December 6, 2011
ရွှေအောင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကြီးမှူးကျင်းပမယ့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲနဲ့ တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ သုဝဏ်ဏအားကစားကွင်း မိုးလုံလေလုံခန်းမမှာ ဒီလထဲ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
တေးဂီတဖျော် ဖြေပွဲကို ရန်ကုန်မြို့က နာမည်ကြီး တေးဂီတဝိုင်းတွေနဲ့ နာမည်ကျော် တေးသံရှင် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်သီဆို ဖျော်ဖြေ တင်ဆက်ကြမယ့် အကြောင်းနဲ့ ဈေးရောင်းပွဲနဲ့ ဖျော်ဖြေပွဲကရရှိတဲ့ ရန်ပုံငွေ အားလုံးကို လှူဒါန်းသွားမှာဖြစ်တဲ့အကြောင်း အဖွဲ့ချုပ်ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း ဒီနေ့မနက်ပိုင်း ရန်ကုန်က ဆာကူရာတာဝါမှာ ပြုလုပ်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဦးဝင်းတင် တက်ရောက်ခဲ့ပါတယ်။
ဦးဝင်းတင် ပြောကြားခဲ့တဲ့ အဖွင့်စကားကို ဦးအုန်းကြိုင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်သူ့ဒီမိုကရေစီ ကွန်ရက်ကြီးကို စတင်ဖွဲ့စည်းပြီးတော့ အန်အယ်လ်ဒီက ဆောင်ရွက်ခဲ့ရာမှာ လူငယ်ပညာရေး ကွန်ရက်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလူငယ် ပညာရေး ကွန်ရက်ရဲ့ ဆောင်ရွက်ချက်တွေကတော့ ကျေနပ်ဖွယ်ရာ အောင်မြင်မှုတွေ ရရှိလာပြီဖြစ်ပါတယ်။ မကြာသေးမီက အထွေထွေ အတွင်းရေးမှူးနဲ့ ဂီတပညာရှင်တွေ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပိုမိုအားကောင်းတဲ့ ဂီတပညာရှင်များ ညီညီညွတ် ညွတ် နဲ့ ပံ့ပိုးမှုတွေရလာတာကို ဝမ်းသာအားရဖြစ်မိပါတယ်” လို့ ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းထောက် ၂၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့လဲ ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက် ညနေ ကျင်းပလုပ်မယ့် ရန်ပုံငွေဈေးရောင်းပွဲမှာ ပညာရေးကွန်ရက်က ဖွင့်ထားတဲ့ကျောင်းတွေက ဆိုင်ခန်းပေါင်း ငါးဆယ်လောက်မှာ အမှတ်တရပစ္စည်းနဲ့ အစားအသောက်တွေ ရောင်းချမှာဖြစ်ပါတယ်။
ရန်ပုံငွေ တေးဂီတ ဖျော်ဖြေပွဲလက်မှတ်တွေကိုတော့ လက်မှတ်တစောင်ကျပ်ငါးထောင်ကနေ ကျပ်သုံးသောင်းလောက်ထိ သတ် မှတ် ရောင်းချသွားမှာဖြစ်ပြီး၊ ပညာရေးရန်ပုံငွေပွဲဖြစ်တာမို့ မေတ္တာလက်မှတ် လုံးဝမပေးဘူးလို့ ဆိုပါတယ်။
နာမည်ကြီး အဖွဲ့တွေ ပါဝင်တီးခတ်ဖျော်ဖြေပေးကြမှာဖြစ်ပြီး ဟစ်ဟော့အဖွဲ့သုံးဖွဲ့လည်း ပါဝင်တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ဇော်ဝင်း ထွဋ်၊ မျိုးကျော့မြိုင်၊ ဘိုဖြူ၊ အဲလက်စ်၊ ဆောင်းဦးလှိုင်၊ အာဇာနည်၊ သားထွေး၊ ဂျီလတ်၊ ရင်ဂို၊ ဂျေမောင်မောင်၊ နွဲ့ယဉ်ဝင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ဝိုင်းစုခိုင်သိန်း၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ မီးမီးခဲ၊ နီနီခင်ဇော်၊ အေသင်ချိုဆွေ၊ အိမ့်ချစ်နဲ့ အခြား နာမည်ကြီး အဆိုတော်တွေ သီဆိုကြမယ်လို့ ဆိုပါတယ်။
မနလေးမြို့မှာလည်း ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဆက်လက် ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: ဒီဗွီဘီ
Wednesday, December 7, 2011
ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲနှင့် ဂီတဖျော်ဖြေပွဲ အဖွဲ့ချုပ် ဦးဆောင်ကျင်းပမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment