရောက်ကူညီခဲ့။

Read More...

ဥပဒေများ



၁။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ

၂။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ

၃။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ

၎။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ

၅။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ

၆။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ

၇။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ

၈။ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ

၉။ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ

Read More...

မဲဆန္ဒနယ်များ


1. ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း (၁၂.၈.၂၀၁၀)
2. အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း (၁၃.၈.၂၀၁၀)
3. တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များ သတ်မှတ် ကြေညာခြင်း (၁၄.၈.၂၀၁၀)
4. တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ် ကြေညာခြင်း (၁၅.၈.၂၀၁၀)

Read More...

ရွေးကောက်ပွဲကျင်းပခြင်း မပြုမည့်နယ်မြေများစာရင်း


ရွေးကောက်ပွဲကျင်းပခြင်း မပြုမည့်နယ်မြေများစာရင်း

မြန်မာပြည်အထက်ပိုင်း မြေပုံ

မြန်မာပြည်အောက်ပိုင်း မြေပုံ

ကြာအင်းဆိပ်ကြီး မြေပုံ

Read More...

၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်သော အချက်အလက်များ










.....................

Read More...

အဘိုးနှင့် ကျွန်တော်

ကိုမျိုး (မြန်မာစာ)

စက်တင်ဘာ ၂၃၊ ၂၀၁၀

“အယ်ဒီတာ မောင်မျိုး(မြန်မာစာ) ဆိုတာလား”

မိတ်ဆွေတသိုက်နှင့် ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း(အထက်ဘလောက်) သတ္ထုတွင်းအဆောင်အောက် ပလက်ဖောင်းပေါ်က လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ထမည်အလုပ် လွယ်အိတ်အိုတလုံးလွယ်ကာ ဘောင်းဘီရှည် စတိုင်ကျကျ ဝတ်ထားသော တရုတ်အဘိုးအိုကြီး တယောက် ရောက်ချလာကာ မေးသည်ကြောင့် ...

“ဟုတ်ကဲ့ပါ အဘိုး၊ ထိုင်မလား ခင်ဗျ”

“အေး...ထိုင်မယ်။ မဂ္ဂဇင်းတိုက်က လက်ဖက်ရည်ဆိုင်ကိုညွှန်လို့ လိုက်လာတာ။ ဒါနဲ့ လူလေး အချိန်ရရဲ့လား”

“ဟုတ်ကဲ့ ရပါတယ်အဘိုး ထိုင်ပါ”

“မဂ္ဂဇင်းတိုက်ကို ပုလဲတို့ကော လာတတ်လား”

“ဟုတ်ကဲ့ လာတတ်ပါတယ် အဘိုး။ စာမူတွေလာပေးရင်းဖြစ်ဖြစ်၊ မြို့ထဲရောက်ရင်ဖြစ်ဖြစ် ဝင်လာတတ်ပါတယ်။ ကြီးကြီးဦး (ဒေါ်ခင်ဆွေဦး) လည်း တခါတရံ လာတတ်ပါတယ်။ ဒေါ်ကလျာတို့၊ မသန်းမမြင့်အောင်တို့နဲ့မြို့ထဲမှာ ကိစ္စရှိရင် မဂ္ဂ္ဂဇင်းတိုက်မှာပဲ ဆုံဖြစ်ကြပါတယ်။ မရောက်တာကြာရင်တော့ ကျွန်တော် ကြီးကြီးဦးတို့အိမ် လိုက်သွားပါတယ်။ မကြာမကြာတော့ ဆုံပါတယ်”

ကျွန်တော် ရှည်ရှည်ဝေးဝေးဖြေရင်း ထိုပုဂ္ဂိုလ်ကြီး ဘယ်သူဖြစ်လေမလဲဆိုဟု အကဲခတ်နေမိပါ၏။ ထိုစဉ်မှာပဲ အဘိုးအိုကြီးက လွယ်အိတ်အိုကြီးထဲမှ ဆွဲထုတ်ပေးလာသည့် စာမူကြောင့် နာမည်ကိုတော့ သိလိုက်ရပါပြီ။

“တိုးတက်ရေး အုန်းမြင့်” ဆိုပါလား။ သို့သော် ... ... စာမူ လူကြုံယူလာပေးတာလား။ ကာယကံရှင် စာရေးဆရာကြီး ပေပဲလားဆိုတာကိုတော့ စကားပြောရင်း မီးစင်ကြည့်ကရဦးမည့်အဖြစ်။

စာမူကို ရိုသေစွာလှမ်းယူအပြီးမှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလ သမိုင်းဆိုင်ရာ ဆောင်းပါးအမျိုးအစား ဖြစ်နေခြင်းကြောင့် အားတက်သရော စိတ်ဝင်တစား ဖတ်ဖြစ်တော့မလို ဖြစ်သွားရသေးသည်။ ပြီးမှ ကိုယ် စာဖတ်နေစဉ်တွင် လက်ဖက်ရည်ဆိုင်ခုံပုလေးမှာ သက်ကြီးရွယ်အိုကြီးက ငုတ်တုတ်ထိုင်စောင့်ရမည့် အဖြစ်အား စာနာသတိရမိသွားကာ အဘိုးအိုပြောလိုရာ ပြောဆိုနိုင်စေဖို့ကို မျက်နှာအမူအယာပြ စကားစလိုက်မိသည်။

“ဟုတ်ကဲ့ပါ အဘိုး”

“အေး ... စာမူ သုံးလို့ဖြစ်ပါ့မလား”

“ဖြစ်ပါတယ် အဘိုး။ ကျွန်တော်တို့လူငယ်တွေ စိတ်ဝင်စားတဲ့ အကြောင်းအရာပါ”

“အေး ဒါဆို ဆောင်းပါးမှာ ဒီဓာတ်ပုံလေး သုံးချင်တယ်”

အဘိုးအိုလှမ်းပေးလိုက်တဲ့ ဓာတ်ပုံကြောင့် ကျွန်တော် လွန်စွာအံ့သြသဘောကျ ဖြစ်သွားရသည်။ တခါမျှ မမြင်ဖူးသော ဓာတ်ပုံ။ သို့သော် အဆိုပါဓာတ်ပုံပါ ပုဂ္ဂိုလ်ကြီးတဦးကတော့ ကျွန်တော် အခါခါမြင်ဖူးပြီး ရင်ထဲအသည်းထဲက ချစ်မြတ်နိုးသောသူ။

“ဗိုလ်ချုပ်အောင်ဆန်း”

“အေး ... ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပဲ။ ဟိုဘက်အစွန်က သခင်သန်းထွန်း။ သခင်သန်းထွန်းဘေး က အဘိုးရဲ့ ပုံပေါ့”

“ဗျာ”

ကျွန်တော် ထပ်ခါအံ့သြသွားရပြန်သည်။ မြန်မာ့လွတ်လပ်ရေး ရာဇဝင်သမိုင်းထဲက ပုဂ္ဂိုလ်ကြီးတဦးကို ကျွန်တော် မျက်ဝါးထင်ထင် မြင်တွေ့နေရပါရော့လား။ အံ့သြဝမ်းသာဖြစ်စိတ်တွေနှင့်အတူ စောစောက တရုတ်အဘိုးကြီးတဦးဟု ထင်မိခဲ့။ စာမူ လူကြုံယူလာပေးသူဟု ထင်မှားမိခဲ့မှုတွေက အံ့သြ အထင်ကြီးလေးစားမှုတွေနောက်မှာ နေလာ နှင်းပျောက်သလို လွင့်ပျောက်သွားခဲ့ပြီ။

“ဒါဆို အဘက သခင်တယောက်ပေါ့”

“ဟုတ်တယ် သခင်အုန်းမြင့် ဆိုတာ အဘပဲ။ တိုးတက်ရေး အုန်းမြင့်လို့လည်း စာတွေ ရေးတယ်လေ။ ဖတ်ဖူးတယ် မဟုတ်လား”

ကျွန်တော် မျက်လွှာချ ခေါင်းငုံ့သွားမိသည်ထင်။

“ပုလဲတို့ကတော့ မောင်မျိုး(မြန်မာစာ)ဆိုတာ လိမ္မာတယ်၊ တော်တယ်၊ စာပေဝါသနာလည်း တော်တော်ကြီးတယ်လို့ ပြောကြတယ်။ အဲဒါနဲ့ အဘလည်း စာမူလာပေးရင်း ဂုဏ်ပြုတာ”

ကျွန်တော် ရှက်စိတ်တွေကြောင့် အဘိုးရှေ့မှာ အငွေ့အဖြစ်နှင့် လွင့်ပျောက်သွားလိုက်ချင်ပါတော့သည်။ အဘွား (ဆရာကြီး မဟာဆွေ၏ ဇနီး)၊ ကြီးကြီးဦး (ဒေါ်ခင်ဆွေဦး)နှင့် မပုလဲ (ဒေါ်ခင်ဆွေဦး၏ သမီး) တို့က ကျွန်တော် စပယ်ဖြူမဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ရဲအောင် ယုံကြည်မှုတွေ မြင့်မား စေလိုသည့်သဘောဖြင့် တွေ့မြင်သမျှ စာပေအသိုင်းအဝိုင်းက ပုဂ္ဂိုလ်ကြီးငယ်တွေကို သူတို့မဂ္ဂဇင်း၏ အယ်ဒီတာလေးအား ချစ်ခင်ရင်းနှီးစေရန် လိုသည်ထက်ပိုကာ ချီးမွမ်းခြင်းဖြစ်ကြောင်း ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ အဘိုးရှေ့မှာ ခေါင်းပင်ပြန်မဖော်နိုင်တော့။ ဒါကို အဘိုး တိုးတက်ရေး အုန်းမြင့် (ခေါ်) သခင်အုန်းမြင့်က သတိမူမိကောင်းမူမိနိုင်၏။

သို့သော် အဘိုးက ကျွန်တော်အားတက်စေဖို့ စကားတွေနှင့် ဒီခေတ်လူငယ်တွေ တော်ကြောင်း၊ ကြိုးစားကြောင်း ချီးမွမ်းခန်းတွေဖွင့်ကာ အားပေးလို့မဆုံး။ ကျွန်တော်ကတော့ ဆောင်းပါးအတွက် အဘိုးပေးသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလဆီမှ လူငယ် ၆ ဦးပါ ဓာတ်ပုံထဲကလူငယ်တွေ၏ ခြေမှုံလောက်ပင် ကျွန်တော့်မှာ အစွမ်းအစမရှိကြောင်း စိတ်ထဲက ပြောဆိုနေမိခဲ့သည်။ ထိုအဖြစ်က ၁၅ နှစ်ကျော်မျှ ရှိခဲ့ပြီ။

သို့သော် ကျွန်တော်သည် လူငယ်ဘဝကနေ လူလတ်ပိုင်း အရွယ်နီးပါးရောက်လာခဲ့ရသော်လည်း ထိုဓာတ်ပုံထဲက လူငယ်တသိုက်၏ ခြေမှုံမျှ လူစွမ်းလူစ မရှိနိုင်ခဲ့သေးသည်မှာ သေချာပါ၏။



အဘိုး သခင်အုန်းမြင့်သို့ အမှတ်တရ

Read More...

နေ့စဉ်သတင်းများ ( ၂၃ - ၉ - ၁၀ )

စစ်အစိုးရ ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးမည့် ကော်မရှင်ဖွဲ့ရန် ထောက်ခံမှုများလာ သတင်း
ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့ရန် ပြင်သစ် ထောက်ခံ သတင်း
တရုတ်က မြန်မာကို ဒေါ်လာ (၄) ဘီလီယံ အတိုးမဲ့ ချေးမည် သတင်း
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ မြေဌားရမ်းမည့် ကိစ္စကို ရပ်ဆိုင်း သတင်း
နအဖတပ်နှင့် ရှမ်းတပ်အကြား ထပ်မံတိုက်ပွဲဖြစ် သတင်း
ရွေးကောက်ပွဲမတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူရန် ပြည်သူ့စစ် (၃) ဖွဲ့ ညွှန်ကြားခံရ သတင်း
ဖမ်းဆီးထားသည့် DKBA ကားများ ပြန်ပေး သတင်း
အရှင်ပညာစာရအတွက် ရဟန်းတော်များ ပြုလုပ်သော အစည်းအဝေး ရဲအဖွဲ့က ၀င်ရောက်တားဆီး သတင်း
ဖမ်းထားသည့် ကျောင်းသားလူငယ်များကို ပြန်လွှတ်ရန် တောင်းဆို သတင်း
နှစ် (၇၀) ထောင်ဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ၏ ဖခင် ကွယ်လွန် သတင်း
သားဂျာနယ်ကျော် ကွယ်လွန် သတင်း
ဗြိတိန်နိုင်ငံက လစ်ဘရယ် ဒီမိုကရက်တစ်ပါတီတွင် မြန်မာ့အရေး ဆွေးနွေးမည် သတင်း
ဒီမိုကရက်တစ်ပါတီ ဟောပြောမည့် စာမူ အပယ်ခံရ သတင်း
သစ်တာဝန်ကြီးက ထောက်ခံမဲရရန် လယ်သမားများကို ငွေထုတ်ချေးနေ သတင်း
အခြားပါတီများအား မဲမထည့်ရန် ပြည်ခိုင်ဖြိုး စည်းရုံး သတင်း
ရခိုင်ပြည်နယ်မှ ဆင်ဖြူတကောင် ဖမ်းဆီးရမိပြန် သတင်း
ဟူးကောင်းမြေမှုတွင် ဦးဌေးမြင့် နာမည်ကို ဖျက်ခိုင်း သတင်း
မြန်မာအလုပ်သမားများ မြ၀တီတွင် ငွေညှစ်ခံနေရဆဲ သတင်း
လူငယ်ဒါရိုက်တာ ပြိုင်ပွဲဝင်ဇာတ်လမ်းများ ဆင်ဆာတင်ရန်လို သတင်း
နိုင်ငံရေးအသွင်ကူးပြောင်းမှု ပုံစံတမျိုး (သုံးသပ်ချက်ဆောင်းပါး)
ရင့်ကျက်လွတ်လပ်စိတ်နဲ့ ယုံကြည်ခြင်း (ဆောင်းပါး)
မြေမှာပွင့်သော မေတ္တာပန်းလေးများ (ဆောင်းပါး)
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့် လယ်ဝေး ဦးတင်အေး (အင်တာဗျူး)
လယ်ကိုပဲ ရအောင်ယူမယ် (အင်တာဗျူး)

Read More...

Thursday, September 23, 2010

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားခဲ့ကြစဉ်က ……

စက်တင်ဘာ ၂၂၊ ၂၀၁၀

တပ်မှူးတပ်သား ပြောစကား (၀၂၆)

၁၉၈၈ စက်တင်ဘာ(၁၈)ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းခဲ့ပြီးတဲ့နောက်၊ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ကြားက အာဏာ လွန်ဆွဲမှုတွေနဲ့၊ ၁၉၉၂ ဧပြီလမှာ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေကို၊ အပိုင်း ၂ ပိုင်း ခွဲပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေကို ပြောပြ ခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ၊ ဦးအောင်လင်းထွဋ်ရဲ့ ပြောစကား နောက်ဆုံးအပိုင်းကို ဦးရော် နီညိမ်းက စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီး စောမောင် လူလား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး ပေါ့လေ။ နောက်တယောက်က (ဒုတိယ) ဗိုလ်မှူးကြီး ခင်မောင်သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီ အချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့ ဗိုလ်ချုပ်ကြီး တင်ဦးကော၊ ဗိုလ်မှူးကြီး ခင်မောင်သန်း [နောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း] ကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အင်မတန်မှ closed ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးစောမောင်က “တင်ဦးကို ငါ စစ်ရုံးမှာ မမြင်ချင်ဘူး” ဆိုတဲ့ အခါကျတော့ ဗိုလ်ချုပ်ကြီး တင်ဦးက ဘယ်သူမှ ရာထူး မပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး ဆိုပြီး တော့မှ ကရင်ပြည် နယ်ဘက်ကို သွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုး ရှိပါတယ်။ [ကစထမှူး= ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး။ စစ်တိုင်းများ နှင့် အရပ်ဘက် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးများကို တိုင်းမှူးများ အထက်မှ ကွပ်ကဲရသော စစ်ရာထူး]

နောက်တယောက်က ဗိုလ်မှူးကြီးခင်မောင်သန်း၊ သူဆိုရင်လည်း စစ်ဦးစီး ဗိုလ်မှူးကြီး [ကက(ကြည်း) စစ်ဆင်ရေးဌာန G-1 ကနေ စစ်ဦးစီး ဗိုလ်မှူးကြီး(ကြည်း) အဖြစ် ရာထူး တက်ခဲ့ပြီးနောက်] ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅) ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်းထုတ် လိုက်ပါတယ်။ အဲဒီ အချိန်အခါ တုန်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့အထက်က ဦးစီးချုပ်က လုပ်တယ် ဆိုတော့ သူက မကျေနပ်ပေမယ့် ငြိမ်ခံနေရတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလို ပြောရသလဲ ဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြ အရာရှိပေါ့လေ၊ ဒီ ကကလှမ်း [ကာကွယ်ရေး ၀န်ကြီးဌာန တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံး] နဲ့တော့ အမြဲ သွားဟယ် လာဟယ် အဆက်အသွယ် ရှိတယ်။ ဗိုလ်ချုပ်ကြီးစောမောင် အနားမှာ နေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင်မောင်စိုး [ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကိုယ်ရေး အရာရှိများ] တို့ဆိုတာ ကျနော်တို့ သူငယ်ချင်းတွေပါ။ ကျနော်တို့က အမြဲတမ်း ထိတွေ့ ဆက်ဆံ ပြောဆို နေကြတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့ အခါကျတော့ ပိုသိရပါတယ်။

[ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း = "နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ" အဖွဲ့ဝင် အဖြစ်၊ အဆိုပါ စစ်ကောင်စီ စတင် ဖွဲ့စည်းချိန် ၁၉၉၇ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင်လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃ )၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၈ တွင် ကစထမှူး အဖြစ်မှ ဖယ်ရှားခံရပြီး "နအဖ ကောင်စီ"၀င် အဖြစ်မှပါ ၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနားပေး ဖယ်ရှားခြင်း ခံခဲ့ရသူ]

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကို ပြန်မယ် ဆိုတဲ့ ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီး စောမောင် အပါအ၀င် အားလုံးမှာ ရှိပါသလား။ သူ တယောက်ထဲမှာ ရှိတာလား၊ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်”ဟာ၊ (၈၃) ရာခိုင်နှုန်း လောက်နဲ့ အပြတ်အသတ် အနိုင်ရ သွားတဲ့ အချိန်မှာ အဲဒီ အနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ် ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီး စောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူတကယ် ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ် ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့ ကလိမ်ကကျစ် လုပ်ပြီးတော့မှ ပြောတဲ့ အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေ၀င်း နေတဲ့ အေဒီလမ်း အရှေ့က အင်းလျားလေးစခန်း ဆိုတာ ရှိပါတယ်။ သနက(၅) [ဗမာ့သေနတ်ကိုင်တပ်ရင်း - ၅] တပ်ရင်းက၊ ဒေါက်တာ မောင်မောင်ရဲ့သား အငယ် ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင် ပေါ့၊ ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာ ၂ လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါတယ်။ int. cover (intelligence cover = ထောက်လှမ်းရေး အကာအကွယ်) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့ အချိန်ခါမှာ ဗိုလ်ချုပ်ကြီး စောမောင်ကော၊ ဗိုလ်မှူးကြီး ခင်ညွန့်ကော ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်ကို မကြာမကြာ အ၀င်အထွက် ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီး သန်းရွှေ golf ရိုက် တော့ အနီးကပ် လုံခြုံရေး လိုက်တဲ့ အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်ခင် နဲ့ ဗိုလ်ချုပ်ဘုန်းမြင့် တို့ လေးယောက် ချက်ချင်းပဲ သူတို့ golf ရိုက်တာ ကို ရပ်ပြီးတော့၊ သူတို့ golf clubကို ပြန်ပါတယ်။ golf club ရောက်ပြီးတော့မှ ဦးနေ၀င်းရဲ့ကား ယာဉ်တန်း ၀င်လာပါတယ်။ ဘာလုပ်ရလဲ ဆိုတော့ အဲဒီအချိန်က ဦးနေ၀င်းကို ရန်ကုန်မြို့မှာ လမ်းမကြီး လေးသွယ် ဖောက်မယ်၊ ဘယ်လို လုပ်မယ် ဆိုတာကို ကျူတံ ထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီး သန်းရွှေက ရှင်းပြ ခဲ့ရပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ်တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အဲဒီ အချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။

[ကိုကျော်သူ = အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် (၁၃)၊ ၁၉၇၁ = လက်ရှိ ၀န်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဒု-၀န်ကြီးဟောင်း၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမောင်မောင် ၏ သားကြီး]

[ဗိုလ်မှူးအောင်နိုင် - စစ်တက္ကသိုလ် အပတ်စဉ် (၁၆)၊ ၁၉၇၆ = ဒေါက်တာမောင်မောင်၏ သားငယ်]

[ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၂) ကစထမှူး နှင့် နောက်ပိုင်း သစ်တောရေးရာ ၀န်ကြီးဟောင်း]

[ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် နောက်ပိုင်း ဒုတိယ၀န်ကြီးချုပ်ဟောင်း]

[ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် စစ်ထောက်ချုပ် နှင့် နောက်ပိုင်း ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဟောင်း]

[ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ နှင့် ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် တို့အား ၁၉၉၇ခုနှစ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်ခင်အား ၂၀၀၁ ခုနှစ်တွင် ၎င်းတို့ ၏ ၀န်ကြီးအဖွဲ့ (Cabinet) အတွင်း နောက်ဆုံး ရာထူးများမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖယ်ရှား အနားပေးခဲ့သည်။]

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထု အုံကြွမှု အရေးတော်ပုံကြီး နောက်ပိုင်းမှ ပေါ့နော်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီ ပြောသလို ပြောထား ပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင် မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော် ကိုင်ဖက်တွေရဲ့ pressure လည်း များပါတယ်။ အထူး သဖြင့်တော့ န၀တအဖွဲ့မှာ ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ်ကြီး မြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည်းပဲ လေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာ လွှဲပေးရမှာလဲ” ဆိုတဲ့ အတွေး အခေါ်မျိုး တော်တော် များများမှာ ၀င်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ကြည့်လိုက်တဲ့ အခါကျတော့၊ ဒီ န၀တ ထိပ်ဆုံးက ခေါင်းဆောင်တွေ ထဲမှာ အနိုင်ရသွားတဲ့ NLD ကို အာဏာ လွှဲမပေးချင်တဲ့ အုပ်စုက တစု၊ နောက်တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ် ဆိုတာ ဗိုလ်ချုပ်ကြီး စောမောင် တယောက်တည်း ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်က အဲဒီအချိန်ခါ ကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့ အထဲမှာ ဘယ်ခြံဘက်ကို ခုန်လိုက်သလဲ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အဲဒီခြံထဲ ၀င်သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီ သတိထား မိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဗိုလ်မှူးကြီး ကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရသေးဘူး၊ အခုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်က ပေါ့ဗျာ။

[ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ် အနိုင်ရ ခဲ့ပြီးနောက်၊ ပါတီဥက္ကဋ္ဌ တာဝန်ယူထားသည့် ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီး ကြည်မောင်က၊ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး နာဇီဂျာမန် ခေါင်းဆောင်များအား စစ်နိုင် မဟာမိတ် နိုင်ငံများက၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့(Nuremberg) တွင် စစ်တရားခုံရုံး တင်ပြီး စစ်ဆေး အပြစ်ပေး သကဲ့သို့၊ NLD က ဦးဆောင်၍ အစိုးရသစ် ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့ တပ်မတော်မှ စစ်ခေါင်းဆောင် တချို့အား၊ “နုရင်ဘတ် ခုံရုံး” ကဲ့သို့ ခုံရုံးတင် စစ်ဆေး အပြစ်ပေးတာတွေ လုပ်ကောင်း လုပ်ဘွယ်ရှိမည် ဟု၊ လူသိရှင်ကြား ပြောဆိုခဲ့သည့်ကိစ္စ]

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ န၀တ အထဲမှာ နှစ်ခြမ်း ဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှ တပါး ကျန်တဲ့ လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ သြဇာ၊ အာဏာ ကျသွားပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တယောက်မှ မရှိဘူး။ ဗိုလ်ချုပ်ကြီး စောမောင်က ရုတ်တရက် ကောက်ပြီး အာဏာ ယူလိုက်တဲ့ အခါကျတော့ အာဏာ တည်ဆောက်နိုင်တဲ့ အချိန်ကို မရဘူး။ တကယ်တော့ လက်ရှိ ရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာဏာ တည်ဆောက် လို့ရမယ်၊ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာ မရှိဘူး၊ သူကိုယ်တိုင် အဖြုတ် ခံလိုက်ရတဲ့ သဘောပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီး စောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ်လို ဖြစ်လာတာလဲ ခင်ဗျ၊ အားလုံး အတူတူ လက်ဝါး ရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့ အကြံအစည်နဲ့ ဘယ်လိုပါလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် တို့လည်း ပါတယ်ခင်ဗျ၊ တဖက်မှာလည်း ဗိုလ်ချုပ်ကြီး စောမောင်အနေနဲ့ ဦးနှောက် ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီး စောမောင်ကို မဖြုတ်ခင်မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီး စောမောင် မသိအောင် အရင် အင်္ဂလန် သံအမတ်ကြီး လုပ်သွားတဲ့ ဗိုလ်မှူးချုပ် ကျော်ဝင်း၊ အဲဒီ အချိန်တုန်းက (တပ်မတော်) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ပါ။ သူက ရန်ကုန်မှာ ရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး briefing လုပ်ပေးရတယ်လို့ သိရပါတယ်။ တကယ့် အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်း ပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင် စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့ စစ်ထောက်ချုပ်တို့ အဲဒီ “ချုပ်”တွေနဲ့ ညွှန်ကြားရေးမှူး တွေနဲ့ သူတို့ ယုံကြည်တဲ့လူ လက်တဆုတ် စာလောက် နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘောလား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ် ဆိုတဲ့ ဟာကို။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဗိုလ်ချုပ်ကြီး သန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လို လုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီး သန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီး စောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင်ပေးမယ် ဆိုတာ သူကလည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ်သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ်လိုဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူ သဘောမျိုး၊ အခု ပြန်စဉ်းစား ကြည့်တဲ့ အခါမှာ။ ဗိုလ်မှူး ကြားသိသလောက်ပေါ့ အဲဒီအချိန်က။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ် (၁) ဖြစ်ရင်၊ သူ နံပါတ် (၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့် အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲ ဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ ထောက်လှမ်းရေး အရာရှိတွေ တပ်မတော်(လေ) လေယာဉ်လေးတွေ PC လေးတွေနဲ့ တိုင်းတတိုင်းကို တယောက် စာအိတ် တအိတ်နဲ့ သွားရတယ်ဗျ။ သွားပြီးပေးတဲ့ အဲဒီ စာအိတ်လေးကို တိုင်းမှူးက ယူလာတဲ့ ထောက်လှမ်းရေး အရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီးတော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀) တိုင်းရှိတယ်နော်၊ မန္တလေးကို အဲဒီ အချိန်တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ။

[၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း (၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက်ပိုင်း ယခင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ - တောင်ငူ) မှ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ - တောင်ငူ) ဟု ဖြစ်လာခဲ့သည်။ ၁၉၉၇ နောက်ပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ - တောင်ကြီး) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ - တောင်ကြီး) နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် (တသခ - ကျိုင်းတုံ) ဟူ၍ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ - မော်လမြိုင်) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ - မော်လမြိုင်) နှင့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် (ကရခ - မြိတ်) ဟူ၍ ဖြစ်ပေါ်လာသည်။ ၂၀၀၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ - တောင်ငူ) တို့မှ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်းမြို့နယ်တို့ အပါအ၀င် ငါးမြို့နယ်ကို ထုတ်နှုတ်ပြီး၊ အရပ်ဘက် အုပ်ချုပ်ရေးတွင်လည်း နေပြည်တော်တိုင်းဟု လည်းကောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင်လည်း နေပြည်တော်တိုင်း စစ်ဌာနချုပ် (နပတ) ဟု စစ်တိုင်းအသစ် ထပ်ဖွင့်ခဲ့သည်။ ယခုအခါ ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင် စုစုပေါင်း စစ်တိုင်း (၁၃)တိုင်း ရှိသည်။ နေပြည်တော်တိုင်း စစ်ဌာနချုပ် (နပတ) အား ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) (ကက-ကြည်း) ရုံးက တိုက်ရိုက် ကွပ်ကဲပြီး၊ ကျန် စစ်တိုင်း (၁၂) အား ကစထ (၆)ခုက ကွပ်ကဲသည်။]

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်းမှူးတွေက န၀တ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေလား။ နောက်တသုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တသုတ် ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ် ကက်စိန်တို့ အသုတ်လား ခင်ဗျ။

[ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = န၀တ အဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွား ကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများ ထဲတွင် အနောက် တောင်တိုင်း စစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ် ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် ယခု အကျဉ်းချ ခံထားရသည်။]

[ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = န၀တ အဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွား ကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယ အသုတ် စစ်တိုင်းမှူးများ ထဲတွင် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစားယူခွင့် တောင်းခံပြီး၊ အနားယူ သွားခဲ့သည်။]

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ န၀တ အဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည် တို့ပဲ ရှိသေးတယ်။ အဲဒီ အချိန် တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေး ၀န်ကြီး မဖြစ်သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေးတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ် ဆိုရင်၊ ဟို တခါ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စတုန်းက လိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံး အရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့်ကို လာပြီး စည်းရုံးတဲ့အခါ ၀င်ပါရမလိုလို၊ ၀င်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီ လိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံး အစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀) တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှ ဖြစ်မယ်ဆိုတဲ့ သဘောထား ပေးခဲ့ပါသလား၊ ဒါမှ မဟုတ် တဦးတယောက် လောက်က သဘောမတူဘူး၊ ဒီလိုတော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။

[ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏ ကိုယ်ရေး လုံခြံရေး အရာရှိ ဗိုလ်ကြီး အုန်းကျော်မြင့် ဦးဆောင်၍ လူငယ် အရာရှိများမှ၊ ထိုစဉ်က မဆလ ဥက္ကဋ္ဌ ဦးနေ၀င်းနှင့် ထိပ်တန်း ခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်ရန် စည်ရုံးခံရသူ စစ်အရာရှိကြီး တချို့က ကာကွယ်ရေး ဦးစီးချုပ်နှင့် တခြား စစ်ခေါင်းဆောင်များပါ ထိုအကြံ အစည်တွင် ပါဝင်နေမှု ရှိမရှိ သေချာ မသိရသဖြင့်၊ မိမိတို့ကိုယ်တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲဘဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်]

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့ သဘောပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာ လိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ်တိုင်းမှူးတွေကိုပါ လက်ဝါး ရိုက်သင့်သလောက် ရိုက်ထားပြီးပြီ ဆိုတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများ ရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေ ဆီက။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ်ချုပ်ကြီး သန်းရွှေအခန်းကို သွားပြီး လက်ညှိုးထိုး ပြီးတော့မှ ဆူပူ တာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေ ရှိနေတော့ ကျနော်တို့ ပြန်သိ သလောက်ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တယောက်နဲ့ တယောက် အတူ တွဲလုပ်လာပြီးမှ၊ သစ္စာ မဲ့ရသလား” ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာ ယူမယ် ဆိုရင်လည်း၊ သူ့ကိုပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြောပြီးမှ လုပ်လည်း ဘာမှ လက်မခံစရာ အကြောင်းမှ မရှိတာ”၊ အခု ရေဒီယို တီဗီတို့က သတင်း ထွက်လာတော့မှ သူတို့က သိရတာကိုး။

ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာမှာ ထားလိုက် တာလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ မိသားစုဟာ စစ်ရုံး (war office) ၀င်းထဲမှာ ရှိတဲ့ တပ်မတော် ဧည့်ဂေဟာမှာပဲ နေပါတယ် ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်းက အဲဒီမှာ ပြောင်းပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီး စောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေးပေါ့ဗျာ၊ ဂိတ်ထဲ ၀င်လာရုံပဲလေ၊ အဲဒီနေ့က သတင်းလည်း ကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်စရာ ရုံးမရှိတော့ဘူး။ အဲဒီလို ဖြစ်တာ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေ များလွန်းတဲ့ အတွက်ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ်လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင် အိမ်က ကျနော်တို့ စစ်ရုံး ၀င်းထဲမှာ ရှိတဲ့ အတွက်ကြောင့် မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီဝင်းထဲမှာ ထိန်းထား လိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့မှ အကျယ်ချုပ် သဘောမျိုး ချထား တယ်လို့ ကျနော်တို့ သိရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီ ဆိုတော့၊ ခုနက ပြောတဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လိုများ ဆက်ဖြစ်ပါသလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “One” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်း ပေးလိုက်ရင် သူလည်း နံ ပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီ အချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေနဲ့ ဘယ်လိုမှ စဉ်းစားမယ် မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူးလို ဖြစ်နေတယ်လေ၊ ခုနက န၀တ ဒုတိယဥက္ကဋ္ဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီး သန်းရွှေ နေရာကို ဘယ်သူများ ရမလဲ ဆိုတဲ့ ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန်တွေ ကြားထဲမှာကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ ဌာနနဲ့ဆိုင်တဲ့ သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီး ကျော်သိန်း [ဗိုလ်မှူးအောင်လင်းထွဋ်၏ အထက်မှ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲ ထောက်လှမ်းရေး’ ဌာနမှူး] တို့ ခရီးသွားတဲ့ အခါမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ကိုယ်တိုင် တွေ့ပြီးတော့မှ ဒီသတင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန်တွေဆီက သတင်းတွေဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြား ဆက်ဆံရေးပေါ့၊ နိုင်ငံခြား သံရုံးတွေက လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော် တခါ ၀င် သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ် အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်”ဆိုတဲ့ ကြောက်ကြောက်နဲ့ပါပဲ။ ကျနော် တို့က အဆင့်အများကြီး ကွာတဲ့ အခါကျတော့ ၀င်သတင်းပို့တယ်။ ပို့တဲ့ အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လိုထင်လဲ” ဆိုပြီး မေးတော့ ကျနော်တောင်မှ “ကျနော် မသိပါဘူး” ဆိုပြီးတော့ ပြောရတယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ် ဖြစ်မလာတဲ့ အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက် စစ်အာဏာ သိမ်းချိန်က ဖြစ်စဉ် နဲ့ ၁၉၉၂ ဧပြီလ မှာ ဗိုလ်ချုပ်ကြီး စောမောင်ကို ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဦးဆောင် ပြီးတော့ အဲဒီအချိန်က “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” တဖွဲ့လုံး စိတ်တူ သဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေ အကြောင်း ဗိုလ်မှူးအောင်လင်းထွဋ် ရဲ့ ပြောစကားတွေကို ၂ ပိုင်း ခွဲပြီး တင်ဆက် ခဲ့တာပါ ခင်ဗျာ၊ နောက်သီတင်းပတ် စက်တင်ဘာလ (၂၆) ရက် တနင်္ဂနွေနေ့ နံနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာတော့ ရှစ်လေးလုံး အရေး တော်ပုံကြီး ကာလမှာ ပြည်သူလူထု ဘက်ကို ကူးပြောင်းလာခဲ့တဲ့ ခြေမြန်တပ်မ (၂၂) လက်အောက်ခံ ခြေမြန် တပ်ရင်း တရင်းက တပ်ခွဲမှူး ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို တင်ဆက် ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ၊ စောင့်မျှော် နားဆင်ကြပါ၊ ကျနော် ရော်နီညိမ်းပါ။

Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၉ - ၁၀ )

စစ်တပ်က ရိုက်နှက်၍ လူငယ်တဦးကို ဆေးရုံတင်ထားရ သတင်း
မူဆယ်မြို့တွင် ဗုံးပေါက်ကွဲ သတင်း
အက်စ်အက်စ်အေနှင့် နအဖစစ်တပ် တိုက်ပွဲဖြစ် သတင်း
ကေအိုင်အေနယ်တွင် နအဖစစ်တပ်အင်အား တိုးချဲ့၊ အဓမ္မလုပ်အားပေးခိုင်းနေ သတင်း
ကေအိုင်အိုအပေါ် နအဖက ဆက်ဆံရေးဖြတ် သတင်း
DKBA နှင့် နအဖတပ် တင်းမာမှုဖြစ် သတင်း
အရှင်ပညာစာရ အမှုကို ယခုအပတ်အတွင်း အပြီးသတ် ဆုံးဖြတ်ရန် အခြေအနေရှိ သတင်း
မန္တလေးတွင် ရွေးကောက်ပွဲ ဆန့်ကျင်ပိုစတာများ ကပ် သတင်း
မဲမရနိုင်မည်ကို သိ၍ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ဒေသခံများ ပြောကြား သတင်း
စားဝတ်နေရေးကြောင့် မဲရုံမှူးအဖြစ် ဆောင်ရွက်ရမည်ဟု ကျောင်းဆရာ၊ ဆရာမများ ပြော သတင်း
နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယို ရုပ်မြင်သံကြားမှ အသံလွှင့်တော့မည် သတင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ အသံလွှင့်ရန် တင်ပြချက် ပယ်ချခံရ သတင်း
မြို့တော်ဟောင်း ရန်ကုန်၏ ရွေးကောက်ပွဲ နိုင်ငံရေးအခင်းအကျင်း (ဆောင်းပါး)
ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားခဲ့ကြစဉ်က ... (အင်တာဗျူး)
မူးယစ်ရမ်းကား အနိုင်ကျင့်သည့် ရဲ (၃) ဦး စစ်ဆေးမေးမြန်းခံရ သတင်း
မီဇိုရမ်ရှိ တရားမ၀င် နေသူများကို ဖမ်းမည်ဟု ကြေညာ သတင်း
မြ၀တီမှ မြန်မာလူကယ်ရီများ ထိုင်းဘက်သို့ တိမ်းရှောင် သတင်း
လိုင်စင်မဲ့ကား အများအပြား ဖမ်းဆီး သတင်း
အဲမန္တလေး လေယာဉ်သစ်တစီး ထပ်ဝယ် သတင်း
အာဟာရလား၊ အန္တရာယ်လား (ဆောင်းပါး)

Read More...

Wednesday, September 22, 2010

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ယှဉ်ပြိုင်မည့် ပါတီများ

September 22, 2010

Political parties that plan to contest in Yangon region are:
1. Union Solidarity and Development Party (USDP)
2. National Unity Party (NUP)
3. Democratic Party (Myanmar) (DP)
4. 88 Generation Student Youths (Union of Myanmar)
5. National Democratic Force (NDF)
6. National Political Alliances League (NPAL)
7. Union Democracy Party (UDP)
8. Wunthanu NLD
9. Union of Myanmar Federation of National Politics (UMFNP)


Political parties that plan to contest in Mandalay region are:
1. Union Solidarity and Development Party (USDP)
2. National Unity Party (NUP)
3. 88 Generation Student Youths (Union of Myanmar)
4. Democratic Party (Myanmar) (DP)
5. Wunthanu NLD
6. Union of Myanmar Federation of National Politics (UMFNP)
7. National Democratic Force (NDF)

Political parties that plan to contest in Bago region are:
1. Union Solidarity and Development Party (USDP)
2. National Unity Party (NUP)
3. Regional Development Party (Pyay) (RDP)
4. 88 Generation Student Youths (Union of Myanmar)
5. Union Democracy Party (UDP)
6. Democracy Party (Myanmar)
7. Union of Myanmar Federation of National Politics (UMFNP)
8. National Democratic Force (NDF)


Political parties that plan to contest in Sagaing region are:
1. Union Solidarity and Development Party (USDP)
2. National Unity Party (NUP)
3. Democratic Party (Myanmar) (DP)
4. National Democratic Force (NDF)
5. Chin National Party (CNP)
6. Wunthanu NLD (WNLD)
7. Chin Progressive Party (CPP)
8. Shan Nationalities Democratic Party(SNDP)


Political parties that plan to contest in Magway region are:
1. Union Solidarity and Development Party (USDP)
2. National Unity Party (NUP)
3. Union Democracy Party (UDP)
4. Democracy Party (Myanmar) (DP)
5. 88 Generation Student Youths (Union of Myanmar)
6. Union of Myanmar Federation of National Politics (UMFNP)
7. National Democratic Force (NDF)


Political parties that plan to contest in Ayeyarwaddy region are:
1. Union Solidarity and Development Party (USDP)
2. National Unity Party (NUP)
3. Democratic Party (Myanmar) (DP)
4. Union of Myanmar Federation of National Politics (UMFNP)
5. Peace and Diversity Party (PDP)
6. National Democratic Force (NDF)
7. Karen People Party (KPP)


Political parties that plan to contest in Thanintharyi region are:
1. Union Solidarity and Development Party (USDP)
2. National Unity Party (NUP)
3. All Mon Region Democracy Party (AMRDP)

Political parties that plan to contest in Naypyidaw region are:
Union Solidarity and Development Party (USDP)
National Unity Party (NUP)


Political parties that plan to contest in Kachin State are:
1. Union Solidarity and Development Party (USDP)
2. Unity and Democracy Party of Kachin State (UDPKS)
3. Shan Nationals Democratic Party (SNDP)
4. National Unity Party (NUP)


Political parties that plan to contest in Karenni State are:
1. Union Solidarity and Development Party (USDP)
2. Shan Nationals Democratic Party (SNDP)
3. National Unity Party (NUP)
4. Kayan National Party (KNP)


Political parties that plan to contest in Karen State are:
1. Union Solidarity and Development Party (USDP)
2. Karen People's Party (KPP)
3. Kayin State Democracy and Development Party (KSDDP)
4. All Mon Region Democracy Party (AMRDP)
5. National Unity Party (NUP)
6. Phalon Sawaw Democratic Party

Political parties that plan to contest in Chin State are:
1. Union Solidarity and Development Party (USDP)
2. Chin National Party (CNP)
3. Chin Progressive Party (CPP)
4. National Unity Party (NUP)
5. Ethnic National Development Party (ENDP)
6. Mro (or) Khami National Solidarity Organization (NKNOS)
7. NationalDemocractic Force (NDF)
8. Union Democracy Party (UDP)


Political parties that plan to contest in Mon State are:
Union Solidarity and Development Party (USDP)
All Mon Region Democracy Party (AMRDP)
National Unity Party (NUP)


Political parties that plan to contest in Arakan State are:
1. Union Solidarity and Development Party (USDP)
2. Mro or Khami National Solidarity Organization (MKNSO)
3. National Unity Party (NUP)
4. Rakhine Nationals Progressive Party (RNPP)
5. Rakhine State National Force (RSNF)
6. National Democratic Party for Development (NDPD)
7. National Development and Peace Party (NDPP)


Political parties that plan to contest in Shan State are:
1. Union Solidarity and Development Party (USDP)
2. Shan Nationalities Democratic Party (SNDP)
3. Lahu Nnational Development Party (LNDP)
4. Kokang Democracy and Unity Party (KDUP)
5. Taaung (Palaung) National Party (TNP)
6. Wa Democratic Party (WDP)
7. Wa National Unity Party (WNUP)
8. Inn National Development Party (INDP)
9. National Unity Party (NUP)
10. Union Democracy Party (UDP)
11. Shan National Democratic Party (SNDP)
12. Pa-O National Organization (PNO)



Read More...

အပေါ်သို့