Friday, April 20, 2012

ဦးသိန်းစိန် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်

လင်းသန့်
April 19, 2012

TIME မဂ္ဂဇင်း အွန်လိုင်းက စီစဉ်သည့် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ရာတွင် မြန်မာ နိုင်ငံက သမ္မတ ဦးသိန်းစိန်သည် အမှတ်စဉ် ၆၇တွင် ရွေးချယ်ဖော်ပြခံရသည်။

သြဇာအရှိဆုံး အဖြစ် TIME မဂ္ဂဇင်း အယ်ဒီတာများ၏ ရွေးချယ်ခံရသူမှာ အာရှသွေး အမေရိကန်နိုင်ငံသား ဘတ်စကက်ဘော အားကစား သမား Jeremy Lin ဖြစ်ပြီး အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားက အမှတ်စဉ် ၆၁ တွင်လည်းကောင်း၊ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က အမှတ်စဉ် ၈၈ တွင်လည်းကောင်း ရွေးချယ်ထားသည်ကိုလည်း တွေ့ရသည်။

Read More...

သမ္မတ ဦးသိန်းစိန် ဂျပန်ခရီးစဉ် စတင်မည်

လင်းသန့်
April 19, 2012

သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်အဖြစ် မနက်ဖြန်တွင် စတင်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်နှင့် မဟာမဲခေါင် နိုင်ငံများ၏ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲ ပြင်ပတွင်လည်း ဂျပန်ဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ဆွေးနွေးပြောဆိုရန်လည်း ရှိကြောင်း သိရှိရသည်။

Read More...

မအေးယုအောင် ဆက်လက်ထိန်းသိမ်းခံထားရ

ကျော်ခ
April 19, 2012

ပဲခူးမြို့တွင် ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့်လက်ရောက်ကျူးလွန်ခြင်းခံခဲ့ရသော အိမ်ဖော် မအေးယုအောင်ကို အိမ်ရှင် များက အလိုမတူဘဲ ထိန်းသိမ်းထားခြင်းခံနေရကြောင်း မိခင်ဖြစ်သူက စွပ်စွဲပြောဆိုလိုက်သည်။

ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်က ၎င်းတို့ထံတွင် အိမ်ဖော် အဖြစ် လုပ်ကိုင်နေ သော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ စုတ်ပြဲသည်အထိ ကျူးလွန်ခဲ့သည့် သတင်းပျံ့နှံ့ခဲ့ပြီး ပြန်လည်ခေါ်ယူရန်ကြိုး စားသော် လည်း အိမ်ရှင်များက အတင်းအကျပ် ထိန်းသိမ်းထားကြောင်း မိခင်ဖြစ်သူ ဒေါ်ကြူကြူ က ပြောပြသည်။

Read More...

အစိုးရအဖွဲ့ ပြင်ဖွဲ့ရန် သမ္မတ ဦးသိန်းစိန် စဉ်းစားနေ

April 19, 2012

တိုးတက် ပြောင်းလဲလာနေသော နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများ အရှိန် ရလာသည်နှင့် အမျှ ချမှတ်ထား သော ရည်ရွယ်ချက်များကိုထိရောက် အောင်မြင်နိုင်ရေး နေပြည်တော် အစိုးရအဖွဲ့ ပြင်ဖွဲ့ရန် သမ္မတ ဦးသိန်းစိန် စဉ်းစားနေပြီဟု သတင်း ရရှိသည်။

နေပြည်တော်အစိုးရနှင့် နီးစပ်သူများက ဝန်ကြီး ၃၇ ဦး ပါဝင်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ကို လာမည့် ရက်သတ္တပတ်များအတွင်း သမ္မတ အနေဖြင့် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ရာ နီးစပ်ရာ “ပြုပြင်ပြောင်းလဲလိုသူ” များနှင့် အကျိုးအပြစ်တို့ကို တိုင်ပင်နေကြောင်း သိရသည်။ ၄င်းတို့က “ခေါင်းမာသူ” များသည် “တာဝန်ပြောင်းခံရ” သို့မဟုတ် “တာဝန်လျှော့ချခံရ” နိုင်ကြောင်းလည်း ဆိုသည်။

Read More...

မြန်မာအစိုးတပ်သို့ လက်နက်ချသော KIA အဖွဲ့ဝင်များ အားလုံးနီးပါး ကျဆုံး

19 April 2012

ပြီးခဲ့နှစ်ရက်က မြန်မာအစိုးရတပ်သို့ လက်နက်ချ ၀င်ရောက်ခဲ့သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အောက် တာလောကြီးကျေးရွာ အရပ်သားတပ်ဖွဲ့များ အားလုံးနီးပါး ဧပြီ ၁၉ ယနေ့ မနက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် ကျဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းက ဆိုသည်။

၎င်းတို့အား တာလောကြီးရွာရှိ မြန်မာစစ်တပ် ခလရ အမှတ် ၃၇ စစ်ကြောင်းမှ တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား "မန်မော (Man Manu)" ရှ့တန်းနေရာများသို့ “လမ်းပြများအဖြစ်” ခေါ်ဆောင်သွားစဉ် KIA နှင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွါးပြီး ကျဆုံးခဲ့ခြင်းဖြစ်သည် ဟု ယင်းဒေသမှ KIA အရာရှိများဆိုသည်။

Read More...

တရုတ် ကြေးနီ ကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ

20 April 2012

မုံရွာ ခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ဆည်တဲ ကျေးရွာသား များသည် ကြေးနီ စီမံကိန်း လုပ်ဆောင်နေသော တရုတ် ကုမ္ပဏီကို တမြန်နေ့ (ဧပြီလ ၁၇) ရက်နေ့က ရွာလုံးကျွတ် ဆန္ဒပြပွဲပြုလုပ်ခဲ့သည်ဟု မုံရွာမှ လာသော သတင်းက ဆိုပါသည်။

ဤကုမ္ပဏီသည် လယ်ယာမြေများပေါ်သို့ စီမံကိန်း ဘေးထွက်ပစ္စည်းများ လာရောက် စွန့်ပစ်ခဲ့ကြသည့်အတွက် ဒေသခံ တောင်သူများ က တားဆီးရာမှ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပါသည်။

ရွာသားများသည်၊ စွန့်ပစ် ပစ္စည်းများ လာရောက် စုပုံခဲ့သည့် တရုတ် ကုမ္ပဏီ ကားနှင့် ၀န်ထမ်းကိုလည်း ဘုန်းကြီးကျောင်း ထဲကို ခေါ်ယူ လာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြပါသည်။

Read More...

NLD ၏ တင်ပြချက်ကို အခြေခံ ဥပဒေ ခုံရုံးက ပယ်ချ

20 April 2012

လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုသည့် အခါ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါမည် ဆိုသည့် စကားရပ်နှင့် ကျိန်ဆို ရမည်ဟု သတ်မှတ် ထားသည်ကို NLD အမတ် များက အခြေခံ ဥပဒေကို လေးစား လိုက်နာပါ မည်ဆိုသည့် စကားရပ်နှင့် ပြင်ဆင် ပေးရန် အစိုးရထံ တင်ပြ ထားချက်ကို နေပြည်တော် အခြေခံ ဥပဒေ ခုံရုံးက ယမန်နေ့က ပယ်ချ ခဲ့သည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။

ဤကိစ္စ အတွက် အခြေခံ ဥပဒေ ခုံရုံးသည် တမြန်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြ ခဲ့သည့်အတွက် သိခဲ့ ရသည်ဟု NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ဆိုပါသည်။

"ဆောင်ရွက်နေတာ အဆင်မပြေ သေးဘူးပေါ့လေ။ Interpretation လိုင်းကို တင်ပြတော့ ဒါကို မဆိုင်ဘူး ဆိုတဲ့အကြောင်း သူက ရှင်း ပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံး မ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူး မဟုတ်ဘူး။ ဒီရုံး အနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"

Read More...

မလေးရှား ဥပဒေနှင့် အိမ်ဖေါ် လုပ်ငန်း တရား စီရင်မှု

19 April 2012

မလေးရှား နိုင်ငံသား အိမ်ရှင် လင်မယားသည် ယင်းတို့၏ အိမ်ဖော် မိန်းခလေးကို သတ်မှုဖြင့် တရား ရုံးတွင် အမှု ရင်ဆိုင် နေရပါသည်။ မှုခင်း ရဲများ၏ ယူဆချက် အရ အသက် - ၂၄ နှစ် အရွယ်ရှိ အိမ်ဖော် မိန်းခလေး Mey Sichen သည် ရက်ပေါင်း များစွာ အစာ ပြတ်လတ် ခြင်းကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ပြောဆို ခဲ့သည်။

ယခုဖြစ်ပွားခဲ့သော လာမည့် စက်တင်ဘာတွင် အသက်- ၂၄ နှစ်ပြည့်မည့် ကမ္ဖောဒီးယား နိုင်ငံသူ Mey Chian ကို မလေးရှား အလုပ်ရှင် (အိမ်ရှင်) မှ သတ်မှုသည်၊ မလေးရှားသို့ ကမ္ဖောဒီးယားနှင့် အင်ဒိုနီးရှားမှ အိမ်ဖော် အလုပ်သမား ပေးပို့ ခြင်းကို ရပ်ဆိုင်း ရသည့် အမှု အကြောင်းအရင်း များစွာထဲမှ တစ်ခုဖြစ်သည်ဟု AFP က ပြောဆိုသည်။

Read More...

ကျမ်းသစ္စာ ကျိန်ဆိုမည့် စာပိုဒ် ပြင်ဆင်ရန် NLD နေပြည်တော်သွား

19 April 2012

ကျမ်းသစ္စာ ကျိန်ဆိုမည့် စာပိုဒ် ပြင်ဆင် ရေးသားရန် အတွက် အန်အဲလ်ဒီ ပါတီမှ သမ္မတ ရုံးသို့ အကြံပြုလွှာ ပေးပို့ထားပြီးနောက် ယနေ့ တွင် အန်အဲလ်ဒီ ပါတီ ဗဟို အလုပ်မှုဆောင် ဦးဥာဏ်ဝင်းမှ ယင်းကိစ္စကို ဆောင်ရွက် ရန်အတွက် နေပြည်တော်သို့ သွားရောက် ခဲ့ကြောင်း သိရှိရပါသည်။

လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များတွင် လွှတ်တော် ကိုယ်စားလှယ် ကတိ သစ္စာပြုချက် နည်းဥပဒေ ၅(ဂ)နှင့် ၉(က)တွင် "ကျွန်ုပ်…..သည် လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့် ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"ဟု ဖော်ပြထားသည်။ အဆိုပါ ဖော်ပြချက် စာပိုဒ်အား ပြင်ဆင်ပေး ရန်အ တွက် အန်အဲလ်ဒီမှ တောင်းဆို ထားခြင်း ဖြစ်သည်။

Read More...

ကချင်စစ်ဘေးဒုက္ခသည်တွေထံသွားရောက်ခဲ့တဲ့ ချင်းတိုင်းရင်းသူ Levi Sap Nei Thang နှင့် ဆက်သွယ်မေးမြန်းချက်

April 19th, 2012

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်တွေ အကြားဖြစ် ပွားနေတဲ့ တိုက်ပွဲ တွေဟာ ယနေ့ ချိန်ထိ နေ့စဉ်နဲ့ အမျှ ဆက်လက်ဖြစ် ပွားနေဆဲပါ။ ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ရာက တိုက် ပွဲတွေ ပြန်လည်စတင်ခဲ့တာ အခုဆိုရင် ၁၀ လ ကျော် ရှိလာပါ ပြီ၊ တိုက်ပွဲကြောင့် မြေဇာပင် အပြစ်မဲ့ ကချင်ပြည်သူလူထုတွေ စစ်ဘေးရှောင် ရင်း ဒုက္ခသည်ဘ၀ကို ကျရောက်ခဲ့ရပါတယ်။ ဒီလို ထောင်သောင်း မကတဲ့ ကချင်ညီအကို ဒုက္ခသည်တွေကို တဖက်တ လမ်းကနေ အကူအ ညီတွေ ထောက်ပံ့ပေးနိုင်ဖို့ I Love Myanmar ကို တည်ထောင်သူ ချင်းတိုင်းရင်း သူ Daw Levi Sap Nei Thang ဟာ မကြာသေးခင် ရက်ပိုင်းကဘဲ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းကို ကိုယ်တိုင်သွား ရောက်ခဲ့ပါ တယ်။

I Love Myanmar အဖွဲ့ဟာ လူမျိုးဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်းအတွက် အဖက် ဖက်ကနေ ကူညီ ထောက်ပံ့ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့တုန်းကလည်း I Love Myanmar အဖွဲ့က ဧရာဝတီတိုင်းသို့ သွားရောက်ပြီး အိုးအိမ် မဲ့ဖြစ်နေကြ တဲ့ ပြည်သူတွေအတွက် နေအိမ်တွေ ဆောက် တာမျိုး၊ ကျောင်းဆောင် တွေ ဆောက်ပေးတာမျိုး စတဲ့ လူမှု အကူအညီတွေကို ပေးအပ်လှူဒါန်းခဲ့ပါ တယ်။

Read More...

တရုတ် ကြေးနီကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ

2012-04-19

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်း တွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။

Read More...

ဂျပန် ငါးလုပ်ငန်း မြန်မာကို စိတ်ဝင်စား

2012-04-19

အခုအခါ ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ အတော်များများ မြန်မာနိုင်ငံဘက်ကို စိတ်ဝင်စားနေကြတယ်လို့ ဂျပန် ငါးလုပ်ငန်း ဆိုင်ရာ သတင်းဌာနတစ်ခုက ဖော်ပြပါတယ်။

ဂျပန် ငါးလုပ်ငန်းရှင်တွေဟာ နော်ဝေးနိုင်ငံက ငါးသေတ္တာငါးတွေကို တခြားနိုင်ငံကို တင်ပို့၊ အသင့်စားသုံးနိုင်အောင် ထုတ်ပိုးပြင်ဆင်ပြီး ဂျပန်ကို ပြန်သွင်းကြပါတယ်။

Read More...

မြန်မာလူငယ် အုပ်ချုပ်ရေးဝန်ထမ်း ဂျပန်သို့ ပညာသင်ခေါ်မည်

2012-04-19

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက မြန်မာလူငယ် အုပ်ချုပ်ရေး ၀န်ထမ်းတွေကို ဂျပန်နိုင်ငံမှာ လာရောက် လေ့လာဆည်းပူးဖို့ အတွက် ယန်းငွေ သန်း (၂၀၀) ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖော်ပြလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ (၂၀) ရက်နေ့ သမ္မတ ဦးသိန်းစိန် တိုကျိုမြို့ကို ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါနဲ့ တွေ့ဆုံတဲ့အခါ ဒီအစီ အစဉ်ကို ၀န်ကြီးချုပ်က ကြေညာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Read More...

နာရေးအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ပြည်သူ့ဂုဏ်ရည်ပွဲ တက်ရောက်မည်

2012-04-19

မေလ (၂၇) ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မြန်မာ နိုင်ငံ က နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ တက်ရောက်မှာ ဖြစ်တယ်လို့ အာအက်ဖ်အေကို ပြည်သူ့ဂုဏ်ရည်အသင်းက မနေ့က အတည် ပြု ပြောဆိုပါတယ်။

ဦးကျော်သူနဲ့အတူ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်လည်း လိုက်ပါလာမှာဖြစ်ပြီး မြန်မာလူမှုရေးလုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိ ကန်ပြည်နယ် တချို့ကို လှည့်လည် ဟောပြောမယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက ပြော ပါတယ်။

Read More...

မြန်မာနဲ့ ကုန်သွယ်မှုဖွင့်ဖို့ ဂျင်မ်ဝက်ဘ် တိုက်တွန်း

2012-04-19

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေး ချီးမြှင့်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်သင့်တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ကြီးကြပ်ရေးမှူး အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က မနေ့က တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ရဲရင့်ဝံ့စားလှတဲ့ အခုန် အပျံ အကျော် အလွှားတွေအပေါ် ထောက်ခံအားပေးဖို့ အရေးကြီးပါတယ်လို့လည်း ပြောဆို ပါတယ်။

Read More...

ဂျပန် ကြွေးမြီ လျှော်ပစ်နိုင်ဖွယ်ရှိ

2012-04-19

မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်း သုံးထောင့် ခုနှစ်ရာကို ဂျပန်အစိုးရက လျှော်ပစ်လိုက်မယ်လို့ သိရပါတယ်။

လာမယ့် ဧပြီလ ၂၀ ကနေ ၂၄ ရက်နေ့ အတွင်း ဂျပန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိတဲ့အခါ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) က ကြွေးမြီ လျှော်မယ့်ကိစ္စ တရားဝင် ကြေညာမှာ ဖြစ်ကြောင်း ဂျပန်နိုင်ငံထုတ် Asahi Shimbun သတင်းစာက ရေးသားပါတယ်။

Read More...

ဥရောပက ပိတ်ဆို့မှုတွေ ယာယီရပ်မည်

2012-04-19

အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ယာယီ ရပ်ဆိုင်းတော့မယ်လို့ အီးယူအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို တစ်နှစ်တာ ရပ်ဆိုင်းမှာ ဖြစ်ပြီး၊ လက်နက် ရောင်းဝယ်မှုကိုတော့ ခြွင်းချက်အဖြစ် ဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှု နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ ချီးကျူး

19 ဧပြီ 2012
မေငြိမ်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီး အနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာ ရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေ လှမ်းကို လှမ်းနိုင်လိမ့်မယ် လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။

The Elders အဖွဲ့ရဲ့သဘာပတိဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu က ပြောဆိုရာမှာတော့ ကျနော့်အနေနဲ့ ကျနော့်ရဲ့ ညီမငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလေးစားပါတယ်၊ သူ့ရဲ့လွှတ်တော် ရွေးကောက်ပွဲအနိုင်ရမှုက မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကို ထိတွေ့ခွင့်ရတဲ့အချိန်ပဲဆိုတာကို ကမ္ဘာက ဘယ်တော့မှ မေ့တော့မှာမဟုတ်ပါဘူး။

Read More...

ငြိမ်းချမ်းရေး အစီအစဉ်သစ် ဆီးရီးယားနဲ့ကုလ သဘောတူ

19 ဧပြီ 2012

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ငြိမ်းချမ်းရေးသံတမန် ကိုဖီအာနန်တင်ပြခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်ကို အကောင်အထည် ဖော် ဆောင်ရွက်ဖို့ ဆီးရီးယားအစိုးရနဲ့ ကုလသမဂ္ဂတို့ကြား သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ ဆီးရီးယားကိုစေလွှတ်မယ့် စုံစမ်းစစ်ဆေးရေးရှေ့ပြေးအဖွဲ့ရဲ့ အခန်းကဏ္ဍတွေ အပြင် ဆီးရီးယားအစိုးရနဲ့ အ တိုက် အခံတွေအကြား တပတ် ကြာမြင့်ပြီဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး ကို စောင့်ကြည့်ဖို့တွေပါဝင်တယ်လို့ မစ္စတာအာနန်ရဲ့ပြောခွင့် ရကပြောပါတယ်။ ညှိနှိုင်းသူတွေဟာ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ပါ အလားတူ သဘောတူညီချက်တွေ ရလာဖို့ ဆွေးနွေး နေတယ် လို့လည်း သူက ပြောပါတယ်။

Read More...

အငြင်းပွားရေနံမြေ တောင်ဆူဒန်သိမ်းယူမှု ကုလကန့်ကွက်

19 ဧပြီ 2012

ရေနံတွင်းတွေရှိရာ Heglig မြို့ကို တောင်ဆူဒန်က သိမ်းပိုက်လိုက်တာဟာ တရားဝင်မှုမရှိသလို အိမ်နီးချင်း ဆူဒန်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။

နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်းပြောထားတဲ့ ရေနံကြွယ်ဝရာ နယ်စပ်ဒေသကနေ တောင်ဆူဒန်တပ်ဖွဲ့တွေ ဖယ်ရှားပေးဖို့ ကြာသပတေး နေ့က ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဆူဒန် နိုင်ငံအနေနဲ့လည်း တောင်ဆူဒန်နယ်မြေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကို ရပ်တန့်ပြီး အငြင်းပွားနေတဲ့ Abyei ဒေသက ဆုတ်ခွာဖို့ တောင်းဆို သွားပါတယ်။

Read More...

မြန်မာ အတွက် ဂျပန် ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးတော့မည်

19 ဧပြီ 2012
ကျော်ကျော်သိန်း

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ချေးငွေ အထောက်အပံ့တွေ ပြန်ပေးနိုင်ရေးကိစ္စ မြန်မာနဲ့ဂျပန်နိုင်ငံတို့က သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆွေးနွေးနေကြတာဟာ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ သောကြာနေ့ စတင်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဒီ ကိစ္စကို အပြီးသတ် ဆွေးနွေးဖို့ ပြင်ဆင် ထားကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကနေ မြန်မာလူထု အကျိုးကျေးဇူး ခံစားရ စေဖို့အတွက် ဒီအကူအညီတွေ ပြန်ပေးဖို့ လိုအပ်ပါတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန၊ တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြော ပါ တယ်။

ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ပေးခဲ့ပြီး ရပ်ဆိုင်းထားခဲ့တဲ့ ODA ခေါ် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးတိုးတက်ရေး အထောက် အပံ့ ချေးငွေတွေ၊ ရန်ပုံငွေ အထောက်အပံ့တွေ နဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကို ပြန်ပေးဖို့အတွက် မြန်မာနဲ့ ဂျပန်တို့က တာဝန်ရှိသူတွေ ဆွေးနွေးနေကြတာပါ။ ဒီလိုပြန်ပေးရေးကိစ္စမှာ အဓိကရှိနေတဲ့ကိစ္စတခုကတော့ မြန်မာနိုင်ငံက ဂျပန် နိုင်ငံကို ပြန်ပေး ဆပ်ဖို့ ရှိနေတဲ့ ချေးငွေတွေကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။

Read More...

အိန္ဒိယ တာဝေးပစ် ဒုံးကျည် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်

19 ဧပြီ 2012
နန္ဒာချမ်း

တရုတ်နဲ့ ဥရောပက ပစ်မှတ်တွေအထိ ရောက်နိုင်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည် တခုကို အိန္ဒိယက စမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။ အခုလိုမျိုး အဆင့်မြင့်ဒုံးကျည်ကို ပြည်တွင်းမှာ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံ ဟာ တိုက်ချင်းပစ် နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအနည်းငယ်တွေကြားမှာ တနိုင်ငံအဖြစ် ပါဝင်လာပါတော့တယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်အထိကို နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်စွမ်းရှိတဲ့ ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ် နိုင်တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာလိုက်တဲ့အတွက် အရေးပါတဲ့ ဒုံးလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခု ဖြစ်လာခဲ့တာပါ။

Read More...

မြန်မာ အပေါ် အရေးယူမှု အီးယူ တစ်နှစ် ရပ်ဆိုင်းမည်

19 ဧပြီ 2012

မြန်မာ နိုင်ငံမှာ အခုနှစ်ပိုင်းတွေ အတွင်းမှာ တွေ့မြင်နေရတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ကြောင့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ထားမှု အများစု ကို ဖယ်ရှားပေးဖို့ ပဏာမ သဘောတူညီချက် ရရှိခဲ့ပြီ လို့ အီးယူ ဥရောပ သမဂ္ဂ အရာရှိတွေ ကပြောပါတယ်။

မြန်မာနိုင်ငံ အပေါ်မှာ အရေးယူ ပိတ်ဆို့ထားတာမှာ လက်နက်ရောင်းဝယ်ခွင့် မပြုတာက လွဲရင် ကျန်တာတွေ ကို ယာယီ ရပ်စဲထားဖို့ ရှိတယ်လို့ ဥရောပသမဂ္ဂ အရာရှိ တော်တော်များများက ကြာသပတေး နေ့မှာ ပြောသွားတာပါ။

Read More...

ဧပြီ ၂၃ ရက် လွှတ်တော် နှစ်ရပ် ပြန်လည် ကျင်းပမည်

19 ဧပြီ 2012
သင်းသီရီ

လာမယ့် ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ လွှတ်တော် နှစ်ရပ် အစည်းဝေးတွေကို နေပြည်တော်မှာ ပြန်ကျင်းပမှာ ဖြစ်ပါတယ်။ ပထမ အကြိမ် တတိယ အစည်းဝေးတုန်းက လွှတ်တော် နှစ်ရပ်တွင်း မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးကြဖို့ ဖြစ်ပြီး ကြားဖြတ်ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်တက်ဖို့ ဖိတ်ထား တယ်လို့ လွှတ်တော်ရုံး တာဝန်ရှိသူက ပြောပါတယ်။ လွှတ်တော်တွင်း ဘယ်လိုကိစ္စတွေ ဆွေးနွေးဖို့ ရှိသလဲဆိုတဲ့ နဲ့ NLD ကိုယ်စား လှယ်တွေ လွှတ်တော်တက်ဖို့ အလားအလာတွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါရှင်။

မတ်လ၂၆ ရက်နေ့က ရပ်နားထားတဲ့ လွတ်တော် နှစ်ရပ်လုံးရဲ့ အစည်းဝေးတွေကို ဧပြီလ ၂၃ ရက် တနလ်နေ့ကျရင် နေပြည်တော်မှာ ပြန်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ပထမအကြိမ် တတိယပုံမှန် အစည်းဝေးတွင်း မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ ဖြစ်တယ်လို့ လွှတ်တော်ရုံးရဲ့ ညွန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောပါတယ်။

Read More...

တောင်ကိုးရီးယား ပဲ့ထိန်းတပ် ဒုံးလက်နက် လွှတ်နိုင်စွမ်းရှိပြီ

19 ဧပြီ 2012

မြောက်ကိုရီးယား နျုးကလီးယားနဲ့ ဒုံးလက်နက်တွေရှိတဲ့ နေရာတွေကို ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ တပ်ဆင်ထားပြီးပြီလို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။

အဲဒီ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်လိုက်တဲ့အကြောင်း တောင်ကိုရီးယား စစ်ဖက်အရာရှိတဦးက တောင်ကိုရီးယား သတင်းထောက်တွေ နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာပါ။

Read More...

ဖွဲ့စည်းပုံကို လေးစားလိုက်နာမည်ပါမည်ဟု ပြင်ဆင်မှ ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တက်မည်ဟု နယက ဦးဝင်းတင် ပြောဆို

19 Apr, 2012
ဝင့်သင်ဇာကျော်

လွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ပါမည်အစား လေးစား လိုက်နာပါမည်ဟူသော စကားရပ်ကို ပြင်ဆင်မှသာ အန်အယ်လ်ဒီပါတီ(ဒီချုပ်)ကိုယ်စားလှယ်များ လွှတ်တော် တက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

“အခြေခံခုံရုံး ဒါမှမဟုတ် သမ္မတရုံးကနေ ဘယ်လိုစီစဉ်လဲတော့ မသိဘူး အဲ့ဒီအစီအစဉ်ထဲမှာ ပါတဲ့အတိုင်း စောင့်ရှောက်ပါမည်ဆိုတဲ့ စ ကားရပ်အစား လေးစားလိုက်နာပါမည်ဆိုတဲ့ စကားကို ပြင်မှသာလျှင် ကျွန်တော် တို့က လွှတ်တော်ကို တက်နိုင်မယ်” ဟု အန်အယ်လ် ဒီပါတီ နာ.ယ.က ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် လွှတ်တော်သို့ တက်ရောက်ရန် မဖြစ်နိုင်သေးခြင်းမှာ ပြည်သူ့လွှတ်တော်တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသောစကားလုံးကို လေးစားလိုက်နာပါမည် ဆိုသည့် စကားအား ပြောင်းလဲ ကျမ်းကျိန် ခြင်း မရှိသေးခြင်းကြောင့် ဖြစ်သည်။

Read More...

လွှတ်တော်ပြင်ပ ညီလာခံမှသာ ဖွဲ့စည်းပုံ ပြင်နိုင်မည်ဟု UNFC ပြော

ဖနိဒါ
ဧပြီလ ၁၉ ရက် ၂၀၁၂ ခုနှစ်

လက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်မှာ တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးတရပ် ကျင်းပနိုင်မှသာ ဖြစ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွဲဘက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်အတွင်း အင်အားချိန်ခွင်လျှာနှင့် ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်များအရ လွှတ်တော်တွင်းမှ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မဖြစ်နိုင်ကြောင်း မဇ္ဈိမကို ပြောသည်။

“တမျိုးသားလုံး ညီလာခံက ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်လို့ မလွယ်ဘူး။ ဖွဲ့စည်းပုံကို လွှတ်တော်ထဲက ပြင်လို့ မရဘူး။ ၇၅ ရာခိုင်နုန်းဆိုတာ ခံနေတာ။ ဒါကြောင့် ဖွဲ့စည်းပုံထဲက ဖြုတ်ဖို့ ပြင်ဖို့ဆိုတာ တမျိုးသားလုံး ညီလာခံဆိုတဲ့ နိုင်ငံရေးဆုံးဖြတ် ချက်ကနေပြီးတော့ လွှမ်းမိုးနိုင်မှသာလျှင် ပြင်လို့ရမယ်။ ဒါကြောင့် ဒီညီလာခံက ၂ဝဝ၈ ကို ပြင်ဖို့အတွက် အရေးကြီးတဲ့ အလုပ်တခု ဖြစ်တယ်။ ဒါကြောင့် အဲဒါကို ဖိတ်ခေါ်ရခြင်းဖြစ်တယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

Read More...

မြန်မာ့အကြွေးများ ဂျပန် လျှော်ပေးတော့မည်

ဧပြီလ ၁၉ ရက် ၂၀၁၂ ခုနှစ်

မြန်မာအစိုးရက တင်ရှိနေသော ကြွေးမြီ ယန်း သန်းထောင်ပေါင်း ၃ဝဝ (ဒေါ်လာ သန်းပေါင်း ၃.၇ ထောင်)အား ဂျပန်အစိုးရက လျှော်ပစ် ရန်ရှိ ကြောင်း ဂျပန် Asahi Shimbun သတင်းစာကြီးက ရေးသားထားသည်။

တရားဝင်သဘောတူညီချက်ကိုမူ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ စနေနေ့တွင် တိုကျိုမြို့၌ တွေ့ဆုံ၍ ဆုံးဖြတ်မည်ဖြစ်ကာ ‘အပြည့်အဝ’အကူအညီများလည်း ပြန်လည်ပေးအပ်တော့မည်ဟု ဂျပန်အရာရှိများအား ကိုးကား၍ ရေးသားထား သည်။

၂၅ နှစ်ကြာ ရပ်ဆိုင်းထားသည့် အကူအညီများကို မြန်မာအစိုးရ၏ ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ဆောင်မှုများအရ ဂျပန်အစိုးရက ဤကဲ့သို့ ပြန်လည်စတင်ခြင်းဖြစ်သည်ဟုဆိုသည်။

Read More...

မြန်မာ့ဆန်တင်ပို့မှု ၅၇% တိုးမြှင့်လာ

ဧပြီလ ၁၉ ရက် ၂၀၁၂ ခုနှစ်

မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ၅၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAO က ထုတ်ပြန်သည်။

FAO ၏ အာရှ ပစိဖိတ်ဒေသ စားနပ်ရိက္ခာဆိုင်ရာ လေ့လာချက်များအရ ဧပြီလ ၁ ရက်နေ့မတိုင်မီ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန် ချိန် ၈၄၄,၂၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ဝင်ငွေရရှိခဲ့သည်ဟု မြန်မာအစိုးရ ကိန်းဂဏန်းများအား ကိုးကား၍ ဖော်ပြ ထား သည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်းတွင်မူ ဆန်တန်ချိန် ၅၃၆,၈၀၀ တင်ပို့နိုင်ခဲ့သည်။

Read More...

မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော

19 April 2012
စောခါးစူးညား

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုအတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ(၄) အောက်ခြေ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ဧပြီလ၁ရက်နေ့မှစ၍ ငွေကြေးများ နေ့စဉ် ကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။

မြန်မာအစိုးရတပ် ရှေ့တန်း စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးကြည်စိုး ဦးဆောင်သည့် ခမရ(၄၁၀)သည် ထိုဒေသရှိ ၀ါးတောရွာတွင် စစ်တပ်ဂိတ်ဖွင့်ကာ သွားလာနေသူများကို မေးမြန်းစစ်ဆေးခြင်းအပြင် တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၂၀၀နှုန်းဖြင့် ကောက်ခံပြီး ရရှိသည့်ငွေများကို ကေအဲန်ယူတပ်ဖွဲ့ထံ မျှဝေပေးနေကြောင်း ဒေသတွင်း သွားလာနေသည့် ကုန် သည်တစ်ဦးက ပြောသည်။

Read More...

ပြည်သူလူထု၏ ပဲ့တင်သံများကို လွှတ်တော်တွင် တင်ပြသွားမည်ဟု မန်းဂျော်နီ ပြောဆို

19 April 2012
နန်းသူးလေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် မဲဆန္ဒနယ်မှ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီသည် ပြည်သူလူထုနှင့် ယုံကြည်မှု တည်ဆောက်ပြီး ဒေသခံများ လူထုထံမှလာမည့် ပဲ့တင် သံများကို လွှတ်တော်ထဲတွင် အဓိကထား တင်ပြသွားမည်ဟု ဆိုသည်။

“ပြည်သူတွေရဲ့ဆန္ဒ၊ သဘောတွေကနေ တုန့်ပြန်မှုတွေ၊ သူတို့လိုချင်တာ ဘာတွေလဲဆိုတာကို သူတို့ရဲ့ ပဲ့တင်သံကိုပဲ လွှတ်တော်မှာ တင်သွင်းမှာပါ။ အဲဒီအတွက် ယုံယုံကြည်ကြည်နဲ့ ခိုင်းပါ။ ခိုင်းတာကိုလည်း တာဝန်ကျေကျေနဲ့ လုပ်ပေးမယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ဖို့ မြောင်းမြနယ်သားအားလုံးကို ပြောချင်ပါတယ်။”ဟု ပြောသည်။

Read More...

Thursday, April 19, 2012

ဒုက္ခသည်များအား ဒုတိယအကြိမ် လူထုရှင်းလင်းပွဲကေအဲန်ယူပြုလုပ်ပြီးစီး

18 April 2012
စောခါးစူးညား

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူသည် တနိုင်ငံလုံး အပစ်ရပ်ရေးအပါအ၀င် ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာအစိုး ရနှင့် ဒုတိယအကြိမ် သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ဧပြီ ၁၆ရက်နေ့က လူထုရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

လူထုရှင်းလင်းပွဲကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)နေရာတွင် ကျင်းပခဲ့ပြီး မြန်မာအစိုးရ နှင့် သွားရောက်တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ကေအဲန်ယူ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် ၆ဦးက တက်ရောက်လာသည့် မြန် မာပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ လူထု ၃၀၀ကျော်ကို ရှင်းလင်းပြောကြားခဲ့သည်။

Read More...

ပြည်ထောင်စုအဆင့် ဆွေးနွေးရန် ဒေသခံလူထုနှင့် KNPP တွေ့ဆုံဆွေးနွေးမည်

18 April 2012
နန်းသူးလေ

အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်သူလူထု၏ လိုအပ်ချက်များကို ထည့်သွင်းနိုင်ရန် ကရင်နီအမျိုးသား တိုး တက်ရေးပါတီ(KNPP)က ကယားပြည်နယ်ရှိ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

“ပြည်နယ်အဆင့်ပြီးရင် ပြည်ထောင်စုအဆင့် သွားဖို့ရှိတဲ့အတွက်ကြောင့် အဲဒီအဆင့်မသွားခင် လူထုတွေဘက်က ဘာတွေ တောင်းဆို ချင်တာရှိလဲ ဆိုတာကို ကျနော်တို့ သွားရောက်ကြားနာတဲ့အနေနဲ့ သွားတွေ့မှာပါ”ဟု KNPP မှ အတွင်းရေးမှူး ခူးဦးရယ်က ပြောသည်။

Read More...

Monthly News Commentary - April 2012 (Eng)

PDC Monthly News Commentary - April 2012 (Eng)

အပေါ်သို့