Saturday, January 16, 2010

နေ့စဉ်သတင်းများ ( ၁၅ - ၁ - ၁၀)

မြန်မာနိုင်ငံ နေရာအများမှာ နေလုံးဝကြတ်တာ မြင်တွေ့ကြရ သတင်း
နေကြတ်ကြည့်သူ နိုင်ငံခြားသားများ ပြည့်နှက် သတင်း
၂၀၁၀ နှစ်သစ် နေကြတ်သည်ကို ရန်ကုန်မှလည်း မြင်တွေ့ခဲ့ရ သတင်း
ယနေ့နေကြတ်မှုအပေါ် ရခိုင်ဝေဒနှင့် သမိုင်းသုတေသီတဦး ဟောပြောချက် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ထပ်မံတွေ့ဆုံဆွေးနွေး သတင်း
အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး လွတ်မြောက်ရေး ဂျပန်မှာ ယနေ့ ဆန္ဒပြ သတင်း
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (၉) ဦး ထပ်မံတိုးချဲ့ သတင်း
ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိထပ်ပေးပြန် သတင်း
နအဖ ကျင်းပမည့် ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဟု ဥပဒေအတိုင်ပင်ခံတဦး ထောက်ပြပြောဆို သတင်း
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရှေ့နေများကောင်စီ တိုက်တွန်း သတင်း
ဝန်ထမ်းလစာတိုးပြီးနောက် အခြေခံစားကုန်အချို့ ဈေးနှုန်းတက်လာ သတင်း
တရားမ၀င် မြန်မာ (၃၀) ကျော် ထိုင်းရေပိုင်နက်အတွင်း အဖမ်းခံရ သတင်း
လူကုန်ကူးခံရသူ မြန်မာအမျိုးသမီး (၃၃) ဦး တရုတ်အာဏာပိုင်တွေ နယ်စပ်က နှင်ထုတ် သတင်း
ပထမဆုံး အမျိုးသမီးလေယာဉ်မှူးများ ကောင်းကင်ယံ ပျံတက်မည် သတင်း
စစ်အစိုးရကို ပံ့ပိုးသူ လုပ်ငန်းရှင်နှစ်ဦး သီရိပျံချီဘွဲ့ ချီးမြှောက်ခံရ သတင်း
ဝ တောင်းဆိုချက် နအဖ မလိုက်လျော သတင်း
တပ်သားသစ် တထောင်ကျော် ၀ တပ် စစ်ရေးသင်တန်းဆင်းပွဲ လားဟူအမျိုးသား အများဆုံးပါဝင် သတင်း
ချောက်ထဲဆင်းမည့် ဦးဆောင်မှုမျိုးမလုပ်ဟု အပစ်ရပ် SSA ခေါင်းဆောင်တဦး ကတိပေး သတင်း
(၅၈) နှစ်မြောက် ကယားဒေး အခမ်းအနားတွင် ယမန်နှစ်ထက် လူဦးရေထက်ဝက်ခန့် လျော့နည်း သတင်း
နအဖ ကကကြည်းရုံးချုပ်မှ တပ်မှူးများကို နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ သတင်း
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် (၂) ခု နအဖ အတွင်းရေးမှူး (၁) တိုက်ရိုက်ရွေးချယ်မည် သတင်း
ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည့် အစီအစဉ် ဖျက်သိမ်း သတင်း
ကုန်ဈေးနှုန်းတက်၍ စားသုံးသူ အကျပ်တွေ့ သတင်း
ပို့ကုန်ဝင်ငွေနှင့် FEC ဈေး ဆက်လက်မြင့်တက်နေ သတင်း
ပဲခူးမြို့တွင်း ဈေးသည်များကို အခွန်နှစ်ဆ တိုးမြှင်ကောက်ခံ သတင်း
ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာများ လုပ်ငန်းခွင် ပြန်ဝင် သတင်း
(၂၁) ရာစု၏ အကြာမြင့်ဆုံး နေကြတ်မှုကို တွေ့မြင်ရမည့် ဒေသခံများ အယူအဆ သတင်း
ကွယ်လွန်သူ စာရေးဆရာ တသက်တာစာပေဆု ချီးမြှင့်ခံရ သတင်း
အလွန့်ယောက်ျားလုပ်မှာလား နအဖ (ဆောင်းပါး)
ပါမောက္ခ ဒေါက်တာဖေသိန်း အမှတ်တရ (ဆောင်းပါး)
နျူကလီးယား အစည်းပြေမှု (ဆောင်းပါး) သတင်း

Friday, January 15, 2010

ပါတီတခုလုံးကို ထောင်ကျတဲ့အနေအထားမျိုးရောက်လာမယ်ဆိုရင် ကျနော် တို့ရဲ့ တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန် တင်းမာလာမယ်

NEJ / ၁၄ ဇန်န၀ါရီ၂၀၁၀

နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြု ပြောကြားခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ ပါတီအနေဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်ကဲ့သို့ စဉ်းစား ဆုံးဖြတ်မည် ဆိုသည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ် မေးမြန်းချက်။

မေး။ ။ အန်အယ်လ်ဒီအနေနဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အဓိက တောင်းဆိုချက်တွေ မရရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားမယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ဒါကတော့ ဖြစ်မလာခင်အခြေအနေပေါ်မှာ ကျနော်တို့ ဘယ်လို လုပ်မယ် ကိုင်မယ် ဆိုတာ ပြောရဆိုရ နည်းနည်းတော့ ခက်ပါတယ်။ ကျနော်တို့က အဖွဲ့အစည်းဖြစ်တော့ အဖွဲ့အစည်းထဲမှာ ရှိတဲ့ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များ ညှိရုံနဲ့တင် မကဘူး အောက်ခြေပိုင်း အနေအထားတွေပါ ရှိလာတယ်။ ဘာလို့လဲ ဆိုတော့ ဒါက အသစ်ဖြစ်မယ့် သဘောကိုး။ သာမန် အားဖြင့်ဆိုရင် ကျနော်တို့ ရပ်တည်နေတဲ့ အနေအထားက တရားဝင် နိုင်ငံရေး အဖွဲ့အစည်း တရပ်အနေနဲ့၊ တရားဝင် တောင်းဆိုချက်တွေနဲ့ ရပ်တည် နေတာကိုး။ အဲဒါတွေ မဖြစ်တော့ဘူးဆိုရင် အခြေအနေသစ် တခု ဖြစ်သွားမယ်၊ အဲဒီ အခြေအနေသစ်ကို ကျနော်တို့ ကျော်ဖြတ်ရမယ့် အနေအထားသစ်တွေ ကလည်း ပေါ်လာ တော့မယ်ပေါ့။ အခုဟာက အခြေအနေသစ် ကလည်း မပေါ်သေးတဲ့ အခါကျတော့ ကျနော်တို့ ကျော်ဖြတ်ရမယ့် ပုံသဏ္ဌာန်ဆိုတာ သာမန် အားဖြင့်တော့ ပြောရခက်ပါတယ်။ ဒါမျိုးဆိုတာ ညှိနှိုင်းပြီးမှ ပေါ်ထွက်လာမယ့် ကိစ္စ ဖြစ်တာကိုး။

မေး။ ။ ဆရာပြောတဲ့ ပေါ်ပေါက်လာမယ့်အခြေအနေသစ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ပေါ်ပေါက်လာမယ့်အခြေအနေကို ကျနော်တို့ မှန်းကြည့်တဲ့ အခါကြတော့ သာမန်အားဖြင့် အခု ကမ္ဘာကလည်း ပြောနေတယ်၊ အမေရိကန် အစိုးရတို့၊ ဂျပန်အစိုးရတို့၊ ကုလသမဂ္ဂတို့၊ အီးယူတို့ ဆိုတာတွေက ပြောနေတဲ့ အနေအထားက ဘာလဲဆိုတော့ ကျနော်တို့ ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီတို့ တိုင်းရင်းသား အဖွဲ့အစည်းတို့ ဆိုတဲ့ ဗမာပြည် နိုင်ငံရေးမှာ အထင်ကရဖြစ်တဲ့ သို့မဟုတ်လည်း အင်အား ကြီးမားတဲ့ ပါတီ အဖွဲ့အစည်းတွေ မပါဘဲနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ် ဆိုရင် အားလုံး ပါဝင်ပတ်သက်မှု အခြေအနေ (all inclusive) ဟာ ဘယ်လိုမှ ဖြစ်ထွန်းလာမယ့် အနေအထား မရှိဘူး။ ဘယ်လိုမှလည်း ပေါ်ပေါက်လာနိုင်မယ့် အနေအထား မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ဆန္ဒသဘောထား၊ တကမ္ဘာလုံးရဲ့ ဆန္ဒသဘောထား၊ ဒါတင်မက စစ်အစိုးရ ကိုယ်တိုင်က လက်ခံပါတယ် ဆိုတဲ့ သဘောထားနဲ့လည်း အကုန်လုံးဆန့်ကျင် သွားတော့မယ်။ ပျက်ပြား သွားတော့မယ်။ နောက်တခုက ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲ ကျင်းပတဲ့ အခါမှာလည်း အခုလုပ်နေတဲ့ ပုံသဏ္ဌာန်အရ ပါတီ မှတ်ပုံတင် ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ဆိုတာ ဘာမှကို ထွက်လာခြင်း မရှိတာ အပါအ၀င် နောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပတဲ့ အခါမှာလည်း ပြည်သူများ ပါဝင် ပတ်သက်မှု၊ မဲပေးမှု၊ မဲလိမ်မဲခိုးမှုတွေ စတဲ့ကိစ္စတွေ ပေါ်လာလို့ရှိရင် ကမ္ဘာက တောင်းဆိုနေတဲ့ မြင်သာ ထင်သာရှိခြင်း၊ အများယုံကြည် စိတ်ချရခြင်း ဆိုတဲ့ အနေအထားမျိုးကလည်း ဘယ်လိုမှ ပေါ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအနေအထားနှစ်ခု မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း ဆန့်ကျင်ရှုတ်ချ ပြစ်တင်လာမယ်၊ ကမ္ဘာက အသိအမှတ် မပြုခြင်း အပါအ၀င် အများကြီး တုံ့ပြန်မှုတွေ ပေါ်လာမယ်။

အဲလိုအခြေအနေမျိုးမှာ အားလုံးပါဝင်မှုကို ပစ်ပယ်ထားတဲ့အတွက် ကျနော်တို့ကလည်း ဘေးရောက်နေမယ်။ နောက်တခါ ယုံကြည်စိတ်ချရမှု အနေအထားကလည်း လုံးဝ မရှိဘူး ဆိုတဲ့ အခါကျတော့ ကျနော်တို့ အနေနဲ့ကလည်း ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်တိုင် မပါဝင်တောင်မှ ဒီမိုကရေစီ အင်အားစုတွေကို ပါဝင်နိုင်အောင်၊ ပါဝင်နေတဲ့ ဒီမိုကရေစီ အင်အားစုလို့ ယူဆရတဲ့ အဖွဲ့အစည်းတွေကို တောင်မှ ကျနော်တို့ ၀ိုင်းဝန်း ပံ့ပိုးနိုင်တဲ့ အနေအထားမျိုး မရှိဘူးဆိုရင် အန်အယ်လ်ဒီရဲ့ အနေအထားက လုံးဝကို ပါတီတခုလုံး ထောင်သွင်း အကျဉ်းခံရတဲ့ အနေအထားမျိုးကို ရောက်သွားမယ့် အခြေအနေမျိုးကို ဆိုက်ရောက် သွားမယ်လို့ ကျနော်တို့ ပြောလို့ ရတယ်ပေါ့ဗျာ။

Read More...

နေ့စဉ်သတင်းများ ( ၁၄ - ၁ - ၁၀)

ဗဟိုအလုပ်အမှုဆောင်သစ် (၉) ဦး၏ အမည် အန်အယ်လ်ဒီ ကြေညာ သတင်း
NLD အဖွဲ့ဝင် (၃) ဦးကို ထောင် (၃) နှစ်စီ ချမှတ် သတင်း
ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟု နအဖနိုင်ငံခြားရေးဝန်ကြီး ပြောကြားပြန် သတင်း
လွတ်လပ်မျှတမယ့် ရွေးကောက်ပွဲ ဖြစ်မယ်လို့ စစ်အစိုးရ ကတိပေး သတင်း
လူထုစိတ်ဝင်စားမှုနည်းသော ၂၀၁၀ ရွေးကောက်ပွဲ သတင်း
တပ်မ (၆၆) ပြဿနာ မဟုတ်မှန်ဟု ငြင်းဆန် သတင်း
တွေ့ဆုံဆွေးနွေးရန် ဝ ဥက္ကဋ္ဌ ငြင်းဆို သတင်း
SSA အပစ်ရပ် ထိုးစစ်ဆင်မည့် သတင်းကြောင့် ဗမာတပ်မိသားစု ပြောင်းရွှေ့ သတင်း
နအဖစစ်သင်တန်းအသွား ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့ဝင် လမ်းခုလတ်၌ ထွက်ပြေး သတင်း
ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ ကျင်းပ သတင်း
နစကနှင့် ဘီဒီအာရ်တပ်မှူးများ နယ်စပ်တွင် အလံတင်ဆွေးနွေးပွဲ ကျင်းပ သတင်း
လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား (၃၀) ကျော် တရုတ်က မြန်မာထံ လွှဲအပ် သတင်း
ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်းမှ ဘိန်းခင်းများ မကြာမီ အစေးခြစ်နိုင်တော့မည် သတင်း
ကချင်ငြိမ်းအဖွဲ့၏ မှောင်ခိုပစ္စည်းများ ဖမ်းဆီးခံရ သတင်း
ဆန်နှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက် သတင်း
ထိုင်းတောင်ပိုင်းတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ သတင်း
ဗိုလ်ချုပ်မှူးကြီး၏ သမီး နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက် သတင်း
နေပြည်တော်တွင် ဘောလုံးကွင်း (၂) ကွင်း ဆောက်လုပ် သတင်း
စစ်တွေ မြို့မသင်္ချိုင်းကို မြို့နှင့် (၇) မိုင်အကွာအထိ ပြောင်းရွှေ့ သတင်း

Thursday, January 14, 2010

ဗမာပြည်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲနှစ်ရဲ့အရေးပါမှု

ရဲဘော်ဖိုးသံချောင်း
၁၃ ဇန်န၀ါရီ ၂၀၁၀

အင်္ဂလိပ်နဲ့ အမေရိကန်အစိုးရ တို့ရဲ့ တာဝန်ရှိသူတွေက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အပေါ်မှာ သံသယ ရှိကြောင်း ထုတ်ပြော နေကြတုန်းမှာပဲ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ သူ့ရဲ့လွတ်လပ်ရေးနေ့ မိန့်ခွန်းထဲမှာ ထည့်ပြော သွားပါတယ်။ တဆက်တည်းပဲ ဂျပန် အဆာဟိရှင်ဘွန်း သတင်းစာမှာလည်း ရွေးကောက်ပွဲကို ဒီနှစ် အောက်တိုဘာ (၁ဝ) ရက်မှာ လုပ်မယ်လို့ သတင်း ပါလာတယ်။ ဗမာပြည်ရဲ့ ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးဟာ ဒါနဲ့ပဲ အစဖွင့်လိုက်တယ်လို့ ဆိုကြပါစို့။

အခု နအဖနဲ့ ရင်ဆိုင်နေရတာကို ဒုတိယ လွတ်လပ်ရေး တိုက်ပွဲလို့ ပြောကြတာကို မကြာခဏ ကြားရပါတယ်။ အနှစ်သာရချင်း မတူပါဘူး ထင်ပါတယ်။ နယ်ချဲ့သမားကို တွန်းလှန် ရတာနဲ့ ကိုယ့်နိုင်ငံ သားချင်းကို တွန်းလှန်ရတာ မတူပါဘူး။ ကိုယ့်နိုင်ငံ သားချင်း အကြားမှာ ဖြစ်ပွားတဲ့ ကိုယ့်နိုင်ငံ သားချင်း ဖြစ်နေလို့ကို ပဋိပက္ခဟာ ပိုမိုရှုပ်ထွေးပြီး သဘော မပေါက်တာ၊ မျက်စိ လည်တာတွေ အများအပြား ဖြစ်ပေါ် တတ်ပါတယ်။ ကိုလိုနီ ခေတ်တုန်းကတော့ ကိုလိုနီ လုပ်ထားတဲ့ နိုင်ငံက အင်အားကြီး နိုင်ငံ ဖြစ်နေတော့ တခြားနိုင်ငံတွေက ဝင်စွက်ဖက်တာ နည်းပါတယ်။ သူတို့ချင်း စစ်ဖြစ်ကာမှ ဖြစ်ရောပါ။ ဒါပေမယ့် ဒီနေ့လို အနေအထားမှာ ကျတော့ ပြည်ပ နိုင်ငံတွေရဲ့ စွက်ဖက်မှုတွေ များတတ်ပါတယ်။

ဒါပေမယ့် အခုအရေးတော်ပုံမှာ လွတ်လပ်ရေး တိုက်ပွဲတုန်း ကလို အမြင်ကြည်လင် ပြတ်သားမှု ရှိကြဖို့၊ စည်းလုံး ညီညွတ်ကြဖို့ လိုပါတယ်။ အာဏာ ပလ္လင်ပေါ်မှာ ရာစုနှစ် တဝက်ကျော် အခြေကျနေတဲ့ စစ်အုပ်စုကို ဖယ်ရှားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ ဖိနှိပ်တဲ့ အတွေ့အကြုံ၊ သပ်လျှိုဖြိုခွဲတဲ့၊ အကြမ်းဖက် ဖြိုခွဲတဲ့ အတွေ့အကြုံတွေ အင်မတန် ကြွယ်ဝတယ် ဆိုတာလည်း သတိပြုသင့်ပါတယ်။ တဆက်တည်းမှာပဲ တခြားနိုင်ငံနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ ထဲမှာ သူတို့လူတွေ မြှုပ်နှံတဲ့ အတွေ့အကြုံလည်း ရာစုနှစ် တဝက်စာ ရှိတယ် ဆိုတာကို အမြဲ နှလုံးသွင်းထား ရမှာပါ။ နောက်ပြီး အင်အား (၅) သိန်းနီးပါး ရှိတဲ့ စစ်တပ်ကြီး။

Read More...

နေ့စဉ်သတင်းများ ( ၁၃ - ၁ - ၁၀)

တပ်မ (၆၆) တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား သတင်း
စစ်အုပ်စုက မှားယွင်းစွာ သေဒဏ်စီရင်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ထမ်းဟောင်းက ပြောဆို သတင်း
တိုင်းမှူးအမိန့်ဖြင့် နွေစပါးစိုက်ပျိုးနေရပြီး မစိုက်သူများ ငွေပေးနေရ သတင်း
အတိုက်အခံ အမျိုးသမီးများ (၂၂) မြို့နယ် ဖြန့်ကျက် သတင်း
အခွင့်အရေး အကင်းမဲ့ဆုံး လူတွေထဲ မြန်မာတွေ ပါဝင် သတင်း
ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖ ကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ ပယ်ချ သတင်း
တလ (၁၀၀) သွင်းစနစ်ဖြင့် ကြံ့ဖွံ့က အိမ်ဆောက်ပေးနေ သတင်း
မြန်မာ့အလင်းသတင်းစာ (၂) ရက်ဆက်တိုက် မှားယွင်း သတင်း
သံဃာမက ဒကာပါ ဖမ်းဆီးခံရ သတင်း
၂၁ ရာစုနှစ် အကြာဆုံး နေကြတ်မှု မြန်မာပြည်မှာ မြင်ရမည် သတင်း
အာဏာပိုင်အသိုင်းအဝိုင်းကြောင့် ဖားကန့်ဒေသ ပိုမိုပျက်စီး သတင်း
ဘဏ္ဍာရေးနှစ်မကုန်ခင် ကန်ထရိုက်များ ခပ်သွက်သွက် ချထား သတင်း
အိန္ဒိယ-မြန်မာ ပြည်ထဲရေးအတွင်းဝန်များ ဆွေးနွေးမည် သတင်း
ရခိုင်လူငယ် (၁၁) ဦး အမူကို ယနေ့တွင် ပြန်လည်စစ်ဆေးမည် သတင်း
ကျောက်ကပ်၊ အသည်းတို့အား အမှန်တကယ် လိုအပ်နေသူများ ရှိနေခဲ့ပါက ချက်ချင်းလှူဒါန်းသွားမည်ဟု အရှင်အရိယ၀ံသ မိန့်ဆို သတင်း
သဘက်ချောင်းရေ သောက်သုံးမှုကြောင့် ၀မ်းရောဂါဖြစ်ပွား (၅) ဦးထက်မနည်း သေဆုံး သတင်း
ခွဲစိတ်သေဆုံးမှုသတင်းများကို ပြည်တွင်း၌ ပိတ်ပင် သတင်း
မလေးရှား အငှားကားမောင်းသူက မြန်မာမိန်းကလေးကို လုယက် သတင်း
အဲပုဂံ တကျော့ပြန် ခေါင်းထောင်ရန် ကြိုးစား သတင်း
မြန်မာအမျိုးသမီးများ လေယာဉ်မောင်းတော့မည် သတင်း
Miss Tourism 2010 အား သံတမန်အဖြစ် ရွေးချယ်မည် သတင်း
ဘာသာရေး၊ လူမှုရေးနဲ့ မြန်မာအသိုင်းအ၀ိုင်း လှုပ်ရှားမှုသတင်းများ သတင်း
ဟေတီငလျင်ကြောင့် ဆူနာမီ အလားအလာ စောင့်ကြည့် သတင်း
သံသယရှိသူ နိုင်ငံခြားသား (၅) ဦးအား ရဲက နောက်ထပ်အမှုတွေ ဆက်ဖွင့် သတင်း
အပမ်းဖြေ ကမ်းခြေက ဘဝအမော မဖြေနိုင်သူများ (ဆောင်းပါး)
ခတ္တမန္ဒူမှ အတွေးများ (ဆောင်းပါး)
ရာပြည့်၊ ဆယ်ပြည့် မြန်မာ့မျက်နှာဖုံးများ၊ ဖြစ်ရပ်များ (ဆောင်းပါး)
ရောက်တတ်ရာရာ ခဏတာ (ဆောင်းပါး)
ပန်းပွင့်များရဲ့ ဒဏ္ဍာရီ (ဆောင်းပါး)

Wednesday, January 13, 2010

လစာနှုန်းထားသစ် အမိန့်စာ

January 13, 2010

SPDC - New Pay Scale order

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

စိန်လွင်

ဇန်နဝါရီ ၁၂ ၊၂၀၁၀။

ရင်ထဲက အမှတ်တရ ဂျိမ်းမောစ်လီ

ကျွန်တော် ကောင်စစ်ဌာနတွင် ရှိနေစဉ် ပထမ ဆုံးအကြိမ်အဖြစ် ၁၉၉၈ မေလ ထဲတွင် သူ့ကို အင်းစိန်ထောင်သို့ သွားရောက် သတင်းယူစဉ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်၊ ထိုစဉ် ကလထ-ညွန်မှူး ဒေါ်ယဉ်ယဉ်ဦး (၁၉၈၈ သမ္မတ ဒေါက်တာမောင် မောင်၏သမီး၊ ယခု ရီယဒ်မြို့၊ မြန်မာသံရုံး၊ သံမှူးကြီး)၊ နိုင်ငံခြားရေးသို့ အထူးအရာရှိ အဖြစ် တွဲပေးသော ဗိုလ်မှူးမင်းသိန်း (ကကလှမ်း) တို့ဖြင့် အင်းစိန် လမ်းမဘက် အကျဉ်း ဦးစီးရုံးချူပ် ဘက်ရှိ ထောင်ရိပ်သာတွင် ဂျိမ်းကို တွေ့ဆုံခဲ့ရသည် ထိုအချိန်က သူ့ကို ထောင် (၅) နှစ် ကျရန် ချခဲ့ပြီး ဖြစ်သည်။ ထို့နောက်ပိုင်းတွင် ရန်ကုန်ရှိ သြစတြေးလျနှင့် အင်္ဂလန် သံရုံး တို့မှ မကြာဏ consular Access တောင်းခံကာ ပြန်လွှတ်ပေးရန် တောင်းဆိုနေခြင်းကြောင့်၊ နခဌ အနေဖြင့်လည်း၊ သူထံသို့ သွားရောက်ကာ ဤခြေအနေ မေးမြန်းခြင်း ဖြစ်သည်၊ သူသည် ထိုအချိန်က ၂၅ နှစ် ဝန်းကျင် အရွယ် သဘောထား ပြတ်သားပြီး၊ စစ်အစိုးရကို အကြမ်းဖက် သမားတွေ Junda တွေဟုပင် သုံးနှုန်းသည်၊ နိုင်ငံရေး မလုပ်ကြောင်း၊ ခံဝန်လည်း မထိုးနိုင်ကြောင်း၊ အကြမ်းဖက် သမားတွေ ပြည်သူကို မတရား ဖိနှိပ်လို့ အာဏာ ရနေတာက လွှဲရင် တရားတဲ့ ရွေးကောက်လို့ရတဲ့ အစိုးရ မဟုတ်လို့ အသိအမှတ် မပြုနိုင်ကြောင်း၊ လက်မှတ်မှ မထိုးနိုင်ကြောင်း၊ ထောင်ချမယ်မှန်း သိပြီး ဖြစ်လို့ ကြောက်နေမှာ မဟုတ်ကြောင်း၊ ပြင်းထန်စွာ ပြောပါသည်။

ထိုအနားတွင် ကကလှမ်း၊ တို့လည်း အရပ်ဝတ် တိုက်ပုံ လည်ကတုံးတို့ဖြင့် ရှိနေရာ၊ ကျွန်တော်မှ သူ့ကို မျက်စိ မှိတ်ပြလိုက်၏ သူအနေနှင့် ကျွန်တော့်ကို နားလည် နိုင်လောက်ပါသည်၊ ဘာဖြစ်လို့လဲ ဆိုတော့၊ ကျွန်တော် သူ့ကို ဤနေရာမျိုးမှ အမြန်ဆုံး ပြန်လွှတ် စေလို၍ ဖြစ်သည်၊ သူ့ကိုယ်မှ ချုန်းချုန်းကျ နေသည်၊ မျက်နှာပေါ်တွင် အနီနီ အဖုဖု အပိတ်ပိတ် တို့ကို သူ့လို အဖြူ European တစ်ယောက်တွင် ထင်သာစွာ မြင်ခဲ့ရသည်ကို ရင်ထဲမှာ ဆို့နင် မိပါသည်၊

ထို့ကိစ္စအတွက် မှတ်တမ်းများ ရေးရခြင်း၊ ကကလှမ်းသို့ အစီရင်ခံစားများ ပို့ရခြင်း၊ အထူးသဖြင့် UK သံရုံးသို့ ၄င်းနှင့် ထောင်တွင် တွေ့ဆုံနိုင်ရန် စီစဉ် ပေးရပါသည်၊ မှတ်မှတ်ရရ ဌာနတွင် သူနှင့် ပါတ်သက်သော Britanica Encyclopedia ကဲ့သို့ ထူထဲသော ဖိုင်တွဲ အထူကြီး (၇) ဖိုင်မျှ ဖြစ်ပေါ်လာပါသည်၊ သူ့ကိစ္စ အားလုံး ပြန်လွှတ်ချိန် အထိသည် ကကလှမ်း အဆုံးအဖြတ်၊ အတိအကျ ဆိုပါလျှင် မင်းသားကြီးသာ ခရာသာ ဖြစ်ပါသည်၊ ကကလှမ်း ဘက်မှ တန်ပြန်နှင့် ပြည်ပ ထောက်လှမ်းရေး ဌာနတို့မှ သူ့ကိစ္စကို ကိုင်ခဲ့သည်၊ သူသည် ကရင်ပြည်နယ်မှ နယ်စပ်ဘက်မှ ဝင်လာခဲ့ခြင်း ဖြစ်၍၊ သူ့ကို KNU ABSDF စခန်းတို့၏ အခြေအနေများ၊ သူ့ကို မည်သည့် အဖွဲ့အစည်းက တာဝန်ပေး စေလွှတ်ခဲ့သည့် (MI 5) ၊ ကို ရည်ညွန်း ပါသည်၊ လန်ဒန် မြန်မာသံရုံးမှ Conservative Party ပါတီဝင် တစ်ဦးဖြစ်ကြောင်းမှ လွှဲ၍ ၄င်းသည် ဗြိတိသျှ ထောက်လှမ်းရေး တစ်ဦး၊ ဟုတ်-မဟုတ် စုံစမ်း မပေးနိုင်၍ မင်းသားကြီးမှ ထိုစဉ်က သံအမတ် ဒေါက်တာ ကျော်ဝင်းကို မျက်မှန်တော်ရှ ခဲ့ပါသည်၊

Read More...

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

စိန်လွင်

ဇန်နဝါရီ ၁၁ ၊၂၀၁၀။

၁၉၉၇ ဧပြီလ တရုတ်နိုင်ငံမှ စွယ်တော် ကမ္ဘာအေးတွင် စံပါယ်စဉ်၊ ဒု ဗခက တင်ဦး လာရောက် ခါနီးတွင် ဗုံး ပေါက်ကွဲခဲ့သည်၊ ထိုဖြစ်စဉ်တွင် ကကကြည်း အမိန့်နှင့် လုံခြုံရေး ယူသည့် ခြေလျင် တပ်များနှင့် ခင်ညွှန့် အမိန့်အရ ပိတ်ဆို့ လမ်းကြောင်းကို ထလရ တပ်များက ဖွင့်ပေး လိုက်သည်ကို အခြေအတင် အချင်းချင်း ပစ်ခတ်လုနီးပါး ဖြစ်ခဲ့ရသည်ကို……

ရှာဖွေရာတွင် တွေ့ရှိသော ဗုံးအစအနများမှာ ကပစ ထုတ်များ ဖြစ်သော်လည်း၊ အမေရိကန် နိုင်ငံ ထုတ်များ ဖြစ်ကြောင်း၊ သတင်းစာများတွင် “ပါပီမ” ၏ ဇာတ်ညွှန်း ဆရာ၊ မင်းသားကြီးက… သတင်း ဖော်ထုတ်ခဲ့သည်ကို…

၁၉၉၇ တွင် နဝတ ဝန်ကြီးများဖြစ်သော ထွန်းကြည်၊ ကျော်ဘ၊ မောင်လှ၊ မျိုးညွှန့် စသည့် သူ့ထက် စီနီယာ ကျနေသူ များကို လာဘ်စားပြီး “လာမပေးပါ” ဟု ဦးသန်းရွှေကို တင်ပြပြီး ဖြုတ်ချကာ နယက သို့ ပြောင်းလဲကာ သူ၏ အာဏာကို ပို၍ တည်ဆောက်လာသည်၊ ထို့အပြင်လည်း ထွန်းကြည်နှင့် နာန္ဒာလှိုင်တို့၏ တတိယ အရွယ်၏ ဒုတိယ ဝေဒနာ ဇာတ်လမ်းကိုလည်း၊ ထလရ (၁၄) မှ ရိုက်ကူးကာ၊ ကက လှမ်းတွင် တည်းဖြတ်ကာ၊ ဒဂုံမြို့နယ်ရှိ ကက ကြည်း စစ်ဆင်ရေး ခန်းမတွင် ရုံတင်ခဲ့ပါသည်၊

၂၀၀၁ တွင် ပခုံးချင်းယှဉ်နေသည့် ကြည်းတပ် အနောက်ခံ ရှိနေသော ဒုဗခက တင်ဦး၊ နောက်တက်မည့် ကျန်စစ်သား ဖြစ်သော ဗိုလ်ချုပ်သူရ သီဟသူရ စစ်မောင်တို့ ရုရှလုပ် MI 17 ဖြစ် မော်လမြိုင်ဘက် ခရီးထွက်စဉ် Helicopter Pilot က သောက်တာများ၍ ပျက်ကျသည့် သဖွယ် ဒဏ္ဍရီနှယ်၊ တရားသူကြီး ပေါင်ချိန်သို့ မင်းသားကျန်ချောင်း ဖော်ထုတ် ခဲ့ပါသည်၊

၂၀၀၀ ခုနှစ် ခေါ်စု နှင့် လျို့ဝှက်ဆွေးနွေးပွဲများတွင် သူမကို ဒုဝကခ နေရာ၊ ထိုအချိန်က တမင် လှစ်လပ်ထားသော လဝက လူမှုဝန်ထမ်း၊ ဝန်ကြီး နေရာများကို NLD မှ ယူနိုင်ကြောင်း၊ ကမ်းလှမ်းခဲ့သူမှာ ခင်ညွှန့်ပင်၊ (ဒေါ်စု လုပ်နေခြင်း မှာ ဖခင်ကဲ့သို့ပင်၊ စစ်အာဏာရှင် စနစ်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရန်၊ ဤလို ရာထူးနေရာဖြင့် လုပ်စားဖို့ မဟုတ်၊ သံလွင်ခွေကို နားထောင်မိလျှင် သူမကိုပို၍ လေးစား မိလာမည်၊ အမြဲတမ်း ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန်၊ ၉၀ ရွေးကောက်ပွဲသည် ပြည်သူတို့ ဆန္ဒအမှန်၊ စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ တကယ် ပင်ကျွန်တော်တို့ မြန်မာပြည်သူ အားလုံးအတွက် သူမသည် ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းပင်)

Read More...

နေ့စဉ်သတင်းများ ( ၁၂ - ၁ - ၁၀)

ခမရ (၈၀) နှင့် ထောက်လှမ်းရေးတပ်အကြား တင်းမာမှု မြင့်မား သတင်း
သေဒဏ်ကျ စစ်အရာရှိဟောင်း လွတ်ငြိမ်းခွင့်ပေးရန် သံဃာ့တပ်ပေါင်းစု ပန်ကြား သတင်း
နအဖစစ်တပ်အတွင်း အလယ်အလတ်အဆင့်ရှိ အရာရှိတချို့ တာဝန်တိုးခန့်အပ် သတင်း
ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲဝင်ရေး ပြန်လည်သုံးသပ်တော့မည် သတင်း
ပါတီထိပ်ပိုင်း အယူအဆကွဲသည့် သတင်းကို NLD ငြင်းဆို သတင်း
အပြီးသတ် လျှောက်လဲချက်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေများ တွေ့ဆုံ သတင်း
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီးကြောင်း စစ်အစိုးရပြော သတင်း
သျှမ်းပြည်မြောက်ပိုင်း၌ နအဖဆန့်ကျင်သောလှုပ်ရှားမှု ဖြစ်ပေါ် သတင်း
မြန်မာပြည် လွတ်လပ်မှု ဆုံးရှုံးဆဲ သတင်း
ပလောင်လွတ်မြောက်ရေးတပ်ဦးအနေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သတင်း
ဝ နှင့် မိုင်းလားတပ်ဖွဲ့ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် တြိဂံတိုင်းမှူး ပြော သတင်း
ဝ နယ်မြေ၌ မူးယစ်ဆေးရောင်းဝယ်မှု တင်းကျပ်၊ လူထုနေအိမ်များ စစ်ဆေးခံရ သတင်း
အသက်ရှင်နေသရွေ့ သမိုင်းဝင် တပ်နာမည် မပြောင်းနိုင်ဟု အပစ်ရပ် SSA တပ်မှူးတဦး ပြော သတင်း
ဝန်ထမ်းလစာတိုးကြောင်း နအဖစစ်အစိုးရ အတည်ပြု သတင်း
အခြားနိုင်ငံရောက် မြန်မာဒုက္ခသည်များ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ သတင်း
အင်္ဂါဆုတောင်းပွဲ ဆက်လက်ပြုလုပ် သတင်း
တပ်ရိက္ခာစိုက်ပျိုးရန် လယ်ယာမြေများ အဓမ္မသိမ်းယူ သတင်း
ကြိုးဖုန်းပြောင်းခိုင်း၍ ဖုန်းပိုင်ရှင် ဒုက္ခရောက် သတင်း
နေကြတ်မှုကို မြန်မာနိုင်ငံတွင် မြင်တွေ့ခွင့်ရနိုင် သတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် သတ်မှတ်ရန် သဘောတူ သတင်း
ဦးတေဇနှင့် ဦးဇော်ဇော်ကို သီရိပျံချီဘွဲ့ စစ်အစိုးရပေးအပ် သတင်း
အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ်သုံးရန် စစ်အစိုးရ စီစဉ် သတင်း
ဆန် အမြောက်အမြား တင်ပို့ရန် စီးပွားရေးပညာရှင် တိုက်တွန်း သတင်း
ကရင်နီပြည်တွင် ရွာလုံးကျွတ် ထွက်ပြေးရ သတင်း
ရွာရှောင်များ၏ မြေကွက်များကို သိမ်းယူကာ အရာရှိများက ဈေးတင်ရောင်း သတင်း
(၃) မျိုးသုံး ဖိုင်ဘာဆက်ကြောင်း ရန်ကုန်တွင် စတင်တော့မည် သတင်း
လူထုကို အနိုင်ကျင့်သည့် ရဲတပ်ကြပ်ကြီး ဓားထိုးခံရ သတင်း

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

စိန်လွင်

ဇန်နဝါရီ ၁၀ ၊၂၀၁၀။

နှစ်များစွာ မြိုသိပ်ထားခဲ့ရတဲ့၊ ခါးသီးခံစားခဲ့ရတာတွေကို၊ ဖော်ထုတ်ရတဲ့ အတွက် ဝမ်းသာ ဝမ်းနည်းခြင်း ၂ ခုကြောင့် မျက်ရည်များ လည်နေပါတယ်၊

အထူးမေတ္တာရပ်ခံလိုသည်မှာ- ကျွန်တော်သည် အောင်လင်းထွဋ်လို ထောက်လှမ်းရေးမှ နာမည်ကြီး သံမှူးကြီး မဟုတ်ပါ၊ သာမန် နိုင်ငံခြားရေး ဝန်ထမ်း တစ်ခု၏ ကြုံတွေ့နေရသော အဖြစ်အပျက်များကို နာကျည်းစွာ ပြန်လည်ပြောပြခြင်းသာ ဖြစ်သည်၊ သို့သော်လည်း၊ တခြားသော သူများ၏ အမည်နာမ များလည်း ပါဝင်နေပြီး၊ ထိုသူများလည်း မြန်မာပြည် ထဲတွင်ပင် ရှိနေသေးရာ၊ သူတို၏ ဘဝနှင့် လုံးခြုံရေးကို စာနာမှု ရှိရန်လည်း လိုအပ်ပါသည်၊ တနည်းဆိုလျှင်၊ သတင်းရင်း မြစ်ကို ကာကွယ်မှုရှိရန် လိုအပ်ပါသည်၊
(တနေ့ မြန်မာပြည်သည် ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတစ်ခု မုချဖြစ်ရမည်) သံနိဌာန်ဖြင့်....

ပါဝင်ခဲ့သည့် ဖွဲ့စည်းများ-- ဗိုလ်တထောင်(၂) ကျောင်းသားသမဂ္ဂ ၁၉၈၈ လူထု တော်လှန်ရေးကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗိုလ်တထောင် (ထိုစဉ်က၊ ၅၃ လမ်းနှင့် ကုန်သည်လမ်းထောင့်) (ထိုစဉ်က၊ ၄၇ လမ်း ၄၆ လမ်းကြား ဗိုလ်ချုပ်လမ်း)

ပါဝင်လှုပ်ရှားမှုများ -- ၁၉၈၈ ဇူလိုင် ၂၃၊ ဦးနေဝင်းမှ နှုတ်ထွက်ကြောင်း ကြေညာပြီး၊ ကျောင်းမှ ကျောင်းသားများ၊ ဗိုလ်တထောင် ကောလိပ် ကျောင်းသားများ ပါဝင်သော ဆန္ဒပြပွဲများတွင် တောက်လျှောက် ပါဝင်သည်၊ သိပ်ပျော်စရာ ကောင်းသည်၊ ဒီမိုကရေစီ ရတော့မည်ဟု ယုံကြည်သည်၊ မှတ်မိသူများထဲတွင် ကိုစိန်အုံး (ဒေါ်စု ဓါတ်ပုံရိုက်ကာ ဖြန့်ဝေ ခြင်းကြောင့် ၁၉၉၆ တွင် မန်းလေးထောင် ကျခဲ့ရ)၊ ရဲကျော်စွာ၊ ယခု စစ်ဆေးမှ ဗိုလ်မှူး မျိုးမင်းထွေး၊ သက်ထူး (မအူပင် စက်မှုကျောင်းအုပ်) ။

၈၈၈၈ ညတွင် မြို့တော်ခန်းမသို့ သွားရောက်ပါဝင်ပြီး၊ စတင် ပစ်ခတ်စဉ် ထွက်ပြေး လွတ်မြောက်သည်၊ သြဂုတ်လကုန် ရွှေတိဂုံ နောက်ဘက် ဒေါ်အောင်ဆန်းစုကြည်၏ လူထု ဟောပြောပွဲသို့ ကျောင်းမှ ကျောင်းသားများနှင့် အတူ တက်ခဲ့သည်၊ သူမကို ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ခြင်း ဖြစ်သည်၊ မေလ ၁၉၉၀ တွင် ကျွန်တော်တို့ မိဘ ဆွေမျိုးများ အားလုံးသည် “ခမောက်” ကို မဲပုံထဲ့ခဲ့ ကြသည်ကို မမေ့နိုင်ပါ၊ ဗိုလ်ထထောင်မှ ဒေါက်တာမောင် မောင်ကျော် NLD ဟင်္သာတမှ ဒေါက်တာဇော်မြင့်တို့ အမတ်များ ဖြစ်လာပါသည်။

ထိန်းသိမ်းခံရခြင်း (၁) စက်တင်ဘာ ၁၉၉၀
(တစ်လခန့် ဗိုလ်တထောင် ရေတပ် ထောက်လှန်းရေး (၁)

Read More...

Tuesday, January 12, 2010

PDC Monthly News Commentary - January 2010

January 12, 2010

အပြောင်းအလဲ တကယ်ဖြစ်ချင်တယ်ဆိုရင်

အောင်ဇံ
၁၁ ဇန်န၀ါရီ ၂၀၁၀

၂၀၀၉ ခု နှစ်ကုန်ဆုံးလို့ ၂၀၁၀ ဆိုတဲ့ သက္ကရာဇ်နှစ်တခုကို ပြောင်းခဲ့ပြန်ပါတယ်။ မြန်မာ နိုင်ငံမှာတော့ ထူးခြား သိသာတဲ့ အပြောင်းအလဲရယ်လို့ မရှိ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ် အတည်းတွေက အပြောင်းအလဲ ဖြစ်ဖို့ လိုအပ် နေပါတယ်။ ပြည်သူတွေ ကလည်း ခါးသီးတဲ့ ဘ၀ အတွေ့အကြုံတွေ အရ အပြောင်းအလဲကို မျှော်လင့် နေကြပါတယ်။ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်တွေ၊ တိုက်ပွဲတွေ မနည်းသလို ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေ၊ အသက်တွေကလည်း မနည်း မနောပါပဲ။ ၁၉၆၂ ခုနှစ်ရဲ့ ဒီဘက် ခေတ်ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့ တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ခေတ် ဖြစ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင် ကြိုးပမ်း ခဲ့ကြပါတယ်။

အထူးသဖြင့် ၁၉၈၈ ခု အရေးတော်ပုံကြီးဟာ ရက်ရက်စက်စက် ဖြိုခွဲ ခံမှုကြောင့် အောင်ပွဲ မရမီ ပြိုကွဲ ပြီးဆုံး ခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ တပ်ဦးပါတီ တရပ်ကိုတော့ မွေးဖွား ပေးခဲ့နိုင်ပါတယ်။ ပြည်သူတွေကလည်း တခဲနက် ထောက်ခံကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ့ ဆန္ဒမဲနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာဟာ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ဆက်လက် ဦးဆောင် တိုက်ပွဲဝင်ဖို့ ပြည်သူတွေက တာဝန် ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရအပြီးမှာ ပြည်သူ့ လွှတ်တော် ပေါ်ပေါက်ရေး၊ ၉၀ ရလဒ် အကောင်အထည် ဖော်ရေးအတွက် အမျိုးမျိုး ကြိုးစားခဲ့သလို နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ အတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း အားထုတ်ခဲ့ပါတယ်။ သို့ပေမယ့် ကြိုးပမ်း အားထုတ်မှု မှန်သမျှဟာ န၀တ၊ နအဖ အာဏာပိုင်များရဲ့ ဟန့်တားနှောင့်ယှက်မှု ပိတ်ဆို့ အရေးယူမှုများနဲ့သာ ကြုံတွေ့ခဲ့ရပြီး အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးထောင်ချ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနှစ်နှစ်ဆယ်ကျော် ကြိုးပမ်း အားထုတ်မှုဟာ အရာမထင် ခရီးမရောက် ဖြစ်ခဲ့ရပါတယ်။ အခုအချိန်မှာဆိုရင် အဖွဲ့ချုပ်ရုံး တခုသာ ဖွင့်ခွင့်ရပြီး စည်းရုံး လှုပ်ရှားနိုင်မှု လုံးဝ မရှိတဲ့ အခြေအနေမှာ ရှိနေသလို အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့လည်း ထောင်ဒဏ် ချမှတ်ခြင်း ခံထားရပါတယ်။

ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုဖြစ်တဲ့ ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက် တွေဟာလည်း ထိရောက်မှု မရှိဘဲ ကျွဲပါးစောင်းတီး ဖြစ်ခဲ့ရသလို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဒီဆိုးတိုး၊ ရာဇာလီ အစ္စမေးလ်၊ ဂမ်ဘာရီ အစရှိတဲ့ ပုဂ္ဂိုလ်များရဲ့ မြန်မာနိုင်ငံကို အခေါက်ခေါက် အခါခါ လာရောက် ကြိုးပမ်းခဲ့မှုများ ဟာလည်း အရေးမပါ အရာ မရောက်တဲ့ အခြေအနေများသာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်း အားထုတ်မှု များဟာလည်း အလားတူ အောင်မြင်မှု မရဘဲ ရှိနေပါတယ်။ အမေရိကန် အစိုးရဟာ မူလက အရေးယူ ပိတ်ဆို့မှုနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ အပြောင်းအလဲဖြစ်ဖို့ တွန်းအား ပေးခဲ့ပါတယ်။ အိုဘားမား အစိုးရ တက်လာတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိတဲ့ မူဝါဒကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက်ထားပြီးတော့ တဖက်မှာလည်း အပြုသဘော ဆက်ဆံရေးတွေနဲ့ အပြောင်းအလဲ ဖြစ်ဖို့ ချဉ်းကပ်မှု မူဝါဒကို ချမှတ်ခဲ့ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၁ - ၁ - ၁၀)

လူထုလှုပ်ရှားမှုဖြစ်မည်ကို စိုးရိမ်၍ လခတိုးပေးဟုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ အင်္ဂါနေ့ တွေ့မည် သတင်း
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုးချဲ့ဖွဲ့စည်း သတင်း
အန်အယ်လ်ဒီ စီအီးစီကို (၂၀) ဦးအထိ တိုးချဲ့ သတင်း
ရခိုင်ပြည်ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက် သတင်း
နိုင်ငံရေးအဖွဲ့အချို့ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်နေ သတင်း
မိုင်းလားအဖွဲ့လူထုအား နိုင်ငံသားစိစစ်ရေးကဒ်ပြားဖြင့် စည်းရုံးနေ သတင်း
အဓမ္မလုပ်အားပေးစာချုပ် သက်တမ်းတိုးရေး ILO မြန်မာပြည် သွားမည် သတင်း
အင်္ဂါဘုရားဖူးဆုတောင်းအဖွဲ့နှင့် ရခိုင်လူငယ် (၁၁) ဦးကို ရုံးထုတ်စစ်ဆေး သတင်း
ဝန်ကြီးချုပ် နာဂစ်ဒေသသို့ စစ်ဆေး သတင်း
ရဲနှင့် ရယက အခင်းဖြစ်ပွားရာ ရယက ထောင်ဒဏ်ချမှတ်ခံရ သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမ၀င်၍ ပျံကျဈေးဆိုင် ရောင်းချခွင့် ပိတ်ပင်ခံရ သတင်း
ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဘ၀လုံခြုံရေးအတွက် စိုးရိမ်နေကြရ သတင်း
သုံးဆယ်ဆည် ရေမလွှတ်သေး၍ နွေစပါးစိုက်မည့်သူ ဒုက္ခရောက် သတင်း
ရှုမ၀ ဦးကျော် ရာပြည့်မွေးနေ့ အခမ်းအနားကျင်းပ သတင်း
ကချင်ပြည်နယ်နေ့သို့ စစ်အစိုးရတိုင်းမှူး တက်ရောက်ခြင်းမရှိ သတင်း
စစ်မှုထမ်းဆောင်ရန် ဆန္ဒမရှိသူများ တောတွင်း ထွက်ပြေးတိမ်းရှောင်နေရ သတင်း
မြန်မာသို့ ပြန်ပို့မည့် သတင်းကြောင့် အရွယ်မရောက်သူ ဒုက္ခသည် အမျိုးသမီးငယ်များ လက်ထပ်မှု တိုးမြင့် လာ သတင်း
တရုတ်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် ကျောက်ဖြူ အမှတ် (၁) ဆိပ်ခံတံတားကို တိုးချဲ့ သတင်း
လှိုင်သာယာ စက်မှုဇုန်များ ဆန္ဒပြမှု တိုးပွား သတင်း
မြန်မာအလုပ်သမားတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး သတင်း
ကြယ်ငါးပွင့်သင်္ဘောသားများ အရေးယူခံရမှုအပေါ် မကျေနပ် သတင်း
ရန်ကုန်တိုင်း သုဝဏ္ဏမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား သတင်း
စစ်အာဏာရှင်ကြီးတွေရဲ့ အနာဂတ် (ဆောင်းပါး)
တချက်လေးမျှ စောင်းငဲ့မကြည့်တော့ (ဆောင်းပါး)
လူတုပ်ကွေး ကာကွယ်ဆေး အရွေးခက်နေခြင်း (ဆောင်းပါး)

ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော

တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီး တင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက်များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကို လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်း တဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။

ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင် ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြား စေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြား စေခဲ့သည် ဆိုသည်ကို သူ မယုံကြည်ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ဦးစိန်လွင် (အသက် ၃၅ နှစ်) သည် ၂၀၀၄ ခုနှစ်အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြန်မာသံရုံးတွင် ဌာနခွဲ ၂ ၏ ဌာနခွဲမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထောက်လှမ်းရေး အချက်အလက်များ စုဆောင်း ရယူခြင်းနှင့် မြန်မာစစ်တပ်သို့ အစီရင်ခံခြင်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သို့သော် ယမန်နှစ်က ထိုသို့ ဖမ်းဆီးချိန်တွင် သူသည် မြန်မာနိုင်ငံတွင် ရှိနေခြင်း မရှိပါ။ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်များကို ဖော်ပြ လိုက်ပါသည်။

မေး။ လျှို့ဝှက် စာရွက်စာတန်းတွေ ပေါက်ကြားတယ်ဆိုပြီး အရာရှိ နှစ်ဦးကို မကြာသေးခင်က သေဒဏ် ပေးလိုက်တဲ့ အပေါ်မှာ ခင်ဗျား ဘယ်လို ယူဆပါသလဲ။

ဖြေ။ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ - MAS) အကြီးအကဲက ၂ဝဝ၉ ခုနှစ် ဂျူလိုင်လက စပြီး နေပြည်တော်မှာ အသစ် ခန့်အပ်ထားတဲ့ ထောက်လှမ်းရေး အရာရှိတွေကို သတင်းပေါက် ကြားမှုနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းဖော်ထုတ်ဘို့ ညွှန်ကြားထားတယ်။

Read More...

အပေါ်သို့