Friday, December 9, 2011

ရင်းနှီးမြုပ်နှံလို့ မကောင်းဆုံးနိုင်ငံ စာရင်းထဲက မြန်မာ မထွက်နိုင်သေး

2011-12-08

အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေထဲမှာ စီးပွားရေး လုပ်ကိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံလို့ မကောင်းဆုံး နိုင်ငံ ဖြစ် နေသေးတယ်လို့ စင်္ကာပူနိုင်ငံ အခြေစိုက် Vriens & Partners သုတေသနအဖွဲ့ရဲ့ ဒီနှစ်အတွက် ထုတ်ပြန်တဲ့ စစ် တမ်းမှာ ဖေါ်ပြလိုက်ပါတယ်။

၂၀၁၁ ခုနှစ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရည်ညွှန်းစာတမ်း မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံကို ဖေါ်ပြထား ပါတယ်။

Read More...

နိုဘယ်လ်ဆု ချီးမြှင့်ခံရခြင်း နှစ်၂၀ ပြည့် ဂုဏ်ပြုပွဲ ကျင်းပဖို့ စီစဉ်

2011-12-08

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံရခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲ အခမ်း အနားကို လာမယ့် စနေနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ ကြည့်မြင်တိုင် ရွှေညဝါ ကျောင်းတိုက်မှာ ကျင်းပ မယ် လို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။

ဒီအခမ်းအနား ဖြစ်အောင် စီစဉ်နေသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ချီးမြှင့်ခံရချိန်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ရေး တောင်းဆိုလို့ အဖမ်းခံရသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၀ ဒီ (10/D) ကျောင်းသားများလို့ နာမည်ပေးထားကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီး(စမ်းချောင်း) က ပြောပါတယ်။

Read More...

ထမံသီရေကာတာစီမံကိန်းရပ်ဖို့ အိန္ဒိယရောက် မြန်မာများ တောင်းဆို

2011-12-08

အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောက်လုပ်မယ့် ချင်းတွင်းမြစ် အထက်ပိုင်းက ထမံသီရေ ကာတာစီမံကိန်း ရပ်တန့်ပေး ဖို့ နယူးဒေလီမြို့မှာ ဒီကနေ့မနက်က တောင်းဆိုဆန္ဒပြခဲ့ ပါတယ်။

ကူကီးအမျိုးသမီးများနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း (မြန်မာနိုင်ငံ) KWHRO နဲ့ ကူကီးကျောင်းသား ဒီမိုကရက်တစ်တပ်ဦး KFDF တို့ ဦးဆောင်ပြီး နယူးဒေလီမြို့ အိန္ဒိယပါလီမန်နားက ဂျန်တားမန်တား ပန်းခြံအနီးမှာ ဒီကနေ့မနက် ဆန္ဒပြ တောင်းဆိုတာနဲ့ ပတ်သတ် ပြီး KWHRO ဥက္ကဋ္ဌ မငိုင်ငိုင်းက အာရ်အက်ဖ်အေကို အခုလိုပြောပါတယ်။

Read More...

ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

2011-12-08

ဗာတီကန် ပုပ်ရဟန်းမင်းကြီး Benedict ရဲ့အထူးကိုယ်စားလှယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Martino ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အမှာစကား လက်ဆောင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Martino ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက် ဆံရေး ပွင့်လင်းလာတဲ့ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေအအတွက် Vatican က ကောင်းချီးပေးလိုက်တာလို့ ဆိုပါတယ်။

Read More...

ဆံတော်ရှင်ပွဲတော်တွင် ဓါတ်ပုံရိုက်ခွင့် ပိတ်ပင် တားမြစ်၍ ပြည်တွင်း ပြည်ပ ဘုရားဖူးများ စိတ်အနှောင့်အယှက် ဖြစ်ရ

12/8/2011

ရခိုင်ပြည်နယ်မှ အစည်ကားဆုံး ဘုရားပွဲတော် တစ်ခု ဖြစ်သော ဆံတော်ရှင် ဘုရားပွဲတော်ကို ကျင်းပနေရာ ဓါတ်ပုံရိုက်ခွင့်ကို ပိတ်ပင် တားမြစ်ထားသဖြင့် ပြည်တွင်း ပြည်ပ ဘုရားဖူးသူများ အနေဖြင့် အထူး စိတ်အနှောင့်အယှက် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

" သူတို့က ကျေညာစာ ကပ်ပြီး ဓါတ်ပုံရိုက်တာကို ပိတ်ပင်တားဆီးထားပါတယ်။ အကယ်၍ ရိုက်ရင် ကင်မရာကိုပါ သိမ်းယူ မယ်ဆိုပြီး ကျေညာထားပါတယ်။ ယုတ်စွအဆုံး MP4 နဲ့တောင် ရိုက်ကူးခွင့် မပေးဘူးဆိုပြီး တားမြစ်ထားပါတယ်" ဟု ဆံတော် ရှင်ပွဲတော်သို့ သွားရောက်နေသူ လူငယ် တစ်ဦးက ပြောသည်။

Read More...

ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် လူပေါင်း ၄ သောင်းခွဲကျော် ပြောင်းရွှေ့ခံရနိုင်

December 8, 2011
နော်နိုရင်း

အိန္ဒိယနိုင်ငံ မယူးဒေလီမြို့ အိန္ဒိယပါလီမာန် အဆောက်အဦရှေ့ရှိ ဂျန်တားမန် တားပန်းခြံမှာ ကူကီးလူမျိုးတွေက ထမံသီရေကာတာ စီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေကြပါတယ်။

မြန်မာနဲ့ အိန္ဒိယ အစိုးရတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီအနီးမှာ တည်ဆောက် မယ့် ကြီးမားတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြောင့် လူထု ၄ သောင်းခွဲကျော် ရွှေ့ပြောင်းခံရနိုင်တယ်လို့ ကူကီးအမျိုးသမီးများ ဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆည်ဆောက်လုပ်မယ့် ထမံသီစီမံကိန်းဒေသက လူပေါင်း ၂၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၀၇ ကတည်းက အဓမ္မ ပြောင်းရွှေ့ခံခဲ့ရ တယ်လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

Read More...

လွတ်လပ်သောဧည့်လမ်းညွှန်များ သမဂ္ဂဖွဲ့ရန် ပြင်ဆင်

December 8, 2011
ရွှေအောင်

လွတ်လပ်သောဧည့်လမ်းညွှန်များသမဂ္ဂ (Freelance Guide Union )ကို ဒီရက်ပိုင်းထဲဖွဲ့ဖို့ ပြင်ဆင် လုပ်ကိုင်နေကြတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းကို အားမရတဲ့ အသင်းဝင်တချို့နဲ့ ဧည့်လမ်းညွှန်တချို့တို့ ပူးပေါင်းပြီး အခုလိုဖွဲ့ဖို့ လုပ်နေကြ တာ လို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ပြန်ကြားရေးအဖွဲ့ဝင် ကိုညီညီက ပြောပြပါတယ်။

“MTGA ဆိုတာက ကျနော်တို့ Myanmar Tourist Guide Association။ အဲဒါက ကျနော်တို့အပါအဝင် တရားဝင် ဖွဲ့စည်းပြီးတော့ လုပ်နေတာပေါ့။ သူကကျတော့ နည်းနည်း အစိုးရထိန်းချုပ်မှု နည်းနည်း ရှိတော့ ကျနော်တို့ ဧည့်လမ်းညွှန်တွေ လိုချင်သလောက် လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး။ အဲဒါကို တချို့ကလည်း အားမရလို့ သူတို့ဟာသူတို့ ဖွဲ့မယ့်သတင်းတွေ ကြားနေတယ်ဗျ။”

Read More...

တိုင်းရင်းဆေး နိုင်ငံတကာထိုးဖောက်ရန် နှစ်ချက်လိုအပ်

December 8, 2011
ရွှေအောင်

တိုင်းရင်းဆေးတွေ နိုင်ငံတကာထိုးဖောက်ဖို့ အဓိကကျတဲ့အချက် ၂ ချက် လိုအပ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ကုမ္ပဏီတည်ထောင်ပြီး ထိုင်းနိုင်ငံတွင်း တရားဝင် တင်သွင်းရောင်းချနေတဲ့ အဘထရူဆေးရဲ့ ထိုင်းတာဝန်ခံ ပြောပြ တာက “နံပါတ်တစ်ကတော့ တိုင်းရင်းဆေးဆိုတာကလည်း Chemically (ဓာတုဗေဒနည်းအားဖြင့်) မီလီဂရမ်နဲ့ အတိအကျ လုပ်ဖို့ကတော့ ခက်ခဲတာပေါ့နော်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ဥပမာ ပန်းဥဆိုပါတော့။ ပန်းဥထဲမှာပါတဲ့ ဓာတုဗေဒ ပစ္စည်းဟာ ဘယ်လောက် ရာခိုင်နှုန်းရှိသလဲ၊ သူ့ကို moisture (ရေငွေ့ရေမှုန်) ဘယ်လောက်မှာ ထားမယ်ဆိုရင် ဘယ် လောက် ရှိတယ်ဆိုတဲ့ဟာမျိုး အတိအကျပေါ့နော်။ ဟိုမှာကတော့ ကျနော်တို့ ဗမာထုံးစံအတိုင်းပဲ တရွေးထည့်ပါတို့၊ မန်ကျည်း စေ့တလုံးထည့်ပါတို့၊ ဆန်တစေ့ခန့်ဆိုတာ အဲဒီဟာတွေကို အင်တာနေရှင်နယ် အတိုင်းအတာတွေနဲ့ ဖြစ်လာအောင် လုပ်မယ် ဆိုရင်။ ဒါ ပထမတချက်က ကျနော်တို့ ထိုင်းနိုင်ငံမှာ ဖြစ်ဖြစ် တခြားနိုင်ငံမှာဖြစ်ဖြစ် ဆေးဖော်စပ်တဲ့ ဒီဆေးအကြောင်းဖော်ပြ တဲ့ အခါမှာ ရာခိုင်နှုန်းက မှန်ဖို့လိုပါတယ်ခင်ဗျ။ အဲဒီနေရာမှာ ဒါ ပထမ တချက်လို့ ကျနော် ယူဆပါတယ်။ ဒုတိယကတော့ အာနိ သင် တွေကို သုတေသနလုပ်ပြီးတော့ နိုင်ငံတကာ လက်ခံလာနိုင်အောင် စာရွက်စာတန်းတွေ ထုတ်ပေးဖို့ လိုတယ်လို့ ကျနော် ယူဆပါတယ်။”

Read More...

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား နိုင်ငံသား စိစစ်ရေးရုံးများ ဖွင့်လှစ်တော့မည်

December 8, 2011
မန်းစိုင်းမွန်

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံးတွေကို လာမယ့်နှစ် ဇန်န၀ါရီလဆန်းကစပြီး ဖွင့်တော့မယ်လို့ ထိုင်း​နိုင်ငံ ရောက်​ ​မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ကိုကျော်သောင်းက ပြောပါတယ်။

“ထိုင်းအစိုးရ တရားဝင် ကြေညာထားတာက လာမယ့် ဇန်န၀ါရီ တရက်နေ့က စပြီးတော့ ထိုင်းနိုင်ငံမှာ ၅ နေရာမှာ ယာယီ ပတ်စ်ပို့ ထုတ်ပေးမယ်တဲ့။ ဘန်ကောက်မှာ ၁ ရုံးရှိမယ်၊ စမွန်စာကွန်ခရိုင်မှာ ၂ ခုရှိမယ်၊ ချင်းမိုင်မှာ တခုရှိမယ် ထိုင်းနိုင်ငံ တောင်ပိုင်းမှာတခု။”

Read More...

မြန်မာ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်မည်

December 8, 2011
မင်းလွင်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်မယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာဟာ သူရဲ့ မြန်မာနိုင်ငံ ၃ ရက်တာ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် ထိပ်တန်းအဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မစ်ရှိဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒေးရှ် နှစ်နိုင်ငံ ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ရောက်အောင် တိုးမြှင့်မယ်လို့ ပြောသွားပါတယ်။

Read More...

၂၀၁၁ခုနှစ် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုရှင်ကို စတင် အဆိုတင်သွင်းနိုင်ပြီ

8 December 2011
နန်းသူးလေ

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင် ဆုကို ၂၀၁၁အတွက် ဆုရှင်များကိုစတင် အဆိုတင်သွင်းနိုင်ပြီဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်း (Phan Foundation) မှ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

အဆိုပါဆုမှာ အသက် ၃၅နှစ်ထက် မကျော်လွန်သေးသူ ကရင်လူငယ်များကို အဆိုတင်သွင်းနိုင်ပြီး ၎င်းတို့၏ အသက်၊ နေထိုင် ရာဒေသ၊ သက်ဆိုင်ရာလုပ်ငန်းများအပြင် မည်သည့်အကြောင်းကြောင့် လူငယ်ခေါင်းဆောင်ဆုကို ရရှိထိုက်သူဖြစ် ကြောင်း အဆို တင်သွင်းရာတွင် ဖော်ပြပေးရမည် ဖြစ်သည်။

Read More...

ကချင်ဒေသတွင် တိုက်ပွဲပြင်းထန်ပြီး ဒုက္ခသည်များလာဆဲ

8 December 2011
စောခါးစူးညား

ကချင်ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော်-KIA နှင့်မြန်မာစစ်တပ် တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန် လျှက် ရှိပြီး စစ်ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ပြေးဒုက္ခသည်ဦးရေလည်း ပို၍ များပြားလာသည်ဟု KIA က ယနေ့ ပြော ကြားလိုက်သည်။

KIA သည် နိုဝင်ဘာလ ၂၉ရက်နေ့၌ တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲ များ ဆက်ဖြစ်ကာ ယခု ဒီဇင်ဘာလ တစ်ပတ်တာအတွင်း သိသားထင်ရှားသည့် တိုက်ပွဲကြီးပေါင်း ၆၂ပွဲရှိပြီး ယခင် ဒုက္ခသည်ဦးရေ ၃၀,၀၀၀(သုံးသောင်း)ခန့် ရှိရာမှ ယခုဆိုလျှင် ၃၅,၀၀၀(သုံးသောင်းငါးထောင်)ရှိသွားပြီဖြစ်သည်ဟု KIA ဘက်က ပြောသည်။

Read More...

မြန်မာ့အရေးဆွေးနွေးဖို့ အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်ခရီးဆက်

08 ဒီဇင်ဘာ 2011
ဒေါ်ခင်မျိုးသက်

မြန်မာ့နိုင်ငံရေးမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိလာအောင် ဒေသတွင်း မဟာမိတ်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရနိုင်ဖို့ အာရှ ၃ နိုင်ငံခရီး စတင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်၊ ဒဲရက်ခ် မစ်ချဲလ်ဟာ တောင်ကိုရီး ယား မှာရောက်နေရာကနေ ဒီကနေ့ သောကြာနေ့မှာတော့ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အရင်က အမေရိကန်ရဲ့ မြန်မာ နိုင်ငံအပေါ် သဘောထားက ဂျပန်ရဲ့သဘောထားနဲ့ အနည်းငယ်ကွဲလွဲခဲ့ပေမယ့် အခု ကူညီထောက်ပံ့မှုပြန်ပေးရေး အစီအစဉ် တွေမှာ တော့ တူညီမှုရှိလာပြီလို့ ဂျပန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်ခင် မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့မှာ အာရှ ၃ နိုင်ငံ ခရီးထွက်လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချဲလ်ဟာ ဒီကနေ့ သောကြာနေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာ့အရေး ညှိနှိုင်းဆွေးနွေးဖို့ရည်ရွယ်တဲ့ သူ့ရဲ့ ဒီခရီးစဉ်ကို တောင်ကိုးရီးယားနိုင်ငံနဲ့ စတင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဗွီအိုအေကို ပြောပါ တယ်။

Read More...

အကျဉ်းကျသတင်းသမားဦးရေ ကမ္ဘာမှာ မြန်မာစတုတ္ထလိုက်

08 ဒီဇင်ဘာ 2011
ဦးစံမိုးဝေ

နယူးယောက်အခြေစိုက် နိုင်ငံတကာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အသင်းကြီး ဖြစ်တဲ့ CPJ အဖွဲ့က (၁၅) နှစ်အတွင်း ကမ္ဘာအနှံ့မှာ သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချထားမှု အများဆုံး အချိန်ကာလနဲ့ ကြုံနေရတယ်လို့ ကြာသာ ပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံဟာလည်း အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ တနိုင်ငံဖြစ်ပါတယ်။ အီရန်၊ အီရစ်ထရီးယား (Eritiea) နဲ့ တရုတ်နိုင်ငံတို့ပြီးရင် မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာရှိနေတယ်လို့ ဆိုပါတယ်။

သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အတိုင်းအတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုဆိုတာ မပြော ပလောက်တဲ့အတိုင်းအတာသာ ရှိတာပါလို့လည်း CPJ အဖွဲ့ရဲ့ ပြောခွင့်ရသူက VOA ကိုပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ပြထားပါတယ်။

Read More...

အင်တာနက်လွတ်လပ်မှု အားပေးဖို့ ကလင်တန်တိုက်တွန်း

08 ဒီဇင်ဘာ 2011

အင်တာနက်လွတ်လပ်မှုကို ထိမ်းချုပ်ကန့်သတ်မယ့် အစိုးရတွေဆီကို ဆော့ဖ်ဝဲ (software) နဲ့တခြား အဆင့်မြင့်နည်း ပညာ ဆိုင်ရာ လုပ်ငန်းတွေ၊ နည်းပညာတွေ မရောင်းချဖို့ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က တိုက်တွန်းလိုက် ပါတယ်။ နယ်သာလန်နိုင်ငံမှာ ကျင်းပတဲ့ အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာညီလာခံမှာ ၀န်ကြီးကလင်တန်က မနေ့ ကပဲ ပြောခဲ့ တာပါ။

Read More...

ဥရောပကြွေးမြီ ထိပ်သီးညီလာခံ စတင်

08 ဒီဇင်ဘာ 2011

ယူရိုငွေကြေးထိခိုက်နစ်နာမယ့် အရေးကနေ ကာကွယ်နိုင်ဖို့နဲ့ ဥရောပတိုက်အတွင်း အကြွေး ပြဿနာကြောင့် အကျပ်ရိုက်နေတဲ့ ကိစ္စတွေကိုဖြေရှင်းဖို့ နောက်ဆုံးကြိုးပမ်းတဲ့အနေနဲ့ ဥရောပ ခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ၂ ရက် ကြာထိပ်သီးဆွေးနွေးပွဲ ကျင်းပနေကြပါတယ်။

၂ နှစ်ကြာအကြွေးပြသာနာတွေတက်နေလို့ ကမ္ဘာ့စီးပွားရေး မတည်မငြိမ် ဖြစ်နေရတဲ့ကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥရောပထိပ်သီးညီလာခံ မစတင်ခင် ကြာသပတေးနေ့ ညပိုင်းအထိတော့ သဘောထားတွေ အမျိုးမျိုး ကွဲလွဲနေကြ တုန်းပဲလို့ တချို့အရာရှိတွေက ဆိုပါတယ်။

Read More...

လာအိုရေကာတာ စီမံကိန်းဆိုင်းငံ့ဖို့ မဲခေါင်ကော်မရှင်ဆုံးဖြတ်

08 ဒီဇင်ဘာ 2011

လာအိုနိုင်ငံအတွင်း မဲခေါင်မြစ်အောက်ပိုင်းမှာ အငြင်းပွားစရာဖြစ်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ ဆောက်လုပ်မှု စီမံချက်ကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချမယ့်ကိစ္စကို အချိန်ရွှေ့ဆိုင်းဖို့ အာဆီယံ ၄ နိုင်ငံက အစိုးရဝန်ကြီးတွေက မနေ့က ဆုံးဖြတ် လိုက်ပါတယ်။

ဒီရေကာတာ တည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ရေရှည်ခံမယ့် တိုးတက်မှုတွေနဲ့ စီမံခန့်ခွဲမှုတွေအတွက် အချက်အလက်တွေ သိ နိုင်အောင် ဆက်ပြီးလေ့လာဖို့လိုသေးတယ်လို့ ကမ္ဘောဒီးယားနိုင်ငံမှာ လုပ်ခဲ့တဲ့ အစည်းအဝေးအပြီး မဲခေါင်မြစ်ကော်မရှင်က မနေ့ ကပဲ ပြောပါတယ်။

Read More...

မြန်မာပြည်သူတွေ သာယာဝပြောရေး ရဟန်းမင်းကြီးမေတ္တာပို့

08 ဒီဇင်ဘာ 2011
မစုမြတ်မွန်

မြန်မာပြည်သူတွေအားလုံး ဘာသာရေး လွတ်လပ်ခွင့်နဲ့ ကောင်းကျိုးမင်္ဂလာ ခံစားနိုင်ကြဖို့ အတွက် ပုပ်ရဟန်းကြီး Benedict က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ရန်ကုန်မြို့က သမိုင်းဝင် St. Mary Cathedral ဘုရားရှိခိုးကျောင်း အနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားနောက်ဆုံးနေ့မှာ ခုလို ပုပ်ရဟန်းမင်းကြီးရဲ့ အမှာစကားကို ပါးလိုက်တာဖြစ်ပါတယ်။ ပုပ်ရဟန်း မင်းကြီး ကိုယ်စား Cardinal ဘုန်းတော်ကြီးတပါးလာရောက်တဲ့ ဘာသာရေးအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး Cardinal ဘုန်းတော်ကြီးနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ အကြောင်း စုံကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က တင်ပြထားပါတယ်။

နှစ်ပေါင်း ၁၀၀ ပြည့်သွားပြီဖြစ်တဲ့ ရန်ကုန် ဗိုလ်အောင်ကျော်လမ်းနဲ့ ဗိုလ်ချုပ်လမ်းဒေါင့်က St. Mary Cathedral ဘုရား ရှိခိုးကျောင်းအတွက် အထိမ်းအမှတ် အခမ်းအနားပိတ်ပွဲကို ဒီနေ့ ကြာသပတေးနေ့ မနက်ပိုင်းမှာ လုပ်ခဲ့တာမှာ အနယ်နယ် အရပ် ရပ်က Roman Catholic ဘာသာဝင်ပေါင်း ထောင်နဲ့ချီ လာရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ထူးခြားတာ က ပုပ်ရဟန်းမင်းကြီးရဲ့ကိုယ်စား Vatican ကနေ Cardinal ဘုန်းတော်ကြီး Renato Raffaele Martino ကြွရောက် ပြီး ပုပ်ရဟန်း မင်းကြီးရဲ့ အမှာစကားကို ဖတ်ကြားသွားခဲ့တာပါ။ ဆုတောင်းဝတ်ပြုပွဲမှာရှိနေတဲ့ Catholic ဘာသာဝင် အဆို တော့ သံသာဝင်း ပြန်ပြောပြတာက-

Read More...

နေအိမ်အငြင်းပွားမှု ဒေါ်စုကိုယ်တိုင်ရင်ဆိုင်မည်

08 ဒီဇင်ဘာ 2011
မသင်းသီရိ

ဦးအောင်ဆန်းဦးက နေအိမ်အမွေရလိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုမှာ တရားပြိုင်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်က တရားဝင်အခွင့်ရ ကိုယ်စားလှယ်မထားဘဲ သူကိုယ်တိုင် ရုံးတော်မှာ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ အဲဒီ အမွေ ဆိုင်အမှုရဲ့ ရုံးချိန်းတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားရုံးကို လျောက်ထားခဲ့ကြတာပါ။ ဒီအမှု အခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည်နေထိုင်နေတဲ့ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို သူလည်း အမွေဆိုင်ပိုင်တယ်ဆိုပြီး အကိုဖြစ်တဲ့ ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမှုဟာ ဒီကနေ့ မနက်က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး အမှတ် (၂) တရားရုံးမှာ ရုံးချိန်းရှိခဲ့ပါတယ်။

Read More...

ဦးလွင်ဈာပနနှင့် voa မြန်မာဌာနမှူး မြန်မာပြည်ခရီး

08 ဒီဇင်ဘာ 2011
ဦးသန်းလွင်ထွန်း/မစုမြတ်မွန်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးလွင်ရဲ့ အသုဘ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့တာမှာ ပရိတ်သတ်စုံစုံလင်လင် လာရောက်ပြီးတော့ သူ့ရဲ့နောက်ဆုံးခရီးကို ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။ ဒုတိယဥက္ကဋ္ဌဦးတင်ဦးနဲ့ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ဘ နေအိမ်အကျယ်ချုပ် ကျနေစဉ် ကာလတလျှောက် NLD ကို ဦးဆောင်ခဲ့သူ တယောက်ဖြစ်သလို NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကိုယူခဲ့တဲ့ ဦးလွင်ရဲ့ အသုဘကို မြန်မာနိုင်ငံမှာရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းလည်း သွားရောက်ခဲ့ပါတယ်။ ဒါကြောင့် အသုဘအခမ်းအနားကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က ဦးသန်းလွင်ထွန်းကိုဆက်သွယ်ပြီး မြင်ရတွေ့ရတာတွေကို မေးတဲ့အခါ ဦးသန်းလွင်ထွန်းက အခုလို စဖြေပါတယ်။

Read More...

အာရှရောက် အမေရိကန်စစ်တပ် တရုပ်ကို ထိန်းချုပ်ဖို့မဟုတ်

08 ဒီဇင်ဘာ 2011


သြစတြေးလျားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဖြန့်ချဖို့ စီစဉ်ခဲ့တဲ့ မကြာသေးခင်က ကြေညာချက်ဟာ ဒေသတွင်းမှာ တရုတ် ရဲ့သြဇာ ကြီးထွားလာမှုကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာမဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဌာန အဆင့်မြင့် အရာရှိတဦးက ပြောလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ တရုတ်နဲ့ ဘယ်လိုမှ မပတ်သက်ဘူးလို့ အမေရိကန် မူဝါဒရေးရာ လက် ထောက်ကာကွယ်ရေး ၀န်ကြီး မီချဲ ဖလော်နွိုင်း (Michele Flournoy) က တရုတ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့တာပါ။

သြစတြေးလျားမှာ အမေရိကန် မရိမ်းတပ်သား ၂၅၀၀ လောက်အထိ ဖြန့်ချဖို့ နိုဝင်ဘာလမှာ အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမား ကြေညာခဲ့ပြီးကတည်းက ထိပ်တန်းအဆင့် ဆွေးနွေးမှု အတွက် မစ္စစ် ဖလော်နွိုင်းဟာ ပီကင်းမှာ တရုတ်အစိုးရ အရာရှိတွေနဲ့ ဗုဒ္ဓဟူးနေ့ က တွေ့ဆုံခဲ့တာပါ။

Read More...

ထိုင်းဘုရင်စံနစ်စော်ကားမှု အမေရိကန်တဦး ထောင်ဒဏ်လ ၃၀ ကျ

08 ဒီဇင်ဘာ 2011

ထိုင်းနိုင်ငံခုံရုံးတခုက ထိုင်းဘုရင်စံနစ်ကို စော်ကားတဲ့ပြစ်မှုနဲ့ အမေရိကန်နိုင်ငံသား ထိုင်းနွယ်ဖွား တဦးကို လပေါင်း ၃၀ ထောင် ဒဏ် အပြစ်ပေးလိုက်ပါတယ်။ အသက် ၅၅ နှစ်ရှိ ထိုင်းနိုင်ငံမှာ မွေးပြီး အမေရိကန်နိုင်ငံသားဖြစ်လာသူ Joe Gorden ဟာ ထိုင်းဘုရင့်မိသားစုကို သိက္ခာကျစေမယ့် စာအုပ်တခုကို သူရဲ့ အင်တာနက်ဘလော့ပေါ်မှာ တင်ခဲ့တဲ့အပေါ် အခုလို အပြစ်ပေးလိုက် တာပါ။

မစ္စတာ Gorden က နိုင်ငံအတွင်းမှာ ပိတ်ပင်ထားတဲ့ ထိုင်းဘုရင် (Bhumibol Adulyadej) ရဲ့ ကိုယ်ရေးရာဇ၀င်စာအုပ်ကို အင်္ဂလိပ်လိုစာအုပ်ကို ထိုင်းလိုဘာသာပြန်ပြီး အမေရိကန်မှာရှိနေစဉ် အခုလို သူရဲ့ ဘလော့မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

Read More...

ထမံသီ စီမံကိန်း ရပ်ဆိုင်းရန် အိန္ဒိယတွင် တောင်းဆို

ဇာနည်မာန်
December 8, 2011

ချင်းတွင်းမြစ်တွင် အိန္ဒိယနှင့် မြန်မာ ပူးပေါင်း ဆောက်လုပ်နေသည့် ထမံသီ ရေကာတာ၊ ရေအားလျှပ်စစ်စီမံကိန်းများ ချက်ခြင်း ရပ်တန့်ရန် အိန္ဒိယရောက်မြန်မာပြည်သားများက နယူးဒေလီမြို့တွင် ယနေ့ ဆန္ဒပြ တောင်းဆိုကြသည်။

ချင်းတွင်းမြစ် သဘာ၀၀န်းကျင် ပျက်စီးမှု၊ ဒေသခံတို့ ရွှေ့ပြောင်းခံရမှုများ ဖြစ်ပေါ်ရသည့် ထိုစီမံကိန်းများမှ ထွက်လာမည့် လျှပ်စစ် ဓာတ်အားကို ဒေသခံများ သုံးစွဲရမည်မဟုတ်ဟု ဆန္ဒပြသူများက ဆိုသည်။

“စီမံကိန်းနေရာဟာလည်း ငလျင်ကြောမှာ ရှိနေတဲ့ အတွက် အကယ်လို့ ရေလွှမ်းမိုးမှုတွေ ဖြစ်မယ် ဆိုရင် အောက်ပိုင်းက ပြည်သူ လူထုပေါင်း လေးသောင်းကျော် ဒုက္ခရောက်မှာ ဖြစ်လို့ ဆက်မလုပ်ဖို့ တောင်းဆိုလိုပါတယ်” ဟု ကူကီး အမျိုးသမီးများ ဆိုင် ရာ လူ့အခွင့်ရေး အစည်းအရုံး (KWHRO) အထွေထွေ အတွင်းရေးမှူး မငါန်ငိုင်းက ပြောသည်။

Read More...

ကားအရှုပ်တော်ပုံကို ဆက်လက်စစ်ဆေးခြင်း မရှိ

December 8, 2011

မကြာသေးမီ လများအတွင်း ရန်ကုန်ဆိပ်ကမ်းမှတဆင့် ကားခိုးသွင်းမှုများတွင် ဆက်နွယ်နေသည်ဟု ယူဆရသည့် အကောက်ခွန် ဦးစီးဌာန အရာရှိ၊၀န်ထမ်း ၆၀ ကျော်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနက အရေးယူ၊ စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။

ကျပ်သိန်းပေါင်း ရာထောင်ချီ လာဘ်ပေးလာဘ်ယူ လုပ်ပြီး ကားခိုးသွင်းမှုများကို လုံခြုံရေးအရာရှိများက စုံစမ်းစစ်ဆေးရာ ထိုအမှု များတွင် ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန၏ အောက်ခြေ အကောက်ခွန် ၀န်ထမ်းများမှ ညွှန်ကြားရေးမှူးများအထိ ပါဝင်သည်ဟု ဆိုသည်။

“အခုအချိန်အထိတော့ ဘာအရေးယူမှုမှ မရှိသေးဘူး။ အားလုံး အခြေအပျက် ပိုနေမြဲ၊ ကျားနေမြဲအတိုင်း ရှိနေပါတယ်” ဟု အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် နီးစပ်သူ အရာရှိတဦးက ပြောသည်။

Read More...

ရဲဝန်ထမ်းတဦးလုပ်ရပ် ရပ်ကွက်ပြည်သူ မကျေနပ်

လင်းသန့်
December 8, 2011

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်ရပ်ကွက်တွင် မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း ရဲတပ်ကြပ်ကြီး တဦးက လူငယ်တဦးကို နေအိမ် ခြံဝင်းအတွင်း ၀င်ရောက်၍ဓားဖြင့်ခုတ်သည့်အတွက် ဒဏ်ရာပြင်းထန်စွာရခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ဒေသခံများ အကြား မကျေ နပ်မှုများ ရှိနေကြောင်း မျက်မြင်တဦးက ပြောသည်။

ယခုကဲ့သို့ ရဲဝန်ထမ်းတဦးအနေဖြင့် သာမန်အရပ်သားတဦးအား ဥပဒေမဲ့ ဓားဖြင့်ခုတ်သည့် အမှုကို သက်ဆိုင်ရာ တာဝန်ရှိသူ များ အနေဖြင့် အရေးယူအပြစ်ပေးရန် အတွက် ရပ်ကွက်နေပြည်သူအများက လိုလားနေကြောင်းလည်း သိရသည်။

Read More...

ကချင် ဒုက္ခသည်များ နိုင်ငံတကာအကူအညီ မရရှိသေး

သန်းထိုက်ဦး
December 8, 2011

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ဒေသများရှိ စစ်ပြေးဒုက္ခသည်များအား နိုင်ငံတကာ အကူအညီများ မပေးနိုင် ရန် အစိုးရက ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး အဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

စစ်ပြေး ဒုက္ခသည်များကို KIA အဖွဲ့၊ ခရစ်ယာန် ဘာသာရေးအဖွဲ့၊ ပြည်တွင်း အခြေစိုက် လူမှုရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့ အစည်း တချို့က ကူညီ ထောက်ပံ့ပေးနေသော်လည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ၏ အကူအညီများ မရရှိသေး ကြောင်း သိ ရသည်။

Read More...

မြေအောက်အပူရှိန် မြင့်တက်ပါက ရွှံ့မီးတောင် ပေါက်ကွဲမှု ထပ်မံဖြစ်နိုင်

ကျော်ခ
ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

မကြာသေးမီက ရွှံ့မီးတောင် ပေါက်ကွဲမှုတခုဖြစ်ခဲ့သော ရခိုင်ပြည်နယ်တွင် မြေအောက် အပူရှိန်မြင့်တက်ခြင်းဖြစ်ပါက ရွှံ့မီး တောင်များ ထပ်မံပေါက်ကွဲမှုဖြစ်နိုင်ကြောင်း ဘူမိဗေဒပညာရှင် အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။

ရွှံ့မီးတောင် အဖြစ်ပေါက်ကွဲနိုင်သည့် မြေအောက်ရေပူပြတ်ရွေ့ကြောများ ရှိနေသော ကျောက်ဖြူမြို့နယ် အပါအဝင် ရမ်းဗြဲကျွန်း တို့တွင် ငလျင်လှုပ်ခတ်ခြင်း၊ မြေအောက် အပူချိန်များ မြင့်တတ်ခြင်းများ ဖြစ်လျှင် နောက်ထပ် ပေါက် ကွဲမှုများ ဖြစ်နိုင်ပြီး လူများပြောင်းရွှေ့နေထိုင်ရမည့် စိုးရိမ် ဖွယ်ရာများမရှိဟု သိရသည်။

“အဲဒီပြတ်ရွေ့ကြောတွေရှိတဲ့နေရာတွေမှာ လှုပ်ရှားမှုတွေရှိလာရင် အောက်က အက်ကွဲကြောင်းတွေအတိုင်း ရေတွေ က circulate ဖြစ်လာတယ်။ ဖြစ်တော့ အထက်ကို hot spring အနေနဲ့ ပျံပြီး ထပ်ထွက်လာနိုင်တာပေါ့။ မီးတောင်ကြီး တွေလို ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ လူတွေ ရွှေ့ပြောင်း ရလောက်အောင် အန္တရာယ် မပေးနိုင် ပါဘူး” ဟု ဦးစိုးသိန်း က ပြောသည်။

Read More...

မြန်မာဖမ်း အိန္ဒိယသတင်းထောက် နှစ်ဦးကိစ္စ ဝန်ကြီးချုပ်ထံ စာပို့

ကိုပေါက်
ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

မြန်မာအာဏာပိုင်များက ဖမ်းဆီးထားသည့် အိန္ဒိယ သတင်းထောက်နှစ်ဦးအရေး ပါဝင်ဆောင်ရွက်ပေးရန် အာသံ သတင်းစာ ဆရာများအသင်း Journalists’ Forum of Assam က ဝန်ကြီးချုပ် မန်မိုဟန်ဆင်း Manmohan Singh ထံ စာရေး သား တောင်းဆိုလိုက်သည်။

ကြာသပတေးနေ့က ပေးပို့လိုက်သော အဆိုပါစာတွင် မြန်မာအစိုးရ ဖမ်းဆီးထားသော သတင်းထောက်နှစ်ဦးလုံး ပြန်လွှတ်ပေး လိုက်ကြောင်း ကြားသိရသော်လည်း အာသံပြည်သို့ ယခုချိန်ထိ ပြန်မရောက်သေးသဖြင့် စိုးရိမ်ပူပန် လျက်ရှိကြောင်း ပါရှိသည်။

Read More...

ဒုက္ခသည်နှင့် အထောက်အထားမဲ့အရေး အမြန်ဖြေရှင်းဖို့လိုဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

ထွန်းထွန်း
ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အရေးကို အလျင်အမြန် ဖြေရှင်းရန် လိုအပ် ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုကြောင်း သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိ သည်။

“နာရပရာနှင့် ကူတူပလောင်စခန်းများအတွင်း နေထိုင်လျက်ရှိသော မြန်မာဒုက္ခသည်များကိစ္စနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင်း အခြေချနေထိုင်လျက်ရှိသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ၏ အရေးကိစ္စများကို ဆွေးနွေး ခဲ့ပြီး၊ ယင်းကိစ္စရပ်များကို ဆောလျင်စွာ ဖြေရှင်းနိုင်မှုသည် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရာတွင် ကောင်းစွာ အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း ပြော ကြား ခဲ့သည်” ဟု ဒီဇင်ဘာလ ၆ ရက် ရက်စွဲဖြင့် ကြေညာချက်တွင် ပါရှိသည်။

Read More...

NED အကြီးအကဲ မြန်မာပြည်သွား

ကိုဝိုင်း
ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

အမေရိကန်နိုင်ငံ နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့  National Endowment for Democracy NED မှ အကြီး တန်း ညွှန်ကြားရေးမှူး Brian Joseph ဘရိုင်ယန်ဂျိုးဇက်သည် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် မြန်မာ နိုင်ငံတွင်း စီးပွားရေး၊ ဥပဒေစိုးမိုး ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် NED သည် လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်၊ ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ဥပဒေစိုးမိုးရေး တို့အတွက် အထောက်အပံ့ပေးနေသော အဖွဲ့အစည်းတခုဖြစ်သည်။

Read More...

ကုလားတန် ဖွံ့ဖြိုးရေးစီမံကိန်း သတင်းအားနည်းဟုဆို

သဲသဲ
ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တည်ဆောက်နေသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏ သတင်း အချက် အလက် ရရှိမှု အားနည်းနေပြီး ဒေသခံတို့က စီမံကိန်းအပေါ် စိုးရိမ်မှုများ ရှိနေသည်ဟု ရခိုင်ကမ်းရိုးတန်း သဘာဝ ပတ် ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (RCA) ၏ ဒုဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေ က ပြောသည်။

“များသောအားဖြင့်က ဒီစီမံကိန်းအကြောင်းကို မကြားဘူးတာများတယ်။ တချို့ကလည်း စီမံကိန်းကြီးဖြစ်လာတော့ သူတို့ ထွက် ကုန်တွေ တိုက်ရိုက် တင်ပို့ရောင်းချနိုင်မယ်လို့ မြင်တာရှိသလို သာမန် ရွာသားတွေကတော့ သူတို့ ပုံမှန် လုပ်ကိုင်စားသောက် နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်မယ်ဆိုပြီး မြင်ကြပါတယ်။” ဟု ဦးမောင်မောင်သိန်းဖေက မဇ္ဈိမကို ပြောသည်။

Read More...

Thursday, December 8, 2011

NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်

ကိုဝိုင်း
ဒီဇင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စတင် တည်ထောင်စဉ်ကတည်းက ပါဝင်လာကြသူ တပ်မတော် အရာရှိ ဟောင်းများထဲမှ တဦးဖြစ်သည့် ဦးလွင် (ဗိုလ်မှူးကြီး-ငြိမ်း) သည် အင်္ဂါနေ့ညက လူကြီးရောဂါဖြင့် ကွယ်လွန် သွားပြီ ဖြစ်သည်။

ကျန်ရစ်သည့် ရုပ်အလောင်းအား ဗုဒ္ဓဟူးနေ့ မွန်းလွဲ တနာရီခွဲတွင် အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသဂြုင်္ိဟ်မည် ဖြစ်သည်။

အသက် ၈၇ နှစ်အရွယ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးလွင်အပါအဝင် စစ်မှုထမ်းဟောင်း များဖြစ်သည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွန်းတင်တို့သည် ကျန်းမာရေး ချို့တဲ့လာသဖြင့် ပါတီ အစည်းအဝေးနှင့် အခမ်းအနားများကို မတက် နိုင်သည်မှာ ကြာပြီ ဖြစ်သည်။

Read More...

အပေါ်သို့