Friday, December 19, 2008

လူ့ငနွား များအတွက် ငရဲမရှိတော့ပြီလော

တကယ်တော့လဲ ထိုအကြောင်းအရာသည် လူတိုင်း ကြားရ၊ ဖတ်ရလွန်းသဖြင့် ရိုးနေလောက်ပါပြီ။ (၂၀၀၇) ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ၏ အဓိက မြို့တော်ကြီးဖြစ်သည့် ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များအား မြန်မာအစိုးရ စစ်တပ်မှ အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ခဲ့မှု အကြောင်း အင်တာ နက် စာမျက်နှာများမှ တဆင့် တစ်ကမ္ဘာလုံး မမြင်ချင်လဲ မြင်ရ၊ မကြားချင်လဲ ကြားရပြီး ဖြစ်ပါသည်။ ယခု အခါမှ ထိုအကြောင်းကို ဆက်ကာ ဆက်ကာ ပြောနေခြင်းသည် ချေးခြောက်ရေနှူးသကဲ့သို့သာ ဖြစ်နေနိုင်ပါ သည်။ သို့တိုင်အောင် ထိုဖြစ်ရပ်ဆိုးများ၏ နောက်ကွယ်တွင် လူအများ အသေအချာ မသိနိုင်သေးသော အခြေအနေ အချို့လဲ ရှိနေနိုင်ပါသေးသည်။ တကယ်တမ်းတော့ အနော်ရထာမင်းစော လက်ထက်ကတည်း က ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံတွင် အခိုင်အမာ အမြစ်တွယ်လာခဲ့သည်။ အခြားသော ဘာသာရေး ကိုး ကွယ်မှုများ ပြန့်နှံ့ဝင်ရောက်လာသည့်တိုင် နိုင်ငံတော်ဘာသာအဖြစ် အခိုင်အမာ တည်ရှိနေခဲ့သည်။


ပန်းစုလှိုင် ( လူထုအသံ- ရန်ကုန် )
REF: လူထုအသံ

Read More...

နေ့စဉ်သတင်းများ

မြန်မာနှင့် ဇင်ဘာဘွေ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘန်ကီမွန်းပြစ်တင်ဝေဖန်
ရှေ့နှစ် စီးပွားရေး အခက်အခဲ ကြုံရနိုင်ခြေ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ သတိပေး
ကမ္ဘာ့စီးပွားရေး အကျပ်အတည်း မြန်မာပြည်သူတွေကို ရိုက်ခတ်
စီးပွားရေးပြုပြင်မှုတွေ ဆက်လုပ်ဖို့ တရုတ်သမ္မတ ကတိပေး
အမေရိကားက မော်တော်ကားစက်ရုံးကြီးတွေ ခေတ္တ ပိတ်ပစ်မယ့်သတင်း

နေ့စဉ်သတင်းများ

အန်အယ်လ်ဒီ၏အနာဂတ်မှုန်ဝါးနေဟု ဦးဝင်းတင်သုံးသပ်
အန်အယ်လ်ဒီ၏အနာဂတ် အမှန်တကယ် မှုန်ဝါးနေပြီလား
အနာဂတ်ကို ဖောက်ထွက်ကြပါ (ဦးဝင်းတင်၏ ဟောပြောချက်များ)
ထီဆိုင်ကြီးများ သိန်း (၁,၀၀၀) ဆု အပိုကြေး အပြိုင်ဈေးခေါ်
ဥပဒေကျောင်းသူမဟန်နီဦးကို လားရှိုးထောင်ပြောင်း
ကုလ အတွင်းရေးမှူးချုပ် မြန်မာ့အရေး လက်မှိုင်ချ
နာဂစ် ခရီးသွားလုပ်ငန်း ရပ်ဆိုင်း
ရန်ကုန် တရားပွဲပါမစ်များ ပိတ်
တရားမ၀င်မြန်မာအလုပ်သမား ၁၅ ဦး မတရားပြစ်ဒဏ်ချခံခဲ့ရ
အရှေ့တီမောနှင့် ချက်က မြန်မာသူပုန် ၃၄ ဦးကို ခိုလှုံခွင့် ပေးမည်
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၈၄ ခုကို အစိုးရက စာရင်းကပယ်ဖျက်
ထောင်ထဲကစာ အပြင်ထုတ်သူကို ၉ နှစ် ထောင်ချ

Thursday, December 18, 2008

နေ့စဉ်သတင်းများ

စစ်အစိုးရ ကတိမတည်လို့ ဘန်ကီမွန်း စိတ်ပျက်
စီးပွားရေးနိုးထစေဖို့ ဗဟိုဘဏ် အတိုးနှုန်းလျှော့ချ
မြန်မာအစိုးရ တရားစီရင်ရေးစနစ်ကို ဖိနှိပ်ဖို့အသုံးချ
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကြားနာပွဲ ဥရောပပါလီမန်ရုံးမှာ ကျင်းပ
လူ့အခွင့်အရေးသမား ဦးမြင့်အေးကို ထောင်ပြောင်း
ဘန်ကီမွန်း မြန်မာပြည် မသွား
ဝဒေသတွင် AK-47 ထုတ်နေပြီ
အမေရိကန်သမ္မတအား ပေါက်သည့်ရှူးဖိနပ်ကို ဒေါ်လာ (၁၀) သန်းပေး
ကားဈေးကွက် အရောင်းအဝယ် မရှိ
အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဖြန့်ဖြူးရေးလုပ်ငန်း ဦးတေဇအား ပေးတော့မည်
စစ်တိုင်းမှူး (၃) ဦးကို ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ထူးထူးခြားခြားခန့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက လူငယ်နဲ့ အနာဂတ် ဟောပြောပွဲ
စင်္ကာပူရောက် မြန်မာများ ပြည်တော်ပြန်ရေး လေယာဉ်လက်မှတ် အခက်အခဲဖြစ်
ထူးကုမ္ပဏီက မလိခတည်းခိုခန်းကို လွှဲယူဦးမည်
စစ်ခေါင်းဆောင်ထံ တင်ပြသော စာကို ဖတ်မှုဖြင့် ထောင်ချခံရ
မြန်မာ့ဒီမိုကရေစီ အင်အားစုများကို အထူး ကူညီသွားမည်ဟု မက်ဒလင်း အောလ်ဘရိုက်ပြောကြား
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရာဇဝတ်မှုများ နေ့စဉ်ဖြစ်နေ
ကျေးရွာဥက္ကဋ္ဌ အလွဲသုံးစားလုပ်မှုကို သက်ဆိုင်ရာက အရေးယူခြင်းမရှိသေး

Wednesday, December 17, 2008

နအဖကို ကာကွယ်ပေးမနေစမ်းပါနဲ့ - ဂါမဏိ

(နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG အိုင်စီဂျီ၏ ၂ဝဝ၈ အောက်တိုဘာ ၂ဝ ရက် ထုတ် 'နာဂစ်အလွန် မြန်မာပြည်-ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ အချိန်ကျပြီ' အစီရင်ခံစာ သို့ ချေပချက်)

မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်စက်အကြမ်းကြုတ်ဆုံး စစ်အစိုးရတခုက အုပ်ချုပ်ထားသည်။ ၎င်းအစိုးရ သည် ဒီမိုကရေစီ ကို ချိုးနှိမ်ထားရုံသာမကဘဲ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာရေး အကျပ်အတည်းကို ဖန်တီးပေါ်ပေါက်စေသည့် ပြစ်မှုပါ ကျူးလွန်ထားသည်။ ဤဖြစ်ရပ်ကိုတုံ့ပြန်ရာ၌ အိုင်စီဂျီသည် မူလ နောက်ခံဇာတ်ကြောင်းကို မေ့လျော့သွေဖီသွားခဲ့လေသည်။




REF: နေ့သစ်

Read More...

အရေးနိမ့်ခဲ့ရသော မြန်မာ့အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၄) - နော်မန် ရိုဘက်စ် စပီရီ

အတိုက်အခံ အင်အားစုများအတွက် အဓိကအမှား ဖြစ်နိုင်သည်မှာ စစ်တပ်ကို ဖြိုခွဲသိမ်းသွင်းရန် စနစ်တကျ စုစည်းဆောင်ရွက်မှု မရှိခဲ့ခြင်းဟု ဆိုနိုင်ပါသည်။ ဤအချက်မှာ အကယ်၍ သူတို့က နိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေမှု အောက်မှ လွတ်မြောက်လိုသည်ဆိုလျှင် အဓိကမဟာဗျူဟာ ရည်မှန်းချက်တခု ဖြစ်သင့်ပါ သည်။ စစ်တပ်တခုသည် ယေဘုယျအားဖြင့် စုပေါင်းတာဝန်ယူမှု၊ တာဝန်သိမှု ရှိကြပြီး ပြင်ပမှ လူများက သူတို့အဖွဲ့သား အားလုံးအပေါ် စုပေါင်းအပြစ်ပုံချကြခြင်းကြောင့် သူတို့ကို သွေးခွဲပြိုကွဲစေမည့်အစား ညီညွတ် အောင် လုပ်ပေးသကဲ့သို့ ဖြစ်နေစေပါသည်။




REF: ဧရာဝတီ

Read More...

ကျောင်းသားနဲ့ နိုင်ငံရေး - မောင်စွမ်းရည်

ကျောင်းသားတွေ နိုင်ငံရေး “လုပ်ရ”၊ “မလုပ်ရ” ဆိုတဲ့ ပြဿနာဟာ သံဃာတွေ နိုင်ငံရေး လုပ်ရ၊ မလုပ်ရ ဆို တဲ့ ပြဿနာလိုပဲ မြန်မာ့ခေတ်သစ်သမိုင်းတလျှောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။ ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက တင်ပြဖူး တယ်။ ခေါင်းစဉ်ကတော့ “ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” လို့ တိုက်ရိုက် တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ ထည့်သွင်းဆွေးနွေးထားတာက မျိုးဆက်သစ်တွေ တိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ။ ဒီအချက်တခု ငြိနေပေမယ့် “ကျောင်းသားနိုင်ငံရေး လုပ်သင့်တာပေါ့” လို့ ဘယ်သူမှ ပြန်မရေးကြပါဘူး။ ရေးရင် ဖမ်းမှာကိုး။



(၁၅-၁၂-၀၈)

REF:ခေတ်ပြိုင်

Read More...

အသက်ဝင်လာတော့မည့် စက္ကူကျား

Tuesday, 16 December 2008

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် ဖွဲ့စည်းပုံ စည်းမျဉ်းမရှိဘဲ ၄၁ နှစ်ကြာ ရပ်တည်ခဲ့ သည်။ ယခုအခါ အာဆီယံ၏ ရည်မှန်းချက်များ၊ စည်းမျဉ်းများ ပါဝင်သည့် ဖွဲ့စည်းပုံ ပဋိညာဉ်စာတမ်း (အာဆီယံချာတာ) ကို ပထမဆုံးအကြိမ် သဘောတူ ပြဌာန်းလိုက်သည်။

လက်ရှိကျင်းပနေသည့် အာဆီယံနိုင်ငံများ၏ ၀န်ကြီးအဆင့်ဆွေးနွေးပွဲကာလတွင် ထုတ်ပြန်လိုက်သည့် အဆိုပါ ပဋိညာဉ်စာတမ်းတွင် ဒေသတွင်း လွတ်လပ်သည့်ကုန်သွယ်မှုဇုန်တည်ထောင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နျူကလီးယားလက်နက် ကင်းစင်ရေး စသည့်အချက်များလည်း ပါဝင်သည်။



ဇာနည်ဝင်း
REF: ဧရာဝတီ

Read More...

ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုရန်စီစဉ်

အင်္ဂါနေ့၊ ဒီဇင်ဘာလ 16 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နှစ် ၁ဝဝ ပြည့် မွေးနေ့ အထိမ်း အမှတ်အဖြစ် ကုလသမဂ္ဂ စာပို့တိုက် အုပ်ချုပ်ရေးဌာနက ရှေ့နှစ်ဆန်းတွင် တံဆိပ်ခေါင်းသစ် ၃ မျိုး ထုတ်ဝေ သွားမည် ဖြစ်သည်။

US$ 0.94, CHF 1.30 နှင့် EUR 1.15 တန် တံဆိပ်ခေါင်းသစ် ၃ မျိုးကို "ဦးသန့်ရာပြည့်" တွင် အထိမ်း အမှတ်အဖြစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလဆန်း၌ ထုတ်ဝေသွားမည်ဖြစ်သည်။



ဆလိုင်းပီးပီး
REF:မဇ္ဈိမ

Read More...

နေပြည်တော်တွင် တရုတ်သံရုံးအတွက် မြေ (၁၅) ဧကထိ ခွဲတမ်းတိုးပေးထား

၁၆ ဒီဇင်ဘာ ၂၀၀၈

ရန်ကုန်မှ နိုင်ငံခြားသံရုံးများ နေပြည်တော်ပြောင်းလာစေရေးအတွက် သံရုံးများအတွက် မြေခွဲတမ်းချပေးရန် ကမ်းလှမ်းထားရာ တရုတ်သံရုံးက စစ်အစိုးရပေးသည့်မြေဧရိယာထက် ပိုတောင်းသည့်အတွက် ခွင့်ပြုလိုက်ရ သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂရုံးများအား ၂၀၀၇ ခုနှစ်အတွင်း နေပြည်တော် ပြောင်းရွှေ့လိုပါ က မြေဧက (၅) ဧကစီ ပေးမည်ဟု စစ်အစိုးရက ကမ်းလှမ်းခဲ့သော်လည်း တရုတ်သံရုံးက တိုးတောင်းသည့် အတွက် (၁၅) ဧကထိ ပေးခဲ့ခြင်းဖြစ်သည်။ ရုရှသံရုံးကလည်း မြေတိုးတောင်းသည့်အတွက် (၅) ဧကထက် ပိုပေးထားရသည်ဟု စုံစမ်းသိရသည်။




REF: ခေတ်ပြိုင်

Read More...

ဘူးသီးတောင်ထောင်မှ ကိုဌေးကြွယ် တိုက်ပြင်ထွက်ခွင့်မရ

၁၆ ဒီဇင်ဘာ ၂၀၀၈

ရန်ကုန်အင်းစိန်ထောင်မှ ဘူးသီးတောင်ထောင်သို့ ရွှေ့ပြောင်းခံရသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်သည် ယနေ့အထိ ထောင်တွင်းတိုက်ခန်းမှ အပြင်ထွက် လမ်းလျှောက်ခွင့်မရသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ခေတ်ပြိုင်သို့ ပြောသည်။

ဦးဘိုကြည်က “ကိုဌေးကြွယ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကြားတာက ဒီနေ့အထိ တိုက်ခန်းထဲမှာပဲ ထား တယ်ဗျာ။ အပြင်ကို ထွက်ခွင့်မပေးဘူး။ နောက်ပြီး အဲဒီဘက်တွေမှာက ရေပြဿနာရှိတယ်။ ရေရှားတယ်။ ရေသန့်မရဘူး။ ရေပြဿနာက ရေရှည်မှာ ကျန်းမာရေးကို အတော်ထိခိုက်နိုင်ပါတယ်” ဟု ပြောသည်။



ကိုဝိုင်း
REF: ခေတ်ပြိုင်

Read More...

ဗိုလ်ချုပ်များ ရာထူးတက်ပြန်ပြီ

Tuesday, 16 December 2008

မြန်မာစစ်အစိုးရ စစ်တပ်၏ အဆင့်မြင့် အရာရှိများအတွင်း ရာထူးတိုးမြှင့်ပေးခြင်းများ ပြုလုပ်နေမှုသည် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ ပြင်ဆင်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူ များက ပြောသည်။

ပြည်တွင်းပြည်ပ အခြေစိုက် စစ်ရေးလေ့လာသူများက ယင်းသို့ ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်လိုက်သူ အနည်းဆုံးဗိုလ်ချုပ် ၃ ဦး ရှိသည်ဟု ဆိုသည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

မြန်မာ အမျိုးသမီး ၇ ဦး ထိုင်းတွင် သေဆုံး

Tuesday, 16 December 2008
ထိုင်းရဲက တားဆီးသည်ကို လက်မခံဘဲ မောင်းပြေးသောကြောင့် ယဉ်တိုက်မှုဖြစ်ကာ ယာဉ်ပေါ်ပါလာသော မြန်မာအမျိုးသမီး ၇ ဦးနှင့် ထိုင်းအမျိုသား ၁ ဦးတို့ ယမန်နေ့က သေဆုံးခဲ့ရသည်။

ယဉ်ပေါ်ပါလာသူ အမျိုးသမီးများမှာ ထိုင်း-မြန်မာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ခဲ့ပြီး အလုပ်ရှာဖွေရန် ရောက်ရှိလာသူများဖြစ်၍ မွန်နှင့် ထားဝယ် တိုင်းရင်းသူများဖြစ်ကြကြောင်း ကြားသိရသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

Tuesday, December 16, 2008

ထောင်ဒဏ် (၆၅) နှစ်ကျ မမီးမီးကို ပုသိမ်ထောင်ပို့

၁၆ ဒီဇင်ဘာ ၂၀၀၈
ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး ခေါ် မီးမီး အား နိုဝင်ဘာ (၂၀) ရက်နေ့တွင် အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု မမီးမီး၏ ခင်ပွန်းက ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် အပတ်တွင်းက ထောင်ဝင်စာသွားတွေ့ပြီး ပြန်လည်ရောက်ရှိလာသူ မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ပထမဆုံးအကြိမ်မို့လို့လားမသိဘူး အားလုံး အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ။ ကျနော်တို့ ရောက်သွားတော့ ထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ပြီးတော့ မမီးမီးနဲ့ ပတ်သက်ပြီး စိတ်မပူဖို့နဲ့ စည်းကမ်းဥပဒေဘောင်ထဲကနေပြီး ပေးနိုင်တဲ့အကူအညီကိုပေးမှာ ဖြစ် ကြောင်း ပြောပြကြပါတယ်” ဟု ပြောသည်။



မြင့်မိုးဇော်
REF: ခေတ်ပြိုင်

Read More...

အီရတ် သတင်းထောက်က သမ္မတဘွတ်ရှ်အား ဖိနပ်ဖြင့် ပစ်ပေါက်

အီရတ်သို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန် သမ္မတ Bush အား ၄င်းစီးထားသည့် ဖိနပ်(၂) ရံ ဖြင့် ရုတ်ရုတ်သဲသဲဖြစ်အောင် ပစ်ပေါက်ခဲ့သည့် အီရတ် ဂျာနယ်သတင်းထောက်သည် ထိုသို့ ပြုလုပ်နိုင်ရန် အတွက် လပေါင်းများစွာ ကြံစည်ခဲ့ကြောင်းဖြင့် ၄င်း၏ အပေါင်းအဖော်များက တနင်္လာနေ့တွင် ပြောကြားခဲ့ ပါသည်။


Mr. Muntazer al-Zaidi အသက်(၂၈) နှစ်ရှိသည့် ဖော်ပြပါ အီရတ် သတင်းထောက်သည် သူရဲကောင်း အဖြစ် ချီးကျူးခြင်း ခံခဲ့ရပါသည်။ ၄င်းက ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရသူ အမေရိကန် သမ္မတ Bush မှာ ၂၀၀၃ ခုနှစ်တွင် အီရတ်သို့ စီးနင်းဝင်ရောက်ရန် အမိန့်ပေးခဲ့သူ ဖြစ်ပါသည်။



REF: လူထုအသံ

Read More...

ရန်ကုန်မြို့မှ ယုဇနပလာဇာ မီးလောင်၊ (၄၅) သိန်းဖိုး ဆုံးရှုံး

၁၅ ဒီဇင်ဘာ ၂၀၀၈
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ရှိ အကြီးဆုံး၊ အစည်ကားဆုံး ယုဇနပလာဇာတွင် ယမန်နေ့ (၆) နာရီ (၁၅) မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးရုံးများက (၆) နာရီ (၂၅) မိနစ်ခန့်တွင် မီးသတ်ကားများလွှတ်ပေးပြီး တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ၊ စမ်းချောင်း၊ သာကေတ စသည့်မြို့နယ်များမှ မီးသတ်ကားများနှင့် မြို့တွင်း ရုံးချုပ်မှ မီးသတ်ကား (၁၅) စီးခန့် လာရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။



REF: ခေတ်ပြိုင်

Read More...

နိုင်ငံရေးအကျဉ်းသားများ အမှုလိုက်ရှေ့နေ ထိုင်းနိုင်ငံသို့ ရှောင်တိမ်း

နိုင်ငံရေး အကျဉ်းသားများ၏ အမှုလိုက်ရှေ့နေ ကိုစောကျော်ကျော်မင်းသည် စစ်အာဏာပိုင်များ၏ မတရား ဖမ်းဆီး အရေးယူမှုမခံရရန် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ တိမ်းရှောင်ခဲ့မှုနှင့် ပတ်သက် ပြီး ကိုစောကျော်ကျော်မင်းက ရှင်းလင်းပြောကြားသည်။



အေးလဲ့
REF: ဧရာဝတီ

Read More...

ဒေါ်ခင်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီ

မြန်မာပြည်၏ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ သမီး ဒေါ်ခင်စန္ဒာဝင်းကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေး ခဲ့သည့်သတင်းက မြန်မာအသိုင်းအဝန်းအတွက် အံ့သြတကြီး မဖြစ်ခဲ့ကြောင်း တွေ့ရသည်။

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်ခင်စန္ဒာဝင်းကို အကျယ်ချုပ်ချထားသည့် အင်းလျားကန်စောင်း နေအိမ်တွင် ၎င်းကို လွှတ်ပေးသည့် ဒီဇင်ဘာ ၁၂ ရက်နေ့ မတိုင်မီ လအနည်းငယ်အကြာကတည်းက စစ်ဗိုလ်ချုပ်တချို့တို့ သွားရောက်တွေ့ဆုံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ဒေါ်ခင်စန္ဒာဝင်းကို ဖခင် ဦးနေဝင်း၏ အသက် ၉၀ ပြည့် မွေးနေ့ပွဲတွင်
အတူတွေ့ရစဉ် (ဓာတ်ပုံ - longwalktofreedom.blog.com)



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

ဘန်ကီမွန်း မြန်မာနိုင်ငံသွားသင့်ဟု အီးယူကိုယ်စားလှယ်ယူဆ

၁၅ ဒီဇင်ဘာ ၂၀၀၈
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် နအဖစစ်အစိုးရနှင့် အတိုက်အခံများ အကြား ဆွေးနွေးနိုင်ရေးအတွက် တွန်းအားဖြစ်နိုင်သဖြင့် အကျိုးရှိမည့်ရလဒ် ပေါ်ထွက်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် Piero Fassino က ယနေ့ပြောသည်။




REF: ခေတ်ပြိုင်


Read More...

အပေါ်သို့