Saturday, November 5, 2011

ဗိုလ်နှုတ်ခမ်းမွှေး DKBA နှင့် အစိုးရ အပစ်ရပ် သဘောတူ

ကိုဝိုင်း
နိုဝင်ဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA အစုအဖွဲ့ကြီးတခုနှင့် အစိုးရကိုယ်စားလှယ်တို့အကြား အပစ်ရပ်စဲရန် ကြာသပတေးနေ့က သဘောတူလိုက်ပြီဟု DKBA ခေါင်းဆောင်ကပြောသည်။

“သုံးရက်နေ့မှာ သဘောတူတယ်။ ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှာ လက်မှတ်ထိုး ပြီးသွားပြီ။” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ပြောသည်။ အပစ်စတင်ရပ်စဲမည့်နေ့ကို နိုဝင်ဘာ ခြောက်ရက်နေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။

Read More...

ရန်ကုန်တွင်လိုအပ်နေသည့် ရေဖူလုံရေးအတွက် အဆိုကို ကန့်ကွက်

ညီသစ်
နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယမန်နေ့က စတင်ကျင်းပနေသော လွှတ်တော်အစည်းအဝေးများတွင် အဆိုများနှင့် မေးခွန်းများ တင်သွင်းနေကြရာ သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းသည့် မြို့တော်အတွင်း သောက်သုံးရေဖူလုံ အောင် ဖြန့်ဖြူးပေးရေး အဆိုကို တက်ရောက်သူ အမတ် ၁၂၂ဦးအနက် ၉၈ဦးက ကန့်ကွက်၍ ပျက်ပြားသွားသည်။

နိုဝင်ဘာ ၂ရက်နေ့က တင်သွင်းသည့် ဦးကျော်၏ အဆိုကို နိုဝင်ဘာ ၃ရက်နေ့တွင် ဆွေးနွေးကြရာ ယင်းအဆိုကို ကိုယ်စားလှယ်သုံးဦး က ထပ်မံအဆိုပြုဆွေးနွေးကြသော်လည်း လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရေးထက် လွှတ်တော်ဆန္ဒခံယူရန် ပြောဆိုသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူ ၉၈ဦးရှိနေပြီး ထောက်ခံသူ ၂၄ဦးသာ ရှိခဲ့ကြောင်း သတင်းတက်ရောက်ရယူခဲ့သူများက ပြောသည်။

Read More...

ဘူးဂါးပိုင်လျှပ်စစ်လိုင်း ပြတ်တောက်နေ

ဖနိဒါ
နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်ပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြူးရေး ဓာတ်အား လိုင်းတခု ယခုတပတ် အင်္ဂါနေ့ ညနေ ပိုင်းစတင်၍ ပြတ်တောက် သွားရာ ပြင်ဆင်ရန် အနည်းဆုံး တပတ်ခန့် ကြာနိုင်သည်ဟု ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောသည်။

“လိုင်းကြိုးတခု ပြတ်သွားတယ်။ ဒီနေ့သွားပြင်တာ မရသေးဘူး။ တပတ်လည်း ကြာသွားနိုင်တယ်”ဟု ဘူးဂါးကုမ္ပဏီ မှ တာဝန်ရှိသူ တဦးက ပြောသည်။

Read More...

နိုဝင်ဘာကျောက်မျက်ပြပွဲ ပျက်ပြား

သဲသဲ
နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ်

နိုဝင်ဘာလတွင်ပုံမှန် ကျင်းပလေ့ ရှိသည့် မြန်မာ့နိုင်ငံ၏ ကျောက်မျက် အထူးရောင်းချ ပွဲမှာ ယခုနှစ်တွင် မပြုလုပ်နိုင်တော့ဟု မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်း အရာထမ်းတဦးက ပြောသည်။

တနှစ်လျှင် သုံးကြိမ် ပုံမှန်ကျင်းပလေ့ရှိသည့် ကျောက်မျက် ရောင်းချပွဲများကို နေပြည်တော်၌ ယခုနှစ်အတွင်း မတ်လနှင့် ဇူလိုင်လ များက ကျင်းပခဲ့ပြီး နိုဝင်ဘာတွင် ကျင်းပရမှာဖြစ်သော်လည်း မကျင်းပဖြစ်တော့ဟုဆိုသည်။

မည်သည့်အကြောင်းကြောင့် ရွှေ့ဆိုင်းရသည်ကို ပြောရန်ကိုမူသူက ငြင်းဆန်သော်လည်း မြန်မာ ကျောက်ကုန်သည် များကတော့ နိုင်ငံခြားဝယ်လက်များ ငွေပေးချေမှု မပြီးပြတ်သေးဘဲဖြစ်နေခြင်းကို ထောက်ပြကြသည်။

Read More...

Friday, November 4, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာသီယာ ရန်ကုန်မှာတွေ့

ရန်ပိုင်
November 3, 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်တို့ ယနေ့ညနေ ၄ နာရီမှစတင်၍တနာရီ နီးပါးခန့် ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်တွင် တွေ့ဆုံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အသိုင်းအ၀န်းက ပြောသည်။


ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင်
မဟာသီယာ မိုဟာမက်နှင့် ဒေါ်အောင်ဆန်စုကြည်တို့ တွေ့ဆုံစဉ်


မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

Read More...

ရန်ကုန်မှာ ရောက်နေတဲ့ မလေးရှား ၀န်ကြီးချုပ်ဟောင်း အဆို

2011-11-02

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ ရန်ကုန်မြို့မှာ ရောက်နေတဲ့ မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။


မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်ကို ၂၀၀၈ ခုနှစ်က
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောဆိုနေစဉ် တွေ့ရပုံ။


အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒေသ အကျိုးစီးပွား အတွက် တစ်သံတည်း အတူတကွ ရှိကြမယ်ဆိုရင် ပိုပြီး အကျိုးများ အောင်မြင်နိုင်မယ်လို့ ဒေါက်တာ မဟာသီယာက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ စီးပွားရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

Read More...

အမေရိကန် ထိပ်တန်း ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒီမိုကရေစီရေးဆွေးနွေး

ခင်မျိုးသက်
ကြာသပတေး, 03 နိုဝင်ဘာ 2011

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး သံတမန် ဒဲရစ်မစ်ချဲလ်တို့ဟာ ကြာသပတေးနေ့က နေပြည်တော်မှာ မြန်မာ အစိုးရသစ်အဖွဲ့ဝင် ဒုတိယနေ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး ဒီကနေ့ သောကြာနေ့မှာတော့ ရန်ကုန်မှာ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက VOA ကိုပြောပါတယ်။

သောကြာနေ့မှာတော့ အမေရိကန်သံတမန် ၂ ဦးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာစေဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ နဲ့ရော နိုင်ငံတကာ အဖွဲ့အစည်းတွေ အပြင် လူမှုလူ့အဖွဲ့အစည်း အသီးသီးနဲ့ပါ ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ပြောဆိုခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မို်က်ကယ်ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဒဲရက်မစ်ချဲလ် တို့ဟာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ တွေမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကြာသပတေး နေ့မှာတော့ သူတို့ ၂ ဦး ဟာ နေပြည်တော်မှာ ဒုတိယနေ့ ဆက်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ

2011-11-03

နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန် ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။

အမည်မဖေါ်လိုတဲ့ အရာရှိ တစ်ဦးကတော့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဖြစ်နိုင်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။


၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့်
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။


နေပြည်တော် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးကလည်း သမ္မတရဲ့လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံတော် တည်ဆောက် ရေးမှာ အကျိုးများစွာ ဖြစ်ထွန်းမယ်လို့ ယုံကြည်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။

Read More...

အစာငတ်ခံ ဆန္ဒပြသူများ ထောင်ဝင်စာ တစ်လပိတ်

2011-11-03

အင်းစိန် အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ရာမှာ မိသားစုဝင်တွေ အငြင်းပယ် ခံရပါတယ်။

ထောင်ဝင်စာ တစ်လပိတ်ထားကြောင်း အစာငတ်ခံ ဆန္ဒပြရာမှာ ပါဝင်ကြတဲ့ ကိုစိုးမိုးထွန်း၊ ကိုညီညီထွန်းနဲ့ ကိုကောင်းမြတ်လှိုင် တို့ရဲ့ မိသားစုဝင်တွေကို အကြောင်းပြန် လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစု အကျိုးဆောင် ကွန်ယက်အဖွဲ့က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

Read More...

ဘူးဂါးပိုင်လျှပ်စစ်လိုင်း ပြတ်တောက်နေ

ဖနိဒါ
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်ပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြူးရေး ဓာတ်အားလိုင်းတခု ယခုတပတ် အင်္ဂါနေ့ ညနေ ပိုင်းစတင်၍ ပြတ်တောက် သွားရာ ပြင်ဆင်ရန် အနည်းဆုံး တပတ်ခန့် ကြာနိုင်သည်ဟု ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောသည်။

“လိုင်းကြိုးတခု ပြတ်သွားတယ်။ ဒီနေ့သွားပြင်တာ မရသေးဘူး။ တပတ်လည်း ကြာသွားနိုင်တယ်”ဟု ဘူးဂါး ကုမ္ပဏီ မှ တာဝန်ရှိသူ တဦးက ပြောသည်။

အစိုးရတပ်က ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟု ကချင်အမျိုးသား လွတ်မြောက်ရေးတပ်က စွပ်စွဲလိုက်ပြီး တပ်နှင့် ရိက္ခာများ လျို့ဝှက်ရွှေ့ပြောင်းရန် အတွက် ရည်ရွယ်သည်ဟု ဆိုသည်။

Read More...

နေရပ်ပြန် အလုပ်သမားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ဖွင့်ပေး

November 3, 2011

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြ၀တီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာအာဏာ ပိုင်များက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ဖွင့်လှစ် ပေးလိုက်သည်။


ယနေ့ဖွင့်လှစ်လိုက်သည့် ချစ်ကြည်ရေး တံတားပေါ်မှ နေရပ်ပြန်မည့်
မြန်မာ အလုပ်သမားများ(ဓာတ်ပုံ - ဧရာဝတီ)


ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် နေရပ်ပြန်လာသော မြန်မာအလုပ်သမားများ ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြ၀တီတွင် လူပွဲစားများ၏ အဓမ္မ ငွေတောင်းခံရမှု များနှင့် အခြား ပြဿနာများ ကြုံတွေ့ နေရမှုများမှ ကင်းဝေးရန် အတွက် မြန်မာအစိုးရက တနှစ် ကျော်ကြာ ပိတ်ထားသည့် ယင်း ချစ်ကြည်ရေး တံတားကို ယာယီ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

Read More...

နိုဝင်ဘာကျောက်မျက်ပြပွဲ ပျက်ပြား

သဲသဲ
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ နိုဝင်ဘာလတွင်ပုံမှန် ကျင်းပလေ့ ရှိသည့် မြန်မာ့နိုင်ငံ၏ ကျောက်မျက် အထူးရောင်းချ ပွဲမှာ ယခုနှစ်တွင် မပြုလုပ်နိုင်တော့ဟု မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်း အရာထမ်းတဦးက ပြောသည်။

တနှစ်လျှင် သုံးကြိမ် ပုံမှန်ကျင်းပလေ့ရှိသည့် ကျောက်မျက် ရောင်းချပွဲများကို နေပြည်တော်၌ ယခုနှစ်အတွင်း မတ်လနှင့် ဇူလိုင်လများက ကျင်းပခဲ့ပြီး နိုဝင်ဘာတွင် ကျင်းပရမှာဖြစ်သော်လည်း မကျင်းပဖြစ်တော့ဟုဆိုသည်။

မည်သည့်အကြောင်းကြောင့် ရွှေ့ဆိုင်းရသည်ကို ပြောရန်ကိုမူသူက ငြင်းဆန်သော်လည်း မြန်မာ ကျောက်ကုန်သည် များကတော့ နိုင်ငံခြားဝယ်လက်များ ငွေပေးချေမှု မပြီးပြတ်သေးဘဲ ဖြစ်နေခြင်းကို ထောက်ပြကြသည်။

Read More...

Thursday, November 3, 2011

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) မြန်မာ့ သမိုင်းတကွေ့မှ အထင်ကရ နိုင်ငံရေး ခေါင်းဆောင် တဦး

သန်းဝင်းလှိုင်
နိုဝင်ဘာ ၂၊ ၂၀၁၁

ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအား အကြမ်းဖက်ဖြိုခွင်းကာ စစ်တပ်မှ အာဏာ သိမ်းပြီးနောက် သမိုင်း လိုအပ်ချက်အရ ၁၉၈၈ စက်တင်ဘာလ (၂၇) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပေါ်ထွန်း လာသောအခါ ဆရာကြီး ဦးဝင်းတင်သည် အဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်ကော်မတီ ၏ အတွင်းအရေးမှူး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီ (၉) ရက်နေ့တွင် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်း လိုက်သောအခါ အတွင်းရေးမှူး အဖြစ် လည်းကောင်း၊၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်း လိုက်သောအခါ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ယနေ့တိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ တာဝန်ထမ်း ဆောင် လျက်ရှိသည်။

ဦးဝင်းတင်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က သူ၏ ̏ မြန်မာပြည်မှပေးစာ များ” (Letter from Burma) စာအုပ်၌ အောက်ပါအတိုင်း ရေးသား ထားလေသည်။

Read More...

ငွေစာရင်း ကွာဟမှုကြောင့် မြန်မာ့အလင်းသတင်းစာ ၀န်ထမ်း ၃ ဦး အဖမ်းခံရ

မြတ်မိုး
November 3, 2011

မြန်မာ့အလင်း သတင်းစာတိုက်တွင် ငွေ ကျပ် သိန်း ၈၀၀၀ စာရင်းကွာဟနေမှုကြောင့် ၀န်ထမ်းသုံးဦးကို တရား စွဲထားကြောင်း စုံစမ်း သိရှိရသည်။

ငွေကိုင်မန်နေဂျာ၊ စာရင်းကိုင်နှင့် ဖြန့်ချိရေးတာဝန်ခံ သုံးဦးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တရားစွဲထားခြင်း ဖြစ်သည်။

၂၀၁၀ -၂၀၁၁ ငွေစာရင်း ရှင်းတန်း၌ သိန်း ၈၀၀၀ စာရင်းကွာဟနေမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ငွေစာရင်းကွာဟ မှုတွင် ပါဝင်ပတ်သက်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်နေကြောင်း သိရသည်။

Read More...

တိုင်းရင်းသားအရေး ဖြေရှင်းပေးရန် ကုလ အထူးကိုယ်စားလှယ်ကို တောင်းဆို

သောမတ်စ် မောင်ရွှေ
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုင်းရင်းသားလူမျိုးစုများကောင်စီ (ENC) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ
ရွှေခါး က ထိုင်းနိုင်ငံ တွင် အင်္ဂါနေ့ က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ ကုလသမဂ္ဂ၏ မြန်မာပြည်အရေး ဆိုင်ရာ အထူးသံ ကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ အရေးကို ကူညီဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

လက်ရှိတိုင် အပစ်အခတ်ရပ်စဲခြင်း မရှိသေးသည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ခေါင်းဆောင်တဦးလည်း
ဖြစ်သည့် ဒေါက်တာရွှေခါးက တိုင်းရင်းသားလူမျိုးစုများ၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ၎င်းတို့၏
တော်လှန်ရေးလှုပ်ရှားမှုသည် နိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် တည်ငြိမ်မှု အတွက် ပင်မပြဿနာ တခုအဖြစ် တည်ရှိ နေသည် ဟုဆိုသည်။

Read More...

မြန်မာ့ နိုင်ငံခြားငွေလဲနှုန်း စနစ်အတွက် ပူးပေါင်း ဆောင်ရွက်မည်ဟု IMF ပြော

အေးလဲ့
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ “မြန်မာနိုင်ငံ နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ်ကို မူဝါဒများ ချမှတ်ဆောင်ရာ၌ ပူးပေါင်း
ဆောင်ရွက်မည်” ဟု မြန်မာ အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF)၏ သီတင်းပတ် နှစ်ပတ် ခန့်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ပြောဆိုလိုက်သည်။

IMF အဖွဲ့မှ Mr. Ake Lonnberg ခေါင်းဆောင်သော ငွေကြေးဈေးကွက်နှင့် အရင်းအနှီး ဈေးကွက်ဌာန၊ ဥပဒေဌာန နှင့် အာရှ-ပစိဖိတ် ဌာနတို့ ပါဝင်သော မစ်ရှင်အဖွဲ့သည် အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ အထိ အစိုးရ အရာရှိများ၊ ဘဏ်များ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတို့မှ ကိုယ်စားလှယ်များ တို့အား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တွေ့ဆုံခဲ့သည်။

Read More...

ဦးသန့် အခမ်းအနား Vijay Nambia တက်ရောက်မည်

ကိုဇော်ဝင်းလှိုင်
ဗုဒ္ဓဟူး, 02 နိုဝင်ဘာ 2011

မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ မနက်ဖြန် ရန်ကုန်မြို့မှာ ကျင်းပမယ့် ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရာထူး လက်ခံရရှိတဲ့ နှစ် ၅၀ ပြည့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီယားဟာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီကနေ့ဘဲ နေပြည်တော် ကနေ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

Read More...

အစိုးရ ကိုယ်စားလှယ်များနှင့် DKBA ဒုတိယ အကြိမ်တွေ့

November 3, 2011

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA) ဗိုလ်ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြီးခဲ့သည့် တပတ်အတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် ၂ ကြိမ် တွေ့ဆုံခဲ့သည်။


အစိုးရကိုယ်စားလှယ်များနှင့် သွားရောက်တွေ့ဆုံနေသော DKBA တပ်မှူး ၃ ဦးဖြစ်သည့်
ဗိုလ်မှူးကြီး မိုရှေး(အလယ်)၊ ဗိုလ်မှူးစိန်ဝင်း(ယာ-အတွင်းခံအင်္ကျီ အဖြူ)နှင့် ဗိုလ်မှူးပိဒါး(၀ဲ)


DKBAအဖွဲ့သည် အစိုးရ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် ယခင်လ၂၆ ရက်နေ့နှင့် ယခုလ ၁ ရက်နေ့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သော ဘားအံနှင့် မော်လမြိုင်တို့တွင် တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

Read More...

Wednesday, November 2, 2011

“Freedom House” အဖွဲ့ကြီး၏ နှစ်(၇၀) မြောက် နှစ်ပတ်လည် ညစာစားပွဲ၌ ဖရက် ဟိုက်ရက်(Fred Hyatt) ပြောကြားသော မိန့်ခွန်း၏ အဆုံးသတ် ကောက်နှုတ်ချက်

နိုဝင်ဘာ ၂ ရက် ၂၀၁၁

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ညတွင် ပြုလုပ်သော ဝါရှင်တန် အခြေစိုက် “Freedom House” အဖွဲ့ကြီး၏ နှစ်(၇၀) မြောက် နှစ်ပတ်လည် ညစာစားပွဲ၌ ဝါရှင်တန်ပို့စ် သတင်းစာ အယ်ဒီတာ ဘုတ်အဖွဲ့အား ချီးမြင့်သော “Awareness Raising Award” ကို လက်ခံရယူစဉ် အယ်ဒီတာ ဖရက် ဟိုက်ရက်(Fred Hyatt) ပြောကြားသော မိန့်ခွန်း၏ အဆုံးသတ် ကောက်နှုတ်ချက်ကို ဖေါ်ပြ လိုက်ပါတယ်။

(၎င်းညစာစားတွင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း “Freedom Award” ချီးမြင့်ခဲ့သည်။)

--------------------------

နောက်ဆုံးပိတ်ပြောချင်တာကတော့ သူတို့အတွက် အကြီးအကျယ် အန္တရာယ်ရှိနိုင်ပေမဲ့လည်း ကျနော်တို့ အတွက် နှစ်ပေါင်းများစွာကြာ သူတို့ရဲ့သဘောထား အမြင်တွေကို ရေးသား ပေးပို့ကြတဲ့ အစိုးရနဲ့ သဘောထား အမြင် ဆန့်ကျင်သူတွေနဲ့ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်သူတွေ အားလုံးကို ကျေးဇူး တင်ပါရစေ။


Read More...

The Prize Dedicated to U Gambira

November 2. 2011

The 70th anniversary dinner of the Washinton based “Freedom House” Group was held on October 26, 2011. At the dinner, the Group gave the “Awareness Raising Award” to the board of editors of The Washinton Post, and Fred Hyatt, editor of The Washinton Post, accepted this award on behalf of the editors’ board, and addressed a speech. In his address, he made some honorific comments on U Gambira, a monk who led the Saffron Revolution in Burma in September, 2007. And Daw Aung San Suu Kyi was also given “Freedom Award” prize at the dinneer.

Below’s the comments on U Gambira expressed in the ending part of his speech.

Finally, and most of all, I would like to thank the many dissidents and freedom fighters who have written op-eds for us over the years, often at great risk to themselves. Four years ago, for example, we published an oped by U Gambira, a monk who had helped lead the unfinished Saffron Revolution in Burma. “We adhere to nonviolence, but our spine is made of steel,” he wrote. “There is no turning back. It matters little if my life or the lives of colleagues should be sacrificed on this journey. Others will fill our sandals, and more will join and follow.”

By coincidence, on the day his op-ed appeared, U Gambira, who had been living in hiding inside his country, was found and arrested. Things in Burma, as we will no doubt hear more of later in this program, may be stirring for the better. But U Gambira remains in jail, and just this week we saw reports that his health may be in jeopardy. I would like to dedicate this award to him, and to the day when we can print his next op-ed in the Washington Post.

Read full version:

ဟရေ … နမ်ဗြား၊ နင် ဘယ်လမ်းသွားမလဲ

ဂါမဏိ

သီရိလင်္ကာပြည်တွင်းစစ် နောက်ဆုံးရက်ပိုင်းတွေမှာ တမီးလ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ LTTE ရဲ့ နိုင်ငံရေး ခေါင်းဆောင်ပိုင်း တွေဟာ မိသားစုတွေ၊ အရပ်သားတွေနဲ့ အတူ သီရိလင်္ကာ အစိုးရတပ်ဆီမှာ အလံဖြူ ထောင် လက်နက် ချခဲ့ကြပါတယ်။ ဒီထဲမှာ ထိပ်သီး ခေါင်းဆောင် နာဒီစံ၊ ငြိမ်းချမ်းရေး အတွင်းဝန် ပူလီဒေဝန်နဲ့ ဗိုလ်မှူးကြီးရာမက်ရှ်တို့ ပါဝင်ပြီး စုစုပေါင်း လူ ၃၀၀ ကျော်ရှိပါတယ်။

သူတို့ဟာ အစောပိုင်းမှာ စေ့စပ်ဆွေးနွေးဖို့ဘဲ စိတ်အား ထက်သန်ပြီး နောက်ပိုင်းမှာ စစ်ရေးအရ အကျဉ်း အကျပ် ဆိုက်လာတဲ့ အခါ ခြွင်းချက်မရှိ လက်နက်ချဖို့ သဘော တူခဲ့ပါတော့တယ်။ ဒီလို သဘောတူတဲ့ အကြောင်း ကုလသမဂ္ဂ အရာရှိတွေ၊ နော်ဝေး အစိုးရ၊ ဗြိတိန်အစိုးရ၊ အမေရိကန် အစိုးရနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့ကို အကြောင်းကြား ခဲ့ပါတယ်။ ကြားလူ နှစ်ယောက်က တဆင့် သီရိလင်္ကာ အစိုးရကိုလည်း အကြောင်းကြား ခဲ့ပါတယ်။

Read More...

သမဝါယမနှင့် တောင်သူများ အပြန်အလှန် တရားစွဲ

ဖနိဒါ
နိုဝင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ

“ခေတ်သစ် လယ်ယာမြေနှင့် အထွေထွေ စီးပွားရေး လုပ်ငန်း သမဝါယမအသင်း လီမီတက်”နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာမှ တောင်သူများ အပြန်အလှန် တရားစွဲဆိုမှု ဖြစ်ပွားလျက် ရှိသည်။

ဦးတွတ်နီ၊ ဦးသန်း၊ ဦးနေလင်းအောင်၊ ဦးကံညွန့်၊ ဦးသိန်းဖေ၊ ဦးနေဝင်း၊ ဦးအေးကို၊ ဦးဝင်းစိုးနိုင်နှင့် ဦးညိုဝင်းတို့ကို ပိုင်နက် ကျူးကျော်မှုနှင့် မီးရှို့ဖျက်ဆီးမှုတို့ဖြင့် သမဝါယမက စွဲဆိုထားသော အမှုကို ပြင်ဦးလွင်ခရိုင် တရားရုံးတွင် အင်္ဂါနေ့က တတိယ အကြိမ် ကြားနာမှုပြုခဲ့သည်။ တနေ့တည်းမှာပင် တရားခံကိုးဦး အပါအဝင် ညောင်ကုန်းရွာသား တောင်သူ ၃၁ ဦးက သမဝါယမ အသင်းထံမှ နစ်နာကြေးရလိုမှုဖြင့် တရားရုံးတော်သို့ ဦးတိုက် လျှောက်ထားလိုက် သည်။

Read More...

အသက် ၂ နှစ်အောက် ကလေးကို တီဗီ ကွန်ပျူတာ လုံးဝ ပေးမကြည့်နဲ့

01 November 2011
ဝင့်ထန်း

ကလေးဆေးဘက်ဆိုင်ရာ အမေရိကန်သမားတော်အဖွဲ့ (American Academy of Pediatrics) က အသက် ၂ နှစ်အောက် ကလေးငယ်တွေကို တီဗီနဲ့ ကွန်ပျူတာ စခရင် လုံးဝ မကြည့်စေဖို့ မိဘများကို သတိပေးခဲ့သည်။

အသက် ၈ နှစ်အောက်တွေကိုလည်း ကွန်ပျူတာနဲ့ တီလီဗေးရှင်း စခရင်တွေရှေ့မှာ အချိန်ဖြုန်းတာကို ကန့်သတ်ထားဖို့ အစီရင် ခံစာတစ်စောင် မကြာခင်က ထုတ်ပြန်ခဲ့သည်။

ငယ်ရွယ်လွန်းသေးတဲ့ ကလေးတွေကို တီဗီ၊ ကွန်ပျူတာ ကြည့်ရှုစေခြင်းဖြင့် မည်သည့်ပညာရေး အကျိုးအမြတ်မှ ရရှိစေမှာ မဟုတ် ကြောင်း ဖော်ပြခဲ့သည်။

Read More...

ကြက်ဆူပင် ပညာရေး

01 November 2011
ထိန်အောင်လင်း

မြန်မာနိုင်ငံရဲ့ ပညာရေးကား လက်ရှိအတိုင်း ဆက်သွားလို့ကတော့ တောင်ကိုမဖောက် တောင်းကိုဖောက် ပညာရေးအမြင် ကြက်ဆူပင်သာ ဖြစ်လိမ့်မည်။

အာဏာရှိသူများက မတတ်လို့မပြင်၊ ပညာရှိသူများက ကြောက်လို့မပြင်။ တိုင်းပြည်ရဲ့ အနာဂတ်ကား လူငယ်တွေက အော်နေရုံ နဲ့မပြီး၊ ဆောင်ပုဒ်တွေနဲ့မပြီး၊ လုပ်သင့်တာ လုပ်ဖို့အချိန်တန်ပါပြီ။ ဒီမိုကရေစီ လမ်းကြောင်းလို့ပြောတယ်။ ဒီအချိန်မပြင်ရင် ဘယ် အချိန်ပြင်ကြမလဲ။

ကြက်ဆူပင်ပညာရေး အကြောင်းပါ။ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း) ပေါ့။ အဲဒီအတန်းမှာ အင်္ဂလိပ်လို သင်ရတဲ့ ဘာသာ ၅ ဘာသာပါ ပါတယ်။ ဓါတုဗေဒ ဘာသာထဲမှာပါ။ စာမျက်နှာ ၂၇၈ မှာ 'ခြံစည်းရိုးကြက်ဆူပင်စေဆီ' လို့အထူးဘာသာပြန်ဆိုချက် တစ်ခုပါတယ်။

Read More...

အနောက်သြဇာ ဆုတ်ယုတ်သွားတဲ့ အာရပ်ကမ္ဘာ

01 November 2011
စောပြည့်ညို

တူနီးရှားမှ စတင်ခဲ့သော အာရပ်လူထု အုံကြွမှုသည် ယခုထက်တိုင် ဆက်လက် ဖြစ်ပေါ်နေသေးသည်။ လွန်ခဲ့သည်လက လစ်ဗျား နိုင်ငံကို ၄၂ နှစ် ကြာ အုပ်ချုပ်လာသော ဂဒါဖီ ကျဆုံးခဲ့ပြီ၊

အာရပ် လူထုအုံကြွမှုကို စတင်ခဲ့သည့် တူနီးရှား နိုင်ငံတွင်လည်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည့်။ ဆော်ဒီ ထီးနန်း ကို ဆက်ခံမည့် ရှေးရိုးစွဲ မင်းသားမှာလည်း အသက် ကြီးရင့်မှုကြောင့် ကွယ်လွန်သွားခဲ့သည်။

Read More...

ဇနီး ၃၉ ဦး၊ မိသားစုဝင် ၁၆၀ နှင့် ညီညီညွတ်ညွတ် နေထိုင်သူ

01 November 2011
စောပြည့်ညို

ကမ္ဘာ့လူဦးရေ အဆမတန် များပြားလာမှု အပေါ် ပညာရှင်များမှ စိုးရိမ်ပူပင်မှုများ ရှိနေသော်လည်း အန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် မှ မိသားစုဝင် ၁၆၀ ရှိ Ziona မှ စိုးရိမ်ပူပင်မှု မရှိကြောင်း ပြောဆိုခဲ့သည်။

“အိန္ဒိယနိုင်ငံ၏ လူဦးရေ ပေါက်ကွဲနေမှုအပေါ်စိုးရိမ်ပူပင်မှု မရှိဘူး၊ ကျနော်တို့လို မိသားစုများကို ဘုရားသခင် က ရွေးချယ်တာ ပါ” ဟု ပြောဆိုခဲ့သည်။ Ziona တွင် မယား ၃၉ ယောက်ရှိပြီး၊ သားသမီး ၈၆ ယောက်၊ မြေး ၃၅ ယောက်ရှိသည်။

Read More...

အိဒ် (ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် နွားဈေးကောင်း၍ ရခိုင်တွင် နွားခိုးမှု တိုးပွားနေ

11/1/2011

ခိုင်သိန်း
---------
အစ္စလာမ် ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် အိဒ်(ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် ဘင်္ဂလာဒေခ်ျ့တွင် နွားဈေး အထူး ကောင်းနေသဖြင့် ရခိုင်ပြည်နယ်တွင် နွားခိုးမှုများ အထူး တိုးပွားနေသည်ဟု သိရသည်။

လွန်ခဲ့သော အောက်တိုဘာလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် အငုံမော်၊ ချောင်းရင်း ကုန်တန်းကျေးရွာ အဖ ဦးအင်္ဂါ အောင် သမီး ဒေါ်ကျော့မဖြူတို့ထံမှ နွား ၁၀ ကောင်ကို ခိုးယူသွားကြောင်း နွားပိုင်ရှင် အမျိုးသမီးက နိရဉ္စရာသို့ ပြောသည်။

Read More...

အပေါ်သို့