Thursday, April 19, 2012

ဝပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု အခမ်းအနား

18 April 2012

ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA ၏ ၀ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု ၂၃ နှစ်ပြည့် အခမ်းအနားကို ယမန့်နေ့ မနက် ပိုင်းတွင် ၀ထိန်းချုပ်ရေး နယ်မြေ မိုင်းပေါက်မြို့ စစ်ရေး ပြကွင်း၌ ကျင်းပ ခဲ့သည်ဟု သိရပါသည်။

အခမ်းအနားကို တပ်မဟာ ၆၄၈ တွင် ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး ၀တပ်ဖွဲ့များ၊ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)ထံမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် အထိမ်းအမှတ် အခမ်းအနားလည်း ဖြစ်ပါသည်။

တပ်မဟာ ၆၄၈ ၏ စစ်သည် ၃၀၀၀ ခန့်သည် UWSA ဥက္ကဋ္ဌ ပေါက်ယူချမ်းကို ချီတက် အလေးပြုခဲ့သည့် အစီစဉ်ဖြစ်ပါသည်။ ဤ အခမ်းအနား နှင့်ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးဌာန ဒုတိယ အကြီးအကဲ ဦစံကွန်းက- RFA ကိုပြောကြားရာ တွင်-

" ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး ကိုယ်စား ဒုတိယ စစ်သေနာ ပတိချုပ် ကျောက်ကျုံးသန်းက အမှာစကား မိန့်ခွန်းပြောပါတယ်။ ကျွန်တော် တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုယ်စားလှယ်က စကားပြောတယ်။ ရပ်ဝေး အထူးဧည့်သည် တော် ကိုယ်စားလှယ် ကိုယ်စား မိုင်းလားက ဒုဥက္ကဋ္ဌက စကားပြောတယ်။ ၁၅ မမ တွေ၊ စက်အမြောက်တွေ၊ မြင်းလား တွေနဲ့ ဒီလက်နက်ငယ်တွေ တင်တဲ့ အခမ်းအနားတွေ၊ ကားပေါ်မှာ စက်အမြောက်တွေ တင်တာတော့ နည်းနည်းပါးပါး တော့ ပြတာပေါ့ဗျာ" လို့ပြောပြပါတယ်။

အခမ်းအနားသို့ မိုင်းပေါက်မြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသား ၁၆ မျိုးကလည်း တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြ အခမ်း အနား၌ ပါဝင်ခဲ့ကြပါသည်။

ဤအခမ်းအနားသို့ တရုတ်ပြည်မှ ကိုယ်စားလှယ်များ၊ ၀ပြည်နယ်အတွင်းက ကိုယ်စားလှယ်များအပြင် မိုင်းလားအဖွဲ့လည်း တက်ရောက် ခဲ့ပါသည်။ သို့သော် အစိုးရဖက်မှ ကိုယ်စားလှယ်များ တက်ရောက်လာခြင်း မရှိဟု ဦးစံကွန်းက ပြောပါသည်။

အစိုးရနှင့် UWSA တို့သည်၊ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်နယ်အဆင့် ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ပြည်ထောင်စုအဆင့် နှင့် ဆက်လက် ဆွေးနွေးရေး အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်း ဆောင် ဦးအောင်သောင်းက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က UWSA ဥက္ကဋ္ဌထံ စာပေးပို့ထား သော်လည်း UWSA ဘက်က ဆွေးနွေး မည့် ရက်ကို အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရပါသည်။

UWSA နှင့် အစိုးရတို့သည်၊ ၁၉၈၉ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ခေတ်တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အထူး သဖြင့် ဗိုလ်ခင်ညွန့်က ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စတင် အပစ်အခတ်ရပ် စဲခဲ့ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့