Thursday, April 19, 2012

ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ

18 April 2012

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် မြန်မာ အစိုးရကြား အပစ်အခတ် ရပ်စဲရေး တွေ့ ဆုံဆွေး နွေးခဲ့သည့် အခြေအနေများကို နော်ဝေး အစိုးရအား ရှင်းလင်း တင်ပြရန် မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထား ၀န်ကြီး ဦးအောင်မင်းသည် ဧပြီလ (၁၆) ရက်နေ့တွင် နော်ဝေးနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိခဲ့ သည်ဟု နော်ဝေး နိုင်ငံခြား ရေး ၀န်ကြီး ဌာနမှ ထုတ်ပြန် ခဲ့ပါသည်။

ရထားဝန်ကြီး၏ ဤခရီးစဉ်သည် နော်ဝေး နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းထား ခြင်း၏ အကျိုး သက်ရောက် မှု တစ်ရပ်ဟု ဆိုနိုင်ပါသည်။


နော်ဝေး အစိုးရ အနေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေး ကိစ္စများတွင် ပါဝင်ကူညီလိုသည့် ဆန္ဒရှိကြောင်း နော်ဝေး နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ပြောပါသည်။

နော်ဝေးသည် မြန်မာ အစိုးရအပေါ် ဗီဇာ ပိတ်ပင်ထားခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုပိတ်ပင် ထားမှုများကို ရုတ်သိမ်းကြောင်း ပြီးခဲ့ သည့် တနင်္ဂနွေနေ့၌ ထုတ်ပြန် ကြေညာခဲ့ပါသည်။ သို့သော်လည်း လက်နက်ရောင်းချရေး၊ ကျောက်မျက်၊ သတ္ထု၊ သစ်စ သည့် ကုန်သွယ်မှု ကဏ္ဍများကိုမူ နော်ဝေးနိုင်ငံက ဆက်လက်ပိတ်ပင် ထားမည်ဖြစ်သည်။

ဥရောပသမဂ္ဂ အီးယူသည်လည်း လာမည့်ဧပြီလ (၂၃) ရက်နေ့၌ မြန်မာ့ အရေး ဆိုင်ရာ မူဝါဒများနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေး မည်ဖြစ်ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့