Saturday, June 12, 2010

တပ်ရင်းတစ်ခုလုံး နုတ်ထွက်ဖို့ ကြိုးပမ်းမှုကြီး

June 11, 2010

ကရင်ပြည်နယ် နတ်ကြီး ကျေးရွာမှာ အခြေစိုက်တဲ့ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (၃) မှာ တပ်ရင်းတစ်ခုလုံး နုတ်ထွက်ဖို့ ကြိုးပမ်းမှု ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ ဘီးလင်းမြို့ခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီတပ်ဟာ မော်လမြိုင် ရန်ကုန် ကားလမ်းနံဘေးက ဘီးလင်းမြို့အနားမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

တပ်တွင်းမှာ အောက်ခြေက တပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အထက်က အမိန့်ပေးခိုင်းစေတာတွေကို မကျေနပ်ကြတဲ့ အတွက် တပ်ရင်းမှုးကအစ အောက်ခြေ တပ်သားတွေ အဆုံး နှုတ်ထွက်ဖို့ ပြင်ဆင်ကြတာကို တပ်မမှုး သိသွားလို့ ထိမ်းချုပ် ထားလိုက်တဲ့ အကြောင်းလည်း ဘီးလင်းမြို့ခံက ဘီဘီစီကို ပြောပါတယ်။

အခုတော့ တပ်ရင်းမှုး အပြောင်းအလဲ လုပ်လိုက်ပြီး ပထမ တပ်ရင်းမှုးအပါအဝင် ဂျီတူး နဲ့ ဂျီသရီး တွေ အပြင် အခြား တာဝန် ရှိသူတွေကိုလည်း ထုခြေလွှာတောင်းပြီး စစ်ဆေးမှု ပြုလုပ် နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်အတွင်းမှာ အခုလို တပ်တွင်းမှာ အကျေမနပ် ဖြစ်မှုတွေအကြောင်း မကြာခဏ ကြားရလေ့ ရှိပေမဲ့ မြန်မာ အစိုးရဘက်က တရားဝင် သတင်းထုတ်ပြန်လေ့ မရှိလို့ အတည်ပြုချက် ရယူဖို့ခက်ပါတယ်။

ဒီနှစ်ဆန်းပိုင်းတုန်းကလည်း မြန်မာစစ်တပ်ထဲမှာ စားဝတ်နေရေး မပြေလည်တဲ့ အတွက် အင်းမက တပ်မ (၆၆) နဲ့ တပ်မ (၇၇) တို့မှာ တပ်တွင်း အမိန့် မနာခံမှုတွေ ဖြစ်ခဲ့ပါတယ်။

Ref: BBC News

နေ့စဉ်သတင်းများ ( ၁၁ - ၀၆ - ၁၀ )

ဘီးလင်းအခြေစိုက် ခမရ (၃) မှာ တပ်ရင်းလိုက် ထွက်စာတင် သတင်း
တပ်ရင်းတခုလုံး နှုတ်ထွက်ဖို့ ကြိုးပမ်းမှုကြီး သတင်း
မြန်မာနျူကလီယားကိစ္စ ဒေသတခုလုံး တည်ငြိမ်ရေးပါ ထိခိုက်နိုင် သတင်း
နျူကလီယားလက်နက် ထုတ်လုပ်လျှင် ဒေသတွင်း ကြီးမားသည့် အန္တရာယ်ဖြစ်နိုင် သတင်း
နျူကလီးယားလက်နက် စွပ်စွဲချက် မြန်မာအစိုးရ ငြင်းဆို သတင်း
ပါတီစုစည်းမှုမပျက်သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ယူ သတင်း
လူငယ်တွေကို ၀ိုင်းဝန်းပျိုးထောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား သတင်း
အမေရိကန်ကိုယ်စားလှယ် ဂျင်ဝက်၏ ရပ်တည်ချက် ဦးဝင်းတင် ဝေဖန် သတင်း
မြန်မာ့အရေး ဆွေးနွေးရန် ကုလအထူးသံတမန် တရုတ်ပြည် ရောက်ရှိ သတင်း
ကုလအထူးအကြံပေး အာရှခရီးစဉ်အပြန် အစီရင်ခံမည် သတင်း
မြန်မာ့အရေးကို အိုင်အယ်လ်အိုက ဆုံးဖြတ်ချက်ချ သတင်း
ဗကသခေါင်းဆောင် ကျော်ကိုကိုအား တောင်ကြီးထောင်သို့ ပြန်ပို့ သတင်း
ဦးအေးမြင့်က ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး (မော်လမြိုင်) အကြောင်း ထုတ်ဖော် ပြောဆို သတင်း
မဲမပေးဘဲနေဖို့ လူထုမှာ အခွင့်အရေးရှိ သတင်း
မန္တလေးမြို့မှာ နိုင်ငံရေးပါတီအချို့ ခွပ်ဒေါင်းအလံ လွှင့်ထူပြီး စည်းရုံး သတင်း
ပြည်ခိုင်ဖြိုးအသင်းဝင်နှင့် အစိုးရ၀န်ထမ်းများကို ရွေးကောက်ပွဲဆိုင်ရာသင်တန်း ပို့ချ သတင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒုက္ခသည်စခန်းကို လေ့လာ သတင်း
မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသားစိစစ်ရေးဌာန ဖွင့်လှစ် သတင်း
ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် နယ်စပ်ကျွဲများ ဓားစာခံဖြစ်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပညာသင်စရိတ် ပေးဦးမည် သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး မွန်ပြည်သစ်နှင့် စစ်အစိုးရတို့ ထပ်မံတွေ့ဆုံမည် သတင်း
ဘူးသီးတောင်တွင် ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်ခဲ့သော စစ်ရေယာဉ်တစီးကို ရေကြောင်းရှင်းလင်းရေး အဖွဲ့မှ ဖော်ယူနေ သတင်း
ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသူကို အရေးမယူသဖြင့် မြို့ခံများ မကျေနပ် သတင်း
တရားမ၀င် ဘင်္ဂလားဒေခ်ျ့ လက်ကိုင်ဖုံး ဌားရမ်းသူ နစက ဗိုလ်ကြီးအား ဘူးသီးတောင်ဗျူဟာမှ ခေါ်ယူစစ်ဆေး သတင်း
ဦးအေးလွင်တို့အဖွဲ့ ရန်ကုန်တိုင်းရုံးဖွင့်ပွဲနဲ့ ဆက်စပ်ဖြစ်ရပ်တချို့ သတင်း
ကာဂစ္စတန် လူမျိုးရေးပဋိပက္ခ သေဆုံးဦးရေ တိုး သတင်း
ညမထွက်ရအမိန့် ချိုဖောက်လို့ ဘန်ကောက်မှာ တနင်္ဂနွေညက (၃၆) ယောက် ဖမ်း သတင်း
သမိုင်းရိုင်းကို ပိုင်းပိုင်းချိုးဖျက်နိုင်သူများ (ဆောင်းပါး)
မပြတ်သေးတဲ့ သံယောဇဉ် (ဆောင်းပါး)
တချိန်တုန်းက ကဌေး ရုပ်ရှင်ရုံ (ဆောင်းပါး)
မျက်ဝန်းများနှင့် နားလည်မိခြင်း (ဆောင်းပါး)

Friday, June 11, 2010

ဟီလာရီ ကလင်တန်သို့ မစ္စတာ ဂျင်မ်ဝဘ်၏ အိတ်ဖွင့်ပေးစာ

သောမတ်စ်မောင်ရွှေ
ကြာသပတေးနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝဘ်သည် လွန်ခဲ့သည့် ရက်သတ္တပတ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့ပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဆုံဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယား နိုင်ငံမှ လက်နက်များအား သဘောင်္ဖြင့် ပေးပို့စေခဲ့သည် ဟူသော စွပ်စွဲချက်များအား အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အတွင်းရေးမှူးက စစ်ဆေးဆောင်ရွက်ရန် တောင်းဆိုသည့် အိတ်ဖွင့် ပေးစာတစောင်ကို အမေရိကန် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သို့ ပေးပို့ခဲ့သည်။

ဝါရင့် ဥပဒေပြု အမတ်တဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကာ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု လိုလားသူ မစ္စတာ ဂျင်မ်ဝဘ်က ပြီးခဲ့သည့်လက ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ မြန်မာ စစ်အစိုးရ အပေါ် စွပ်စွဲချက်များသည် စစ်အစိုးရနှင့် ဆက်လက် စေ့စပ်ဆွေးနွေးရန် နောက်တွန့်စေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝဘ်က သူနှင့် သူ၏ အဖွဲ့သည် ဒေါက်တာ ကာ့တ်ကမ်းဘဲလ်၏ စစ်အစိုးရအပေါ် စွပ်စွဲချက်နှင့် ပတ်သက်၍ အမေရိကန် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေး၍ ရှင်းလင်းမှုများ ပြုလုပ်ရန် တောင်းဆို ခဲ့သော်လည်း အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်း မရှိခဲ့ဟု သူ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားခဲ့သည်။

Read More...

ဂျင်မ်ဝက်ဘ်၏ ပြောဆိုမှုများသည် တကောင်ကြွက်အသံဖြစ်ဟု ဦးဝင်းတင် ပြောကြား

NEJ / ၁၀ ဇွန် ၂၀၁၀

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားမှုများသည် အမေရိကန်ရှိ နိုင်ငံရေး ပင်မရေစီးကြောင်းနှင့် တလွဲစီ ဖြစ်နေသည်ဟု အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောဆို လိုက်သည်။

၎င်းက “သူ့ရဲ အထွေထွေ နိုင်ငံရေး အယူအဆ က အမေရိကန်မှာရှိတဲ့ နိုင်ငံရေး ပင်မ ရေစီးကြောင်းနဲ့ တလွဲစီ ဖြစ်နေတယ်လို့ ကျနော်တော့ ထင်တယ်။ ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ဒါတွေကို ထောက်ခံမယ်။ တိုင်းရင်းသား လူမျိုးစုများရဲ့ ဒီမိုကရေစီရေး တောင်းဆိုချက်တွေကို ထောက်ခံမယ်၊ နောက်ပြည်ပမှာရှိတဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေရဲ့ လုပ်ငန်း လှုပ်ရှားမှုများကို အားပေးမယ်၊ ထောက်ခံမယ်ဆိုတဲ့ အမေရိကန်ရဲ့ နိုင်ငံရေး ပင်မ ရေစီးကြောင်းမှာ သူရဲ့ နိုင်ငံရေး အယူအဆ အများစုက အမြဲတမ်း ကွဲလွဲတဲ့ ဟာတွေပဲ ထွက်လာနေတယ်။ ဒါကြောင့် သူ့အသံတွေက အမေရိကန်ရဲ့ နိုင်ငံရေး ပင်မ ရေစီးကြောင်း တခုလုံးရဲ့ အသံတွေ မဟုတ်ဘူး။ သီးခြားကွဲလွဲတဲ့ တကောင်ကြွက်အသံတွေ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

Read More...

နေ့စဉ်သတင်းများ ( ၁၀ - ၀၆ - ၁၀)

ဂျင်မ်ဝက်ဘ်၏ ပြောဆိုမှုများသည် တကောင်ကြွက်အသံဖြစ်ဟု ဦးဝင်းတင် ပြောကြား သတင်း
မြန်မာပြည်ကို အမေရိကန်အထူးကိုယ်စားလှယ် စေလွှတ်ရန် ဂျင်မ်ဝက်ဘ် တောင်းဆို သတင်း
၂၀၁၀ ရွေးကောက်ပွဲကို (၁၀) လပိုင်း (၁၀) ရက်နေ့တွင် ကျင်းပမယ်လို့ ဂျင်မ်ဝက်ဘ် ပြော သတင်း
နျူကလီးယားစီမံကိန်း ပေါက်ကြားပြီးနောက် လုံခြုံရေးတိုးမြှင့် သတင်း
ကျောက်မဲက အင်တာနက်ဆိုင်နှင့် ဗိုလ်မှူး စိုင်းသိန်းဝင်းမိသားစု ချုပ်ချယ်ကန့်သတ်ခံရ သတင်း
နျူကလီးယားထုတ်သော်လည်း ကုလက မြန်မာကို ကူညီပေးရန် ပြင်ဆင် သတင်း
ကုလစုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် နီးစပ်လာ သတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သစ်ပင် (၂) သောင်းကျော် စိုက်မည် သတင်း
အမေရိကန်ဝန်ကြီးနှင့် မြန်မာ့အရေးလှုပ်ရှားသူများ တွေ့မည် သတင်း
အနားယူခဲ့သော မွန်ပြည်သစ်ဗဟိုကော်မတီအချို့ ရွေးကောက်ပွဲဝင်ရန် စီစဉ် သတင်း
သာသနာရေးဝန်ထမ်းများ အလုပ်မထွက်ရန် ၀န်ခံလက်မှတ်ထိုးရ သတင်း
ကော့သောင်းရှိ ယာယီပတ်စပို့ရုံးကို ရနောင်းမြို့သို့ ပြောင်းရွေ့ရန်ရှိ သတင်း
ယာယီနိုင်ငံကူးလက်မှတ်ရုံး ဖွင့်လှစ်ရေး ထိုင်းနှင့် မြန်မာဆွေးနွေး သတင်း
တက္ကစီမောင်းသူတဦး ဓားဒဏ်ရာများဖြင့် သေဆုံး သတင်း
အမိုးနီးယားဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ် သတင်း
အလုပ်ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ သတင်း
ခိုးကူးခွေ စီမံချက်ကြောင့် မူရင်းခွေ ရောင်းအားတက် သတင်း
ရွှေဈေး ထိုးတက် သတင်း
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ စတင်ရောင်းချ သတင်း
ဧရာဝတီမြစ်အတွင်း ငါးဖမ်းခွင့် တားမြစ်ထား သတင်း
ရာဘာဈေးကောင်းလာသော်လည်း ခြံရှင်များ တွက်ခြေမကိုက်ဖြစ်နေဆဲ သတင်း
(၅) သိန်းတန် လယ်တဧကို (၁၂) ကျပ်ပေးပြီး လယ်သမားများကို အတင်းလက်မှတ်ရေးထိုးခိုင်း သတင်း
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်က မင်္ဂလာဆောင်မည့်ဆဲဆဲ မိဘများ မီးထဲပါသွားသူ သတိုးသမီး (၃) ဦးကို မင်္ဂ လာဆောင်ပေး သတင်း
ကမ္ဘာ့ဖလားနောက်ကွယ်မှ အကျည်းတန် အမှန်တရား သတင်း
နို့ညှစ်မှားသူများ (ဆောင်းပါး)
ကျနော်တို့ခေတ်မှာ ပြူစောထီး၊ ဒီခေတ်မှာ စွမ်းအားရှင် (ဆောင်းပါး)
တိုင်းရင်းသားလူမျိုးများ သတိပြုရန် (ဆောင်းပါး)

Thursday, June 10, 2010

နှစ်ပေါင်းနှစ်ထောင်ကျော် စစ်ဖြစ်နေသော ဒေသ

ဖိုးသံချောင်း
Wednesday, June 09, 2010

မကြာသေးမီက ပါလက်စတိုင်းတို့၏ ဂါဇာဒေသတွင် လူပေါင်း ထောင်နှင့်ချီ၍ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဆက်လက် သတ်ဖြတ်ဆဲလည်း ဖြစ်သည်။ ဆေးရုံတွေ၊ ကျောင်းတွေ ဗုံးကြဲခံနေရသည်။ သာမန်အရပ်သား လူနေရပ် ကွက်များအပေါ်သို့ ပိတ်ပင် ထားသော အင်မတန် လူမဆန် သည့် ဖော့စ်ဖရပ်စ် ဗုံးများလည်း ကြဲချသည်။ လူ့အခွင့်အရေး အော်သံများ ကြားရသည်မှာ နည်းလှ ချေကလား။ လူ့အခွင့်အ ရေးဆိုရာတွင် ပါလက်စတိုင်းများ၏ အခွင့်အရေးများ မပါဝင် လေရော့သလား။

အစ္စရေးလ်ကျူးလွန်သမျှကို အနောက်တိုင်း မီဒီယာအများ အပြားက ဘာကြောင့် နှုတ်ပိတ်နေကြသလဲ ဆိုခြင်းမှာ စိတ်ဝင် စားစရာ ကောင်းသည်။ စောကြော သင့်ပါသည်။ ဘယ်လိုအ ကြောင်းတွေကြောင့် အစ္စရေးလ် နိုင်ငံဟာ ဒါလောက် “ကင်းလွတ်ခွင့်” တွေ ရနေကြသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါသည်။ ပြန်စဉ်းစား လိုက်တော့ စစ်အေးခေတ် ကာလတုန်းကလည်း အစ္စရေးလ်တို့ ထင်ရာစိုင်းခွင့် ရခဲ့သည် မဟုတ်ပါလော။

အစ္စရေးလ် သတင်းဌာနများ၏ အဆိုအရဆိုရင် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော တိုက်ခိုက်မှုကို အစ္စရေးလ် အစိုးရက ခြောက်လကျော် တင်ကြိုပြီး စေ့စေ့စပ်စပ် ပြင်ဆင်ခဲ့သည်။ ပြင်ဆင်တာမှ စစ်ရေးနဲ့ မီဒီယာ ဝါဒဖြန့်ချိရေး ဆိုပြီး တိတိပပပြင် ဆင်ခဲ့ပါသည်။ ထို့ပြင် သူတို့သည် ၂ဝဝ၆ ခုနှစ် လီဘာနွန်နိုင်ငံကို ကျူးကျော် ဝင်ရောက် တိုက်ခိုက်စဉ်က အတွေ့အကြုံနှင့် သင်ခန်းစာများကို အသေအချာ သုံးသပ် နိဂုံးချုပ်ခဲ့ပါသည်။ သူတို့ အမြင်တွင် လီဘာနွန်တုန်းက သူတို့ဖက်က ပြင်ဆင်မှု ညံ့ဖျင်းခဲ့သည်၊ ဝါဒဖြန့် ချိမှုလည်း မလုံလောက်ခဲ့။ ထို့ကြောင့် ယခုအကြိမ် စတင် တိုက်စစ်ဆင်ရာတွင် ရွေးချယ်သည့် နေရာနှင့် အချိန်ကိုပဲ ကြည့်ပါ။ ဂါဇာမြို့၏ လူအထူထပ်ဆုံး နေရာမှာမှ ကျောင်းလွှတ်ချိန်၊ လမ်းပေါ်တွင် ကလေးတွေ ပုရွက်ဆိတ် လေးတွေလို အုံလိုက် ကျင်းလိုက် ရှိနေချိန်၊ လူ ၂၂၅ ယောက်သေပြီး ၇ဝဝ ကျော် ဒဏ်ရာရစေရန် မိနစ်အနည်းငယ်သာ အသုံးပြုလိုက်ရသည်။

Read More...

နေ့စဉ်သတင်းများ ( ၉ - ၀၆ - ၁၀ )

ALP တွင် လက်နက်ချသွားသူ စစ်သား (၆) ဦးကို ရှင်းပစ်ရန် ထောက်လှမ်းရေးများကို ဘင်္ဂလာဒေခ်ျ့သို့ စေ လွှတ်ထား သတင်း
မဲဆောက်မှ ပြန်သွားသည့် သံဃာတော်တပါး အဖမ်းခံရ သတင်း
ဘိန်းတိုက်ဖျက်ရေး (၁၅) နှစ်စီမံကိန်း နအဖ အကောင်အထည်မဖော်နိုင်သေး သတင်း
ကရင်အပစ်ရပ်အဖွဲ့များအား နအဖ ခေါ်ယူသတိပေး သတင်း
မြန်မာပြည် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေး ILO ဆွေးနွေးမည် သတင်း
လူကုန်ကူးသူများကို ထိုင်းမှုခင်းရဲများမှ လိုက်လံဖမ်းဆီး သတင်း
ရယက ဥက္ကဟောင်း (၁) ဦးနှင့် အမျိုးသမီး (၈) ဦးကို ပြည်တန်ဆာအမှုဖြင့် ထောင်ဒဏ်စီရင် သတင်း
ကရင်နီ ကျောင်းသားလူငယ်တဦး မိုးကြိုးပစ်ဒဏ်ကြောင့် သေဆုံး သတင်း
အစိမ်းရောင် နိုင်ငံသားစိစစ်ရေးကတ်ကို လက်ခံရန် ငြင်းဆန်ကန့်ကွက်ရာမှ အစ္စလာမ်ဘာသာဝင် (၃) ဦး ဖမ်းဆီးခံရ သတင်း
နမ့်ခမ်းတွင် သျှမ်းပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ သတင်း
တစညနှင့် ကြံ့ဖွံ့ ကချင်ပြည်နယ်တွင် အမတ်လောင်းရှာ သတင်း
ကမ္ဘာ့ဖလား တိုက်ရိုက်လွှင့်သောကြောင့် စလောင်းရောင်းအား ကျဆင်း သတင်း
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်ရန် မြန်မာများ စိတ်လှုပ်ရှားနေကြ သတင်း
ထိုင်းနှင့် မြန်မာကျောင်းသားများ ပူးပေါင်း သစ်ပင်စိုက်ပျိုး သတင်း
၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသားပြဿနာ (သို့) ‘ကောင်းမှု’၊ ‘မကောင်းမှု’ ၏ အလယ် (ဆောင်းပါး)
နှစ်ပေါင်း (၂၀၀၀) ကျော် စစ်ဖြစ်နေသော ဒေသ (ဆောင်းပါး)
ရွှေအိုးရှိမှ ပညာရ (ဆောင်းပါး)

Wednesday, June 9, 2010

ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိသားစုဝင်များ စစ်ဆေးခံရ

သန်းထိုက်ဦး
Tuesday, June 08, 2010

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းအား ဖော်ထုတ် လိုက်သော ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိသားစုဝင်များကို အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဖေဖော်ဝါရီလက ပြည်ပသို့ တိမ်းရှောင် လာပြီး စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းနှင့် ဥမင် လိုဏ်ခေါင်း များကို ပြည်ပ မီဒီယာ ဖြစ်သော ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) နှင့် အယ်လ်ဂျာဇီးယား သတင်းဌာနများမှ တဆင့် ပြီးခဲ့သော တပတ်က ထုတ်လွှင့်ခဲ့သည်။

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် နေထိုင်သော ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိဘနှင့် ညီအစ်ကို မောင်နှမများကို ရဲနှင့် စစ်ဖက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့က ၎င်းတို့၏ နေအိမ်သို့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ နျူကလီးယား စီးမံကိန်း လျှို့ဝှက် ပေါက်ကြားမှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ တပ်မှူး တချို့ကိုလည်း အစိုးရ အာဏာပိုင်များက ယခု ရက်ပိုင်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Read More...

နေ့စဉ်သတင်းများ (၈ - ၀၆ - ၁၀)

မြန်မာနိုင်ငံ၌ နျူကလီးယားလက်နက် မလိုအပ်ဟု NLD ပြော သတင်း
မြန်မာ ‘နျူ’ သတင်း IAEA စိစစ်နေ သတင်း
မြန်မာနျူကလီးယားဆိုင်ရာ အထောက်အထား IAEA စိစစ် သတင်း
မြန်မာနျူကလီးယားအရေး စုံစမ်းပေးဖို့ အမေရိကန်အမတ် တောင်းဆို သတင်း
ဂျင်မ်ဝက်ဘ် သဘောထားမပြောင်း သတင်း
နျူကလီးယား သတင်းပေါက်ကြားမှု စစ်အစိုးရ စုံစမ်းစစ်ဆေး သတင်း
ဗိုလ်မှူးစိုင်းသိန်းဝင်း၏ မိသားစုဝင်များကို စစ်ဘက်အာဏာပိုင်များ ခေါ်ယူမေးမြန်း သတင်း
မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ အမေရိကန်အစိုးရက သတင်းထုတ်ပြန် သတင်း
အန်အယ်လ်ဒီ ရှေ့လုပ်ငန်းစဉ်များအတွက် ရန်ကုန်တိုင်းကို အမာခံထားမည် သတင်း
မြ၀တီမြို့မှာ ဗုံးပေါက်ကွဲပြန် သတင်း
မြန်မာ့စီးပွားရေး အလားအလာမကောင်းနိုင်ကြောင်း ပညာရှင် သတိပေး သတင်း
ကမ္ဘာ့ ငြိမ်းချမ်းတဲ့နိုင်ငံများ အညွှန်းကိန်းမှာ မြန်မာ အဆင့် (၁၃၂) သတင်း
မောင်တောမြို့နယ်တွင် ရယကဥက္ကဌတဦးမှ ယူအန်မှ ကျောင်းဆရာမတဦးကို မုဒိမ်းကျင့် သတင်း
ခန္ဓာကိုယ်တွင်း ဟီးရိုးအင်းဝှက်၍ တရုတ်ပြည်ဝင်သည့် အမျိုးသမီးများ မိုင်းလားတပ်ဖွဲ့ ဖမ်းမိ သတင်း
ဝ နယ်အတွင်း ကျွံဝင်ထောက်လှမ်းသည့် နအဖပုလိပ် အဖမ်းခံရ သတင်း
အဓမ္မ စစ်ထဲသွင်းခံရသူ မောင်သန်းနိုင်ထွန်း ပျောက်ဆုံးနေ သတင်း
ကေအဲန်ယူနှင့် မဆက်သွယ်ရန် ရွာသားများ အမိန့်ထုတ်ခံရ သတင်း
မြန်မာ့အရေးလှုပ်ရှားသူရှေ့နေ လူ့အခွင့်အရေးဆုရ သတင်း
မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံဆု (၂) ဆု ချီးမြှင့် သတင်း
စီးပွားရေးလုပ်ပိုင်ခွင့် စည်းမျဉ်းသစ် စစ်အစိုးရ ထုတ်ပြန် သတင်း
မြန်မာ့မီဒီယာနဲ့ ၂၀၁၀ ရွေးကောက်ပွဲ သတင်း
NDF ပါတီ၏ ဖွဲ့စည်းပုံမူဝါဒ ဆွေးနွေးရန် အစည်းအဝေး ပြုလုပ်မည် သတင်း
နိုင်ငံရေးပါတီများတွင် စာပေအနုပညာရှင်များလည်း ပါဝင် သတင်း
နိုင်ငံရေးပါတီများ ဝက်ဘ်ဆိုက်တင်လာကြ သတင်း
ကြံ့ခိုင်ရေးနှင့် တစည စည်းခြားကြမည်လော သတင်း
အောင်လံမြို့အနီး ကျေးရွာများ သောက်သုံးရေ ပြတ်လပ် သတင်း
စက်ရေတွင်းတူးရာ၌ ရေချိုမထွက်ဘဲ ရေငန်များသာထွက်နေ၍ အခက်ကြုံနေရ သတင်း
ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့ စက်ရေတွင်း၊ လက်ရေတွင်းများ တူးဖော်ပေး သတင်း
ငွေထုတ်စက်သဖွယ် ငွေညှစ်ခံနေရသည့် ရွှေ့ပြောင်းအလုပ်သမားများ သတင်း
စီးကရက်ကုမ္ပဏီများက အမျိုးသမီးများကို ပစ်မှတ်ထားလာ သတင်း
မင်္ဂလာဈေး ဆေးရောင်းပွဲတော် ပြုလုပ် သတင်း
တခါသုံးဖုန်းကတ်များ ရောင်းအား ထက်ဝက်ခန့် ကျဆင်း သတင်း
တောင်ဥက္ကလာပ နေအိမ်တလုံး မီးလောင်၊ တဦး သေဆုံး သတင်း
အီရန်အပေါ် ကုလ ဒဏ်ခတ်မှုသစ် အပြင်းထန်ဆုံး ဖြစ်နိုင် သတင်း
ဗမာ ဝတ္ထုတိုများ (ဆောင်းပါး)

Tuesday, June 8, 2010

မြန်မာနျူကလီးယားအရေး IAEA စုံစမ်းမည်

ဒေါ်ခင်မျိုးသက်
တနင်္လာ, 07 ဇွန် 2010

နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရက ဦးတည် ကြိုးစားနေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက အချက်အလက်တွေကို လေ့လာ သုံးသပ်နေပြီလို့ IAEA ညွှန်ကြားရေးမှူးချုပ် ယုကိယ အာမန်နို (Yukiya Amano) က တနင်္လာနေ့မှာ ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် နျူကလီးယား သုတေသနလုပ်ဖို့ လိုအပ်တယ်လို့ IAEA ကို မြန်မာ စစ်အစိုးရက အရင်တုန်းက အကြောင်းကြားခဲ့ပြီး ဖြစ်ပေမဲ့ အခုလိုမျိုး လက်နက်ထုတ်မယ့် အဆင့်အထိ ရောက်အောင် ကြိုးစားမှု ရှိမရှိကိုတော့ IAEA က သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့်သူတွေက သုံးသပ် ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

သြစတြီးယားနိုင်ငံ ဗီယင်နာက IAEA ဘုတ်အဖွဲ့ဝင် နိုင်ငံ ၃၅ နိုင်ငံရဲ့ အစည်းအဝေး ပထမနေ့ သတင်းစာ ရှင်းလင်းပွဲမှာ IAEA အကြီးအကဲ ယုကိယ အာမန်နိုက မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အထိ ရည်ရွယ်ပြီး လုပ်ဆောင် နေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရရှိတဲ့ အချက်အလက်တွေကို သုံးသပ်နေပြီလို့ ပြောပါတယ်။

“သတင်းမီဒီယာတွေထဲမှာ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ တွေ့ခဲ့ ရတာမို့ ဒီသတင်း အချက် အလက်တွေကို စစ်ဆေး သုံးသပ်နေပါပြီ။ တကယ်လို့ လိုအပ်ရင်တော့ မြန်မာ အစိုးရဆီက ရှင်းလင်းချက်တွေကို တောင်းခံရမှာပါ။”

Read More...

ဟောပြောပွဲတခုတွင် NLD အမည် ဆင်ဆာဖြတ်ခံရ

မိုးမခအထောက်တော် အမှတ် ဝဝ၈
ဇွန် ၇၊ ၂ဝ၁ဝ

စနေနေ့က ရန်ကုန်တွင် ပြုလုပ်သည့် စာနယ်ဇင်းဆရာ မောင်ဝံသ၏ ဟောပြောပွဲတခုတွင် NLD အဖွဲ့တွင် တာဝန် ယူခဲ့ဖူးသည်ဟူသော အချက်ကို သူ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားစဉ် ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

စနေနေ့က ရန်ကုန်တွင် ပြုလုပ်သည့် စာနယ်ဇင်းဆရာ မောင်ဝံသ၏ ဟောပြောပွဲတခုတွင် NLD အဖွဲ့တွင် တာဝန် ယူခဲ့ဖူးသည်ဟူသော အချက်ကို သူ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားစဉ် ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

ထို ကိုယ်ရေးအကျဉ်းကို ဆရာမောင်ဝံသ ကိုယ်တိုင် ရေးပေးခဲ့သည်ဟု ဆိုသော်လည်း ဟောပြောပွဲ စီစဉ်သူက NLD နှင့် ဆက်စပ်မှုများ အကြောင်းကို ဖြတ်တောက် လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

NLD နှင့် မောင်ဝံသ ဆက်စပ်မှုများ အကြောင်းကို မကြားရသဖြင့် စိတ်ပျက်မိကြောင်း ဟောပြောပွဲသို့ ရောက်ခဲ့သည်ဟု ယူဆရသူတဦးက ပြောသည်။

“ဟောပြောပွဲ မစခင် ဟောပြောသူရဲ့ ကိုယ်ရေး ရာဇဝင် ဖတ်ပြတဲ့အခါ NLD မှာ ဆောင်ရွက်ခဲ့တဲ့  နိုင်ငံရေး ဖြတ်သန်းမှုကို မကြားရတာ စိတ်မချမ်းမြေ့ဖွယ် ကောင်းပါတယ်” ဟု အင်တာနက် အီးမေးလ်မှ တဆင့် ဖြန့်ချိသော သူ၏ စာတွင် ရေးထားသည်။

NLD အမည်ကို မတွေ့ရသဖြင့်လည်း ပြစ်တင် ဝေဖန်ထားသည်။

ကာယကံရှင် ဆရာမောင်ဝံသကလည်း ထိုဝေဖန်ချက်များကို ပြန်လည် တုံ့ပြန်ထားရာ ထို တုံ့ပြန်ချက်ကလည်း အီးမေးလ် အသုံးပြုသူ မြန်မာပြည်သား တချို့ကြား ထဲတွင် ပျံ့နှံ့နေသည်။

အီးမေလ်းများမှတဆင့် ပျံ့နေသော စာ ၂ စောင်

ဖိုးဇော် ....


Read More...

မြန်မာက နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြံရွယ်နေဟု ကျွမ်းကျင်သူ ပြောကြား

အောင်ဆန်းမန်း (ဘာသာပြန်ဆောင်းပါး)
၀၇ ဇွန် ၂၀၁၀

ဒီဗွီဘီ ရဲ့ (၅) နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများက မြန်မာနိုင်ငံရဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ် နိုင်လိုက်ပါပြီ။ စုံစမ်း ထောက်လှမ်း တွေ့ရှိမှုများ အတွက် အရေးပါသူ တဦးကတော့ ဒုံးလက်နက်နှင့် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်ပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူခဲ့သော၊ ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာ စစ်အင်ဂျင်နီယာ ဗိုလ်မှူး စိုင်းသိန်းဝင်းပဲ ဖြစ်ပါတယ်။

ဒီဗွီဘီရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်းစုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ ဒီဗွီဘီကို ဆက်သွယ်လာပြီး အထောက်ထား စာရွက်စာတမ်းများ၊ ရောင်စုံ ဓာတ်ပုံများကို ပေးအပ် ခဲ့ပါတယ်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများ အတွက် ရုရှမှ လေ့ကျင့် သင်ကြားပေးနေသော အထောက်ထား များသာမက၊ မြောက်ကိုရီးယား၏ ပါဝင် ဆက်နွှယ်မှု တို့ကိုပါ ဖော်ထုတ် ပေးနိုင်လိုက်ပါတယ်။

ထိုအချက်အလက် အထောက်ထားများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်း၍ လပေါင်းများစွာ လေ့လာခဲ့သူ ကတော့ IAEA မှာ ဒါရိုက်တာ အဖြစ် ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ်ကယ်လီပဲ ဖြစ်ပါတယ်။ ဒေါက်တာ ကယ်လီသည် ဤအထူး ဆောင်းပါးတွင် မြန်မာ စစ်အစိုးရ၏ နျူလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော နည်းပညာနှင့် ယူနေရီယမ် ရှာဖွေ ထုတ်လုပ်နေမှုများ အကြောင်း ရေးသား ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှ အရေးပါသော သူတဦးဟာ အလွန်လျှို့ဝှက်လှသော နျူဆိုင်ရာ စီမံချက်များ အကြောင်း ထုတ်ဖော်ဖို့ ပြည်တွင်းမှ ထွက်ခွာ လာခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်အား ဒီဗွီဘီမှ အချိန်ယူ တွေ့ဆုံ မေးမြန်းခဲ့ပြီး၊ အချက်လက်များအား ကမ္ဘာကို ထုတ်ဖော် ဖွင့်ချလိုက်ပါပြီ။ ထိုအရေးပါသော ပုဂ္ဂိုလ်မှာ မကြာသေးခင် အထိ ပြည်တွင်းမှာ ဗိုလ်မှူး ရာထူးအဆင့်နှင့် တာဝန် ထမ်းဆောင်ခဲ့သော စိုင်းသိန်းဝင်း ဖြစ်ပါတယ်။ သူဟာ မြန်မာ စစ်အင်ဂျင်နီယာ တဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ဒုံးပျံနှင့် နျူကလီးယား စီမံကိန်းများအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်ပိုင်းများ ထုတ်လုပ်ရာ အထူးစက်ရုံများ တည်ဆောက်ခြင်း၊ ဥရောပ နိုင်ငံများမှ ထုတ်လုပ်သော ခေတ်မီ စက်ကိရိယာများ ထားရှိရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့်တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။

Read More...

အပေါ်သို့