Friday, April 20, 2012

မလေးရှား ဥပဒေနှင့် အိမ်ဖေါ် လုပ်ငန်း တရား စီရင်မှု

19 April 2012

မလေးရှား နိုင်ငံသား အိမ်ရှင် လင်မယားသည် ယင်းတို့၏ အိမ်ဖော် မိန်းခလေးကို သတ်မှုဖြင့် တရား ရုံးတွင် အမှု ရင်ဆိုင် နေရပါသည်။ မှုခင်း ရဲများ၏ ယူဆချက် အရ အသက် - ၂၄ နှစ် အရွယ်ရှိ အိမ်ဖော် မိန်းခလေး Mey Sichen သည် ရက်ပေါင်း များစွာ အစာ ပြတ်လတ် ခြင်းကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ပြောဆို ခဲ့သည်။

ယခုဖြစ်ပွားခဲ့သော လာမည့် စက်တင်ဘာတွင် အသက်- ၂၄ နှစ်ပြည့်မည့် ကမ္ဖောဒီးယား နိုင်ငံသူ Mey Chian ကို မလေးရှား အလုပ်ရှင် (အိမ်ရှင်) မှ သတ်မှုသည်၊ မလေးရှားသို့ ကမ္ဖောဒီးယားနှင့် အင်ဒိုနီးရှားမှ အိမ်ဖော် အလုပ်သမား ပေးပို့ ခြင်းကို ရပ်ဆိုင်း ရသည့် အမှု အကြောင်းအရင်း များစွာထဲမှ တစ်ခုဖြစ်သည်ဟု AFP က ပြောဆိုသည်။

ကုန်မာ ဆိုင်ပိုင်ရှင် Soh Chew Tong (အသက်- ၄၃ နှစ်) နှင့် သူ၏ ဇနီး Chin Chui Ling (အသက်- ၄၀) တို့ သည် ပီနန် (Penang) မြောက်ပိုင်း ခရိုင် တရားရုံးတွင် ယင်းတို့၏ အိမ်ဖော်အား ဇန်န၀ါရီ ၁- ရက် (၂၀၁၂) မှ ဧပြီ ၁- ရက်ကြား ကာလ ရှည်ကြာစွာ အစာဖြတ် ပြီး ညှဉ်းပမ်း နှိပ်စက် သတ်ဖြတ်ခဲ့၍ တရားစွဲ ဆိုခြင်းဖြစ်သည်ဟု အစိုးရရှေ့နေ Nurdeenie Abdul Rashid ကပြောသည်။ ဤအမှုသည် လုပ်ရိုး လုပ်စဉ် အထောက်အထားများ ပြည့်စုံပြီး ဖြစ်သည့် အပြင်၊ ၀န်ခံပြီးပါက ပြစ်မှုဆိုင်ရာ ဥပဒေ-၃၀၂ အရ သေဒဏ် (ကြိုးမိန့်) ကျခံရနိုင် ကြောင်း Nurdeeni (DPP) က ဆက်ပြော ပါသည်။ ယခုအခါ မှုခင်းဆေးဆရာဝန် စစ်ဆေးမှု ရလဒ်ကို စောင့် နေသည်ဟု Nurdeenie (DPP) ကပြောသည်။

အမှုဖြစ်ပွားသည့် နေရာမှာ 2190 Taman Asas Murni, Jalan Bukit Minyak, Bukit Mertajam, Penang ရှိ ကုန်မာဆိုင်ခန်းနှင့် တွဲထားသော ၃-ထပ် အဆောက်အုံတွင်ဖြစ်သည်။ တရားရုံးတွင် တရုတ် စကားပြန်မှ စွဲဆိုထား သော အမှုကို ဘာသာပြန်ပေးရာ လင်မယားနှစ်ဦးလုံး တည်ငြိမ်စွာ ရှိနေပြီး၊ စောဒက တက်ခြင်း မရှိ ကြောင်း၊ အသနားခံခြင်း မရှိကြောင်း The Star (Saturday 14, 2012) က ဆိုသည်။ လူသတ်မှုဖြစ်၍ အာမခံရနိုင်ခြင်း မရှိသည့် အတွက် တရားရုံးပြီး သည်နှင့် ပီနန် အချုပ်ထောင်တွင် ယင်းတို့ကို (၁၃ ဧပြီ ၂၀၁၂ မှစ၍) ချုပ်နှောင် ထားသည်။ ယင်းတို့အတွက် ကိုယ်စားပြုသည့် ရှေ့နေမှာ Michael K.L. Chee ဖြစ်သည်။

နောက်တစ်ကြိမ် တရားရုံးရက်ချိန်းမှာ ဇွန်လ ၇- ရက်နေ့ ၂၀၁၂ ဟု တရားသူကြီး Chang Kian Hong ကသတ် မှတ်ခဲ့သည်။

မတ်လ ၃၁-ရက်နေ့တွင် အိမ်ရှင် လင်မယားက သူတို့၏ အိမ်ဖော် ကျန်းမာရေးမကောင်း ဆိုကာ ကျန်းမာရေး လုပ်သားများကို ခေါ်ခဲ့ သည်။ သူတို့ရောက်ချိန်တွင် Mey Chian မှာ သေဆုံးနေပြီးဖြစ်ပါသည်။ တွေ့ရှိချိန်တွင် သူမသည် ကိုယ်အလေးချိန် ၂၆- ကီလို (၅၇- ပေါင်) သာ ရှိသည်။ သူမကိုယ်အနှံ့ ကုတ်ခြစ်ရာ၊ ဒဏ်ရာများစွာ တွေ့ရသည်။ (ABC News, MSN Malaysia News).

Mey Chian ကို တရားခံ ပိုင်ဆိုင်သော အဆောက်အအုံ အတွင်းရှိ ကုန်ပစ္စည်းများ ထားသော စတိုခန်း (ဒုတိယထပ်) တွင်သေဆုံး သည်ကို တွေ့ခဲ့ရသည်။ (Bernama သတင်းစာ) ရဲဘက်မှပြောသည်မှာ Mey Chian သည် အချိန် ကာလကြာရှည်စွာ အစာ မစားရ သောကြောင့်၊ အစာအိမ်ပြင်း ထန်စွာရောင်ခြင်းနှင့် အစာအိမ်တွင် အနာများဖြစ်၍ သေဆုံးခြင်းဖြစ်နိုင်သည်ဟု ပြောခဲ့သည်။ Mey Chian သည် သူ၏ မိသားစု စားဝတ်နေရေးအတွက် မလေးရှားတွင် အိမ်ဖော် အလုပ်ကိုလုပ်ကိုင်နေခဲ့သည်မှာ ၈-လ မျှသာ ရှိသေးသည်။ (၂၀၁၁- စက်တင်ဘာမှ စ၍)

၂၀၁၁- အောက်တိုဘာတွင် ကမ္ဖောဒီးယားနိုင်ငံသည် မလေးရှားသို့ အိမ်ဖော် အလုပ်သမား ပေးပို့ခြင်းကို ယာယီ ရပ်ဆိုင်းခဲ့သည်။ ဤကဲ့သို့သော အမှုများစွာ ယခင် ကလည်း ဖြစ်ပေါ် ခဲ့၍ ဖြစ်ပါသည်။ ယင်းနောက် အံ့သြစရာ ကောင်းလောက်အောင်၊ မလေးရှား အိမ်ရှင်တို့၏ အိမ်ဖော်တို့ အပေါ် ဆိုးဝါး ရက်စက်မှုများ၊ အလုပ် ၀န်ပိစေမှုများ၊ လိင်အကြမ်း ဖက်မှုနှင့် မုဒိန်းကျင့်မှုများ၊ စသည့် အမှု များစွာ တို့သည် ကမ္ဖောဒီးယား အပါအ၀င် အခြားနိုင်ငံမှ အိမ် ဖော်များကိုလည်းကျူးလွန်ကြကြောင်း ပေါ်ထွက်သိရှိလာခဲ့ရသည်။ မလေးရှားတွင် လုပ်ကိုင်နေသော ကမ္ဖောဒီး ယားနိုင်ငံသူ အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမား ၅၀,၀၀၀ ကျော် ရှိပါသည်။

ထို့သို့ အမှုများစွာ ရှိခဲ့၍ အင်ဒိုနီးရှားနိုင်ငံသည်လည်း မလေးရှားသို့ အိမ်ဖော်အလုပ်သမား ပေးပို့ခြင်းကို ၂၀၀၉ ခု နှစ်တွင် ရပ်ဆိုင်း ခဲ့သည်။ ထိုအချိန်မှ စ၍ မလေးရှားသည် ကမ္ဖောဒီးယားမှ အိမ်ဖော် အလုပ်သမား ပိုမိုတောင်းဆိုခဲ့ သည်။

ယခုအခါ မလေးရှား အစိုးရ ပိုင်းဆိုင်ရာ တို့သည် အင်ဒိုနီးရှား အစိုးရနှင့်လည်း အိမ်ဖော် အလုပ်သမား ပြန်လည် ရရှိ ရေးအတွက် ကြိုး ပမ်းလျက် ရှိကြသည်။ မလေးရှိ အင်ဒိုနီးရှား သံရုံးမှ အရာရှိ တစ်ဦးကပြောသည်မှာ မလေးရှား သည် အိမ်ဖော် အလုပ်သမား များကို ယခင်ကထက် ထိထိရောက်ရောက် အကာအကွယ်ပေးပြီး၊ ပိတ်ရက်များ (တစ်ပတ်- ၁-ရက်)၊ ဥပဒေများ ပြဌာန်းပေးမည်ဟု ဆိုကာ အင်ဒိုနီးရှား အစိုးရကို ကမ်းလှမ်းခဲ့ကြောင်း ပြောကြားသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့