Friday, April 20, 2012

တရုတ် ကြေးနီ ကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ

20 April 2012

မုံရွာ ခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ဆည်တဲ ကျေးရွာသား များသည် ကြေးနီ စီမံကိန်း လုပ်ဆောင်နေသော တရုတ် ကုမ္ပဏီကို တမြန်နေ့ (ဧပြီလ ၁၇) ရက်နေ့က ရွာလုံးကျွတ် ဆန္ဒပြပွဲပြုလုပ်ခဲ့သည်ဟု မုံရွာမှ လာသော သတင်းက ဆိုပါသည်။

ဤကုမ္ပဏီသည် လယ်ယာမြေများပေါ်သို့ စီမံကိန်း ဘေးထွက်ပစ္စည်းများ လာရောက် စွန့်ပစ်ခဲ့ကြသည့်အတွက် ဒေသခံ တောင်သူများ က တားဆီးရာမှ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပါသည်။

ရွာသားများသည်၊ စွန့်ပစ် ပစ္စည်းများ လာရောက် စုပုံခဲ့သည့် တရုတ် ကုမ္ပဏီ ကားနှင့် ၀န်ထမ်းကိုလည်း ဘုန်းကြီးကျောင်း ထဲကို ခေါ်ယူ လာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြပါသည်။


ယခုကဲ့သို့ ဆန္ဒပြ ကန့်ကွက်နေကြစဉ်မှာပင် ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပစ်ခတ် လူစုခွဲ ရလိမ့် မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်သည်ဟု သတင်းကဆိုပါသည်။

အလားတူ ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တောနှင့် ရွာသာရွာက တောင်သူ များ၏ စိုက် ပျိုးခင်းပေါ်သို့ မြန်မာယမ်စီ ကုမ္ပဏီက ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့သည့် အတွက် သီးနှံ များ ပျက်စီး ခဲ့မှုကြောင့် ဒေသခံတောင်သူ (၈၀) ခန့်သည် ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော် သမ္မတထံ ကိုလည်း စာရေးသား တိုင်ကြားခဲ့ကြပါသည်။

တရုတ် အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီဟာ မြန်မာ့ စီးပွားရေး ဦးပိုင် လိမိတက်နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ် လုပ်ကိုင် နေခြင်း ဖြစ်ပါသည်။ ဆည်တဲရွာသည် တရုတ် ကုမ္ပဏီ တစ်ခု၏ ဦးဆောင် လုပ်ကိုင်နေသည့် စီမံကိန်း နယ်မြေထဲ၌ ပါဝင်နေ ပြီး သက်ဆိုင်ရာမှ ဖိအားပေး ပြောင်းရွေ့ပေးရန် တောင်းဆို ခံထားရသည့် ရွာလည်း ဖြစ်ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့