Friday, April 20, 2012

NLD ၏ တင်ပြချက်ကို အခြေခံ ဥပဒေ ခုံရုံးက ပယ်ချ

20 April 2012

လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုသည့် အခါ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါမည် ဆိုသည့် စကားရပ်နှင့် ကျိန်ဆို ရမည်ဟု သတ်မှတ် ထားသည်ကို NLD အမတ် များက အခြေခံ ဥပဒေကို လေးစား လိုက်နာပါ မည်ဆိုသည့် စကားရပ်နှင့် ပြင်ဆင် ပေးရန် အစိုးရထံ တင်ပြ ထားချက်ကို နေပြည်တော် အခြေခံ ဥပဒေ ခုံရုံးက ယမန်နေ့က ပယ်ချ ခဲ့သည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။

ဤကိစ္စ အတွက် အခြေခံ ဥပဒေ ခုံရုံးသည် တမြန်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြ ခဲ့သည့်အတွက် သိခဲ့ ရသည်ဟု NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ဆိုပါသည်။

"ဆောင်ရွက်နေတာ အဆင်မပြေ သေးဘူးပေါ့လေ။ Interpretation လိုင်းကို တင်ပြတော့ ဒါကို မဆိုင်ဘူး ဆိုတဲ့အကြောင်း သူက ရှင်း ပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံး မ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူး မဟုတ်ဘူး။ ဒီရုံး အနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"


အခု ပြောဆိုချက် သည်လည်း အခြေခံ ဥပဒေ ခုံရုံး၏ သဘောထား တစ်ခုသာ ဖြစ်သေးသည့်အတွက် သမ္မတ အပါအဝင် အစိုးရ တစ်ဖွဲ့ လုံး၏ သဘောထား မဟုတ်သေးကြောင်း၊ ဤသဘော ထားကြောင့် လာမည့် ဧပြီ ၂၃ ရက်နေ့၌ ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးကို NLD ကိုယ် စားလှယ်များ တက်ရောက် နိုင်ခြင်း မရှိသေးပါဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

ဤပြသနာမျိုး နိုင်ငံရေး ပါတီ တည်ထောင်ရေး ကာလ ကလည်း ဖြစ်ခဲ့ဘူးပါသည်။ နိုင်ငံရေး ပါတီ တည်ထောင် လိုသူများ အနေဖြင့် အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါမည်ဟု ကတိပြုရမည့် အစား အခြေခံဥပဒေကို လေး စားလိုက်နာ ပါမည် ဆို သည့် စကားရပ်နှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွင် ပြင်ဆင် ပေးခဲ့သည့်အတွက် NLD အနေနှင့် ပါတီ မှတ်ပုံပြန်တင်ပြီး ရွေး ကောက်ပွဲ ဝင်ခဲ့ခြင်းဖြစ်ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့