Friday, May 17, 2013

လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် တရုတ်မြန်မာ နှစ်နိုင်ငံ အရှိန်မြှင့်ဆောင်ရွက်

Rosie Gogan-Keogh
မေလ ၁၆ ရက် ၂၀၁၃ ခုနှစ်

တရုတ် မြန်မာ နှစ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသတွင် လူကုန်ကူးမှု ကာကွယ်တားဆီးရေးအတွက် ရုံး တခုကို ဗုဒ္ဓဟူးနေ့က တည်ထောင်ဖွင့်လှစ်ခဲ့သည်ဟု နှစ်နိုင်ငံစလုံးက ကြေညာခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့် ဒေသ တို့အကြား နမ့်ဆန်-လောက်ကိုင် ဒေသတွင် ထိုရုံးအား ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အတွက် နှစ်နိုင်ငံ ဆက်ဆံရေး ရုံးများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှိ ရွှေလီနှင့် Longchuan တို့တွင် ၂၀၀၇ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

Read More...

ရခိုင်ဒေသ မုန်တိုင်းအန္တရာယ် ကင်းရှင်း၊ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပြီ

မင်းမင်း
မေလ ၁၇ ရက် ၂၀၁၃ ခုနှစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော် ဝင်ရောက်ကာ အန္တရာယ်ပေးနိုင်သည့် အဆင့် အနီရောင်ရှိသည်ဟု သတိပေးမှုများ ပြုလုပ်ခဲ့ရသည့် မဟာဆန် မုန်တိုင်းသည် ယခုအခါ အန္တရာယ်မရှိသည့် အဆင့်သတ်မှတ်မှု အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားပြီဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၁၆ ရက် ည ၈း၃၀ အချိန်တွင် ထုတ်ပြန်လိုက်သည်။

“မုန်တိုင်းကတော့ အန္တရာယ်ကင်းရှင်းသွားပါပြီ။ အစိမ်းရောင် အခြေအနေကို ရောက်ရှိသွားပါပြီ။ အဲဒါကို ည ၈ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်” ဟု မိုး/ဇလ မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

Read More...

ကော့မှူးတွင် ရွေ့လျားစာကြည့်တိုက်များ ထားရန် ပြန်/ဆက်နှင့် ပူးပေါင်း၍ ဒေါ်စု စီစဉ်နေ

မင်းမင်း
မေလ ၁၇ ရက် ၂၀၁၃ ခုနှစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးကော်မတီနှင့် ပူးပေါင်းကာ
ရွေ့လျား စာကြည့်တိုက်များ (Mobile Libraries) ထားရှိပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

Read More...

KNU နှင့် အစိုးရ တပ်များ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးရန် ရန်ကုန်မှာ တွေ့ဆုံမည်

သိင်္ဂီထွန်း
မေလ ၁၇ ရက် ၂၀၁၃ ခုနှစ်

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း (Code of Conduct) များအတွက် အကြိုဆွေးနွေးပွဲ ကို မေလနှောင်းပိုင်း တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဟု KNU ပြန်ကြားရေးနှင့် စည်းရုံးရေး တာဝန်ခံ ဖဒိုစောလှထွန်း က မီဒီယာ များကို ပြောဆိုလိုက်သည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ လိုက်နာရမည့်စည်းကမ်း၊ တပ်နေရာချထားရေး၊ နှစ်ဘက်တပ် သွားလာရမည့် လမ်းကြောင်းများကို အဓိက ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်းက အင်္ဂါနေ့က ပြောသည်။

Read More...

ဦးသိန်းစိန်နှင့် အိုဘားမား တွေ့ဆုံ ဆွေးနွေးမည့်အပေါ် သုံးသပ်ချက်အမြင်အချို့

တင်ဇာအောင်
မေလ ၁၇ ရက် ၂၀၁၃ ခုနှစ်

သမ္မတဦးသိန်းစိန်သည် မကြာမီ ရက်ပိုင်းအတွင်း အမေရိကန် သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိ ကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သည်။

ဦးသိန်းစိန်နှင့် အိုဘားမားတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင် တကြိမ်၊ မြန်မာနိုင်ငံ တွင်တကြိမ် စုစုပေါင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ကြဖူးပြီး ဖြစ်သည်။

ယခုတကြိမ် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံမှုနှင့် ပတ်သက်၍ မြန်မာ့ နိုင်ငံရေး လှုပ်ရှားနေသူများနှင့် စီးပွားရေး လုပ်ငန်းရှင် များ၏ ထင်မြင်ယူဆချက်များကို မဇ္စျိမက မေးမြန်း ဖော်ပြပေးထားသည်။

Read More...

တော်ဝင် သစ်အချောထည် စက်ရုံလုပ်သားများ မေလကုန်တွင် ရုံးထုတ်မည်

နေမျိုး
မေလ ၁၆ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ‘တော်ဝင်’ သစ်အချောထည် စက်ရုံလုပ်သား ၁၂ ဦး ဖမ်းဆီးခံထား ရပြီး မေလကုန်ပိုင်းတွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

အဖမ်းဆီးခံ စက်ရုံလုပ်သားများထဲတွင် အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၈ ဦးပါဝင်ကြောင်းနှင့် ထို အမှုတွဲတွင် ပါဝင်သူကို ကူညီအားပေအားမြောက်ပြုသူများအဖြစ် စွပ်စွဲထားကြောင်း ၎င်း တို့၏ ရှေ့နေမှ ယနေ့ ညနေပိုင်း က မဇ္စျိမ သို့ ပြောသည်။

Read More...

မိုင်းဆတ်မှာ လေယာဉ် ပြေးလမ်းချော်၊ ၂ ဦး ဒဏ်ရာရ

နန်းသီရိလွင်
May 16, 2013

မေလ ၁၆ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဟဲဟိုးမှ မိုင်းဆတ်သို့ ပျံသန်းလာသော မြန်မာ့လေကြောင်း လေယာဉ်ခရီးစဉ် အမှတ် ၆၄၅ လေယာဉ်သည် မိုင်းဆတ်လေဆိပ်သို့ ဆင်းသက်စဉ် စက်ချို့ယွင်း မှုကြောင့် ပြေးလမ်းချော်ကာ ဘယ်ဘက်လေယာဉ်တောင်ပံနှင့် ဘီးများပျက်စီးခဲ့ပြီး ခရီးသည် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ဒဏ်ရာရတဲ့သူတွေကို အခုလောလောဆယ် မိုင်းဆတ်တပ်မတော် ဆေးရုံကို ပို့ထားပါတယ်။ ဒဏ်ရာ မပြင်းထန်ဘူး။ လေယာဉ်အဆင်းမှာ ဘရိတ်ချို့ယွင်းပြီးတော့ အရှိန်မထိန်းနိုင်ပဲ ပြေးလမ်း ကို ချော်သွား တာပါ” ဟု ပြန်ကြားရေး ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ဧရာဝတီကို အတည်ပြု ပြောကြားသည်။

Read More...

ဒုက္ခသည်များကို ပြန်ပို့ရန် ထိုင်းအစိုးရ အစီအစဉ် မရှိသေး

သန်းထိုက်ဦး| May 16, 2013

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသော ဒုက္ခသည်များကို ထိုင်းအစိုးရအနေနှင့် နေရပ်ပြန် ပို့ရန် အစီအစဉ် မရှိသေးကြောင်း မယ်လ ဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး နိုင်ဖရီ ဒါးက ပြောကြားသည်။

မယ်လဒုက္ခသည် စခန်းတွင် ကရင် ဒုက္ခသည်များ ကော်မတီ (KRC) မှ ဦးစီး၍ ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ ကျင်းပသော ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် အုပ်ချုပ်ရေးမှူး နိုင်ဖရီဒါးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

Read More...

စစ်တပ်က ရှမ်းရွာသားများပိုင် ပစ္စည်းကို သိမ်းသလား

နန်းဆိုင်နွမ်| May 16, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာကို အစိုးရစစ်တပ်က ၀င်စီးပြီးနောက် ရွာထဲရှိ ရွာသားများ၏ ပစ္စည်းများကိုပါ လုယက် သိမ်းယူထားကြောင်း နမ့်ခမ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဧရာဝတီသို့ ပြောဆိုသည်။

နမ့်ခမ်းမြို့နယ် ဦးစီးမှူးကမူ တပ်မတော်အနေဖြင့် ရွာထဲတွင် လက်နက်ရှိ မရှိ ရှာဖွေခြင်းသာ ဖြစ်ပြီး ပစ္စည်းများ သိမ်းယူခြင်း မဟုတ်ဟု ဆိုသည်။

Read More...

သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု အညွှန်း မြန်မာ အနိမ့်ဆုံးတွင် ရှိဆဲ

လင်းသန့်| May 16, 2013

မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု ညွှန်းကိန်းအရ အဆင့် ၅၈ ဖြင့် အနိမ့်ဆုံးဖြစ်နေသေးကြောင်း သယံဇာတ၊ အခွန်၊ ဘဏ္ဍာ စောင့်ကြည့်ရေးအဖွဲ့ (Revenue Watch Institue) က ထုတ်ပြန်လိုက်သည်။

သဘာဝ အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံပေါင်း ၅၈ နိုင်ငံအား လေ့လာ စောင့်ကြည့် စစ်တမ်းကောက်ယူကာ လေ့လာ တွေ့ရှိချက်များကို သုံးသပ်တင်ပြထားသည့် သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု ညွှန်းကိန်း (Resource Governance Index) ကို Revenue Watch Institue က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ပေးမှတ် ၁၀၀ တွင် မြန်မာနိုင်ငံက ရမှတ် ၈ မှတ်ဖြင့် အဆင့် ၅၈ တွင် ရှိကြောင်း သိရသည်။

Read More...

ထားဝယ်ဒေသ သိမ်းဆည်းခံ လယ်မြေများအတွက် သမ္မတအထိ တောင်းဆိုမည်

စနေလင်း| May 17, 2013

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ဒေသရှိ စစ်တပ်နှင့် ပုဂ္ဂလိက ကုမ္ပဏီများ၏ မတရားသိမ်းဆည်းခံရသော ၎င်းတို့ လယ်ယာမြေ များ ပြန်လည် ရရှိရေးနှင့် အကျိုးခံစားခွင့်များ ရရှိရန် အတွက် နိုင်ငံတော် သမ္မတ အထိ တောင်းဆိုသွားမည် ဖြစ်ကြောင်း လယ် သမားများက ပြောဆိုသည်။

ယင်း လယ်ယာမြေများအား တောင်သူ လယ်သမားများ၏ အခွင့်အရေးကို လျစ်လျူရှုကာ မတရားသိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသား များ၏ ရုံးခန်း၌ ကြာသပတေးနေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် လယ်ယာမြေ အသိမ်းခံရသူ ၁၅ ဦးခန့်က ပြောကြားခြင်း ဖြစ်သည်။

Read More...

ရန်ကုန် ဘတ်စ်ကားလိုင်း စနစ်များ ပြင်မည်

မြတ်စုမွန်| May 16, 2013

ရန်ကုန်မြို့တွင်း နေ့စဉ် သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေရန်အတွက် ဘတ်စ်ကားလိုင်းများ လက်ရှိပြေးဆွဲနေသော စနစ်ကို ပြန် လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း အသစ်ဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ ဆောင်ရေး အာဏာပိုင် အဖွဲ့(Yangon City Public Transport Authority-YCPTA)က ပြောသည်။

“ကျစ်လျစ်တဲ့ ယာဉ်လိုင်းစနစ်ဖြစ်အောင် ပြန်ပြင်မယ်၊ လိုင်းတွေ ပြန်သန့်မယ်၊ ကုမ္ပဏီပိုင်၊ အဖွဲ့အစည်းပိုင် စနစ်မျိုး နဲ့သွားမယ်၊ ပိုင်ဆိုင်မှု စုစည်းတာမျိုး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို လစာပေးတဲ့စနစ်နဲ့ သွားတာမျိုးဖြစ်နိုင်အောင် လုပ်ဖို့ အစီအစဉ် တွေရှိပါတယ်၊ အခုက လိုင်းဝင်ထားပြီး ၀င်မဆွဲတဲ့လိုင်းတွေ ရှိနေတယ်”ဟု YCPTA အတွင်းရေးမှူး ဦးလှအောင် က ဧရာဝတီသို့ပြော သည်။

Read More...

Thursday, May 16, 2013

မူဆလင် ဒုက္ခသည် ၅၀ ခန့် ပျောက်ဆုံးနေဆဲ

2013-05-15

မေလ ၁၃ ရက်နေ့ညက ပေါက်တောမြို့နယ်က မူဆလင် ဒုက္ခသည်တွေ စီးလာတဲ့ စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာမှာ ဒီကနေ့အထိ လူ ၄၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၅၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို အတည်ပြု ပြောကြားပါတယ်။

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူ လူဦးရေးစာရင်း အတိအကျကိုတော့ လောလောဆယ် အတည်မပြုနိုင်သေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

Read More...

အမေရိကန် သမ္မတ အိမ်ဖြူက ဘားမားအစား မြန်မာနိုင်ငံလို့ စတင်သုံးနှုံး

2013-05-16

အမေရိကန် သမ္မတ အိုမားမားဟာ ဧည့်သည်တော် သမ္မတ ဦးသိန်းစိန်ကို မေလ (၂၀) ရက် တနင်္လာနေ့မှာ အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်က မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သမ္မတ အိုဘားမား မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက်၊ ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတဲ့အပေါ် အမေရိကန်အစိုးရက ဆက်လက် ထောက်ခံအားပေးနေခဲ့ကြောင်း၊ သမ္မတ အိုဘားမား အနေနဲ့ ဦးသိန်းစိန်နဲ့တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေး၊ ဘာသာရေးနဲ့ လူမျိုးစု ပဋိပက္ခတွေ၊ ပြည်သူတွေအတွက် စီးပွားရေးအခွင့်အလမ်းစတဲ့ ဖြေရှင်းဆောင်ရွက်ရဦးမယ့် ပြဿနာတွေ အကြောင်း ဆွေးနွေးမယ့်အပြင်၊ အမေရိကန်ပြည်ထောင်စုဘက်က အကူအ ညီတွေဘယ်လိုပေးနိုင်မလဲဆိုတာ ရှာကြံ သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Read More...

လယ်လုပ်ခွင့်နှင့် ဖမ်းထားသူများ ပြန်လွှတ်ရေး လက်ပံတောင်း ဒေသခံများ တောင်းဆို

ကျော်ခ| May 15, 2013

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ဒေသခံရွာသားများက ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရန်၊ လယ်ယာများ ထွန်ယက်စိုက်ပျိုးခွင့် ပေးရန်နှင့် ဒေသခံများအရေး ကူညီဆောင်ရွက်ရင်းမှ ဖမ်းဆီးခံရသည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသားများကို ပြန်လွှတ်ပေးရန် အစိုးရဝန်ကြီးများနှင့် တွေ့ဆုံရာတွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

ယမန်နေ့က တုံရွာတွင် လက်ရှိ လက်ပံတောင်းဒေသ လုံခြုံရေးဆိုင်ရာ တာဝန်ကို အဓိက ကိုင်တွယ် ဆောင်ရွက်နေသည့် စစ်ကိုင်းတိုင်းအစိုးရ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဦးကြည်နိုင်နှင့် သတ္ထုတွင်း ပြည်ထောင်စု ဝန်ကြီး ဦးသန်းထိုက် တို့ပါဝင်သော အဖွဲ့ဝင်များက ဒေသခံ ရွာသားများနှင့် လာရောက် တွေ့ဆုံခဲ့ရာတွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Read More...

မဟာစင် မုန်တိုင်းမလာမီ ကြိုတင် ပြင်ဆင်နေကြောင်း အစိုးရ ရှင်းလင်း

နန်းဆိုင်နွမ်| May 15, 2013

ရခိုင်ပြည်နယ်တွင် မဟာစင်မုန်တိုင်း ၀င်ရောက်လာပါက ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက်နေသည် ဟု ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲတွင် ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

Read More...

ဒုက္ခသည် ၇ သောင်းခန့် မုန်တိုင်းဘေးလွတ်ရာ ရွှေ့ပြောင်းရန် ငြင်းဆန်

ထက်နိုင်ဇော်| May 15, 2013

ရခိုင်ပြည်နယ်အစိုးရက စစ်တွေမြို့ အနီးရှိ ဒုက္ခသည်များကို မဟာစင်မုန်တိုင်းဒဏ် ကင်းလွတ်နိုင်သော နေရာ များသို့ ရွှေ့ပြောင်းပေးလျှက် ရှိသော်လည်း ဒုက္ခသည် ၇၀၀၀၀ ခန့်မှာ ရွှေ့ပြောင်းရန် ငြင်း ဆန်နေကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဦးလှသိန်းက ပြောသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မဟာစင် မုန်တိုင်းသည် မေလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသများကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားရာ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းမှ တသိန်းနီး ပါးရှိသော ဒုက္ခသည်များကို မုန်တိုင်းဒဏ် ကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးရန် ရခိုင်ပြည်နယ်အစိုးရ က စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် ဒုက္ခသည် စခန်း ၁၁ ခုမှ လူဦးရေ ၇၀၀၀၀ ခန့်မှ နေရာပြောင်းရွှေ့ပေးရန် ငြင်းဆန် ခဲ့ကြောင်း သိရှိရသည်။

Read More...

အခြေခံဥပဒေကို NLD ပြင်လျှင် ကြံ့ခိုင်ရေးပါတီ ထောက်ခံမည်ဟု ဦးအောင်သောင်းပြော

သာလွန်ဇောင်းထက်
May 16, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုမှုသည် နိုင်ငံနှင့် ပြည်သူ့အကျိုး ရှိမည်ဆိုပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ထောက် ခံသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်းက ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေအရ NLD ပါတီနှင့် နှင့် ကြံ့ခိုင်ရေး ပါတီအကြား ယုံကြည်မှု တိုးတက်လျှက် ရှိနေကြောင်းလည်း သိရသည်။

Read More...

တန့်ယန်း စစ်ဘေးရှောင် ရှမ်း ဒုက္ခသည်များ နေရပ်ပြန်ပို့

နန်းဆိုင်နွမ်| May 15, 2013

ရှမ်းပြည်နယ်အတွင်း အစိုးရတပ်များနှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) တပ်တို့ ၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရသော တန့်ယန်းမြို့ပေါ်ရှိ ဒုက္ခသည်များကို ယနေ့တွင် နေရပ်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဒုက္ခသည် ဦးရေ ၂၀၀ ကို နေရပ်ပြန်ရန်ကားကြီး ၃ စီးဖြင့် ပို့ဆောင်လိုက်ကြောင်း၊ တန့်ယန်းမြို့ပေါ်ရှိ ဒုက္ခသည် စခန်း အားလုံးကို လည်း ရုပ်သိမ်းလိုက်ကြောင်း၊ နေရပ်ပြန်သွားသည့် ဒုက္ခသည်များ စားဝတ်နေရေး အဆင်ပြေစေရန် အတွက်လည်း ဒုက္ခသည် စခန်း ကော်မတီမှ စီစဉ်ဆောင်ရွက်ပေးထားကြောင်း တန့်ယန်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံစိန် က ဧရာဝတီ သို့ ပြောသည်။

Read More...

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏတွင် ပို့ကုန်ပမာဏလျော့ကျ

မေဦး
မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏတွင် ပို့ကုန်ပမာဏ လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကုန်သွယ်မှု စာရင်းအင်းဌာနမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။

၎င်းက “ပို့ကုန်ကျရတာကတော့ကျွန်မတို့ ကျောက်စိမ်းမပို့နိုင်လို့ပါ၊ ကျောက်စိမ်းမပို့နိုင်ဘူးဆိုတာက ကျောက်စိမ်းကပြီးခဲ့တဲ့ နှစ်တစ်နှစ်လုံး ပြပွဲလဲမရှိဘာမရှိ ဆိုတဲ့အခါကျတော့ တရုတ်ကို ပို့တဲ့ဟာ မရှိဘူး” ဟုပြောသည်။

Read More...

မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ်အဆင့်သို့ရောက်ရှိ

မင်းမင်း
မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာဆန်သည် အနီရောင် အရေး ပေါ်အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ၊ မောင်တောမြို့ကို နောက် ၁၈ နာရီ အတွင်းဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက မေလ ၁၅ ရက် ည ၇ နာရီက သတိပေးချက် ထုတ် ပြန်လိုက်သည်။

အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး နောက် ၁၈ နာရီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင် ငံ၊ စစ်တကောင်းမြို့နှင့် ရခိုင်ပြည်နယ် မောင်တောမြို့ကမ်းခြေကို ဖြတ်ကျော်ဝင်
ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြ ထားသည်။

Read More...

မုန်တိုင်း အန္တရာယ်ရှိသည့် ဒေသခံများ ညွှန်ကြားချက် မလိုက်နာပါက အရေးယူမည်ဟုဆို

စောဇင်ညီ ၊ မင်းမင်း
မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်

ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်နိုင်သည် မဟာဆန် မုန်တိုင်းအန္တရယ်ရှိ ဒေသများတွင် ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် စီစဉ်ရာတွင် ဒေသခံ အာဏာပိုင်များနှင့် အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်ဒေသခံများကို အရေးယူသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မေလ ၁၅ ရက်နေ့တွင် ပြောကြား လိုက်သည်။

“မြေနိမ့်ပိုင်းမှာရှိတဲ့ တစ်ချို့တွေက ကိုယ့်အိမ်ကိုယ့်ရွာကို မစွန့်လွတ်ပဲနဲ့ ဒီအတိုင်းပဲ ဆက်နေကြတာရှိပါတယ်။ အဲတော့ သူတို့သေသွားတာကို ကျွန်တော်တို့ မကြည့်ရက်ပါဘူး။ အဲတော့ ဥပဒေအရပဲ ကျွန်တော်တို့ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ညွှန်ကြားလို့မှ လိုက်မလုပ်ဘူးဆိုလို့ရှိရင် ပြစ်ဒဏ်တွေရှိပါတယ်။ မပြောင်းရင်တော့ ဒီဥပဒေအရပဲ အရေးယူသွားမယ်။”ပာု ဦးအောင်မင်းက ပြောသည်။

Read More...

ကုမ္ပဏီကြီးများ၏ ရင်းနှီးမြုပ်နှံမှုများအား သတိရှိရန် မလေးရှား အမတ် ပို့ချ

နေမျိုး
မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်

‘ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်များ၏ အမှောင်ဘက်ခြမ်း’ အမည်ရှိစီးပွားရေး စာတမ်းအား ရန်ကုန်မြို့ Summit Park View ဟော်တယ်တွင် မလေးရှား လွှတ်တော်အမတ် မစ္စတာ ချားလ်ဆန်တီယာဂို (Charles Santiago) မှ ယနေ့ ဆွေးနွေး ဟောပြောသည်။

ယနေ့ကမ္ဘာတွင် ရင်းနှီးမြုပ်နှံလိုသူများသည် ကိုလိုနီနယ်ချဲ့စံနစ်ကဲ့သို့ သဘာဝ သံယံဇာတများအား ရယူခြင်းမျိုး မဟုတ်တော့ဘဲ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဥပဒေများအား အသုံးချသည့် ပုံစံသစ်ဖြင့် ၀င်ရောက် လာနေကြောင်း ကျောင်းဆရာတဦးလည်းဖြစ်သူ မစ္စတာ ချားလ်ဆန်တီယာဂို က ပြောသည်။

Read More...

နမ့်ခမ်းမြို့နယ် ပစ်ခတ်မှုကြောင့် ဒေသခံ ဆုံးရှုံးမှုများကို လျော်ကြေး ပေးနိုင်ရန် စာရင်းကောက်

ဟင်္သာနီ (မွန်မြေ)
မေလ ၁၅ ရက် ၂၀၁၃ ခုနှစ်

အစိုးရတပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ပျက်ဆီး ဆုံးရှုံးမှုများကို လျော်ကြေး ပေးနိုင်ရန် အတွက် အပျက် အဆီး အဆုံးအရှူံး စာရင်းများ မေလ (၁၅) ရက်နေ့တွင် စတင် ကောက်ယူ နေပြီ ဖြစ်ကြောင်း စာရင်း ကောက်ယူ ရာတွင် ပါဝင် ခဲ့သည့် ကျားဖြူ ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ယခုကောက်ယူခဲ့သည့် ကျေးရွာသုံးရွာမှာ နမ့်ခမ်းမြို့နယ်အတွင်းမှ နောင်ခမ်း၊ နောင်မနှင့် နမ့်ကွမ်ကျေးရွာ ၃ ရွာ ဖြစ်သည်။

Read More...

မုန်တိုင်းလွတ်ရာပြောင်းဖို့ ဒုက္ခသည်အချို့ စိုးရိမ်

စုမြတ်မွန်
16.05.2013

ရခိုင်ပြည်နယ်ဘက်ကို မဟာစင် မုန်တိုင်း ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့အတွက် မုန်တိုင်းဒဏ် သင့်နိုင်တဲ့ နေရာတွေက လူတွေကို ဘေးကင်းရာကို တာဝန်ရှိသူတွေက ပြောင်းရွှေ့ပေးနေပေ မဲ့ ဘေးလွတ်ရာ ခိုလှုံ ဖို့ စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် ပဋိပက္ခတွေကြောင့် ယာယီတဲတွေနဲ့ ခိုလှုံနေကြရသူတချို့ဟာ သူတို့ အခု နေထိုင်နေတဲ့ နေရာတွေ ကို ပြန်မရမှာ စိုးရိမ်တဲ့အတွက် ဘေးကင်းရာကို မပြောင်းချင်ကြတာ ဖြစ်တယ်လို့ ကြိုတင် ကာကွယ်ရေး အစီအ စဉ်တွေကို စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂက ပြောပါတယ်။

Read More...

အမေရိကန်နဲ့ မြန်မာ သမ္မတနှစ်ဦး တွေ့ဆုံမည်

16.05.2013

အမေရိကန် ပြည်ထောင်စုကို တရားဝင် အလည်အပတ် ခရီးစဉ်အဖြစ် လာမယ့် ရက်ပိုင်းအတွင်း မှာ ရောက်ရှိလာမယ့် မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့မှာ လက်ခံ တွေ့ဆုံမယ်လို့ အိုဘားမား အစိုးရအဖွဲ့က မနေ့ ဗုဒ္ဓဟူးနေ့ကပဲ ကြေငြာ ချက် ထုတ်ပြန်သွားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေအတွက် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်း စုကြည်အပြင် အရပ်ဖက် လူ့ဘောင်အဖွဲ့အစည်း ခေါင်းဆောင်တွေ ပြီးတော့ နိုင်ငံ တကာ အသိုင်းအဝန်းနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်ပြီး တိုးတက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာကို အမေရိကန် အစိုးရက သမ္မတ အိုဘားမားရဲ့ မနှစ်က နှစ်ကုန်ပိုင်း ရန်ကုန်မြို့ ခရီးစဉ်နောက်ပိုင်းမှာ ဆက်ပြီး ထောက်ခံ အားပေးနေပါတယ် လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Read More...

အရင်းအမြစ် စီမံခန့်ခွဲမှု အနိမ့်ကျဆုံးစာရင်းမှာ မြန်မာပါဝင်

15.05.2013

စွမ်းအင်အပါအ၀င် အရင်းအမြစ် ကြွယ်ဝပေမဲ့လည်း စီမံခန့်ခွဲမှုတွေမှာ အားနည်းတဲ့ တိုင်းပြည်တွေအနက် မြန်မာနိုင်ငံဟာ အနိမ့်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာက အစိုးရတွေရဲ့ ဘဏ္ဍာရေး အစီအမံတွေ ကို စောင့်ကြည့်လေ့လာနေတဲ့ Revenue Watch အဖွဲ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်းက အရင်းအမြစ်တွေ အဓိက ထုတ်လုပ်ကြတဲ့ တိုင်းပြည်တွေရဲ့ ၂၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အဆင့်အတန်း နိမ့်ကျနေတယ် လို့ လေ့လာ ချက်က တွေ့ရှိခဲ့တာပါ။

Read More...

ဆိုင်ကလုန်းမဟာစင် ရခိုင်ကမ်းရိုးတန်းဘက်ဦးတည်

ကိုမိုးဇော်

15.05.2013
မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ မောင်တောနဲ့ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၅၀၊ ကျောက်ဖြူမြို့နဲ့ မိုင် ၃၆၀ အကွာမှာ ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေပါတယ်။

ဒီလမ်းကြောင်းအတိုင်း ဆက်လက် ရွေ့လျားလာမယ်ဆိုရင် မုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ၀င်ရောက်နိုင်တာကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်မှုတွေကို အာဏာပိုင်တွေ က နေရာအနှံ့မှာ ဆောင်ရွက် ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

Read More...

ကုလအထွေထွေညီလာခံ ဆီးရီးယားအရေး ဆုံးဖြတ်ချက်မဲခွဲ

16.05.2013
ဆီးရီးယားနိုင်ငံမှာ စစ်ပွဲကို အရှိန်မြင့်အောင် အစိုးရက လုပ်ဆောင်နေတာကို ရှုတ်ချဖို့ ဗုဒ္ဓဟူးနေ့ကပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲပေးခဲ့ကြပြီး၊ နိုင်ငံရေး အကူးအပြောင်း လုပ်ဆောင်လို့ နိုင်ငံရေး ပါတီအဖြစ် အတိုက်အခံ ဆီးရီးယား အမျိုးသား ညွန့်ပေါင်းအဖွဲ့ရဲ့ အခန်းကဏ္ဍကို ထောက်ခံခဲ့ကြပါတယ်။

ကာတာနိုင်ငံက မူကြမ်းရေးဆွဲပေးတဲ့ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၀၇ မဲ ကန့်ကွက်မဲ ၁၂ မဲနဲ့ ၅၉ နိုင်ငံက မဲမပေးဘဲ နေခဲ့တာမို့လို့ မနှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန် တဲ့ ကြေငြာချက်ကို ထောက်ခံတဲ့ အရေအတွက်ထက် ဒီနှစ်မှာ လျော့နည်းသွားပါတယ်။

Read More...

ဟောင်ကောင်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံ ကျင်းပ

ဒေါ်ခင်မျိုးသက်

16.05.2013
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံမှာ စီးပွါးရေး လုပ်ငန်းရှင်တွေက တောင်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အခုလက်ရှိ အနေအထားမှာပဲ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဆုံးဖြတ်နေကြသူတွေ ရှိနေပါတယ်။

အခုလို ပြည်ပကလာရောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရင်ဘောင်တန်း လုပ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းက အလတ်စားနဲ့ အသေးစား စက်မှု လုပ်ငန်းရှင်တွေကို အမြန်ဆုံး တိုးတက်အောင် မြန်မာအစိုးရက အားပေးဖို့အပြင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းကဏ္ဍ အတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ပါ လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

Read More...

Wednesday, May 15, 2013

ဟတ်ကြီးအနီးတွင် EGAT ကုမ္ပဏီ တိုင်လာရောက် စိုက်ထူ

14 May 2013--
စောခါးစူးညား

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ထီးသဒေါ့ထာ့ကျေးနယ် သံလွင်မြစ်အတွင်းရှိ ဟတ်ကြီးအနီး တောင်ကြားတွင် ဆည်တည် ဆောက်ရန် ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Eletricity Generating Authority of Thailand-EGAT) ကုမ္ပဏီမှ လာရောက်၍ တိုင်စိုက်ထူထားသည်ဟု ဒေသခံ များက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတဦးက “ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အဲဒီကုမ္ပဏီက တိုင်တွေ လာရောက်စိုက်ထူခဲ့တာဖြစ်တယ်။ သူတို့က တိုင်းတာမှုတွေလုပ်ပြီး တိုင်တွေစိုက်တယ်။ ကျနော်တို့ကတော့ ဒီကိစ္စအပေါ် နားမလည်တော့ ဘာမှပြောမတတ်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

အပေါ်သို့