Thursday, April 19, 2012

ဖွံ့ဖြိုးမှု အနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

18 April 2012

ကုလ သမဂ္ဂ လူသား ဖွံ့ဖြိုးမှု ဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းတွင် မြန်မာ နိုင်ငံသည် ဖွံ့ဖြိုးမှု အနိမ့်ဆုံး စာရင်းထဲ ၌ ပါရှိနေ ပါသည်။ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှု ဆိုင်ရာ အခြေပြ HDI ၏ ၂၀၁၁ ခုနှစ် ညွှန်းကိန်း ဖော်ပြချက်အရ ကုလသမဂ္ဂသည်၊ လူသားဖွံ့ဖြိုးမှု ဆိုင်ရာ အခြေပြ ညွှန်းကိန်း ပြုစုရာတွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ဖွံ့ဖြိုးမှု များကို လေ့လာ ရာ၌ မြန်မာနိုင်ငံသည် အဆင့် ၁၄၉ တွင် ရှိနေ သည့်အတွက် ဖွံ့ဖြိုးမှုနှုန်း နည်းလွန်းသည့် နိုင်ငံများ စာရင်းဝင် ရှိနေသေးကြောင်း ကုလသမဂ္ဂ အစီရင် ခံစာက ဆိုပါသည်။

HDI ပျမ်းမျှခြင်း ညွှန်းကိန်း တစ်ခု ရရန် အခြေခံ တိုင်းထွာသည့် အချက် ၃ ချက်မှာ-အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်မှု၊ ပညာဗဟု သုတ ရှာဖွေဆည်းပူးနိုင်မှုနှင့် လူနေမှု အဆင့်အတန်း စသည့်အချက်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံထက် အနည်း ငယ်သာနေသော နိုင်ငံများမှာ အိမ်နီးချင်း လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံများ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၈၀ ခုနှစ်တွင် လူတစ်ဦးခြင်းစီ၏ ပျမ်းမျှ အသက်ရှည် နေထိုင်နိုင်မှုသည် ၅၅ နှစ်သာရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် ပျမ်းမျှ ၆၅ နှစ်အထိ ရှိလာခဲ့ပါသည်။

ထို့အပြင် ပညာသင်ကြားမှု နှစ်ကာလသည်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ထက် တဖြည်းဖြည်း သာလာနေပြီး လူနေမှု အဆင့် အတန်းကို တိုင်းထွာသည့် ပျမ်းမျှ ၀င်ငွေ အပိုင်း၌လည်း များလာသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာက ပြဆိုထားပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့