■ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲဝင်ပါတီ ခေါင်းဆောင်များ တွေ့ဆုံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအမျိုးသမီးအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ သတင်း
■ စစ်အစိုးရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေ သတင်း
■ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများ ကျင်းပ သတင်း
■ အိုင်အယ်လ်အိုကို တိုင်ကြား၍ ထောင်ကျခဲ့သည့် အဖွဲ့ချုပ်ဝင်အမှု တရားရုံးက ပယ်ချ သတင်း
■ DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား သတင်း
■ ဘုရားသုံးဆူမြို့တွင် ညမထွက်ရအမိန့် ထုတ် သတင်း
■ ကေအိုင်အိုဋ္ဌာနချုပ် လိုင်ဇာမြို့ ကုန်ကားအ၀င် ပိတ်ပြီ သတင်း
■ SSA တောင်ပိုင်းနှင့် စစ်အစိုးရ တိုက်ပွဲဖြစ်၊ (၂) ဦး ကျဆုံး သတင်း
■ လိုင်ဇာ လူငယ်ကောက်သစ်စားပွဲတော် KIO ကြီးမှူးကျင်းပ သတင်း
■ မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးကို ထိုင်းအာဏာပိုင် အသေဖမ်းမိ သတင်း
■ ရွေးကောက်ပွဲအပြီး မြို့နယ်အချို့၏ သျှမ်းနှစ်သစ်ကူးအနေအထား ကွဲပြား သတင်း
■ သျှမ်းပြည် (မြောက်ပိုင်း) တွင် လူမျိုးအလိုက် ပြည်သူ့စစ်ကောက် သတင်း
■ တိုင်းရင်းသားပါတီများ ကြံ့ဖွံ့နှင့် ပူးပေါင်းမည်မဟုတ် သတင်း
■ အမျိုးသား ပြန်လည်သင့်မြတ်ရေး တစည လိုလား သတင်း
■ ဦးသုဝေတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာ၊ ပညာ ပူးပေါင်းမည် သတင်း
■ မဲမသမာမှုအတွက် ပါတီ (၂) ခု ရဲစခန်းတွင် အမှုဖွင့် သတင်း
■ လွှတ်တော်ထဲဝင်သော်လည်း မဲမသမာမှုကို ဆက်တိုက်မည်ဟုဆို သတင်း
■ ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးသည့် နအဖစစ်အစိုးရအား အရေး ယူသင့်ကြောင်း ဥပဒေ ရေးရာ သုံးသပ် ထုတ်ပြန်ချက် သတင်း
■ ထာဝရနှင်းဆီအငြိမ့် ပြက်လုံးများ လူကြိုက်များ သတင်း
■ အဲရန်ကုန် မရေမရာ အကြောင်းပြချက်ဖြင့် နားရ သတင်း
■ ပထမဆုံး ပြိုင်ကားပြပွဲ ကျင်းပမည် သတင်း
■ တောင်ယာလုပ်ကိုင်သော ဒေသဘက်တွင် သခွားသီး ရောင်းဝယ်ရေး အစားထိုး လုပ်ကိုင်ကြရ သတင်း
■ ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ သတင်း
■ ဖဲကြိုးဖြူတို့ဖြင့် ကမ္ဘာကြီးအား ငြိမ်းချမ်းစေ (ဆောင်းပါး)
Friday, November 26, 2010
နေ့စဉ်သတင်းများ ( ၂၅ - ၁၁ - ၂၀၁၀ )
Thursday, November 25, 2010
အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း
November 24, 2010
နိုင်ငံခြားတိုင်း ပြည်တစ်ခုမှာ နှစ်ပေါင်း ငါးဆယ်နီးပါး နေထိုင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက် တစ်လောက အလည် ပြန်လာရင်းနဲ့ အိမ်ကို ရောက်ချလာပါတယ်။ ခုနှစ်ဆယ် အရွယ် အဘိုးကြီးနှစ်ယောက် မင်းတစ်လုံး ငါတစ်လုံးနဲ့ စကားတွေ အားရ ပါးရ အကြာကြီး ပြောကြ ပါတယ်။
နန်းတော်တိုင် ဖက်မွေးသူ
သူက အများဆုံးပြောသူပါ။ ငယ်စရိုက်ကတော့ သေတဲ့အထိ ပျောက်မှာ မဟုတ်ပါဘူး။ ငယ်ငယ်တည်းကလည်း မောင်းကွဲ သံကြီးနဲ့ စကား တဖောင်းဖောင်း ပြောတတ်သူ ဖြစ်ပါတယ်။ “ဟေ့ကောင်ကြီး၊ ဗမာစကား ပြောတတ်သေးရဲ့လား” လို့ ကျီစယ်တော့ “နန်းတော်တိုင် ဖက်မွေးတဲ့ မန္တလေးသား စစ်စစ်ပါကွ၊ ဘယ်ရောက်နေနေ ဗမာဟာ ဗမာပါပဲ” လို့ မောင်းကွဲ သံကြီးနဲ့ ပြန်ဖြေတယ်။ နောက်တော့ ဗမာစကားတွေကို မြိန်ရေ ရှက်ရေနဲ့ မနားတမ်း ပြောပါတော့တယ်။ သူအသက်လည်း ခုနစ်ဆယ် ရှိပါပြီ။ အလုပ် ဆက်လုပ်နေ သေးတယ်လို့ ပြောပြတယ်။ သူက စိတ်အထူးကု ဆရာဝန်ကြီးပါ။ ဆေးရုံက အနားယူလိုက်ပြီ ကိုယ်ပိုင် ဆေးခန်းဖွင့်ပြီး ဆက်လုပ် နေတာဖြစ်တယ်။
နှစ်ငါးဆယ်ကွက်လပ်
ငယ်သူငယ်ချင်းတွေဆိုတော့ ပြောစရာတွေ မကုန်နိုင်ဘူး။ သူ့အကြောင်း ကိုယ်ကမေး။ ကိုယ့်အကြောင်း သူကမေးနဲ့ မပြီးနိုင်တော့ဘူး။ နှစ်ငါးဆယ်နီးပါး ကွက်လပ်ကြီး ဖြစ်နေခဲ့တာ မဟုတ်လား။ သူ့မှာ သားတစ်ယောက်၊ သမီးနှစ်ယောက် ရှိပြီး သုံးယောက်စလုံး၊ အလုပ်ကိုယ်စီ၊ အိမ်ထောင် ကိုယ်စီနဲ့ တစ်နေရာစီ နေကြလို့ အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်တည်း ရှိနေတဲ့ အကြောင်း၊ မြန်မာပြည်ကို တစ်ခါတော့ အရောက်ပြန်မယ်လို့ ရည်မှန်းထားတဲ့ အတိုင်း လင်းမယား နှစ်ယောက် ထွက်လာခဲ့ကြတာ ဖြစ်ကြောင်း၊ ဒီနေရာရှိ၊ မရှိ မသေချာလို့ ဇနီးကို ဟိုတယ်မှာ ထားခဲ့ကြောင်း၊ နောက်တစ်ခေါက်မှ ခေါ်လာမယ် ဆိုတဲ့ အကြောင်းတွေလည်း ဆက်တိုက် ပြောသွားတယ်။ နည်းနည်းလေးမှ မောပုံပန်းပုံ မပေါ်ပါဘူး။
ရင်းနှီးမှုခံစားချက်
အဲဒီနေ့က သူသုံးနာရီလောက်ကြာနေပြီး စကားတွေ ဖောင်းနေအောင် ပြောသွားတယ်။ ပြန်ကာ နီးတော့“သူငယ်ချင်းကလည်း အရင်တိုင်းပဲ၊ ဘားမှ မပြောင်းလဲဘူး။ သူယ်ချင်း အိမ်ကလည်း ဘာမှ မပြောင်းလဲဘူး။ အဲဒါလေးကိုက ချစ်စရာ ကောင်းနေတာ” လို့ပြောသွားတယ်၊ ဟုတ်မှာပေါ့ သူတို့ ဆီကမှာတော့ နေစဉ်နဲ့ အမျှ တစ်ခုပြီးတစ်ခု ပြောင်းလဲ နေတာဆိုတော့ Homely atmosphere ဆိုတဲ့ ရင်းနှီး ကျွမ်းကျင်ဝင်မှု၊ ခံစားမှုမျိုး ဘယ်ရနိုင်မှာလဲ။ အိမ်နီး နားချင်းတွေ ဆိုတာလည်း ခဏခဏ အသစ် ဖြစ်နေကြမှာပေါ့။ တိုးတက် ဖွံ့ဖြိုးမှု နှေးကွေးတာ ကောင်းတဲ့ အချက်လည်းရှိတယ်။ ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်ရပ်ကွက် ဆိုတဲ့ ရင်းနှီးမှု ခံစားချက်တွေ ပျောက်ကွယ် မသွားဘူး၊ ကျေနပ်ဖွယ် ဖြစ်တယ်။
အိမ်လွမ်းစိတ်တော့ ရှိမှာပါ
သူငယ်ချင်းက မန္တလေးသားဆိုတော့ တစ်ပြပတ်လည် ၀င်းကြီးတွေ ထဲမှာ တစ်အိမ်နဲ့ တစ်အိမ် ဆွေတွေမျိုးတွေလို ကူးလူး ဆက်ဆံနေခဲ့ကြပုံတွေကို မမေ့ဘူးထင်ပါတယ်။ မန္တလေးမှာတော့ သူ့အိမ်က ထမင်းဝိုင်း ၀င်နှိုက်လိုက်၊ ကိုယ့်အိမ်က ထမင်းဝိုင်း သူဝင်စားလိုက်နဲ့ ပျော်စရာကြီး မဟုတ်လား။ ကိုယ်တောင် ခဏခဏ မန္တလေးကို လွမ်းနေတာ၊ အဝေးကြီး ရောက်နေတဲ့သူဆို ပိုလွမ်းမှာပါ။ လွမ်းရင် ဘာဖြစ်လို့ ပြန်မလာဘဲ နေသလဲလို့ အပြစ် မတင်ချင်ပါဘူး။ ပျော်ရာမှာ မနေရ တော်ရာမှာ နေရဆိုတဲ့ စကား အရှိသားပဲ။ သူလည်း သူအကြောင်းနဲ့သူ ပြန်မလာနိုင်တာ ဖြစ်မှာပေါ့။ ပြန်မလာချင်ပေမယ့် အိမ်လွမ်းစိတ်တော့ ရှိနေမှာ သေချာတယ်။
နှစ်ငါးဆယ်အိပ်မက်
“ဘယ်နေရာရောက်နေနေ ဗမာာဟာ ဗမာပါပဲ” လို့ သူပြောခဲ့သလို၊ ဗမာစိတ် ကတော့ ပျောက်မသွား နိုင်ပါဘူး၊ ကိုယ့်ရပ် ကိုယ့်ရွာကို မပြန်ချင်တဲ့သူ ရှိပါ့မလား။ သူလည်း ပြန်ချင်မှာပါ။ မြန်မာနိုင်ငံကို အာရှတိုက်ရဲ့ အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံအဖြစ် အမြန်ဆုံး ရောက်စေ ချင်ပါတယ်။ မဖြစ်နိုင်စရာ အကြောင်း ဘာမှ မရှိပါဘူး။ သယံဇာတ လူအင်းအား၊ ဥာဏ်ရည်ဥာဏ်သွေး ကျွန်တော်တို့မှာ အားလုံး ပြည့်စုံပါတယ်။
တစ်ခုတည်းသော ဆန္ဒ
ဒီနေ့ ဒီအချိန်မှာတော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်နဲ့ မတူတော့ဘူး။ တစ်တိုင်း ပြည်လုံးမှာ ရှိကြတဲ့ လှည်းနေ လှေအောင်း၊ မြင်းဇောင်းမကျန် လူကြီးလူငယ် အားလုံး၊ တိုင်းရင်းသား လူမျိုးစု အားလုံး တူညီတဲ့ လမ်းကြောင်း တစ်ခုတည်း အပေါ်မှာ ရပ်တည် နေမိကြပြီး၊ ဒီအခြေအနေမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ အခုအချိန်မှာ တစ်နိုင်ငံလုံးရဲ့ တစ်ခုတည်းသော ဆန္ဒက တိုင်းရင်းသား အားလုံး တန်းတူ ညီတူမျှ လွတ်လပ်ပြီး ချမ်းသာယာတဲ့ တရား ဥပဒေ စိုးမိုးမှုရှိပြီး ဗြဟ္မစိုရ်တရား ထွန်းကားတဲ့ ဒီမိုးကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးသာ ဖြစ်တယ်။
လမ်းကြောင်းအမျိုးမျိုး လျှောက်ခဲ့ကြ
လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်အတွင်း တိုင်းရင်းသား လူမျိုးေ ပါင်းစုံတို့ဟာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် မတူညီတဲ့ လမ်းကြောင်း အမျိုးမျိုးကို လျှောက်လှမ်းခဲ့ကြတယ်။ အခုအချိန်မှာတော့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသာမက အုပ်ချုပ်တဲ့ အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းမယ်လို့ အတိအလင်း ကြေညာ ထားခဲ့တယ်။ မရှိခဲ့ဖူးတာ အမှန်ဖြစ်တယ်။
အကျိုးမျှော်လို့
ဒီအခြေအနေဟာ တိုင်းပြည်အတွက် အခွင့်အရေးကောင်း တစ်ရပ်ဖြစ်တယ်။ နှစ်ငါးဆယ်လောက် ကာလအတွင်း မရစဖူးကို လွက်လွပ်မခံဘဲ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လူတန်းစား အလွှား အသီးသီးတို့ရဲ့ ခိုင်မာ သိပ်သည်းပြီး တန်းတူညီမျှတဲ့ အမျိုးသား အင်းအားစုကြီး တစ်ရပ် ပေါ်ထွန်းလာအောင် တက်ညီ လက်ညီ ကြိုးပမ်း အားထုတ်ကြပါစို့လို အကျိုးမျှော်လို့ နှိုးဆော် လိုက်ရပါတယ်။
နေ့စဉ်သတင်းများ ( ၂၄- ၁၁ - ၂၀၁၀ )
■ ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့်အတူ ရွှေတိဂုံစေတီကို သွားရောက်ဖူးမြော် သတင်း
■ သျှမ်းပြည်တပ်မတော်နှင့် နအဖတပ်တို့အကြား တိုက်ပွဲစိပ် သတင်း
■ အထူးဒေသ (၄) အ၀င်ဂိတ် ပိတ်ထားရန် တြိဂံတိုင်းမှူး ညွှန်ကြား သတင်း
■ ဘုရားသုံးဆူတွင် ညမထွက်ရ သတင်း
■ ရေနံချောင်း တပ်သား အဓမ္မမှု ဆက်စစ် သတင်း
■ နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ဖို့ လို သတင်း
■ ဆယ်နှစ်အတွင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတွင် ကိုရီးယား ရင်းနှီးမြှုပ်နှံလာ သတင်း
■ မဖြူဖြူသင်း ကူညီနေသည့် လူနာများအကြောင်း စစ်အစိုးရ သတင်းစာတွင် ရှင်းလင်း သတင်း
■ HIV/AIDS ဝေဒနာရှင်များ ပြောင်းရွှေ့ရန် အစိုးရသတင်းစာ ဖိအားပေး သတင်း
■ ကြိုတင်မဲ မသမာမှုကို အစိုးရသတင်းစာက ဖုံးကွယ်ရေးသား သတင်း
■ NLD ရပ်တည်ခွင့် နောက်ဆုံး အထူးအယူခံ တင်မည် သတင်း
■ လုပ်အားပေးကိစ္စ ပပျောက်အောင် လွှတ်တော်သစ်က ဥပဒေပြုပေးရန် အိုင်အယ်လ်အို မျှော်လင့် သတင်း
■ ပြည်သူတွေက ဘောင်ချဲ့ယူနေတာ သတင်း
■ ချုလာလောင်ကွန်းတက္ကသိုလ်က မြန်မာ့အရေးဆွေးနွေးပွဲ သတင်း
■ ရွေးကောက်ပွဲအပြီး အခွန်နှုန်းများ ထပ်တက် သတင်း
■ ပြည်တွင်းခရီးသွားလုပ်ငန်းများ ကျဆင်း သတင်း
■ မြကျွန်းသာဥယျာဉ် ပုဂ္ဂလိကသို့ လွှဲပြောင်း သတင်း
■ ညီညွတ်ရေးကို တည်ဆောက် ရှေ့ခြေလှမ်းကိုပြင် (ဆောင်းပါး)
■ ပြည်သူတွေဟာ ကိုယ်နဲ့တန်တဲ့ အစိုးရ ရအောင်လုပ်ရမယ် (ဆောင်းပါး)
Wednesday, November 24, 2010
လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးချင်းစီ၏ ဆန္ဒမဲ ရရှိမှု အခြေအနေ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရရှိမှု အခြေအနေ (အပိုင်း - ၁)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရရှိမှု အခြေအနေ (အပိုင်း - ၂)
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရရှိမှု အခြေအနေ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရရှိမှု အခြေအနေ
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၀ ရာခိုင်နှုန်း နီးပါးရရှိ
Nov 24, 2010
၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို နိုဝင်ဘာလ ၈ရက်၊ ၁၀ရက်၊ ၁၁ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ရက် နှင့် ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက် နေ့များတွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်များအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၈၀ ရာခိုင်နှုန်း နီးပါးဖြင့် နေရာယူထားပြီ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ကြေညာချက်များအရ ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ၂၆၁ ဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် မှ ကိုယ်စားလှယ် သုံးဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီမှ ကိုယ် စားလှယ် တစ်ဦး၊ မွန်ဒေသလုံးဆိုင် ရာဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် သုံးဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ် ၁၂ ဦး၊ အမျိုးသား ဒီမိုကရေစီအင်အားစုမှ ကိုယ်စားလှယ် ရှစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ် ၁၈ ဦး၊ '၀' ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်နှစ်ဦး၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) မှ တစ်ဦး၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ တစ်ဦး၊ ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီမှ နှစ်ဦး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှကိုးဦး၊ ချင်းတိုးတက်ရေး ပါတီမှ နှစ်ဦး၊ ချင်းအမျိုးသား ပါတီမှ နှစ်ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး နေရာရရှိနေပြီဟု သိရသည်။
ထို့အတူ အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၂၉ ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ကိုယ်စားလှယ်လေးဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီမှ ကိုယ်စားလှယ် တစ်ဦး၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ကိုယ်စားလှယ် လေးဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် မှကိုယ်စားလှယ် တစ်ဦး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ်ငါးဦး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ကိုယ်စားလှယ်တစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်သုံးဦး၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)မှ တစ်ဦး၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီမှ သုံးဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ခုနစ်ဦး၊ ကရင်ပြည်သူ့ ပါတီမှ တစ်ဦး၊ ချင်းတိုးတက်ရေး ပါတီမှ လေးဦး၊ ချင်းအမျိုးသား ပါတီမှနှစ်ဦး၊ '၀' ဒီမိုကရက်တစ် ပါတီမှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး နေရာရနေပြီ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ကြေညာချက်များအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်ဦးရေ ၃၉၀ ဦးရှိပြီး၊ ကျန်ပါတီများမှ ၁၀၄ ဦးသာ ရှိကြောင်း သိရသည်။ ကျန်ပါတီ ဆိုသည်တွင် အမျိုးသား ဒီမိုကရေစီအင်အား စုပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ ကရင်ပြည်နယ် ဒီမိုကရေစီ နှင့်ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းတိုးတက် ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ '၀' ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)တို့ ပါဝင်ခြင်း ဖြစ်သည်။
ကြေညာပြီးသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် စုစုပေါင်း ၄၉၄ ဦးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် နှစ်ရပ်ပေါင်း ၃၉၀ နေရာ ရရှိနေပြီ ဖြစ်သောကြောင့် ရာခိုင်နှုန်း ၈၀ နီးပါးနေရာ ရထားပြီး ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်တွင် ကြေညာပြီး ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၃၂၆ ဦး၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်ဦးရေ ၂၆၁ ဦး နေရာရရှိထားသော ကြောင့် ၈၀ ရာခိုင်နှုန်းကျော် နေရာ ရထားခြင်း ဖြစ်ကြောင်း၊ ထို့အတူ အမျိုးသား လွှတ်တော်တွင် ကြေညာပြီး ကိုယ်စားလှယ်ဦးရေ၊ စုစုပေါင်း ၁၆၈ ဦး၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၂၉ ဦး နေရာ ရရှိထားသောကြောင့် ၇၆ ရာခိုင်နှုန်းကျော် နေရာ ရရှိထားကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ၄၄၀ ဦး ထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ ပါတီများနှင့် တစ်သီး ပုဂ္ဂလထဲမှ ကိုယ်စားလှယ် ၃၃၀ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့်ဖွဲ့စည်းရမည် ဖြစ်ပြီး ၂၂၄ ဦး ထဲတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅၆ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ ပါတီများနှင့် တစ်သီး ပုဂ္ဂလထဲမှ ကိုယ်စားလှယ် ၁၆၈ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင်ပါဝင်မည့် လွှတ်တော်ကိုယ်စား လှယ်ဦးရေ ၃၃၀ တွင် လက်ရှိ အချိန်ထိ ကြေညာချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က သုံးပုံ နှစ်ပုံကျော် နေရာရနေပြီး ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော်တွင်ပါဝင်မည့် လွှတ်တော်ကိုယ်စား လှယ် ၁၆၈ ဦးတွင် လက်ရှိအချိန်ထိ ကြေညာချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသုံးပုံ နှစ်ပုံကျော် ကိုယ်စားလှယ်ဦးရေ နေရာ ရရှိထားကြောင်း ဥပဒေ ပညာရှင် တစ်ဦးက သုံးသပ်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်းမှ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး ပါဝင်မည်ဖြစ်ပြီး ၆၆၄ ဦး၏ဆန္ဒဖြင့် သမ္မတရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးရေစုစုပေါင်း ၆၆၄ ဦးနေရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အင်အားကို ထည့်သွင်း မရေတွက်ခင် ကပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် ၃၉၀ ဦး နေရာ ရနေပြီဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် ကြေညာပြီးသော ပါတီများမှ ကိုယ်စားလှယ် စာရင်း စဉ် ပါတီအမည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၆၁ ၁၂၉ ၂ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ၃ ၁ ၃ တအောင်း(ပလောင်)အမျိုးသားပါတီ ၁ ၁ ၄ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၃ ၄ ၅ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၁၂ ၅ ၆ အမျိုးသားဒီမိုကရေစီအင်အားစု ၈ ၄ ၇ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၁၈ ၃ ၈ '၀' ဒီမိုကရက်တစ်ပါတီ ၂ ၁ ၉ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ၁ ၁ ၁၀ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ - ၁၁ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ ၂ ၃ ၁၂ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ၉ ၇ ၁၃ ချင်းတိုးတက်ရေးပါတီ ၂ ၄ ၁၄ ချင်းအမျိုးသားပါတီ ၂ ၂ ၁၅ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ - ၁ ၁၆ ကရင်ပြည်သူ့ပါတီ - ၁ ၁၇ တစ်သီးပုဂ္ဂလ ၁ ၁ ၁ ၁
Ref: ELEVEN MEDIA GROUP
Sakharov ဆုလက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား
2010-11-23
လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ တွေးခေါ်ရေးအတွက် ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ပွဲ ၀င်သူတွေကို ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၉၀ ပြည့်နှစ်က ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ကို ဒီ ဆု ကိုယ်တိုင် လက်ခံ ရယူဖို့ ဥရောပ ပါလီမန်က တနင်္လာနေ့ က ဖိတ်ကြား လိုက်ပါတယ်၊ ပါလီမန် ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းမှာ ဥရောပ ပါလီမန် ဥက္ကဌ Jerzy Buzek က ထည့်သွင်း ဖိတ်ကြား လိုက်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ကိုလည်း ကြိုဆို လိုက်ပါတယ်၊
လွန်ခဲ့တဲ့ နှစ် (၂၀) က ပေးအပ်ခဲ့တဲ့ Sakharov ဆုကို ပထမဆုံး ချီးမြှင့်ခံရသူ တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီး Nelson Mandela နဲ့ Kofi Annan တို့လည်း ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ကံအကြောင်း မလှတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် မယူနိုင်ခဲ့တဲ့ အတွက် နောက်ကျင်းပမယ့် ဥရောပ ပါလီမန် ညီလာခံမှာ ဒီဆုကို လက်ခံယူဖို့ ဖိတ်ခေါ်ရတာ ဖြစ်ကြောင်း ပါလီမန် ဥက္ကဌက ပြောပါတယ်။
ဒီလို ဖိတ်ခေါ်ချက်ဟာ အင်မတန်မှ သင့်မြတ်ကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ လန်ဒန် ဌာနခွဲရဲ့ ဥက္ကဌ ဒေါက်တာ ၀င်းနိုင်က ပြောပါတယ်။
နိုင်ငံတကာ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အလွန် လေးစားကြပြီး ချီးမြှင့်တာ ဖြစ်တဲ့အတွက် ကိုယ်တိုင် လာရောက် လက်ခံ ယူသင့်ကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုယ်တိုင်လာယူ မယူ ဆုံးဖြတ်ရမှာ ကတော့ သူ့အပေါ်မှာသာ မူတည်ကြောင်း၊ အခုလို အချိန်မှာ အီးယူက ဆုချီးမြှင့်ခြင်းဟာ အင်မတန် အရေးကြီးတယ်လို့ ယူဆကြောင်း ပြောပါတယ်။
ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး မှာလည်း မြန်မာနိုင်ငံ အကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာပြည်ကို သတိနဲ့ စောင့်ကြည့် နေတယ်လို့ အီးယူ သံတမန် အကြီးအကဲ Catherine Ashton က ပြောပါတယ်။
ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် လွတ်မြောက်ဖို့ အရေးကြီးတယ် လို့လည်း ပြောဆိုခဲ့ပါတယ်။
Ref: RFA News
နေ့စဉ်သတင်းများ ( ၂၃- ၁၁ - ၂၀၁၀ )
■ အဖွဲ့ချုပ် ရပ်တည်ခွင့် တရားရုံးချုပ်က ပယ်ချခဲ့ပေမယ့် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မည် သတင်း
■ အန်အယ်လ်ဒီပါတီ ရပ်တည်ရေးအမှု အယူခံ ဆက်တင်ရန် ပြင်ဆင် သတင်း
■ ကေအိုင်အေကို ထိန်းချုပ်ရန် နအဖ စီစဉ်နေသလော သတင်း
■ ခလရ (၇၇) တပ်သား အဓမ္မမှု စစစ်ပြီ သတင်း
■ ဒီကေဘီအေ ထိန်းချုပ်နယ်မြေက ဘုန်းကြီးကျောင်းများ ကထိန်ပွဲ ကျင်းပခွင့်မရ သတင်း
■ နိုင်ငံရေးအကျဉ်းသား (၂,၂၀၀) ကျော် လွတ်မြောက်ရေး မမေ့ဖို့ AAPP တိုက်တွန်း သတင်း
■ ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား သတင်း
■ စစ်အစိုးရ၏ အင်တာနက်ဆာဗာနှင့် သတင်းစာမျက်နှာ တိုက်ခိုက်ခံရ သတင်း
■ Sakharov ဆုလက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဖိလစ်ပိုင်သမ္မတ ပြော သတင်း
■ အဖွဲ့ချုပ်ဝင်တဦးကို မည်သည့်ထောင် ပြောင်းမှန်းမသိ၍ မိသားစု စိုးရိမ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အပေါ် အန္တရာယ်ဆိုး မကျရောက်စေရန် ဆုတောင်း သတင်း
■ သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာ ကြိုဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ (၁၀) နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံဆည်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီသူ ဦးဝင်းထိန်နှင့် ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူး)
■ ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် ဒေါ်လာ (၃) သိန်း အမေရိကန်လှူ သတင်း
■ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ နှုတ်ထွက် သတင်း
■ ယူဒီပီဥက္ကဋ္ဌဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းလို သတင်း
■ ဝေါ်လေဒေသရှိ စစ်အစိုးရတပ်ဖွဲ့များ စားရေရိက္ခာပြတ်လပ် သတင်း
■ သျှမ်းသူပုန်နှင့် လျှို့ဝှက်ဆက်သွယ်သူဟု စွပ်စွဲ၍ ဒေသခံ အမျိုးသမီးအား ဖမ်းချုပ် သတင်း
■ ရွေးကောက်ပွဲလွန် လူ့အခွင့်အရေးချိုးဖောက်မှု ပိုများ၊ သျှမ်းရွာသား ရာကျော် နယ်စပ်သို့ ထွက်ပြေး သတင်း
■ ကေအိုင်အေနှင့် နအဖအစိုးရကြား တင်းမာသော ဆက်ဆံရေးများကြောင့် ကေအိုင်အိုရုံးများ ရုပ်သိမ်း သတင်း
■ စစ်ဆေးရုံတွင် အန်အယ်လ်ဒီ သွေးလှူ သတင်း
■ ကျပ် (၅) သိန်းတန် ဖုန်းလိုင်း (၂) သောင်းကျော် ထပ်ချမည် သတင်း
■ ဦးဉာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရ သတင်း
■ “လူနာတွေကို အဓမ္မလုပ်လာရင် လုံးဝလက်မခံဘူး” (အင်တာဗျူး)
■ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အားလုံးနှင့် ပြေလည်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည် ဟုဆို (ဒေါက်တာအေးမောင်နှင့် မေးမြန်းခန်း)
■ အလင်းရောင် (ဆောင်းပါး)
■ မြစ်ရေနှင့် နတ်သုဒ္ဓါ (ဆောင်းပါး)
■ မဇ္ဈိမလှိုင်းခတ်သံ (ဆောင်းပါး)
Tuesday, November 23, 2010
မတူညီတဲ့ တုန့်ပြန်မှုတွေနဲ့ ၀န်ကြီးဌာနတွေရဲ့ သဘောထား
ဦးဝင်းတင်နဲ့ မေးခွန်းများ
နိုဝင်ဘာ ၂၃၊ ၂၀၁၀
(ဆက်လက်ဖော်ပြခြင်း)
ဆရာနဲ့ ဆက်လက်မေးမြန်းဖြစ်တဲ့ကိစ္စကတော့ အင်န်အယ်ဒီရဲ့ လူမှု အထောက်ကူ လုပ်ငန်း တခုဖြစ်တဲ့ ဖြူဖြူသင်း ဦးစီးတဲ့ HIV AIDS လူနာများ စောင့်ရှောက်ရေး ဂေဟာကို စစ်အစိုးရက ဖျက်သိမ်းရန် ကြိုးပမ်းနေတဲ့ ကိစ္စ၊ ပြီးတော့ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ကူးစက်ဆေးရုံက တာဝန်ရှိသူတို့က ၀င်ရောက် ဆောင်ရွက်ပေးနေတဲ့ အခြေအနေ စသည်တို့ကို ဆက်လက် မေးမြန်းဖြစ်ပါတယ်။ ဆရာက ဆက်လက်ပြောဆိုရာမှာ -
“အေအိုင်ဒီအက်စ်လူနာတွေကို စောင့်ရှောက်တယ် ဆိုတဲ့ ကိစ္စဆိုတာက နိုင်ငံတကာ အတိုင်းအတာနဲ့ ပရိုဂျက် အကြီးကြီးတွေကို ဒို့က ပြောနေတာ မဟုတ်ဘူး။ ဒါက အစိုးရက ကိုင်တွယ် ဆောင်ရွက်သွားမှာ။ အခုဟာက လူတွေကြားထဲမှာ ရှိနေတဲ့ လူနာတွေကို ပြုစု စောင့်ရှောက်နိုင်ဖို့ ဆိုတဲ့ လုပ်ငန်း ကလေးတွေကို ပြောတာပါ။ ဥပမာ ဖြူဖြူသင်းတို့ ဆောင်ရွက်နေတဲ့ လူနာပြုစု စောင့်ရှောက်ရေး ဂေဟာလိုမျိုးပေါ့။
အခုအချိန်မှာ လူထုကြားထဲက လူနာစောင့်ရှောက်ပြုစုရေး ဂေဟာလေးတွေ၊ ရိပ်သာလေး တွေကို ၀ိုင်းဝန်း အားပေး ကူညိကြဖို့ လိုအပ်နေချိန်မျိုးမှာ စစ်အစိုးရက ဖျက်သိမ်းဖို့ လူနာတွေကို ကန့်သတ်ဖို့ လုပ်လာတာကို ပြောတာ ဖြစ်တယ်။
အခုအချိန်မှာ ကျနော်တို့က ကျန်းမာရေးဝန်ကြီးဌာနတို့၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ တွေ့ဆုံ ဆွေးနွေးကြရမှာ ကတော့ တပိုင်းပေါ့လေ။ သည်နေရာမှာ ကိုကျော်သူတို့ နာရေး ကူညီရေး အသင်းက လာရောက် အားပေးတယ်။ နောက် ဖြိုးမင်းသိန်း တို့လို လူငယ်တွေကလည်း လိုအပ်တဲ့ နေရာက ဘာတွေ ဆောင်ရွက်ပေးရမလဲ ၀ိုင်းလာကြတယ်။
ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ လာရောက်ညှိနှိုင်းတာကတော့ ကျေနပ်အားရစရာ ရှိတယ်လို့ ပြောနိုင်ပါတယ်။ သူတို့ ဆေးရုံမှာလည်းပဲ လူနာတွေကို လာရောက် အပ်နှံထားရှိပါ။ ဆေးကုသမှု ပြုစု စောင့်ရှောက်မှုတွေကို ရိပ်သာလိုပဲ သဘောထားပြီး လက်တွဲပြီး လာရောက် လုပ်ကိုင် နိုင်ပါတယ်လို့ ကမ်းလှမ်း လာကြတယ်။ ၀န်ကြီး ညွှန်ကြားချက်နဲ့ ညွန်ကြားရေးမှူးတို့ ဘာတို့က ပြောလာတာ မျိုးတွေ ဖြစ်လာတယ်။
ဒါပေမယ့် တဖက်က ကြည့်ပြန်တော့လည်း မ၀တတို့လို မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေကတော့ ၂၅ ရက်နေ့ နောက်ဆုံး ထားပြီး ဧည့်စာရင်း လက်မခံတော့ဘူး။ ဖယ်ကြရမယ်လို့ ပြောတယ်။ ဖြူဖြူသင်းတို့ စင်တာကို အရင်းကနေ ခုတ်ပစ်ဖို့ ကြိုးစားနေတယ်။ ဒါက ပြည်ထဲရေး ၀န်ကြီးဌာနဖက်က တင်းမာတဲ့ သဘောထားကို ပြနေတယ်လို့ ပြောရမလို ဖြစ်နေတယ်။
ဒီဖက်က လူနာတွေဖက်က စင်တာမှာ ကြည့်ပြန်တော့လည်း တချို့လူကြီးပိုင်း ခေါင်းဆောင်ပိုင်း ကလည်း တင်းတင်း မာမာ ပြန် တုန့်ပြန်မယ်လို့ ပြောတာရှိသလို လူနာတွေဖက်ကလည်း သဘောထား မပျော့ပြောင်းတဲ့ သဘောနဲ့ တုန့်ပြန် တာမျိုးတွေ ရှိလာတယ်။ ဥပမာ အရင်တုန်းက ဆိုရင် အစိုးရ ဆေးရုံ ဆေးခန်းတွေက အခုလို HIV AIDS လူနာတွေကို ကောင်းကောင်း မွန်မွန် ဆက်ဆံတာ၊ ပြုစုတာ၊ ဆေးဝါး စောင့်ရှောက်မှု ပေးတာတွေ မရှိခဲ့ဘူး၊ မကြုံခဲ့ကြဘူး။ ဒီတော့ ဆေးရုံမှာတော့ အသေမခံဘူး၊ ရပ်ရွာပြန်ပြီးပဲ သေတော့မယ် ဆိုတာမျိုး သဘောထားတွေ ပြောလာတာ ရှိတယ်။ ဒါက လူနာ ၈၀ လောက်ရဲ့ သဘောထား။
ဒီတော့ လူနာတွေရဲ့ သဘောထားက တခု၊ ဒါဆိုရင် လူကြီးတွေဖက်က ဒေါ်စုတို့ဖက်က ခေါင်းဆောင်တွေက ဘယ်လို သဘောထားမျိုး ရှိသလဲ၊ ဘယ်လို ဦးဆောင်မှု မျိုးပေးမလဲ ဆိုတာ ကြည့်ကြ ရမှာပေါ့ကွာ။ သို့သော်လည်း အခုအချိန်မှာ ဆေးရုံ ဆေးခန်းတွေကလည်း ဒီဖက်က စင်တာတွေ၊ ရိပ်သာတွေလိုမျိုး ဒို့ဖက်ကလည်းပဲ ဒို့ရဲ့ မူလစင်တာတွေလို ရိပ်သာတွေလို သဘောထားပြီး ၀ိုင်းဝန်း လုပ်ဆောင်ပေးကြပါလို့ ကမ်းလှမ်းလာတယ်၊ မလုံလောက်တာ၊ လိုအပ်တာတွေ ရှိရင်လည်း ဒို့ဖက်က လိုအပ်သလို ပြုစု စောင့်ရှောက်တာတွေ လုပ်ပေးနိုင်တယ်၊ ရုံးခန်းတွေ ဘာတွေ ဖွင့်ခွင့်ပေးနိုင်တယ် ဆိုရင် အကောင်းဖက်၊ အကျိုးရှိတဲ့ဖက်ကို ကျနော်တို့က ညှိနှိုင်းဖို့ ဆောင်ရွက်ကြရမယ်။
ဥပမာ လူနာ ၈၀ လုံးကို မလွှတ်ဘဲနဲ့ လူနာ ၁၀ ဦးလောက်က ဆေးရုံမှာ သွားပြီး ခိုလှုံကြမယ်။ သူတို့ တုန့်ပြန်မှုကို စောင့်ကြည့်မယ်။ ကောင်းတဲ့ ရလဒ်ပေါ် မူတည်ပြီးတော့ နောက်တသုတ်ပြီး တသုတ် ဆေးရုံကို ရွှေ့ကြမယ် ဆိုရင်လည်း ဒါက ကောင်းတဲ့ တပိုင်းပေါ့ကွာ။ သို့သော် တပိုင်းဖက်ကလည်း မ၀တ ဖက်ကလည်း မြို့နယ် အာဏာပိုင်တွေ ဖက်ကလည်း ဧည့်စာရင်း တိုင်တာကို အဆင့်ဆင့် ခွင်ြ့ပုသွားတာမျိုး လုပ်လာအောင် သူတို့ကိုလည်း ညှိနှိုင်း သင့်တာပေါ့ကွာ။ ဒါဆိုရင် ဖြူဖြူသင်းတို့ ရိပ်သာမှာ အခုကာလ အပြီး လူနာတွေ ရှင်းသွားမယ်။ သို့သော် ဒီရိပ်သာလေးဟာ နောက်လူနာ အသစ်တွေအတွက် ကြားစခန်းလိုမျိုး ဆေးရုံ ဆေးခန်းတွေမျာ စောင့်ရှောက် ပြုစုမှု မရခင်စပ်ကြားမှာ ဧည့်စာရင်း တိုင်ပြီးတော့ နေထိုင်ခွင့် ဆောင်ရွက်ခွင့် ရလာမယ် ဆိုရင်လည်း အားလုံး အဆင်ပြေတဲ့ အဖြေတခု ရနိုင်တယ်လို့ ပြောချင်တယ်။
ဒါ့အပြင် ဒီရိပ်သာကို အဆင်ြ့မင့်ပြီးတော့ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ ပညာပေးရေးတွေ၊ နယ်ဒေသတွေနဲ့၊ လူနာတွေနဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်အောင်၊ ဆက်လက်ပြီး အင်စတီ ကျူးရှင်း ဖြစ်လာအောင် ဆောင်ရွက်နိုင်ရမယ်လို့ စဉ်းစားတယ်။ ဒီလိုမျိုး အကိုင်း အခက်လေးတွေ ထွက်လာအောင် ဆက်လုပ်ရမယ်လို့ ပြောချင်ပါတယ်။
ဆရာပြောတဲ့ အချက်တွေအရ ကြည့်ရင်တော့ ၀န်ကြီးဌာနအလိုက်၊ ဌာနဆိုင်ရာတွေအလိုက် တချို့သော ကိစ္စတွေမှာ မတူညီတဲ့ ကွဲပြားတဲ့ အရေးယူမှုတွေ လုပ်လာတယ်လို့ ပြောနိုင်တယ် ထင်ပါတယ်။ ဥပမာ - စာပေ စိစစ်ရေးဌာနက နေပြီးတော့ စာနယ်ဇင်းက ဂျာနယ် ၁၀ စောင်လောက်ကို စာပေ စိစစ်ရေး ခွင့်ပြုချက် မပါဘဲ ဒေါ်စုသတင်း၊ ဓာတ်ပုံတွေ ထည့်လို့ သတိပေးတယ်၊ ယာယီပိတ်ပြီး အရေး ယူတာမျိုး၊ သို့သော်လည်း နိုင်ငံခြားရေး ၀န်ကြီး ဌာနဖက်ကတော့ ဒေါ်စုရဲ့ သားဖြစ်သူ ကင်မ် ခေါ် ကိုထိန်လင်းကို ပြည်ဝင်ခွင့် ပေးလိုက်တာမျိုး၊ အခုလို ကျန်းမာရေး ၀န်ကြီးနဲ့ ဌာနဆိုင်ရာတွေက လူနာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တွေက ဧည့်စာရင်း ကိစ္စနဲ့ အရေးယူဖို့ လုပ်တာတွေကို ကြည့်ရင် ၀န်ကြီးဌာန အလိုက်၊ ဦးဆောင်သူတွေ၊ ခေါင်းဆောင်တွေ အသီးသီးမှာ မတူညီတဲ့ တုန့်ပြန်မှု သဘောထားတွေ ရှိကြတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
Ref: မိုးမခ
အင်န်အယ်ဒီလူငယ်နဲ့ လူငယ်ကွန်ယက်
ဦးဝင်းတင်နဲ့ မေးခွန်းများ
နိုဝင်ဘာ ၂၃၊ ၂၀၁၀
ယမန်နေ့က အင်န်အယ်ဒီလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံသည့် လူငယ်များ မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပခဲ့သည်။ ထို တွေ့ဆုံဆွေးနွေးရာတွင် အင်န်အယ်ဒီ လူငယ်တို့ အနေဖြင့် ခေတ်နှင့် အမီလိုက်ရန် ဆက်သွယ်ရေးနှင့် နည်းပညာကို ယခုထက်ပိုပြီး တိုးတက် အသုံးချကြဖို့ ဆွေးနွေး ပြောဆိုကြသည်ဟု ဆိုသည်။
ဆရာဦးဝင်းတင်က ပြောကြားရာတွင်
“အခုအချိန်မှာ အင်န်အယ်ဒီလူငယ်တွေက စည်းဝေးကြ၊ ဆွေးနွေးကြတယ်။ အဲဒီမှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အခြား လူငယ်တွေ၊ အခြား မျိုးဆက်တွေကလည်း လှုပ်ရှား တက်ကြွ နိုးကြား နေကြတာကိုလည်း တွေ့နေရတယ်။ ဥပမာ - အသက် ၄၀ ကျော်နေပြီ ဖြစ်တဲ့ ၈၈ မျိုးဆက်တွေရှိတယ်၊ လူငယ်တွေထဲမှာလည်း Generation Waves လို့ ဆိုတာတွေ၊ အများကြီး ရှိနေပြီ ဖြစ်တယ်။ သူတို့တတွေနဲ့ ကျန်တဲ့ တပြည်လုံးက လူငယ်တွေ၊ လူငယ် အစုအဖွဲ့တွေနဲ့ အင်န်အယ်ဒီလူငယ်တွေ ဆက်စပ်ကြပြီးတော့ အားလုံး ပါဝင်နိုင်တဲ့ လူငယ် ညီလာခံကြီးတခု လုပ်နိုင်ကြရင် ကောင်းလိမ့်မယ်လို့ ဆွေးနွေး တိုင်ပင်ကြတယ်။ ဒါကတော့ ထူးခြားတာ တခုပေါ့။
ဒါက နိုင်ငံရေးတွေ ထားလိုက်ဦး၊ ဒါက လူငယ်တွေ အားလုံးရဲ့ နိုးကြားမှု၊ အသိဉာဏ် စိတ်ဓာတ် တိုးတက် မှုတွေအတွက်၊ အမျိုးသားစိတ် တက်ကြွမှုနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်လို့ မြင်မိတယ်။ ဒါကို စစ်အစိုးရက ဘယ်လိုမျိုး အဆိုးမြင်ပြီးတော့ နှောက်ယှက်မှာလဲ ဆိုတာကတော့ တပိုင်းပေါ့ကွာ။ သို့သော် ဒီအချက်ဟာ ဒေါ်စုပြောတဲ့ Networking – Network for Democracy လိုပဲ၊ လူငယ် နက်ဝပ်ကြီး အဖြစ် ဦးတည်လာ မလား။ ဒါက စဉ်းစားစရာ အချက်တခု ပေါ့ကွာ။
ဒါက ဘာကြောင့်ပြောရသလဲ ဆိုတော့ - ရန်ကုန်က ဌာနချုပ်မှာကတော့ စာဖတ်ဝိုင်းတွေ ရှိတယ်။ သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ရှိတယ်။ ဒါပေမယ့် နယ်တွေမှာ ကျတော့ အလွှာမျိုးစုံက လူငယ်တွေ ရှိတယ်။ အင်န်အယ်ဒီ လူငယ်တွေ ရှိတယ်။ သူတို့က ကျတော့ ဒါတွေနဲ့ အလှမ်းဝေးသွားပြီ။ သူတို့ အချင်းချင်းမှာ အသိပညာတွေ၊ သတင်း အချက်အလက်တွေ ဖလှယ်တာ၊ ဆွေးနွေးတာ၊ ပြောဆိုတာတွေ အတွက် အခြေအနေတွေ၊ အခွင့် အလမ်းတွေက နည်းနည်း သွားပြီ။ ဆက်စပ် ပတ်သက်မှုက ရန်ကုန်က လှိုင်သာယာတို့၊ ဘာတို့ထက် ဆိုရင်တောင် အဆက် ပြတ်သွားကြပြီ။ နယ်တွေမှာ နက်ဝပ်ကင်း ပုံသဏ္ဍာန် ရှာဖို့ဆိုတာ လိုအပ်လာပြီ။
ဒါ့အပြင် အခြားမျိုးဆက်တွေ အစုအဖွဲ့တွေ ရှိတယ်။ ဥပမာ ၈၈ မျိုးဆက်တွေဆို အတော်ကြီးသွားပြီ။ အငယ်ထဲက ဆိုရင် ၂၀၀၇ မျိုးဆက်တွေ ဘာတွေ ရှိလာပြီ။ အဲဒါတွေနဲ့ လူငယ်တွေ အားလုံး ဆက်စပ်ကြမယ်၊ စုစည်းကြမယ်။ ဘယ်လိုမျိုး လုပ်ကြမလဲ ဆိုတာကလည်း စစ်အစိုးရရဲ့ ဖိနှိပ် ဖြတ်တောက် ကန့်သတ်ထားမှု အောက်မှာ လမ်းစ မပေါ်နိုင်ဘူး ပေါ့ကွာ။ ဒါတွေ ရှိတယ်။
နောက်ပြီး သူတို့လို မျိုးဆက်တွေဆိုတဲ့ အစုအဖွဲ့တွေဆိုတာကလည်း အဖွဲ့အစည်း ရယ်လို ရပ်တည်မှု မရှိတဲ့ အတွက် လှုပ်ရှားဖို့ ခက်နေတယ်။ အဲသည် အင်အားစုတွေဟာ အခုလို အနည်းဆုံးတော့ ဘာပဲပြောပြော တရားဝင် အဖွဲအစည်း အနေနဲ့ ရပ်တည်နေတဲ့ အင်န်အယ်ဒီ လူငယ်တွေနဲ့ ဆက်စပ် ပတ်သက်လာကြမယ် ဆိုရင် လူငယ်တွေရဲ့ နိုင်ငံရေးအသိ နိုးကြားတာတွေ၊ စည်းရုံးလှုပ်ရှားတာတွေ အရှိန် မြင့်လာ နိုင်မယ်လို့ မျှော်လင့်တယ်။
အင်န်အယ်ဒီကိုလည်း အပြင်က ဝေဖန် ခံနေရတယ်လေ။ လူကြီးတွေရဲ့ လောင်းရိပ် မိတယ်တို့၊ လှုပ်ရှားမှု မရှိဘူးတို့ ပြည်တွင်းမှာ အတော်လေး ဝေဖန် ခံရတာတွေ ရှိတယ်။ ဒါပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲ သပိတ် ကာလမှာတော့ အင်န်အယ်ဒီ လူငယ်တွေဟာ အထူးကို တက်ကြွ လှုပ်ရှားကြတာကို တွေ့နိုင်ပါတယ်။ ဒါကို အသိအမှတ် ပြုရမယ်။
သို့သော် သာမန်အချိန်တွေကျရင် အင်န်အယ်ဒီ လူငယ်တွေရဲ့ လှုပ်ရှားမှုဟာ အားနည်းတယ်လို့ ပြောကြတယ်။ အခုမှာ ဒေါ်စု လွတ်မြောက် လာချိန်မှာ အင်န်အယ်ဒီ ပြည်နယ်နဲ့ တိုင်းပေါင်းစုံက လူငယ်များက စုဝေးပြီးတော့ အခုလို စည်းဝေးပွဲ လုပ်လိုက်နိုင်တာဟာ တိုးတက်တဲ့ ခြေလှမ်း စလိုက်တာလို့ ပြောရင် ရပါတယ်။ နောက်ထပ် လူငယ်ပေါင်းစုံ ညီလာခံကြီးသာ ပေါ်ထွန်းလာမယ် ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကြီး ဖြစ်လာမယ်လို့ ကျနော်တို့က တွက်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
Ref: မိုးမခ
ဒုတိယ ပင်လုံအပေါ် ယနေ့ ကျောင်းသားလူငယ်တဦးက ရဲဘော်ဖိုးသံချောင်း ကို မေးမြန်း
November 17th, 2010
ပြည်တွင်းမှ အမည်မဖော်လိုတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကျောင်းသားလူငယ် တဦး နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း တို့ gtalk ပေါ်က အမေးအဖြေ ကို ပြန်လည် တင်ဆက် လိုက်ပါတယ်။
မေး- အခုပြည်တွင်းမှာလှုပ်ရှားနေကြတဲ့ ဒုတိယပင်လုံညီလာခံကျင်းပရေး ဆိုတာ အပေါ် ဗကပ က ဘယ်လို မြင်သလဲ သိပါရစေ။
ဖြေ- ကျနော်တို့အနေနဲ့ ကျနော်တို့ နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စ၊ တိုင်းရင်း သားများနဲ့ သွေးစည်း ညီညွတ်ရေး ကိစ္စ စတာတွေကို ကိုယ့်ပြည်သူတွေ အချင်းချင်း စားပွဲပေါ်မှာ မျက်နှာချင်းဆိုင် အဖြေရှာရမယ် ဆိုတဲ့မူကို အစောကြီးကတည်းက ကိုင်စွဲ ထားပါတယ်။ န၀တ-နအဖ တို့က ညောင်နှစ်ပင်မှာ ဖြေရှင်းသလို သူတို့ စိတ်ကြိုက် လူတွေ ခေါင်းခေါက်ခေါ်ပြီး သူတို့ပြောသမျှ ခေါင်းငြိမ့်ခိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် အခုလို ဆွေးနွေး အဖြေရှာကြတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမယ့် …
မေး- ဒါပေမယ့် ဆိုတော့ ဆက်ပါဦး။
ဖြေ- ဒါပေမယ့် ပထမပင်လုံညီလာခံ ကျင်းပတုန်းက အခြေအနေနဲ့ ဒီနေ့ ဒုတိယ ညီလာ ခံကျင်းပဖို့ စိုင်းပြင်း ကြတဲ့ အခြေအနေ တို့အကြားမှာ မတူတာတွေ ရှိတယ် ဆိုတာကို သတိ ပြုသင့်ပါတယ်။ ၁၉၄၇ ခုနှစ်တုန်းက ဦးစီးကြီးမှူး ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ အစိုးရတို့ဟာ အာဏာ လက်ရှိတွေ ဖြစ်ကြပါတယ်။ စစ်တပ်ကို အမိန့်ပေးခွင့် ရနေသူတွေ ဖြစ်ကြပါတယ်။ ဒီနေ့ အခြေအနေက အဲဒါနဲ့ ပြောင်းပြန်ပါ။ ကိုယ်က အာဏာမဲ့ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးက ဖိနှိပ်သူရဲ့ လက်ထဲမှာ ရှိပါတယ်။
မေး- ၁၉၆၁-၂ ခုနှစ်တုန်းက ဦးနုအစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံ စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့လှုရှားမှုကိုရော ဘယ်လိုပြောမလဲ။
ဖြေ- အဲဒါက ဦးနုအာဏာရနေတုန်းမှာ ဦးနုသဘောတူမှုနဲ့ လုပ်တာ ဖြစ်ပါတယ်။ “ပင်လုံ ရဲ့ နောက်ဆက်တွဲ ဆွေးနွေးပွဲ” လို့ ဆိုရင်တောင် ရမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီအ ချိန်မှာ စစ်တပ်ဟာ အာဏာရ အစိုးရ လက်ထဲမှာ မရှိတော့ပါဘူး။ အဲဒီတော့ ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်းက အာဏာသိမ်းတဲ့ အခါမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးစုပြီး ခေါင်းစင်း ပေးလိုက်သလိုတောင် ဖြစ်သွားပါတယ်။ အာဏာလိုချင်လို့ အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်း ကတော့ ဒီလုပ်ရပ်ကိုပဲ သူ အာဏာ သိမ်းရတဲ့ အကြောင်းရင်းလို့ ပြောတာပေါ့။
မေး- အခုပြောခဲ့တာကို ပြန်ချုပ်ပြပါ။
ဖြေ- လွယ်လွယ်ပြောရရင် ဒုတိယပင်လုံညီလာခံကျင်းပဖို့ ကြိုးစားတာကို ကျနော်တို့က မူအားဖြင့် ထောက်ခံ ပါတယ်။ ဒါပေမယ့် သတိတော့ ထားရပါမယ်။ ပြင်ဆင်မှုတွေ အသေအချာ လုပ်ရပါမယ်။ မလိုလားအပ်တဲ့ နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်ဖို့ အရေးကြီးတယ် ဆိုတာ ပါပဲ။
Ref: နေ့သစ်
ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (၂၀-၁၁-၂၀၁၀)
ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ၀ါရင့်နိုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (၂၀-၁၁-၂၀၁၀)
ကျမကို ဒီလိုတာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။ နောက်ပြီးတော့ တာဝန်ဆိုတာ အမြဲပဲ ကြီး မားတဲ့ ကိစ္စတခုပါ။ တာဝန်ကို ထမ်းရတယ်။ ထမ်းရတယ် ဆိုကတည်းက လေးတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ ရှိတာပေါ့။ တာဝန်သေးသေး ဆိုရင်တော့ ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ ဒီဟာကတော့ တာဝန်ကြီးကြီး ဖြစ်လို့ ကျမ အင်မတန်မှ လေးလေးနက်နက် စိတ်ထဲမှာထားလို့ တာဝန် ကျေပွန်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့် ဒီလို ကျမ တာဝန်ကျေပွန်အောင် လုပ်တဲ့အချိန်မှာ ကျမကို ၀န်းရံပြီးတော့ ကူညီပေးဖို့ လိုပါတယ်။ ကျမတို့ လူကြီးတွေ ကလည်း အကြံဉာဏ်ပေးဖို့၊ ဆုံးမစရာရှိတာ ဆုံးမဖို့၊ ကျမတို့ အထူးသဖြင့် ကျမတို့ တိုင်းရင်းသား တွေဟာ ကျမတို့ လုပ်ဖော် ကိုင်ဖက်ဟုတ်ရဲ့လား ဆိုတာကို ကျမတို့ကို ပြဖို့၊ တချိန်လုံး တယောက်နဲ့ တယောက် တဘက်နဲ့ တဘက် စကားပြော ဆွေးနွေးပြီးတော့ ဒီတာဝန်တွေကို ထမ်းဆောင် သွားရမှာပါ။ ကျမတယောက်တည်း ကျမ သဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။
အခု ဒီမှာရောက်နေတာက မျိုးဆက်တွေကလည်း စုံတယ်။ လူကြီးတွေ ... ကျမတို့ အခု လာကန်တော့နေတဲ့ ဘဘတို့ရဲ့မျိုးဆက်တွေ၊ ကျမတို့ရဲ့ မျိုးဆက်တွေ၊ ကျမတို့ထက် ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈ ထက် ငယ်တဲ့ လူငယ်တွေ မျိုးဆက်တွေပေါ့နော် … ဒီမျိုးဆက်တွေ မျိုးဆက်တွေဟာ ဒီတာဝန်တွေကို ဆက်ပြီးတော့ ထမ်းဆောင် သွားရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ အခုက အရေးကြီးတာက ကျမရဲ့အမြင်ကို ကျမ ပြောတာ ပေါ့နော်၊ ညီလာခံ တခုထက် အရေးကြီးတာက စိတ်ဓာတ်ပဲ။ အဲဒီတော့ ကျမတို့ဟာ ပင်လုံ စိတ်ဓာတ်ကို ဆက်ပြီးတော့ ရှင်သန် နေအောင်လုပ်သွားဖို့ဟာ နောင်မျိုးဆက် တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီ လာခံ တခုနဲ့ ပြီးသွားတာ မဟုတ်ဘူး။ ဒီညီလာခံက နေပြီးတော့ အကောင်အထည် ဖော်လိုက်တဲ့ ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီးတော့ ကျမတို့နိုင်ငံ အတွက် ရပ်တည် သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ဒီမျိုးဆက် တခုတင် မပြီးသွားဘူး။ မျိုးဆက်တွေ မျိုးဆက်တွေ ဆက်ပြီးတော့ လုပ်ရမယ်။ တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ရမယ်။
အခု ကျမတို့ ဒီလိုဝါရင့်နိုင်ငံရေးသမားကြီးများကို ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစ္စမျိုးနဲ့ ဆုံစည်းပြီးလုပ်တာ အင်မတန်မှ သင့်တော်တယ်လို့ ကျမ ထင်ပါတယ်။ တနည်းအားဖြင့် ဆိုလို့ရှိရင် ကျမတို့ ၀ါရင့် နိုင်ငံရေးသမားကြီးများ၊ ကျမတို့ လူကြီးများက ကျမတို့ကို လက်ဆင့် ကမ်းပြီးတော့ တာဝန် ပေးအပ်တဲ့ သဘောပါ။ အဲဒီတော့ ကျမ တို့ကလည်း အခုကတည်းက ဘွတ်ကင် လုပ်ထားရမှာပေါ့ (ရယ်လျက် …)။ ကျမတို့ပြီးလို့ ရှိရင် လူလတ်ပိုင်း၊ လူလတ်ပိုင်းကနေ လူငယ်ပိုင်း အဆင့်ဆင့် လုပ်သွားရမှာပါ။ ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိပါဘူး။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဘယ်သူနဲ့မှလည်း ကင်းတယ်လို့ မရှိဘူး။ ဘယ်တော့မှလည်း ပြီးဆုံးသွားတယ် လို့မရှိဘူး။
အဲဒီတော့ ကျမတို့ ဒုတိယပင်လုံလို့ပဲ ပြောပြောပေါ့နော်၊ ကျမ ၂၁ ရာစုနှစ်ပင်လုံလို့ ပြောချင်တာက ၂၁ ရာစု အမြင်တွေ နဲ့လည်း ကိုက်အောင် ၂၁ ရာစုနှစ်မှာ ကျမတို့ရမယ့် အခွင့်အရေးတွေ လုပ်ပုံ လုပ်နည်းပေါ့နော် … လမ်းကြောင်းတွေနဲ့ ကိုက်အောင် ဆိုပြီးတော့ ကျမက သုံးလိုက်တာပါ။ လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆို တဲ့ စကားကို ဖယ်ရှားတဲ့ သဘောလည်း မဟုတ်ပါဘူး။ ထပ်ပြီးတော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့ပဲ ကျမ မြင် စေချင်ပါတယ်။ ကျမတို့နိုင်ငံဟာ တကယ့် ပြည်ထောင်စု စစ်စစ် ဖြစ်ဖို့ဟာ လူတိုင်းရဲ့ တာဝန်ဖြစ်တယ်။
အဲဒီမှာတော့ ကျမတော့ ပြောရမှာပဲ။ ကျမတို့ ... ကျမက ဗမာဆိုတော့ ဒီလို အခြေအနေမှာ ပြောလို့လည်း ကောင်းပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေက ပိုပြီးတော့ ကြိုးစားရမယ်။ ဟို ... ငါတို့က လူများစုဆိုတာ အခွင့် အရေးယူဖို့ မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲဒီလိုပဲမြင်ပါ။ ကိုယ့်မှာ အင်အား ပိုပြီးတော့ များလို့ရှိရင် တာဝန်ပိုပြီးတော့ ယူရမယ်။ အခွင့်အရေးကို လျှော့ပြီးတော့ ယူရမယ်။ ဒါမှ လူ့သိက္ခာနဲ့ ညီညွတ်တယ်။ ဒါမှ ကျမ တို့နိုင်ငံအတွက် ကောင်းတဲ့ အစဉ်အလာတွေ ဖြစ်နိုင်မှာပါ။ ကျမ ဟို ... ဘဘ ဦးတင်ဦးလို စီကာ ပတ်ကုံးမပြော တတ်ဘူး (ရယ်လျက် ...)။ အဲဒီတော့ တိုတိုပဲ ပြောပါရစေ။
ကျမတို့ တော်လှန်ရေးဆိုတဲ့ … တော်လှန်ရေး သမားဆိုတဲ့ အဓိပ္ပာယ်ကို ကျမ ခေါ်ဆိုတဲ့ အခါမှာ တခါလည်း ပြောဖူးပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ ‘သူ့မှာတမ်း’ ဆိုတဲ့ ကဗျာပေါ်ကို အခြေခံပြီး ကျမ ပြောလေ့ ရှိပါတယ်။ တော်လှန်းရေး သမားရဲ့ စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင် ... နောက်ဆုံးဆုံးတိုင် … အဲဒီကဗျာကို မှတ်မိတဲ့ ဖတ်ဖူးတဲ့သူတွေ မှတ်မိတဲ့ သူတွေဆို သိပါလိမ့်မယ်။ ဒီတော်လှန်ရေး သမားလေးဟာ တော်လှန်ရေး မပြီးခင် ကျဆုံးသွားတဲ့ အခါကျတော့ သူက တောင်းပန် သွားတယ်။ အားနာပါတယ် ပေါ့နော်။ နောက်ဆုံး အချိန်ထိ မနေခဲ့တာ ပေါ့နော်။ အဲဒီလိုပဲ ဖြစ်ရမယ်။ ကိုယ်က ဘယ်လောက် လုပ်ပေးပါတယ် ဆိုတာကို ပြောမယ့်အစား ကိုယ် ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကို မကျေနပ် နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ် ဆိုတဲ့ စိတ်ဓာတ် ကျမတို့ အားလုံးမှာ ရှိရမယ်။ အဲဒီလို စိတ်ဓာတ်နဲ့ လုပ်သွားမယ် ဆိုလို့ရှိရင် … တကယ်တော့ နိုင်ငံတနိုင် ငံရဲ့ တော်လှန်ရေး ဆိုတာ ... အခုဆိုရင် ကမ္ဘာကြီးမှာ သူတို့က အခုနောက်ဆုံး တော်လှန်ရေးကို IT တော်လှန် ရေးပေါ့နော်။ ဒီလို သူတို့ ခေါ်ကြတယ်။ နည်းပညာတော် လှန်ရေးပေါ့နော်။ အရင်တုန်းက စက်မှု တော်လှန်ရေးလည်း ရှိခဲ့တယ်။ တကယ့် ပြင်သစ် တော်လှန်ရေး… တော်လှန်ရေးဆိုတာ အမျိုးမျိုးပေါ့။ တော်လှန်ရေး ဆိုတာဟာ အပြောင်းအလဲကြီး တခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီး တခုပဲ။ အဲဒီလို အပြောင်းအလဲတွေဟာ ကျမတို့ ကမ္ဘာကြီး တည်သရွေ့ ဒီလို အပြောင်းအလဲတွေက ရှိနေမှာပဲ။ အဲဒီတော့ ကျမတို့ အားကိုးမှာ တော်လှန်ရေး စိတ်ဓာတ်မွေးတယ် ဆိုတာ အဲဒါကို ပြောတာ။ ခေတ်နဲ့အညီ ကိုယ့်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီးတော့ ထမ်းဆောင်သွားချင်တဲ့ စိတ်။
အဲဒီတော့ အခု ကျမတို့ဟာ ခေတ်နဲ့အညီ ဒီပြည်ထောင်စု စိတ်ဓာတ်တွေကို ဘယ်တော့မဆို ခိုင်မြဲသထက် ပို ပြီးတော့ ခိုင်မြဲအောင် လုပ်သွားရမှာက အဆုံးရှိမှာ မဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာ မဟုတ်ဘူး။ ဒီ ... ပင် လုံညီလာခံ ဒုတိယ ပင်လုံ ညီလာခံ ခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာလည်း မဟုတ်ဘူး။ ပင်လုံ ညီလာခံက ဆုံးဖြတ် ချက်တွေကို အကောင်အထည် ဖော်ရမယ်။ ဆက်ပြီး ဆက်ပြီးတော့ ဒီပင်လုံ စိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာ အောင်လို့ ပိုပြီးတော့ ကျယ်ပြန့်အောင်လို့ ကျမတို့ ဆက်ပြီးတော့ ကြိုးစား သွားရမယ်။ အဲဒီတော့ ကျမဒီမှာ ခပ် တိုတိုနဲ့ပဲ ပြောပါရစေ။ ပေးအပ်ခဲ့တဲ့ … အခုပေးတဲ့ တာဝန်တွေကို ကျေပွန်အောင်လို့ ကျမ ကြိုးစားပါ့မယ်။ ဒီလို ကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့ ကူညီပေးကြပါ။ အကြံဉာဏ် ပေးကြပါ။ သဘောမတူရင်လည်း သဘောမတူ ဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့ သဘော မတူတာလဲ။ ကျမ လုပ်ပုံကိုင်ပုံကို သဘောမတူလို့ဆို ရင် ဘာဖြစ်လို့ သဘော မတူတာလဲ ဆိုတာကို ပြောကြပါ။
ကျမက အဲဒီဘာဖြစ်လို့ဆိုတဲ့ဟာ ... မေခွန်းက အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့ မရဘူး။ ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာ အကြောင်းအချက် ခိုင်ခိုင်မာမာ ရှိရမယ်။ အဲ ဒီတော့မှလည်း တဘက်က နားလည်နိုင်မယ်။ ဘယ်လို ပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင် သင့်သလဲ ဆိုတာကို သ ဘောပေါက်မယ်။ အဲဒီတော့ ဒီတာဝန် ထမ်းဆောင်ဖို့ အတွက် ကျမတို့ ၀ါရင့် နိုင်ငံရေးသမားကြီးများ ဖြစ်ကြတဲ့ လူကြီးများ၊ ကျမတို့ရဲ့ အသက်အရွယ် ကျမနဲ့ တမျိုးဆက်တည်း ဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ ကျမတို့ ထက်ငယ်တဲ့ ၈၈ မျိုးဆက်လို့ပဲ ဆိုပါတော့ လူလတ်ပိုင်း၊ နောက်ပြီးတော့ တက်သစ်စ ဖြစ်တဲ့ လူငယ်ပိုင်းတွေ ဟာ အားလုံးဝိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့ လုပ်ကြပါ။ အားလုံးရဲ့တာဝန်ဟာ တယောက်ချင်း တယောက်ချင်းရဲ့ တာဝန် ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။
ကျမတို့မှာ အားနည်းချက်တွေရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ ဆိုင်တယ်။ အောင်မြင်မှုဟာ လည်း လူတိုင်းနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ကို ထားချင်ပါတယ်။ တချို့ကျတော့ အားနည်းချက် ဆိုရင်တော့ ငါနဲ့ မ ဆိုင်ဘူး။ အောင်မြင်မှု ဆိုတော့ ဒို့ပဲ ... ဒို့ပဲဆိုတာ အဲဒါကြီးကတော့ မဖြစ်ဘူးနော်။ အဲဒီ စိတ်ဓာတ်ကိုတော့ ကျ မတို့ ဖယ်ရှားရမယ်။ ဒါဟာ ပုဂ္ဂိုလ် တဦးတယောက်ချင်း ဟာလည်း ဒီလို စိတ်ဓာတ် ထားရမယ်။ အဖွဲ့အစည်းတ ခုချင်းကလည်း အဲလိုစိတ်ဓာတ် ထားရမယ်။ အဲတော့ ကျမတို့ လုပ်တာ အောင်မြင်ရင် ဒို့ အန်အယ်လ်ဒီကွလို့ အဲလိုပြောတာဟာ အင်မတန်မှ မှားတယ်။ ဒါပေမယ့် တချို့ကျတော့လည်း ကျမတို့ ဒီ နိုင်ငံရေးနဲ့ ပတ်သက် လို့ လုပ်တာတွေဟာ သိပ်အားမရဘူး ဆိုရင် အဲဒါ အန်အယ်လ်ဒီပဲ ဆိုပြီးတော့ လက်ညိုး ထိုးတာလည်းရှိတယ်။ အဲဒီနှစ်ခုစလုံးက မမှန်ဘူး။ မမှန်ဘူး။ အားလုံးတကယ်ပဲ ကျမတို့ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော် လှန်ရေးကြီးကို အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင် အားနည်းချက်တွေကိုလည်း အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ် ထားရမယ်။ အောင်မြင်ချက်တွေကိုလည်း အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ကို ထားရမယ်။ ဒါဟာ တကယ့်ကို ညီညွတ်ရေးရဲ့ အခြေခံပါပဲ။
ဒီတော့ ကျမတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင် ကျမတို့ တိုင်းရင်းသားအားလုံး ... ကျမ တိုင်းရင်းသားထဲ မှာ ဗမာကိုပါ ထည့်ပြီးတော့ ပြောလိုက်မယ်။ ဗမာနဲ့ တိုင်းရင်းသား ဆိုတာ ဒါ ပြောစရာ မလိုဘူး။ ကျမတို့လည်း တိုင်းရင်းသား လူမျိုးပဲ။ ဒီထဲက တိုင်းရင်းသား တစုပဲ။ အဲဒီတော့ ကျမတို့ တိုင်းရင်းသား အားလုံးရဲ့ လုပ်ဆောင် ချက်ကြောင့် အောင်မြင်တယ် ဆိုတာကိုပဲ ကျမတို့ ရှေ့ရှုပြီးတော့ ကြိုးစား သွားပါ့မယ်လို့ … ကျမ … ကတိပြုတယ်ပဲ ပြောပါရစေ။ ကျမ … ကျမကတိ သိပ်ပြီးတော့လည်း မပေးချင်ဘူး။ ကတိဆိုတာ သေချာ တည်နိုင်တယ် ဆိုတဲ့ဟာကို အာမခံချက်ရှိမှ။ အဲဒီတော့ ကျမ လုပ်နိုင်သလောက် လုပ်သွားပါ့မယ်။ ကျမ တတ်နိုင်သ လောက် ဒီတာဝန်ကို ကျေပွန်အောင် လုပ်သွားပါ့မယ် လို့ပဲ ပြောပါရစေ။ အားလုံးကို ကျေးဇူး တင်ပါတယ်။ (လက်ခုပ်သံများ ....)
မှတ်ချက် - အသံကူးယူမှု ချွတ်ယွင်းချက်ကြောင့် စာသားအဖြစ် ပြောင်းလဲရေးသားရာတွင် အကျအပေါက်တချို့ ကျန်ရှိနိုင်ပါတယ်။
Ref: ဒေါက်တာလွဏ်းဆွေ
နေ့စဉ်သတင်းများ ( ၂၂ - ၁၁ - ၂၀၁၀ )
■ တော်လှန်ရေးစိတ်ဓာတ် မွေးရန် ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လူငယ်များ တွေဆုံဆွေနွေးခဲ့ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဆု ပေးမည် သတင်း
■ ဒေါ်စုသားငယ် ပြည်ဝင်ခွင့်ဗီဇာ ရပြီ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့် တွေ့နိုင်တော့မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ခွဲလို့မရနိုင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင် သမတ နှုတ်ဆက်စကားဆို သတင်း
■ လူငယ်ကွန်ရက် တည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေး သတင်း
■ ဒေါ်အောင်ဆန်းစုကြည် သတင်းကြောင့် ဂျာနယ် (၉) စောင် အရေးယူခံရ သတင်း
■ တောင်ငူထောင်ရှိ NLD လူငယ်တဦး ကျန်းမာရေး ဆိုးဝါးနေ သတင်း
■ ကေအိုင်အို ဆက်ဆံရေးရုံးများ နအဖ ပိတ်ခိုင်းပြီ သတင်း
■ လက်နက်ချမလား၊ စစ်တိုက်မလား သတင်း
■ မဖြူဖြူသင်းရဲ့ HIV/AIDS ဂေဟာမှ ဝေဒနာရှင်များကို ဦးကျော်သူ အလှူပေး သတင်း
■ အနုပညာရှင်တွေ HIV ဝေဒနာသည်တွေကို အားပေး သတင်း
■ လေဘေးသင့် ပြည်သူများကို ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာတချို့တွင် စတင်ပိတ်ပင် သတင်း
■ ရခိုင်ပြည်တွင်း မီးရထားလမ်းဖောက်လုပ်နေမှုကြောင့် ဖြစ်ပေါ်နေရသည့် အကျိုးဆက်အပေါ် သဘောထား ထုတ်ပြန်ခြင်း သတင်း
■ သျှမ်းသူပုန်နှင့် ဆက်သွယ်သည်ဟုဆိုပြီး ကျားဖြူပါတီဝင် တချို့အား ဖမ်းဆီးရိုက်နှက် သတင်း
■ စာပေစိစစ်ရေး အချက် (၁၀) ချက် ထုတ်ပြန် သတင်း
■ ရွေးကောက်ပွဲကော်မရှင်၏ အမှားပြင်ဆင်ချက်များ လူရယ်စရာဖြစ်နေ သတင်း
■ ရွေးကောက်ပွဲ ၁၆ နေရာ ရသည့် NDF ပါတီ၏ မျှော်လင့်ချက် သတင်း
■ ရွေးကောက်ပွဲကော်မရှင် ရယကများကြွေးကို ပြန်ဆပ်ရန် ပျက်ကွက် သတင်း
■ မဲမသမာမှုများကို ပူးပေါင်း ဖော်ထုတ်မည် သတင်း
■ မြောက်ဥက္ကလာနှင့် သင်္ဃန်းကျွန်း မြို့နယ်များကို ရေဖြတ် သတင်း
■ အားကစားဝန်ကြီးနှင့်အဖွဲ့ရဲ့ အလံပရိုမိုးရှင်း သတင်း
■ လုပ်သင့်တာကို စွန့်လုပ်ကြရမယ့်အချိန် (ဆောင်းပါး)
Monday, November 22, 2010
NLD လူငယ်အစည်းအဝေးတက်ဖို့ ပြည်နယ်နဲ့တိုင်း လူငယ်များ ရန်ကုန်ရောက်
2010-11-21NLD
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ကျင်းပ မယ့် လူငယ်အစည်းအဝေး တက်ရောက်ဖို့ အတွက် ပြည်နယ်နဲ့ တိုင်း အသီးသီးက လူငယ် ၁ ရာကျော် ဒီကနေ့ ရန်ကုန်ကို ရောက်လာတယ်လို့ သိရပါတယ်။
ဒီ အစည်းအဝေးဟာ ခါတိုင်း သုံးလပတ် လူငယ် အစည်းအဝေးတွေနဲ့ မတူဘဲ ဒေါ်အောင်ဆန်းစုကြည် ၇ နှစ်တာ နေအိမ် အကျယ်ချုပ်က ပြန်လွတ်လာအပြီး ပထမဦးဆုံးအကြိမ် ကျင်းပတာ ဖြစ်တဲ့အတွက် ပြည်နယ်နဲ့တိုင်း အဆင့်သာ မကဘဲ မြို့နယ် အဆင့်တွေပါ တက်ရောက်ကြမယ်လို့ ပါတီ ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
“မနက်ဖြန် ၂၂ ရက်နေ့မှာ အဖွဲ့ချုပ် လူငယ်ထု စည်းဝေးပွဲ ရှိတယ်။ လူငယ်ဖော်ဆောင်ရေး အဖွဲ့ဆိုတာကို ဗဟိုမှာ ဖွဲ့ထားပြီးတော့ ပြည်နယ်တိုင်း အသီးသီးမှာ လူငယ်ဖော်ဆောင်ရေး အထောက်အကူပြု အဖွဲ့များဆိုပြီး ဖွဲ့ထားတယ်။ အဲဒီအဖွဲ့က အစည်းအဝေး တက်ဖို့ ပြည်နယ်တိုင်း အသီးသီးက လူငယ် ကိုယ်စားလှယ် အားလုံးပေါင်း တရာကျော်လောက် ရောက်နေပါပြီ။ နက်ဖြန်မနက် ၁၀ နာရီမှာ စမယ်။ အထွေထွေ အတွင်းရေးမှူး ကိုယ်တိုင် တက်မယ်”
NLD ခေါင်းဆောင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး လူငယ်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဦးစားပေး ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ် အစည်းအဝေးကို မနက်ဖြန် ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့ နိုင်ငံရေးအမြင်၊ စည်းရုံးရေးအမြင်တွေကို တင်ပြနိုင်အောင် စီစဉ် ထားဖို့လည်း ပန်ကြားထားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့ ပြောဆိုဆွေးနွေးတဲ့ အသံနဲ့ လက်ရှိဖြစ်နေတဲ့ လူငယ် စည်းရုံးရေး အခြေ အနေတွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် သိချင်တယ်လို့ ပြောထားတယ်။ ဆွေးနွေးစေချင်တယ်လို့ ကျင်းပမယ့် သူတွေကို မှာကြား ထားတယ်။ ဒီနေ့ ပြည်နယ် အသီးသီးက လာတဲ့ လူငယ်တွေကလည်း ဟိုမှာ ပဏာမ ဆွေးနွေးမှုတွေ လုပ်ပြီးတော့ တင်ပြဖို့ ပြင်ဆင် လာကြတယ်လို့ ပြောတယ်။ နက်ဖြန်မနက် ၁၀ နာရီခွဲမှာ စပါမယ်”
NLD က ဦးအုန်းကြိုင် ပြောသွားတာပါ။
Ref: RFA News
နေ့စဉ်သတင်းများ ( ၂၁ - ၁၁ - ၂၀၁၀ )
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကို ပြည်ဝင်ဗီဇာ ထုတ်မပေးတဲ့အပေါ် ဦးဝင်းတင် ပြစ်တင်ဝေဖန် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို သန်လျင်မြို့ NLD လူငယ်များ သွားရောက်ဂါဝရပြု သတင်း
■ NLD လူငယ်အစည်းအဝေးတက်ဖို့ ပြည်နယ်နဲ့တိုင်း လူငယ်များ ရန်ကုန်ရောက် သတင်း
■ မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေ ပြန်လည်စုစည်း သတင်း
■ ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်သည့် သတင်းများ ဖော်ပြအပြီး ဂျာနယ် (၉) စောင် အနီကတ်ပြခံရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်သတင်း ဖော်ပြလို့ ဂျာနယ်တချို့ ပိတ်ခံရ သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက်ပိုများလာ သတင်း
■ စစ်အစိုးရကို ပကတိအတိုင်း မြင်အောင် ကြည့်ပြီး ဆွေးနွေးသင့် သတင်း
■ ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ ထပ်မံတောင်းဆို သတင်း
■ HIV ဝေဒနာရှင်တွေအတွက် ဧည့်စာရင်းတိုင်ကြားတာကို လက်မခံ သတင်း
■ ရန်ကုန်တိုင်း သုံးခွမြို့က လမ်းဘေးဆိုင်များတွင် ဒီဗွီဘီ ကြည့်ရှုခွင့် ပိတ်ပင်ထား သတင်း
■ စစ်အစိုးရနဲ့ လက်တွဲလုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး သတင်း
■ ရွေးကောက်ပွဲ တိုင်ကြားမှု ဆက်ရှိနေဆဲ သတင်း
■ ရွေးကောက်ပွဲအလွန် ပါလီမန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲနိုင်ဖွယ်ရှိမလား သတင်း
■ (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသည့် အားကစားပွဲ နယူးဒေလီမှာ ကျင်းပခဲ့ သတင်း
■ မြန်မာနိုင်ငံမှာ အပြောင်းအလဲ အမှန်လိုအပ်နေပြီလို့ အမေရိကန် ပြော သတင်း
■ 7 Day ဂျာနယ် ထုတ်ဝေခွင့် တပတ်အပိတ်ခံရ သတင်း
■ HIV/AIDS ဂေဟာကိစ္စ ကျန်းမာရေးဌာန လာရောက်ဆွေးနွေး သတင်း
■ အိမ်တော်ရာဘုရားဝင်းထဲက ဗုံး သတင်း
■ “စစ်ရိပ်ငွေ့များရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အားကောင်းရင် ငြိမ်းချမ်းရေးရမည်” (စာရေးဆရာကြီး ဒဂုန် တာရာနှင့် အင်တာဗျူး)
■ ဒေါ်အောင်ဆန်းစုကြည်က ၀ါရင့်နိုင်ငံရေးသမားကြီးများအား ဂါရ၀ပြု တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု များက ဒုတိယပင်လုံကို အတည်ပြုကြ (သတင်းဆောင်းပါး)
■ မျက်နှာပုံရိပ်နဲ့ ကွန်ယက်နိုင်ငံရေး (ဆောင်းပါး)
■ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား (ဆောင်းပါး)
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88