December 6, 2011
မင်းလွင်
ကျင်း ပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဂဂမျိုးဆက်ကျောင်းသား လူငယ်များတချို့လည်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရ ပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက “ဂဂမျိုးဆက်ကျောင်းသားတွေထဲမှာ အဓိကက ဒေါ်အောင် ဆန်းစုကြည်ကို ဝန်းရံမယ်ဆိုတာ ဘုံသဘောထားတူညီချက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံတဲ့နေရာမှာ ပါတီပြင်ပကနေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ထဲကိုတော့ မဝင်ဘူးပေါ့ဗျာ။ ပါတီပြင်ပကနေ ဝန်းရံမယ်ဆိုတဲ့ အင်အားစု တစုရှိတယ်။ တစုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကို ဝင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံမယ်။ ဒါပေမယ့် လွှတ်တော်ထဲကိုတော့ မသွားဘူး။ ရွေးကောက်ပွဲမဝင်ဘူးပေါ့ဗျာ။
“တစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံမယ်။ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးမယ်ဆိုရင် လွှတ်တော်နိုင်ငံရေးထဲထိ လှုပ်ရှားမယ် ဆိုတဲ့ သဘောထားရှိတယ်။ ရပ်တည်မှု ပုံစံက သုံးမျိုးရှိနေတယ်။ ဒေါ်စုကို ဝန်းရံမယ်ဆိုတာကတော့ အားလုံးက တူညီတဲ့ သဘောထားဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးနည်းအရ ဝန်းရံပြီးတော့ အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ မူ ၃ ချက်ကို ထောက်ခံပြီးတော့ ဖော်ဆောင်ရမှာတွေကို လွှတ်တော်တွင်းရော လွှတ်တော်ပြင်ပကနေ လုပ်ဆောင်သွားမယ်လို့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။
“အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေးနဲ့ ပတ်သက်ပြီးတော့ ချမှတ်ထားတဲ့ မူ ၃ ချက်ရှိတယ်။ အဲ့ဒီ မူ ၃ ချက်က တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးရယ်ပေါ့။ အဲ့ဒီ မူ ၃ ချက်ကိုလည်း ကျနော်တို့က ထောက်ခံတယ်။ အဲ့အတွက် ကျနော်တို့က အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အားဖြစ်အောင် မူ ၃ ချက်မှာ ဖော်ဆောင်ရမယ့် အချက်တွေကို ကျနော်တို့က ဝိုင်းဝန်းပြီးတော့ လွှတ်တော်ပြင်ပပဲဖြစ်ဖြစ်၊ လွှတ်တော်တွင်းပဲဖြစ်ဖြစ်ပေါ့၊ အန်အယ်လ် ဒီ က လွှတ်တော်ထဲသွားတယ်ဆိုလည်း ကျနော်တို့က လွှတ်တော်ပြင်ပကနေ ဒါတွေကို ပူးပေါင်းဖော်ဆောင် ပေးမယ်ဆိုတဲ့ သဘောထားမျိုး ကျနော်တို့မှာ ရှိတယ်။”
ဂဂမျိုးဆက်ကျောင်းသား ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို မလွှတ်သမျှ လာမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ ကိုမြတ်သူ ကိုကိုကြီး (စမ်းချောင်း) တို့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘဲ ရွေးကောက်ပွဲ လုပ်တာဟာ တရားမျှတမှု မရှိဘူးလို့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။
“ကျနော်တို့ ဂဂမျိုးဆက် ခေါင်းဆောင်တွေ မလွှတ်ဘဲနဲ့ ဂဂ မျိုးဆက် ကျောင်းသားတွေက ဘယ်လိုမျက်နှာမျိုးနဲ့ ရွေးကောက်ပွဲ ကို ဝင်ရမှာလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို ကျနော်တို့ ဆန့်ကျင်နေတာ မဟုတ်ဘူး။ ထောက်ခံနေတာလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဝန်းရံသွားမယ်ဆိုတာ အင်တာဗျူးတွေမှာ အတိအလင်း ပြောထားပြီးပါပြီ။ ဆက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်သွားမှာပဲ။ မနေ့က ထုတ်ပြန်လိုက်တဲ့ သဘော ထားသည် ဂဂမျိုးဆက်ကျောင်းသားတွေ အနေနဲ့ ရွေးကောက်ပွဲ ဝင်မှာမဟုတ်ဘူး ဆိုတာကို သဘောထားထုတ်ပြန်ရတာ။ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ထဲ ထည့်ထားပြီးတော့ ရွေးကောက်ပွဲကို ဒီလိုကျင်းပတာဟာ ဘယ်လိုနည်းနဲ့မှ မှန်ကန်တဲ့ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲ ဒီမိုကရေစီ လမ်းကြောင်းကိုသွားမယ့် ရွေးကောက်ပွဲလို့ ကျနော်တို့ မမြင်နိုင်ဘူး။”
Ref: ဒီဗွီဘီ
Wednesday, December 7, 2011
၈၈ မျိုးဆက်ကျောင်းသားအချို့ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment