Thursday, April 19, 2012

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖင်လန် နိုင်ငံကူညီ

18 April 2012

မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဖင်လန် နိုင်ငံ က ကူညီဆောင်ရွက် သွားမည်ဟု ဖင်လန် လွှတ်တော် အမတ် Mr. Kimmo Kiljunen က ဆိုပါသည်။

လွှတ်တော် အမတ် Mr. Kimmo Kiljunen သည်၊ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဖင်လန် နိုင်ငံခြားရေး ဝန်ကြီး၏ ဒေသ တွင်း ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့ ခေါင်းဆောင် အနေဖြင့် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရ အပါဝင် ထိုင်း-မြန်မာ နယ်စပ်ကို သွားရောက်ပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် လည်းတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

လွှတ်တော် အမတ် Mr. Kimmo Kiljunen ၏ ခရီးစဉ် ရည်ရွယ်ချက်မှာ လာမည့်ဇွန်လ ပထမပတ်အတွင်းရန်ကုန်မြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးပွဲ တခု ကျင်းပနိုင်ရန် ဖြစ်သည်ဟု ဖင်လန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထား ပါသည်။

ထိုဆွေးနွေးပွဲသို့ မြန်မာ အစိုးရ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကျွမ်းကျင်သူများ၊ ငြိမ်းချမ်းရေး သုတေသန လုပ်ဆောင်နေသော သူများကိုလည်း ဖိတ်ကြား မည်ဟု ဖင်လန် နိုင်ငံဖက်က ပြောပါသည်။

အစိုးရသည်၊ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ဖွဲ့ပြီး နိုင်ငံတွင်းဖြစ်ပေါ်နေသော တိုင်းရင်းသား လက်နက် ကိုင်တော် လှန် ရေးများကို ထာဝစဉ်နိုင်ချမ်းရေး ရရှိရန် ဆောင်ရွက်သွားမည်ဟု အဖွဲ့ခေါင်းဆောင်များက တိုင်းရင်းသား အ ဖွဲ့များကို တွေ့တိုင်း ကတိပြုနေခဲ့ပါသည်။ သို့သော် တပြည်လုံး အပစ်အခတ် ရပ်စဲမည်ဟူသော ကြေညာချက်ကို ထုတ်ပြန် ပေးရန် တိုင်းရင်းသား များ၏ တောင်းဆိုချက် ကိုမူ ယနေ့အထိ မလိုက်လျှောခဲ့ပေ။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့