Saturday, April 10, 2010

ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းဖြင့် အင်အားတရပ် ဖြစ်လာနိုင်

ဘီ.ကေ ဆန် (B.K.Sen) | သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀

မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်နောက်ပိုင်း အနှစ် ၂ဝ ကျော်အတွင်း စစ်အစိုးရမှ ပထမဆုံးအကြိမ် ကျင်းပပေးမည့် ၂ဝ၁ဝ ပါတီစုံ ရွေးကောက်ပွဲသည် မသေချာ မရောရာမှုများ ပြည့်နှက်နေသဖြင့် မြန်မာနိုင်ငံသည် ရှုပ်ထွေး နက်နဲသော အကျပ်အတည်းတွင် ကျရောက်နေသည်။

အခြေအနေ အရပ်ရပ်အား မျှမျှတတ ဝေဖန်သုံးသပ်ရပါလျှင် စစ်အစိုးရ ခေါင်းဆောင်များကိုသာ အပြစ်တင်ရ ပေလိမ့်မည်။ စစ်ခေါင်းဆောင်များသည် ညှာတာမှုကင်း၍ ရက်စက်သော နည်းလမ်းများဖြင့် နိုင်ငံရေး အာဏာအား ရယူထားခဲ့သဖြင့် ပြည်သူလူထုထံ နိုင်ငံရေး အာဏာကို ပြန်လည် အပ်နှင်းရန်မှာ ၎င်းတို့၏ တာဝန်ပင် ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ၁၉၉ဝ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ် ပေးခဲ့သော်လည်း ရွေးကောက်ပွဲ ရလဒ်အား အကောင်အထည် ဖော်ပေးရန် ငြင်းဆန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ လူထုလှုပ်ရှားမှု၏ ဖိအားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖိအားပေးမှုများကြောင့် စစ်အစိုးရသည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေး စနစ်မှ အရပ်သား အုပ်ချုပ်ရေး စနစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေး အတွက် ဟုဆိုကာ စေ့စပ် ဆွေးနွေးမှုများကို မျက်နှာပန်း ပြရုံသက်သက် လုပ်ဆောင်လာခဲ့သည်။ သို့သော် အကွက်ချ ဇာတ်တိုက် ထားသော ဆောင်ရွက်မှုများနှင့် ဗန်းပြရုံသက်သက် လုပ်ဆောင်ချက် များကြောင့် ၎င်းတို့၏ ဇာတိရုပ်အမှန် ပေါ်ထွက်လာခဲ့ရသည်။

Read More...

နေ့စဉ်သတင်းများ ( ၉ - ၄ - ၁၀ )

မြန်မာစစ်အစိုးရအပေါ် ခုံရုံးဖွဲ့စစ်ဆေးရန် ချက် ထောက်ခံ သတင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် အန်အယ်လ်ဒီ တရားစွဲဆိုချက် ဗဟိုတရားရုံး လက်မခံ သတင်း
အာဆီယံခေါင်းဆောင်များ မြန်မာကို အသက်ရှူပေါက် ပေးလိုက် သတင်း
၂၀၁၀ ရွေးကောက်ပွဲကိစ္စ အာဆီယံခေါင်းဆောင်တွေ ဖိအားပေး သတင်း
မြန်မာ့အရေး အမေရိကန် ထိတွေ့ဆက်ဆံမှုတွေနဲ့ ဆက်လက်ကြိုးပမ်းမည် သတင်း
ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက် နော်ဝေနဲ့ ထိုင်းသံတမန်တွေ အန်အယ်လ်ဒီနဲ့ ဆွေးနွေး သတင်း
မွန်ပြည်သစ်ပါတီ ဧပြီလကုန်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရမည် သတင်း
ထောင်ကျ လူငယ်ခေါင်းဆောင် (၂) ဦး နှစ်ရှည်ထောင်ဒဏ် ထပ်မံ ချမှတ် သတင်း
ဘိုကလေးမြို့ NLD အဖွဲ့ဝင် (၃) ဦး လွတ်ရက်စေ့ပြီး ပြန်လွတ် သတင်း
ပြည်ထောင်စုဒီမိုကရေစီပါတီ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုရနိုင်ဟုဆို သတင်း
နေပြည်တော်တွင် မဲရုံမှူး သင်တန်းပေး သတင်း
နယ်စပ်မှောင်ခိုပစ္စည်းသယ်သည့် မြန်မာစစ်သားများ အဖမ်းခံရ သတင်း
တောင်ဒဂုံလုပ်သား (၂၀၀) ကျော် ဘောနပ်ကြေးကိစ္စ ဆန္ဒပြ သတင်း
ပဲခူးမြို့မှာ ပေါက်ကွဲမှုဖြစ်ပွား၊ ကလေးတဦး ဒဏ်ရာရ သတင်း
အမျိုးသမီးများ အရည်အသွေးမြှင့်တင်ရေး KWO (၂၅) နှစ်တာ ကြိုးပမ်းမှု သတင်း
ထိုင်းနိုင်ငံ ဥပဒေကို လိုက်နာရန် ဒုက္ခသည်များအား ဖုတ်ဖရမြို့ပိုင် ပြောဆို သတင်း
ဆိုက်ဘာမှုခင်း သတင်းဖလှယ်ရေး တိုးမြှင့်စီစဉ် သတင်း
နာရေးကူညီမှုအသင်းနှင့် စာနယ်ဇင်းအနုပညာသမားများ နာရေးကုသိုလ်ပြုမည် သတင်း
ကေအဲန်ယူနှင့် သုံးရက်တိုက်ပွဲတွင် နအဖ ဗိုလ် (၂) ဦး ကျဆုံး သတင်း
တောင်းဆိုချက်အသစ် နအဖ လက်ခံမည်ကို ၀ အရာရှိအချို့ ရင်တမမဖြစ် သတင်း
သံဃာတော်များအား ကန့်သတ်တားမြစ်ရန် စစ်အစိုးရ ပြင်ဆင် သတင်း
ပြည်တွင်း ဆန်လက်ကျန် စစ်အစိုးရ ကောက်ယူ သတင်း
အင်းလုပ်ငန်း လုပ်ခွင့်လိုင်စင် ဗိုလ်ချုပ်ကြီးများရ သတင်း
ဂုတ်ထိပ်တံတား ပြုပြင်တည်ဆောက်ရန် တရုတ်ပညာရှင်များ ကွင်းဆင်းလေ့လာ သတင်း
လှော်ကားဥယျာဉ်ကို ထူးလက်သို့ လွှဲပေးမည် သတင်း
မွန်နိုင်ငံရေးပါတီသစ်တဖွဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်မည် သတင်း
အကောင်းဆုံးလက်ဆောင် သင်္ကြန်မိုး (အင်တာဗျူး)
မြေစာပင်နိုင်ငံများ (သတင်းဆောင်းပါး)
လောင်းလှေနှင့် ပျော်သည့် ရခိုင်သင်္ကြန် (ဆောင်းပါး)
ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းဖြင့် အင်အားတရပ် ဖြစ်လာနိုင် (ဆောင်းပါး)
ပိတောက်အသစ် ရင်ခုန်သံအသစ်နဲ့ နှစ်သစ် (ဆောင်းပါး)

Friday, April 9, 2010

NLD ၏ ရပ်တည်ပုံအသစ်

ရန်ငြိမ်းအောင် (လူငယ်)
ကြာသပတေးနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၀

(ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် သမိုင်းဝင် ဆုံးဖြတ်ချက် ချပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာဆက်လုပ်မည်၊ ဘယ်လိုယန္တရားဖြင့် လည်ပတ်မည်ကို သိချင်နေသူများအတွက် အဖွဲ့ချုပ်လူငယ်များက ဖြေကြားပေးလိုက်သော ဆောင်းပါးဖြစ်သည်။)

မှတ်ပုံတင်ခြင်း မပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ပြီးနောက် နယ်မှ ဗဟိုဦးစီးအဖွဲ့များ၊ ကိုယ့်နေရင်း ဒေသများသို့ ပြန်ကြပြီ ဖြစ်သော်လည်း၊ NLD ရုံးချုပ်တွင် ယခင်ကထက်ပင် စည်ကားလျက် ရှိနေသည်ဟု သိရပါသည်။ ရောက်လာသမျှသော အဖွဲ့ဝင်များ၏ ရင်ထဲတွင် ဘယ်လို ဆက်လုပ်ကြရမှာလဲ ဟူသော မေးခွန်းက ရှိနေမည်မှာ မလွဲပါ။ မတ်လ ၃ဝ ရက်နေ့မှစ၍ နေ့စဉ် အဆက်မပြတ် လာရောက်နေကြသော နိုင်ငံခြား သံတမန် များကလည်း ဤမေးခွန်းကိုပင် မေးကြသည်ဟု ဆိုပါသည်။ ဤမေးခွန်းကို ဖြေရန် မကြိုးစားမီ ယခုရော ဘယ်လို လုပ်နေကြသလဲဟု ဆန်းစစ်ရန် လိုသည်ဟု ထင်ပါသည်။

Read More...

ပုတ်သင်၊ ခွေးလည်ပတ်၊ လူသားနှင့် စွဲလမ်းခြင်း ပြဿနာ

Wednesday, 06 May 2009

ဇာတ်ကြီး ဆယ်ဘွဲ့ကို ဖတ်ရှု ရစဉ် အလွန် ထူးခြားသော အကြောင်း တခုကို မဟော်သဓာ ထဲတွင် တွေ့မိသည်။ ရှင်ဘုရင်က မုန့်ဖိုးပေး၍ ရလာသော အသပြာစ လေးရွေး၊ ရှစ်ရွေးမျှကို လည်ပင်း ဆွဲရသော အခါ ထိုအသပြာစကို ပိုင်ဆိုင်မှုကြောင့် ပုတ်သင်က ဂုဏ်ခံပြီး ဦးမညွတ်ဘဲ နေလေသည်။ ထိုအချင်း အရာကို ရှင်ဘုရင်က မေးသောအခါ အသပြာကြောင့် စိတ်ပြောင်းရခြင်း ဖြစ်ပါသည်ဟု ဘုရားလောင်း မဟော်သဓာက ရှင်းပြသည်။ ငယ်စဉ်ကမူ မှိုပွင့်အောက်က ဖားကဲ့သို့ ငါလည်း မင်းတပါးဆိုသလို ကိုယ့်အထင်နှင့်ကိုယ် ဘဝင်ခိုက်ကြသည့် သတ္တဝါများအကြောင်း စဉ်းစားရင်း ပြုံးမိသည်။

တွင်းထဲက ဖားသည် ပြင်ပကမ္ဘာ၏ အကျယ်အဝန်းကို မသိနိုင်သကဲ့သို့ အတိုင်းအဆ မသိသူတို့၏ မိမိကိုယ်ကို ထင်တလုံး ရှိသည်ကို သင်ခန်းစာ ယူရသည်။ အသက်ကြီး၍ ပြန်စဉ်းစားသောအခါ မဟော်သဓာ ရှင်းပြသော ပုတ်သင်၏ အသပြာအပေါ် ဂုဏ်ခံမှုသည် ဟုတ်နိုင်ပါ့မလားဟု စဉ်းစားကြည့်မိသည်။ ပုတ်သင်၏ ကမ္ဘာတွင် ငွေသည် အရေးမကြီး၊ အဓိပ္ပာယ်လည်းမရှိ၊ အသုံးလည်းမတည့်၊ ပုတ်သင်အတွက် လိုအပ်ချက်သည် အစားအစာနှင့် အန္တရာယ်ကင်းရှင်းမှု။ သည်တော့ ဤလည်ဆွဲသည် သူ့သွားရေး လာရေး အတွက်ပင် အနှောင့်အယှက် ဖြစ်လေရာ ဤလည်ဆွဲကြောင့် မာန်တက်ပါမည်လောဟု စောကြောမိသည်။ သို့သော် ဤအဖြစ်အပျက်က ပေးချင်သော သင်ခန်းစာမှာ ကိုယ့်အထွာနှင့်ကိုယ် မာန်တက်တတ်သော သဘာဝကို ပြလိုခြင်းဖြစ်ပေရာ အလွန်အကျူး ဖွဲ့ဆိုမိသည်ဟု သုံးသပ်မိသည်။

Read More...

နေ့စဉ်သတင်းများ ( ၈ - ၄ - ၁၀ )

တရားဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန် တရားသူကြီးချုပ်ကို အန်အယ်လ်ဒီ အကြောင်းကြား သတင်း
ဗဟိုတရားရုံးသို့ အန်အယ်လ်ဒီ ကန့်ကွက်စာပို့ သတင်း
အာဆီယံ ထိပ်သီးညီလာခံ မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ သတင်း
အာဆီယံအဖွဲ့မှ မြန်မာစစ်အစိုးရကို ထုတ်ပယ်ရန် တောင်းဆိုကြခြင်း သတင်း
ဦးထောင်ခိုထန်း သတင်း
ပြည်သူသို့ ပန်ကြားချက် သတင်း
ပါတီ (၂) ခု ထပ်မံ မှတ်ပုံတင် သတင်း
ရွေးကောက်ပွဲ ကြီးကြပ်ရန် သင်တန်းများ စတင် သတင်း
မဲဆန္ဒရှင်များအတွက် ပညာပေးလုပ်ငန်း လုပ်ဆောင်မည့်အဖွဲ့ တည်ထောင် သတင်း
ထိုးစစ်များကြောင့် ကလေးငယ် နှစ်သိန်းနီးပါး ခိုလှုံရာမဲ့ သတင်း
သိန်းပေါင်းများစွာ တန်ဖိုးရှိ မှောင်ခိုပစ္စည်းများ စစ်ကားတန်းများတွင် ဖမ်းမိ သတင်း
တိုင်းရဲမှူး အပြောင်းအလဲကြောင့် ရန်ကုန်အနှိပ်ခန်းများ ယာယီပိတ် သတင်း
စစ်တွေတွင် နေကပူ ရေကရှား ပြည်သူတွေ ဗျာများ သတင်း
တရက်အတွင်း မီးသုံးကြိမ်လောင် သတင်း
လယ်ယာမြေ ပြန်လုပ်ခွင့်ပေးရန် လယ်သမားများ တောင်းဆို သတင်း
လူသေအလောင်းများ ပျက်စီးမှု သန်လျင်တွင် ဖြစ်ပွားနေ သတင်း
အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများရဲ့ ပြည်သူ့ဂုဏ်ရည်အစီအစဉ် ပူးပေါင်းသည့် မြို့ (၁၂) မြို့ ရှိပြီ သတင်း
အမေရိကန်ရုပ်သံမှာ ပြသတဲ့ ဗုဒ္ဓမှတ်တမ်း၊ အိုင်ဒယ်သတင်းနဲ့ မြန်မာနာမည်ကြီးများအကြောင်း သတင်း
သင်္ကြန်ရက် အလုပ်ခိုင်းလျှင် လုပ်ခ နှစ်ဆပေးရန် သတ်မှတ် သတင်း
ဖက်ဆစ်တော်လှန်ရေး သူရဲကောင်း ဗိုလ်ကျော်ဇောသို့ (ကဗျာ)
ရန်ကုန်ရှုခင်း ဧပြီ ပထမပတ် ၂၀၁၀ (သတင်းဆောင်းပါး)
စိတ်ကူးယဉ်မနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင် (ဆောင်းပါး)
NLD ၏ ရပ်တည်ပုံအသစ် (ဆောင်းပါး)
ကိုယ်လုပ်မှ ကိုယ်ဖြစ်မှာ (ဆောင်းပါး)
“နိုင်ငံရေးလမ်းက နည်းနည်း ပွင့်လာပြီ” (အင်တာဗျူး)

Thursday, April 8, 2010

နောက်ဆုတ်နေတဲ့ တပ်၊ နောက်ဆုတ်နေတဲ့ ခြေထောက်

ဂါမဏိ
၇/ ဧပြီ ၂၀၁၀

“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ၊ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့ မည်သည်ကား တပ်ကို ဆုတ်တဲ့အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်။” အဲသလို ပြောသွားသူကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နန့်နန့်တက် ဖြစ်နေတဲ့ ဦးသုဝေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းရှင်းသိထားဖို့က နအဖတပ်မှာ နောက်ဆုတ်တယ် ဆိုတာ မရှိပါဘူး။ ခွာစစ်ဆင်တယ် ဆိုတာပဲ ရှိပါတယ်။ နအဖတပ်ဟာ ဂျပန်ဖက်ဆစ်တပ်က မွေးထုတ်ထားတာ ဖြစ်လို့ ဂျပန်ဖက်ဆစ်တပ် လိုပဲ တပ်ဆုတ်တဲ့ ဘာသာရပ်ကို သူ့စစ်ဗျူဟာမှာ လက်မခံပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို စတင် တည်ထောင်တုန်းက ဂျပန်စစ်တပ်ရဲ့ တပ်,မဆုတ်ရေး အားနည်းချက်ကို သိမြင်ပြီး ဗမာ့ တပ်မတော်ရဲ့ စစ်သဘောတရားမှာ တပ်ဆုတ်ရေး ဗျူဟာနဲ့ သဘောတရားကို အသေအချာ ထည့်သွင်းဖို့ လမ်းညွှန်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဗမာ့ တပ်မတော်ရဲ့ စစ်ပါရဂူ ဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗမာ့တပ်မတော်ရဲ့ သဘောတရားပါရဂူ လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင် တို့ကလည်း တပ်ဆုတ်ခွာခြင်း သဘောတရားနဲ့ လက်တွေ့ကို စစ်မဟာဗျူဟာ နည်းဗျူဟာတွေထဲ စနစ်တကျ ထည့်သွင်း ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီအစိုးရကို ဖြတ်လမ်းနည်းနဲ့ အင်အားသုံး ဖြုတ်ချခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းပွဲ နောက်ပိုင်းမှာတော့ ဗမာ့ တပ်မတော်ဟာ ဖက်ဆစ် တပ်မတော် မူလဇာတိရုပ်ကို ပြန်လည် ရုပ်လုံး ဖော်လာခဲ့ပါတယ်။ အခြေခံ စစ်ပညာလေ့ကျင့်ရေး တပ်ကအစ ဗိုလ်သင်တန်းကျောင်း၊ စစ်တက္ကသိုလ်၊ စစ်ဦးစီး တက္ကသိုလ်အလယ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်အဆုံး တပ်မတော် စစ်မဟာဗျူဟာ စစ်နည်းဗျူဟာ သင်ကြား ပို့ချမှု အားလုံးဟာ မဆုတ်ရေးကိုဘဲ ဦးစားပေးလာပြီး တပ်ဆုတ်ရေးကို လုံးဝ လျစ်လျူရှုခဲ့ ပါတော့တယ်။


Read More...

NLD ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၀မ်းမြောက်

ကိုထွေး
Wednesday, April 07, 2010

ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ် လိုက်သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်း စုကြည်ထံသို့ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်း တို့က ယနေ့ နေ့လယ် ပိုင်းတွင် သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက “တရားမျှတမှု မရှိတဲ့ ဥပဒေတွေကို ဥပဒေဘောင် အတွင်းက ဆက်လက် လုပ်ဆောင် သွားဖို့လည်း ပြောပါတယ်” ဟု ဆိုသည်။

Read More...

နေ့စဉ်သတင်းများ ( ၇ - ၄ - ၁၀ )

မြန်မာကို အာဆီယံမှထုတ်ဖို့ အမတ်များ တောင်းဆို သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုချက်များ မရပါက ယူအန်အေ ရွေးကောက်ပွဲမ၀င် သတင်း
ရန်ကုန်မြို့က အမေရိကန်သံမှူးကြီး အဖွဲ့ချုပ်ရုံးကို လာရောက်တွေ့ဆုံ သတင်း
မန္တလေးတိုင်း NLD ရုံး ဖိအားပေး အပိတ်ခံရ သတင်း
အဖွဲ့ချုပ်က ဒီမိုကရေစီရေး ဆက်လက်ကြိုးပမ်းမည် သတင်း
ပါတီဖျက်သိမ်းခံခဲ့ရမည်ဆိုလျှင်လည်း ဆုတောင်းပွဲများ ဆက်လုပ်နေဦးမည် သတင်း
ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ရခိုင်တိုင်းလုံးညီညွတ်ရေးပါတီ ဆွေးနွေး သတင်း
အန်တီစုသို့ အိတ်ဖွင့်ပေးစာ သတင်း
လူထုဒေါ်အမာ ကွယ်လွန်ခြင်း (၂) နှစ်ပြည့် ဆွမ်းကပ် သတင်း
ဒီဗွီဘီရုပ်သံသတင်းထောက် မလှလှဝင်းအမှု အယူခံ အမိန့်ချမည် သတင်း
သူသေကိုယ်ရှင် တိုက်ပွဲဝင် သံချပ်ခွေ ရောင်းကောင်း သတင်း
မီးရထားဝန်ကြီး တောင်ငူတွင် မဲဆွယ်စည်းရုံး သတင်း
ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်လျှောက်ထားဆဲ (၁၁) ပါတီရှိ သတင်း
ထိုင်းတွင် ဆူနာမီ သတိပေးချက်ကြောင့် မြန်မာအလုပ်သမားများလည်း တိမ်းရှောင် သတင်း
နို့ဖိုးဒုက္ခသည်စခန်းတွင် လောင်းကစားမှုများ ဆိုးဝါး သတင်း
ငါးလုပ်ငန်းဦးစီးက စည်းကမ်းမဲ့ ငါးဖမ်းသဖြင့် လယ်များ ပျက်စီး သတင်း
အဲပုဂံက ခရီးစဉ် တိုးချဲ့မည် သတင်း
မီတာ ထိန်းသိမ်းစောင့်ရှောက်ခ နှစ်ဆတိုးမြှင့် သတင်း
သြစတြေးလျ တက္ကသိုလ်များတွင် တက်ရောက်ရန် ပညာသင်ဆု လျှောက်ထားနိုင် သတင်း
သင်္ကြန်ရုံးပိတ်ရက်အတွင်း အလုပ်ခိုင်းလျှင် အရေးယူမည် သတင်း
၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ လက်ခံတယ် (အင်တာဗျူး)
အင်န်အယ်ဒီ၏ ပြည်သူသို့ ပြန်ကြားချက်သည် စစ်အစိုးရ၏ အနှစ် (၂၀) ကြာ မအောင်မြင်သော လမ်းစဉ်ကို ထင်ရှားစေပြီ (ဆောင်းပါး)
နောက်ဆုတ်နေတဲ့ တပ်၊ နောက်ဆုတ်နေတဲ့ ခြေထောက် (ဆောင်းပါး)

Wednesday, April 7, 2010

NLD ၏ ပြည်သူသို့ ပန်ကြားချက်



နေ့စဉ်သတင်းများ ( ၆ - ၄ - ၁၀ )

မအောင်မမြင်ဖြစ်ခဲ့သည်ကို အမှန်အတိုင်း ပြည်သူသို့ အန်အယ်လ်ဒီ တောင်းပန် သတင်း
အကြမ်းမဖက်လမ်းစဉ်ကို NLD ဆက်လက်ကိုင်စွဲမည် သတင်း
NLD ရဲ့ဆုံးဖြတ်ချက်အပေါ် ပြည်ပရောက် ရခိုင်နိုင်ရေးသမားများ၏ သဘောထားအမြင် သတင်း
နယ်ခြားစောင့်တပ် မဖွဲ့လျှင် မတရားအသင်း ကြေညာမည် သတင်း
အမြောက်သယ် စစ်ကားများ ကချင်သို့ ဝင်ရောက် သတင်း
နယ်ခြားစောင့်တပ်တဖြစ်လဲ လားဟူပြည်သူ့စစ်တပ်ဖွဲ့ ၀ တပ်မဟာဌာနချုပ်အနီး တပ်စခန်းသစ်တိုးချဲ့ သတင်း
ရွေးကောက်ပွဲ နှောက်ယှက်ခံရမည်ကို ဗိုလ်ချုပ်ကြီးတို့ စိုးရိမ် သတင်း
လူ့ဘောင်သစ်ပါတီနှင့် အမည်တူအဖွဲ့ စစ်အစိုးရထံတွင် မှတ်ပုံတင် သတင်း
နိုင်ငံရေးသတင်းများကို တင်းကျပ်စွာ စိစစ်ဆဲ သတင်း
ရွေးကောက်ပွဲလက်ခံသော သတင်းများကိုသာ ခွင့်ပြု သတင်း
ဗိုလ်ချုပ်ကြီး သိန်းစိန် ပါတီခေါင်းဆောင် လုပ်မည်ဟုဆို သတင်း
ကြံ့ဖွံ့ အမာခံအင်အားစုများ ရွေးချယ် သတင်း
ဦးအောင်ဆန်းဦး လျှောက်ထားချက် ရန်ကုန်တိုင်း တရားရုံးပယ်ချ သတင်း
ဗီယက်နမ်အတွက် လုပ်ကွက်ဖော်ဆောင်ပေးရန် စစ်အစိုးရ သဘောတူ သတင်း
မူဆယ် လျှပ်စစ်ဋ္ဌာန ရငွေ ကန်ဒေါ်လာ (၄) သန်းကျော်ရှိ သတင်း
စစ်ဗျူဟာမှူးအား လာဘ်ငွေပေးပြီး သစ်ကုန်သည် (၃) ဦး လက်ဝါးကြီးအုပ် သတင်း
နယ်စပ်သွား ကားမှောက်၊ လူတဦး သေဆုံး သတင်း
ယာယီ နိုင်ငံကူးလက်မှတ် သိမ်း၍ အလုပ်သမားများ ဆန္ဒပြ သတင်း
နေရွှေသွေးအောင် ရေပက်မဏ္ဍပ် ဆောက်လုပ် သတင်း
မန်း တကသ ဥက္ကဋ္ဌ ကိုစောလွင် (ဆောင်းပါး)
ငြိမ်သက်နေသော မီးတောင် (သို့မဟုတ်) မြန်မာ့စက်မှုဇုန်ထဲက အချိန်ကိုက်ဗုံးများ (ဆောင်းပါး)
ဆင်ဖြူကို ဖမ်းမိမှာလား၊ ဆင်မည်းတွေနင်းတာ ခံရမှာလား (သတင်းဆောင်းပါး)

Tuesday, April 6, 2010

ပြည်သူသို့ ပန်ကြားချက်၊ ဒီမိုကရေစီ ရရှိရေး NLD ဆက်လက် ကြိုးပမ်းသွားမည်

05 April 2010


မတ်လ ၈ ရက်နေ့က စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် မရှိဘူးဆိုတဲ့ အချိန်မှာ အဓိက နိုင်ငံရေး ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါတီမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။

NLD ပါတီရဲ့ ရှေ့ဆက် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အချိန်မှာပဲ ဒီနေ့ CEC အဖွဲ့ရဲ့ အစည်းအဝေးကနေ ပြည်သူသို့ ပန်ကြားလွှာတစောင် ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြောခွင့်ရ ဦးဝင်းတင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာ ဦးဝင်းတင်က အခုလို ပြောပါတယ်။

“ဒီနေ့ NLD အစည်းအဝေးလုပ်တယ်။ လူစုံတက်ပါတယ်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ပါတယ်၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးလည်း တက်ပါတယ်၊ အစုံ တက်ကြပါတယ်။ အဲဒီမှာ ပြည်သူသို့ ပန်ကြားချက် ဆိုပြီးတော့ စာမျက်နှာ ၄ မျက်နှာလောက် ရှိတဲ့ စာတမ်း တစောင်ကို အတည်ပြုပါတယ်။”

Read More...

ကြိုတင်ပြင်ဆင်မှုအဖြစ် NLD စီမံခန့်ခွဲရေး ကော်မတီဖွဲ့

05 April 2010


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ် လိုက်ပြီးနောက် နောက်ပိုင်း အခြေအနေ ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်သွားဖို့ စီမံခန့်ခွဲမှု အဖွဲ့တရပ်ကို ဖွဲ့စည်း လိုက်ပါတယ်။ ဒီအဖွဲ့ဟာ ပါတီရဲ့ ကျန်ရှိနေသေးတဲ့ အဆောက်အဦးတွေ ကိစ္စ၊ ငွေကြေးကိစ္စ၊ စာရွက်စာတမ်း ကိစ္စတွေကို ရှင်းလင်း တာဝန်ယူသွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒီနေ့ အန်ကယ်တို့ အစည်းအဝေးက ပါတီ ဖျက်သိမ်းနိုင်ရေး ကော်မတီတရပ် ဖွဲ့တယ်လို့ ကြားလို့ပါ။

“ဒီလိုပါ ဖျက်သိမ်းတာတင် မဟုတ်ပါဘူး။ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲရေး အဖွဲ့ ဖွဲ့တာပါ။ အဲဒီအဖွဲ့ သဘောကတော့ ကျနော်တို့က မှတ်ပုံတင်ခြင်း ဆက်လုပ်မယ့် ပါတီ မဟုတ်တော့ သူတို့ ထုတ်လိုက်တဲ့ အမိန့်အရ အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည် ဖြစ်သွားနိုင်အောင် ဆိုပြီးတော့ စနစ်တကျလေး ဖြစ်ဖို့ပါ။ အဲဒါကို အကြောင်းပြုပြီး ကျနော်ပဲ ဥက္ကဋ္ဌလုပ်ပြီး ဆိုင်ရာဆိုင်ရာ ဌာနလေးတွေရဲ့ ကိုယ်စားလှယ်တွေ ထည့်ဖွဲ့ပြီး အဖွဲ့ ဖွဲ့တာပါ။

Read More...

နေ့စဉ်သတင်းများ ( ၅ - ၄ - ၁၀ )

၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း သတင်း
နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲဖြင့် ဖြေရှင်းမရဟု ဇိုမီးအမျိုးသားကွန်ဂရက် ပြောကြား သတင်း
NLD မပါသည့် ရွေးကောက်ပွဲ မဲပေးကြမည်လော သတင်း
အမြောက်များ ပါဝင်သော နအဖ စစ်ယာဉ်တန်း မြစ်ကြီးနားသို့ ချီတက်ပြီ သတင်း
စစ်လက်နက် တင်ဆောင်ထားသည့် ကားများ ကေအိုင်အိုနယ်မြေအနီး ဖြတ်သန်း သတင်း
တောင်းဆိုချက်အသစ်ဖြင့် ဗိုလ်ချုပ်ရဲမြင့်ထံ ၀ ခေါင်းဆောင် ထပ်မံစာရေး သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရန် နောက်ဆုံးရက် သတ်မှတ်ထား သတင်း
ပအိုဝ်းပါတီ မှတ်ပုံတင်ခွင့်လျှောက် သတင်း
ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံ သတင်း
ဦးပိုင်ဝန်ထမ်းများ ကြိမ်ဒဏ် အပြစ်ပေးခံနေရဆဲ သတင်း
ကချင်ပြည်နယ်အတွင်း ဘိန်းဖြူသုံးသူ ပိုများလာ သတင်း
အဝေးပြေးယာဉ်များ ဈေးပိုတောင်းလျှင် ဂိတ်ပိတ်ခံရမည် သတင်း
NLD နောက်ဆုံးမြင်ကွင်း (သို့မဟုတ်) နိုင်ငံရေးကံကြမ္မာရဲ့ လှောင်ပြောင်ခြင်း (သူ့အတွေး သူ့အမြင်)
ကျနော် … ကိုစံအေးနှင့် ရွေးကောက်ပွဲများ (ဆောင်းပါး)
ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး (ဆောင်းပါး)
သွေးခွဲစရာမလိုသည့် လူထုနှင့် အောင်ဆန်းစုကြည် (ဆောင်းပါး)
အပြုအမူ ပြောင်းလဲသွားသူ (၂) ဦး (ဆောင်းပါး)

Monday, April 5, 2010

နအဖ အခြေခံဥပဒေနဲ့ရွေးကောက်ပွဲအပေါ် မစိုးရိမ်ဆရာတော်ကြီး မိန့်တော်မူချက်



မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ
(သက်တော် ၈၁။ ၃၀ ဧပြီ ၂၀၀၈ တွင် ဘ၀နတ်ထံပျံလွန်တော်မူ)

“သံဃာတောင် သတ်တဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ “ဥပဒေ” နဲ့ “ရွေးကောက်ပွဲ” ကို
ဖတ်ဖို့ မလို။
စဉ်းစားဖို့ မလို။
ထောက်ခံဖို့ မလို။
သူတို့ကို သံဃာတွေက ပတ္တနိဣဇ္ဇနကံဆောင် သပိတ်မှောက်ထားတယ်။
သူတို့ကံကြီးထိုက်မယ်။
သူတို့ကို ထောက်ခံသူတွေလည်း ကံကြီးထိုက်နိုင်တယ်။”




ကံကြီးထိုက်သူများနဲ့နိုင်ငံရေး


သာသနဥသျှောင် ပဓာနာစေရဆရာတော် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ သြ၀ါဒ
ကံကြီးထိုက်မယ့်သူများနဲ့ နိုင်ငံရေးသမား ညီညွတ်ရေးသို့

မောင်စွမ်းရည်
မတ် ၃၀၊ ၂၀၀၈

၁။ စစ်အစိုးရကိုထောက်ခံရင် ကံကြီးထိုက်မယ်

၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြစမ်းပါ

ဗမာနိုင်ငံ ရှစ်လေးလုံး နိုင်ငံရေးအုံကြွမှုကာလအတွင်းက ကျောင်းသားဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို ဗမာ့ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ ကျောင်းသား အဖွဲ့အစည်း အားလုံးက ဗမာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ ကြပါတယ်။

နယူးယောက်မြို့မှာ မတ်၁၅ရက်နေ့၊ စနေနေ့က ကုလသမဂ္ဂပလာဇာ ဒုတိယထပ်မှာ ဗမာနိုင်ငံ လူအခွင့်ရေး အထိမ်းအမှတ်နေ့ကို ကျင်းပပါတယ်။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို နှစ်ပိုင်းခွဲပြီးကျင်းပရာ ပထမ ပိုင်းမှာ နယူးယောက် ဗမာလူငယ်များ ဦးစီးပြီး ဒုတိယပိုင်းကို သာသနာမောဠိ အဖွဲ့က ဦးစီးကျင်းပခဲ့ပါတယ်။ ပထ မပိုင်းမှာ မန္တလေးတက္ကသိုလ်၊ သမိုင်းဆရာဟောင်း ဦးအောင်ခန့်က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး ဒုတိယ ပိုင်းမှာ ဦးစန္ဒောဘာသ(ဘက်ဖဲလို)က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပါတယ်။

ပထမပိုင်းအခမ်းအနားမှာ ကဗျာဆရာဦးစွမ်းရည်က ဖုန်းမော်ကဗျာရွတ်ဆိုဖွင့်လှစ်ပြီးနောက် အမေရိ ကန်ပြည်ထောင်စု အရှေ့ပိုင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ဦးအောင်စော ဦးက “ဗမာ့စစ်တပ်ရဲ့ လူသတ်မှု သမိုင်းကြောင်း”ကို သုတေသန ပြုလုပ် ထုတ်ဖော် ဟောကြားပါတယ်။

Read More...

ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ

မောင်စွမ်းရည်

ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ

Ref: Burma Today

ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း
၅/ ဧပြီ ၂၀၁၀

မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသား နိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြု ပြောသွားတာ ကြားလိုက်ကြရပါတယ်။ ပြောရရင် မြန်မာပြည် နိုင်ငံရေးမှာ အတော်လေး ကြားကြရတဲ့ အသုံး အနှုန်းတွေထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းနဲ့ တွဲပြီး ကြားရလေ့ရှိတဲ့ နောက်အသုံး အနှုန်း တခုကတော့ ပါတီနိုင်ငံရေး ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုကို တနေရာစီ သုံးကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက်ကျမှ ခေတ်စား လာတယ်ဆိုရင် မမှားဘူး ထင်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကို ကိုလိုနီလက်ထက်၊ သူ့ကျွန်ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန် လှုပ်ရှားမှုတွေမှာ စသုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ စစ်တပ်က တီထွင်တဲ့ စကားလုံး မဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့ လက်ထက်ကျတော့ ဒီအသုံးအနှုန်းနဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့နိုင်ငံရေး အင်အားစုတွေ ကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီ အကျိုးသာ ကြည့်သူလို့ အပုပ်ချ တိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင်သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ် ထွက်သယောင်ယောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တချို့ကျောင်းသားတွေ၊ သာမန်လူတွေကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေး မဟုတ်ဘူး၊ အမျိုးသား နိုင်ငံရေးဖြစ်တယ်လို့ အင်မတန် သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလိုဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၄ - ၄ - ၁၀ )

ဇိုမီးအမျိုးသားကွန်ဂရက်စ် ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ် သတင်း
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး ဗီယက်နမ် တိုက်တွန်း သတင်း
နိုင်ငံရေးအကျဉ်းသားများ လွှတ်ရေးသည် အကျပ်အတည်း ပြေလည်ရေး သော့ချက်ဖြစ် သတင်း
ရွေးကောက်ပွဲအတွက် နအဖစစ်တပ်အတွင်း အပြောင်းအလဲများ လုပ်နေ သတင်း
မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသို့ သွားမည် သတင်း
မြန်မာအီးဂရပ်စ်က နိုင်ငံရေးပါတီထောင်ရန် ထောက်ပံ့ သတင်း
အလံနီမျိုးဆက်များ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် သတင်း
မဲခေါင်မြစ်ကြောင်း ကျဉ်းလာမှု ဒေသတွင်းကို ထိခိုက် သတင်း
ဗုဒ္ဓသံဃာတော်များနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းတို့၏ ရှေ့အလားအလာ သတင်း
မြန်မာပြည်က နာမည်ကြီးများရဲ့ သတင်းများ သတင်း
အဖွဲ့ချုပ်နှင့် အပစ်ရပ်တို့ ဆက်ဆံရေး အပြုဘက် ဦးတည်တော့မည်လော (ဆောင်းပါး)
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ (ဆောင်းပါး)
ဂုဏ်ယူဝင့်ကြွားစွာ ဟစ်ကြွေးချင်ပါသေးသည် (ဆောင်းပါး)
ငြိမ်းချမ်းခြင်းရသ (ဆောင်းပါး)
တန်ဖိုး (ဆောင်းပါး)
မြန်မာပြည်သူတို့၏ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်း ဆန္ဒပြုခံရသူများစာရင်း ထုတ်ပြန် သတင်း
ဗီယက်နမ်တို့ ရလိုက်တဲ့ မြန်မာစစ်အစိုးရဆီက အခွင့်အလမ်းများ သတင်း
နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ဖို့ စစ်အစိုးရ နေ့ရက်သတ်မှတ် သတင်း
ရန်ကုန် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် သတင်း

မြို့သူကြီးနှင့် ကံကြီးမောင်

ဇော်မင်း (လူ့ဘောင်သစ်)

မြို့သူကြီးနှင့် ကံကြီးမောင်

Sunday, April 4, 2010

နေ့စဉ်သတင်းများ ( ၃ - ၄ - ၁၀ )

လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း သတင်း
၉၀ ရလဒ် မပြီးဆုံးသေး၊ ဒီငြိမ်းက ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င် သတင်း
နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ဖို့ စစ်အစိုးရ နေ့ရက်သတ်မှတ် သတင်း
စစ်အစိုးရနဲ့ တိုင်းရင်းသား ပဋိပက္ခ သတင်း
ဖခင်ကို စွပ်စွဲအကျပ်ကိုင်ပြီး (၁၅) နှစ်အရွယ် သားဖြစ်သူကို စစ်ထဲဇွတ်သွင်း သတင်း
ပျောက်နေတဲ့ ကလေးစစ်သားအကြောင်း ဖခင် လိုက်စုံစမ်း သတင်း
ပအိုဝ်းအပစ်ရပ်အဖွဲ့ ပါတီမှတ်ပုံတင်ရန် လျှောက်ထား သတင်း
ဗီယက်နန်-မြန်မာ စီးပွားကုန်သွယ်စာချုပ်များ ချုပ်ဆို သတင်း
ရေ၊ မီး မှန်မှန်မရတဲ့အပေါ် အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတွေရဲ့ ရင်ဖွင့်သံ သတင်း
MNL ဘောလုံးပွဲကြည့်သူများ ကင်မရာ ယူမလာရ သတင်း
သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည် သတင်း
စီအာပီပီ ရှေ့လုပ်ငန်းစဉ်အတွက် ဆွေးနွေး သတင်း
ဗမာပြည် မဲဆန္ဒပေးပွဲ အားလုံးပါဝင်ဖို့ ကဆစ် ပြော သတင်း
နေအိမ်မှ လိမ်ညာခေါ်ဆောင်ပြီး စစ်တပ်အတွင်း သွတ်သွင်း သတင်း
ဒီကေဘီအေတပ်ဖွဲ့ နယ်ခြားစောင့်တပ်ဖွဲ့လျှင် အမြင့်ဆုံး တပ်နယ်မှူးအဆင့် ရမည် သတင်း
အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ထိုင်းက မြန်မာကို ဖိအားပေးမည် သတင်း
ဗီယက်နမ် ၀န်ကြီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံ သတင်း
မြန်မာ-ဗီယက်နမ် စီးပွားရေး သဘောတူညီချက် သတင်း
အမေရိကန်ရောက် မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် အစီအစဉ်က ဂုဏ်ပြုငွေပမာဏ ကြေညာ သတင်း
လယ်မြေသိမ်းကိစ္စ ဖြေရှင်းပေးရန် အိုင်အယ်လ်အိုထံ အဖွဲ့ချုပ်တင်ပြ သတင်း
မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း စတင်ထုတ်လွှင့် သတင်း
ပင်လယ်ပြင် ငါးဈေးကွက်ကြောင့် ရခိုင်နယ်စပ်တွင် ငါး ရှားပါး သတင်း
ဘန်ကောက်၌ အနီရောင်ဝတ်များ ပိတ်ဆို့ဆန္ဒပြနေဆဲ သတင်း
“အပြတ်တိုက်ပြီး ရှင်းလို့ မရနိုင်ဘူး” (အင်တာဗျူး)
ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ (ဆောင်းပါး)
နိုက်ဂျီးရီးယား ဒီမိုကရက်လိုက်ဇေးရှင်းနဲ့ စစ်တပ်အခန်းကဏ္ဍ (ဆောင်းပါး)

အပေါ်သို့